← Chapters

လုံးဝ ထိန်းချုပ်ခံထားရခြင်း

Vol. 5 Ch. 47

လုံးဝ ထိန်းချုပ်ခံထားရခြင်း

Vol. 5 Ch. 47

"သေချာပေါက် နားလည်ပါတယ်…။"

ထျန်ဖုန်း ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပြီ... ဒီသစ်သားတံဆိပ်ကို ယူထား။ နောက်ကျရင် ဒါ လိုအပ်လာလိမ့်မယ်…။"

ဖေးရှီးဂိုဏ်းတပည့်က ထျန်ဖုန်းထံသို့ သစ်သားတံဆိပ်တစ်ခု လှမ်းပစ်ပေးလိုက်လေသည်။

ထျန်ဖုန်း ကတံဆိပ်ကို ကြည့်လိုက်သည်။ ၎င်းမှာ သာမန်တံဆိပ်တစ်ခုမျှသာဖြစ်ပြီး မည်သည့် ဝိညာဉ် စွမ်းအင် လှိုင်းထန်မှုမျှ မရှိပေ။ ၎င်းပေါ်တွင် "သွေးစွန်းသော လျှို့ဝှက်နယ်မြေ" ဟုသာ ရေးထိုးထား လေသည်။

"ဒါဆိုရင် ရှေ့ကိုသွားပြီး စောင့်နေတော့။ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေကို ခေါ်သွားဖို့ ပျံသန်းတဲ့ သင်္ဘောကြီးတစ်စင်း ရောက်လာလိမ့်မယ်…။"

ဖေးရှီးဂိုဏ်းတပည့်က ရှေ့သို့ ညွှန်ပြလိုက်လေသည်။

ထျန်ဖုန်း ခေါင်းညိတ်ကာ ရှေ့သို့ သွားလိုက်လေသည်။ ထိုနေရာရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် လူတစ်ရာ ကျော် ရောက်ရှိနေပြီ ဖြစ်၏။ အချို့မှာ တရားထိုင်နေကြပြီး၊ အချို့မှာ လက်ပိုက်လျက်၊ အချို့မှာမူ အားတက်သရော စကားပြောနေကြလေသည်။

သူတို့အားလုံးမှာ လေလွင့်ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။ ဂိုဏ်းသားများကိုမူ ဤနေရာတွင် မတွေ့ရပေ၊ သူတို့သည် သက်ဆိုင်ရာ ဂိုဏ်းအလိုက် သီးသန့်လာကြမည် ဖြစ်လေသည်။

"ဒီတစ်ခါ လူဘယ်နှစ်ယောက်လောက် သေဦးမလဲ မသိဘူး….။"

ထျန်ဖုန်း မရောက်မီမှာပင် လေလွင့်ကျင့်ကြံသူတစ်ဦး၏ စိုးရိမ်တကြီး မေးသံကို ကြားလိုက်ရလေ သည်။

"များသောအားဖြင့်တော့ လေလွင့်ကျင့်ကြံသူတွေရဲ့ သေဆုံးနှုန်းက (၅၀) ရာခိုင်နှုန်းထက် မနည်းဘူး။ ဂိုဏ်းသားတွေတောင် (၂၀) ရာခိုင်နှုန်းလောက် အထိနာတတ်တယ်….။"

ရင့်ကျက်သော မျက်နှာထားရှိသည့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်ခြင်းဖြစ်လေသည်။

"ဘာလို့ ဒီလောက်တောင် သေကြတာလဲ…။"

အမျိုးသမီးကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြား မေးလိုက်သည်။ သူမသည် ကြိုတင်ပြင်ဆင်မှုအချို့ လုပ်ထားသော်လည်း ဤသတင်းကို ကြားသောအခါ တုန်လှုပ်သွားလေသည်။

"အဓိက ပြဿနာက ကျင့်ကြံသူတွေအချင်းချင်း တိုက်ခိုက်ကြတာပဲ။ ငါတို့ လေလွင့်ကျင့်ကြံသူတွေက တစ်ယောက်ချင်း တိုက်ပွဲမှာ ဂိုဏ်းသားတွေကို ယှဉ်ဖို့ ခဲယဉ်းတယ်။ ပြီးတော့ သူတို့က လူအင်အားများ ပြီး စည်းလုံးကြတယ်လေ…။"

"ဝိညာဉ်ဆေးပင်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားရင် ငါတို့ပဲ အမြဲ ဒုက္ခရောက်ရတာ။ ကံကောင်းရင် အသက်ရှင်မယ်၊ ကံမကောင်းရင်တော့ အသတ်ခံရရုံပဲ….။"

ရင့်ကျက်သော ထိုလူ၏ စကားများမှာ သက်ပြင်းချသံများနှင့် မတတ်သာမှုများ ပြည့်နှက်နေခဲ့ပေသည်။

"ဒါဆို ငါတို့အားလုံး ဘာလို့ စုမတိုက်ကြတာလဲ…။"

"စုတိုက်မယ် ဟုတ်လား….။"

ထိုကျင့်ကြံသူက ခါးသီးစွာ ရယ်မောလိုက်လေသည်။

"စုတိုက်တာက သေလမ်းရှာတာပဲ။ လျှို့ဝှက်နယ်မြေထဲမှာ ဂိုဏ်းသားတွေကို ကျော်ဖြတ်နိုင်ခဲ့တယ် ထားဦးတော့၊ အပြင်ထွက်လာရင် ဘာဖြစ်မလဲ…။ မင်းတို့က ဂိုဏ်းသားတစ်ယောက်ကို သတ်မိရင် တောင် သူတို့ရဲ့ လူကြီးတွေက မင်းတို့ကို သတ်ဖို့ အကြောင်းပြချက် ရသွားပြီလေ…။"

ဤစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြပြီး မျှော်လင့်ချက်မဲ့သည့် ခံစားချက်ကို ခံစားလိုက် ရလေသည်။

"တော်သေးတာက ငါတို့ ဝိညာဉ်ဆေးပင်တွေ ရခဲ့ရင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး ရဖို့ အခွင့်အရေး ရှိသေးတယ်။ အဲ့ဒါဆို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်နိုင်မှာပဲ။ ဒီလို ကြည့်ရင်တော့ ဂိုဏ်းကြီးတွေက ငါတို့ကို လမ်းစတစ်ခု ပေးထားတာပဲ။ သူတို့သာ လေလွင့်ကျင့်ကြံသူ တွေကို ပေးမဝင်ဘူးဆိုရင် ငါတို့အတွက် မျှော်လင့်ချက် ရှိမှာမဟုတ်တော့ဘူး….။"

ရင့်ကျက်သော ထိုလူက ခါးသီးစွာ ပြုံးလျက်၊

"ခင်ဗျားက ဒီဂိုဏ်းကြီးတွေက စေတနာကောင်းတယ်လို့ တကယ်ပဲ ထင်နေတာလား….။"

"အာ... အဲ့ဒါ ဘာကို ဆိုလိုတာလဲ အစ်ကိုဟွမ်…။"

မေးလိုက်သူသာမက ထျန်ဖုန်း အပါအဝင် ထိုနေရာရှိ လူအများစုမှာလည်း စိတ်ဝင်စားသွားကြလေ သည်။ အစ်ကိုဟွမ်က ကောင်းကင်ကို တစ်ချက်ကြည့်ကာ ခေတ္တတိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

"ဒါက ပြောရရင် ရှည်တယ်။ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေရဲ့ အန္တရာယ်က ကျင့်ကြံသူတွေတင် မဟုတ်ဘူး၊ အထဲက သားရဲတွေကလည်း အရမ်း ကြောက်စရာကောင်းတာ….။"

လူတိုင်း ခေါင်းညိတ်လိုက်ကြလေသည်။ ၎င်းမှာ လူတိုင်း သိထားပြီးသား အချက်ပင်ဖြစ်သည်။

"ဒါပေမဲ့ မင်းတို့ ယုံမှာမဟုတ်ဘူး၊ အထဲမှာ ဒုတိယအဆင့် မိစ္ဆာသားရဲတွေတောင် ရှိတယ်…။"

"ဘာ... "

"ဒုတိယအဆင့် ဟုတ်လား။ အဲ့ဒါဆို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နဲ့ တူတူပဲလေ။ ငါတို့နဲ့ တွေ့ရင် ငါတို့သေမှာပေါ့…။"

ဤစကားကြောင့် လူတိုင်း ထိတ်လန့်သွားကြလေတော့သည်။

"အခုတော့ ဂိုဏ်းကြီးတွေက ငါတို့ကို ဘာလို့ ပေးဝင်လဲဆိုတာ နားလည်သွားပြီမလား။ အခြေခံအုတ် မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးပင်တွေက လျှို့ဝှက်နယ်မြေထဲမှာပဲ အများ အပြား ပေါက်တာ….။"

"ဒါပေမဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက အထဲကို ဝင်လို့မရဘူး၊ ချီစွမ်း အင်သန့်စင်ခြင်းအဆင့်သမားတွေပဲ ဝင်လို့ရတယ်…။"

"ဒါပေမဲ့ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်သမားတွေအတွက် အထဲမှာ အရမ်းအန္တရာယ်များတယ်လေ…။ ဒါကြောင့် သူတို့က လေလွင့်ကျင့်ကြံသူတွေကိုပါ ပေးဝင်တာ။ ပထမအချက်က လေလွင့်ကျင့်ကြံသူ တွေက ဂိုဏ်းသားတွေကို မနိုင်ဘူး၊ နိုင်ရင်တောင် မသတ်ရဲဘူး ။ ဒုတိယအချက်က သူတို့က စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ ဆေးပင် (၇၀) ရာခိုင်နှုန်းကိုလည်း ရဦးမှာ မဟုတ်လား…။"

လူတိုင်း မျက်လုံးပြူးသွားကြလေသည်။ ဤသည်မှာ ဂိုဏ်းကြီးများက လေလွင့်ကျင့်ကြံသူများကို အခွင့်အရေး ပေးရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။

"ဒါတင်ပဲလို့ မင်းတို့ ထင်နေတာလား….။"

အစ်ကိုဟွမ်၏ နှုတ်ခမ်းများမှာ ရက်စက်သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

"လေလွင့်ကျင့်ကြံသူတွေ ဖြစ်တဲ့ ငါတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း အာဟာရဓာတ်တွေပဲ။ လျှို့ဝှက် နယ်မြေထဲမှာ ငါတို့ သေဆုံးသွားတာက နယ်မြေရဲ့ ဝိညာဉ်စွမ်းအင် ပိုမိုသိပ်သည်းလာအောင် မြေဩဇာ ကျွေးလိုက်သလိုပဲပေါ့….။"

"ဂိုဏ်းကြီးတွေအတွက်ကတော့ လေလွင့်ကျင့်ကြံသူတွေ ဝင်ဝင်၊ မဝင်ဝင်၊ သေသေ၊ ရှင်ရှင် ဘာမှ ရှုံးစရာမရှိဘူး…။"

ထိုအချိန်တွင် လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေတော့သည်။

"ဒါ... ဒါက..."

တစ်စုံတစ်ယောက်က တွေဝေစွာ ရေရွတ်လိုက်လေသည်။

"ဒီဂိုဏ်းကြီးတွေက စေတနာကောင်းတယ်လို့ ငါ တကယ် အောက်မေ့နေခဲ့တာ…။"

"ငါတို့ သေသွားရင်တောင်မှ သူတို့က ငါတို့ကို အသုံးချနေတုန်းပဲတဲ့လား….။"

တစ်စုံတစ်ယောက်က နာကျည်းစွာ ပြောလိုက်လေသည်။

အစ်ကိုဟွမ်က ပခုံးတွန့်ပြကာ ပြုံးလျက် ၊

"ကဲ... ဒါဆို မင်းတို့ သွားကြဦးမှာလား...၊ ဟားဟားဟား…။"

မည်သူမျှ နောက်ဆုတ်မည်ဟု မပြောကြသော်လည်း လူတိုင်း၏ မျက်နှာများမှာ ညှိုးငယ်နေကြသည်။ ထျန်ဖုန်းကမူ ဤအရာအားလုံးကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤဂိုဏ်းကြီးများသည် လေလွင့်ကျင့်ကြံသူများကို သူတို့၏ လက်ခုပ်ထဲက ရေကဲ့သို့ လုံးဝ ထိန်းချုပ်ထားခြင်းသာ ဖြစ်၏။

တော်သေးသည်မှာ သူ၌ စနစ် ရှိနေခြင်းပင်။ စနစ်သာ မရှိပါက သူသည်လည်း ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သို့ ရောက်ရှိလျှင်ပင် လျှို့ဝှက်နယ်မြေထဲသို့ အသက်ကို ရင်းကာ ဝင်ရပေလိမ့်မည်။

သူသည် အဝေးမှ အနီရောင်နေမင်းဂိုဏ်း ဝတ်စုံဝတ်ထားသော ကျင့်ကြံသူတစ်ဦးကို လှမ်းကြည့်လိုက် လေသည်။ ထိုသူမှာ ဖုဝမ်က သူ့ကို စောင့်ကြည့်ရန် လွှတ်ထားသူ ဖြစ်ပေသည်။ ထျန်ဖုန်းသည် သူ၏ သိုလှောင်ခန်းထဲတွင် ပြင်ဆင်ထားသော ပစ္စည်းများကို တစ်ချက် စစ်ဆေးလိုက်၏။

၎င်းတို့မှာ လျှို့ဝှက်နယ်မြေထဲရှိ လူများကို နွေးထွေးမှု ပေးရန်အတွက် အဆင့်သင့် ပြင်ဆင်ထားသော ပစ္စည်းများ ဖြစ်လေသည်။

*အနီရောင်နေမင်းဂိုဏ်းက သူငယ်ချင်းတို့ရေ...၊ မင်းတို့ နွေးထွေးမှု လိုအပ်ရင် ငါ့ကို လာရှာကြနော်…။*

အနီရောင်နေမင်းဂိုဏ်းအတွင်း၌ ဖုဝမ်သည် ထျန်ဖုန်းက လျှို့ဝှက်နယ်မြေအတွင်းသို့ လာရောက်နေပြီ ဖြစ်ကြောင်း သတင်းရရှိထားလေသည်။ သူက ကောက်ကျစ်သော အပြုံးဖြင့်၊

*ကောင်လေး... လျှို့ဝှက်နယ်မြေထဲမှာ ငါနဲ့ မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းထားလိုက်တော့…။*

..................

"အချိန်စေ့ပြီ…။"

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး လေပေါ်တွင် ပေါ်လာခဲ့လေသည်။

"အချိန်ရောက်ပြီ။ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေကို သွားမယ့် ကျင့်ကြံသူအားလုံး သင်္ဘောပေါ် တက်ဖို့ ပြင်ကြတော့…။"

သူ၏ စကားအဆုံးတွင် ကောင်းကင်မှ ကြီးမားသော ပျံသန်းသည့် သင်္ဘောကြီးတစ်စင်း ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့လေသည်။ သင်္ဘောတစ်စင်းလုံးကို သစ်သားဖြင့် ပြုလုပ်ထားပြီး ရှေးကျသော အသွင် အပြင် ရှိ၏။ ၎င်းမှာ အလျား (၇) လံခန့် ရှည်လျားပြီး လေလွင့်ကျင့်ကြံသူ နှစ်ရာကျော်ကို တင်ဆောင်နိုင် စွမ်း ရှိလေသည်။

လေလွင့်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် တက်လာကြရာ ချန်ယွင်ပင် ပါလာသည်ကိုတွေ့ လိုက်ရလေသည်။ သို့သော် ထျန်ဖုန်း သူမကို နှုတ်မဆက်ခဲ့ပေ။ လျှို့ဝှက်နယ်မြေထဲတွင် သူ မည်သည့် ပြဿနာများ ရှာဦးမည်ကို မည်သူ သိနိုင်မည်နည်း။

သူတို့ အကြည့်ချင်း ဆုံမိလိုက်ကြသည်။ ထျန်ဖုန်းက နှုတ်ဆက်မည့်ပုံမပြသဖြင့် ချန်ယွင်ကလည်း အနားသို့ မလာဘဲ အဝေးမှသာ ထျန်ဖုန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေလေသည်။

ထျန်ဖုန်း အနည်းငယ် ထူးဆန်းသလို ခံစားနေရသော်လည်း ဆက်၍ မစဉ်းစားတော့ပေ။ အားလုံး သင်္ဘောပေါ် သို့ရောက်သောအခါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် သင်္ဘော ဦးပိုင်းသို့ ပျံတက်သွားလေသည်။ သူ၏ ဝတ်ရုံဖြူမှာ လေထဲတွင် လွင့်နေပြီး ခန့်ညားလှပေသည်။

*တောက်... အစကတည်းက ဒီလိုလုပ်ပေးရမှာလေ…။*

ထိုကျင့်ကြံသူက သင်္ဘောကို အသက်သွင်းလိုက်ရာ သင်္ဘောကြီးမှာ လေပေါ်သို့ ဖြည်းဖြည်းချင်း ပျံ တက်သွားပြီး ရှောင်ကျင်းတောင်တန်းဆီသို့ ဦးတည်ပျံသန်းသွားလေတော့သည်။

လေပြင်းများ တိုက်ခတ်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် သင်္ဘောတွင် ပါးလွှာသော အကာအကွယ်အလွှာတစ်ခု ပါရှိသဖြင့် လေပြင်းဒဏ်ကို မခံစားရပေ။

"ကြည့်ရတာ စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးရတာ တန်ပါတယ်၊ မဟုတ်ရင် ငါ့ရဲ့ ဆံပင်ပုံစံ ပျက်ကုန်တော့မှာ…။"

ထျန်ဖုန်းသည် ရှုခင်းများကို ကြည့်ရင်း ရေရွတ်လိုက်လေသည်။ အထူးသဖြင့် သင်္ဘောပေါ်ရှိ အမျိုး သမီးကျင့်ကြံသူများ၏ တောင်ထွဋ်နှစ်ခု ပမာ ခန္ဓာကိုယ်အလှအပများကို သူက စိတ်ဝင်တစား ကြည့်နေခြင်းပင် ဖြစ်၏။

*ကျင့်ကြံသူတွေဆိုတော့လည်း အမျိုးသမီးတွေရဲ့ အာဟာရက တော်တော်ကောင်းတာပဲ…။*

*ဒါမှလည်း ဟုတ်မှာပေါ့။ သူတို့ ဗိုက်ဆာပြီး ပိန်သွားမှာကို ငါဖြင့် တော်တော် စိုးရိမ်နေမိတာ…။*

သင်္ဘောသည် ရှောင်ကျင်းတောင်တန်းသို့ ရောက်သောအခါ နောက်ထပ် အခြေခံအုတ်မြစ် တည် ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး သင်္ဘောပေါ် ထပ်တက်လာပြန်လေသည်။

သင်္ဘောသည် တောင်တန်းအတွင်းပိုင်းသို့ ရောက်လာသည်နှင့်အမျှ ပျံသန်းတတ်သော မိစ္ဆာသားရဲ များ၏ တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ် ခံရသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ကာကွယ်မှုကြောင့် မည်သည့် ပြဿနာမျှ မရှိခဲ့ပေ။

နောက်ဆုံးတွင် သူတို့သည် ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြလေသည်။ သို့သော် ဤနေရာမှာ အနက် ရှိုင်းဆုံးနေရာ မဟုတ်သေးဘဲ အတွင်းပိုင်း၏ အစောပိုင်းနေရာသာ ဖြစ်ကြောင်း ထျန်ဖုန်း သိလေသည်။ သင်္ဘောသည် ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး လူတိုင်း ဆင်းလိုက်ကြလေသည်။

ထိုအချိန်တွင် အခြားဂိုဏ်းများမှ တပည့်များမှာလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။ သင်္ဘောပေါ်မှ ဆင်းလာသော ထျန်ဖုန်းမှာ လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိသွားတော့သည်။

"သူ... သူ တကယ်ပဲ ရောက်လာတာပဲ….။"

တစ်စုံတစ်ယောက်က ထျန်ဖုန်းကို ကြည့်ကာ စိုးရိမ်တကြီး ရေရွတ်လိုက်လေသည်။

All Chapters