← Chapters

လျှို့ဝှက်နယ်မြေ ပွင့်လာခြင်း

Vol. 5 Ch. 48

လျှို့ဝှက်နယ်မြေ ပွင့်လာခြင်း

Vol. 5 Ch. 48

"ဂျူနီယာမောင်လေးယွမ်... ဘာဖြစ်လို့လဲဟင်….။"

လှပသော အမျိုးသမီးငယ်တစ်ဦးက မေးလိုက်လေသည်။

ထိုမိန်းကလေးမှာ သွယ်လျစိုပြည်ပြီး ဖြူဝင်းနုနယ်သော ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည့် အလှ ပဂေးတစ်ဦး ဖြစ်လေသည်။ သူမ၏ မျက်နှာတွင် ဂိုဏ်းတူမောင်လေးများအတွက် စိုးရိမ်စိတ်နှင့် သိချင်စိတ်တို့ ရောယှက်နေခဲ့လေသည်။

"ဘာ... ဘာမှ မဟုတ်ပါဘူး စီနီယာအစ်မ ဝမ်….။"

ယွမ်လီက စိတ်မပါသလို ဖြေလိုက်လေသည်။

ဝမ်ကျီယီ သည် ယွမ်လီ ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်သော်လည်း ဘာမှ ထူးထူးခြားခြား ရှာမ တွေ့ချေ။ သူမ အနည်းငယ် ထူးဆန်းနေမိသည်။ ဂိုဏ်းတူမောင်လေး ယွမ်လီနှင့် ကျန်တဲ့သူများသည် ပြန်ရောက်လာကတည်းက တစ်ခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသလိုပင်။ ၏

အထူးသဖြင့် ဂျူနီယာမောင်လေးဝူ ဆိုလျှင် သူမကို မြင်သည်နှင့် မျက်နှာနီမြန်းကာ ထွက်ပြေးသွား တတ်လေသည်။

*အော်... တကယ့်ကို ရှက်တတ်တဲ့ မောင်လေးပဲ…။*

ယွမ်လီက ဆက်မပြောချင်မှန်း သိသဖြင့် သူမလည်း ဆက်မမေးတော့ပေ။

"ဒီတစ်ခါ အထဲဝင်ရင် ငါတို့ သတိထားရမယ်နော်….။"

ဝမ်ကျီယီက သူမ၏ ဘေးမှ ဂိုဏ်းတူတပည့် ဆယ်ယောက်ကျော်ကို လှမ်း၍ မှာကြားလိုက်လေသည်။

"နားလည်ပါပြီ စီနီယာအစ်မ…။"

"စိတ်မပူပါနဲ့ စီနီယာအစ်မရယ်။ ကျွန်တော်တို့ ဆယ်ယောက်ကျော်တောင် ရှိတာ၊ ဒုတိယအဆင့် မိစ္ဆာ သားရဲနဲ့ တွေ့ရင်တောင် အလွယ်တကူ ရှုံးမှာ မဟုတ်ပါဘူး…။"

"ဟိဟိ... စီနီယာအစ်မလည်း မကြာခင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်တော့မှာ မဟုတ်ဘူးလား…။"

ဂိုဏ်းတူမောင်လေးများ၏ ပေါ့ပျက်ပျက် စကားများကို ကြားသောအခါ ဝမ်ကျီယီ မျက်မှောင်ကြုတ် လိုက်လေသည်။ အလွန်အမင်း ပေါ့ဆနေခြင်းက ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။

"အားလုံး သတိထားကြစမ်း…။ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေက အရမ်းအန္တရာယ်များတယ်။ ဘယ်သူမှ ပေါ့ပေါ့ဆဆ မနေကြနဲ့…။"

"ဟုတ်ကဲ့ပါ စီနီယာအစ်မ…။"

"ဟုတ်ကဲ့…။"

စီနီယာအစ်မ စိတ်တိုတော့မည်ကို သိသဖြင့် တပည့်များအားလုံး ချက်ချင်း ငြိမ်ကျသွားကြလေသည်။

ယွမ်လီက ဂိုဏ်းတူညီလေးများကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"အထဲက သားရဲတွေက အန္တရာယ်ရှိသလို၊ တခြားကျင့်ကြံသူတွေကိုလည်း သတိထားရမယ်နော်…။"

"အထူးသဖြင့် အဲ့ဒီ ယုတ်မာတဲ့ကောင်ကိုပဲ…။"

"ဟုတ်ကဲ့ စီနီယာအစ်ကို ယွမ်…။"

"သတိပေးတာ ကျေးဇူးတင်ပါတယ် အစ်ကို…။"

သူတို့၏ ပြန်ပြောသံကို နားထောင်ပြီး သူတို့ စိတ်ထဲမှာ သေချာမှတ်မထားကြောင်း ယွမ်လီ သိလိုက် ရသည်။

*ရပါတယ်... ထျန်စစ်ဖုန်းနဲ့ တွေ့မှပဲ သူတို့ ငိုရမှာ…။*

"အဲ့ဒီကောင် တကယ်ပဲ ရောက်လာတာပဲ….။"

ထျန်ဖုန်း ပေါ်လာခြင်းက ဖုဝမ်၏ အာရုံကိုလည်း ဖမ်းစားသွားခဲ့သည်။ သူသည် ထျန်ဖုန်းကို ကြည့်ကာ ကောက်ကျစ်စွာ ပြုံးပြလိုက်ပြီး၊ ထျန်ဖုန်းက လှည့်ကြည့်လာသောအခါ သူ၏ လက်ဝဲဘက်လက်ဖြင့် လည်ပင်းကို လှီးပြသည့် အမူအရာ လုပ်ပြလိုက်လေသည်။

ဖြစ်ပျက်ခဲ့သမျှကို သိထားကြသော သူ၏ ဂိုဏ်းတူတပည့်များကလည်း ထျန်ဖုန်းကို သတ်ဖြတ်လိုသော အကြည့်များ၊ လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြလေသည်။ ၎င်းကို မြင်သောအခါ ထျန်ဖုန်းက ခနဲ့သလို ပြုံးလိုက်ပြီး သူ၏ လက်နှစ်ဖက်စလုံးမှ လက်ခလယ်များကို ဖြည်းဖြည်းချင်း ထောင်ပြလိုက်လေသည်။

"တောက်... မင်း… ကောင်လေး၊ အထဲရောက်ရင် တွေ့ကြသေးတာပေါ့….။"

ဖုဝမ်သည် အခုပင် ချက်ချင်း ထတိုက်ခိုက်ချင်သော်လည်း ဒေါသကို ထိန်းလိုက်သည်။ စိတ်မရှည်လျှင် အစီအစဉ် ပျက်သွားနိုင်သည် မဟုတ်ပါလား။

သူ၏ အစီအစဉ်မှာ ကြီးကျယ်လှသည်တော့ မဟုတ်ပေ။

"စီနီယာအစ်ကို ဖု...၊ အထဲရောက်ရင် သူ့ကို ကျွန်တော်တို့ သေချာ ပြုစုပေးလိုက်ပါ့မယ်…။"

"ဟုတ်တယ်...။ လေလွင့်ကျင့်ကြံသူ တစ်ယောက်ကများ ငါတို့ အနီရောင်နေမင်းဂိုဏ်းကို လာစိန် ခေါ်ရဲတယ်ပေါ့လေ…။"

*ဟင်... ဘယ်သူကများ ထျန်စစ်ဖုန်းနဲ့ ရန်ဖြစ်ထားတာလဲ….။*

ထျန်ဖုန်းကို စောင့်ကြည့်နေသော ယွမ်လီက တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိသွားလေသည်။

*သြော်... ဖုဝမ်ကိုး။ အဲ့ဒီကောင်က သူ့အဖေ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ် အထိပ်မှာ ရှိတာကို အားကိုးပြီး လူတကာကို အနိုင်ကျင့်နေတာ…။*

*ဟိဟိ... ခွေးနှစ်ကောင် ကိုက်ကြတော့မှာပဲ။ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ….။*

ဖုဝမ် ဘယ်လို အလှည့်စားခံရမလဲ၊ ဒါမှမဟုတ် ထျန်စစ်ဖုန်း ဘယ်လို သေမလဲဆိုတာကို သူ စိတ်ကူး ယဉ်ကြည့်နေမိသည်။ ယွမ်လီသည် ထိုအကြောင်းကို တွေးပြီး တစ်ယောက်တည်း ရယ်နေမိ၏။

"မောင်လေးယွမ်...၊ ဘာဖြစ်လို့လဲဟင်….။"

ဝမ်ကျီယီက ထပ်မေးလိုက်ပြန်လေသည်။

*ဒီမောင်လေးကတော့ ခုတလော ဘာဖြစ်နေတာလဲ မသိဘူး…။*

"ဘာမှ မဟုတ်ပါဘူး….။"

ဖေးရှီးဂိုဏ်းဘက်တွင်လည်း လင်းကျင့်က ထျန်ဖုန်းကို မြင်သွားခဲ့သည်။ ကျင့်ကြံသူများမှာ အမြင်အာရုံ အလွန်ကောင်းကြသဖြင့် တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်ကြလေသည်။

"သူ တကယ်ပဲ ရောက်လာတာပဲ….။"

လင်းကျင့်၏ စကားကို ဝမ်ရှောက်ဟန်က နားမလည်ပေ။ သူသည် လင်းကျင့် ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်မှ သဘောပေါက်သွားလေတော့သည်။

"သူကိုး...။"

"ဘယ်သူလဲ…."

"စီနီယာအစ်ကိုနဲ့ အစ်မတို့ ဘယ်သူ့အကြောင်း ပြောနေကြတာလဲ…။"

ထျန်ဖုန်းကမူ တခြားသူများ၏ စကားများကို မကြားရသလို ဂရုလည်း မစိုက်ပေ။ သူသည် ပတ်ဝန်းကျင် ကို ဝှေ့ကြည့်လိုက်လေသည်။ ယခုအခါ လူ (၃၀၀) ကျော် ရှိနေပြီပင်ဖြစ်သည်။ အဓိက ဂိုဏ်းကြီး (၅) ဂိုဏ်းအပြင်၊ ဂိုဏ်းငယ်လေးအချို့နှင့် လေလွင့်ကျင့်ကြံသူ အများအပြား ရှိနေကြသည်။

"လျှို့ဝှက်နယ်မြေက ဒီမှာလား…။"

ထျန်ဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ ဤနေရာတွင် လျှို့ဝှက်နယ်မြေဟု ခေါ်နိုင်သော အရာကို သူ မတွေ့ရပေ။ ၎င်းမှာ သစ်ပင်နွယ်ပင်များ ဖုံးအုပ်နေသည့် ချိုင့်ဝှမ်းတစ်ခုမျှသာ ဖြစ်၏။

သူ စဉ်းစားနေစဉ်မှာပင် ကောင်းကင်မှ ကျင့်ကြံသူ (၅) ဦး ပျံသန်းလာကြသည်။ သူတို့၏ ကျင့်ကြံမှုမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဖြစ်ကြောင်း အထင်အရှား သိနိုင်ပေသည်။

ထိုသူ (၅) ဦးမှာ ဂိုဏ်းကြီး (၅) ဂိုဏ်းမှ စေလွှတ်လိုက်သူများ ဖြစ်ကြသည်။ သူတို့သည် စကားတစ်လုံးမျှ မပြောဘဲ လက်ဟန်များပြုလုပ်ကာ မန္တန်များကို ရွတ်ဖတ်လိုက်ကြလေသည်။

ထို့နောက် သူတို့သည် အစွမ်းထက်သော အလင်းတန်းများကို ချိုင့်ဝှမ်းအထက်ရှိ ဟင်းလင်းပြင်ဆီသို့ ပစ်လွှတ်လိုက်ကြလေသည်။

ကောင်းကင်မှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသော်လည်း ထိုအလင်းတန်းများကို မမြင်ရသော အတားအဆီးတစ်ခုက ကာကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ စွမ်းအင်များ ဆက်တိုက် ထည့်သွင်းပေး လိုက်သောအခါ လေထဲတွင် ဆန်းကြယ်သော အင်းကွက်များ လင်းထိန်လာလေတော့သည်။

"ဒီလျှို့ဝှက်နယ်မြေက တစ်ချိန်တုန်းက ကမ္ဘာငယ်လေးတစ်ခု ဖြစ်ခဲ့တာတဲ့။ နောက်မှ ရှောင်ကျင်း တောင်တန်း အနားက ဂိုဏ်းကြီးတစ်ခုက ရှာတွေ့ခဲ့ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး အတွက် လိုအပ်တဲ့ ဆေးပင်တွေ စိုက်ပျိုးဖို့ သင့်တော်မှန်း သိသွားတာ။ ဒါပေမဲ့ ဒီနယ်မြေက အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို လက်မခံဘူး….။"

"ဒါကြောင့် ဂိုဏ်းကြီးတွေက ရွှေအမြုတေအဆင့် ဘိုးဘေးတွေနဲ့ တိုင်ပင်ပြီး (၃) နှစ်တစ်ကြိမ် ပွင့်မယ့် အစီအရင်ကို တည်ဆောက်ခဲ့ကြတာ။ ဒါဟာ မျိုးဆက်သစ်တွေနဲ့ ဆေးပင်တွေအတွက် သီးသန့်ပေါ့…။"

ဘေးပတ်ဝန်းကျင်မှ ပြောဆိုသံများကို နားထောင်ပြီးနောက် ထျန်ဖုန်းသည် ဤလျှို့ဝှက်နယ်မြေ အကြောင်းကို ပိုမိုနားလည်သွားခဲ့လေသည်။

ထိုအချိန်တွင် အစီအရင်မှာ ပွင့်သွားခဲ့ပြီ ဖြစ်၏။ လျှပ်စီးတန်းများနှင့်အတူ အင်းကွက်များ ပိုမိုပေါ်ထွက် လာပြီး ရေမျက်နှာပြင်ကဲ့သို့ ဝေဝါးနေသော အကာအကွယ်အလွှာတစ်ခု ပေါ်လာခဲ့လေသည်။ ၎င်းမှာ တည်ငြိမ်သွားသောအခါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ (၅) ဦးမှာ လက်များကို ရုပ်သိမ်းလိုက်ကြလေသည်။

သူတို့သည် ဘာမှမပြောဘဲ ခန့်ညားစွာဖြင့် ပြန်လည်ပျံသန်းထွက်ခွာသွားကြလေတော့သည်။

*တောက်...၊ တကယ့် အပိုတွေပဲ…။*

ထျန်ဖုန်းက အောက်မှနေ၍ မကျေမနပ် ကြည့်နေခဲ့ကြလေသည်။

*လူကြားထဲ ကြွားတာရဲ့ အမြင့်ဆုံးအဆင့်က ဘာလဲ။ အဲ့ဒါကတော့ 'ငါက မင်းတို့ရှေ့မှာတောင် ဟန်ဆောင်မနေချင်ဘူး၊ မင်းတို့က ငါ့ရှေ့မှာ ကြွားဖို့တောင် မတန်ဘူး' ဆိုတဲ့ ပုံစံမျိုးပဲ….။*

"အားလုံးပဲ...၊ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ။ ဝင်နိုင်ကြပြီ…။"

"မင်းတို့အားလုံး ရတနာတွေ အမြောက်အမြား ရကြပါစေ…။"

ထိုအချိန်တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာ ပြီး လှေပျံကို လျှို့ဝှက်နယ်မြေ ဝင်ပေါက်နှင့် မြေပြင်ကြားတွင် ရပ်တန့်လိုက်လေသည်။

"မပျံသန်းနိုင်သေးတဲ့သူတွေက ဒီလှေကို ခြေနင်းတုံးအဖြစ် အသုံးပြုပြီး တက်နိုင်တယ်…။"

လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်မှာ မြေပြင်မှ (ပေ ၆၀ ခန့်) အမြင့်တွင် ရှိနေသဖြင့် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ကျင့်ကြံသူအချို့မှာ တိုက်ရိုက် ခုန်တက်ရန် ခက်ခဲနေကြလေသည်။

လေလွင့်ကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ တိုက်ရိုက်မခုန်နိုင်ဘဲ လှေကို ခြေနင်းတုံးအဖြစ် အသုံးပြုရမည်မှာ အနည်းငယ် အရှက်ရစရာ ဖြစ်နေသဖြင့် နောက်ဆုံးမှ တက်ရန် စောင့်နေခဲ့ကြလေသည်။

ဂိုဏ်းသားအချို့ပင်လျှင် တိုက်ရိုက်မခုန်နိုင်ကြသဖြင့် တခြားသူများ ဘယ်လိုတက်မလဲဆိုသည်ကို စောင့်ကြည့်နေကြလေသည်။ လှေကို ခြေနင်းတုံးအဖြစ် ပထမဆုံး သုံးရမည့်သူမှာ အရှက်ရဆုံးသူ ဖြစ်လိမ့်မည် မဟုတ်ပါလား။

"ဟားဟားဟား….။"

ဖုဝမ်က ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြောင်လိုက်လေသည်။

"အသုံးမကျတဲ့ အမှိုက်တွေ…၊ လျှို့ဝှက်နယ်မြေထဲ ဝင်ဖို့တောင် အပြင်လူရဲ့ အကူအညီ လိုနေသေး တာလား…။"

သူသည် သူ၏ တပည့်များကို တိုးတိုးလေး မှာလိုက်လေသည်။

"မှတ်ထား...၊ အဲ့ဒီကောင်နဲ့ တွေ့ရင် သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်ထားပြီး ငါ့ကိုစောင့်။ မရရင်တော့ သတ်ရုံပဲ…။"

ထိုသို့ပြောပြီးနောက် သူသည် ဝင်ပေါက်အောက်သို့ ပြေးသွားကာ ခုန်တက်ပြပြီး လူကြားထဲ ကြွားရန် ပြင်လိုက်သည်။ ထျန်ဖုန်းသည် အခွင့်အရေးကို မြင်သည်နှင့် မိုးတိမ်ခြေလှမ်းကို သုံးကာ သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေတော့သည်။

ဖုဝမ် ဝင်ပေါက်အောက်မှ ခုန်ရန် ပြင်နေစဉ်မှာပင် ထျန်ဖုန်းသည် အဝေးကြီးမှနေ၍ ဝင်ပေါက်ဆီသို့ တစ်ဟုန်ထိုး ခုန်တက်သွားခဲ့လေသည်။

*သူ ဘာလုပ်တာလဲ…။*

"သူ အဝေးကြီးကနေ ဘာလို့ ခုန်တာလဲ….။"

လူတိုင်း၏ အာရုံမှာ ဝင်ပေါက်ဆီသို့ ရောက်နေစဉ် ထျန်ဖုန်း၏ လှုပ်ရှားမှုကို သတိထားမိသွားကြသည်။ သို့သော် ဤမျှ အကွာအဝေးမှနေ၍ မည်သူကမှ ခုန်နိုင်လိမ့်မည် မဟုတ်ပေ။ သူ ခုန်လိုက်သည့်နေရာမှာ ဝင်ပေါက်နှင့် အနည်းဆုံး (ပေ ၁၀၀ ခန့်) ကွာဝေးနေသည်ပင်။

*တခြားလူတွေက (ပေ ၆၀ ခန့်) ကိုတောင် မနည်းခုန်နေရတာ၊ သူက ဘယ်လိုလုပ် ခုန်နိုင်မှာလဲ…။*

ထျန်ဖုန်း ဘာလုပ်မည်ကို မည်သူမျှ မသိကြပေ။ သို့သော် လင်းကျင့်ကမူ သူ တကယ် ခုန်ဝင်နိုင်လိမ့် မည်ဟု ခံစားနေရပေသည်။

ယွမ်လီကမူ ဖုဝမ် တစ်ခုခု အရှက်ကွဲတော့မည်ကို ကြိုသိနေခဲ့ပြီဖြစ်၏။

*ထျန်စစ်ဖုန်းက ခုန်ရင်းနဲ့ ဖုဝမ်ရဲ့ ဘောင်းဘီကို ဆွဲချွတ်မလား၊ ဒါမှမဟုတ် ဝင်ပေါက်ရောက်တာနဲ့ ဖုဝမ်ရဲ့ မျက်နှာကို မစင်နဲ့ ပက်မလား မသိဘူး…။*

ထိုအကြောင်းကို တွေးမိသည်နှင့် ယွမ်လီ တစ်ယောက်တည်း ထပ်ပြီး တဟိဟိ ရယ်နေမိတော့သည်။

All Chapters