← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇) - အသိုက်တစ်ခုလုံးစာအတွက် အဆင့်နိမ့်ဝိသေသလက္ခဏာရပ်များကို ပေါင်းစပ်ခြင်း (၁)

လင်းထျန်းလုံသည် ရှေ့သို့ ပထမဆုံးလှမ်းထွက်လာခဲ့ပြီး ရေပြာကြေးခွံအစောင့်အရှောက် စစ်သည်တော်တစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ လေးစားမှုနှင့် ဝမ်းနည်းကြေကွဲမှုများ ရောယှက်နေသော အေးစက်သည့် မြေမှုန့်များဖြင့် ညင်သာစွာ ဖုံးအုပ်ပေးလိုက်သည်။

ရန့်မြဲ့၊ ထျန်းပင်းနှင့် ယင်းဖုန်းတို့ကလည်း အနောက်မှ ကပ်လျက်လိုက်ပါလာပြီး နှင်းဝံပုလွေတိုင်းသည် ဤလေးနက်သော ထုံးတမ်းစဉ်လာကို တိတ်ဆိတ်စွာ လုပ်ဆောင်ခဲ့ကြသည်။

သင်္ချိုင်းများအားလုံး မြေဖို့ပြီးသွားသောအခါ ဒဏ်ရာအခြေအနေ ပြင်းထန်သည်ဖြစ်စေ၊ သက်သာသည်ဖြစ်စေ နှင်းဝံပုလွေအားလုံးသည် ကောင်းကင်ကြီးဆီသို့ တစ်ပြိုင်နက်တည်း ခေါင်းမော့လိုက်ကြသည်။

ဝမ်းနည်းကြေကွဲဖွယ်ကောင်းပြီး ရှည်လျားလှသော ဝံပုလွေဟိန်းသံကြီးများက တိမ်တိုက်များကိုပင် ဖောက်ထွင်းသွားနိုင်သော ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။

ဤသည်မှာ သူရဲကောင်းတို့၏ဝိညာဉ်များအတွက် အမြင့်မားဆုံးသော ဂါရဝပြုမှုဖြစ်သလို အသက်ရှင်ကျန်ရစ်သူများ၏ ဘယ်သောအခါမှ အရှုံးမပေးမည့် သစ္စာဆိုသံလည်း ဖြစ်လေသည်။

ဟိန်းဟောက်သံများ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင် လင်းထျန်းလုံသည် သူ၏ စစ်သူကြီးသုံးဦးထံသို့ လျှောက်သွားခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ပွဲ၏ဂုဏ်ကျက်သရေများနှင့် ဒဏ်ရာဒဏ်ချက်များက ရောယှက်ထင်ဟပ်နေခဲ့သည်။

“ဒီတိုက်ပွဲမှာ မင်းတို့အားလုံးပင်ပန်းသွားကြပြီ” သူ၏အသံက တည်ငြိမ်နေသော်လည်း လေးလံသောစွမ်းအားတစ်ခု ပါဝင်နေခဲ့သည်။

“ဘုရင်ကြီးအတွက်ဆိုရင် ဘယ်လိုရန်သူပဲလာလာ ဆုတ်ဖြဲပစ်ဖို့ ကျွန်တော်အသင့်ရှိပါတယ်”

ထျန်းပင်း၏တုံ့ပြန်မှုက အသက်ရှူသံများ အနည်းငယ် ပြတ်တောင်းနေသေးသော်လည်း ဖိနှိပ်၍မရနိုင်သော တိုက်ပွဲဝင်လိုစိတ်များနှင့် ပိုမိုကြံ့ခိုင်သန်စွမ်းလိုသော သူ၏ရည်မှန်းချက်များက စကားလုံးများကြားတွင် ပြည့်နှက်နေခဲ့သည်။

“အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ကျွန်တော်တို့ စိတ်ပျက်စေခဲ့ပါတယ်၊ ခံစစ်မျဉ်းက တစ်ကြိမ်ကျိုးပေါက်သွားခဲ့တယ်”

ရန့်မြဲ့က ခေါင်းကို နက်ရှိုင်းစွာ ငုံ့လိုက်ပြီး မည်သည့်အရာကမျှ ထိုးဖောက်၍မရနိုင်သော ပြီးပြည့်စုံသည့် အကာအကွယ်ကြီးတစ်ခု ဖြစ်လာစေရန် သူ၏နှလုံးသားထဲတွင် အခိုင်အမာ ဆုံးဖြတ်လိုက်သည်။

ယင်းဖုန်း၏အရိပ်က လေထဲတွင် အနည်းငယ် တဖျတ်ဖျတ် ဖြစ်သွားပြီး စိတ်အာရုံဆက်သွယ်မှုတစ်ခု ပို့လွှတ်လိုက်သည်။ “ကျူးကျော်သူတွေအားလုံးကို မောင်းထုတ်နိုင်ခဲ့ပါပြီ”

လင်းထျန်းလုံ၏အကြည့်က သူတို့အပေါ်သို့ ဝေ့ဝဲသွားပြီးနောက် သွေးနှင့် မီးတောက်များ၏ ဆေးကြောခြင်းခံထားရသော အနောက်ဘက်ရှိ ဝံပုလွေအုပ်ကြီးကို ကြည့်လိုက်သည်။

“ပေးဆပ်မှုတွေကို ဘယ်တော့မှ မေ့ဖျောက်ထားမှာမဟုတ်ဘူး၊ အသက်ရှင်ကျန်ရစ်သူတွေက သူတို့ရဲ့ဆန္ဒတွေကို ဆက်ခံပြီး ပိုမိုကြံ့ခိုင်သန်စွမ်းလာရမယ်၊ အခုအချိန်ဟာ အောင်ပွဲရဲ့ အသီးအပွင့်တွေကို ငါတို့ရဲ့အိမ်ကို ကာကွယ်ပေးမယ့် စွမ်းအားတွေအဖြစ် ပြောင်းလဲပစ်ရမယ့်အချိန်ပဲ”

သူ၏ စိတ်ဆန္ဒအောက်တွင် ဝံပုလွေအုပ်ကြီးသည် ‌စစ်မြေပြင်ကို စတင်ရှင်းလင်းကြလေပြီ။ မကြာမီမှာပင် မိခင်သစ်ပင်၏ နူးညံ့သော အလင်းရောင်အောက်တွင် သလင်းကျောက်အမြုတေများက တောင်ကုန်းငယ်လေးများပမာ ပုံအောရောက်ရှိလာခဲ့သည်။

အလယ်ဗဟိုတွင် ဘုရင်အဆင့် သလင်းကျောက်အနှစ်သာရ လေးခုက ရင်တုန်လောက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေပြီး ပါရမီရှင်အဆင့် သလင်းကျောက်အနှစ်သာရ ဒါဇင်ပေါင်းများစွာကလည်း စီးဆင်းနေသော အလင်းတောင်ကုန်းလေးများပမာ စုပုံနေသည်။

မြေပြင်အနှံ့တွင်မူ သလင်းကျောက်အမြုတေများက ကြယ်ရောင်များပမာ ပြန့်ကျဲနေပြီး ၎င်းတို့၏ ခမ်းနားလှသော စွမ်းအင်ရောင်ဝါများက လေထုထဲတွင် ရောယှက်စီးဆင်းနေခဲ့သည်။

သစ်ပင်အိမ်လေးအတွင်းတွင်….။

ရှောင်လန်သည် ပြတင်းပေါက်အပြင်ဘက်ရှိ တလက်လက်တောက်ပနေသော မြင်ကွင်းကို ငေးကြည့်နေပြီး သူမ၏ ရေခဲပြာရောင်မျက်ဝန်းများထဲတွင် သလင်းကျောက်အလင်းတန်းလေးများက ရောင်ပြန်ဟပ်နေခဲ့သည်။

“ကြယ်လေးတွေလိုပဲ သလင်းကျောက်အမြုတေတွေ အများကြီးပါလား”

ရှောင်ယင်းက သူမ၏ဘေးတွင်ရပ်နေပြီး ခရမ်းရောင်မျက်ဝန်းများဖြင့် အောက်ဘက်သို့ တိတ်ဆိတ်စွာကြည့်နေကာ သူမ၏အတွေးထဲတွင် အံ့ဩမှုများ ရောယှက်နေခဲ့လေသည်။

“ဒီသလင်းကျောက်အမြုတေ အရေအတွက်က... ငါ့ရဲ့ အတိတ်ဘဝတုန်းက လူသားတွေရဲ့ ပင်မစစ်တပ်ခံတပ်ကြီးတစ်ခုစာအတွက် နှစ်ပေါင်းများစွာစုဆောင်းထားတဲ့ စွမ်းအင်အသိုက်ကြီးနဲ့ ညီမျှလုနီးပါးပဲ”

“ဝံပုလွေဖေဖေက ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဘယ်လိုလုပ်ပြီး ရှင်းလင်းစုဆောင်းမှုတွေကို ပြီးမြောက်သွားတာလဲ”

“ဘာလို့လဲဆိုတော့ သူက ဝံပုလွေဖေဖေ ဖြစ်နေလို့ပဲ” ရှောင်လန်၏ အတွေးထဲတွင် သန့်စင်သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒါက တစ်ဦးတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်နိုင်ရည်နယ်ပယ်ထက်ကို ကျော်လွန်သွားခဲ့ပြီ” ရှောင်ယင်း၏အတွေးထဲတွင်မူ စူးစမ်းလိုစိတ်များ ပါဝင်နေသည်။

“ဒီလောက်ထိရောက်ပြီး တိကျတဲ့ အရင်းအမြစ်ပြန်လည်ရယူမှုက... ငါတို့ နားမလည်နိုင်တဲ့ စည်းမျဉ်းတစ်ခုလိုမျိုး လုပ်ဆောင်ချက်နဲ့ပိုတူနေတယ်”

လင်းထျန်းလုံသည် သလင်းကျောက်အမြုတေ တောင်ကုန်းငယ်လေးရှေ့တွင် တည်ငြိမ်သောအကြည့်များဖြင့် ရပ်နေခဲ့သည်။

သူသည် အတောက်ပဆုံးဖြစ်သော ဘုရင်အဆင့် သလင်းကျောက်အမြုတေ လေးခုထံသို့ ဦးစွာလျှောက်သွားခဲ့ပြီး ငွေဖြူရောင် ဝံပုလွေလက်သည်းဖြင့် တစ်ခုချင်းစီကို ထိတွေ့လိုက်သည်။

ပြာလဲ့လဲ့လျှပ်စီးများ ရစ်ပတ်နေသော သလင်းကျောက်အမြုတေကို သူ ထိတွေ့လိုက်ချိန်တွင် စနစ်၏အသိပေးချက်က ချက်ချင်း ပေါ်ထွက်လာခဲ့လေ၏။

[စနစ်အသိပေးချက်]။ ။မိုးကြိုးမျောက်ဝံစစ်သူကြီး၏ သလင်းကျောက်အမြုတေ (ဘုရင်အဆင့်) ကို ရရှိခဲ့ပါသည်။

[စနစ်အသိပေးချက်]။ ။သလင်းကျောက်အနှစ်သာရအတွင်းတွင် အောက်ပါ ဝိသေသလက္ခဏာရပ်များ ပါဝင်နေကြောင်း ထောက်လှမ်းသိရှိရပါသည်-

[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘မိုးကြိုးတိုက်ပွဲဝင်ခန္ဓာ (ရွှေရောင် အဆင့်မြင့်) - ကောင်းကင်မိုးကြိုးများကို ဆွဲယူကာ ခန္ဓာကိုယ်ကို သန့်စင်စေပြီး စွမ်းရည်များနှင့် စွမ်းအင်ခံနိုင်ရည်များကို သိသိသာသာတိုးတက်စေသည်၊ တိုက်ခိုက်မှုတိုင်းတွင် ထုံကျင်သွားစေသော အာနိသင်များ ပါဝင်လာပေမည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘မိုးကြိုးအလင်းလက်သီး (ရွှေရောင် အဆင့်မြင့်) - မိုးကြိုး၏ စွမ်းအားများကို လက်သီး သို့မဟုတ် လက်သည်းထဲသို့ ဖိသိပ်ကာ ချက်ချင်းပေါက်ကွဲထွက်စေပြီး ဖျက်ဆီးနိုင်စွမ်းကြီးမားသော တိကျသည့်ပစ်မှတ်တိုက်ခိုက်မှု တစ်ခုကို ဖြစ်ပေါ်စေသည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘လျှပ်စီးကွင်းဆက် (ခရမ်းရောင် အဆင့်မြင့်)’ - ပစ်မှတ်အများအပြားကို တိုက်ခိုက်ရန် တွန့်လိန်ခုန်ပျံနေသော လျှပ်စီးများကို ထုတ်လွှတ်နိုင်သည်။

“မိုးကြိုးတိုက်ပွဲဝင်ခန္ဓာက ခံစစ်ပိုင်းအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး မိုးကြိုးအလင်းလက်သီးနဲ့ လျှပ်စီးကွင်းဆက်က အလယ်အလတ်နဲ့ အဝေးပစ် တိုက်ခိုက်မှုတွေကို ဖြည့်တင်းပေးနိုင်တယ်၊ ဒါက ထျန်းပင်းနဲ့ လုံး၀ ကိုက်ညီ‌နေတယ်”

လင်းထျန်းလုံက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်လေသည်။

သူ၏ လက်သည်းက လေးလံပြီး မြေဝါရောင်အလင်းဝန်းတစ်ခု ထုတ်လွှတ်နေသော သလင်းကျောက်အမြုတေပေါ်သို့ ဖိချလိုက်သည်။

[စနစ်အသိပေးချက်]။ ။ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ သလင်းကျောက်အမြုတေ (ဘုရင်အဆင့်) ကို ရရှိခဲ့ပါသည်။

[စနစ်အသိပေးချက်]။ သလင်းကျောက်အမြုတေအတွင်းတွင် အောက်ပါ ဝိသေသလက္ခဏာရပ်များ ပါဝင်နေကြောင်း ထောက်လှမ်းသိရှိရပါသည်။

[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘မဟူရာအရေပြား (ရွှေရောင် အဆင့်မြင့်)’ - အရေပြားများ ကျောက်သားအဖြစ်ပြောင်းလဲသွားပြီး အကြွင်းမဲ့ ခိုင်ခံ့သော ရုပ်ပိုင်းဆိုင်ရာခံစစ်ကို ရရှိစေသည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘ကျောက်သားချပ်ဝတ် ဝင်ဆောင့်ခြင်း (ရွှေရောင် အဆင့်မြင့်)’ - လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးအားလုံးကို ဖျက်ဆီးပစ်မည့် ကြမ်းတမ်းသော ဝင်တိုက်မှုကို စတင်နိုင်သည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘မြေကြီးဆုတ်ဖြဲ ခြေနင်းတိုက်ကွက် (ခရမ်းရောင် အဆင့်မြင့်)’ - မြေပြင်ကို အပြင်းအထန်နင်းချလိုက်ပြီး ရန်သူများကိုထိန်းချုပ်ရန် အက်ကွဲကြောင်းများနှင့် တုန်ခါမှုလှိုင်းများကို ဖန်တီးနိုင်သည်။

“အစွန်းရောက် ရုပ်ပိုင်းဆိုင်ရာခံစစ်နဲ့ စွမ်းအားကြီးတဲ့ ဧရိယာထိန်းချုပ်မှု၊ ဒါက ရန့်မြဲ့အတွက် သီးသန့်ဖန်တီးပေးထားသလိုပဲ” လင်းထျန်းလုံက စိတ်ထဲမှတွေးရင်း ခေါင်းငြိမ့်လိုက်မိသည်။

ထို့နောက် နိမိတ်မကောင်းသော သွေးနီရောင်အလင်းတန်းများ ရစ်ပတ်နေသည့် သလင်းကျောက်အနှစ်သာရဆီသို့ ရောက်ရှိသွားသည်။

[စနစ်အသိပေးချက်]။ ။သွေးကျားဘုရင်၏ သလင်းကျောက်အမြုတေ (ဘုရင်အဆင့်) ကို ရရှိခဲ့ပါသည်။

[စနစ်အသိပေးချက်]။ သလင်းကျောက်အမြုတေအတွင်းတွင် အောက်ပါ ဝိသေသလက္ခဏာရပ်များ ပါဝင်နေကြောင်း ထောက်လှမ်းသိရှိရပါသည်။

[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘သွေးဆာရူးသွပ်မှု (ရွှေရောင် အဆင့်မြင့်)’ - ပစ်မှတ်ကို ရွေးချယ်လိုက်ပြီးနောက် အမြန်နှုန်းမှာ အလွန်အမင်းမြင့်တက်သွားပြီး ပထမဆုံးတိုက်ခိုက်လိုက်သည့် တိုက်ကွက်၏ စွမ်းအားမှာ ကြီးမားစွာ တိုးမြင့်လာမည်ဖြစ်သည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘သွေးမိစ္ဆာလက်သည်း (ရွှေရောင် အဆင့်မြင့်)’ - လက်သည်းတိုက်ခိုက်မှုများတွင် သွေးမိစ္ဆာစွမ်းအားများ ပါဝင်လာပြီး အဆက်မပြတ် သွေးထွက်လွန်စေကာ ဝိညာဉ်ကို လောင်ကျွမ်းစေသော နာကျင်မှုကို ဖြစ်ပေါ်စေသည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘တောအုပ်တုန်လှုပ် ကျားဟိန်းသံ (ခရမ်းရောင် အဆင့်မြင့်)’ - နယ်ပယ်အတွင်းရှိ ရန်သူများ၏ တိုက်ပွဲဝင်လိုစိတ်နှင့် ခံစစ်စွမ်းရည်များကို အားနည်းသွားစေမည့် ဟိန်းဟောက်သံကို ထုတ်လွှတ်နိုင်သည်။

“သွေးဆာရူးသွပ်မှုရဲ့ အစွန်းရောက်အမြန်နှုန်း၊ သွေးမိစ္ဆာလက်သည်းရဲ့ တိုက်စားနိုင်စွမ်း... ဒီစွမ်းအားက အန္တရာယ်များပေမယ့် ထိန်းချုပ်နိုင်မယ်ဆိုရင် သွေးမိစ္ဆာအတွက် အလွန်ကောင်းမွန်တဲ့ အထောက်အပံ့တစ်ခုပဲ”

နောက်ဆုံးတွင် သူ၏ အကြည့်များက မတည်မငြိမ်ဖြစ်နေသော စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည့် အထူးခြားဆုံး သလင်းကျောက်အမြုတေဆီသို့ ကျရောက်သွားခဲ့သည်။ ထိုအရာမှာ မျက်လုံးသုံးလုံး ဝံပုလွေဘုရင်ထံမှပင် ဖြစ်လေ၏။

[စနစ်အသိပေးချက်]။ ။မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ သလင်းကျောက်အမြုတေ (ဘုရင်အဆင့်) ကို ရရှိခဲ့ပါသည်။

[စနစ်အသိပေးချက်]။ ။သလင်းကျောက်အမြုတေအတွင်းတွင် အောက်ပါ ဝိသေသလက္ခဏာရပ်များ ပါဝင်နေကြောင်း ထောက်လှမ်းသိရှိရပါသည်။

[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘ကံကြမ္မာမိစ္ဆာမျက်လုံး (ရွှေရောင် အဆင့်မြင့်) - ဒေါင်လိုက်မျက်လုံးက ပစ်မှတ်ကို ရွေးချယ်လိုက်ပြီးနောက် ဖျက်ဆီးခြင်းစည်းမျဉ်းများ ပါဝင်သော အလင်းတန်းတစ်ခုကို ပစ်ခတ်နိုင်သည်။

အခန်း (၂၃၈) - အသိုက်တစ်ခုလုံးစာအတွက် အဆင့်နိမ့်ဝိသေသလက္ခဏာရပ်များကို ပေါင်းစပ်ခြင်း (၂)

[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘အမှောင်ထုကြီးစိုးခြင်း (ရွှေရောင် အဆင့်မြင့်)’ - အမှောင်ဓာတ်ကို ထိန်းချုပ်နိုင်ပြီး အရိပ်များအတွင်းတွင် ရေထဲမှငါးတစ်ကောင်ပမာ လွတ်လပ်စွာ သွားလာနိုင်ကာ အရိပ်အမျိုးအစားကျွမ်းကျင်မှုများ၏ အာနိသင်ကို ကြီးမားစွာ မြှင့်တင်ပေးသည်။

[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘ဝံပုလွေဘိုးဘေး စိတ်ဆန္ဒ (ရွှေရောင် အဆင့်မြင့်)’ - ရှေးဟောင်းဝံပုလွေမျိုးနွယ်၏ အရှုံးမပေးသော တိုက်ပွဲဝင်လိုစိတ်များ ပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ဝံပုလွေအုပ်အပေါ် လွှမ်းမိုးနိုင်စွမ်းကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘အရိပ်တိုက်စားခြင်း (ရွှေရောင် အဆင့်မြင့်)’ - တိုက်ခိုက်မှုတိုင်းတွင် အရိပ်တိုက်စားခြင်းအာနိသင် ပါဝင်လာပြီး ပစ်မှတ်၏ ခံစစ်၊ စွမ်းအင်နှင့် ခန္ဓာကိုယ်ကို အဆက်မပြတ် အားနည်းသွားစေနိုင်သည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘ဝိညာဉ်ဟိန်းသံ (ခရမ်းရောင် အဆင့်မြင့်)’ - ဝိညာဉ်ကို တိုက်ရိုက်ထိမှန်စေသော ဟိန်းဟောက်သံဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုနှင့် ထိခိုက်မှုကို ဖြစ်ပေါ်စေသည်။

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ‘အရိုးနယ်ပယ် (ရွှေရောင် အဆင့်မြင့်)’ - သက်ရှိများကို တိုက်စားပြီး သေလွန်သူများကို အားကောင်းစေမည့် သေမင်းနယ်ပယ်တစ်ခုကို ဖြန့်ကြက်နိုင်သည်။

“ဘုရင်အဆင့် သလင်းကျောက်အမြုတေခြင်း အတူတူတောင် တကယ်ကို ကွာခြားလွန်းနေတာပဲ” လင်းထျန်းလုံ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

‘ကံကြမ္မာမိစ္ဆာမျက်လုံး’ နှင့် ‘အရိုးနယ်ပယ်’ တို့မှာ အလွန်အမင်း မှောင်မိုက်ပြီး အာဏာရှင်ဆန်လွန်းကာ ဝံပုလွေအသိုက်၏ သဘောသဘာဝနှင့် မကိုက်ညီပေ။

သူ၏ အကြည့်များက ‘အမှောင်ထုကြီးစိုးခြင်း’ နှင့် ‘အရိပ်တိုက်စားခြင်း’ အပေါ်တွင်သာ အာရုံစိုက်သွားခဲ့သည်။

‘ဝံပုလွေဘိုးဘေး စိတ်ဆန္ဒ’ တွင် ပါဝင်နေသော ရှေးဟောင်း ဝံပုလွေဘိုးဘေး အရင်းအမြစ်၏ ၃၀ ရာခိုင်နှုန်းကမူ ရန့်မြဲ့ကို သတိရသွားစေသည်။

သူသည် ၎င်းတို့ကို ချက်ချင်း ခွဲဝေချထားပေးခြင်း မပြုလုပ်သေးဘဲ သူ၏အသိစိတ်ကို စနစ်အတွင်းသို့ နစ်မြုပ်လိုက်ကာ သောင်းနှင့်ချီသော မိစ္ဆာသားရဲများထံမှ ရရှိထားသည့် အဆင့်နိမ့်ဝိသေသလက္ခဏာရပ်များဖြင့် ပြည့်နှက်နေသော ကြယ်တာရာသမုဒ္ဒရာကြီးထဲသို့ တိုး၀င်သွားသည်။

“စနစ်၊ ‘ထာဝရရေခဲ’၊ ‘ရေခဲဝိညာဉ်နှလုံးသား’ နဲ့ ‘အစွန်းရောက်အအေးဓာတ် အူတိုင်’ ကို ကုန်ကြမ်းတွေအနေနဲ့ အသုံးပြုပြီး (ရွှေရောင် အဆင့်မြင့်) ဘုရင်အဆင့် ပေါင်းစပ်မှုကို လုပ်ဆောင်လိုက်”

သူ၏ စိတ်ဆန္ဒ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် များစွာသော အဆင့်နိမ့် ဝိသေသလက္ခဏာရပ် အနှစ်သာရများမှာ ဆွဲထုတ်ခံလိုက်ရပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော မီးဖိုကြီးတစ်ခုအတွင်းသို့ စုစည်းသွားခဲ့သည်။

[စနစ်အသိပေးချက်]။ ။ရေခဲနှင့် သက်ဆိုင်သော အဆင့်နိမ့် သလင်းကျောက်အမြုတေ ၆၀၀၀ ကို အသုံးပြု၍ ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘ထာဝရရေခဲ (ရွှေရောင် အဆင့်မြင့်)’ ကို ပေါင်းစပ်လိုက်ပါသည်။

ထာဝရအေးခဲနေသော မြေဆီလွှာ၏ စွမ်းအားကို ဆင့်ခေါ်ကာ ရေခဲအမျိုးအစား ကျွမ်းကျင်မှုများ၏ အရည်အသွေးကို ပြောင်းလဲစေပြီး ‘အကြွင်းမဲ့အေးခဲခြင်း’ အာနိသင်ကို ပေါင်းထည့်ပေးပါသည်။

[စနစ်အသိပေးချက်]။ ။စွမ်းအင်အမျိုးအစား အဆင့်နိမ့် သလင်းကျောက်အနှစ်သာရ ၄,၀၀၀ ကို အသုံးပြု၍ ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘ရေခဲဝိညာဉ်နှလုံးသား (ရွှေရောင် အဆင့်မြင့်)’ ကို ပေါင်းစပ်လိုက်ပါသည်။

စွမ်းအင်အူတိုင်ကို သန့်စင်ပေးပြီး ရေခဲအမျိုးအစား ကျွမ်းကျင်မှုများအတွက် စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချပေးကာ ၎င်းတို့၏စွမ်းအားနှင့် ထိန်းချုပ်နိုင်သော နယ်ပယ်ကို တိုးချဲ့ပေးပါသည်။

[စနစ်အသိပေးချက်]။ ။အစွန်းရောက်အအေးဓာတ် အူတိုင်အမျိုးအစား အဆင့်နိမ့် သလင်းကျောက်အနှစ်သာရ ၃,၀၀၀ ကို အသုံးပြု၍ ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘အစွန်းရောက်အအေးဓာတ် အူတိုင် ((ရွှေရောင် အဆင့်မြင့်)’ ကို ပေါင်းစပ်လိုက်ပါသည်။

ဧရိယာအမျိုးအစား ကျွမ်းကျင်မှုများအတွက် လိုအပ်သော စွမ်းအင်များကို ထောက်ပံ့ပေးရန် အဆုံးမရှိလုနီးပါးဖြစ်သော အစွန်းရောက်အအေးဓာတ် စွမ်းအင်အရင်းအမြစ်ကို ပေးစွမ်းပါသည်။

[စနစ်အသိပေးချက်]။ ။ပေါင်းစပ်ခြင်းအောင်မြင်ပါသည်။ ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘ရေခဲကောင်းကင်နှင်းမြှုပ်နှံခြင်း (ရွှေရောင် အဆင့်မြင့်) ကို ရရှိခဲ့ပါသည်။

နှင်းခဲနယ်ပယ်တစ်ခုကို ဖြန့်ကြက်နိုင်ပြီး နယ်ပယ်အတွင်းရှိ အရာအားလုံး အေးခဲသွားပေမည်၊ စွမ်းအင်များ ပျက်စီးသွားမည်ဖြစ်ပြီး အဆက်မပြတ်ထိခိုက်မှု၊ ထိန်းချုပ်မှုနှင့် နယ်ပယ်ဖိနှိပ်မှုဟူသော အာနိသင်သုံးမျိုး ပေါင်းစပ်ပါဝင်သည်။

မျက်နှာပြင်ပေါ်တွင် ရေခဲပြာရောင်နှင့် ရွှေရောင်ရင့်ရင့် ပုံစံများ စီးဆင်းနေပြီး အတွင်းပိုင်းတွင် နှင်းမုန်တိုင်းငယ်လေးတစ်ခု တိုက်ခတ်နေသကဲ့သို့ ဖြစ်နေသော သလင်းကျောက်အနှစ်သာရတစ်ခု တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။

ထို့နောက် သူသည် ယင်းဖုန်းအတွက် သီးသန့်ပေါင်းစပ်မှုတစ်ခုကို ချက်ချင်း စတင်လိုက်သည်။

“စနစ်၊ ယင်းဖုန်းအတွက် အမြင့်ဆုံးအဆင့် လှုပ်ရှားမှုနဲ့ လုပ်ကြံသတ်ဖြတ်မှု ပင်ကိုစွမ်းရည်တစ်ခု ပေါင်းစပ်ပေးပါ”

[စနစ်အသိပေးချက်]။ ။အရိပ်နှင့် ဟင်းလင်းပြင်အမျိုးအစား အဆင့်နိမ့် ဝိသေသလက္ခဏာရပ် အများအပြားကို အသုံးပြု၍ ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘အရိပ်ကူးပြောင်းခြင်း (ရွှေရောင် အဆင့်မြင့်)’ ကို ပေါင်းစပ်လိုက်ပါသည်။

အရိပ်များနှင့် ဗလာဟင်းလင်းပြင်၏ အက်ကွဲကြောင်းများကြားတွင် လွတ်လပ်စွာ ကူးသန်းသွားလာနိုင်သည်။ လှုပ်ရှားမှု လမ်းကြောင်းများကို ဖမ်းဆုပ်ရန်ခက်ခဲပြီး ကူးသန်းသွားလာနေစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာနှင့် စွမ်းအင်တိုက်ခိုက်မှုအများစုကို ခုခံကာကွယ်နိုင်စွမ်း ရရှိစေသည်။

ယခုအခါ သူသည် နေရာခွဲဝေချထားပေးခြင်းများကို စတင်လိုက်ပြီဖြစ်သည်။

“ထျန်းပင်း”

“ရှိပါတယ်”

ရွှေရောင်ရင့်ရင့် ဧရာမဝံပုလွေကြီးက ရှေ့သို့ ထွက်လာခဲ့သည်။ သူ၏ မက်လုံးများထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်လိုသော အကြွင်းမဲ့စွမ်းအားကို လိုလားသည့် ဆန္ဒများက တောက်လောင်နေသည်။

လင်းထျန်းလုံက မိုးကြိုးမျောက်ဝံစစ်သူကြီး၏ သလင်းကျောက်အမြုတေကို သူ၏ရှေ့သို့ တွန်းပို့ပေးလိုက်သည်။

ထျန်းပင်းက တိုးညှင်းစွာ ဟိန်းလိုက်ပြီး သလင်းကျောက်အမြုတေကို ယူဆောင်သွားခဲ့သည်။

“ယင်းဖုန်း”

အရိပ်များထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်လာရန်ဟူသော သူ၏ရည်မှန်းချက်က အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ ကိန်းအောင်းနေသည်။

လင်းထျန်းလုံက မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ သလင်းကျောက်အမြုတေကို ကမ်းပေးလိုက်သော်လည်း ထိုမတိုင်မီကတည်းက ‘ကံကြမ္မာမိစ္ဆာမျက်လုံး’ နှင့် ‘အရိုးနယ်ပယ်’ တို့ကို ထုတ်ယူကာ ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားပြီးဖြစ်၍ ‘အမှောင်ထုကြီးစိုးခြင်း’ နှင့် ‘အရိပ်တိုက်စားခြင်း’ တို့သာ ကျန်ရှိနေတော့သည်။

တစ်ချိန်တည်းမှာပင် အသစ်ပေါင်းစပ်ထားသော ‘အရိပ်ကူးပြောင်းခြင်း’ သလင်းကျောက်အမြုတေကိုလည်း ပေးပို့လိုက်သည်။

“ဒီစွမ်းအားက အရိပ်ကိုရော၊ ဗလာဟင်းလင်းပြင်ကိုပါ မင်းရဲ့ နယ်ပယ်အဖြစ် ပြောင်းလဲပေးလိမ့်မယ်”

ယင်းဖုန်း၏ ငွေဖြူရောင် မျက်ဝန်းများထဲတွင် ယခင်က မကြုံစဖူးသော တောက်ပမှုများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူက ခေါင်းကို နက်ရှိုင်းစွာ ငုံ့လိုက်ပြီး သလင်းကျောက်အမြုတေ နှစ်ခုလုံးကို ယူဆောင်လိုက်ရာ သူ၏ခန္ဓာကိုယ်လေးမှာ ချက်ချင်းပင် ထိတွေ့၍မရနိုင်သော အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

“သွေးမိစ္ဆာ”

အနီနှင့် အဖြူရောင်ရောစပ်နေသော ပုံရိပ်လေးက ဝံပုလွေအုပ်ထဲမှ ပြေးထွက်လာခဲ့သည်။ ခွန်အားကို အငမ်းမရဆာလောင်နေသော ၎င်း၏သဘာဝက သိသာထင်ရှားနေသည်။

လင်းထျန်းလုံက သွေးကျားဘုရင်၏ သလင်းကျောက်အမြုတေရကို သွေးမိစ္ဆာ၏ရှေ့တွင် ချထားပေးလိုက်ပြီး ‘တောအုပ်တုန်လှုပ် ကျားဟိန်းသံ’ ကိုတော့ ကြိုတင်၍ ထုတ်ယူထားပြီးဖြစ်သည်။

“အဲဒါကို ကျွမ်းကျင်အောင် လုပ်၊”

သွေးမိစ္ဆာက တိုးညှင်းသော ညည်းသံလေး ပြုလိုက်ပြီး သလင်းကျောက်အမြုတေကို ယူဆောင်သွားခဲ့သည်။

နောက်ဆုံးတွင် သူက ရန့်မြဲ့ထံသို့ ကြည့်လိုက်သည်။ မည်သည့်ရန်သူကိုမဆို တားဆီးနိုင်မည့် ပြီးပြည့်စုံသော ဒိုင်းကာကြီးတစ်ခု ဖြစ်လာလိုသည့် ရန့်မြဲ့၏ အသံတိတ်ရည်မှန်းချက်များကို သူ ခံစားမိသည်။

“ရန့်မြဲ့၊ မင်းရဲ့ လမ်းစဉ်က တခြားသူတွေနဲ့ကွာခြားတယ်”

လင်းထျန်းလုံက ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ သလင်းကျောက်အမြုတေနှင့် ‘ဝံပုလွေဘိုးဘေး စိတ်ဆန္ဒ’ ပါဝင်သော သန့်စင်သည့် စွမ်းအင်လုံးလေးကို ဦးစွာကမ်းပေးလိုက်သည်။

ရန့်မြဲ့က ၎င်းတို့ကို တည်ငြိမ်စွာ လက်ခံယူလိုက်ပြီး စတင်စုပ်ယူလေသည်။

‘မဟူရာအရေပြား’ ၏ လေးလံမှုနှင့် ‘ဝံပုလွေဘိုးဘေး စိတ်ဆန္ဒ’ ၏ ကြံ့ခိုင်မှုတို့က သူ၏ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး ‘ရေခဲကြေးခွံချပ်ဝတ်တန်ဆာ’ နှင့် စတင်ထိမိသွားချိန်တွင် လင်းထျန်းလုံက ထိုစွမ်းအားသုံးခုကို ပေါင်းစပ်သွားစေရန် လမ်းညွှန်ပေးလိုက်သည်။

အသစ်စက်စက် ဘုရင်အဆင့် အဆင့်မြင့် ခံစစ်ပင်ကိုစွမ်းရည်ဖြစ်သော ‘ထာဝရရေခဲအကာအကွယ် (ရွှေရောင် အဆင့်မြင့်)’ မွေးဖွားလာခဲ့ပြီဖြစ်သည်။

ကာကွယ်လိုသည့်စိတ်ဆန္ဒကို အစွန်းရောက်အအေးဓာတ် စွမ်းအားများနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ခံစစ်စွမ်းရည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲသွားသညါ။

တိုက်ခိုက်ခံရမှုများ၏ တစ်စိတ်တစ်ပိုင်းကို မိမိကိုယ်ကိုယ်နှင့် မိမိနောက်ကွယ်ရှိ ရဲဘော်များကို ကုသပေးနိုင်သော ကာကွယ်ရေးစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

ရန့်မြဲ့က အသွင်ပြောင်းလဲသွားသော ကာကွယ်ရေးစွမ်းအားများကို ခံစားနေချိန်မှာပင် လင်းထျန်းလုံက ‘ရေခဲကောင်းကင်နှင်းမြှုပ်နှံခြင်း’ သလင်းကျောက်အမြုတေကို သူ၏ရှေ့တွင် ချထားပေးလိုက်သည်။

“အခု၊ ဒီအမြုတေရဲ့ စွမ်းအားကိုလက်ခံလိုက်ပါ”

ရန့်မြဲ့၏ ဧရာမ ခန္ဓာကိုယ်ကြီးက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူသည် သလင်းကျောက်အမြုတေကို မယူဆောင်မီ ဝံပုလွေမျိုးနွယ်စု၏ အမြင့်ဆုံးသော ရိုသေလေးစားမှုများဖြင့် ခေါင်းငုံ့အရိုအသေပေးလိုက်သည်။

ဝံပုလွေအုပ်ကြီးက ဘက်စုံစွမ်းရည်မြှင့်တင်မှုများကို စတင်လုပ်ဆောင်နေချိန်တွင် လင်းထျန်းလုံသည်လည်း မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ခမ်းနားကြီးကျယ်လှသော ရှေးဟောင်းဝံပုလွေဘိုးဘေး အရိုးအနှစ်သာရ၏ ၇၀ ရာခိုင်နှုန်းကို သူ၏ကိုယ်ပိုင်စွမ်းအားများနှင့် ပေါင်းစပ်သွားစေရန် စတင်လမ်းညွှန်လိုက်လေသည်။

ဤအလွန်တရာ သန့်စင်လှသော အရင်းအမြစ်စွမ်းအားကြီးက သူ၏ သွေးမျိုးဆက်တစ်ခုလုံးနှင့် စွမ်းအင်များကို ချက်ချင်း တောက်လောင်သွားစေသည့် အမြင့်ဆုံးအဆင့် ဓာတ်ကူးပစ္စည်းတစ်ခုပမာ ဖြစ်နေခဲ့သည်။

[စနစ်အသိပေးချက်]။ ။ရှေးဟောင်း ဝံပုလွေဘိုးဘေး၏ အရင်းအမြစ်ကို စုပ်ယူလိုက်ပါသည်။ ‘မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်’ ကို နက်ရှိုင်းစွာ လှုံ့ဆော်လိုက်နိုင်ပါသည်။

[စနစ်အသိပေးချက်]။ ။ဝိသေသလက္ခဏာရပ် ‘နက်နဲရေခဲ’ အဆင့်တက်သွားပါသည်။ ရေခဲအမျိုးအစားကျွမ်းကျင်မှု အာနိသင်များ ၈၀ ရာခိုင်နှုန်း (ယခင်က ၆၀ ရာခိုင်နှုန်း) တိုးလာမည်၊ အစွန်းရောက်အေးခဲခြင်း အာနိသင်ကို ပိုမိုအားကောင်းလာစေသည်။

All Chapters