အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
အခန်း (၂၃၉) - အသိုက်တစ်ခုလုံးစာအတွက် အဆင့်နိမ့်ဝိသေသလက္ခဏာရပ်များကို ပေါင်းစပ်ခြင်း (၃)
[စနစ်အသိပေးချက်]။ ။အဆင့် ၄၆ (ဒုတိယ ဘုရင်အဆင့် အလယ်အလတ်) သို့ တက်လှမ်းသွားပါသည်။
[စနစ်အသိပေးချက်]။ ။အဆင့် ၄၇ (ဒုတိယ ဘုရင်အဆင့် အဆင့်မြင့်) သို့ တက်လှမ်းသွားပါသည်။
[စနစ်အသိပေးချက်]။ ။အဆင့် ၄၈ (ဒုတိယ ဘုရင်အဆင့် အဆင့်မြင့်) သို့ တက်လှမ်းသွားပါသည်။
အဆင့်သုံးဆင့် ဆက်တိုက် တက်လှမ်းသွားခြင်းကြောင့် ခမ်းနားကြီးကျယ်လှသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်း လျှံကျမတတ် လှိုင်းတက်လာခဲ့သည်။
အဆင့် ၄၈ ဒုတိယ ဘုရင်အဆင့် အဆင့်မြင့်၏ အထွတ်အထိပ်တွင် တည်ငြိမ်သွားသည့် အခိုက်အတန့်မှာပင် သူ ဉာဏ်အလင်းပွင့်သွားခဲ့သည်။
သူ၏ သွေးမျိုးဆက် အနက်ရှိုင်းဆုံးနေရာမှ နက်နဲသော သိမြင်နားလည်မှုနှစ်ခု ထွက်ပေါ်လာပြီး စွမ်းအားကြီးမားသော ကျွမ်းကျင်မှုအမှတ်အသားအသစ် နှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ‘ငွေပြာနက်နဲဝံပုလွေဝိညာဉ် (ရွှေရောင် အဆင့်မြင့်)’ ကို သင်ယူတတ်မြောက်သွားပါသည်။
[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှု ‘ရေခဲအကျဉ်းထောင်ပလ္လင် (ရွှေရောင် အဆင့်မြင့်)’ ကို သင်ယူတတ်မြောက်သွားပါသည်။
သူ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ချိန်တွင် ရှေးဟောင်းဝံပုလွေဝိညာဉ် အရိပ်ယောင်များနှင့် နှင်းခဲပလ္လင်တစ်ခုက သူ၏ရေခဲပြာရောင် မျက်ဝန်းများအတွင်းတွင် တလက်လက် ဖြစ်နေသည့်အလား ပေါ်လာခဲ့သည်။
ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ နှစ်ဆနီးပါး တိုးလာသည်ကို ခံစားလိုက်ရပြီး သူ၏သွေးမျိုးဆက်နှင့် အပြည့်အဝကိုက်ညီသော ဤကျွမ်းကျင်မှုစွမ်းရည်အသစ် နှစ်ခုကြောင့် ယခင်က မကြုံစဖူး အားကောင်းလွန်းသေည ထိန်းချုပ်နိုင်စွမ်းများက လျှံကျလာခဲ့သည်။
ထိုစွမ်းအားများဖြင့် သူသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားမိနေသည်။
တိုတမ်မိခင်သစ်ပင်၏ ခမ်းနားလှသော အသက်စွမ်းအင်များ၏ အကူအညီဖြင့် အဓိက အဖွဲ့ဝင်လေးဦးသည်လည်း အနက်ရှိုင်းဆုံး စုပ်ယူကျင့်ကြံမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
စွမ်းအင်အလင်းဝန်းများက သူတို့၏ပတ်လည်တွင် ပြင်းထန်စွာ လည်ပတ်နေပြီး သူတို့၏ အရှိန်အဝါများကလည်း တည်ငြိမ်စွာ မြင့်တက်လာခဲ့သည်။
ထျန်းပင်း၏ ပတ်လည်တွင် လျှပ်စီးကြောင်းများက ပေါက်ကွဲလင်းလက်နေလေသည်။
မိုးကြိုးတိုက်ပွဲဝင်ခန္ဓာက သူ၏ ရွှေရောင်ရင့်ရင့် အမွေးအမျှင်များကို ပြာလဲ့လဲ့ လျှပ်စီးမီးပွားများဖြင့် ဆေးချယ်ပေးလိုက်သလိုဖြစ်သွားပြီး ကျယ်လောင်စွာ ပေါက်ကွဲနေကာ သူ၏ အရှိန်အဝါနှင့် အငွေ့အသက်များက ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြမ်းကြုတ်လာခဲ့သည်။
အရာအားလုံးကို ခြေမွပစ်နိုင်သောစွမ်းအားမျိုးကို သူ ရရှိလိုက်သကဲ့သို့ပင်။
ယင်းဖုန်း၏ ပုံရိပ်မှာ သူရပ်နေသော နရာမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာရှိ အရိပ်များက ထူးထူးခြားခြား ထူထပ်လာပြီး အလင်းရောင်ကိုပင် မျိုချပစ်နိုင်သည့်အလား အန္တရာယ်ကြီးမားလာသည်ကိုသာ ခံစားရနိုင်သည်။
အမှောင်ထုနှင့် ဗလာဟင်းလင်းပြင်၏ ရင်တုန်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက ထိုနေရာတွင် ခပ်ရေးရေး ထွက်ပေါ်နေခဲ့သည်။
လျှို့ဝှက်နက်နဲမှုများကြားတွင် နေထိုင်ကာ ရန်သူများကို အသံတိတ်ရှင်းလင်းပစ်ချင်သော သူ၏ရည်မှန်းချက်များက ပြည့်ဝလာခဲ့ချေပြီ။
သွေးမိစ္ဆာ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အလင်းတန်းများက တောက်လောင်နေသော သွေးရောင်မီးတောက်များပမာ ရုပ်၀တ္တုရှိသော အရာတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
‘သွေးဆာရူးသွပ်မှု’ ၏ စွမ်းအားက သေမင်းတမန် ခြိမ်းခြောက်မှုတစ်ခုအလား ဖြာထွက်နေပြီး ရပ်နေရုံမျှဖြင့် သွေးရောင်လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ အချိန်မရွေး ခုန်အုပ်တော့မည့်အလား ထင်မှတ်ရသည်။
အသိသာဆုံး အပြောင်းအလဲမှာ ရန့်မြဲ့ထံတွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ပထမဆုံးအနေဖြင့် ရန့်မြဲ့၏ ခန္ဓာကိုယ်ပေါ်တွင် လေးလံသော အရိပ်ချပ်ဝတ်တစ်ခုက မဟူရာရောင်နှင့် ရေခဲပြာရောင် အလင်းတန်းများဖြင့် တဖျတ်ဖျတ် လင်းလက်သွားခဲ့သည်။
ထိုအရာက ထာဝရရေခဲအကာအကွယ်၏ စွမ်းအားပင် ဖြစ်လေသည်။ ထို့နောက် သူ၏ ပတ်လည်ရှိ အပူချိန်က ရုတ်တရက် ထိုးကျသွားခဲ့လေသည်။
လေထဲတွင် မြောက်မြားစွာသော မည်းမှောင်နေသည့် ရေခဲပွင့်လေးများ စုစည်းလာပြီး မြေပြင်မှာလည်း အကြွင်းမဲ့ခိုင်ခံ့လွန်းသော အမည်းရောင် ရေခဲလွှာများဖြင့် တိတ်ဆိတ်စွာ ဖုံးလွှမ်းသွားခဲ့ကာ အစွန်းရောက်အေးခဲနေသည့် သေမင်းနယ်ပယ်တစ်ခု ဖန်တီးနေသည့်အလား ဖြစ်နေသည်။
ဤသည်မှာ ရေခဲကောင်းကင်နှင်းမြှုပ်နှံခြင်းက သူနှင့် စတင်ပေါင်းစပ်နေပြီဟူသော လက္ခဏာဖြစ်သည်။
သူ၏ အဆင့်များက ဆက်တိုက် တက်လှမ်းသွားပြီး နောက်ဆုံးတွင် အဆင့် ၃၅ (ပထမ ဘုရင်အဆင့် အလယ်အလတ်) သို့ ရောက်ရှိတည်ငြိမ်သွားခဲ့ရာ လင်းထျန်းလုံ၏ လက်အောက်တွင် အငြင်းပွားဖွယ်ရာမရှိသော ထိတ်တန်းတိုက်ခိုက်ရေးသမား ဖြစ်လာခဲ့ချေပြီ။
အကြွင်းမဲ့ခံစစ်အဖြစ် တည်ရှိလိုသော သူ၏ရည်မှန်းချက်ကလည်း ပိုမိုခိုင်မာလာခဲ့သည်။
စွမ်းအင်စုပ်ယူကျင့်ကြံမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် စစ်သူကြီးတစ်ဦးချင်းစီ၏ နှလုံးသားထဲ၌ သိမြင်နားလည်မှုအသစ်များ မွေးဖွားလာခဲ့သည်။
ရန့်မြဲ့ - အဆင့် ၃၅၊ (ပထမ ဘုရင်အဆင့် အလယ်အလတ်) သို့ တက်လှမ်းသွားသည်။ ထာဝရအေးခဲနေသော မြေဆီလွှာ၏ အရှိန်အဝါနှင့် သန်မာခိုင်ခံ့လွန်းသော စိတ်ဆန္ဒများ ဝန်းရံနေပြီး ကျွမ်းကျင်မှုစွမ်းရည် ‘အစွန်းရောက်အေးခဲခြင်း တံဆိပ် (ခရမ်းရောင် အဆင့်မြင့်)’ ကို သင်ယူတတ်မြောက်သွားသည်။
ပစ်မှတ်တစ်ခု၏ လှုပ်ရှားမှု သို့မဟုတ် စွမ်းအင်လှည့်ပတ်မှုကို ယာယီချိတ်ပိတ်ရန် အစွန်းရောက်အေးခဲခြင်း စွမ်းအားများကို အသုံးပြုနိုင်သည်။
ထျန်းပင်း - အဆင့် ၃၃၊ (ပထမ ဘုရင်အဆင့် ကနဦး) သို့ တက်လှမ်းသွားသည်။ မိုးကြိုးများက မြေကြီးကို နင်းချေလိုက်သော စစ်စည်တော်များအဖြစ် ပြောင်းလဲသွားချိန်တွင် ဟိန်းဟောက်နေခဲ့ပြီး ကျွမ်းကျင်မှုစွမ်းရည် ‘မိုးကြိုးခြေနင်းတိုက်ကွက် (ခရမ်းရောင် အဆင့်မြင့်)’ ကို သင်ယူတတ်မြောက်သွားသည်။
အပေါ်သို့ ခုန်တက်ပြီး မြေပြင်ကို အပြင်းအထန်နင်းချလိုက်ကာ စက်ဝိုင်းပုံစံ လျှပ်စီးတုန်ခါမှုလှိုင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။
· ယင်းဖုန်း အဆင့် ၃၃၊ (ပထမ ဘုရင်အဆင့် ကနဦး) သို့ တက်လှမ်းသွားသည်။ သူ၏ ပုံရိပ်က အရိပ်နှင့် အစစ်အမှန်ကြားတွင် တလက်လက် ဖြစ်နေပြီး ကျွမ်းကျင်မှုစွမ်းရည် ‘အရိပ်ယက်လုပ်ခြင်း (ခရမ်းရောင် အဆင့်မြင့်) ကို သင်ယူတတ်မြောက်သွားသည်။
ရန်သူများကို ရှုပ်ထွေးစေရန်အတွက် ခဏတာ ပုံရိပ်ယောင်များ သို့မဟုတ် ထောင်ချောက်များကိုဖန်တီးရန် အရိပ်များကို အသုံးပြုနိုင်သည်။
· သွေးမိစ္ဆာ အဆင့် ၂၉၊ (ခြေလှမ်း၀က် ဘုရင်အဆင့်) သို့ တက်လှမ်းသွားသည်။ ၎င်း၏ ကြမ်းကြုတ်သော အငွေ့အသက်များက မပြန့်ကျဲသွားဘဲ စုစည်းလာနေပြီး ၎င်း၏ သွေးစွမ်းအင်များ ဆူပွက်နေသည်။ ကျွမ်းကျင်မှုစွမ်းရည် ‘ရူးသွပ်ဆူပွက်သွေး (ခရမ်းရောင် အဆင့်မြင့်)’ ကို သင်ယူတတ်မြောက်သွားသည်။
တိုက်ခိုက်မှုအမြန်နှုန်းကို အချိန်တိုအတွင်း သိသိသာသာ တိုးမြင့်စေသော်လည်း သွေးစွမ်းအင်ကို အဆက်မပြတ် ကုန်ဆုံးစေသည့် အသက်သွင်းရသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။
အဓိက စစ်သူကြီးများက စွမ်းအားများကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်ကို မြင်တွေ့ရပြီးနောက် လင်းထျန်းလုံသည် အချိန်ဆွဲမနေဘဲ မျိုးနွယ်စုတစ်ခုလုံးအတွက် ပိုမိုကြီးမားသော စွမ်းအားဖြည့်တင်းမှုများကို ချက်ချင်းစတင်လိုက်သည်။
သူ၏ အသိစိတ်က စွမ်းဆောင်ရည်မြင့်မားလွန်းသော စစ်သေနာပတိတစ်ဦးပမာ ကြယ်တာရာသမုဒ္ဒရာပမာ များပြားလွန်းသည့် အဆင့်နိမ့် ဝိသေသလက္ခဏာရပ်များကြားတွင် ကူးသန်းသွားလာနေခဲ့သည်။
· အစောင့်အရှောက်များအတွက် ‘ခန္ဓာကိုယ်ကြံ့ခိုင်မှု’ နှင့် ‘ခံစစ်’ ဝိသေသလက္ခဏာရပ် အများအပြားကို စုစည်းပေးလိုက်သည်။
· လုပ်ကြံသတ်ဖြတ်သူများအတွက် ‘ခွန်အား’ နှင့် ‘ရူးသွပ်မှု’ ဝိသေသလက္ခဏာရပ် အများအပြားကို ပေါင်းစပ်ပေးလိုက်သည်။
· ကင်းလှည့်အမဲလိုက်တပ်ရင်းအတွက် ‘အမြန်နှုန်း’၊ ‘သွက်လက်မှု’ နှင့် ‘ပုန်းကွယ်ခြင်း’ ဝိသေသလက္ခဏာရပ် အမြောက်အမြားကို စုစည်းပေးလိုက်သည်။
[စနစ်အသိပေးချက်]။ ။အခြေခံ ခံစစ်အမျိုးအစား ဝိသေသလက္ခဏာရပ် ၂၀၀၀ ကို အသုံးပြု၍ ‘နှင်းခဲချပ်ဝတ် (အဖြူရောင်)’ ဝိသေသလက္ခဏာရပ် ၂၀၀ ကို ပေါင်းစပ်လိုက်ပါသည်။
ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် နှင်းခဲများစုစည်းသွားပြီး ရုပ်ပိုင်းဆိုင်ရာခံစစ်ကို သိသိသာသာ တိုးတက်စေသည်။
[စနစ်အသိပေးချက်]။ ။အခြေခံ ခွန်အားအမျိုးအစား ဝိသေသလက္ခဏာရပ် ၂၀၀၀ ကို အသုံးပြု၍ ‘ရူးသွပ်စွာ၀င်ဆောင့်ခြင်း (အဖြူရောင်)’ ဝိသေသလက္ခဏာရပ် ၂၀၀ ကို ပေါင်းစပ်လိုက်ပါသည်။
အချိန်တိုအတွင်း တိုက်ခိုက်မှုအမြန်နှုန်းနှင့် ခွန်အားကို တိုးမြင့်စေသည်။
[စနစ်အသိပေးချက်]။ ။အခြေခံ သွက်လက်မှုအမျိုးအစား ဝိသေသလက္ခဏာရပ် ၂,၀၀၀ ကို အသုံးပြု၍ ‘အရိပ်ပျောက်ကွယ်ခြင်း (အဖြူရောင်)’ ဝိသေသလက္ခဏာရပ် ၂၀၀ ကို ပေါင်းစပ်လိုက်ပါသည်။
လျှို့ဝှက်အာနိသင်များနှင့် ပုန်းကွယ်နိုင်စွမ်းကို အနည်းငယ် တိုးတက်စေသည်။
အဆင့်နိမ့် ဝိသေသလက္ခဏာရပ် စုစုပေါင်း ခြောက်ထောင်မှာ ငွေရောင်တလက်လက် တောက်ပနေသော ငွေအဆင့် ဝိသေသလက္ခဏာရပ် ခြောက်ရာအဖြစ် ပြောင်းလဲသွားခဲ့သည်။
လင်းထျန်းလုံသည် ငွေအဆင့် ဝိသေသလက္ခဏာရပ် ၆၀၀ နှင့် ကိုက်ညီမှုရှိသော သလင်းကျောက်အမြုတေ ၆၀၀ ကို ထုတ်ယူလိုက်ပြီး ထိုဝိသေသလက္ခဏာရပ်အသစ်များကို တစ်ခုချင်းစီတွင် ထည့်သွင်းလိုက်သည်။
ထို့နောက် စွမ်းအားများ သယ်ဆောင်ထားသော ဤသလင်းကျောက်အမြုတေများကို အစောင့်အရှောက်များ၊ လုပ်ကြံသတ်ဖြတ်သူများနှင့် ကင်းလှည့်အမဲလိုက်တပ်ရင်းများရှိ အဖွဲ့ဝင်တိုင်းထံသို့ ခွဲဝေပေးလိုက်သည်။
“အဲဒါတွေကို စုပ်ယူလိုက်ကြ၊ ဒါက မင်းတို့ရဲ့ သတ္တိတွေနဲ့ထိုက်တန်လို့ ရရှိထားတဲ့စွမ်းအားတွေ၊ ဝံပုလွေအသိုက်ရဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေပဲ” လင်းထျန်းလုံက ဂုဏ်ယူစွာ ပြောလိုက်သည်။
ဝံပုလွေအုပ်ကြီးက အားတက်သရော တိုးညှင်းစွာ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ လက်ရှိအဆင့်နှင့် အပြည့်အဝ ကိုက်ညီသော စွမ်းအားသစ်များကို စတင်စုပ်ယူကြလေသည်။
မျိုးနွယ်စုတစ်ခုလုံး၏ အငွေ့အသက်များက သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကျစ်လျစ်ပြီး ထက်ရှလာကာ သူတို့၏ လက္ခဏာရပ်များက ပိုမို သိသာထင်ရှားလာခဲ့သည်။
ဒုတိယမျိုးဆက်၏ အခြေခံ တိုက်ခိုက်ရေးစွမ်းအားများမှာ ဤအခိုက်အတန့်တွင် ဖွဲ့စည်းပြီးသွားခဲ့ချေပြီ။
ထို့နောက်တွင် အဆင့်မြင့်တပ်ဖွဲ့များအတွက် စွမ်းအားဖြည့်တင်းမှုများ ရောက်ရှိလာခဲ့သည်။
တိုက်ပွဲတွင် ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော မဟာနှင်းအစောင့်အရှောက်၊ ရေပြာကြေးခွံအစောင့်အရှောက်နှင့် နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များ။
ဤအဆင့်မြင့် ဝံပုလွေတပ်စုများကို လင်းထျန်းလုံက သန့်စင်သောစွမ်းအင်များ၊ သူတို့၏ ပင်ကိုစွမ်းရည်များနှင့် ကိုက်ညီသော အဆင့်မြင့် ဝိသေသလက္ခဏာရပ်များကို အပိုဆုအဖြစ် ပေးအပ်ခဲ့သည်။
· မဟာနှင်းအစောင့်အရှောက်များသည် သူတို့၏ မူလ ‘မဟာနှင်းအကာအကွယ်’ အပြင် ‘ရေခဲပေါက်ကွဲမှုတုံ့ပြန်ခြင်း’ လက္ခဏာရပ်ကို ရရှိခဲ့သည်။
ရေခဲပေါက်ကွဲမှုတုံ့ပြန်ခြင်း - တိုက်ခိုက်ခံရသည့်အခါ အကာအကွယ်မှ ပြန်လည်တိုက်ခိုက်ရန် နှင်းခဲစွမ်းအင်များ အလိုအလျောက် ပေါက်ကွဲလာစေမည့် အခွင့်အရေးတစ်ခု ရရှိမည်ဖြစ်သည်။
သူတို့သည် ကျွမ်းကျင်မှုစွမ်းရည်အသစ်ဖြစ်သော ရေခဲဥက္ကာပျံ တဟုန်ထိုးကျဆင်းခြင်း (ခရမ်းရောင် အဆင့်မြင့်) ကိုလည်း သင်ယူတတ်မြောက်သွားသည်။
အခန်း (၂၄၀) - အသိုက်တစ်ခုလုံးစာအတွက် အဆင့်နိမ့်ဝိသေသလက္ခဏာရပ်များကို ပေါင်းစပ်ခြင်း (၄)
ရေခဲဥက္ကာပျံ တဟုန်ထိုးကျဆင်းခြင်း - ရေခဲစွမ်းအင်များကို ဆင့်ခေါ်ကာ ဧရာမရေခဲဥက္ကာပျံကြီးတစ်ခုအဖြစ် စုစည်းပြီး ပစ်မှတ်ဧရိယာသို့ ဝင်ရောက်တိုက်ခိုက်စေခြင်းဖြင့် ကြီးမားသော ဧရိယာအလိုက် ထိခိုက်မှုနှင့် ပြင်းထန်သော အေးခဲခြင်းအာနိသင်ကို ဖြစ်ပေါ်စေနိုင်သည်။
ထို့အပြင် ‘အေးစက်ရေခဲလက်သည်း တိုက်ခိုက်ခြင်း (အဖြူရောင် · ငွေအဆင့်)’ ကို နှင်းခဲဆုတ်ဖြဲလက်သည်း (ခရမ်းရောင် အဆင့်မြင့်)’သို့ အဆင့်မြှင့်တင်လိုက်သည်။
နှင်းခဲဆုတ်ဖြဲလက်သည်း- နှင်းခံ အအေးဓာတ်များကို လက်သည်းပေါ်တွင် စုစည်းပြီး တိုက်ခိုက်မှုတိုင်းတွင် ပြင်းထန်သော နှင်းကိုက်ခဲမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ဆုတ်ဖြဲမှု အာနိသင်များကို ဖြစ်ပေါ်စေနိုင်သည်။
· ရေပြာကြေးခွံအစောင့်အရှောက်များ၏ ‘နက်နဲရေခဲကြေးခွံချပ်ဝတ်’ သည် ‘နက်နဲရေခဲချပ်ဝတ်ထူ’ သို့ အဆင့်တက်သွားပြီး အကြေးခွံများမှာ ပိုမိုထူထဲမာကျောလာကာ ရုပ်ပိုင်းဆိုင်ရာ ခံစစ်ကို ပိုမို တိုးတက်စေခဲ့သည်။
· လင်းထျန်းလုံ၏ လမ်းညွှန်မှုအောက်တွင် အခြေခံ ဝိသေသလက္ခဏာရပ်များဖြင့် ဖွဲ့စည်းထားသော နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များ၏ တိုက်ခိုက်ရေးစနစ်မှာလည်း အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူတို့သည် ပင်ကိုစွမ်းရည်အသစ်ဖြစ်သော ‘အေးခဲနိဗ္ဗာန်တိုက်ခိုက်ခြင်း (ခရမ်းရောင် အဆင့်မြင့်)’ ကို နိုးထလာခဲ့သည်။
အေးခဲနိဗ္ဗာန်တိုက်ခိုက်ခြင်း - အရိပ်များထဲမှနေ၍ ပထမဆုံး စတင်တိုက်ခိုက်မှုတွင် အစွန်းရောက်အအေးဓာတ် စွမ်းအားများကို အစွယ်များနှင့် လက်သည်းများပေါ်တွင် စုစည်းနိုင်မည်ဖြစ်ပြီး ဤတိုက်ခိုက်မှု၏ စွမ်းအားကို ကြီးမားစွာ တိုးမြင့်စေကာ ပစ်မှတ်၏လှုပ်ရှားမှုနှင့် စွမ်းအင်လှည့်ပတ်မှုကို များစွာနှောင့်နှေးစေမည့် ‘နက်ရှိုင်းသော အေးခဲခြင်းအာနိသင်ကို ပေါင်းထည့်ပေးမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ကျွမ်းကျင်မှုအသစ်ဖြစ်သော အရိပ်ကိုယ်ပွား (ခရမ်းရောင် အဆင့်မြင့်) ကို သင်ယူတတ်မြောက်သွားသည်။
အရိပ်ကိုယ်ပွား - ရန်သူကိုအတိုင်းအတာတစ်ခုအထိ နှောက်ယှက်နိုင်စွမ်းရှိသော ရေခဲ-အရိပ်ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်သည်။
ထို့အပြင် အသံတိတ်ထိုးသွင်းခြင်း (ခရမ်းရောင် အဆင့်မြင့်)’ ကိုလည်း သင်ယူတတ်မြောက်သွားခဲ့ကြသေးသည်။
အသံတိတ်ထိုးသွင်းခြင်း - စွမ်းအားအားလုံးကို နောက်တစ်ကြိမ် ထိုးသွင်းတိုက်ခိုက်မှုတွင် စုစည်းလိုက်ခြင်းဖြင့် ၎င်းတိုက်ကွက်သည် အသံတိတ်သွားပြီး အလွန်အမင်း ထိုးဖောက်နိုင်စွမ်းရှိလာသည်။
သူတို့၏ စုပေါင်းအငွေ့အသက်များက မြင့်တက်လာပြီး အဆင့်များ ဆက်တိုက်တက်လှမ်းသွားကာ အဆင့် ၂၅ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူတို့၏ ပတ်လည်တွင် လှိုင်းထနေသော စွမ်းအင်အလင်းဝန်းများက ပိုမိုထူထဲနက်ရှိုင်းလာပြီး သူတို့၏သစ္စာရှိမှုနှင့် လေးစားမှုများမှာ ယခင်ကထက် ပိုမိုကြီးမားလာခဲ့သည်။
နောက်ဆုံးတွင် လင်းထျန်းလုံသည် လုပ်ကြံသတ်ဖြတ်သူများထံသို့ အကြည့်ကို လှည့်လိုက်သည်။
သူသည် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အရဲရင့်ဆုံးနှင့် အလားအလာအကောင်းဆုံး ဖြစ်ခဲ့သော လုပ်ကြံသတ်ဖြတ်သူငါးဦးကို ရွေးချယ်လိုက်သည်။
“ရန့်မြဲ့၊ သူတို့က ဒီနေ့ကစပြီး မင်းရဲ့လက်အောက်မှာ ရှိလိမ့်မယ်”
မိမိ၏ စွမ်းအားများကို ယခုလေးတင် တည်ငြိမ်အောင် လုပ်ဆောင်ပြီးခဲ့သော ရန့်မြဲ့က ထိုစကားကို ကြားသောအခါ လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။
သူသည် စစ်သည်တော်များကို ဦးဆောင်ကာ မျိုးနွယ်စုကိုကာကွယ်ရန် တာဝန်ယူရတော့မည်ဖြစ်သည်။
ကျန်ရှိနေသော အရင်းအမြစ်များမှ လင်းထျန်းလုံသည် ခွန်အား၊ အမြန်နှုန်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု စသည့် မျှတသော ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ထားသည့် ဝိသေသလက္ခဏာရပ် အများအပြားကို ခွဲဝေပေးလိုက်ပြီး နောက်ထပ် ပေါင်းစပ်မှုတစ်ခုကို စတင်လိုက်သည်။
[စနစ်အသိပေးချက်]။ ။ဘက်စုံအမျိုးအစား အခြေခံ ဝိသေသလက္ခဏာရပ် ၅၀၀ ကို အသုံးပြု၍ ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ‘မိုးပြာဝံပုလွေတိုက်ပွဲဝိညာဉ် (ခရမ်းရောင် အဆင့်မြင့်)’ ၅ ခုကို ပေါင်းစပ်လိုက်ပါသည်။
ခွန်အား၊ အမြန်နှုန်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ကို မျှတစွာ တိုးမြင့်စေသည်၊ အသက်ဓာတ်ခံနိုင်ရည်နှင့် အရှုံးမပေးသော ကြံ့ခိုင်မှုကို ရရှိစေသည်။
ခမ်းနားသော ရောင်ဝါများ ထုတ်လွှတ်နေသည့် ခရမ်းရောင်ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် ငါးခုကို ပေါင်းစပ်လိုက်ပြီး ပါရမီရှင်အဆင့် သလင်းကျောက်အမြုတေ ငါးခုအတွင်းသို့ ထည့်သွင်းလိုက်သည်။
ရွေးချယ်ခံထားရသော လုပ်ကြံသတ်ဖြတ်သူ ငါးဦးက ရှေ့သို့ထွက်လာပြီး ၎င်းတို့ကို စုပ်ယူလိုက်ကြသည်။
မျက်စိကျိန်းမတတ် အလင်းရောင်များက သူတို့ကို လွှမ်းခြုံသွားပြီး သူတို့၏ခန္ဓာကိုယ်များက အနည်းငယ်ကြီးမားလာကာ ကြွက်သားလိုင်းများမှာ ပိုမိုညက်ညောပြေပစ်လာပြီး ပြီးပြည့်စုံလာကာ လက်သည်းများနှင့် အစွယ်များမှာလည်း ပိုမိုထက်ရှလာခဲ့သည်။
သူတို့၏ စွမ်းအင်အဆင့်က အဆင့် ၂၃ (ပါရမီရှင်အဆင့်) သို့ ရောက်ရှိသွားခဲ့သည်။ သူတို့၏ မျက်လုံးထဲတွင် ကြမ်းကြုတ်မှုများ ရှိနေဆဲဖြစ်သော်လည်း တည်ငြိမ်မှုနှင့် စည်းကမ်းရှိမှုတို့ ထပ်တိုးလာခဲ့သည်။
သူတို့၏ စွမ်းအားသစ်များနှင့် အသားကျစေရန် လုပ်ဆောင်နေစဉ်အတွင်း သူတို့သည် ဘက်စုံသုံးနိုင်သော သူတို့၏ အခန်းကဏ္ဍများနှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုစွမ်ူရည်ဖြစ်သော ‘မိုးပြာဝံပုလွေ အဆက်မပြတ်ခုတ်ပိုင်းခြင်း (ခရမ်းရောင် အဆင့်မြင့်)’ ကို သင်ယူတတ်မြောက်သွားသည်။
အဆက်မပြတ်ခုတ်ပိုင်းခြင်း ပြေပြစ်ပြီး လျင်မြန်သော လှုပ်ရှားမှုများဖြင့် လက်သည်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ကာ တိုက်ခိုက်မှုတစ်ခုစီ၏ စွမ်းအားက အနည်းငယ် ထပ်တိုးလာမည်ဖြစ်သည်။
ထိုးစစ်နှင့် ခံစစ် စွမ်းရည်နှစ်ခုလုံး ပါဝင်သော အဆင့်မြင့် တပ်ဖွဲ့သစ်တစ်ခုဖြစ်သည့် ရေပြာကြေးခွံအစောင့်အရှောက်များ ထိုသို့ဖြင့် မွေးဖွားလာခဲ့သည်။
အစောင့်အရှောက်တပ်မှူး ရန့်မြဲ့၏ ကွပ်ကဲမှုအောက်တွင် ထားရှိလိုက်ခြင်းဖြင့် သူတို့သည် ဝံပုလွေအသိုက်အတွက် နောက်ထပ် စွမ်းအားကြီးမားသော လှံထိပ်ဖျားတစ်ခု ဖြစ်လာခဲ့ချေပြီ
ဤအရာအားလုံး ပြီးဆုံးသွားသောအခါ လင်းထျန်းလုံသည် စနစ် ဟင်းလင်းပြင်ထဲမှ ထွက်ခွာလာပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ဝံပုလွေအုပ်ကြီးမှာ မိခင်သစ်ပင်၏အောက်တွင်ပင် လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ပူဆွေးသောကများကို သူတို့၏ နှလုံးသားထဲတွင် မြှုပ်နှံထားဆဲဖြစ်သော်လည်း နှင်းဝံပုလွေတိုင်း၏မျက်လုံးထဲများတွင် ပြန်လည်မွေးဖွားခြင်း၏ မီးတောက်များနှင့် ပိုမိုခိုင်မာသော စိတ်ဆန္ဒများ တောက်လောင်နေခဲ့သည်။
သူတို့သည် ယခင်ကထက် ပိုမိုကြံ့ခိုင်သန်မာလာပြီး စည်းလုံးညီညွတ်လာခဲ့သည်။
သစ်ပင်အိမ်လေးအတွင်းတွင်။
ရှောင်ယင်း၏ ခရမ်းရောင်မျက်ဝန်းများထဲတွင် အံ့ဩမှုများကြောင့် တလက်လက် ဖြစ်နေခဲ့သည်။
“မျိုးနွယ်စုတစ်ခုလုံးရဲ့ အရှိန်အဝါတွေနဲ့ စွမ်းအင်အဆင့်တွေက ပေါက်ကွဲထွက်နေတာပဲ... ဒါက စွမ်းအားဖြည့်တင်းမှု သက်သက်မဟုတ်ဘူး၊ ဒါက ရိုးရိုးလေးပြောရရင်... မျိုးနွယ်တစ်ခုလုံး ဆင့်ကဲပြောင်းလဲခြင်းပဲ”
ရှောင်လန်၏ ရေခဲပြာရောင် မျက်ဝန်းလေးများက လခြမ်းကွေးလေးများပမာ ကွေးညွတ်သွားပြီး ခေါင်းကို ခပ်သွက်သွက် ငြိမ့်လိုက်သည်။
“အင်း၊ အားလုံးက အရမ်းကို အံ့ဩစရာကောင်းလာကြတယ်”
ထိုစဉ် လင်းထျန်းလုံသည် စနစ်ဂိုဒေါင်အတွင်းတွင် ပြန့်ကျဲနေသော ဝိသေသလက္ခဏာရပ်အတော်များများ ကျန်ရှိနေသေးသည်ကို သတိပြုမိသွားသည်။ သူက အတွေးတစ်ခုဖြင့် ကျပန်းပေါင်းစပ်ပေးရန် ပြောလိုက်သည်။
“စနစ်၊ ဒီကျန်နေတဲ့ ဝိသေသလက္ခဏာရပ်တွေကို ကျပန်းပေါင်းစပ်မှုတွေ လုပ်ပေးပါ”
သူ၏ အတွေး ရောက်ရှိသွားသည်နှင့်အမျှ ဂိုဒေါင်အတွင်း ကျန်ရှိနေသော ဝိသေသလက္ခဏာရပ်များက ကျပန်းတိုက်မိပြီး ပေါင်းစပ်လာကြသည်။
[စနစ်အသိပေးချက်]။ ။တိကျသော ဝိသေသလက္ခဏာရပ် ပေါင်းစပ်မှုကို ထောက်လှမ်းတွေ့ရှိရပါသည်၊ ပေါင်းစပ်ခြင်း ဖော်မြူလာအသစ်တစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီးပါပြီ၊
[ဖော်မြူလာ ၁- ‘အရိပ်ရင်းနှီးကျွမ်းဝင်ခြင်း (ရွှေရောင်)’ + ‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း (ရွှေရောင်)’ + ‘ဟင်းလင်းပြင်ရင်းနှီးကျွမ်းဝင်ခြင်း (ရွှေရောင်)’ = ‘ဗလာဟင်းလင်းပြင်အရိပ် (ရွှေရောင် အဆင့်မြင့်)’]
(အာနိသင်- အသုံးပြုသူကို ဗလာဟင်းလင်းပြင်အရိပ်များ အတွင်းသို့ ခေတ္တမျှ ဝင်ရောက်သွားစေပြီး အလွန်ဝေးကွာသော အကွာအဝေးကို ချက်ချင်းကူးပြောင်းနိုင်ကာ ပေါ်လာသည့်အခါ ပတ်ဝန်းကျင်သို့ ဟင်းလင်းပြင်ဆုတ်ဖြဲခြင်းနှင့် အရိပ်တိုက်စားခြင်းတို့ကို ဖြစ်ပေါ်နိုင်စေသည်။)
[ဖော်မြူလာ ၂- ‘မိုးကြိုးတိုက်ပွဲဝင်ခန္ဓာ (ရွှေရောင်)’ + ‘တိုက်ပွဲဆာလောင်ခြင်း (ခရမ်းရောင်)’ + ‘ဖျက်ဆီးလိုစိတ် (ခရမ်းရောင်)’ = ‘မိုးကြိုးအကျဉ်းထောင်ရူးသွပ်နတ်ဘုရား (ရွှေရောင် အဆင့်မြင့်)’]
(အာနိသင်- မိုးကြိုးအကျဉ်းထောင် ရူးသွပ်နတ်ဘုရား အခြေအနေသို့ ဝင်ရောက်နိုင်မည်၊ တိုက်ခိုက်မှုတိုင်းတွင် ကောင်းကင်ကပ်ဘေး မိုးကြိုးများ ပါဝင်လာပြီး မိုးကြိုးဧရိယာအတွင်းရှိ ရန်သူအားလုံးကို အဆက်မပြတ် ထိခိုက်မှုဖြစ်စေကာ ခံစစ် တစ်စိတ်တစ်ပိုင်းကို ထိုးဖောက်နိုင်သည်။
ဤအခြေအနေအတွင်း တိုက်ပွဲ ကြာမြင့်လာသည်နှင့်အမျှ အသုံးပြုသူမှာ ပိုမိုသန်စွမ်းလာမည်ဖြစ်သည်။)
[ဖော်မြူလာ ၃- ‘ထာဝရတိုက်ပွဲဝင်လိုစိတ် (ရွှေရောင်)’ + ‘ဆူပွက်သွေးစွမ်းအင် (ခရမ်းရောင်)’ + ‘ရူးသွပ်သွေး (ခရမ်းရောင်)’ = ‘သွေးသတ်ဖြတ်ခြင်း ထာဝရခန္ဓာ (ရွှေရောင် အဆင့်မြင့်)’]
(အာနိသင်- အသက်စွမ်းအင်ပြန်လည်ပြည့်ဖြိုးမှု အမြန်နှုန်းကို သိသိသာသာ တိုးမြင့်စေသည်၊ သေစေနိုင်သော ဒဏ်ရာကို ရရှိသည့်အခါ အသုံးပြုသူသည် ၎င်းတို့၏ အသက်စွမ်းအင်ကို ချိတ်ပိတ်ထားနိုင်ပြီး ချက်ချင်း ပြန်လည်တိုက်ခိုက်နိုင်ကာ အချိန်တိုအတွင်း ပြိုင်ဘက်ကင်း အခြေအနေသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။)
ဤအသစ်ထပ်တိုးလာသော ပေါင်းစပ်ဖော်မြူလာ သုံးခုကို ကြည့်ပြီး လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“’ဗလာဟင်းလင်းပြင်အရိပ်’... ဒါက ယင်းဖုန်းအတွက် သီးသန့် ဖန်တီးထားတဲ့ အမြင့်ဆုံးအဆင့် လုပ်ကြံသတ်ဖြတ်မှုနဲ့ အသက်ရှင်သန်မှု ပင်ကိုစွမ်းရည်တစ်ခုပဲ၊”
“’မိုးကြိုးအကျဉ်းထောင် ရူးသွပ်နတ်ဘုရား’... ဒါက ထျန်းပင်းရဲ့ တိုက်ခိုက်ရေးပုံစံနဲ့ အပြည့်အဝ ကိုက်ညီပြီး သူ့ရဲ့ကြမ်းကြုတ်မှုနဲ့ မိုးကြိုးစွမ်းအားကို အမြင့်ဆုံးအထိ ပေါင်းစပ်ပေးထားတယ်”
“’သွေးသတ်ဖြတ်ခြင်း ထာဝရခန္ဓာ’... ဒါနဲ့ဆိုရင် သွေးမိစ္ဆာက စစ်မြေပြင်ပေါ်မှာ တကယ့်ကို သတ်လို့မသေတဲ့ မိစ္ဆာကောင်ကြီး ဖြစ်လာတော့မှာပဲ”
ဤဖော်မြူလာသုံးခုအတွက် လိုအပ်သော ကုန်ကြမ်းများက ဤစစ်သူကြီးသုံးဦး အလွယ်တကူ ရရှိနိုင်သော အဓိကဝိသေသလက္ခဏာရပ်များ ဖြစ်နေခဲ့သည်။
ဤသည်မှာ သေချာပေါက် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။
လင်းထျန်းလုံသည် ဤဖော်မြူလာ သုံးခုကို မှတ်ဉာဏ်ထဲတွင် သိမ်းဆည်းထားလိုက်သည်။ အခုက အချိန်ကောင်းမဟုတ်သေးပေ။
နောက်တစ်ကြိမ် ဤစစ်သူကြီး သုံးဦး လုံလောက်သော စွမ်းအင်များ ရရှိလာသည့်အခါ သို့မဟုတ် အဆင့်တက်ရန် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ဤအရာများသည် သူတို့အတွက် သူပြင်ဆင်ပေးနိုင်သော အကောင်းဆုံးလက်ဆောင်များ ဖြစ်လာမည်ဖြစ်သည်။
သူက သက်ဝင်လှုပ်ရှားနေသော ဝံပုလွေအသိုက်ကို မော့ကြည့်လိုက်သည်။
စစ်သည်တော်များသည် သူတို့၏ စွမ်းအားအသစ်များနှင့် အသားကျစေရန် လေ့ကျင့်နေကြပြီး အမိန့်ပေးစရာမလိုဘဲ နားလည်မှုများဖြင့် ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်နေကြသည်။
မိခင်သစ်ပင်၏ အလင်းရောင်က အသိုက်အတွင်း ညင်သာစွာ ကျဆင်းလာပြီး သွေးနှင့် မီးတောက်များမှတစ်ဆင့် ဤမျိုးနွယ်စု၏ စွမ်းပကားကို သက်သေပြနေခဲ့သည်။
ခရီးဟောင်းတစ်ခု ပြီးဆုံးသွားခဲ့ပြီး ပိုမိုကြီးမားသော စွမ်းအားများနှင့် အနာဂတ်အတွက် ပိုမိုရှင်းလင်းသော ပုံစံကြမ်းတစ်ခုပါဝင်သည့် ခရီးစဉ်သစ်တစ်ခုက တဖြည်းဖြည်း ပွင့်လှစ်လာနေပြီဖြစ်သည်။