အခန်း (၄၄၉-၄၅၀)
Vol. 33 Ch. 449-450
အခန်း ( ၄၄၉ ) - နတ်ဆိုးဧကရာဇ်ကြီး၏ တွက်ချက်မှုများ၊ သူ၏ စိုးရိမ်ပူပန်မှုနှင့် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စရပ်
နတ်ဆိုးနယ်မြေ... ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၌.....
" ဒီလိုပါပဲ... ကျွန်တော့်သခင်က အရှင့်ကို ထုံးထျန်းနတ်ဆိုးတောင်ဆီ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် "
လိပ်အိုကြီးမှ ဖြည်းဖြည်းမှန်မှန်နှင့် အေးဆေးစွာ ပြောဆိုလေသည်။
" နတ်ဆိုးဧကရာဇ်ကြီးက ငါ့ကို ဘာကိစ္စကြောင့် တွေ့ချင်တာလဲလို့များ ပြောလိုက်သေးလား "
ကုချန်မှ အေးဆေးငြင်သာစွာ မေးမြန်းလိုက်၏။
အစကတည်းကပင် ထိုနတ်ဆိုးဧကရာဇ်ကြီး၏ ရည်ရွယ်ချက်များကို ကုချန် သေသေချာချာ နားမလည်ခဲ့ပေ။
မူလက သူသည် ရှီမိုကောင်းကင်အား ငါးမြှားစာအဖြစ်အသုံးပြုကာ နတ်ဆိုးဧကရာဇ်ကြီးအား သွေးဆောင်ရန် စီစဉ်ခဲ့သော်လည်း တစ်ဖက်လူမှာ သူ့အား ရန်သူအဖြစ်သတ်မှတ်ရန် ရည်ရွယ်ချက်မရှိသည့်ဟန် ပေါ်နေခဲ့၏။ ထို့အပြင် သူ့အား အဆုံးမဲ့ထျန်းကျွင်းသစ် ဟူသော ဘွဲ့ကိုပင် ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သေးသည်။
ဆိုရိုးစကားရှိသည့်အတိုင်း အပြုံးဖြင့်လာသူအား မည်သူမျှ လက်ပါမည် မဟုတ်ချေ။
နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အပေါ် အမြဲတစေ စေတနာကောင်းကို ပြသခဲသလို အစောပိုင်း၌လည်း ချီလျန်မျိုးနွယ်ကို ကယ်တင်ပေးခဲ့သေး၏။ ထို့ကြောင့် ကုချန်အနေဖြင့် သူ့အား ပြဿနာရှာရန် ခက်ခဲနေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် ဤနတ်ဆိုးဧကရာဇ်ကြီး အမှန်တကယ် တွေးတောနေများသည်ကိုမူ သူ လုံးဝ နားမလည်ခဲ့ချေ။
နတ်ဆိုးဧကရာဇ်ကြီး၏ ဤသို့ အဆက်မပြတ် စေတနာကောင်းပြနေခြင်းမှာ သူ့အား ကြောက်ရွံ့နေသောကြောင့်ဟု သူ လုံးဝ မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိသူဖြစ်ရာ သူ့ကဲ့သို့ အင်မော်တယ်ဘုရင်တစ်ပါးအား မည်သို့ ကြောက်ရွံ့မည်နည်း။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား အမြဲတစေ စေတနာကောင်း ပြသနေရသည့် အခြားအကြောင်းရင်းတစ်ခု ရှိရပေမည်။ သို့သော် ထိုအရာမှာ မည်သည့်အရာဖြစ်သည်ကို ကုချန် သေချာ မသိသေးချေ။
ယခု သူ့အား အဆုံးမဲ့ထျန်းကျွင်းဘွဲ့ ပေးအပ်၍ နှစ်တစ်ရာအကြာတွင် နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ထုံးထျန်းနတ်ဆိုးတောင်သို့ ဖိတ်ခေါ်နေလေပြီ။ တစ်ဖက်လူသည် မည်သည်တို့ကို စီစဉ်နေခြင်းနည်း။
" အဆုံးမဲ့ထျန်းကျွင်းကို အစီရင်ခံပါတယ်... သခင်ကြီးက အရှင့်ကို ဘာပြောချင်လဲဆိုတာ ကျွန်တော် မသိပါဘူး... ကျွန်တော် မထွက်လာခင် သခင်ကြီးက ဘာမှ မပြောပြလိုက်ပါဘူး "
လိပ်အိုကြီးမှ အမှန်အတိုင်းပင် တည်ငြိမ်စွာ ပြန်ဖြေလေ၏။
အမှန်တကယ်တွင် ၎င်း၏အဆင့်အတန်းအရ သာမန် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် တည်ငြိမ်မှုကို ကောင်းစွာ ထိန်းထားနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဆိုးဧကရာဇ်ကြီး၏ အနီးကပ်အစေခံဖြစ်ရာ ဝန်ကြီးချုပ်အိမ်တော် တံခါးဝမှ အဆင့်ခုနစ်အရာရှိတစ်ဦးကဲ့သို့ပင် အာဏာရှိလှသည်။
ထိုအင်မော်တယ်ဘုရင်များပင်လျှင် သူ့ကို တွေ့သောအခါ ကြင်ကြင်နာနာ ဆက်ဆံကြမည်သာ။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ ဤအဆုံးမဲ့ထျန်းကျွင်းအပေါ် ထားရှိသော သဘောထားသည် အခြားအင်မော်တယ်ဘုရင်များနှင့် သိသိသာသာ ကွာခြားနေကြောင်း သူ ခံစားသိရှိနေ၏။ ထိုမျှ သဘောကောင်းလှသော အမူအရာမျိုးကို သူ ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ထို့ကြောင့် ကုချန်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် ပညာရှိရှိပင် အမူအရာကို ပြောင်းလဲလိုက်ကာ မည်သည့် မောက်မာမှုကိုမျှ မပြရဲတော့ပေ။
" ကောင်းပြီ... ငါကိုယ်တော် နားလည်ပြီ "
လိပ်အိုကြီးမှ မသိကြောင်း ပြောသည်ကို ကြားသောအခါ ကုချန်သည် စကားများများ ဆက်မပြောတော့ဘဲ ကိစ္စကို သိရှိကြောင်း ခေါင်းသာ ညိတ်ပြလိုက်လေသည်။
သူ၏တာဝန် ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လိပ်အိုကြီးသည် ထပ်မံ ကြန့်ကြာမနေတော့ဘဲ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ ဖြည်းညင်းစွာ လှည့်ထွက်သွားတော့၏။
လိပ်အိုကြီး ထွက်သွားပြီးနောက် ချီလျိုသည် ချက်ချင်း ရှေ့သို့တိုးလာကာ စိုးရိမ်တကြီးဖြင့် ပြောဆိုလေသည်။
" သခင်... ဒီတစ်ကြိမ် နတ်ဆိုးဧကရာဇ်ကြီးရဲ့ ဖိတ်ကြားချက်က ကျွန်မကို အရမ်း စိုးရိမ်စေပါတယ် "
ဂုဏ်သိက္ခာကြီးမားလှသော နတ်ဆိုးဧကရာဇ်တစ်ပါးသည် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ဆက်ဆံသည့်အခါ မည်သည့်ကိစ္စအတွက်မဆို တိုက်ရိုက် အမိန့်ပေးခြင်း သို့မဟုတ် အသိပေးခြင်းမျိုးကိုသာ ပြုလုပ်လေ့ရှိ၏။ ယခုကဲ့သို့ ကိုယ်ပိုင် အစေခံတစ်ဦးအား စကားပါးရန် စေလွှတ်လိုက်ခြင်းမှာ အသိပေးခံရသည့် အင်မော်တယ်ဘုရင်အား အထူးပင် မျက်နှာသာပေးရာ ရောက်နေလေပြီ။
သို့သော် ယခုအခါ နတ်ဆိုးဧကရာဇ်ကြီးသည် တိကျသော ကိစ္စရပ်ကို မပြောပြဘဲ လိပ်အိုကြီးကိုသာ စေလွှတ်ကာ ကုချန်ကို လာရန် ဖိတ်ခေါ်ခဲ့သည်။ ဤကိစ္စတွင် တစ်စုံတစ်ရာသော လှည့်စားမှုများ ပါဝင်နေမည်ကို ချီလျို လွန်စွာပင် စိုးရိမ်နေမိ၏။
အဘယ်ကြောင့်ဆိုသော် ယခုအခါ ချီလျန်မျိုးနွယ်၏ အနာဂတ်နှင့် ကံကြမ္မာသည် ကုချန်အပေါ်၌သာ လုံးလုံးလျားလျား မူတည်နေပြီဖြစ်ရာ သခင်ရှိနေသရွေ့ ချီလျန်မျိုးနွယ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေမည်ဖြစ်ကာ ဤအဆုံးမဲ့ကမ္ဘာတွင် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်နေမည်သာ ဖြစ်သည်။
သို့သော် သခင့်၌ တစ်ခုခုသာ ဖြစ်သွားခဲ့မည်ဆိုလျှင် ချီလျန်မျိုးနွယ်၏ ကံကြမ္မာ မည်သို့ဖြစ်လာမည်ကို ချီလျို စိတ်ကူးပင် မယဉ်ရဲတော့ချေ။
" အမေ... တကယ်တော့ နတ်ဆိုးဧကရာဇ်ရဲ့ ဒီဖိတ်ကြားချက်က ကြီးကြီးမားမား ပြဿနာ မဟုတ်လောက်ဘူးလို့ သမီး ထင်ပါတယ် "
မိခင်ဖြစ်သူ စိုးရိမ်နေသည်ကို မြင်သောအခါ ချီမုန်မှ ဝင်ရောက် နှစ်သိမ့်ပေးလေသည်။
" တကယ်လို့ နတ်ဆိုးဧကရာဇ်ကြီးက သခင့်ကို ပစ်မှတ်ထားဖို့ တကယ်ပဲ ရည်ရွယ်ထားတယ်ဆိုရင် အဲဒီအမိန့်တော် ကျလာကတည်းက လုပ်ဆောင်ခဲ့မှာပေါ့... ဘာလို့ အခုချိန်ထိ စောင့်နေရမှာလဲ "
" အခုဆို နတ်ဆိုးဧကရာဇ်ကြီးက သခင့်ကို ဒီအဆုံးမဲ့ကမ္ဘာရဲ့ အရှင်သခင်အဖြစ် ကောင်းကင်ဘုံအားလုံးကို ကြေညာပြီးပြီလေ... အခုမှ သခင့်ကို ပစ်မှတ်ထားဖို့ ပြန်လှည့်လာမယ်ဆိုရင်... အဲဒါက သူ့မျက်နှာကို သူပြန်ရိုက်သလို ဖြစ်မနေဘူးလား "
ချီမုန်၏စကားများကြောင့် ကုချန် အနည်းငယ် ခေါင်းညိတ်လိုက်၏။ နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အား ပစ်မှတ်ထားရန် ရည်ရွယ်ချက် မရှိတန်ကောင်းဟု ယုံကြည်ကာ ချီမုန်၏အမြင်ကို သူလည်း အပြည့်အဝ သဘောတူနေမိသည်။
အကယ်၍ ထိုသူသာ ထိုသို့သော ရည်ရွယ်ချက်များ ရှိခဲ့ပါက အစောကြီးကတည်းက လုပ်ဆောင်ခဲ့နိုင်ပေသည်။ အဘယ်ကြောင့် ယခုအချိန်ထိ စောင့်ဆိုင်းနေမည်နည်း။
ထို့အပြင် ဤခန္ဓာမှာ သူ၏ကိုယ်ပွားတစ်ခုမျှသာ ဖြစ်၏။ ဆုံးရှုံးသွားပါက ပြန်လည် ဖွဲ့စည်းနိုင်တော့မည် မဟုတ်သော်လည်း သူ၏ကိုယ်အစစ်ကိုတော့ ထိခိုက်မည် မဟုတ်ချေ။
ထို့အပြင် သူ အမှန်တကယ် ထုံးထျန်းနတ်ဆိုးတောင်သို့ သွားရလျှင်ပင် နတ်ဆိုးဧကရာဇ်ကြီး၏ နယ်မြေဖြစ်နေလျှင်ပင် ကိစ္စမရှိချေ။ သူ၏ ဤကိုယ်ပွားကို ဝါးမျိုပစ်ရန်မှာ ထိုမျှ မလွယ်ကူလှပေ။ တစ်ဖက်လူတွင် ထိုသို့လုပ်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည့်အပေါ်၌လည်း မူတည်နေသေးသည်ဖြစ်၏။
နတ်ဆိုးဧကရာဇ်ကြီးတွင် မည်သို့သော အရေးတကြီး ကိစ္စရှိနေ၍ ထုံးထျန်းနတ်ဆိုးတောင်သို့ သွားရောက်ကာ ဆွေးနွေးရန် လိုအပ်နေရသနည်းဆိုသည်ကိုမူ သူ အမှန်တကယ်ပင် မသိခဲ့ချေ။
ကုချန်၏အကြည့်များမှာ ပြောင်းလဲသွားသော်လည်း သူ၏စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက် ချပြီးဖြစ်နေလေပြီ။ မည်သို့ပင်ဖြစ်စေ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ သူ သွားရောက်ရမည်သာ ဖြစ်သည်။
...
...
ထုံးထျန်းနတ်ဆိုးတောင်.....
လိပ်အိုကြီးသည် တောင်ထွတ်ရှေ့ရှိ ခန်းမဆောင်ဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့် လျှောက်တင်လေသည်။
" သခင်ကြီး... သခင်ကြီးရဲ့ ဖိတ်ကြားချက်ကို အဆုံးမဲ့ထျန်းကျွင်းဆီ ပါးလိုက်ပါပြီ "
" အို... သူ ဘာပြောလိုက်လဲ "
လိပ်အိုကြီး၏အသံကို ကြားလိုက်ရသောအခါ နတ်ဆိုးဧကရာဇ်ကြီးမှ စိတ်အားထက်သန်စွာ မေးမြန်းလေသည်။
" သူက တိုက်ရိုက်တော့ သဘောမတူလိုက်ပါဘူး... နားလည်ပြီလို့ပဲ ပြောလိုက်ပါတယ် "
လိပ်အိုကြီးသည် အမှန်အတိုင်း လျှောက်တင်လိုက်လျက် သူ၏စိတ်ထဲတွင်လည်း အနည်းငယ် ဒေါသထွက်နေမိ၏။
အဘယ်ကြောင့်ဆိုသော် ကုချန်မှာ အလွန် မောက်မာလွန်းသည်ဟု သူ ခံစားရသောကြောင့်ပင်။ သာမန်အားဖြင့်ဆိုလျှင် နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် အင်မော်တယ်ဘုရင်တစ်ပါးကို ဆင့်ခေါ်လိုပါက ဧကရာဇ်အမိန့်တော် တစ်စောင်ထုတ်ပြန်လိုက်ရုံဖြင့် တစ်ဖက်လူမှာ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အပြေးအလွှား လာရောက်၍ အရိုအသေပေးကြမည်သာ ဖြစ်သည်။
ယခုမူ ဤအသစ်ခန့်အပ်ခံရသော အဆုံးမဲ့ထျန်းကျွင်းကို နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်က သူ့အား သတင်းစကားပါးရန် စေလွှတ်လိုက်ခြင်းဖြစ်ရာ တစ်ဖက်လူကို အလွန်ပင် မျက်နှာသာ ပေးထားခြင်းဖြစ်သည်။
သို့သော် ရလဒ်က မည်သို့ ဖြစ်သွားခဲ့သနည်း။ ဤအဆုံးမဲ့ထျန်းကျွင်းသည် နားလည်ကြောင်းကို ပေါ့ပေါ့ဆဆ ပြောရုံမျှသာပြု၍ တိုက်ရိုက် သဘောတူခြင်းမျိုး မရှိခဲ့ချေ။ ဤသည်မှာ နတ်ဆိုးဧကရာဇ်ကြီး၏ အခွင့်အာဏာအား ပေါ်ပေါ်ထင်ထင် လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် လိပ်အိုကြီးသည် ဤအတွေးများကို အပြင်သို့ မထုတ်ပြရဲချေ။ အဘယ်ကြောင့်ဆိုသော် သခင်ကြီး အမုန်းဆုံးသော အပြုအမူမှာ တစ်စုံတစ်ဦးမှ ကုန်းချောစကားများ ပြောဆိုကာ သူ၏ဆုံးဖြတ်ချက်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤအဆုံးမဲ့ထျန်းကျွင်းအပေါ် ထားရှိသော သခင်ကြီး၏ ယခင်သဘောထားကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဤမျှ သေးငယ်သော ကိစ္စလေးအတွက်နှင့် အဆုံးမဲ့ထျန်းကျွင်းအပေါ် ဒေါသထွက်မည် မဟုတ်သည်မှာ သေချာလှ၏။
အကယ်၍ သူသာ ယခုအချိန်တွင် အပြစ်ပြောမိမည်ဆိုပါက ဘေးကျပ်နံကျပ်ဖြစ်ကာ နှစ်ဖက်စလုံးနှင့် အဆင်မပြေ ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
တကယ်လည်း လိပ်အိုကြီး မျှော်လင့်ထားသည့်အတိုင်းပင် ကုချန်မှ သူ၏သဘောထားကို အလောတကြီး မဖော်ပြခဲ့ကြောင်းကို ကြားလိုက်ရသောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် မကျေနပ်မှုနှင့် ဒေါသထွက်သည့် အရိပ်အယောင်များ ပေါ်မလာခဲ့ချေ။ ထို့အစား စိတ်သက်သာရာရသွားသည့် အရိပ်အယောင်ကိုသာ ပြသလေသည်။
" သူ သိသွားရင် ရပါပြီလေ "
ကုချန်၏အကျင့်စရိုက်အရ သူ၏ဖိတ်ကြားချက်ကို ရရှိပြီးနောက် သေချာပေါက် ရောက်လာမည်ဆိုသည်ကို နတ်ဆိုးဧကရာဇ်ကြီး သိထားလေသည်။ ထိုအရာအတွက် စိတ်ပူစရာ မလိုတော့ချေ။ သူ လာမည်ဆိုလျှင် ကိစ္စများမှာ ကိုင်တွယ်ရ လွယ်ကူသွားမည်ပင်။
" သခင်ကြီး... သူ့ကို ထုံးထျန်းနတ်ဆိုးတောင်ဆီ မဖြစ်မနေ လာပြီး ဆွေးနွေးခိုင်းရလောက်တဲ့ ကိစ္စက ဘာများပါလဲ "
လိပ်အိုကြီးသည် သူ၏စိတ်ထဲရှိ သံသယများကို မမြိုသိပ်ထားနိုင်တော့ဘဲ မေးမြန်းလိုက်မိလေသည်။
သူ့ထံမှတစ်ဆင့် မည်သည့်အတွက်ကြောင့် သတင်းစကား မပါးနိုင်ရသနည်း၊ တစ်ဖက်လူအား ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ လာရောက်ဆွေးနွေးရန် အဘယ်ကြောင့် အတိအကျ တောင်းဆိုရသနည်း ဆိုသည်ကို သူ နားမလည်နိုင်သေးချေ။
" မင်း နားလည်မှာ မဟုတ်ပါဘူး "
နတ်ဆိုးဧကရာဇ်ကြီးသည် လိပ်အိုကြီးအား တစ်ချက် ကြည့်လိုက်ကာ ဆက်လက်ပြောဆိုလိုက်၏။
" ဒီကိစ္စကို ထုံးထျန်းနတ်ဆိုးတောင်မှာမှ ဆွေးနွေးလို့ ရမှာ... ပိုမှန်အောင် ပြောရရင် ငါအရှင့်ရှေ့မှာကို ဆွေးနွေးရမှာပဲ "
အခန်း ( ၄၅၀ ) - မင်္ဂလာတိမ်တိုက်က လမ်းပြခြင်း၊ စကားဝှက်ဝှက်တတ်သည့် အဘိုးကြီး၊ တောင်သည် မမြင့်မားလှပေ
" ထုံးထျန်းနတ်ဆိုးတောင်ပေါ်မှာပဲ ပြောရမှာလား "
" ဒါမှမဟုတ် နတ်ဆိုးဧကရာဇ်ကြီးရှေ့မှာ ပြောရမှာလား "
" အဲဒီနှစ်ခုကြားမှာ ကွာခြားချက်တစ်ခုခု ရှိလို့လား "
လိပ်အိုကြီးမှာ လုံးဝကို စိတ်ရှုပ်ထွေးသွားရသည်။ နတ်ဆိုးဧကရာဇ်ကြီး၏ 'စကားဝှက်ဝှက်တတ်သည့် အဘိုးကြီး' ကဲ့သို့သော စကားကို သူ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ချေ။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး ဤသို့ပြုမူခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိသာလှသည်။ ထို့ကြောင့် လိပ်အိုကြီးမှာ နားမလည်နိုင်ဖြစ်နေသော်လည်း အပြင်သို့ ထုတ်မပြခဲ့ပေ။ သူသည် ခန်းမဆောင်အပြင်ဘက်တွင် ဖြည်းညင်းစွာ လှဲချလိုက်ကာ တစ်ရေးအိပ်မည့်ဟန်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်လေသည်။
သူ့အနေဖြင့် အလောတကြီးလုပ်စရာ ဘာမှမရှိချေ။
အဆုံးမဲ့ထျန်းကျွင်း ရောက်လာသည့်အခါ သူ့သခင်အနေဖြင့် သူ့အား သိစေချင်ပါက အဆုံးမဲ့ထျန်းကျွင်းနှင့် စကားပြောဆိုရာတွင် သူ့ကို ရှောင်ဖယ်နေမည် မဟုတ်ပေ။
ပြောင်းပြန်အားဖြင့် ယခု သူ မေးမြန်းလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
... ... ... ...
နေ့တစ်ဝက်ခန့် ကြာပြီးနောက်.....
အစီအစဉ်များအားလုံး ချမှတ်ပြီးနောက် ကုချန်သည် တွေဝေမနေတော့ဘဲ ထုံးထျန်းနတ်ဆိုးတောင်ခြေသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
သူ့ရှေ့ရှိ တိမ်တိုက်များထဲအထိ ထိုးထွက်နေကာ ထိပ်ဖျားကိုပင် မမြင်ရသော ရှေးဟောင်းနတ်ဆိုးတောင်ကြီးကို ကြည့်ရင်း ကုချန်၏စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွားရ၏။
ဤသည်မှာ သူ ထုံးထျန်းနတ်ဆိုးတောင်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သော်လည်း ဤရှေးဟောင်းနတ်ဆိုးတောင်ကြီးသည် ကောင်းကင်နှင့်မြေကြီး၏ ယေဘုယျစီးဆင်းမှုကို လွှမ်းမိုးထားသကဲ့သို့ သူ ခံစားလိုက်ရသည်။ နတ်ဆိုးတောင်ကြီးမှာ ခမ်းနားကြီးကျယ်လှပြီး ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများနှင့် နီးကပ်စွာ ဆက်စပ်နေပုံရသည်။
တစ်နည်းဆိုရလျှင် ဤခမ်းနားလှသော နတ်ဆိုးတောင်ကြီးသည် ဤကောင်းကင်နှင့်မြေကြီးရှိ အဆုံးမဲ့တာအိုများ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်နေလေသည်။
ဤခံစားချက်က ကုချန်အား ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများကို လွှမ်းခြုံထားပြီး အဆုံးအစမဲ့သော မဟာတာအို၏ မူလအစဖြစ်ပုံရသည့် တောက်ပသော လက်ဝါးဖြူဖြူကြီးကို သတိရသွားစေသည်။
နတ်ဆိုးဧကရာဇ်ကြီး နေထိုင်ရာ ထုံးထျန်းနတ်ဆိုးတောင်သည် ထိုလက်ဝါးကြီး၏ အနှစ်သာရ အငွေ့အသက်အချို့ကို သိမ်မွေ့စွာ ပိုင်ဆိုင်ထားပေသည်။
သို့သော် ၎င်းမှာ အရိပ်အယောင်မျှသာဖြစ်ပြီး ထိုနှစ်ခုကြားရှိ ကွာဟချက်မှာ အလွန်အမင်း ကြီးမားကျယ်ပြန့်နေဆဲပင် ဖြစ်သည်။
ကုချန်သည် ထုံးထျန်းနတ်ဆိုးတောင်အား လေ့လာစောင့်ကြည့်နေစဉ် လိပ်အိုကြီးသည် အနည်းငယ် ထူးဆန်းသော မျက်နှာအမူအရာဖြင့် တောင်ပေါ်မှ တိမ်တိုက်တစ်ခုကို စီးကာ ဆင်းလာသည်ကို မြင်လိုက်ရ၏။ သူသည် ကုချန်ရှေ့သို့ ရောက်လာကာ ပြောဆိုလေ၏။
" ကျွန်တော့်သခင်က အရှင့်ကို ခေါ်လာဖို့ အမိန့်ပေးလိုက်လို့ပါ "
လိပ်အိုကြီးမှာ တစ်ရေးအိပ်ရန် စတင်လိုက်ရုံသာရှိသေး၍ နေ့တစ်ဝက်ပင် မပြည့်သေးချိန်၌ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့ကို နှိုးကာ တောင်အောက်သို့ဆင်း၍ ကုချန်ကို သွားကြိုရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကုချန်အနေဖြင့် ထုံးထျန်းလမ်းမှ တက်လာရန် မလိုအပ်ဘဲ မင်္ဂလာတိမ်တိုက်ကိုစီး၍ သွားကြိုရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
ဤသည်က လိပ်အိုကြီးအား သဘာဝကျကျပင် အံ့အားသင့်သွားစေခဲ့သည်။
အတိတ်ကာလက အင်မော်တယ်ဘုရင်တစ်ပါးသည် သခင်ကြီးအား လာရောက်ဂါရဝပြုလျှင်ပင် နတ်ဆိုးတောင်ပေါ်သို့တက်ရန် ထုံးထျန်းလမ်းမှတစ်ဆင့် နာခံစွာ လမ်းလျှောက်တက်ရပေသည်။
ထုံးထျန်းနတ်ဆိုးတောင် ပတ်ဝန်းကျင်၌ ပျံသန်းခြင်းကို လုံးဝ တားမြစ်ထားလေ၏။
နတ်ဆိုးဧကရာဇ်အဆင့်တူ ရှိသူများ ရောက်လာမှသာလျှင် နတ်ဆိုးတောင်ထိပ်သို့ ခေါ်ဆောင်သွားရန် မင်္ဂလာတိမ်တိုက်ကို အသုံးပြုခွင့် ရှိပေသည်။
ယခုအခါတွင်မူ နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား ကြိုဆိုရန် မင်္ဂလာတိမ်တိုက်ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ရာ လိပ်အိုကြီးမှာ သေချာပေါက် အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ရ၏။
ဤအဆုံးမဲ့ထျန်းကျွင်းဆိုသူမှာ အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိသည်မဟုတ်ပါလော။
နတ်ဆိုးဧကရာဇ်ကြီးက ဒီလောက်အထိ ကြီးကျယ်ခမ်းနားတဲ့ ကြိုဆိုမှုမျိုး ပြုလုပ်ပေးဖို့ သူက ထိုက်တန်နေလို့လား။
လွန်ခဲ့သည့် ရက်အနည်းငယ်က တာကီယွမ်နတ်ဆိုးအရှင်ဟုခေါ်သော လူငယ်လေး ရောက်လာစဉ် နတ်ဆိုးတောင်ပေါ်သို့ ညာခြေဖြင့် နင်းမိသောကြောင့် သခင်ကြီး၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည့် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ဆက်ဆံပုံမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားနေလေသည်။
ဒါမှမဟုတ်.....
လိပ်အိုကြီး၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ဒီအဆုံးမဲ့ထျန်းကျွင်းက နတ်ဆိုးဧကရာဇ်ကြီး အပြင်မှာ ရထားတဲ့ 'တရားမဝင်သား' များ ဖြစ်နေမလား။
သူ့အကြောင်း မည်သည့် ကောလာဟလမျှ ကြိုတင်မကြားဖူးဘဲ ရှီမိုကောင်းကင်မှ ရုတ်တရက် ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အင်မော်တယ်ဘုရင်တစ်ပါး။
ထို့အပြင် သူသည် ရှီမိုထျန်းကျွင်းကို သတ်ပစ်ပြီးနောက် သခင်ကြီးက ဒေါသမထွက်သည့်အပြင် မူလ ရှီမိုထျန်းကျွင်း နေရာတွင် အဆုံးမဲ့ထျန်းကျွင်းအဖြစ် အစားထိုး ခန့်အပ်ခဲ့သေးသည်။
အခုတော့ သူ့ကို အဆင့်မြင့်လွန်းတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေနဲ့တောင် ကြိုဆိုနေသေးတယ်။
ဒီအဆုံးမဲ့ထျန်းကျွင်းက သခင်ကြီး အပြင်မှာရထားတဲ့ တရားမဝင်သားသာဆိုရင် ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအားလုံးကို ရှင်းပြလို့ ရနိုင်တယ်။
ထိုသို့ တွေးမိလိုက်သောကြောင့်ပင် လိပ်အိုကြီး၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤအတွေး သူ၏စိတ်ထဲ၌ ပေါ်လာရုံသာရှိသေးချိန် အမြင့်ဆုံးကောင်းကင်ယံမှ အမည်းရောင်လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ကျဆင်းလာ၍ လိပ်အိုကြီး၏ အခွံကို "ဝုန်း" ခနဲ ပစ်ချလိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ သေလုမျောပါးဖြစ်သွားလျက် ခြေလက်လေးဖက်စလုံး လေထဲသို့ ထောင်ကာ ပက်လက်လန်သွားတော့သည်။
“ ..… ”
မြေပြင်ပေါ်တွင် ပက်လက်လန်၍ တဆတ်ဆတ်တုန်နေသော လိပ်အိုကြီးကို ကြည့်ရင်း ကုချန်မှာ နှုတ်ဆိတ်နေခဲ့၏။ သူ၏ အကြည့်များမှာလည်း အနည်းငယ် နားမလည်နိုင်ဖြစ်နေခဲ့သည်။
ဤထုံးထျန်းနတ်ဆိုးတောင်သည် နတ်ဆိုးဧကရာဇ်ကြီး၏ နေထိုင်ရာနေရာ ဖြစ်ပေသည်။ ဤနေရာတွင်လည်း သဘာဝဘေးအန္တရာယ် ဆိုသည်များ ရှိနေသေးသည်လော။
" အဆင်ပြေရဲ့လား "
ကုချန်မှ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
" ကျွန်တော် အဆင်ပြေပါတယ် "
လိပ်အိုကြီးသည် ခဏမျှ တဆတ်ဆတ်တုန်နေပြီးနောက် ဘာမှမဖြစ်ခဲ့သည့်အလား မှောက်လျက်အနေအထားသို့ ပြန်လှည့်လိုက်ကာ စိတ်ထဲတွင်မူ လျှို့ဝှက်စွာ သတိဝီရိယ ထားလိုက်သည်။
ဤသည်မှာ နတ်ဆိုးဧကရာဇ်ကြီးမှ သူ၏အတွေးများကို သိရှိသွား၍ အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သူ သိလေသည်။
သူသည် နတ်ဆိုးဧကရာဇ်ကြီး၏ အစေခံဖြစ်ပြီး သူ၏ နတ်ဝိညာဉ်ကို နတ်ဆိုးဧကရာဇ်ကြီး၏ လက်ထဲသို့ အပ်နှင်းထားရသည်။ နတ်ဆိုးဧကရာဇ်ကြီးနှင့် ပတ်သက်သည့် အတွေးတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူက သူ ဘာတွေးနေသည်ကို သိရှိသွားမည် ဖြစ်သည်။
စောစောက သူ အလွန်အမင်း တုန်လှုပ်သွားခဲ့၍ ထိုအချက်ကို ခဏတာ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။
လိပ်အိုကြီးသည် စိတ်ထဲမှနေ၍ သတိထားနေလိုက်သည်။
စကားဝှက်ဝှက်တတ်တဲ့ အဘိုးကြီးလား။
လိပ်အိုကြီး၏ အတွေးများမှာ လှုပ်ရှားသွား၏။ အထက်မှ လျှပ်စီးများ ထပ်မံ ကျဆင်းလာခြင်း မရှိတော့သည်ကို မြင်သောအခါမှသာ နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်တော့သည်။
သာမန်အားဖြင့် သူ တွေးတောသည့်အခါတိုင်း 'ထိုသူ' အစား 'စကားဝှက်ဝှက်တတ်သည့် အဘိုးကြီး' ဟူ၍ အစားထိုး အသုံးပြုလေ့ရှိသည်။
စောစောက အံ့အားသင့်သွားမှုကြောင့် ထိုအချက်ကို သူ မေ့လျော့သွားခဲ့ခြင်းသာ ဖြစ်သည်။
ကြည့်ရတာ ဒီလူက စကားဝှက်ဝှက်တတ်တဲ့ အဘိုးကြီးရဲ့ တရားမဝင်သား အစစ်ဖြစ်ရမယ်!
မဟုတ်ရင် ဒီစကားဝှက်ဝှက်တတ်တဲ့ အဘိုးကြီးက ဘာလို့ ဒီလောက်တောင် ဒေါသထွက်ရမှာလဲ။
စိတ်ထဲမှနေ၍ စကားအနည်းငယ် တီးတိုးကဲ့ရဲ့ပြီးနောက် လိပ်အိုကြီးမှာ စိတ်ထဲတွင် များစွာ သက်သာရာရသွား၏။ ထို့နောက် ကုချန်ကို တိမ်တိုက်ပေါ်သို့ ဖိတ်ခေါ်ကာ ထုံးထျန်းနတ်ဆိုးတောင်ထိပ်ဆီသို့ ပျံသန်းသွားလေတော့သည်။
မင်္ဂလာတိမ်တိုက်ကိုစီးရင်း အဆက်မပြတ် မြင့်တက်လာနေသော ရှေးဟောင်းနတ်ဆိုးတောင်ကြီးကို ကြည့်ကာ ကုချန်မှာ ပို၍ပင် နားမလည်နိုင် ဖြစ်လာခဲ့သည်။
ထုံးထျန်းနတ်ဆိုးတောင်သို့ မလာရောက်မီက ပိုင်ဟွာနတ်ဆိုးအရှင်ထံမှ ထုံးထျန်းနတ်ဆိုးတောင်၏ စည်းမျဉ်းများကို သူ သိရှိထားပြီး ဖြစ်သည်။
လာရောက်သူအားလုံးမှာ ခြေလျင်လျှောက်၍ တက်ရမည်ဖြစ်ပြီး ဤနေရာ၌ ပျံသန်းခြင်းကို တားမြစ်ထားလေသည်။
ယခုမူ လိပ်အိုကြီးသည် သူ့ကို ကြိုဆိုရန် မင်္ဂလာတိမ်တိုက်ကို ကိုယ်တိုင်ကိုယ်ကျ စီးနင်းဆင်းသက်လာခဲ့၏။ ပြောစရာပင် မလိုဘဲ ဤသည်မှာ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အပေါ် အထူးအခွင့်အရေးပေး ဆက်ဆံလိုက်ခြင်း ဖြစ်ကြောင်း သိသာနေပေသည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးမှ ဤကဲ့သို့ ပြုမူလေလေ ကုချန်မှာ ပို၍ နားမလည်နိုင် ဖြစ်လာလေလေပင်။
နတ်ဆိုးဧကရာဇ်ကြီးက သူ့အပေါ် ဘာကြောင့် ဒီလောက်တောင် ရင်းနှီးဖော်ရွေနေရတာလဲ။
အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးမှာ သူ့ထက်ပင် အသက်ပိုကြီးနေသည်ဆိုသည့် အချက်ကိုသာ ဖယ်လိုက်မည်ဆိုပါက ဤနတ်ဆိုးဧကရာဇ်ကြီးသည် ကုဝူရှန့်ကဲ့သို့ပင် ပျောက်ဆုံးနေသော သူ၏ ကုမိသားစုသွေးကြောများ ဖြစ်နေမလားဟုပင် ကုချန် သံသယဝင်မိပေလိမ့်မည်။
... ... ... ...
မင်္ဂလာတိမ်တိုက်သည် တစ်လျှောက်လုံး အထက်သို့ ပျံတက်သွားရာ ဆယ့်ငါးမိနစ်ခန့်မျှပင် မကြာလိုက်ဘဲ ထုံးထျန်းနတ်ဆိုးတောင်ထိပ်သို့ ရောက်ရှိသွားခဲ့၏။
နတ်ဆိုးတောင်ထိပ်၌ မားမားမတ်မတ် တည်ရှိနေသော ရှေးဟောင်း ခန်းမဆောင်ကြီးကိုလည်း ကုချန် မြင်တွေ့လိုက်ရသည်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် နတ်ဆိုးဧကရာဇ်ကြီး၏ အဆင့်အတန်းအရ ဤခန်းမဆောင်ကြီးမှာ အနည်းငယ် ရိုးရှင်းလွန်းနေပုံရကာ အထက်ကောင်းကင်ဘုံရှိ သူ၏ ပင်မခန်းမဆောင်ကြီးနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။
သို့သော် ကုချန်အနေဖြင့် ဤအကြောင်းကြောင့် နတ်ဆိုးဧကရာဇ်ကြီးအား အထင်သေးမည် မဟုတ်သည်မှာ သဘာဝပင်။
မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်ပေသည်။
တောင်များသည် ၎င်းတို့၏ မြင့်မားမှုကြောင့် ကြီးကျယ်ခမ်းနားသည်မဟုတ်ဘဲ အတွင်းရှိ အင်မော်တယ်များကြောင့်သာ ဖြစ်သည်။
ရေများသည် ၎င်းတို့၏ နက်ရှိုင်းမှုကြောင့် နက်ရှိုင်းသည်မဟုတ်ဘဲ အတွင်းရှိ နဂါးများကြောင့်သာ ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီး ဤနေရာတွင် ရှိနေသရွေ့ သူ၏ နေထိုင်ရာနေရာသည် ရိုးရှင်း၍ သာမန်မျှသာ ဖြစ်နေပါစေ နတ်ဆိုးနယ်မြေရှိ သက်ရှိအားလုံး မော့ကြည့်ရမည့် နေရာတစ်ခု ဖြစ်နေဦးမည်သာ ဖြစ်သည်။
" ကျွန်တော့်သခင်က ခန်းမဆောင်ထဲမှာ အရှင့်ကို စောင့်နေပါတယ်... ကြွပါ "
လိပ်အိုကြီးမှ ကုချန်ကို ခန်းမဆောင်ကြီးရှေ့သို့ ခေါ်ဆောင်သွားပြီးနောက် ရပ်လိုက်ကာ ကုချန်တစ်ယောက်တည်း ဝင်သွားရန် အချက်ပြလေသည်။
ဤနေရာအထိ ရောက်လာပြီးပြီဖြစ်ရာ ကုချန်အနေဖြင့် တွေဝေနေစရာ အကြောင်းမရှိတော့ပေ။ သူသည် ခြေလှမ်းလှမ်းကာ ခန်းမဆောင်ထဲသို့ ဝင်သွားလိုက်၏။
ကုချန်သည် ခန်းမဆောင်ကြီးထဲသို့ ဝင်လိုက်သည်နှင့် ခန်းမအလယ်၌ ရပ်နေသော နတ်ဆိုးဧကရာဇ်ကြီးကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
မူလက ဤရှေးဟောင်းခန်းမဆောင်သည် အပြင်ပန်းအားဖြင့်သာ ရိုးရှင်းပုံပေါက်နေကာ အတွင်း၌ ကြီးမားကျယ်ပြန့်သော အံ့ဖွယ်ရာများ ပါဝင်နေနိုင်သည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော် သူ ခန်းမဆောင်ထဲသို့ တကယ်တမ်း ဝင်ရောက်သွားသောအခါ ထိုနေရာသည် ဗလာကျင်းနေပြီး အတွင်း၌ မည်သည့်အရာမျှ မရှိသည့်အပြင် မုန်ညင်းစေ့တစ်စေ့အတွင်း၌ စကြဝဠာကို ထည့်သွင်းထားသကဲ့သို့ မည်သည့် နည်းလမ်းမျိုးကိုမျှ မတွေ့ရချေ။ ထိုအခါမှသာ နတ်ဆိုးဧကရာဇ်ကြီး၏ နေထိုင်ရာသည် ရိုးရှင်းပုံပေါက်နေရုံသာမက အမှန်တကယ်ပင် အလွန် ရိုးရှင်းနေကြောင်းကို သူ သဘောပေါက်သွားတော့သည်။