← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 33 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 33 Ch. 451-452

‎အခန်း ( ၄၅၁ ) - နတ်ဆိုးဧကရာဇ်ကြီး၏ လမ်းညွှန်မှု၊ လမ်းစဉ်၏ ကျောက်ချရာမှတ်တိုင်၊ အတွေးများကို ချန်ထားရစ်ခြင်း

‎

‎

‎

‎ဤနတ်ဆိုးဧကရာဇ်ကြီးသည် အမှန်တကယ်ပင် ထူးဆန်းလှပေသည်။

‎

‎

‎ဟာလာဟင်းလင်းဖြစ်ကာ ဗလာကျင်းနေသော ခန်းမဆောင်ကြီးကို ကြည့်လျက် ကုချန်မှာ စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။

‎

‎

‎သာမန် လောကီအင်ပါယာမင်းဆက်များမှ အရှင်သခင်များပင်လျှင် ၎င်းတို့၏ အိပ်ဆောင်များနှင့် နေထိုင်ရာများကို ခမ်းနားထည်ဝါ၍ ဇိမ်ကျလွန်းစွာ တည်ဆောက်ထားတတ်ကြ၏။

‎

‎

‎အောက်ကမ္ဘာ၌ သူမြင်တွေ့ခဲ့ဖူးသော ရှင်သန်ခြင်းတားမြစ်နယ်မြေများသည် ထိုကဲ့သို့ အပြင်ပန်း ခမ်းနားမှုမျိုး မရှိသော်လည်း နက်ရှိုင်းလှသော တာအိုအငွေ့အသက်များနှင့် များစွာသော အင်မော်တယ်နန်းဆောင်များကို အတွင်း၌ ဖုံးကွယ်ထားကြသည်။

‎

‎

‎ဤကောင်းကင်ဘုံများ၏ အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေသော ဤနတ်ဆိုးဧကရာဇ်ကြီး၌သာ ဤမျှရိုးရှင်းသော နေထိုင်မှုအခြေအနေမျိုး ရှိနေခဲ့သည်။

‎

‎

‎" ငါကိုယ်တော် နေထိုင်တဲ့နေရာက အရမ်းကို ရိုးရှင်းလွန်းနေတယ်လို့ မင်း ထင်နေတာလား "

‎

‎

‎ကုချန် ဤသို့ တွေးတောနေစဉ်မှာပင် နတ်ဆိုးဧကရာဇ်ကြီးက လှည့်လာကာ ကုချန်အား ပြုံး၍ ကြည့်လိုက်လေသည်။ သူ၏ ဉာဏ်ပညာကြီးမားသော မျက်လုံးများက ကုချန်၏ အတွေးများကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေပုံရသည်။

‎

‎

‎" နည်းနည်းတော့ ဟုတ်ပါတယ် "

‎

‎

‎ကုချန်မှ ငြင်းဆန်ခြင်းမရှိဘဲ တိုက်ရိုက်ပင် ခေါင်းညိတ် သဘောတူလိုက်လေသည်။

‎

‎

‎" ဟက်... ငါကိုယ်တော်တို့ အဆင့်ရောက်လာရင် ထာဝရတာအိုတစ်ခုတည်းကသာလျှင် တစ်ခုတည်းသော ကျောက်ချရာမှတ်တိုင်ဖြစ်ပြီး ငါတို့ လိုက်စားသင့်တဲ့အရာ ဖြစ်လာတယ်... တခြားအရာတွေက ငါကိုယ်တော့်ကို နည်းနည်းလေးတောင် စိတ်ဝင်စားမှုမပေးနိုင်တော့တာ ကြာပါပြီ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်၏မေးခွန်းကို ဖြေကြားနေပုံရသကဲ့သို့ သူ့ကိုယ်သူလည်း သက်ပြင်းချနေဟန်ရှိသည်။

‎

‎

‎ဤသည်မှာ ၎င်းတို့ကဲ့သို့သော ရှေးဟောင်းနတ်ဆိုးဧကရာဇ်များသာ နားလည်နိုင်သည့် ခံစားချက်မျိုး ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့်သို့ မကြာသေးမီကမှ ရောက်ရှိခဲ့သော ဤအဆုံးမဲ့ကောင်းကင်ဘုံအရှင်အနေဖြင့် ၎င်းကို နားလည်နိုင်မည် မဟုတ်ချေ။

‎

‎

‎၎င်းတို့ကဲ့သို့သော ရှေးဟောင်းနတ်ဆိုးဧကရာဇ်များ အားလုံးနီးပါးမှာ အံ့မခန်း ရှည်လျားသော သက်တမ်းများကို ပိုင်ဆိုင်ထားကြသည်။

‎

‎

‎သူ၏ကြီးပြင်းလာမှု ခရီးလမ်းတစ်လျှောက်တွင် နတ်ဆိုးဧကရာဇ်ကြီးသည် အာဏာ၊ အလှအပ၊ မိသားစုဝင်များ၊ သွေးဆက်များ စသည့် အခြားအရာများကို မလိုက်စားဘဲ၊ ဂရုမစိုက်ဘဲ နေခဲ့သည်တော့ မဟုတ်ပေ။

‎

‎

‎သို့သော် နောက်ဆုံးတွင် အရာအားလုံးက လွင့်ပြယ်သွားသော မီးခိုးငွေ့များအဖြစ်သာ ပြောင်းလဲသွားခဲ့သည်။

‎

‎

‎သူ၏ ရှည်လျားသော ဘဝသက်တမ်းတွင် ထာဝရတာအိုကို လိုက်စားခြင်းသာ ကျန်ရစ်ခဲ့တော့သည်။

‎

‎

‎" တစ်ခုတည်းသော ကျောက်ချရာမှတ်တိုင် "

‎

‎

‎ကုချန်မှာ မျက်ခုံးပင့်လိုက်၏။ ဤကဲ့သို့သော စကားမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

‎

‎

‎" မှန်တယ်... တစ်ခုတည်းသော ကျောက်ချရာမှတ်တိုင်ပဲ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှာ ပြုံး၍ ခေါင်းညိတ်ကာ ပြောဆိုလေသည်။

‎

‎

‎" နောင်တစ်ချိန်ကျရင် မင်းလည်း ဒီခံစားချက်ကို ကြုံတွေ့ရလိမ့်မယ်... အခု မင်းမြတ်နိုးပြီး ဂရုစိုက်နေတဲ့ အရာအားလုံးက ရှည်လျားတဲ့ အချိန်ကာလတစ်ခုမှာ ကြည့်လိုက်ရင် အဓိပ္ပာယ်မရှိတော့ဘူး... အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားမယ့် မီးခိုးငွေ့တွေချည်းပဲ.....

‎

‎ဒီရှည်လျားတဲ့ အချိန်ကာလကို ဖြတ်သန်းသွားမယ့် တစ်ခုတည်းသော ကျောက်ချရာမှတ်တိုင်ကတော့ မမောမပန်းနိုင် တာအိုကို လိုက်စားခြင်းပဲ!

‎

‎ငါတို့အဆင့်မှာဆိုရင် လောကကြီးက အရာအားလုံးအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးနေတာ ကြာပြီ... ဒီအဆုံးမရှိတဲ့ တာအိုကိုပဲ စူးစမ်းချင်တော့တယ်... ဒါက ငါတို့ အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အဓိပ္ပာယ်ပဲ.....

‎

‎အမြင့်ဆုံးသော မေ့လျော့ခြင်း... ဒါက တကယ့်အစစ်အမှန် အခြေအနေပဲ.....

‎

‎သက်တမ်း ရှည်လျားလေလေ၊ အဆင့် မြင့်မားလေလေ... စိတ်ခံစားမှုခုနစ်ပါးနဲ့ ရမ္မက်ခြောက်ပါးကို ဆုံးရှုံးရလွယ်ကူလေလေဖြစ်ပြီး တာအိုနဲ့ တစ်ထပ်တည်းနီးပါး ဖြစ်သွားတတ်တယ်.....

‎

‎တာအိုကို ရှာဖွေခြင်းကို တည်ငြိမ်တဲ့ ကျောက်ချရာမှတ်တိုင်အဖြစ် သတ်မှတ်ထားရင်တောင်မှ... ထိန်းချုပ်မှု ကင်းမဲ့သွားနိုင်တဲ့ အန္တရာယ် ရှိနေသေးတယ်.....

‎

‎နတ်ဆိုးနယ်မြေမှာ ငါကိုယ်တော်မတိုင်ခင်က... ထာဝရနတ်ဆိုးဧကရာဇ်လို့ခေါ်တဲ့ ရှေးဟောင်းနတ်ဆိုးဧကရာဇ်တစ်ပါး ရှိခဲ့ဖူးတယ်.....

‎

‎နတ်ဆိုးနယ်မြေရဲ့ ဧကရာဇ်တွေထဲမှာ သူ့ကို အရှေးအကျဆုံးလို့ သတ်မှတ်ထားကြတယ်... သူ့ရဲ့ ရှည်လျားတဲ့ ဘဝသက်တမ်းမှာ အရာအားလုံးအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးခဲ့တာ ကြာပြီဖြစ်ပြီး... သူ့နှလုံးသားထဲမှာ တာအိုကို ရှာဖွေဖို့ဆိုတဲ့ အတွေးတစ်ခုတည်းသာ ရှိတော့တယ်.....

‎

‎ဒါပေမဲ့ နောက်ပိုင်းကျတော့ ဒီတာအိုကို ရှာဖွေတယ်ဆိုတဲ့... တစ်ခုတည်းသော ကျောက်ချရာမှတ်တိုင်ကတောင် သူ့ကို တည်ငြိမ်အောင် မလုပ်ပေးနိုင်တော့ဘူး.....

‎

‎နောက်ဆုံးမှာတော့... ဒီထာဝရနတ်ဆိုးဧကရာဇ်ဟာ တာအိုထဲကို တိတ်တဆိတ် ပေါင်းစည်းသွားခဲ့ပြီး... သက်ရှိအငွေ့အသက် နည်းနည်းလေးမှ မကျန်တော့ဘဲ ကောင်းကင်နဲ့မြေကြီးထဲကို ပေါင်းစပ်သွားတဲ့... ကျောက်တုံးတစ်တုံး ဖြစ်သွားခဲ့တယ် "

‎

‎

‎ဤသို့ပြောပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် ရပ်တန့်သွားကာ ကုချန်ထံသို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကာ

‎

‎

‎" ထာဝရနတ်ဆိုးဧကရာဇ်ရဲ့ ဥပမာက နောင်လာနောက်သားတွေ အားလုံးကို သတိပေးခဲ့တယ်...

‎

‎ဒါကြောင့်... ငါတို့လို နတ်ဆိုးဧကရာဇ်တွေက တာအိုကို ရှာဖွေခြင်းကို တစ်ခုတည်းသော ပင်မကျောက်ချရာမှတ်တိုင်အဖြစ် သတ်မှတ်တဲ့အပြင်... ကိုယ့်အတွက် ဒုတိယ ကျောက်ချရာမှတ်တိုင်တချို့ကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားကြတယ်.....

‎

‎ဒီဒုတိယ ကျောက်ချရာမှတ်တိုင်တွေက... ဝါသနာတစ်ခု ဒါမှမဟုတ် လိုက်စားမှုတစ်ခုခု ဖြစ်နိုင်တယ်.....

‎

‎အတိုချုပ်ပြောရရင်... နတ်ဆိုးဧကရာဇ်တစ်ပါးကို အသက်ရှင်ဖို့ စိတ်ဝင်စားမှု ဆက်ရှိနေစေတဲ့ 'အတွေး' တွေလို့ မင်း နားလည်ထားလို့ ရတယ်.....

‎

‎'အတွေး' တွေ များများရှိလေ၊ တစ်ယောက်ရဲ့ တာအိုက ပိုတည်ငြိမ်လေဖြစ်ပြီး ကိုယ့်အပေါ် ကျောက်ချနိုင်တဲ့ အာနိသင်က ပိုကောင်းလေပဲ "

‎

‎

‎ပင်မ ကျောက်ချရာမှတ်တိုင်၊ ဒုတိယ ကျောက်ချရာမှတ်တိုင်များ.....

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ ရှင်းပြချက်ကို နားထောင်လျက် ကုချန်သည် အလင်းပြခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူ၏စိတ်များပင် ရုတ်တရက် ကြည်လင်သွားခဲ့၏။

‎

‎

‎သူ့အတွက် ဤသည်မှာ ယခင်က တစ်ခါမျှ နားမလည်ခဲ့ဖူးသော အချက်အလက်များ ဖြစ်ပေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရှိသွားတဲ့အခါ အချိန်မရွေး တာအိုထဲကို ပေါင်းစည်းသွားနိုင်တဲ့ အန္တရာယ်နဲ့ အမှန်တကယ်ပဲ ရင်ဆိုင်ရတယ်ပေါ့။

‎

‎

‎ဟုတ်ပေသည်။ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိကာ အဆုံးမရှိသော ရှေးဟောင်းနှစ်ပရိစ္ဆေဒများကို ဖြတ်သန်းပြီးနောက် လောကကြီးရှိ အရာအားလုံးအပေါ် စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

‎

‎

‎အကယ်၍ တာအိုကို ရှာဖွေမည်ဟူသော အတွေးကသာ သူတို့ကို မထောက်ပံ့ထားဘူးဆိုလျှင် မည်သည့် စိတ်ခံစားမှုလှိုင်းဂယက်မှ မရှိသော နတ်ဆိုးဧကရာဇ်တစ်ပါးသည် မာကျောသော ကျောက်တုံးတစ်တုံးနှင့် ဘာများ ကွာခြားတော့မည်နည်း။

‎

‎

‎၎င်းမှာ ရှင်သန်ခြင်းတားမြစ်နယ်မြေ အသီးသီးတွင် နှစ်သိန်းပေါင်း၊ သန်းပေါင်းများစွာကြာအောင် အင်မော်တယ်တက်လှမ်းခြင်းကို စောင့်ဆိုင်းနေခဲ့ကြသော အဆုံးမဲ့ကမ္ဘာရှိ ရှေးဟောင်းအရှင်များကဲ့သို့ပင် ဖြစ်သည်။

‎

‎

‎တားမြစ်နယ်မြေများအတွင်း ခက်ခဲကြမ်းတမ်းသော နှစ်ကာလများတစ်လျှောက် ၎င်းတို့ကို ထောက်ပံ့ပေးထားသည့် တစ်ခုတည်းသော အတွေးမှာ အင်မော်တယ်တက်လှမ်းခြင်းပင် ဖြစ်သည်။

‎

‎

‎သို့သော်လည်း ကောင်းကင်ချောက်နက်ကြီး နောက်ဆုံးတွင် ပွင့်လာပြီး တားမြစ်နယ်မြေအသီးသီးမှ အရှင်များက ကောင်းကင်ချောက်နက်ထဲသို့ ပြေးဝင်သွားကြချိန်တွင် ထိုအင်မော်တယ်တက်လှမ်းခြင်း ဆိုသည်မှာ လှည့်စားမှုတစ်ခုသာ ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသောအခါ အရှင်အတော်များများမှာ သည်းမခံနိုင်တော့ဘဲ နေရာမှာတင် တာအိုထဲသို့ ချက်ချင်း ပေါင်းစည်းသွားခဲ့ကြသည်။

‎

‎

‎နှစ်သိန်းပေါင်းများစွာ အသက်ရှင်ခဲ့ကြသော အရှင်များပင်လျှင် ဤသို့ဖြစ်ခဲ့သည်ဆိုပါက နှစ်သန်းပေါင်းဆယ်ချီ သို့မဟုတ် ထို့ထက်မက အသက်ရှင်ခဲ့ကြသော နတ်ဆိုးဧကရာဇ်များဆိုလျှင် မည်သို့ ရှိမည်နည်း။

‎

‎

‎တာအိုကို ရှာဖွေခြင်းဟူသော ပင်မ ကျောက်ချရာမှတ်တိုင် ရှိနေလျှင်ပင် မလုံလောက်သေးချေ။ ၎င်းတို့တွင် 'လူသားဆန်မှု' အနည်းငယ် ကျန်ရစ်နေစေရန်နှင့် စိတ်ခံစားမှုခုနစ်ပါးနှင့် ရမ္မက်ခြောက်ပါး ကင်းမဲ့နေသော ကျောက်တုံးများ မဖြစ်သွားစေရန် သေချာစေဖို့ မိမိတို့အတွက် ဒုတိယ ကျောက်ချရာမှတ်တိုင်များစွာကို ရှာဖွေထားရန် လိုအပ်ပေသည်!

‎

‎

‎အဘယ်ကြောင့်ဆိုသော် အမြင့်ဆုံးသော မေ့လျော့ခြင်းနေ့ရက် အမှန်တကယ် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တာအိုထဲသို့ ပေါင်းစည်းရမည့်နေ့မှာလည်း မဝေးတော့သောကြောင့်ပင် ဖြစ်သည်။

‎

‎

‎ထို ထာဝရနတ်ဆိုးဧကရာဇ်ကဲ့သို့ပင် ဖြစ်၏။

‎

‎

‎ဤအခိုက်အတန့်တွင် ကုချန်၏စိတ်ထဲ၌ ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်တွင် သူမြင်တွေ့ခဲ့ရသော တောက်ပသည့် ကျောက်စိမ်းဖြူလက်ဝါးကြီးမှာ ပြန်လည် ပေါ်လာခဲ့သည်။

‎

‎

‎သံသယဖြစ်ဖွယ်မရှိ၊ ထိုတောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီး၏ ပိုင်ရှင်သည် နတ်ဆိုးဧကရာဇ်အဆင့်ထက် များစွာ၊ များစွာ ပိုမိုအားကောင်းသော တည်ရှိမှုတစ်ခုပင် ဖြစ်သည်။

‎

‎

‎လက်ဝါးတစ်ချက်ရိုက်လိုက်ရုံဖြင့် ဤကောင်းကင်ဘုံများ၏ တာအိုကို လွှမ်းခြုံသွားနိုင်ခဲ့သည်။

‎

‎

‎ထိုသို့သော တည်ရှိမှုမျိုးတွင် ၎င်း၏ ကိုယ်ပိုင် စိတ်ခံစားမှုများ ရှိနေသေးပါမည်လော။

‎

‎

‎သို့မဟုတ် ဤကျယ်ပြောလှသော တာအို၏ ပေါင်းစည်းမှုကို ခံလိုက်ရပြီး အစစ်အမှန် သက်ရှိတစ်ခု မဟုတ်တော့သည်မှာ ကြာလှပြီလော။

‎

‎

‎ထို့အပြင် လက်ရှိ သူ၏အခြေအနေတွင်လည်း တံခါးပိတ်ကျင့်ကြံခြင်း တစ်ကြိမ်လျှင် နှစ်ရာချီ၊ ထောင်ချီ ကြာမြင့်နေပြီဖြစ်ရာ တစ်ချိန်က သူပိုင်ဆိုင်ခဲ့သော စူးရှသည့် အချိန်ကာလအာရုံမှာ ပျောက်ဆုံးနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

‎

‎

‎အနာဂတ်တွင် တစ်ကြိမ် တံခါးပိတ်ကျင့်ကြံမှုမှာပင် နှစ်သောင်းချီ သို့မဟုတ် နှစ်သိန်းချီ ကြာမြင့်မည့် အချိန်များလည်း ရှိလာနိုင်ပေသည်။

‎

‎

‎ထိုအချိန်ရောက်လျှင် တံခါးပိတ်ကျင့်ကြံခြင်း တစ်ကြိမ်၏ အချိန်ကာလမျှသာ ဖြစ်နေဦးမည်ဆိုစေကာမူ သူ ထွက်ပေါ်လာပြီးနောက် တစ်ချိန်က သူ မြတ်နိုးခဲ့သမျှ အရာအားလုံး ရှိနေပါဦးမည်လော။

‎

‎

‎ကုချန်၏အတွေးများမှာ လျင်မြန်စွာ ပြေးလွှားသွား၍ အရာများစွာကို ချက်ချင်း တွေးမိသွားခဲ့သည်။

‎

‎

‎သို့သော် မကြာမီတွင် သူ၏အတွေးများကို စုစည်းလိုက်ပြီး နတ်ဆိုးဧကရာဇ်ကြီးအား လေးနက်စွာ လက်အုပ်ချီလျက် ပြောဆိုလိုက်လေသည်။

‎

‎

‎" လူငယ်လေး ကျွန်တော် ဧကရာဇ်ကြီးရဲ့ သွန်သင်ချက်တွေကို နှလုံးသွင်းထားပါ့မယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အား စကားတစ်ခွန်းမျှသာ ပြောခဲ့သော်လည်း ထိုစကားတစ်ခွန်း၏ တန်ဖိုးမှာပင် မခန့်မှန်းနိုင်လောက်အောင် ကြီးမားကြောင်း ကုချန် သိထားလေသည်။

‎

‎

‎အချို့သောအရာများသည် ထိုအဆင့်ရှိ တည်ရှိမှုများ၏ အမြင်တွင် သာမန်နှင့် အများသိသော ကိစ္စရပ်များမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

‎

‎

‎သို့သော် ထိုအဆင့်သို့ မရောက်ရှိပါက ထိုအချက်ကို မိမိဘာသာ မည်သည့်အခါမျှ နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။

‎

‎

‎ယခုမူ နတ်ဆိုးဧကရာဇ်ကြီးက အနာဂတ်တွင် ကုချန် နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းသည့်အခါ ကြုံတွေ့ရနိုင်သည့် ပြဿနာများကို ကြိုတင် ထောက်ပြကာ ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကုချန်အနေဖြင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ပြီး သူ၏ ကိုယ်ပိုင် 'ဒုတိယ ကျောက်ချရာမှတ်တိုင်များ' ကို ယခုကတည်းက စတင်ဖန်တီးနိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

‎

‎

‎ဤနည်းဖြင့် အနာဂတ်တွင် သူ နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းလာသောအခါ လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ရာ သူ့အတွက် အလွန်တရာ ကြီးမားသော အကျိုးကျေးဇူး ဖြစ်လာပေမည်။

‎

‎

‎ထို့ကြောင့် တစ်နည်းအားဖြင့် နတ်ဆိုးဧကရာဇ်ကြီး၏ စကားများမှ ကုချန် ရရှိခဲ့သော အကျိုးကျေးဇူးများမှာတင် အတိုင်းအဆမရှိ ကြီးမားလှပေသည်။

‎

‎အခန်း ( ၄၅၂ ) - မို့ကျွင်း၏ အကြံအစည်၊ နတ်ဆိုးဧကရာဇ်ကြီး၏ ရည်ရွယ်ချက်၊ တစ်ခဏတာ နတ်ဆိုးဧကရာဇ်

‎

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ စကားများက ကုချန်အား အတော်လေး စိတ်သက်သာရာရသွားစေခဲ့သည်။

‎

‎

‎ယခင်က ထုံးထျန်းနတ်ဆိုးတောင်သို့ မလာရောက်မီ သူ၏စိတ်ထဲတွင် သံသယအနည်းငယ် ရှိနေခဲ့သည်။ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ထုံးထျန်းနတ်ဆိုးတောင်သို့ ဖိတ်ခေါ်ခြင်းမှာ သူ့အတွက် ထောင်ချောက်ဆင်ထားသော 'ဟုန်မင်ပွဲ' တစ်ခုများ ဖြစ်နေမလားဟု တွေးတောနေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီးမှ ကုချန်အား ယခုလေးတင် ပြောပြခဲ့သော စကားများသည် ကျယ်ပြောလှသော ကောင်းကင်ဘုံများအတွင်းမှ အကြီးမားဆုံးသော လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်သည်မှာ ရှင်းလင်းလှပေသည်။ ဤသည်မှာ စေတနာကောင်းကို တစ်နည်းတစ်ဖုံ သွယ်ဝိုက်ပြသလိုက်ခြင်းဟု သတ်မှတ်နိုင်ပြီး သဘာဝကျကျပင် အတိုင်းအတာတစ်ခုအထိ ကုချန်အပေါ်ထားရှိသော နတ်ဆိုးဧကရာဇ်ကြီး၏ စေတနာကောင်းကို ကိုယ်စားပြုနေပေသည်။

‎

‎

‎ထိုသို့ဖြစ်ရာ ဤဖိတ်ကြားချက်မှာ 'ဟုန်မင်ပွဲ' ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားပြီ ဖြစ်လေသည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် ဤတစ်ကြိမ် သူ့အား ဤနေရာသို့ ဖိတ်ခေါ်ရန် အလွန်အမင်း အားထုတ်ခဲ့ရာ တာအိုကျောက်ချရာမှတ်တိုင် အကြောင်းကို ပြောပြရုံသက်သက်တော့ သေချာပေါက် မဟုတ်နိုင်ချေ။

‎

‎

‎ဤသည်ကို တွေးမိသောအခါ ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီးအား မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်မိ၍ သူ စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။

‎

‎

‎" ဒီတစ်ကြိမ် ငါအရှင် မင်းကို ဒီကို ဖိတ်ခေါ်လိုက်တာက ဒီကျောက်ချရာမှတ်တိုင်အကြောင်း ပြောပြဖို့ သက်သက်မဟုတ်တာ သေချာပါတယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်၏စိတ်ထဲမှ သံသယကို ထိုးထွင်းသိမြင်သွားသည့်အလား ရယ်မောလိုက်လေသည်။ သူသည် လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ကုချန်၏မျက်စိရှေ့တွင် ပုံရိပ်ယောင်တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာတော့၏။

‎

‎

‎ထိုပုံရိပ်ထဲတွင် ခမ်းနားကြီးကျယ်သော ရှေးဟောင်းနတ်ဆိုးနန်းတော်ကြီးတစ်ခု ရှိနေပုံရကာ ထိုနတ်ဆိုးနန်းတော်အတွင်း၌ ကြီးမားလှသော နတ်ဆိုးမီးတောက်များနှင့်အတူ မားမားမတ်မတ် ရပ်နေသော လူရိပ်တစ်ခုမှာ တိတ်ဆိတ်စွာ ရှိနေလျက် သူ၏မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေ၏။

‎

‎

‎" ဒီလူကို မင်း သိလား "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ပုံရိပ်ထဲမှ မားမားမတ်မတ်ရပ်နေသော လူရိပ်အား လက်ညှိုးထိုးပြကာ ပြုံး၍ မေးမြန်းလိုက်သည်။

‎

‎

‎" ကျွန်တော် မသိပါဘူး "

‎

‎

‎ကုချန်သည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ ပုံရိပ်ထဲမှ လူကို သူ အမှန်တကယ် မသိသော်လည်း ထိုသူမှာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် တူနေလေသည်။

‎

‎

‎သို့သော် အခြား အင်မော်တယ်ဘုရင်တစ်ပါးကို သူ သိ၊ မသိ နတ်ဆိုးဧကရာဇ်ကြီးမှ ရုတ်တရက် မေးလာခြင်းမှာ မည်သည့် သဘောနည်း။

‎

‎

‎" ဒီလူက မို့ကျွင်းနတ်ဆိုးအရှင်ပဲ... အရင် ရှီမိုထျန်းကျွင်းလိုပဲ သူက ငါအရှင့် လက်အောက်ခံ အင်မော်တယ်ဘုရင်တွေထဲက တစ်ပါးပေါ့ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ဖြည်းညင်းစွာ ဆက်၍ပြောဆိုလေသည်။

‎

‎

‎" သူနဲ့ ရှီမိုထျန်းကျွင်းက အားနည်းခဲ့တဲ့ အချိန်တွေတုန်းက အတူတူ စွန့်စားခဲ့ကြပြီး နက်ရှိုင်းတဲ့ ခင်မင်ရင်းနှီးမှု ရှိကြတယ်... ရှီမို သေဆုံးသွားတဲ့ ကိစ္စမှာ မင်းကို ငါအရှင်က အပြစ်မပေးတဲ့အပြင် အဆုံးမဲ့ထျန်းကျွင်းသစ်အဖြစ် ခန့်အပ်လိုက်တဲ့အတွက် ဒီမို့ကျွင်းနတ်ဆိုးအရှင်က ရန်ငြိုးဖွဲ့နေခဲ့တာပဲ..... "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ဤနေရာအထိ ပြောလာသောအခါ ကုချန် နားလည်သွားလေပြီ။ မို့ကျွင်းနတ်ဆိုးအရှင်၏ ရန်ငြိုးဖွဲ့ရာ ပစ်မှတ်မှာ ကျိန်းသေပေါက် သူသာ ဖြစ်ပေမည်။ နတ်ဆိုးဧကရာဇ်ကြီးကိုမူ သူ မကျေနပ်လျှင်ပင် အပြင်သို့ ထုတ်ပြရဲမည် မဟုတ်ချေ။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီး၏ အဓိပ္ပာယ်မှာ မို့ကျွင်းနတ်ဆိုးအရှင်ဆိုသော ကောင်သည် သူ့အား လက်စားချေရန် ကြိုးစားမည် ဟူသောသဘောလော။ ကုချန် မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်မှ သူ့အား လက်စားချေမည်ဆိုသည်ကို သူ မအံ့ဩမိချေ။ သူ့အား အမှန်တကယ် အံ့ဩသွားစေသည်မှာ နတ်ဆိုးဧကရာဇ်ကြီး၏ သဘောထားပင် ဖြစ်သည်။ ဤကိစ္စကို သူ့အား ပြောပြရခြင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။

‎

‎

‎သူ့ကို မျက်နှာသာပေးလို၍လား၊ သို့မဟုတ် သူတို့နှစ်ဦး ပြေလည်သွားစေရန်နှင့် မတိုက်ခိုက်ကြရန် မျှော်လင့်၍ မို့ကျွင်းနတ်ဆိုးအရှင်အတွက် 'တောင်းပန်' ပေးလို၍လော။

‎

‎

‎" မင်းနဲ့ ဒီမို့ကျွင်းနတ်ဆိုးအရှင်ကြားက ပြဿနာတွေမှာ ဝင်စွက်ဖက်ဖို့ ငါအရှင် အစက ရည်ရွယ်ချက် မရှိပါဘူး "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ရှင်းပြလေသည်။

‎

‎

‎" ငါအရှင်တို့ အဆင့်မှာဆိုရင် အင်အားစုတွေ၊ လက်အောက်ခံတွေဆိုတာ လွင့်ပြယ်သွားမယ့် တိမ်တိုက်တွေလို မဟုတ်ရင်တောင် အတူတူလောက်ပါပဲ... အဲဒီတစ်ယောက်ရဲ့ အမိန့်သာ မဟုတ်ရင် ဒီလောက်ကျယ်ပြောလှတဲ့ နတ်ဆိုးနယ်မြေကြီးကို အုပ်ချုပ်ဖို့ ငါအရှင် ပျင်းလွန်းနေမှာ "

‎

‎

‎" ဒါကြောင့် ငါအရှင့် လက်အောက်ခံ အင်မော်တယ်ဘုရင်တွေ ဘာပဲဖြစ်ဖြစ်၊ သေတောင်မှ ငါအရှင် ဝင်စွက်ဖက်ဖို့ အစီအစဉ် မရှိဘူး... တကယ်လို့ မို့ကျွင်းနတ်ဆိုးအရှင်နဲ့ မင်းကြားက ပြည်တွင်းရေးပဋိပက္ခသက်သက်ဆိုရင် သေချာပေါက် ငါအရှင် ဝင်ပါဖို့ ပျင်းနေမှာပဲ.....

‎

‎ဒါပေမဲ့ ဒီမို့ကျွင်းနတ်ဆိုးအရှင်က အခု မင်းကိုရင်ဆိုင်ဖို့နဲ့ ငါအရှင့်ကို ပြဿနာပေးဖို့ တခြားနတ်ဆိုးဧကရာဇ်တွေနဲ့ ပူးပေါင်းချင်နေတယ်... ဒါကတော့ ငါအရှင် ခွင့်ပြုလို့မရတဲ့ ကိစ္စပဲ "

‎

‎

‎အခြား နတ်ဆိုးဧကရာဇ်များလော။ မူလက နတ်ဆိုးဧကရာဇ်ကြီး ပြောသော 'ထိုတစ်ယောက်' မှာ မည်သူနည်းဟု တွေးတောနေခဲ့သော ကုချန်သည် နောက်ဆက်တွဲ စကားများကြောင့် ချက်ချင်း စိတ်ဝင်စားသွားခဲ့၏။ ဤမို့ကျွင်းနတ်ဆိုးအရှင်သည် သူ့အား ရင်ဆိုင်ရန် အခြား နတ်ဆိုးဧကရာဇ်များကိုပါ ဖိတ်ခေါ်နိုင်ခဲ့သည်ပေါ့။

‎

‎

‎ကြီးမားလွန်းသော အကြံအစည်ပင်တည်း။

‎

‎

‎သို့သော် ကုချန်၏မျက်လုံးများမှာ တလက်လက် တောက်ပသွားကာ ပြောဆိုလိုက်၏။

‎

‎

‎" ဒီမို့ကျွင်းနတ်ဆိုးအရှင်မှာ နတ်ဆိုးဧကရာဇ်တစ်ပါးကို ကျွန်တော့်ဆီ ပစ်မှတ်ထားလာအောင် ဖိတ်ခေါ်နိုင်တဲ့ ဘယ်လိုစွမ်းရည်မျိုး ရှိနေလဲဆိုတာ သေချာနားမလည်ဘူး ဖြစ်နေတယ် "

‎

‎

‎" ငါကိုယ်တော်လည်း အရမ်းသိချင်တာနဲ့ ဒီမို့ကျွင်းနတ်ဆိုးအရှင်နောက်ကို လိုက်ကြည့်ခဲ့တာ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် ပြုံးလိုက်၍ လက်ဝါးကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားကာ နက်ရှိုင်းတိတ်ဆိတ်သော လေဟာနယ် နယ်မြေတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားလေသည်။

‎

‎

‎အဆုံးမဲ့လေဟာနယ် နယ်မြေတွင် မရေမတွက်နိုင်သော မှန်ပြင်များ တိတ်ဆိတ်စွာ တည်ရှိနေကာ ပုံပျက်နေသော အလင်းတန်းများမှာ ဤကမ္ဘာကြီးကို ရေတွက်မရနိုင်သော အပိုင်းအစများအဖြစ် ခွဲခြားထားသကဲ့သို့ ရှိနေလေသည်။ ကုချန်သည် ကြည့်ရုံမျှဖြင့်ပင် သူ၏စိတ်ထဲ၌ မသက်မသာ ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

‎

‎

‎အကယ်၍ အင်မော်တယ်ဘုရင်အဆင့်အောက်ရှိ သက်ရှိတစ်ခုသာ ဤနေရာ၌ ရှိနေပါက ဤမြင်ကွင်းကို မြင်လိုက်ရုံဖြင့်ပင် ရူးသွပ်သွားနိုင်ပေသည်။

‎

‎

‎ဤအချိန်တွင် မို့ကျွင်းနတ်ဆိုးအရှင်သည် ဤအဆုံးမရှိသော လေဟာနယ် နယ်မြေ၌ ရိုသေလေးစားစွာ ရပ်နေလျက် ခေါင်းငုံ့ထားကာ တစ်စုံတစ်ခုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပုံရ၏။

‎

‎

‎" ဒီနေရာက မို့ကျွင်းနတ်ဆိုးအရှင် ရှာဖွေနေတဲ့ အခြားနတ်ဆိုးဧကရာဇ်တစ်ပါး နေထိုင်တဲ့နေရာပဲ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ပေါ့ပေါ့ပါးပါး ရှင်းပြလေ၏။ သို့သော် သူ၏ တိုးညင်းသော အသံမှာ ကုချန်၏ နားထဲသို့ ရောက်လာသောအခါ အနည်းငယ် အံ့ဩသွားစေသည်။ နတ်ဆိုးဧကရာဇ်ကြီးတွင် မည်မျှ ကျွမ်းကျင်သော နည်းလမ်းများ ရှိနေသနည်း။ အခြား နတ်ဆိုးဧကရာဇ်တစ်ပါးအကြောင်းကိုပင် လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်းနိုင်သည်ပေါ့။

‎

‎

‎" ဟက်...! ဒါက လှည့်ကွက်အသေးစားလေး တစ်ခုပါ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှ ပေါ့ပေါ့ပါးပါး ပြောဆိုလေသည်။

‎

‎

‎သေချာပေါက်ပင် မကြာမီက သူ စိတ်ကူးပေါက်ကာ ကျောက်စိမ်းဖြူလိပ်ခွံဖြင့် နောက်ထပ် ဗေဒင်တွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ကိုမူ ကုချန်အား သူ ပြောပြမည် မဟုတ်ချေ။ ဗေဒင်တွက်ချက်မှု၏ ရလဒ်တွင် မို့ကျွင်းနတ်ဆိုးအရှင်မှ ကုချန်အား အန္တရာယ်ပြုမည့် ပုံရိပ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်၌ ကုချန်အား ပစ်မှတ်ထားနိုင်သည့် စွမ်းရည် မည်သို့ရှိနေသည်ကို နတ်ဆိုးဧကရာဇ်ကြီး မသိသော်လည်း ကုချန်သည် သူ၏အနာဂတ်ကံကြမ္မာ အသွယ်သွယ်နှင့် ဆက်စပ်နေလေသည်။ နတ်ဆိုးဧကရာဇ်ကြီးသည် အခြားသူများမှ ကုချန်အား အန္တရာယ်ပြု အောင်မြင်သွားမည်ကို ကျိန်းသေပေါက် ခွင့်ပြုမည်မဟုတ်ရာ မို့ကျွင်းနတ်ဆိုးအရှင်ထံသို့ နတ်ဝိညာဉ်အာရုံတစ်မျှင်ကို လျှို့ဝှက်စွာ ကပ်ထားရန် သူ၏နည်းလမ်းများကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ ဤမြင်ကွင်းများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။

‎

‎

‎အစမှအဆုံးတိုင် မို့ကျွင်းနတ်ဆိုးအရှင်သည် သူ နတ်ဆိုးဧကရာဇ်ကြီး၏ ပစ်မှတ်ထားခံခဲ့ရသည်မှာ ကြာပြီဖြစ်ကြောင်း လုံးဝ သိမနေခဲ့ချေ။

‎

‎

‎" မို့ကျွင်းနတ်ဆိုးအရှင်... မင်းက နတ်ဆိုးဧကရာဇ်ကြီးရဲ့ လက်အောက်ခံ အင်မော်တယ်ဘုရင် မဟုတ်ဘူးလား... ဘာလို့ ငါအရှင့်ဆီ လာတွေ့ရတာလဲ "

‎

‎

‎မှန်ပြင်နေရာလွတ်အတွင်းမှ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော အသံတစ်သံ ထွက်ပေါ်လာကာ ထိုမှန်ပြင်နေရာလွတ်၏ အနက်ရှိုင်းဆုံးနေရာ၌ လောက၏ အလှတရားအားလုံး ပြည့်နှက်နေသော လူရိပ်တစ်ခု ထင်ဟပ်လာသည်ကို ခပ်ရေးရေး မြင်တွေ့ရပေသည်။

‎

‎

‎ထိုလူရိပ်ကို မြင်သောအခါ မို့ကျွင်းနတ်ဆိုးအရှင်၏ စိတ်ထဲတွင် ရမ္မက်ဆန္ဒ အရိပ်အယောင်တစ်ခု အလိုအလျောက် ပေါ်ထွက်လာခဲ့၏။ သို့သော် အလွန်လျင်မြန်စွာပင် ထိုပူလောင်သော ခံစားချက်ကို သူ အတင်းအဓမ္မ ဖိနှိပ်ထားလိုက်လေသည်။

‎

‎

‎" ရှာနာနတ်ဆိုးဧကရာဇ်ကို ဂါရဝပြုပါတယ် "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် ခေါင်းကို အနည်းငယ် ငုံ့ကာ အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။

‎

‎

‎" ငါအရှင်က မင်းကို မေးနေတာလေ... နတ်ဆိုးဧကရာဇ်ကြီး ကွယ်ရာမှာ ငါအရှင့်ဆီ လာတွေ့တာ... သူ သိသွားမှာကို မင်း မကြောက်ဘူးလား "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်၏။ သူ ရယ်မောလိုက်သည်နှင့်အမျှ ဤကမ္ဘာကြီးမှာလည်း လိုက်ပါ တောက်ပသွားသကဲ့သို့ ရှိလေသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီးက ကိစ္စတွေကို မျှတမှုမရှိဘဲ ကိုင်တွယ်တယ်... ရှီမိုထျန်းကျွင်း သေဆုံးသွားတာတောင် နတ်ဆိုးဧကရာဇ်ကြီးက တရားခံကို အပြစ်ပေးဖို့ ရည်ရွယ်ချက် မရှိတဲ့အပြင် တစ်ဖက်လူကို ရှီမိုထျန်းကျွင်းသစ်အဖြစ်တောင် ခန့်အပ်လိုက်သေးတယ်.....

‎

‎ဒီလုပ်ရပ်တွေက ကျွန်တော့်ကို စိတ်ပျက်စေပါတယ်... ဒါကြောင့် ရှာနာနတ်ဆိုးဧကရာဇ်ဆီ လာတွေ့ပြီး ရှာနာနတ်ဆိုးဧကရာဇ်အနေနဲ့ ရှီမိုထျန်းကျွင်းအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးဖို့... တရားခံကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး သူ့ကို တရားမျှတမှု ရစေဖို့ မျှော်လင့်ပါတယ် "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲဘဲ သွားကြိတ်ကာ ပြောဆိုလေသည်။ သို့သော် သူ၏ရှင်းပြချက်က ရှာနာနတ်ဆိုးဧကရာဇ်အား ကျေနပ်မှု မပေးနိုင်သည်မှာ သိသာလှကာ ကမ္ဘာကြီးတစ်ခွင်လုံး လှောင်ပြောင်ရယ်မောသံ ပဲ့တင်ထပ်သွားခဲ့၏။

‎

‎

‎" ဟားဟား... ငါအရှင် အကြားအာရုံများ မှားနေသလား... ရှီမို သေတာ ငါအရှင်နဲ့ ဘာဆိုင်လို့လဲ... နတ်ဆိုးဧကရာဇ်ကြီးတောင် ဒီကိစ္စကို ဂရုမစိုက်တာ... မင်းက ငါအရှင့်ဆီ လာရသလား... မင်း ရူးနေပြီလား "

All Chapters