အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း ၁၁၁ - ဆေးဝါးများ
သူမက တကယ်ကိုပဲ ကံကောင်းပါတယ်။
အဲ့ဒီအချိန်မှာ တိုက်ခန်းတံခါး ပွင့်လာပြီး အိုင်ဗီက ဝရန်တာမှ ပြန်ဝင်လာခဲ့သည်။
စာရွက်စာတမ်းအချို့ကို စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ဖတ်နေသည့် ဆိုင်းလပ်စ်ကို ကြည့်ပြီး အိုင်ဗီက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ရုန်းရင်းဆန်ခတ်တာ တစ်ခုခု ဖြစ်နေလို့လား"
အိုင်ဗီ၏ အသံကို ကြားလိုက်ရသောအခါ ဆိုင်းလပ်စ် စိတ်သက်သာရာ ရသွားပြီး ရှင်းပြလိုက်သည်။ "အင်း၊ စစ်တပ်က အဲ့ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတာ"
အိုင်ဗီ ခေါင်းညိတ်ပြလိုက်သော်လည်း သူမရဲ့ အကြည့်က စာရွက်စာတမ်းပေါ်ရှိ ခေါင်းစီး ဆီသို့ ရောက်သွားသည်။
'ဆေးဝါး' ဟူသော စကားလုံးကို မြင်လိုက်ရသဖြင့် သူမ စိတ်ဝင်စားသွားသည်။
"ရှင် ဆေးဝါးဖြန့်ဖြူးတဲ့သူကို ရှာနေတာလား"
"အင်း" ဆိုင်းလပ်စ်က အိုင်ဗီ့ကို ဘာမှ ဖုံးကွယ်ထားရန် အစီအစဉ်မရှိပါ။ သူ အကြောင်းစုံ ပြောပြပြီးသောအခါ အိုင်ဗီက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"ကျွန်မ ရှင့်ကို ဆေးဝါးတွေ ပံ့ပိုးပေးနိုင်ပါတယ်... စစ်အခြေစိုက်စခန်း တစ်ခုလုံးအတွက် လုံလောက်တဲ့အထိပေါ့။ ဒါပေမဲ့ ကျွန်မဆီမှာ "ဖလူရိုကွီနိုလုံး" နဲ့ "မီထရိုနိုင်ဒါဇော"ပဲ ရှိတာ" ဟု သူမက ပြောလိုက်ရာ ဆိုင်းလပ်စ်တစ်ယောက် မှင်သက်သွားခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတမလုံးလုံး သူဟာ ဆေးဝါးအချို့ တင်သွင်းနိုင်ရန် သူ့ရဲ့ အဆက်အသွယ် အားလုံးကို အသုံးပြုခဲ့သော်လည်း ဘာမှ မရရှိခဲ့ပေ။
သို့သော် ယခုအခါ... သူ လမ်းတကာလှည့်ရှာနေခဲ့သည့် အရာက သူ့အိမ်ထဲမှာတင် ရှိနေတာတဲ့လား... သူ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရသလို ဝမ်းလည်း ဝမ်းသာသွားရသည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲ့ဒီ ဆေးနှစ်မျိုး ကိုယ်တို့ စခန်းက စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေ အလိုချင်ဆုံး ဆေးတွေပဲ။ ဒါပေမဲ့ မင်း သေချာရဲ့လား"
ဆိုင်းလပ်စ်က သေချာအောင်မေးမြန်းခဲ့သည်။ စခန်း၏ အသုံးပြုမှု ပမာဏကို ခန့်မှန်းနိုင်ရန် သူက ထပ်ပြီး သတိပေးလိုက်သည်။ "လက်ရှိမှာ စခန်းထဲမှာ လူပေါင်း ၄၀,၀၀၀ ကျော်လောက် ရှိနေတာနော်"
"သေချာပါတယ်။ ကျွန်မ ပေးနိုင်တယ်" အိုင်ဗီက အတည်ပြုလိုက်ပြီး 'ကျွန်မ လုပ်ပေးနိုင်တယ်' ဆိုတဲ့စကားလုံးကို အလေးအနက် ပြောလိုက်သည်။ သူမရဲ့ ဆေးများကို ၅ ဆ ပွားလိုက်ရုံ နဲ့လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်သည်။
ဆိုင်းလပ်စ် အတိုင်းမသိ ဝမ်းသာသွားကာ မေးလိုက်သည်။
"ဈေးနှုန်းက ဘယ်လောက်လဲ ရိက္ခာထောက်ပံ့ရေးဌာနကို အစားအစာတွေနဲ့ ပြန်ပြီး လျော်ကြေးပေးဖို့ ကိုယ်ပြောပေးမယ်"
"မလိုပါဘူး။ ရှင့်ကို မဟုတ်တမ်းတရား စွပ်စွဲထားကြတာဆိုတော့ ရှင့်ရဲ့ ကိုယ်ပိုင်ရိက္ခာတွေ သုံးပြီး ဆေးဝါးဝယ်ရမှာကို ကျွန်မ ဘာမှ မယူချင်ပါဘူး" ဟု အိုင်ဗီက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမဟာ အာဏာမက်လွန်းလှသဖြင့် လူထု ဒုက္ခရောက်နေသည်ကို ကြည့်ရက်သော ဗိုလ်ချုပ်ဖရန့်ခ်ကိုလဲ ရွံရှာမိသည်။
ဆိုင်းလပ်စ်၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး ခေါင်းခါလိုက်သည်။ "မဖြစ်ဘူး အလကားတော့ ကိုယ် မယူနိုင်ဘူး…”
"ရှင်သာ အလကား မယူဘူးဆိုရင် ကျွန်မ ဆေးဝါးတွေကို မပေးနိုင်ဘူးနော်" အိုင်ဗီက ပြတ်သားစွာ ပြန်ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမလက်ထဲမှာ ၅၀၀ KB ရှိနေတာပဲ၊ ဆိုင်းလပ်စ်ကို ကူညီဖို့ ၁၀ KB လောက် သုံးရတာက သူမအတွက် ဘာမှမပြောပလောက်ပေ။
ဆိုင်းလပ်စ်က သဘောမတူလိုသဖြင့် မျက်မှောင်ကြုတ်ကာ ငြင်းရန် ပြင်လိုက်စဉ် အိုင်ဗီက ဆက်ပြောလိုက်သည်။ "ဒါကို ကျွန်မဘက်က ပေးတဲ့ လျော်ကြေးလို့ပဲ မှတ်ယူလိုက်ပါ။ လွန်ခဲ့တဲ့ နှစ်တွေမှာ ရှင့်ကို ကျွန်မ ဒုက္ခပေးခဲ့သမျှအတွက်ပေါ့။ တကယ်လို့ ရှင်က ကျွန်မအပေါ် အကြွေးတင်နေတယ်လို့ ခံစားရရင်တော့... စေတနာရှင် တစ်ယောက်က ဒီဆေးဝါးတွေကို လှူဒါန်းသွားတယ်လို့ပဲ တခြားသူတွေကို ပြောလိုက်ပါ"
ဆိုင်းလပ်စ် ကြောင်သွားပြီး အိုင်ဗီ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေမိသည်။
သူ ဘာတွေ တွေးနေသလဲဆိုတာ ဘယ်သူမှ မသိနိုင်သော်လည်း နောက်ဆုံးတွင် သူ သဘောတူလိုက်သည်။ "ကောင်းပြီလေ"
အိုင်ဗီ သက်ပြင်းချနိုင်တော့သည်။ သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် "မီထရိုနိုင်ဒါဇော"၂၀,၀၀၀ ကျော်နှင့် "ဖလူရိုကွီနိုလုံး" (ပိုးသတ်ဆေးတစ်မျိုး) ထုပ်ပေါင်း ၂၀,၀၀၀ ခန့်မှာ ချက်ချင်း ပေါ်လာတော့သည်။
စိတ်ထဲပြင်ဆင်ထားသော်လည်း သူ့ရှေ့တွင် ပေါ်လာသော ဆေးဝါးတောင်ကြီးကို မြင်လိုက်ရသောအခါ ဆိုင်းလပ်စ် တုန်လှုပ်သွားရသည်။
သူသည် အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး အိုင်ဗီ့ကို ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်"
ဒီကိစ္စက ဘလက်ခ်သော်န်မိသားစုအတွက် ဘယ်လောက်အထိ အရေးကြီးနေသလဲဆိုတာနှင့် နောက် ၂ ရက်အတွင်း စစ်တပ်ကို ဆေးဝါးတွေ မပေးနိုင်ခဲ့လျှင် သူတို့ ဘယ်လောက်အထိ ပြဿနာတက်နိုင်သလဲဆိုတာ သူတစ်ဦးတည်းသာ သိသည်။
ဆေးဝါးတွေကို အလကားယူရတာနဲ့ ပတ်သက်ပြီး ဆိုင်းလပ်စ်မှာ အိုင်ဗီ့ကို ပြန်ပေးဆပ်ဖို့ နည်းလမ်းတစ်ခု ရှိပြီးသားပါ။ သူမဟာ ဘယ်လောက်အထိ စေတနာကောင်းတဲ့သူ ဖြစ်ကြောင်း လူတိုင်းသိအောင် ထုတ်ဖော်ပြောပြဖို့တောင် သူ တွေးထားလိုက်သည်။
ဆိုင်းလပ်စ်၏ အတွေးများကို မသိရှာသော အိုင်ဗီမှာမူ သူ၏ ကိုယ်ပေါ်မှ သစ်သားနံ့သင်းသင်း ရနံ့ကို အားပါးတရ ရှူရှိုက်ရင်း သူမ၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ အနည်းငယ် ပြေလျော့သွားသည်။
ခဏအကြာတွင် ဆိုင်းလပ်စ်၏ လက်များမှာ သူမ၏ ခါးထက်မှ ဆင်းကာ နူးညံ့စွာ ပွတ်သပ်ရင်း စတင် ကစားလာသည်ကို သူမ ခံစားလိုက်ရသည်။
အိုင်ဗီမှာ အပူရှိန်များ တက်လာပြီး သူမရဲ့ ဝမ်းဗိုက်ကို တစ်ခုခုက ထောက်မိနေသဖြင့် ပါးပြင်များ နီမြန်းသွားရသည်။ သူမက ဆိုင်းလပ်စ်ကို မဝံ့မရဲ တွန်းထုတ်လိုက်ပြီး အနည်းငယ် ခွာလိုက်ကာ…
"ကျွန်မ ညစာ ပြင်ထားတယ်၊ သွားပြီး ရေချိုးလိုက်ဦးလေ" ဟု ပြောလိုက်သည်။
ဆိုင်းလပ်စ်က မလှုပ်မယှက်ဘဲ အိုင်ဗီ၏ ခါးကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ နှုတ်ခမ်းများဆီသို့ တိုးကပ်ကာ နူးညံ့စွာ နမ်းရှိုက်လိုက်သည်။
အစပိုင်းတွင် အိုင်ဗီ ပြန်မတုံ့ပြန်ခဲ့သော်လည်း သူ၏ ထပ်တလဲလဲ နမ်းရှိုက်မှုများနှင့် ပြင်းပြသော ထိတွေ့မှုများအောက်တွင် သူမ မသိစိတ်ကပင် ညည်းတွားမိသွားပြီး ကျူးကျော်သူကို ထိန်းချုပ်ခွင့် ပေးလိုက်တော့သည်။
အနည်းငယ် စိတ်လှုပ်ရှားလာသဖြင့် အိုင်ဗီလည်း ပြန်လည် တုံ့ပြန်မိသည်။
သူမ၏ မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီမြန်းနေသည်။
သူမက ဆိုင်းလပ်စ်၏ ရင်ဘတ်ကို အသာအယာ တွန်းကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
"ဆိုင်းလပ်စ်" ဟု သူမက တုန်ယင်နေသော နှလုံးခုန်သံကို ထိန်းရင်း တိုးတိုးလေး ခေါ်လိုက်သည်။
"ညစာတွေ အေးကုန်တော့မယ်"
ဆိုင်းလပ်စ် မျက်တောင်ခတ်လိုက်ပြီးမှ အသာအယာ ပြုံးလိုက်သည်။
"ကောင်းပြီလေ" ဟု သူက နွေးထွေးသော်လည်း ခပ်ရှရှ အသံဖြင့် ပြောလိုက်သည်။
"ကိုယ် အရင် ရေသွားချိုးလိုက်ဦးမယ်"
အိုင်ဗီ အမြန် ခေါင်းညိတ်ပြပြီး သူမ၏ နီမြန်းနေသော မျက်နှာကို ဖုံးကွယ်ရန် စားပွဲပေါ်မှ ပစ္စည်းတစ်ခုခုကို ပြင်ဆင်နေသယောင် ဟန်ဆောင်လိုက်သည်။ သူမ၏ စိတ်ထဲမှာ ဗလောင်ဆူနေသည်။ သူမသည် တစ်စုံတစ်ဦးနှင့် ဒီလောက်အထိ နီးကပ်စွာ မနေဖူးပါ၊ အထူးသဖြင့် ဆိုင်းလပ်စ်နှင့်ပေါ့။ ဒါပေမဲ့... သူမ မုန်းမနေခဲ့။
ခဏအကြာတွင် ဆိုင်းလပ်စ် ပြန်ထွက်လာသည်။ သူ၏ ဆံပင်များမှာ စိုစွတ်နေဆဲဖြစ်ပြီး ရိုးရှင်းသော တီရှပ်နှင့် ဘောင်းဘီအပွကို ဝတ်ထားသည်။ သူသည် စိတ်အေးလက်အေး ရှိပုံရပြီး အပြုံးမှာလည်း ပိုမို နူးညံ့နေသည်။
သူတို့နှစ်ဦး ညစာ စားရန် ထိုင်လိုက်ကြသည်။
"ဒါတွေအားလုံးကို မင်း တကယ် ချက်တာလား" စားပွဲပေါ်မှ ဟင်းလျာများကို ကြည့်ပြီး သူ အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ်" အိုင်ဗီ ခေါင်းညိတ်လိုက်ပြီး ဆိုင်းလပ်စ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေမိသည်။
ဆိုင်းလပ်စ်က ပုစွန်ထုပ်ကို မြည်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ကျေနပ်မှုကြောင့် မှိတ်ကျသွားရသည်။ သူ့မှာ အသားတွေ ရှိသော်လည်း ၎င်းတို့မှာ ကြာရှည်ခံအောင် ပြုပြင်ထားသော အသားများသာ ဖြစ်သည်။ ဘယ်ဟာကမှ ဒီလောက်အထိ လတ်ဆတ်ပြီး အရသာ မရှိခဲ့ပေ။
"ဟင်း... ဒါက ငါ စားဖူးသမျှထဲမှာ အကောင်းဆုံး ပုစွန်ထုပ်ပဲ" ဆိုင်းလပ်စ်က ပိုပြောနေခြင်း မဟုတ်ပါ။ ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက် တစ်နေ့ကို နှစ်နပ် စားရခြင်းကပင် ဇိမ်ခံမှုတစ်ခု ဖြစ်နေသည်။
အသားဆိုလျှင်လည်း... ပွဲလမ်းသဘင် အချိန်အခါမျိုးမှာမှ စားနိုင်ကြသော်လည်း... ပြီးခဲ့သော ၃ လအတွင်းမှာ စခန်းထဲတွင် မည်သည့် ပွဲလမ်းသဘင်မျှ မကျင်းပနိုင်ခဲ့ပါ။ လူတိုင်းက အသက်ရှင်ဖို့အတွက်သာ အလုပ်ရှုပ်နေကြရသည်။
ထို့ကြောင့် အသားဟင်း ပူပူနွေးနွေးကို စားရခြင်းက အိပ်မက်တစ်ခုလိုပင် ခံစားရစေသည်။
ဆိုင်းလပ်စ်က ပြုံးလျက် အိုင်ဗီ့ကို ကြည့်လိုက်သည်။ "ကျေးဇူးပဲ"
သို့သော် မကြာမီမှာပင် တစ်ခုခုကို သတိရသွားပုံရပြီး သူ၏ မျက်နှာမှာ တင်းမာသွားပြန်သည်။
"ရိုနန် နဲ့ သူ့နောက်လိုက်တွေကို ဘယ်တော့ သတ်ဖို့ စီစဉ်ထားလဲ”
အခန်း ၁၁၂ - အေဒင်
အိုင်ဗီ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော အရိပ်အယောင်များ ပေါ်လာပြီး သူမက အေးစက်သော အသံဖြင့် ရေရွတ်လိုက်သည်။
"ဒီညပဲ... သူတို့ကို အပြတ်ရှင်းကြစို့။"
ဆိုင်းလပ်စ်၏ မျက်ဝန်းများတွင်လည်း ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူကတော့ သူတို့ကို ဆက်လက် နှိပ်စက်ချင်သေးသော်လည်း အချိန်ဆွဲနေပါက ဗိုလ်ချုပ်ဖရန့်ခ်အနေဖြင့် သူ့တူ ပျောက်ဆုံးနေသည်ကို ရိပ်မိသွားနိုင်ပြီး ပိုဆိုးသည်မှာ တစ်ခုခု စတင်လုပ်ဆောင်လာနိုင်တာကို သူ နားလည်ထားသည်။
ဗိုလ်ချုပ်ဖရန့်ခ်ကို သူ မကြောက်သော်လည်း ရိုနန်နှင့် သူ့နောက်လိုက်များကို ဆိုင်းလပ်စ် အသက်မရှင်စေချင်တော့ပါ။ တကယ်လို့ အနာဂတ်က အမှန်တရား ဖြစ်လာခဲ့ရင်ကော
အိုင်ဗီသည် ဆိုင်းလပ်စ်၏ စိုးရိမ်ပူပန်မှုများကို မသိဘဲ ညစာကို အပြီးသတ်ကာ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ သူမ၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေသဖြင့် တုံ့ဆိုင်းမနေဘဲ ရာဗင်ခရော့ဖ် မိသားစုကို ထုတ်ကာ နှိပ်စက်ရင်း ၅၀ KB စုဆောင်းလိုက်သည်။
နောက်ဆုံးတွင် သူမရဲ့ စိတ်အခြေအနေဟာ တည်ငြိမ်သွားသည်။ သူတို့ကို ပြန်လည် ထည့်ပြီးနောက် ဆိုင်းလပ်စ်၏ ဘေးတွင် ပြန်အိပ်စက်လိုက်ရာ အိပ်မက်မမက်သော ညတစ်ညကို ဖြတ်သန်းခဲ့ရသည်။
အိုင်ဗီအတွက် အထူးခြားဆုံး တွေ့ရှိချက်မှာ... ဆိုင်းလပ်စ်၏ ဘေးတွင် အိပ်စက်သရွေ့ သူမသည် မကောင်းသော အမှတ်ရချက်အားလုံးကို မှော်ဆန်စွာ မေ့ပျောက်သွားပြီး ခန္ဓာကိုယ်မှာလည်း ပြေလျော့သွားခြင်းပင် ဖြစ်သည်။
ညရောက်သောအခါ အိုင်ဗီနှင့် ဆိုင်းလပ်စ်တို့ နိုးလာကြပြီး ဆိုင်းလပ်စ်ပိုင်ဆိုင်သော လျှို့ဝှက်အခြေစိုက်စခန်းဆီသို့ တည်ငြိမ်စွာ ထွက်ခွာလာခဲ့ကြသည်။ ထိုနေရာသို့ ရောက်သောအခါ ကုလားထိုင်ပေါ်တွင် အေးဆေးစွာ ထိုင်နေသော ဟင်နရီ နှင့် တံခါးကို စောင့်ကြပ်နေသော အေဒင်တို့ကို တွေ့လိုက်ရသည်။
ဆိုင်းလပ်စ်ကို မြင်သောအခါ အေဒင်က ခေါင်းညိတ်ပြပြီး သူ၏ အကြည့်မှာ အိုင်ဗီ့ဆီတွင် တစ်မိနစ်ခန့် မသိမသာ ရပ်တန့်သွားပြီးမှ ဂရုမစိုက်သလို လွှဲဖယ်လိုက်သည်။
အိုင်ဗီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အကြည့်လွှဲလိုက်သည်။ ယခင်ဘဝက အေဒင်နှင့် စကားလက်တို့ တွဲသွားကြချိန်တွင် သူမအပေါ် သူ၏ သဘောထားမှာ အနည်းငယ် ပျော့ပျောင်းလာခဲ့သည်။ စကားလက်က သူမအား ဒုက္ခပေးနေခြင်းကို ရပ်တန့်သွားခဲ့သည်မှာလည်း အေဒင်ကြောင့်ပင် ဖြစ်သည်။
ယခုအခါ အေးစက်နေသော အေဒင်နှင့် ထပ်မံ ရင်ဆိုင်ရသောအခါ အိုင်ဗီ့ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ တိုးဝှေ့လာသည်။ မကြာမီမှာပင် သူမ၏ အာရုံမှာ ရိုနန်နှင့် သူ့နောက်လိုက်များဆီသို့ ရောက်သွားသည်။ သူတို့၏ အခြေအနေမှာ 'အဆိုးဆုံး' ထက်ပင် ပိုနေပြီဟု ဆိုနိုင်သည်။
'အဆိုးဆုံး' ထက် ပိုဆိုးတာ ဘာရှိဦးမလဲ ဒါပဲ ဖြစ်ရမယ်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး မည်းပုတ်နေသော ဒဏ်ရာအမျိုးမျိုးမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
သူတို့သည် ကုလားထိုင်တွင် အချည်ခံထားရပြီး ခေါင်းများမှာ ဘေးသို့ ယိမ်းထိုးနေသည်။ ခန္ဓာကိုယ်မှာ အင်အားအားလုံး ဆုံးရှုံးသွားပုံရပြီး ကုလားထိုင်ပေါ်တွင် ပျော့ခွေနေကြသည်။
အိုင်ဗီက အေးစက်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။ သူမ၏ မျက်ဝန်းတွင် ကရုဏာအရိပ်အယောင် မရှိဘဲ ရက်စက်မှုများသာ ရှိနေသည်။
သူတို့ကိုယ်တိုင် သူမကို မဖွယ်မရာ မလုပ်ခဲ့ကြသော်လည်း သူမကို ထပ်တလဲလဲ စော်ကားမည့် အထက်လူကြီးများ၏ လက်ထဲသို့ သူတို့ပင် ထိုးအပ်ခဲ့ကြတယ်လေ။
သူတို့မှာ အပြစ်မရှိဘူးဟု ပြောခြင်းမှာ လုံးဝ လိမ်လည်မှုသာ ဖြစ်သည်။ သူမကို ကိုယ်ထိလက်ရောက် ကျူးလွန်ရန် စိတ်ကူးယဉ်ခဲ့ကြတာကိုလည်း မမေ့သင့်ပေ။
သူမသည် အနာဂတ် မှောင်ခိုဈေးကွက်၏ သူဌေးကြီးဖြစ်လာမည့် ရိုနန်၏ အနားသို့ တည်ငြိမ်စွာ လျှောက်သွားပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ဟိုင်း ရိုနန်။"
သူမ၏ သာယာသော အသံမှာ တိတ်ဆိတ်နေသော ညထဲတွင် ထူးဆန်းသော မညီညွတ်မှုကို ဖြစ်ပေါ်စေသည်။ သူမ၏ အသံမှာ ဆွဲဆောင်မှု မရှိခြင်းကြောင့် မဟုတ်ဘဲ ထိုအသံက ဘယ်လောက်အထိ ကျောထဲ စိမ့်တက်သွားစေသလဲ ဆိုခြင်းကြောင့်ပင်။
ဟင်နရီသည် လက်မောင်းမှ ကြက်သီးများကို ပွတ်သပ်ရင်း ရိုနန်နှင့် သူ့နောက်လိုက်များအတွက် စိတ်ထဲမှ ဆုတောင်းပေးလိုက်မိသည်။ သူတို့ အိုင်ဗီ့ကို ဘယ်လို စော်ကားခဲ့သလဲဆိုတာ သူ မသိပေမဲ့ ရိုနန်တို့အတွက်တော့... ဒီညဟာ အရမ်း... အရမ်းကို ရှည်လျားမယ့် ညတစ်ည ဖြစ်တော့မှာ သေချာသည်။
သူတို့ရဲ့ ကံကြမ္မာကို မသိရှာသော ရိုနန်သည် မျက်လုံးဖွင့်ကြည့်လိုက်ရာ အလွန်လှပသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ ကျော့ရှင်းသော အမူအရာမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးနှင့်ပင် တူနေသည်။
'ငါ ကောင်းကင်ဘုံကို ရောက်နေတာလား?
နတ်သမီးလေးက ငါ့ကို ကောင်းကင်ဘုံဆီ ခေါ်သွားဖို့ လာတာလား ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်... ငါ့ရဲ့ ဒုက္ခတွေ ပြီးဆုံးသွားပြီ။ ကောင်းကင်ဘုံ ရောက်တာနဲ့ သိကြားမင်းကို တိုင်ပြီး ဆိုင်းလပ်စ်နဲ့ သူ့အဖွဲ့ ငါတို့အပေါ် မတရားလုပ်ခဲ့တာတွေကို ပြန်လက်စားချေခိုင်းရမယ်။'
အချို့လူများမှာ ကိုယ့်ကိုယ်ကိုယ် အသိစိတ် လုံးဝ မရှိကြဘဲ ရိုနန်မှာလည်း ထိုအထဲက တစ်ဦးဖြစ်သည်။
"နတ်သမီးလေး... ကျွန်တော့်ကို ခေါ်သွားပါဦး..." ဟု သူက တောင့်တစွာ တိုးတိုးလေး ပြောလိုက်သော်လည်း သူ၏ အသံမှာ ကျောက်သင်ပုန်းပေါ်တွင် မြေဖြူခဲနှင့် ခြစ်လိုက်သလိုမျိုး ရှရှတတ အသံကြီး ထွက်ပေါ်လာသည်။
"ဖူးးးး" ဟင်နရီ မထိန်းနိုင်ဘဲ အသံထွက်အောင် ရယ်မောမိသွားသဖြင့် ဆိုင်းလပ်စ်နှင့် အေဒင်တို့၏ အကြည့်စူးစူးများကို ခံလိုက်ရသည်။
ဟင်နရီမှာ ရယ်ချင်စိတ်ကို ထိန်းမရ ဖြစ်နေသည်။ အခြေအနေက အရေးကြီးနေချိန်မှာ သူ ဘာလို့ ဒီလောက် ရယ်ချင်နေမှန်းကို သူကိုယ်တိုင်လည်း နားမလည်နိုင်ပါ။
ဟင်နရီ့အမြင်မှာတော့ အိုင်ဗီသည် သေမင်းတမန် နတ်ဘုရားမတစ်ပါးဖြစ်ပြီး ရိုနန်ကမူ သူမကို နတ်သမီးဟု ခေါ်နေသည်။ အိုင်ဗီက သူ့လက်နှစ်ဖက်ကို ရိုက်ချိုးပြီး သူ့ဘဝကို အဆုံးသတ်လိုက်တဲ့အခါ သူ ဘယ်လောက်တောင် ကြောက်သွားမလဲဆိုတာ ဟင်နရီ တွေးကြည့်နေမိသည်။
ဒါပေမဲ့ ရိုနန် ကျူးလွန်ခဲ့တဲ့ ယုတ်မာမှုတွေကို ကြည့်ရင် သူ့ကို လာခေါ်မှာက အတောင်ပံပါတဲ့ နတ်သမီး မဟုတ်ဘဲ ပန်းရောင်ဂါဝန်ဝတ်ထားပြီး မုတ်ဆိတ်ဗလပွနဲ့ လူသန်ကြီးတစ်ယောက်ပဲ ဖြစ်လိမ့်မည်။
ဟားဟား
ဟင်နရီ: (စိတ်ထဲမှ) ငါ မရယ်ဘူး ငါ မရယ်ဘူး
အေဒင်: "..." အသုံးမကျတဲ့ကောင်
သူ့သူငယ်ချင်း ဟင်နရီအတွက် အေဒင်မှာ အထင်သေးရုံမှတစ်ပါး အခြားမရှိပါ။ ခွန်အားပိုင်းမှာဆိုလျှင် ဟင်နရီက ခြင်္သေ့ထက်ပင် သန်မာသော်လည်း သူ့ရဲ့ နောက်ပြောင်တတ်တဲ့ အပိုင်းကတော့ မျောက်တွေတောင် မလိုက်နိုင်ပေ။
သူ့ကို ဂရုမစိုက်ဘဲ အေဒင်သည် အိုင်ဗီ့ဆီသို့သာ အာရုံစိုက်ထားလိုက်သည်။ သူမမှာ တစ်ခုခု ထူးခြားနေသည်... သူ မှတ်မိနေသော ထုံအအ မိန်းကလေးနှင့် လုံးဝ မတူတော့ဘဲ... သူမက ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိပုံရသည်။
'ဒီတစ်ခါ သူမ ဘာကစားကွက်တွေ ထပ်ခင်းဦးမှာလဲ' ဟု သူ တွေးလိုက်သော်လည်း ဆိုင်းလပ်စ်နှင့် သူမ အတူတူ ဝင်လာခဲ့သည်ကို ရုတ်တရက် သတိရသွားပြီး ပြုံးလိုက်မိသည်။ 'ဆိုင်းလပ်စ်နဲ့ သူမသာ ပေါင်းဖက်သွားမယ်ဆိုရင်... ငါ သူမအပေါ် ဘာရန်ငြိုးမှ ထားမှာ မဟုတ်ပါဘူး။'
သူသည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် ဆိုင်းလပ်စ်နှင့် အိုင်ဗီတို့ အဆင်ပြေသွားစေရန် ဆုတောင်းနေမိသည်။ သို့မှသာ သူသည် စကားလက်နှင့် အတူရှိခွင့်ရမှာ ဖြစ်သလို သူမကို ပွင့်ပွင့်လင်းလင်း လိုက်ခွင့်ရမှာလေ။
အိုင်ဗီက ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ရိုနန်၏ မျက်နှာကို အားပါပါ ပါးရိုက်ချလိုက်ရာ သူ သွေးအန်ထွက်သွားသည်။ သူမ၏ အေးစက်သော အသံမှာ အခန်းလွတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"ရှင်တို့အားလုံးက နောက်လိုက်တွေပဲ ဆိုတော့... ကျွန်မ ရှင်တို့ကို လွယ်လွယ်နဲ့ပဲ လွှတ်ပေးလိုက်ပါ့မယ်။"
နောက်တစ်စက္ကန့်မှာပဲ ဟင်နရီ့ကို ကျောချမ်းသွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။ အိုင်ဗီက ရိုနန်၊ မာ့ခ် နဲ့ ပီတာတို့ရဲ့ခေါင်းများကို လူသားတို့ လှည့်နိုင်သည့် အကန့်အသတ်ထက် ကျော်လွန်သည်အထိ အားဖြင့် လိမ်ချိုးလိုက်ပြီး သူတို့၏ ဒုက္ခများပြည့်နှက်နေသော ဘဝများကို တစ်ခါတည်း အဆုံးသတ်ပေးလိုက်သည်ကို သူ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်။
အိုင်ဗီ့ကို သူ အရင်က ပြောဆိုခဲ့ဖူးသော ရိုင်းစိုင်းသည့် စကားများကို ရုတ်တရက် သတိရသွားသဖြင့် ဟင်နရီ့ရင်ထဲ တုန်လှုပ်သွားပြီး နှစ်သိမ့်မှုရရန် ဆိုင်းလပ်စ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော် ဆိုင်းလပ်စ်က ထိုမြင်ကွင်းတစ်ခုလုံးကို ဘာမှမဖြစ်သလို တည်ငြိမ်စွာ ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ဟင်နရီ့ပါးစပ်မှာ ခြောက်ကပ်သွားတော့သည်။
ငရဲပဲ ငရဲကျမယ့် အလုပ်ပဲ
တကယ်လို့ သူသာ အခုပဲ ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ရင်... မိစ္ဆာမလေး အိုင်ဗီက သူ့ကို လွှတ်ပေးပါ့မလား