← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း ၁၁၅ - မျှော်လင့်ချက်မဲ့ခြင်း

"ဟေ့ အဲ့ဒီလို မကောင်းတဲ့ စကားတွေ မပြောစမ်းပါနဲ့ မင်း မကြားဘူးလား ဗိုလ်ကြီးကိုယ်တိုင် ပြောသွားတာလေ။ ဆေးဝါးတွေ မကြာခင် ရောက်တော့မယ်ဆိုတာ။"

"မင်းက အအပဲ။ သူက သူ့မိသားစုအတွက် အချိန်ဆွဲဖို့ ဒီလိုစကားမျိုး သုံးနေတာ ရှင်းနေတာပဲ။ တကယ့် တရားခံကို ရှာဖို့ သက်သေတွေ လိုက်ရှာနေတာလည်း ဖြစ်နိုင်တယ်။ ဘလက်ခ်သော်န်မိသားစုမှာ သက်သေရှိသွားပြီဆိုရင် သူတို့က အေးအေးဆေးဆေးပဲ အဲ့ဒီသက်သေကို ထုတ်ပြပြီး ဒီကိစ္စကနေ ဖြူစင်တာကို သက်သေပြသွားမှာပေါ့။ အဲ့ဒီအချိန်ကျရင် ဆေးဝါးတွေအကြောင်းကို မေ့လိုက်လို့ရပြီ။"

သူတို့က တိုးတိုးလေး ပြောနေကြခြင်း ဖြစ်သော်လည်း၊ စွမ်းအားရှင် များ ဖြစ်လာပြီးနောက် ဘယ်လို စွမ်းအားရှင်ကမှ အာရုံခံစားမှု မထက်မြက်ဘဲ နေမလဲ သူတို့အားလုံးသည် ဘေးနားက လုပ်ဖော်ကိုင်ဖက် ခိုးပြီး အသံတိတ် လေလည်တာကိုတောင် ကြားနိုင်စွမ်း ရှိကြသည်။

ဆိုင်းလပ်စ်၏ မျက်နှာ မှောင်ကျသွားပြီး တုံ့ဆိုင်းမနေဘဲ ထိုသို့ အတင်းအဖျင်း ပြောနေသူဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

"မင်း အခုချက်ချင်း စစ်တပ်ဝင်း တစ်ခုလုံးကို အပတ် ၂၀ ပတ်ပြေးစမ်း။ ပြေးလို့မပြီးမချင်း ညစာစားဖို့ စိတ်တောင်မကူးနဲ့။ စစ်တပ်ဆိုတာ အတင်းအဖျင်း ပြောဖို့ မဟုတ်သလို ကောလာဟလ ဖြန့်ဖို့ နေရာမဟုတ်ဘူး။"

သူ၏ စကားကြောင့် ဆွေးနွေးနေကြသူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ တစ်ယောက်ပြီးတစ်ယောက် သူ၏ အမိန့်ကို နာခံကာ ထွက်ခွာသွားကြတော့သည်။

ဆိုင်းလပ်စ်သည် ကျန်ရှိနေသော ပရိသတ်ဘက်သို့ အာရုံပြန်လှည့်ကာ ပြောလိုက်သည်။

"ဒီဆေးဝါးတွေကို အိုင်ဗီလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က လှူဒါန်းတာပါ။ သူမက သူမမှာရှိတဲ့ ဆေးဝါးအားလုံးကို ထုတ်ပေးခဲ့ပြီး ဆေးစစ်ခကလွဲလို့ ကျန်တဲ့ ဆေးဖိုးဝါးခတွေကို ဘာမှမယူဖို့ တောင်းဆိုထားပါတယ်။"

ထိုစကားများက တဲအတွင်းရှိ လူများကိုသာမက၊ တဲအပြင်ဘက်တွင် နားစွင့်နေကြသော လူများကိုပါ အံ့အားသင့်သွားစေသည်။

"အဲ့ဒီ အမျိုးသမီးက နာမည်မကျော်ချင်ပေမဲ့၊ ကျွန်တော် မင်ူတို့အားလုံးကို တောင်းဆိုချင်တာ တစ်ခုရှိပါတယ်။ သူမရဲ့ ဒီလို စေတနာကောင်းတဲ့ လုပ်ရပ်တွေကို လူတိုင်းသိအောင် ပြောပြပေးကြပါ။ ဒါမှ တခြားသူတွေလည်း ဒီလိုမျိုး အလှူအတန်းတွေ လုပ်ဖို့ စိတ်ဓာတ်ခွန်အား ရကြမှာပါ။"

လူတိုင်းက ခေါင်းညိတ် ထောက်ခံကြတော့မှ ဆိုင်းလပ်စ်က ကျေနပ်သော မျက်နှာထားဖြင့် တဲအတွင်းမှ ထွက်လာခဲ့သည်။ သူသည် ပုန်းလျှိုးကွယ်လျှိုးဖြင့် အတင်းအဖျင်း နားစွင့်နေသူများကိုလည်း မသိချင်ယောင် ဆောင်ပေးခဲ့သည်။

ဘာကြောင့်လဲဆိုတော့... ဒီလို အတင်းအဖျင်း ပြောတတ်သူတွေဟာ တဲထဲကလူတွေ သူခိုင်းတဲ့အတိုင်း မလုပ်ခဲ့ရင် သတင်းဖြန့်ဖို့အတွက် သူပြင်ထားတဲ့ အရံအစီအစဉ်မို့လို့ပဲ။

တကယ်တော့လည်း ထိုအတင်းအဖျင်း ပြောတတ်သူများဟာ ဒီလိုစေတနာကောင်းတဲ့ အမျိုးသမီးရဲ့ နာမည်ကို မြှင့်တင်ပေးဖို့ တရားမျှတတဲ့ စိတ်ဓာတ်တွေ ပြင်းထန်လာကြပြီး... သူမရဲ့ နာမည်ကို ဖြန့်ဝေဖို့... အဲ... အတင်းပြောဖို့ သစ္စာဆိုလိုက်ကြပါတော့သည်။

.......

အခြားတစ်ဖက်တွင်မူ အိုင်ဗီသည် လျှို့ဝှက်အစည်းအဝေးများတွင် သူမ၏ ချစ်သူက သူမအတွက် နာမည်မြှင့်တင်ပေးနေသည်ကို မသိဘဲ အသင့်စား အစားအသောက်များကို ဆက်လက် ပြင်ဆင်နေသည်။ သူမ၏ နေ့စဉ်လုပ်ငန်းဆောင်တာမှာ အတော်လေး ငြီးငွေ့စရာ ကောင်းလှသည်။

ထိုစဉ် သူမ၏ စိတ်ထဲတွင် အသံတစ်ခု မြည်လာသည်။

[ဒေါင်။ သင်သည် 20 KB ရရှိပါပြီ။]

[ဒေါင်။ သင်သည် 20 KB ရရှိပါပြီ။]

[ဒေါင်။သင်သည် 20 KB ရရှိပါပြီ။]

[ဒေါင်။သင်သည် 20 KB ရရှိပါပြီ။]

......

အသံက အဆက်မပြတ် မြည်နေသဖြင့် အိုင်ဗီသည် ဝင်လာသမျှ မက်ဆေ့ချ်များကို ခေတ္တရပ်တန့်ရန် အသံပိတ် ဟု အော်ပြောလိုက်ရသည်။

သူမ၏ နှလုံးသားမှာ အံ့ဩတုန်လှုပ်မှုများကြောင့် ဒိတ်ဒိတ်တုန် ခုန်နေသည်။ သူမ ဘယ်လိုလုပ်ပြီး KB အများကြီး ရနေတာလဲ

စာရင်းက ဆက်တိုက် တက်နေသဖြင့် ခဏတာမျှတော့ စနစ်ကများ ချို့ယွင်းနေသလားဟု အိုင်ဗီ တွေးမိသွားသည်။ ထို့နောက်တွင်မှ ဆေးဝါးများကို စတင် ဝေငှနေပြီဖြစ်သောကြောင့် ဤ KB များကို ရရှိနေခြင်းဖြစ်နိုင်ကြောင်း သဘောပေါက်ကာ သူမ၏ မျက်လုံးများ တောက်ပသွားသည်။

သူမက အသိပေးချက်များ ပြီးဆုံးသည်အထိ စောင့်နေသော်လည်း... အဆုံးမရှိသကဲ့သို့ ဆက်တိုက် မြည်နေဆဲပင်။ နောက်ဆုံးတွင် သူမ လက်လျှော့လိုက်ပြီး လက်ရှိလုပ်နေသော အလုပ်ကိုသာ ဆက်လုပ်လိုက်တော့သည်။

လေ့ကျင့်ခန်း လုပ်ပြီးနောက် သူမသည် တိုက်ခိုက်ရေး လေ့ကျင့်မှုအတွက် အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ စစ်တပ်က အမြဲတမ်း ရှင်းလင်းနေသော်လည်း ပတ်ဝန်းကျင်တွင် ဇမ်ဘီများစွာ သွားလာနေဆဲဖြစ်ရာ အခြေအနေမှာ ဘယ်လောက် စိုးရိမ်ရကြောင်း ထင်ရှားနေသည်။

ပိုဆိုးသည်မှာ... စစ်အခြေစိုက်စခန်း ဝန်းကျင်တွင် ဝင်ခွင့်စောင့်နေသော ကားများစွာဖြင့် ဝိုင်းရံထားခြင်းပင်။

အများအားဖြင့် သူတို့သည် အခြားနိုင်ငံများမှ ရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူများ ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံငယ်လေး အများအပြားမှာ လူသားများ ရှင်သန်နိုင်သည့် နေရာထက် ဇမ်ဘီ အခြေစိုက်စခန်းများအဖြစ်သို့ ပြောင်းလဲသွားကြသောကြောင့် ဖြစ်သည်။

နိုင်ငံအားလုံးဟာ ဒုက္ခကို မကျော်လွှားနိုင်ကြပါ။ ထိုအရေအတွက်မှာ အနာဂတ်တွင် ပိုမို များပြားလာဦးမည်ဖြစ်သည်။ အိုင်ဗီသည် သူမ၏ ရင်ထဲမှ လေးလံမှုကို ဖိနှိပ်ထားရင်း အေးဆေးစွာ ထွက်လာခဲ့ရာ မကြာမီ အဲလ်ရိုး တောင်ကုန်းများ အနီးသို့ ရောက်ရှိလာသည်။

အဲ့အနီးတွင် ကားအချို့ ရှိနေသေးသော်လည်း အများကြီး မဟုတ်သဖြင့် အိုင်ဗီသည် အလွယ်တကူ ဖြတ်သန်းကာ သူမသွားလိုသော နေရာသို့ ရောက်ရှိသွားသည်။

လမ်းတွင် ဇမ်ဘီများနှင့် တိုက်ခိုက်ရင်း တောင်ခြေသို့ ရောက်ခါနီးတွင် ရုတ်တရက် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ အတိအကျ ပြောရလျှင် အမျိုးသမီးတစ်ဦး၏ အော်သံ ဖြစ်သည်။

အိုင်ဗီ မျက်မှောင်ကြုတ်လိုက်ပြီး အသံလာရာဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ရာ၊ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲ အေးစက်သွားတော့သည်။

အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ အဝတ်အစားများ လုံးဝ ချွတ်ခံထားရပြီး အသည်းအသန် ရုန်းကန်နေရသည်။ အမျိုးသား နှစ်ဦးက သူမကို ဖိထားကြသည်။

သူမ၏ ရှေ့တွင် ရပ်နေသော တတိယမြောက် အမျိုးသားကို ကြည့်ရင်း ထိုအမျိုးသမီး၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်။ ထိုအမျိုးသားမှာ ကြည့်ကောင်းသော ရုပ်ရည် ရှိသည်။

သူသည် အသက် ၄၀ အစောပိုင်းအရွယ် ခန့်ရှိပုံရပြီး အနက်ရောင် ပိုလို တီရှပ်နှင့် ကြည့်လျှင် ချမ်းသာသော အမွေခံသူဌေးသား တစ်ဦးနှင့် တူသည်။ သို့သော် သူက ထိုသို့ မဟုတ်ပါ။

သူ့မျက်နှာပေါ်က ရမ္မက်ဇော ထနေသော အမူအရာက အိုင်ဗီ့ကို ထိုသို့ ပြောပြနေသည်။ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များမှသည် ဖြူဖျော့သော အသားအရေနှင့် လိုက်ဖက်သည့် လက်ပေါ်က တက်တူးများ၊ ထုဆစ်ထားသကဲ့သို့ လှပသော ခန္ဓာကိုယ်အထိ အားလုံးက ပြည့်စုံနေသည်။

"အန်တီကလည်း... ဘာလို့ ဒီလောက် ရိုင်းနေရတာလဲ ကျွန်တော်က နည်းနည်းလေး ပျော်ချင်ရုံတင်ပါ။ မအော်နဲ့လေ။ ကျွန်တော်တို့ ဖြစ်နေတုန်း ဇမ်ဘီဖြစ်သွားတာမျိုး မဖြစ်ချင်ဘူး မဟုတ်လား အန်တီပဲ အမြတ်ထွက်မှာပါ။ ကျွန်တော်က ချောလည်းချောသလို လျော်ကြေးအနေနဲ့ ဘီစကစ် တစ်ထုပ်တောင် ပေးမှာလေ။"

ထိုအမျိုးသမီးမှာ ကြောက်လန့်တုန်ရီစွာဖြင့် ရုန်းကန်ရင်း မျက်ရည်များကြားမှ တောင်းပန်နေသည်။

"ကျေးဇူးပြုပြီး အန်တီ့ကို လွှတ်ပေးပါနော်။ တွမ် ... ငါက နင့်ဦးလေးရဲ့ မိန်းမလေ ငါ့အပေါ် ကရုဏာ ထားပါဦ!"

ထိုအမျိုးသမီးကိုယ်တိုင်မှာလည်း အတော်လေး လှပသူဖြစ်သည်။ ညစ်ပတ်ပေရေနေသော ရွှေဝါရောင် ဆံနွယ်များ၊ ဖြူဖျော့သော အသားအရေနှင့် အချိုးအစားကျသော ခန္ဓာကိုယ်မှာ ကြည့်လို့ အလွန်ကောင်းလှသည်။

"ဘာတွေ ပြောနေတာလဲ ကျွန်တော် ကရုဏာ ထားနေတာပဲ မဟုတ်လား ကျွန်တော်နဲ့ အတူအိပ်ရင် အန်တီ ဘာမှ မရှုံးဘူး။ အဲ့ဒီအစား လူငယ်တစ်ယောက်ရဲ့ အားအင်ကိုတောင် ခံစားရဦးမှာ။ ကဲ... မရုန်းနဲ့တော့၊ လျော်ကြေးအနေနဲ့ ဘီစကစ် နှစ်ထုပ် ပေးမယ်၊ ဟုတ်ပြီလား"

ထိုသို့ ပြောပြီးနောက် သူသည် ဘောင်းဘီချွတ်ကာ သူမပေါ်သို့ အုပ်မိုးလိုက်သည်။ အမျိုးသမီးကို ဖိထားသော အမျိုးသားနှစ်ဦးမှာလည်း သူမ၏ ရုန်းကန်မှုကို အခွင့်ကောင်းယူကာ သူမ၏ ရင်ဘတ်နှင့် ခါးကို တစ်ချက်တစ်ချက် နှိပ်နယ်နေကြသည်။

အရှက်ရမှုကြောင့် စီးကျလာသော မျက်ရည်များနှင့်အတူ ထိုအမျိုးသမီး၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များ ပေါ်လာတော့သည်။

အခန်း ၁၁၆ - တိုက်ပွဲ

ထိုလူလေးဦးနှင့် မလှမ်းမကမ်းတွင် လူအနည်းငယ်မှာ ဇမ်ဘီများကို အလုပ်ရှုပ်ခံကာ တိုက်ထုတ်နေကြသည်။ သူတို့၏ တုံ့ပြန်မှုနှင့် ဖျတ်လတ်မှုအရ ဆိုလျှင် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သူများဖြစ်ကြောင်း သိသာလှသည်။

တိုက်ခိုက်ရေးအဖွဲ့ထဲမှ အမျိုးသမီးတစ်ဦးမှာ မျက်မှောင်ကြုတ်လျက်၊ ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးဘက်သို့ မထီမဲ့မြင်ကြည့်ကာ အော်ဟစ်လိုက်သည်။

"အော်မနေနဲ့တော့ နင့်အတွက် ဒါက ပထမဆုံးအကြိမ်ကျနေတာပဲ။ ဘုရားသခင်ကို ထောက်ထားပါဦး၊ နင်က အပျိုမှ မဟုတ်တော့တာ။ ရင်ထဲမှာတော့ ပျော်နေပြီး လင်သားအပေါ် ဖောက်ပြန်မိတယ်ဆိုတဲ့ အပြစ်ရှိစိတ်ကြောင့် ဟန်ဆောင်နေတာ မဟုတ်လား။"

ထိုအမျိုးသမီးမှာ ဆံပင်အတို၊ အသားဖြူဖြူနှင့် တစ်ကိုယ်လုံး တက်တူးများ ပြည့်နှက်နေသည်။ သူမ အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း သူမ၏ မျက်ဝန်းထဲမှ မနာလိုမှုမှာ အတိုင်းသား ပေါ်လွင်နေသည်။

ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးမှာမူ ဆက်လက်ရုန်းကန်နေဆဲ။ ပျော်ရွှင်ရတာလား ကျေနပ်ရတာလား သူမ ထိုကဲ့သို့ ဘာတစ်ခုမှ မခံစားရပါ။ အဲ့ဒီအစား ကြောက်ရွံ့မှုနှင့်အတူ ဤအရှက်ရမှုကြီးကို မခံစားရတော့စေရန် သူမကိုယ်သူမ အဆုံးစီရင်လိုစိတ်သာ ပြင်းပြနေသည်။

'ဘုရားသခင်... တကယ်လို့ ကျွန်မကို မကယ်နိုင်ဘူးဆိုရင်... သတ်လိုက်ပါတော့။ ဒီလိုအဖြစ်ဆိုးမျိုး ကြုံရမယ်ဆိုရင်... ကျွန်မ အသက်ကို ကျွန်မကိုယ်တိုင်ပဲ အဆုံးသတ်လိုက်ပါတော့မယ်။' ဆာရှာ ဟု ခေါ်သော ထိုအမျိုးသမီးက တွေးနေမိသည်။ သူမသည် မျက်လုံးများကို တင်းတင်းမှိတ်ထားသည်၊ ချဉ်းကပ်လာမည့် ငရဲကို မမြင်ရလျှင် ဖြစ်မလာနိုင်တော့သယောင်။

ဆံပင်တိုနှင့် အမျိုးသမီးက မျက်လုံးလှန်ပြကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"မိန်းမပျက်က... အကောင်းယောင်ဆောင်နေလိုက်တာ။"

"ရပ်လိုက်စမ်း။" အိုင်ဗီ၏ အေးစက်သော အသံက ထိုလူအုပ်စု၏ အာရုံကို ဆွဲဆောင်လိုက်သည်။

"အဲ့ဒီအမျိုးသမီးကို လွှတ်ပေးဖို့ ရှင်တို့ကို အချိန် ၁ မိနစ် ပေးမယ်၊ မဟုတ်ရင်တော့ အကျိုးဆက်က ကောင်းမှာမဟုတ်ဘူး။"

တွမ်နှင့် သူ့နောက်လိုက်များက အိုင်ဗီ့ကို ကြည့်ကာ ရယ်မောလိုက်ကြသည်။ သူတို့အမြင်တွင် အိုင်ဗီမှာ သူတို့သတ်ဖြတ်ခြင်းကို ခံရရန် စောင့်ဆိုင်းနေသည့် အပြစ်ကင်းစင်သော သိုးငယ်လေးတစ်ကောင်သာ ဖြစ်သည်။

"တောက်... ဝိုး... တစ်ယောက်ယောက်က ကြားဝင်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားဘူးဟ။ အလှလေး... ဒါက မင်း ငါ့အာရုံကို ဆွဲဆောင်ဖို့ သုံးတဲ့ နည်းလမ်းဆိုရင်တော့ မင်း အောင်မြင်သွားပြီ။" တွမ်က ရယ်မောလျက် ပြောသည်။

ဆာရှာ၏ မျက်နှာ ဖြူဖျော့သွားသည်။ ရမ္မက်ဇောထနေသော လူရမ်းကားများနှင့်စာလျှင် အိုင်ဗီ၏ မျက်ဝန်းထဲမှ ဒေါသကို သူမ မြင်နိုင်သော်လည်း စိတ်မအေးနိုင်သေးပေ။

'ဒီကောင်မလေး... သူမ ပုန်းနေသင့်တာ။ အခုတော့ ဒီမိစ္ဆာတွေက သူမကိုပါ တိုက်ခိုက်ကြတော့မယ်။' ဆာရှာက အိုင်ဗီ့ကို ထွက်သွားရန် မျက်ရိပ်ပြလိုက်သည်။

သို့သော် အိုင်ဗီက ဂရုမစိုက်ပါ။ အဲ့ဒီအစား သူမ၏ မျက်ဝန်းထဲတွင် ဒေါသတောများ တောက်လောင်နေသည်။ အဓမ္မပြုကျင့်ခံရခြင်းမှာ သူမကိုယ်တိုင် လက်တွေ့ကြုံခဲ့ဖူးသည့် အရာလေ။

ထိုအချိန်တုန်းကလည်း ဆံပင်တိုနှင့် အမျိုးသမီးလို လူမျိုးများစွာက သူမကို ချောမောသော အမျိုးသားတစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကို ခံရသည့်အတွက် ကျေးဇူးတင်သင့်သည်ဟု ပြောခဲ့ကြဖူးသည်။

ကျေးဇူးတင်ရမာ် ဟုတ်လား ကျူးလွန်သူက ချောမောနေရုံနဲ့လား ဘာကြောင့်လဲ 'မလိုချင်ဘူး' ဆိုတာ 'မလိုချင်ဘူး' လို့ အဓိပ္ပာယ်ရမှန်း သူတို့ နားမလည်ကြဘူးလား

သူမ သူတို့ကို အကြိမ်ကြိမ် တောင်းပန်ခဲ့ဖူးသည်၊ လူသားချင်း စာနာထောက်ထားဖို့ သတိပေးခဲ့ဖူးသည်၊ ဒါပေမဲ့ ဘာမှမထူးခဲ့ပါ။ အများစုက သူမ ပျော်နေပြီး ဟန်ဆောင်နေတယ်လို့ပင် ထင်ခဲ့ကြသည်။

ထိုအချိန်က သူမကို ဘယ်သူမှ မကယ်တင်ခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင်တော့ ဒီအမျိုးသမီးကို သူမ သေချာပေါက် ကယ်တင်မည်ဖြစ်သည်။

တွမ်၏ စကားများက အိုင်ဗီ၏ နားထဲတွင် ပဲ့တင်ထပ်နေသော်လည်း သူမက ဘာမှ ပြန်မပြောဘဲ ဆာရှာကိုသာ စိုက်ကြည့်နေသည်။ သူမ ဘာတွေးနေသလဲဆိုတာ ဘယ်သူမှ မသိနိုင်။

ခဏတာမျှတော့ ကယ်လ်ဗင်ဟတ်ထဲဟု ခေါ်သော ထိုအဖွဲ့မှာ ကြောင်သွားကြပြီး အိုင်ဗီက ရုပ်သေးရုပ် တစ်ရုပ်လားဟုပင် ထင်မှတ်သွားကြသည်။

"ဟင် သူမ ကြောက်သွားပြီလား ဒါမှမဟုတ် စောစောက စကားတွေက ငါတို့ကို ဒေါသထွက်အောင်လုပ်ပြီး သူမကို အကြမ်းပတမ်းပဲ သိမ်းပိုက်စေချင်လို့လား။ ဟားဟားး” နိတ် က ရယ်မောလိုက်သည်။ သူသည် အဖွဲ့ထဲတွင် အရပ်အပုဆုံး ဖြစ်သော်လည်း သူ၏ စွမ်းအားကြောင့် ခေါင်းဆောင် နီးပါး အာဏာရှိသူဖြစ်သည်။

"နောက်ထပ် အပျက်မ တစ်ယောက်ပဲ။ တွမ်၊ မင်း အဲ့ကောင်မကို မလုပ်နဲ့ဦး။ အဲ့ဟာမမှာ AIDS ရှိနေရင် ဘယ်လိုလုပ်မလဲ ငါ့စကား နားထောင်ပြီး ဇမ်ဘီကို အရင် စမ်းသပ်ခိုင်းလိုက်။" မီဂန်လို့ ခေါ်သော ဆံပင်တိုနှင့် အမျိုးသမီးက ဟိန်းဟောက်လိုက်သည်။

"မီဂန်က အကြံကောင်း ပေးတာပဲ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ငါ့ကို အရင် ပေးလုပ်ပါဦးလာ ဒီလောက် လှတဲ့သူ... AIDS ရှိရင်တောင် ငါကတော့ အတူနေချင်သေးတယ်ကွ။"

ဝေါ့တ်က ရမ္မက်ဇောဖြင့် ရယ်မောလိုက်ရင်း အိုင်ဗီ့ကို သားကောင်တစ်ကောင်လို စိုက်ကြည့်နေသည်။

"တောင်းပန်ပါတယ် ကျေးဇူးပြုပြီး သူမကို ဘာမှ မလုပ်ပါနဲ့" ဆာရှာက တောင်းပန်ရှာသည်။ သူမရဲ့ ငရဲထဲသို့ နောက်ထပ် မိန်းကလေးတစ်ယောက်ကို မဆွဲသွင်းချင်တော့ပါ။

ဖြန်း။

နိတ်က ဆာရှာရဲ့ ပါးကို ရိုက်ချလိုက်ပြီး "နင့်သဘောထားကို ဘယ်သူကမေးလို့လဲ၊ ကောင်မရဲ့"

ရုတ်တရက် သူတို့၏ စကားဝိုင်းမှာ အေးစက်သာယာသော အသံလေးတစ်ခုကြောင့် ပြတ်တောက်သွားသည်။

"အချိန်ပြည့်ပြီ။"

နောက်တစ်စက္ကန့်တွင် အိုင်ဗီသည် ဆာရှာ၏ ညာဘက်လက်မောင်းကို ကိုင်ထားသော နိတ်ဆီသို့ ဦးတည်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

"ဟဲဟဲ အလှလေး... မင်းက လူမှန်ကို ရွေးတာပဲ... အား"

အိုင်ဗီ၏ လက်သီးက နိတ်၏ မေးရိုးကို အရှိန်ပြင်းပြင်းဖြင့် ထိမှန်သွားသဖြင့် သူ နောက်သို့ ယိုင်သွားပြီး သွေးအန်ထွက်သွားသည်။ သူ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အိုင်ဗီက လှည့်၍ သူ၏ ဝမ်းဗိုက်ကို ကန်ချလိုက်ရာ အမှိုက်ပုံထဲသို့ လွင့်စင်သွားတော့သည်။

တွမ်၏ လှောင်ပြုံးမှာလဲ ပျောက်ကွယ်သွားသည်။

“သူမကို ဖမ်းစမ်း” သူက အော်ဟစ်ရင်း ရှေ့သို့ ပြေးဝင်လာသော်လည်း အိုင်ဗီက ငုံ့ရှောင်လိုက်ပြီး သူမ၏ တံတောင်ဖြင့် သူ၏ နံရိုးကို ထိုးလိုက်သည်။ သူ အသက်ရှူရပ်မတတ် ဖြစ်သွားစဉ် သူမက ဒူးဖြင့် သူ၏ ရင်ဘတ်ကို ထပ်မံ တိုက်ခိုက်လိုက်ရာ ပက်လက်လန်လဲကျသွားတော့သည်။

ဝေါ့တ်က နောက်ကနေ ဖမ်းရန် ကြိုးစားသော်လည်း အိုင်ဗီက ဘေးသို့ ရှောင်ကာ သူမ၏ ခြေထောက်ဖြင့် သူ၏ ခြေကျင်းဝတ်ကို ဖျတ်ကနဲ မလိုက်ရာ သူ ဟန်ချက်ပျက်သွားသည်။

သူ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီး မထနိုင်ခင်မှာပင် အိုင်ဗီက သူ၏ လက်ကောက်ဝတ်ကို တက်နင်းလိုက်သဖြင့် သူ အော်ဟစ်သွားရသည်။

မီဂန်က ဓားဖြင့် ဝှေ့ယမ်းလိုက်သော်လည်း အိုင်ဗီက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းကာ လိမ်ချိုးလိုက်ပြီး ဓားကို လုယူလိုက်သည်။ ဓားကို ဘေးသို့ ပစ်ချလိုက်ပြီး မီဂန်၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်ရာ မီဂန်သည် နှာခေါင်းကို ကိုင်ကာ အော်ဟစ်လျက် နောက်သို့ လဲကျသွားသည်။

တွမ်က သွားကြိတ်လျက် သူ၏ စွမ်းအားမြင့် အရှိန် ကို သုံးကာ အော်လိုက်သည်။ "စွမ်းအားတွေ သုံးကြစို့"

အိုင်ဗီသည် သူမ၏ ဂျာကင်အင်္ကျီကို ချွတ်ကာ ဆာရှာ၏ ကိုယ်ပေါ်တွင် ခြုံပေးလိုက်စဉ် ဆာရှာ၏ မျက်လုံးများ ပြူးကျယ်သွားသည်ကို မြင်လိုက်ရပြီး သူမ၏ အော်သံကို ကြားလိုက်ရသည်။

“သတိထား”

နောက်တစ်စက္ကန့်တွင် အိုင်ဗီ လှည့်လိုက်သော်လည်း တွမ်က သူမရှေ့သို့ ရောက်နေပြီဖြစ်သည်။ သူ၏ အရှိန်မှာ မျက်စိဖြင့် မလိုက်နိုင်လောက်အောင် မြန်လှသည်။ သူ၏ လက်သီးက သူမ၏ မျက်နှာဆီသို့ ဦးတည်လာရာ သူမ ခေါင်းကို အနည်းငယ် တိမ်းစောင်းလိုက်သဖြင့် လေတိုးသံနှင့်အတူ လက်သီးမှာ လက်မဝက်ခန့်အကွာမှ လွဲချော်သွားသည်။

သူမ ပြန်မတိုက်ခိုက်နိုင်ခင်မှာပင် ဝေါ့တ်၏ လက်များမှာ ထူးဆန်းသော အနီရောင်အလင်းများ တောက်ပလာပြီး သူမ၏ လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။ သူ၏ ခွန်အားမှာ သဘာဝထက် ကျော်လွန်နေပြီး သူမ၏ ကြွက်သားများကို ညှစ်ခြေနေသကဲ့သို့ ခံစားရသည်။

အိုင်ဗီသည် ကိုယ်ကို လှည့်ကာ သူမ၏ ဒူးဖြင့် သူ၏ ပေါင်ကို တိုက်လိုက်သဖြင့် သူ ညည်းတွားသွားစဉ်၊ ဝမ်းဗိုက်ကို အားပြင်းပြင်းဖြင့် ကန်လိုက်ပြန်သည်။

သူ နောက်သို့ လွင့်ထွက်သွားပြီး နံရံတစ်ခုနှင့် ဆောင့်မိသွားသည်။

နိတ်က နောက်တစ်ယောက်အဖြစ် ဝင်လာသည်။ သူ၏ အရေပြားမှာ မာကျောသော ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည်။ သူက နွားသိုးတစ်ကောင်လို အတင်းတိုးဝင်လာသော်လည်း အိုင်ဗီက ဘေးသို့ ရှောင်ကာ သူ၏ ဒူးခေါင်းကို ဘေးတိုက် ကန်လိုက်တော့သည်။

All Chapters