← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း ၁၁၇ - ကြည်ညိုလေးစားမှု

အရိုးကျိုးသွားသံနှင့်အတူ နိတ်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး အိုင်ဗီက သူ၏ နားထင်ကို လက်သီးဖြင့် ထပ်မံ ထိုးနှက်လိုက်ရာ သူ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။

တွမ် က ရုတ်တရက် အရှိန်ဖြင့် ပြန်လည် ရောက်ရှိလာပြီး အိုင်ဗီ၏ နံရိုးကို အားပြင်းပြင်းဖြင့် တိုက်ခိုက်လိုက်ရာ ထရပ်ကားတစ်စီးနှင့် တိုက်မိသကဲ့သို့ ပြင်းထန်လှသည်။ သူမ၏ ရင်ဘတ်ထဲတွင် နာကျင်မှုများ စိမ့်တက်သွားပြီး သူမ၏ နံဘေးကို ဆုပ်ကိုင်လျက် နောက်သို့ ယိုင်သွားရသည်။

မီဂန်က အခွင့်ကောင်းယူကာ သူမ၏ လက်များမှ လျှပ်စစ်စွမ်းအင်များ ထွက်ပေါ်စေလျက် ပြေးဝင်လာသည်။ အိုင်ဗီက ပထမတစ်ချက်ကို ငုံ့ရှောင်လိုက်ပြီး မီဂန်၏ ခြေထောက်ကို သိမ်းကန်လိုက်ရာ မီဂန် လဲကျသွားသည်။

သို့သော် အိုင်ဗီ အဆုံးသတ်ရန် ပြင်ဆင်နေစဉ်မှာပင် ဝေါ့တ် က သူ၏ သဘာဝထက်သာလွန်သော ခွန်အားဖြင့် ပြန်လည် ရောက်ရှိလာသည်။ သူက အိုင်ဗီ၏ လက်မောင်းကို ဖမ်းဆုပ်ကာ ကားတစ်စီး၏ ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။ ကား၏ သံကိုယ်ထည်မှာ ကျယ်လောင်သော အသံနှင့်အတူ ချိုင့်ဝင်သွားပြီး အိုင်ဗီမှာ အသက်ရှူကြပ်လျက် နံရိုးမှ နာကျင်မှုမှာ ပိုမို ပြင်းထန်လာသည်။

သို့သော်လည်း အိုင်ဗီသည် သွားကြိတ်လျက် ကိုယ်ကို ပြန်ထူလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသော်လည်း "ငါ မပြီးသေးဘူး" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

တွမ်၏ လှောင်ပြုံးကမူ သူမကို အထင်သေးနေဆဲ။ "နင်က မာသားပဲ၊ ဒါပေမဲ့ ငါတို့က သာမန် လူရမ်းကားတွေ မဟုတ်ဘူးဆိုတာ မှတ်ထား" ဟု ပြောရင်း သူမဆီသို့ လေချွန်လျက် လျှောက်လာသည်။

အိုင်ဗီက ခုခံမည့် အနေအထား ပြင်လိုက်စဉ် တွမ်က သူ၏ အရှိန်ကို သုံးကာ အိုင်ဗီ၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်ရာ သူမ အသည်းအသန် ရှောင်လိုက်ရသည်။

တွမ် ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ဘယ်ဘက်နံရိုးမှ စတင်ကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ စူးရှသော နာကျင်မှု ပြန့်နှံ့သွားပြီး ကားကိုယ်ထည်နှင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။

"ကောင်မ နင် ဘယ်လိုတောင် ရဲတင်းရတာလဲ" မီဂန်က အော်ဟစ်ရင်း ပြေးဝင်လာသည်။ သို့သော် သူမ၏ ကံကြမ္မာက မကောင်းလှပါ။ အိုင်ဗီသည် မီဂန်၏ အရှိန်ကို အသုံးချကာ သူမကို ချုပ်ကိုင်ပြီး လက်သီးဖြင့် အားပါပါ ထိုးနှက်လိုက်သည်။

"အား" မီဂန် မြေပြင်ပေါ်သို့ ကျကာ လူးလိမ့်နေတော့သည်။ ထိုစဉ် အိုင်ဗီ၏ နောက်ကွယ်မှ ရုတ်တရက် ပေါ်လာသော ဝေါ့တ်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် အိုင်ဗီ့ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားရသည်။

အဟွတ်... အဟွတ်... အိုင်ဗီ သွေးအန်ထွက်လာပြီး သူမ၏ ကလီစာများ သွေးထွက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူမတွင် စဉ်းစားနေရန် အချိန်မရှိပါ။ နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ယောက်က သူမ၏ ဆံပင်ကို အားဖြင့် ဆွဲလိုက်သဖြင့် ဦးရေပြားမှာ ထုံကျင်ပူလောင်သွားသည်။

အိုင်ဗီသည် ညည်းတွားသံကို အောင့်ထားရင်း သူမ၏ ဆံပင်ကို ဆွဲထားသော လက်ကို ပြန်လည် ဖမ်းဆုပ်လိုက်ကာ ကိုယ်ကို လိမ်ပြီး ထိုသူ၏ အရေးကြီးသော နေရာကို အားဖြင့် ကန်ချလိုက်သည်။ ထိုဒဏ်ချက်က အလုပ်ဖြစ်သွားပြီး တိတ်ဆိတ်နေသော တောအုပ်အတွင်း နာကျင်စူးရှသော အော်ဟစ်သံကြီး ပဲ့တင်ထပ်သွားရာ အနီးနားရှိ ဇမ်ဘီများ၏ အာရုံကိုပင် ဆွဲဆောင်သွားတော့သည်။

နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ရင်း အိုင်ဗီသည် တုန်ယင်နေသော ခြေလှမ်းများဖြင့် ထရပ်ကာ နိတ်ကို ရိုက်နှက်နေသော အမျိုးသမီးဆီသို့ လျှောက်သွားသည်။

ဆာရှာကဝန်ထုပ်ဝန်ပိုး မဖြစ်လိုသဖြင့် တိုက်ပွဲအလယ်တွင် ထရပ်ကာ အနည်းငယ် သတိပြန်ရလာပြီး သူ့သူငယ်ချင်းတွေအတွက် ကလဲ့စားချေရန် ပြင်နေသော နိတ်ကို ပြန်လည် ရိုက်နှက်နေခြင်း ဖြစ်သည်။

အိုင်ဗီက ကျန်ရှိနေသော လူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူမ၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ 'ရှင်တို့သာ ဒီမှာ ဆက်နေရင် ရှင်တို့ကိုပါ ငါ ရိုက်မှာ' ဟု ဖြစ်သည်။

ထိုလူများမှာလည်း တုံ့ဆိုင်းနေပြီးမှ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ အလုပ်ရှင် တွမ်ကို ရဲရဲဝံ့ဝံ့ တားဆီးခဲ့သော ဤပန်းရောင်ဆံပင်နှင့် လှပသည့် အမျိုးသမီးကို ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်လာသည်။

ကျန်ရှိနေသော အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးမှာ တွမ်တို့ အဖွဲ့က ဇမ်ဘီများကို တိုက်ခိုက်ရန် ငှားရမ်းထားသော သူများ ဖြစ်သည်။ တွမ်နှင့် သူ့အဖွဲ့က ကာမဂုဏ် လိုက်စားနေချိန်တွင် သူတို့က ဇမ်ဘီရန်မှ ကာကွယ်ပေးရန် ဖြစ်သည်။

အစပိုင်းတွင် တွမ်တို့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်နေသည်ကို မြင်လိုက်ရသောအခါ သူတို့ မှင်သက်သွားကြပြီး ဤအလုပ်ကို လက်ခံခဲ့မိသည့်အတွက် နောင်တရသွားကြသည်။ အချို့မှာ တွမ်တို့ကို တားဆီးချင်သော်လည်း ဆူပူကြိမ်းမောင်းခြင်းကိုသာ ခံခဲ့ရသည်။

ထို့ကြောင့် အိုင်ဗီက တွမ်တို့အဖွဲ့ကို တိုက်ခိုက်ချိန်တွင် သူတို့က သေချင်ယောင်ဆောင် နေခဲ့ကြခြင်း ဖြစ်သည်။ ထိုအေးစက်သော အလှပိုင်ရှင်လေးကို သူတို့ ကူညီပေးချင်ခဲ့သော်လည်း၊ အံ့ဩစရာကောင်းသည်မှာ သူမ တစ်ဦးတည်းနှင့်ပင် စွမ်းအားရှင် လေးဦးပါသော တွမ်တို့အဖွဲ့ကို အနိုင်ယူနိုင်ခဲ့ခြင်းပင်။

ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ။

ထိုအဖွဲ့ထဲမှ မေဆန်ဆိုသူမှာ အိုင်ဗီ့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်ကာ မျက်ဝန်းထဲတွင် ချစ်မြတ်နိုးမှုနှင့် ကြည်ညိုမှုများ ပြည့်နှက်နေသည်။

'ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ အလှလေးလဲ... သူမသာ ငါ့ရည်းစား ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ။'

ကျန်သည့် အမျိုးသား နှစ်ဦးမှာလည်း အလားတူ အတွေးမျိုး ရှိကြသော်လည်း သူတို့၏ ရည်းစားများမှာ ဘေးတွင် ရှိနေသဖြင့် ထိုအတွေးကို ဆက်မတွေးရဲကြပေ။

အမျိုးသမီး နှစ်ဦးမှာမူ အိုင်ဗီ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ အိုင်ဗီနှင့် မတွေ့ခင်အထိ သူတို့ကိုယ်သူတို့ တော်လှပြီး သန်မာသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခုမူ... အိုင်ဗီ၏ လုပ်ဆောင်ချက်များကို မြင်လိုက်ရသောအခါ သူတို့၏ လုပ်ရပ်မှာ ဘယ်လောက်တောင် ရယ်စရာကောင်းကြောင်း သိလိုက်ရသည်။ တကယ်လို့ သူတို့သာ အိုင်ဗီလို သန်မာခဲ့လျှင် ကြားဝင်တားဆီးခဲ့ကြမည်မှာ သေချာသည်။ သို့သော် သူတို့မှာ အိုင်ဗီကဲ့သို့ စွမ်းအားနှင့် သတ္တိ မရှိခဲ့ကြပေ။

သူတို့၏ ရည်းစားများက အိုင်ဗီ့ကို လေးစားသော အကြည့်များဖြင့် ကြည့်နေသည်ကိုလည်း ထိုအမျိုးသမီး နှစ်ဦးက တိတ်ဆိတ်စွာ နေရန်သာ ဆုံးဖြတ်လိုက်ကြသည်။ ဘယ်သူ့ကို လိမ်နေကြရမှာလဲ အမှန်တရားမှာ... သူတို့ကိုယ်တိုင်ပင် အိုင်ဗီ့ကို ကြည့်ရင်း ရင်ထဲတွင် မဖော်ပြနိုင်သော ခံစားချက်များဖြင့် ရင်ခုန်နေကြသောကြောင့် ဖြစ်သည်။

သူတို့ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ အိုင်ဗီ မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကိုပါ တိုက်ခိုက်ရမလားဟု တွေးမိသွားသည်။ သို့သော် သူမ၏ မျက်နှာအမူအရာက အလွန်ထင်ရှားသွားပုံရသဖြင့် နောက်တစ်စက္ကန့်တွင် မေဆန်တို့အဖွဲ့ ထွက်ခွာသွားကြတော့သည်။

သူတို့ ထွက်သွားသည်ကို သေချာစေပြီးနောက် အိုင်ဗီသည် သူမ၏ ဆံပင်ကို အထုပ်လေး ထုံးလိုက်ပြီး ဝေါ့တ်ဘက်သို့ လှည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ဝေါ့တ်က သူမအပေါ် လုပ်ခဲ့သကဲ့သို့ သူ၏ ပုခုံးကျော် ဆံပင်များကို ဖမ်းဆုပ်ကာ ကားဆီသို့ ဆွဲခေါ်သွားပြီး ကားကိုယ်ထည်နှင့် ခေါင်းကို ဆောင့်ပစ်လိုက်သည်။

သူမ၏ ဦးရေပြားမှာ အတော်လေး နာကျင်ခဲ့သဖြင့် ဒီလူယုတ်မာကိုလည်း ထိုအတိုင်း ခံစားစေမည်ဖြစ်သည်။ နာကျင်စွာ အော်ဟစ်သံ ထပ်မံ ထွက်ပေါ်လာသော်လည်း ယခုတစ်ကြိမ်တွင်မူ ဇမ်ဘီများက အိုင်ဗီ့ဘက်သို့ တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး အကြည့်လွှဲသွားကြသည်။

ဇမ်ဘီများ: "..." ငါတို့ မတရား အဆော်ခံရတာကို ငြင်းဆန်တယ်

လူသားတွေ သူတို့ရဲ့ ဒေါသကို ငါတို့အပေါ်မှာ ပုံချဖို့ လက်နက်တစ်ခုအဖြစ် အသုံးချခံရတာကိုလည်း ငါတို့ ငြင်းဆန်တယ်

ဆာရှာ: "..." ဝိုး... ဇမ်ဘီတွေတောင် တွမ်တို့အဖွဲ့ထက် ပိုပြီး ရှင်သန်မှု ဗီဇ ရှိကြသေးတယ်ပဲ။

သူတို့အားလုံးကို တစ်ယောက်ချင်းစီ ပြန်လည် နှိပ်စက်ပြီး တုပ်နှောင်ပြီးနောက်၊ အိုင်ဗီသည် ဆာရှာဘက်သို့ အာရုံလှည့်လိုက်သည်။ သူမ၏ အေးစက်သော မျက်ဝန်းများ အနည်းငယ် နူးညံ့သွားပြီး "ရှင် အဆင်ပြေရဲ့လား?" ဟု ခပ်တိုးတိုး မေးလိုက်သည်။

ဆာရှာ၏ ရင်ခုန်သံမှာ ရင်ဘတ်ထဲတွင် ပြင်းထန်စွာ မြည်ဟည်းနေပြီး၊ သူမက ခေါင်းညိတ်ပြကာ တုန်ရီသောအသံဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ရှင်က ဒီအနီးအနားမှာ နေတဲ့သူလား၊ ဒါမှမဟုတ် ဒီကို ခိုလှုံဖို့ လာတဲ့သူလား" အိုင်ဗီက ထပ်မံ မေးလိုက်သည်။

ဆာရှာ၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားပြီးနောက် ဝမ်းနည်းသော အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်မက ဒီကို ခိုလှုံဖို့ လာတာပါ။ လမ်းမှာ ကျွန်မရဲ့ ခဲအိုနဲ့ တွေ့ခဲ့တာ... ဘယ်သူက ထင်ထားမှာလဲ..."

အခန်း ၁၁၈ - မယုံနိုင်စရာ လက်ကျန်ပမာဏ

ဆာရှာ၏ မျက်နှာထက်မှ မှောင်မှိုင်နေသော အမူအရာကပင် သူမ အတော်လေး ဒုက္ခရောက်ခဲ့သည်ကို အိုင်ဗီ့အား ပြောပြနေသကဲ့သို့ ရှိနေသည်။ အိုင်ဗီက ထိုအမျိုးသမီးရဲ့ ပုခုံးကို အသာအယာ ပုတ်လိုက်ရာ ဆာရှာမှာ အနည်းငယ် တွန့်သွားမိသည်။

သူမ ဘာလုပ်မိသွားမှန်း သတိရသွားသည်နှင့် ဆာရှာက ချက်ချင်း တောင်းပန်လိုက်သည်။

"အားနာလိုက်တာ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး..."

သို့သော် သူမ၏ မျက်ဝန်းများက အိုင်ဗီ၏ နက်ရှိုင်းပြီး အဓိပ္ပာယ်ပါသော အကြည့်များနှင့် ဆုံမိသောအခါ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားတော့သည်။

အိုင်ဗီသည် ဆာရှာ၏ တုံ့ပြန်မှုကို နားလည်သည်။ သူမကိုယ်တိုင်လည်း တစ်ချိန်က ဤကဲ့သို့သော စိတ်ဒဏ်ရာ ရှိခဲ့ဖူးတယ်‌လေ။ နှစ်ပေါင်းများစွာ စော်ကားခံခဲ့ရပြီးနောက် အိုင်ဗီသည် ထိလိုက်လျှင် ညှိုးနွမ်းသွားသည့် ထိကရုန်းအပင်လေးလို ဖြစ်ခဲ့ဖူးသည်။

သူမရဲ့မိဘအရင်းများ၏ ကျေးဇူးကြောင့်သာ ဤတွန့်ဆုတ်တတ်သည့် အလေ့အကျင့်ကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။

(ယခုဘဝတွင် မိဘအရင်းများနှင့်မဆုံရသေးပါ။)

"ရပါတယ်၊ ဒါက ရှက်စရာ မဟုတ်ပါဘူး" ဟု အိုင်ဗီက အားပေးလိုက်ပြီး စေတနာရှေ့ထားကာ မေးလိုက်သည်။

"ရှင် စစ်တပ်စခန်းကို သွားချင်လားကျွန်မ လိုက်ပို့ပေးမယ်လေ။"

ဆာရှာ၏ မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြသည်။ "သိပ်ကောင်းတာပေါ့"

မကြာမီ အိုင်ဗီသည် ဆာရှာကို စစ်တပ်စခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ လမ်းခရီးတွင် သူတို့ တော်တော်များများ စကားပြောဖြစ်ကြရာ ဆာရှာ၏ အခြေအနေကို အိုင်ဗီ အကြမ်းဖျင်း သိရှိခဲ့ရသည်။ သူမသည် မူလက လူလတ်တန်းစား မိသားစုမှ ဖြစ်ပြီး၊ သူမ၏ ဖခင်ဖြစ်သူက ချမ်းသာသော မိသားစုခေါင်းဆောင်တစ်ဦး၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက်ကြောင့် ထိုမိသားစု၏ အမွေခံ သားဖြစ်သူ ဇိန်းနှင့် လက်ထပ်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ဇိန်းမှာ ရုပ်ရည်အားဖြင့် ပျမ်းမျှထက် အနည်းငယ်သာ ပိုချောသော်လည်း ဆာရှာ၏ မိဘများမှာမူ သမီးဖြစ်သူအတွက် အဆင့်အတန်းမြင့်သော အိမ်ထောင်တစ်ခု ရရှိသည့်အတွက် ဝမ်းသာပီတိ ဖြစ်ခဲ့ကြသည်။

သူတို့ မသိခဲ့သည်မှာ... ဇိန်းသည် သူပြသထားသကဲ့သို့ လူကြီးလူကောင်းတစ်ဦး မဟုတ်ခြင်းပင်။ သူသည် စိတ်မနှံ့သော နှိပ်စက်ညှဉ်းပန်းလိုသူဖြစ်ပြီး လိင်တူချစ်သူ တစ်ဦးလည်း ဖြစ်နေသည်။

ဇိန်း၏ မိဘများသာမက အထက်တန်းလွှာမှ လူများပါ ဤအကြောင်းကို သိကြသဖြင့် ဇိန်းမှာ အသက် ၃၀ အထိ အိမ်ထောင်မရှိဘဲ ဖြစ်နေခြင်း ဖြစ်သည်။ ဆာရှာ၏ ဖခင်သည် ဇိန်း၏ ဖခင်ကို ကယ်တင်ပြီးနောက် အိမ်သို့ ဖိတ်ကြားခဲ့ရာမှ ဇိန်း၏ ဖခင်က ဆာရှာဟာ အတော်လေး လှပကြောင်း သတိပြုမိသွားခဲ့သည်။

ထို့ကြောင့် သူ၏ စိတ်ထဲတွင် အကြံတစ်ခု ရလာပြီး ကလေးနှစ်ယောက်ကို ပေးစားရန် ကမ်းလှမ်းခဲ့သည်။ ဇိန်းကို ဖျောင်းဖျရန်အတွက် ဇိန်း၏ ဖခင်က ဆာရှာကို လက်ထပ်ထားသရွေ့ ဇိန်း၏ လိင်တူချစ်သူနှင့်လည်း ဆက်လက် တွဲနိုင်ကြောင်းပင် ပြောခဲ့သည်။

အောက်လမ်းကစားကွက်များကို မသိရှာသော ဆာရှာမှာမူ ဇိန်းအပေါ် အစွမ်းကုန် ပုံအောခဲ့သည်။ ဇိန်းဟာ မည်မျှပင် ဖောက်ပြန်နေပါစေ သူမသည် အရာရာကို အောင့်အည်း သည်းခံခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဇိန်းမှာ ပိုမို ရက်စက်လာပြီး ဇိန်း၏ မိဘများကလည်း သူမကို ကလေးရရန် ဖိအားပေးလာကြသည်။

ဆာရှာက စိတ်ဓာတ်ကျဆင်းလာကာ ဇိန်း၏ မိဘများကို အမှန်တရား ပြောပြခဲ့သည်။ ဇိန်းသည် သူတို့၏ အိမ်ထောင်ရေးကို ဘယ်သောအခါမှ အကောင်အထည် မဖော်ဘဲ သူမကို နှိပ်စက်ရုံသာ လုပ်ကြောင်း ပြောသော်လည်း သူတို့က သူမကိုသာ အထင်သေးပြီး အပြစ်တင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဇိန်း၏ ညီဖြစ်သူ တွမ် သည် ဇိန်းက ကုမ္ပဏီ၏ CEO ဖြစ်သွားသည့်အပေါ် မကျေမနပ် ဖြစ်နေပြီး လက်စားချေရန်အတွက် ဆာရှာကို အဓမ္မပြုကျင့်ကာ ဇိန်းကို 'ဦးချိုအစိမ်း တပ်ပေးရန်' (မိန်းမ အဖောက်ပြန်ခံရသူဖြစ်အောင် လုပ်ရန်) ကြံစည်ခဲ့ခြင်း ဖြစ်သည်။

ဆာရှာသည် ဇိန်းနှင့် ပတ်သက်သည့် အရာအားလုံးကို သိလိုက်ရချိန်မှာပင် ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာခဲ့သည်။ သူမသည် ကွာရှင်းခွင့် တောင်းဆိုပြီး လျှို့ဝှက်စွာ ထွက်ခွာလာခဲ့သည်... ဇိန်းမှာ ဇမ်ဘီ ဖြစ်သွားလိမ့်မည်ဟု ဘာ်သူကထင်ထားမှာလဲ…

ဘာပဲဖြစ်ဖြစ်၊ ဆာရှာသည် အများကြီး မသိဘဲ လောလောဆယ်တွင် လုံခြုံသော နေရာတစ်ခုကိုသာ ရှာဖွေရန် မျှော်လင့်နေသည်။ ထိုကြောက်မက်ဖွယ် သတ္တဝါများကို တိုက်ခိုက်ရန် သင်ယူခဲ့သော်လည်း၊ ရုပ်ဆိုးလှသော လူသားတစ်ဦး၏ စိတ်နှလုံးကြောင့် သူမမှာ အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ဆာရှာကို စစ်တပ်စခန်းသို့ ပို့ဆောင်ပြီးနောက် အိုင်ဗီသည် အဲလ်ရိုးတောင်ကုန်းများသို့ ပြန်သွားကာ သူမ၏ လက်ကျန် ပမာဏကို စစ်ဆေးလိုက်သည်။ လက်ကျန်ပမဏကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားမှာ အံ့ဩတုန်လှုပ်မှုကြောင့် ခုန်သွားပြီး ခြေလှမ်းများပင် ရပ်တန့်သွားတော့သည်။

ဘုရားရေ လက်ကျန် ပမာဏမှာ 800,000 KB ဆိုသည့် မယုံနိုင်စရာ ကိန်းဂဏန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။ သူမကို ပို၍ အံ့ဩစေသည်မှာ မက်ဆေ့ချ်များမှာ ဝင်လာဆဲ ဖြစ်နေခြင်းပင်။

အကြိမ်ရေ အနည်းငယ် လျော့နည်းသွားသော်လည်း အိုင်ဗီမှာ ထိုပမာဏကြောင့် ခေါင်းပင် မူးသွားမိသည်။ အထူးသဖြင့် အခုလေးတင် ရောက်လာသည့် အသိပေးချက်တစ်ခုကြောင့်ပင်။

[ဒေါင်။ သင်သည် 1000 KB ရရှိပါပြီ။]

ဒါက ဆာရှာဆီက ရတာ ဖြစ်ရမယ်ဟု အိုင်ဗီ စိတ်ထဲတွင် တွေးလိုက်သည်။ သို့သော် မြောက်မြားလှသော KB ပမာဏကြောင့် သူမ စိတ်ကြည်လင်သွားပြီး နောက်ထပ် အစီအစဉ်တစ်ခုကို စတင်ရန် အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်သည်။

သူမ၏ အနာဂတ် အခြေစိုက်စခန်းအတွက် ဆိုလာပြား

များနှင့် ဆိုလာပစ္စည်းကိရိယာများကို ကြိုတင် စုဆောင်းရမည်။ ဆေးဝါး ၄၀,၀၀၀ လှူဒါန်းခြင်းက သူမအတွက် KB များစွာ ယူဆောင်လာပေးမည်မှန်း သိလျှင် သူမ အစောကြီးကတည်းက လုပ်ခဲ့မိမှာ ဖြစ်သည်။

စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း အိုင်ဗီသည် စစ်တပ်စခန်းသို့ မပြန်မီ နောက်ထပ် ၅ နာရီကြာအောင် ဇမ်ဘီများကို တိုက်ခိုက်ခဲ့သည်။

အပြန်လမ်းတွင် သူမ ဖြတ်သွားစဉ် သူမအပေါ်သို့ ကျရောက်နေသော အကြည့်များစွာကို ခံစားလိုက်ရသည်။ တိုးတိုးတိတ်တိတ် ပြောနေသံများမှာလည်း သူမ၏ နားထဲတွင် ကြားနေရသည်။

"သူက အိုင်ဗီ မဟုတ်လား? လှလိုက်တာ" ဟု အဝတ်အစား အနည်းငယ် စုတ်ပြဲပြီး မျက်နှာတွင် ဖုန်များ ပေကျံနေသော ရွှေဝါရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးက ပြောသည်။

"ဟုတ်တယ်... လှရုံတင်မကဘူး စေတနာလည်း ကောင်းတယ် သူမ ပေးတဲ့ ဆေးဝါးတွေသာ မရှိရင် ငါ့မြေးလေး ဘာဖြစ်သွားမလဲဆိုတာ ဘုရားပဲ သိတော့မယ်" ဟု အသက် ၆၀ ကျော် အမျိုးသမီးကြီးတစ်ဦးက သက်ပြင်းချရင်း ပြောသည်။

"မှန်တယ်၊ မနေ့ညက ကျွန်မ အမျိုးသား အခြေအနေက တော်တော်ဆိုးသွားတာ။ သူ့သူငယ်ချင်း ဆရာဝန်ကတောင် အဆိုးဆုံးအတွက် ပြင်ထားဖို့ သတိပေးခဲ့တာ။ ဒီနေ့ အိုင်ဗီ လှူထားတဲ့ ဆေးတွေ ရလိုက်လို့ အမျိုးသား အခြေအနေ ပြန်ကောင်းလာတာ" ဟု အသားညိုညို ဆံပင်နက်နှင့် အမျိုးသမီးတစ်ဦးက ဆိုလိုက်သည်။

"ဟင်း... သူမက ကြည့်ရတာ အသက် ၂၀ အစောပိုင်းပဲ ရှိဦးမယ် ထင်တယ်။ ငါ့သားနဲ့ မိတ်ဆက်ပေးရမလား ငါ့သားက အဆင့်တွေ မြန်မြန်တက်နေတဲ့ စစ်သားတစ်ယောက်လေ" ဟု ရွှေဝါရောင် ဆံပင်ဖားလျားနှင့် အမျိုးသမီးတစ်ဦးက ရေရွတ်သည်။

"အို... လုပ်ပြန်ပြီ မင်း သားက ရောင်ကိုင်းနေတဲ့ အာလူးသီးနဲ့ တူနေတာကို၊ အိုင်ဗီက လှပတဲ့ ပါရှန်းကြောင်လေးလို ဖြစ်နေတာ။ သူမသာ လက်ထပ်မယ်ဆိုရင် ငါ့ရဲ့ ချောမောတဲ့ သားနဲ့ပဲ လက်ထပ်ရမှာပေါ့" ဟု ဘေးနားတွင် ရပ်နေသော ဆံပင်နီနှင့် အမျိုးသမီးက လှောင်ပြောင်လိုက်သည်။

"အာ ငါ့သားမျက်နှာက အာလူးသီးနဲ့ တူတယ်ဆိုရင်တောင်၊ အနည်းဆုံးတော့ ဆိုဖာပေါ်မှာပဲ အချိန်ကုန်နေတဲ့ နင့်သားလိုတော့ မဟုတ်ဘူး" ဟု ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးက ပြန်‌ ချေပရာ အိုင်ဗီမှာ ထိုအမျိုးသမီးကို လက်မပင် ထောင်ပြချင်သွားသည်။

အိုင်ဗီ: ဘယ်လိုတောင် အပြတ်အသတ် ချေပလိုက်တာလဲ (K.O.)

ထိုအတင်းအဖျင်းများကို လျစ်လျူရှုပြီး ထွက်သွားရန် ပြင်စဉ်၊ ကြောက်စရာကောင်းသော ပုံစံရှိသည့် အမျိုးသမီးတစ်ဦးက သူမ၏ လမ်းကို ရုတ်တရက် ပိတ်လိုက်သည်။ ထိုအမျိုးသမီးမှာ အသက် ၂၀ အစောပိုင်းခန့် ရှိပုံရပြီး သူမ၏ ညာဘက်လက်ဖြင့် အိုင်ဗီ၏ လမ်းကို တားဆီးထားသည်။

ပူပြင်းသော နေရောင်အောက်တွင် သူမ၏ အသားညိုညိုမှာ ပြောင်လက်နေပြီး အနက်ရောင်ဆံပင်တွေကို ဆံထုံး ထုံးထားသည်။ မပြုံးမရယ် မျက်နှာထား ဖြင့် အိုင်ဗီ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"နင်က အိုင်ဗီ လား"

သူမ ပြောပုံအရ ရန်စလိုသည့် ပုံစံမှာ သိသာလှသဖြင့် ဘေးနားမှ ကြည့်နေသူများမှာ မျက်မှောင်ကြုတ်မိကြပြီး ကြားဝင်ချင်စိတ် ပေါက်လာကြသည်။

"ဟုတ်ပါတယ်၊ ကျွန်မ အိုင်ဗီပါ။" အိုင်ဗီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ ဤအမျိုးသမီးကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားနေရသဖြင့် အတွေးများ ရှုပ်ထွေးနေတော့သည်။

All Chapters