← Chapters

အခန်း (၅၇၉-၅၈၀)

Vol. 58 Ch. 579-580

အခန်း (၅၇၉-၅၈၀)

Vol. 58 Ch. 579-580

အခန်း (၅၇၉) - နက်နဲသော အခြေခံအုတ်မြစ် ၊ နတ်လက်နက်များ အနားမှာ ရှိနေခြင်း ၊ ကျောက်စာတိုင်၏ နောက်ခံသမိုင်း ၊ ကျင့်ဧကရာဇ် နန်းစံ သုံးနှစ်မြောက် ၊ ဓားတစ်ချက်

“တာအိုမိတ်ဆွေ... စိတ်ချပါ၊ ကျွန်မဆီမှာ ရုပ်သွင်ကို ပြောင်းလဲပေးနိုင်ပြီး အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တဲ့ နတ်လက်နက်တစ်ခု ရှိပါတယ်”

ဟု မင်ဟော်က ပြုံးလျက် ပြောလိုက်သည်။

လီယန်ချူသည် သူမကို မနေနိုင်ဘဲ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ မင်ဟော်က လီယန်ချူ၏ မျက်ဝန်းထဲမှ အံ့သြရိပ်ကို မြင်သောအခါ မေးလာ၏။

“ဘာဖြစ်လို့လဲဟင်”

“မင်းက မင်းရဲ့ နတ်လက်နက်အကြောင်းကို ဒီလောက်အထိ ထုတ်ကြွားနေတာ... ငါက လူသတ်ပြီး ရတနာလုမှာကို မကြောက်ဘူးလား”

ဟု လီယန်ချူက အေးအေးဆေးဆေး မေးလိုက်သည်။

မင်ဟော် ခေတ္တမျှ ကြောင်အသွားပြီးနောက် ပါးစပ်ကလေးကို လက်ဖြင့်ကာ၍ ရယ်မောလိုက်တော့သည်။

“တာအိုမိတ်ဆွေက ကျွန်မရဲ့ အသက်ကို ကယ်ထားတာလေ။ တကယ်လို့ လိုချင်တယ်ဆိုရင်လည်း လက်ဆောင်အဖြစ် ပေးလိုက်ရုံပါပဲ၊ ကျွန်မကို သတ်နေဖို့ ဘာလိုလို့လဲ”

ယုတ္တိကတော့ ဟုတ်နေတာပဲ... လီယန်ချူ၏ နှုတ်ခမ်းအစုံ အနည်းငယ် တွန့်ကွေးသွားပြီး ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောတော့ပေ။

မင်ဟော်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ဂါထာမန္တန်ကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ ခဏချင်းမှာပင် သူမသည် မြေခွေးမိစ္ဆာမလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ စီထော်မြို့တံခါးဝတွင် တွေ့ခဲ့ရသော မြေခွေးမလေးနှင့်ပင် ဆင်တူလှ၏။ လှပသော အမျိုးသမီးအသွင်ဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း နွဲ့နှောင်းနေကာ တင်ပါးနောက်တွင် မြေခွေးအမြီးကြီး တစ်ခုမှာ ဟိုဟိုဒီဒီ လှုပ်ခါနေသည်။

“...” လီယန်ချူ ဆွံ့အသွားရသည်။

မြေခွေးမိစ္ဆာအဖြစ် ပြောင်းလဲတယ်ဆိုတာ အမြီးတစ်ချောင်း ပိုလာတာပဲ မဟုတ်လား။

“ဘာလို့ မြေခွေးမိစ္ဆာအဖြစ် ပြောင်းတာလဲ၊ ဒီပုံစံက နည်းနည်း ထင်ရှားမနေဘူးလား”

ဟု လီယန်ချူက မေးလိုက်သည်။

“မြေခွေးမိစ္ဆာက လှတာကိုး၊ တခြားမိစ္ဆာတွေက အရမ်းရုပ်ဆိုးတယ်လေ”

မင်ဟော်က ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အသွင်အပြင်များကို ရွံရှာသည့် အမူအရာဖြင့် ပြောလိုက်သည်။

“...” လီယန်ချူ။

သူတို့နှစ်ဦး အချိန်အတော်ကြာ လေ့လာကြည့်နေစဉ်မှာပင် လူသားကျင့်ကြံသူတစ်ယောက်သည် စီထော်မြို့တော်ထဲသို့ ရဲရဲတင်းတင်း ကျူးကျော်ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ မျက်နှာတစ်ခုလုံး ညိုမည်းနေပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

လက်နှစ်ဖက်ကို ဝတ်ရုံထဲ ထည့်ထားပြီး လှုပ်ရှားမှုမှာ အလွန်တောင့်တင်းလှရာ အလောင်းကောင် တစ်ခုနှင့်ပင် တူလှသည်။ သူသည် လူသားအသွင်အပြင်ဖြင့်ပင် ဖြစ်သည်။

သူသည် စီထော်မြို့ရှေ့သို့ ရောက်လာသောအခါ မြို့စောင့်မိစ္ဆာစစ်သည်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ သို့သော် အကွာအဝေး ဝေးကွာလွန်းသဖြင့် နှစ်ဖက်စလုံး ဘာတွေပြောနေကြသည်ကို လီယန်ချူတို့ မကြားရပါချေ။

သို့သော် နောက်တစ်စက္ကန့်မှာပင် ထိုမိစ္ဆာစစ်သည်မှာ အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသား၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် အသားမရှိသော အလောင်းခြောက်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုကိစ္စကြောင့် တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

နတ်ဘုရားအလင်းတန်းများ လင်းလက်လာပြီးနောက် အရပ် တစ်လံကျော်မြင့်ကာ ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော ကျားမိစ္ဆာတစ်ကောင်သည် စီထော်မြို့ထဲမှ ပြေးထွက်လာသည်။ လက်ထဲတွင်လည်း ထူထဲပြီး ထက်မြက်လှသော ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထား၏။

မျက်နှာညိုမည်းနေပြီး အလောင်းကောင်နှင့်တူသော ထိုအမျိုးသား၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ ပါးစပ်ကို ဟလိုက်သည်နှင့် အနက်ရောင်အငွေ့အသက်များ မှုတ်ထုတ်လိုက်တော့သည်။ သို့သော် ကျားမိစ္ဆာမှာမူ မကြောက်မရွံ့ဘဲ ဓားမကြီးကို ကိုင်ကာ ထိုအမျိုးသားကို အပြင်းအထန် ပိုင်းချတော့သည်။

ရွှတ်... ရွှတ်... ရွှတ်...

မကြာမီမှာပင် အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရရှိသွားတော့သည်။

သူသည် နောက်လှည့်ကာ ချက်ချင်း ထွက်ပြေးတော့သည်။ ထိုစဉ် မြို့ရိုးပေါ်မှ ရွှေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော မိစ္ဆာစစ်သူကြီးတစ်ဦး ပျံသန်းဆင်းသက်လာသည်။ ကျောတွင် အတောင်ပံများ ပါရှိပြီး ဦးခေါင်းမှာ လင်းယုန်ခေါင်း ဖြစ်သော်လည်း ကိုယ်ခန္ဓာမှာ လူသားနှင့် တူလှသည်။

သူသည် ကျားမိစ္ဆာနှင့် ပူးပေါင်းကာ ထိုအမျိုးသားကို တိုက်ခိုက်တော့သည်။ အမျိုးသားသည် သူ၏ လက်နှစ်ဖက်ဖြင့် မျက်ခုံးနှစ်ခုကြားကို ပွတ်ဆွဲလိုက်သောအခါ မျက်ခုံးကြားမှ အရေပြား ပွင့်ထွက်သွားပြီး တတိယမြောက် မျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။

ထိုလင်းယုန်ခေါင်းနှင့် မိစ္ဆာစစ်သူကြီးမှာ ချက်ချင်းပင် တစ်ကိုယ်လုံး တောင့်တင်းသွားကာ ကောင်းကင်ယံမှ တန်းတန်းမတ်မတ် ပြုတ်ကျသွားတော့သည်။ သို့သော် ကျားမိစ္ဆာမှာမူ ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာကာ ဓားနှင့် ပိုင်းချလိုက်ပြန်သည်။

ပလွတ်

အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသား၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခု ပေါ်ထွက်လာပြီး သွေးများ ပန်းထွက်လာတော့သည်။ ထိုအမျိုးသားသည် အတင်းအကြပ် ထွက်ပြေးသွားရာ မိစ္ဆာစစ်သူကြီး နှစ်ဦးမှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်ကြတော့သည်။

“မင်း ဒီလူကို မြင်ဖူးလား” ဟု လီယန်ချူက မေးလိုက်သည်။

မင်ဟော်မှာ မိမိကို မေးသည်ဟု ထင်မှတ်ကာ ကြောင်အသွားပြီး ခေါင်းခါပြရန် ပြင်စဉ်မှာပင် လီယန်ချူ၏ ဘေးမှ တံဆိပ်ပြားဆီမှ အသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

“ဒီလူက လွန်ခဲ့တဲ့ ခုနစ်ရက်ကမှ ရောက်လာတာဗျ။ တစ်ကိုယ်လုံးမှာ အလောင်းကောင် အငွေ့အသက်တွေ ပြည့်နေပြီး ကျင့်တဲ့ကျင့်စဉ်ကလည်း မိစ္ဆာလမ်းစဉ် ပဲ။ သူ့ကိုယ်သူ အသက်ရှင်နေတဲ့ အလောင်းကောင်ဖြစ်အောင် ကျင့်ထားတာ။ ဒါပေမဲ့ အဲဒီမျက်လုံးကတော့ တော်တော်အစွမ်းထက်တယ်၊ ကျင့်ကြံမှုအဆင့်က ဒုတိယအဆင့် အလယ်ပိုင်းမှာ ရှိတယ်”

ကျောက်စာတိုင်က အချက်အလက်အားလုံးကို အလွတ်ရနေသကဲ့သို့ ပြောပြလိုက်သည်။ လီယန်ချူက ခေါင်းညိတ်လိုက်၏။

ယခုအခါ ဝေးကွာသော နေရာမှ ဖြစ်သော်လည်း လီယန်ချူသည် အရှိန်ဝါကြည့် အတတ်ကို သုံး၍ လှမ်းကြည့်လိုက်သည်။ ထိုစီထော်မြို့တော်သည် သတ်ဖြတ်ခြင်း အငွေ့အသက်များ ကောင်းကင်သို့ ထိုးတက်နေပြီး မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေသည်။

အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားမှာလည်း နာကျည်းမှု အငွေ့အသက်များ ဝန်းရံနေသဖြင့် မည်သို့မျှ လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာလှသည်။ ထို့ကြောင့် သူ ဝင်ရောက် စွက်ဖက်ရန် မရည်ရွယ်ပါချေ။

မင်ဟော်မှာမူ သူတို့နှစ်ဦး၏ စကားပြောသံကို နားထောင်ရင်း နှုတ်ခမ်းလေး တွန့်သွားရသည်။ လက်ဝါးခန့်သာရှိသော ကျောက်စာတိုင်တစ်ခုက မိမိဘေးတွင် စကားပြောနေခြင်းကို သူမ မရိုးနိုင်သေးပါချေ။

“ဒါနဲ့... မင်းက ဘယ်အချိန်ကတည်းက ဒီတောင်နှင့်ပင်လယ် လျှို့ဝှက်နယ်မြေရဲ့ သော့ ဖြစ်လာတာလဲ”

လီယန်ချူက ရုတ်တရက် မေးလိုက်သည်။

“ကျင့်ဧကရာဇ် နန်းစံ သုံးနှစ်မြောက် ” ဟု ကျောက်စာတိုင်က ပြန်ဖြေသည်။

လီယန်ချူ ခေါင်းညိတ်လိုက်သည်။ လွန်ခဲ့သောတစ်ခေါက်က မဟာရှပြည်ထောင်စုမှ မြို့စောင့်နတ်မင်း ကျားချွမ်းဖန်းနှင့် တွေ့ပြီးကတည်းက သူသည် ချန်နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာခဲ့ဖူးသည်။ မဟာရှရှေးဟောင်းသမိုင်းမှာ အလွန်ရှုပ်ထွေးသဖြင့် အသေးစိတ် မကြည့်ဖြစ်သော်လည်း ချန်နိုင်ငံ၏ သမိုင်းကိုတော့ အကြမ်းဖျင်း သိရှိထားသည်။

ဤ ဧကရာဇ် ကျင့် ကို သူ မှတ်မိသည်။ သူသည် တည်ထောင်သူ ဧကရာဇ်ကြီး၏ မြေးတော် ဖြစ်သည်။

ဧကရာဇ်အဖြစ် သုံးနှစ်သာ စံမြန်းခဲ့ရပြီး သူ၏ ဦးလေးတော်သူ (နောက်ပိုင်းတွင် ရှင်စုန်း ဧကရာဇ် ဖြစ်လာသူ) က စစ်သည်အင်အားဖြင့် နန်းချခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင် သူသည် အစပျောက် ပျောက်ကွယ်သွားခဲ့သည်။

ကျင့်ဧကရာဇ် နန်းစံ သုံးနှစ်မြောက် ဆိုသည်မှာ သူ ဧကရာဇ်အဖြစ် နောက်ဆုံးစံမြန်းခဲ့သည့် နှစ်ပင် ဖြစ်သည်။ ထိုအကြောင်းကို သူ စွဲစွဲမြဲမြဲ မှတ်မိနေရသည်မှာ လီယန်ချူ၏ ယခင်ဘဝက သမိုင်းအချို့နှင့် အလွန်ပင် ဆင်တူနေသောကြောင့် ဖြစ်သည်။

ထိုကျောက်စာတိုင်၏ စကားကို သူ အကုန်အစင် မယုံကြည်နိုင်ပါချေ။ သို့သော် အခြေအနေကို ဆုံးဖြတ်နိုင်ရန်အတွက် သတင်းအချက်အလက် ပိုမိုသိရှိဖို့ရန် လိုအပ်သည်။

“မင်း သော့ဖြစ်တဲ့အချိန်တုန်းကရော ဒီတောင်နှင့်ပင်လယ် လျှို့ဝှက်နယ်မြေထဲက မိစ္ဆာနိုင်ငံက ဒီလောက်အထိ စည်ပင်နေတာလား”

ဟု လီယန်ချူက မေးလိုက်သည်။

ကျောက်စာတိုင်က ဆိုသည်။

“အဲဒီတုန်းက တောင်နှင့်ပင်လယ် လျှို့ဝှက်နယ်မြေဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့ လောကကြီးမှာ စီထော်နိုင်ငံရဲ့ ဒဏ္ဍာရီတွေတော့ ရှိခဲ့တယ်။ မိစ္ဆာဘုရင်တွေ အုပ်ချုပ်တဲ့ နိုင်ငံ၊ အသားတွေကို ရွှံ့နွံလိုပုံထားပြီး အရိုးတွေကို တောအုပ်လို စီထားတဲ့နေရာ၊ သာမန်လူသားတွေအတွက်တော့ စားစရာ နယ်မြေတစ်ခုပေါ့ဗျာ ”

လီယန်ချူ ခေါင်းညိတ်လိုက်သည်။

မင်ဟော်မှာမူ သူတို့နှစ်ဦး၏ စကားများကို နားထောင်ရင်း အလွန်ပင် အံ့သြနေရသည်။ ယခင်က လီယန်ချူ ကျောက်စာတိုင်ကို စစ်မေးစဉ်က သူမ အနားမှာ မရှိခဲ့သဖြင့် ယခုအခါ ဘာတွေဖြစ်နေသည်ကို လုံးဝ နားမလည်နိုင်ဘဲ ဝေဝေဝါးဝါး ဖြစ်နေရသည်။

“တာအိုမိတ်ဆွေ လီ... ဒီကျောက်စာတိုင်က တကယ်တော့ ဘာလဲဟင်” ဟု မင်ဟော်က မနေနိုင်ဘဲ မေးလိုက်သည်။

လီယန်ချူက လှည့်၍ ရှင်းပြလိုက်သည်။

“သူ့ကိုယ်သူ တျန်းစုန်းတာအိုဆရာလို့ ပြောတယ်၊ ရွှေတောင်ပံငှက်ကြီးက သူ့ရဲ့ ရုပ်ခန္ဓာကို သတ်ပြီး ကျောက်စာတိုင်အဖြစ် သွန်းလုပ်ပြီး လျှို့ဝှက်နယ်မြေရဲ့ သော့အဖြစ် ထားခဲ့တာတဲ့၊ ကံတူအကျိုးပေးသူကို စောင့်နေတာလို့ ပြောတာပဲ။”

မင်ဟော် ကြောင်အသွားပြီးနောက် ခေါင်းခါလိုက်သည်။

“အရမ်းအတုအယောင် ဆန်လွန်းတယ်”

လီယန်ချူက အားရပါးရ ရယ်မောလိုက်သည်။

“မင်းလည်း အဲဒီလိုပဲ ထင်တာလား”

မင်ဟော် ခေါင်းညိတ်ပြလိုက်သည်။

“ရွှေတောင်ပံငှက်ကြီးက မြို့တစ်မြို့လုံးကိုတောင် ပြန်လည်နိုးထစေနိုင်တာပဲ၊ လေလွင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ကို သုံးပြီး သော့လုပ်နေဖို့ ဘာလိုမှာလဲ။ ကျောက်တုံးကို ရွှေဖြစ်အောင်တောင် လုပ်နိုင်မှာပဲကို ”

ကျောက်စာတိုင် : “...”

လီယန်ချူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျောက်စာတိုင်ကို စိုက်ကြည့်လိုက်သည်။

“ကြားလား... မင်းရဲ့ စကားတွေက သိပ်ပြီး ယုတ္တိမရှိဘူး ဖြစ်နေတယ် ”

ကျောက်စာတိုင်က ပျာပျာသလဲ ပြောလာသည်။

“တာအိုဆရာကြီး... ကျွန်တော် မှားသွားပါပြီ။ ကျွန်တော်က တျန်းစုန်းတာအိုဆရာ မဟုတ်ပါဘူး၊ အဲဒါတွေက လျှောက်ပြောလိုက်တာပါ။”

“အော်... အခုကျမှ ပြောချင်လာပြီပေါ့”

ဟု လီယန်ချူက အေးဆေးစွာ ဆိုသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်က ရွှေတောင်ပံငှက်ကြီးက ကျောက်တုံးတစ်ခုကို အသက်သွင်းပြီး သော့အဖြစ် ဖန်တီးထားတဲ့ ဝိညာဉ်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော့်ထဲမှာ ပါတဲ့ ဝိညာဉ်စွမ်းအားတွေက အရမ်းများလွန်းလို့ ရွှေတောင်ပံငှက်ကြီးက သွန်းလုပ်တုန်းက တားမြစ်ချက် အစီအရင်တွေ ထည့်ထားခဲ့တာပါ။ အစက ကျွန်တော် လူသားကျင့်ကြံသူလို့ လိမ်ပြောလိုက်တာက တာအိုဆရာကြီးက ကျွန်တော့်ကို သနားပြီး ခေါ်သွားပေးအောင်လို့ပါ ကျွန်တော် မှားသွားပါပြီ ”

ဟု ကျောက်စာတိုင်က အလျင်အမြန် ရှင်းပြတော့သည်။

လီယန်ချူက ခေါင်းညိတ်လိုက်သည်။

“ဒီတစ်ခါ ပြောတာကတော့ နည်းနည်း ပိုပြီး ယုတ္တိရှိသေးတယ်။”

သူသည် ကျောက်စာတိုင်ကို ကြည့်လိုက်ရာ အကြည့်များက အနည်းငယ် နူးညံ့သွားပုံရသည်။

“ဒီလို ကိစ္စလေးကို စောစောစီးစီး ပြောလိုက်ရင် ပြီးနေတာပဲ ”

“တာအိုဆရာကြီးက တကယ်ကို သဘောထားကြီးတာပဲ တာအိုဆရာကြီးက ဒီလောက်အထိ ကြင်နာတတ်မှန်း သိရင် ကျွန်တော် လိမ်ညာနေမှာ မဟုတ်ပါဘူး ကျွန်တော် တကယ်ပဲ သေထိုက်ပါတယ် တာအိုဆရာကြီး စီထော်မြို့တော်က ကိစ္စတွေ ဖြေရှင်းပြီးရင် ကျွန်တော် တာအိုဆရာကြီးရဲ့ ဘေးမှာပဲ အမြဲလိုက်ပြီး ကျင့်ကြံရာမှာ ကူညီပေးပါ့မယ်"

ဟု ကျောက်စာတိုင်က ချက်ချင်းပင် သစ္စာခံတော့သည်။

ကျောက်စာတိုင်၏ ဖားနေသော စကားများကို လီယန်ချူက ပြုံးရုံသာ ပြုံးပြလိုက်သည်။

“ဆိုလိုတာက... မင်း ခုနက ငါ့ကို တစ်ခေါက် လိမ်လိုက်ပြန်ပြီပေါ့ ”

ကျောက်စာတိုင် ကြောင်အသွားပြီး ချက်ချင်း ရှင်းပြရန် ပြင်သည်။

“တာအိုဆရာကြီး... ကျွန်တော်က ကျွန်တော့်ကို လူသားဝိညာဉ်လို့ ထင်ပြီး ခေါ်သွားစေချင်ရုံသက်သက်ပါ...”

လီယန်ချူက ခေါင်းညိတ်လိုက်သည်။ ထို့နောက်မှာတော့ ကျန့်ကျောင်းဓား ၏ ဓားရောင်သည် လျှပ်စီးလက်သကဲ့သို့ တောက်ပသွားပြီး ဓားတစ်ချက် ပိုင်းချလိုက်တော့သည်။

ကျောက်စာတိုင်မှာ ဘာဖြစ်သွားသည်ကိုပင် သတိမထားမိလိုက်ဘဲ ချက်ချင်းပင် နှစ်ပိုင်း ပြတ်သွားတော့သည်။ ကျန့်ကျောင်းဓား ပေါ်ရှိ ဆန်းကြယ်လှသော တုန်ခါမှုများသည် ကျောက်စာတိုင်ကို ခဏချင်းမှာပင် အမှုန့်ဖြစ်သွားစေတော့သည်။

သူ့အပေါ်တွင် ရှိနေသော တတိယအဆင့် ကို ဖိနှိပ်ထားသည့် တားမြစ်ချက်မှာလည်း ဘာမှ အလုပ်မဖြစ်ခဲ့ပါချေ။

အဘယ်ကြောင့်ဆိုသော် လီယန်ချူသည် အတိအကျ ပြောရလျှင် ယင်ဝိညာဥ် ဖြစ်ပြီး ယန် ဝိညာဥ်မဟုတ်သောကြောင့် ဖြစ်သည်။ သူက တိုက်ခိုက်ရေးမှာ အလွန်တော်နေရုံသာ ဖြစ်သည်။

ကျောက်စာတိုင်မှာ ဟုန်းဟုန်းမြည်လျက် ပျက်စီးသွားပြီး အငွေ့အသက်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ကုသိုလ်မှတ် ၁,၀၀၀ ရရှိသည်

မမြင်ရသော ကောင်းကင်ဘုံ၏ အာရုံခံစားမှု ကျရောက်လာသည်။ သတ်လိုက်ပြီးနောက် ကုသိုလ်မှတ် ရရှိသည်ဆိုလျှင် ဤကောင်မှာ လူကောင်းမဟုတ်သည်မှာ သေချာလှသည်။

လီယန်ချူ၏ အကြည့်များ အေးစက်သွားသော်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါပေမဲ့ ဒီကုသိုလ်မှတ်က နည်းလွန်းနေတာ မဟုတ်ဘူးလား...”

အခန်း (၅၈၀) - ဖောက်ပြန်တတ်သူကို မယုံကြည်အပ် ၊ ကျောက်စာတိုင်မှ စာသားများ ၊ ဒုတိယမြောက် တာအိုဆရာ ၊ခွေးမိစ္ဆာ လမ်းတားခြင်း ၊ညှို့ဓာတ်

မင်ဟော်မှာ ကြောင်အသွားပြီး မေးလိုက်သည်။

“တာအိုမိတ်ဆွေ လီ... ရှင် ဒါ ဘာလုပ်လိုက်တာလဲ”

ထိုကျောက်စာတိုင်သည် အသိဉာဏ်ရှိပြီး ရွှေတောင်ပံငှက်ကြီး ကိုယ်တိုင် သွန်းလုပ်ထားသည့် ထူးခြားသော နတ်ပစ္စည်းတစ်ခု ဖြစ်သည့်အပြင် လျှို့ဝှက်ချက်များစွာကိုလည်း သိရှိထားသူ ဖြစ်သည်။ အနားတွင် ထားရှိပါက အလွန်ပင် အားကိုးရမည့် အထောက်အပံ့တစ်ခု ဖြစ်သည်မဟုတ်ပါလား။

“ဒီတာအိုဆရာက စိတ်ဓာတ်မတည်ငြိမ်ဘဲ ဖောက်ပြန်တတ်တဲ့သူတွေကို အမုန်းဆုံးပဲ။ ဒီကျောက်စာတိုင်ရဲ့ မျက်လုံးတွေကလည်း ကလိမ်ကကျစ်နဲ့ လူကောင်းပုံမပေါက်ဘူး။ သူ့စကားနားယောင်ပြီး လမ်းမှားရောက်မယ့်အစား ဓားနဲ့တစ်ချက်တည်း ပိုင်းဖြတ်လိုက်တာကမှ ရှင်းရှင်းလင်းလင်း ရှိဦးမယ်”

လီယန်ချူက သေချာစဉ်းစားပြီးသား ဖြစ်သည်။ ဤကဲ့သို့သော လျှို့ဝှက်နယ်မြေမျိုးတွင် နတ်လက်နက်များကို သုံးနိုင်သည်၊ ဆေးလုံးများကို စားနိုင်သည်၊ ကျင့်ကြံခြင်း အရင်းအမြစ်များကို အသုံးချနိုင်သည်။ သို့သော် အသိဉာဏ်ရှိသော သက်ရှိများနှင့် ပတ်သက်လာလျှင် အထူးပင် သတိထားရန် လိုအပ်သည်။

ထိုကျောက်စာတိုင်သည် တစ်ခါက တျန်းစုန်းတာအိုဆရာ၊ နောက်တစ်ခါကျတော့ ရွှေတောင်ပံငှက်ကြီး အသက်သွင်းထားသည့် ကျောက်တုံး... နာရီဝက်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် သူ၏ နောက်ခံသမိုင်းကြောင်းကို နှစ်မျိုးပြောင်းလဲ ပြောဆိုသွားခဲ့သည်။ ဤသည်မှာ လီယန်ချူ၏ စိတ်ထဲတွင် လုံးဝ သဘောမကျစရာ ဖြစ်သွားစေပြီး ဓားတစ်ချက်တည်းဖြင့် အပြတ်ရှင်းလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။

“တာအိုမိတ်ဆွေရဲ့ စိတ်ဓာတ်က တကယ်ကို ခိုင်မာလွန်းပါတယ်... လေးစားမိပါတယ်ရှင်”

ဟု မင်ဟော်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။

လီယန်ချူက ပြုံးရုံသာ ပြုံးပြလိုက်ပြီး မင်ဟော်နှင့်အတူ စီထော်မြို့တော်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ သူတို့နှစ်ဦး၏ ကိုယ်ဖော့အတတ်ဖြင့် ခဏချင်းမှာပင် စီထော်မြို့ရှေ့သို့ ရောက်ရှိလာတော့သည်။

တောင်နှင့်ပင်လယ် လျှို့ဝှက်နယ်မြေ၏ ကျောက်နံရံအတွင်း၌

“တောင်နှင့်ပင်လယ် လျှို့ဝှက်နယ်မြေ” ဟု ရေးထိုးထားသော ကျောက်စာတိုင်တစ်ခုသည် တဖြည်းဖြည်း ပြန်လည် ပေါ်ထွက်လာသည်။ သို့သော် ကြည့်ရသည်မှာ ဝေဝေဝါးဝါး ဖြစ်နေပြီး အသွင်သဏ္ဌာန်မှာ ပုံရိပ်ယောင်ကဲ့သို့ ဖြစ်နေ၏။ ၎င်း၏ ကိုယ်ပေါ်တွင် အလင်းတန်းများ လင်းလက်နေသော်လည်း မည်သည့်အသံမျှ မထွက်ပေါ်နိုင်တော့ပါချေ။

လီယန်ချူ၏ ထိုဓားတစ်ချက်မှာ သူ့ကို အပြီးတိုင် သုတ်သင်လိုက်ခြင်း မဟုတ်ဘဲ သူ၏ အပြင်ပန်း ခန္ဓာကိုယ်တစ်ခုကိုသာ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ တောတောင်ထဲမှ တိရစ္ဆာန်များ ကျင့်ကြံ၍ မိစ္ဆာဖြစ်နိုင်သကဲ့သို့ ကျောက်တုံးများကိုလည်း အသက်သွင်း၍ ဝိညာဉ်ဖြစ်စေနိုင်သည်။

ထိုကျောက်တုံးထဲတွင် စစ်မှန်သော ဝိညာဉ် တစ်ခု ရှိနေပြီး ကျောက်သားခန္ဓာကိုယ်ကို အမှီပြု၍ ပုန်းအောင်းနေခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်မှစ၍ ဤတောင်နှင့်ပင်လယ် လျှို့ဝှက်နယ်မြေ၏ ကျောက်စာတိုင်မှာ အချိန်အတန်ကြာ ပျောက်ကွယ်သွားရပေဦးမည်။

ကျောက်စာတိုင်ပေါ်တွင် စာသားအချို့ ပေါ်ထွက်လာသည်။

“ပြန်ပြီး ရှုံးနိမ့်သွားပြန်ပြီ ”

“ဒီတာအိုဆရာလေးက သတိအရမ်းကြီးတာပဲ၊ စကားတစ်ခွန်း ပြောတာနဲ့တင် တိုက်ခိုက်တော့တာပဲ၊ တကယ်ကို လူသားဆန်မှု မရှိဘူး ”

“ငါ့ကို ဒီနေရာကနေ ခေါ်သွားပေးနိုင်မယ့်သူနဲ့ ခဲခဲယဉ်ယဉ် တွေ့ရခါမှ ထပ်ပြီး ရှုံးနိမ့်သွားရပြန်ပြီ။ ဒီလိုဆိုရင်တော့ ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေကို ဘယ်နှနှစ်အထိ ထပ်ပြီး စုဆောင်းနေရဦးမလဲ မသိတော့ဘူး ”

“ဒါတွေအားလုံးဟာ ဟိုတစ်ခေါက်က ရွှမ်ချိန်ဆိုတဲ့ တာအိုဆရာကြောင့်ပဲ။ သူက အခုတာအိုဆရာလေးလို မတိုက်ခိုက်နိုင်ပေမဲ့ အဲဒီကောင်က တကယ်ကို လိမ်လည်လှည့်ဖြားတဲ့နေရာမှာ ထိပ်တန်းပဲ။ ငါ့ကို အကျိုးအမြတ်တွေ အများကြီး ပြန်ပေးမယ်၊ နှစ်တိုင်းလည်း အတိုးတွေ တိုးပေးမယ်ဆိုပြီး ကတိတွေပေးပြီး ငါ့ရဲ့ နှစ်ပေါင်းရာချီ စုဆောင်းထားတဲ့ ဝိညာဉ်အရှိန်အဝါတွေကို လိမ်ယူသွားတာ။ အဲဒါကြောင့်လည်း ဒီတစ်ခါမှာ ငါက ဒီလောက်အထိ အခြေအနေ ဆိုးနေရတာ...”

“နောက်တစ်ခါကျရင်တော့ ဘုန်းကြီးတစ်ပါးပါး ရောက်လာပါစေလို့ပဲ ဆုတောင်းရတော့မယ်။ ဒီတာအိုဆရာတွေနဲ့တော့ ထပ်ပြီး မပတ်သက်ချင်တော့ဘူး...”

ကျောက်စာတိုင်ပေါ်ရှိ စာသားများမှာ သူ့ကိုယ်သူ စိတ်ပျက်ဒေါသထွက်နေသည့် အမူအရာများ ပေါ်လွင်နေသည်။ သို့သော် ယခုတစ်ခါတွင်မူ သူသည် မည်သည့်အသံမျှ မထွက်နိုင်တော့ဘဲ တဖြည်းဖြည်းနှင့် ငြိမ်သက်ပျောက်ကွယ်သွားတော့သည်။

စီထော်မြို့ရှေ့တွင် နတ်မိမယ်လေး မင်ဟော်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“တာအိုမိတ်ဆွေ လီ... ရှင် ဘာမှ ရုပ်မဖျက်ဘူးလား”

လီယန်ချူက ပြုံးလျက်

“ဒီတာအိုဆရာဆီမှာ မျက်လှည့်အတတ်ရှိပါတယ်၊ ဒီမိစ္ဆာအသေးအဖွဲတွေက မမြင်နိုင်ပါဘူး” ဟု ဆိုသည်။

မင်ဟော် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦး မြို့တံခါးဝသို့ ရောက်လာသောအခါ ခန္ဓာကိုယ် ထွားကျိုင်းလှသော ခွေးမိစ္ဆာတစ်ကောင်က အသံဩဩဖြင့် ဟောက်လိုက်သည်။

“ရပ်လိုက်စမ်း”

မင်ဟော်၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။ ဒီခွေးမိစ္ဆာက တစ်ခုခုကို ရိပ်မိသွားတာလား။ ရှေ့က အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားမှာ ထူးဆန်းသော အတတ်ပညာများ ရှိထားသော်လည်း ထိုမိစ္ဆာစစ်သူကြီးများ၏ လိုက်လံတိုက်ခိုက်မှုကြောင့် အသက်ရှင်၊ မရှင်ပင် မသေချာတော့ပါချေ။

မင်ဟော်အနေဖြင့် ဤနေရာတွင် တိုက်ခိုက်ရမှာကို မကြောက်သော်လည်း အခြေအနေ ပေါက်ကြားသွားပါက မြို့ထဲဝင်ရန် ခက်ခဲသွားမည်ကို စိုးရိမ်မိသည်။

လီယန်ချူကတော့ တည်ငြိမ်နေဆဲပင်။ မဖြစ်တော့ဘူးဆိုလျှင်တော့ ဤခွေးမိစ္ဆာကို အရင်သတ်ပစ်ရန် သူ ဆုံးဖြတ်ထားသည်။ သူက ခွေးမိစ္ဆာကို ပြုံးပြလိုက်ကာ “ဘာကိစ္စရှိလို့လဲဗျ” ဟု မေးလိုက်သည်။

ခွေးမိစ္ဆာမှာ မျက်နှာတည်ကြီးဖြင့် လီယန်ချူ၏ ရှေ့သို့ ရောက်လာကာ အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး လီယန်ချူ၏ ဘေးရှိ မင်ဟော်ကိုလည်း ကြည့်လိုက်သည်။

မင်ဟော်မှာ ယခုအချိန်တွင် ကိုယ်လုံးကိုယ်ပေါက် လှပကာ မျက်နှာမှာလည်း ဆွဲဆောင်မှုရှိနေသည်။ သူမ၏ စစ်မှန်သော အလှနှင့် မနှိုင်းယှဉ်နိုင်သော်လည်း လှပသော မြေခွေးမိစ္ဆာမလေး တစ်ဦး ဖြစ်နေသည်မှာ အမှန်ပင်။

ခွေးမိစ္ဆာသည် ခါးရှိ ဓားရိုးကို ကိုင်လိုက်ပြီးနောက် ရုတ်တရက် ပါးစပ်ကြီးကို ဟကာ ရယ်မောလိုက်တော့သည်။

“ညီလေး... မင်းကတော့ ငါတို့ခွေးမျိုးနွယ်တွေအတွက် မျက်နှာပန်းလှအောင် လုပ်ပေးလိုက်တာပဲ ဒီလောက် လှပတဲ့ မြေခွေးမလေးကို ဘယ်ကနေ ရလာတာလဲ”

“...” လီယန်ချူ၏ နှုတ်ခမ်းစုံ အနည်းငယ် တွန့်သွားရသည်။

သူသည် အသွင်ပြောင်းတာအိုအတတ် ကို သုံးလိုက်မိသည်မှာ အမှားတစ်ခုဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထိုအတတ်မှာ လူကမြင်လျှင် လူအဖြစ် မြင်ရပြီး၊ သရဲကမြင်လျှင် သရဲအဖြစ် မြင်ကာ၊ မိစ္ဆာကမြင်လျှင် မိစ္ဆာအဖြစ် မြင်ရခြင်း ဖြစ်သည်။ ဤခွေးမိစ္ဆာမှာ လီယန်ချူကို သူ၏ မျိုးနွယ်စုဝင် တစ်ဦးဟု ထင်မြင်သွားပုံရသည်။

လီယန်ချူသည် ထိုဝက်သားကို ဓားဖြင့်ပိုင်းသတ်ချင်သည့် စိတ်ကို အသာအယာ ထိန်းချုပ်လိုက်ပြီး ခပ်အေးအေးပင် ပြုံးကာ

“ဒါကတော့ ကိုယ်ရည်ကိုယ်သွေး ရှိဖို့ လိုတာပေါ့ဗျာ” ဟု ပြန်ပြောလိုက်သည်။

ခွေးမိစ္ဆာမှာ ကြောင်အသွားပြီးနောက် ပညာလိုလားသော အမူအရာဖြင့် မေးပြန်သည်။

“ညီလေး... မင်းရဲ့ ဘယ်နေရာက ကိုယ်ရည်ကိုယ်သွေးက အဲဒီလောက်အထိ ထူးခြားနေလို့လဲ”

“...” လီယန်ချူ။

ထိုစဉ် ခွေးမိစ္ဆာထက် ပိုမိုတောက်ပသော ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသည့် မိစ္ဆာတစ်ကောင် ရောက်လာသည်။

ကြီးမားသော ဝက်ခေါင်းကြီး ရှိနေပြီး ပါးစပ်မှ သွားရည်များပင် ယိုကျနေ၏။ သူသည် လှပသော မင်ဟော်ကို မြင်လိုက်ရသောအခါ၊ အထူးသဖြင့် မင်ဟော်၏ နောက်ကွယ်မှ လှုပ်ခါနေသော အမြီးကြီးကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားတော့သည်။

“ဟဲဟဲ... ဘယ်ကနေ ဒီလောက်လှတဲ့ မြေခွေးမလေး ရောက်လာတာလဲ”

ခွေးမိစ္ဆာသည် ဝက်မိစ္ဆာကို မြင်သောအခါ ချက်ချင်းပင် အမူအရာပြောင်းသွားကာ ဖားယားသည့် အသံဖြင့် “လူကြီးမင်းကို ဂါရဝပြုပါတယ်” ဟု ဆိုသည်။

ဝက်မိစ္ဆာမှာ ခွေးမိစ္ဆာကို ဂရုမစိုက်ဘဲ ခေါင်းညိတ်ပြရုံသာ ပြုသည်။ သူ၏ ရာထူးမှာ ခွေးမိစ္ဆာထက် တစ်ဆင့်မြင့်သည်မှာ ထင်ရှားလှသည်။

“ငါမေးနေတာ မကြားဘူးလား” ဟု ဝက်မိစ္ဆာက မာန်ပါပါ မေးလိုက်သည်။

ပုံမှန်ဆိုလျှင် ဤကဲ့သို့သော မိစ္ဆာလေးများကို လီယန်ချူက ဓားတစ်ချက်တည်းဖြင့် ဆယ်ကောင်၊ ရှစ်ကောင်ခန့် သတ်ပစ်နိုင်သော်လည်း ယခုမူ သူ့ရှေ့တွင် လာ၍ မာန်တက်နေကြခြင်း ဖြစ်သည်။

လီယန်ချူ ရုတ်တရက် နောင်တရမိသွားသည်။

ငါ့မှာ ရွှေရောင်ဦးဆောင်း ရှိပါလျက်နဲ့ ဘာလို့ ဒီအသွင်ပြောင်းအတတ်ကို သုံးလိုက်မိပါလိမ့်။ ဒါက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာပဲ။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ခွေးမိစ္ဆာက သူ့ကို အတင်းတွန်းလိုက်သည်။

“လူကြီးမင်းက မေးနေတာကို မင်း မကြားဘူးလား ” ခွေးမိစ္ဆာမှာ ခုနက လူရုပ်ပေါက်နေသော်လည်း ယခုမူ ခွေးမြီးဖျားပုံစံဖြင့် လီယန်ချူကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။

“ကျွန်မက ကျွန်မရဲ့ ခင်ပွန်းနဲ့အတူ မြို့ထဲက ဆွေမျိုးတွေဆီ လာလည်တာပါရှင်”

ဟု မင်ဟော်က သူမ၏ အေးစက်သော ပုံစံကို ဖျောက်ဖျက်ကာ ချိုသာညှို့ဓာတ်ပါသော လေသံဖြင့် ပြောလိုက်သည်။

ဝက်မိစ္ဆာမှာ ချက်ချင်းပင် မျက်လုံးများ ပြူးသွားပြီး သွားရည်များမှာလည်း မထိန်းနိုင်အောင် ယိုကျလာတော့သည်။

“ဒီမိန်းကလေးက တကယ်ကို လှတာပဲ သူ့နောက်လိုက်နေလို့ ဘာထူးမှာလဲ။ သူ့ရုပ်သွင်ကို ကြည့်ပါဦး၊ ငါ့ရဲ့ ရုပ်သွင်လောက် ဘယ်မှာ ခန့်ညားလို့လဲ”

ဝက်မိစ္ဆာက သူ၏ ကြီးမားလှသော ဝက်ခေါင်းကြီးနှင့် ဦးခေါင်းနောက်မှ အမွှေးအမျှင်များကို လက်ညှိုးထိုးပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“ဟုတ်ပါတယ်... ဟုတ်ပါတယ်... လူကြီးမင်းရဲ့ ရုပ်သွင်က တကယ်ကို ခန့်ညားထည်ဝါလှပါတယ်ကျွန်တော်တို့ လူကြီးမင်းနောက်ကို လိုက်တာကမှ ပိုကောင်းမှာပါ ”

ဟု ခွေးမိစ္ဆာကလည်း ဘေးမှ ထောက်ခံလိုက်သည်။

ဝက်မိစ္ဆာမှာ သူ၏ ခါးကို မတ်လိုက်ကာ ကျော့ကျော့မော့မော့ ဖြစ်သွားတော့သည်။

“လူကြီးမင်းကလည်း နောက်နေပြန်ပြီ၊ ကျွန်မလို သာမန်မိန်းကလေးကို လူကြီးမင်းက ဘယ်မှာ မျက်စိကျမှာလဲ။ လူကြီးမင်းအနေနဲ့ သဘောထားကြီးစွာနဲ့ ကျွန်မတို့ ဇနီးမောင်နှံကို မြို့ထဲဝင်ခွင့် ပေးစေချင်ပါတယ်ရှင်”

ဟု မင်ဟော်က ပြုံးလျက် ပြောလိုက်သည်။

ထူးဆန်းသည်မှာ ထိုဝက်မိစ္ဆာသည် အစက လောဘဇောများ တက်နေပြီး အတင်းအဓမ္မ လုယူမည့် ပုံစံမျိုး ဖြစ်နေသော်လည်း မင်ဟော်၏ စကားကို ကြားပြီးနောက်တွင်မူ မျက်လုံးများ ပြူးကာ ပျော်ရွှင်စွာဖြင့်

“ကောင်းပြီ... ကောင်းပြီ... မိန်းကလေးက ဒီလိုပြောမှတော့ ဝင်ကြတော့လေ ” ဟု ဆိုလာခြင်း ဖြစ်သည်။

အထက်လူကြီးက ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် ခွေးမိစ္ဆာမှာလည်း ဘာမှ မတတ်နိုင်ဘဲ အနည်းငယ် နှမြောတသဖြစ်ရုံသာ ရှိတော့သည်။ ထိုမြေခွေးမလေး၏ ကိုယ်လုံးကိုယ်ပေါက်က တကယ်ကို ညှို့ဓာတ်ပြင်းလွန်းလှသည်မဟုတ်ပါလား။ အထူးသဖြင့် နောက်ကွယ်မှ ဟိုလှုပ်ဒီလှုပ်နှင့် အမြီးကြီးမှာ မြင်ရသူ၏ ဝိညာဉ်ကိုပင် လှုပ်ခါသွားစေနိုင်သည်။

တစ်ဖက်တွင် လီယန်ချူမှာမူ ရယ်ချင်စိတ်ကို အောင့်ထားရသည်။

ငါက ဘာဖြစ်လို့ ဒီလိုအနှိမ်ခံနေရတာလဲ။ သို့သော် သူ၏ မျက်နှာတွင် အမူအရာ မပြဘဲ ပြုံးရုံသာ ပြုံးလိုက်မိသည်။ သူသည် မင်ဟော်ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။

နတ်မိမယ်လေး မင်ဟော်ကဲ့သို့ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးက ထိုကဲ့သို့သော ညှို့ဓာတ် အတတ်များကိုပါ တတ်ကျွမ်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။ ထိုဝက်မိစ္ဆာမှာ သူမ၏ ညှို့ဓာတ်အောက်တွင် လုံးဝ ရောက်ရှိသွားသည်မှာ ထင်ရှားလှသည်။ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ လီယန်ချူ ခပ်ဖွဖွ ပြုံးလိုက်မိ၏။

သူတို့နှစ်ဦး မြို့ထဲသို့ ချောချောမောမော ဝင်ရောက်နိုင်ခဲ့ကြသည်။

“မင်းရဲ့ ညှို့ဓာတ်အတတ်က အဆင့်မနိမ့်လှဘူးပဲ။ မင်းက တကယ်ပဲ မြေခွေးမိစ္ဆာများလား”

ဟု လီယန်ချူက နောက်ပြောင်လိုက်သည်။

“တာအိုမိတ်ဆွေကလည်း နောက်နေပြန်ပြီ။ ဒါပေမဲ့ ကျွန်မရဲ့ ညှို့ဓာတ်အတတ်က ချင်းချိုး မြေခွေးမျိုးနွယ်စုဆီက သင်ယူထားတာဆိုတော့ သူတို့ရဲ့ အနှစ်သာရ အတော်လေး ပါဝင်နေတာတော့ အမှန်ပါပဲ”

မင်ဟော်က အေးအေးဆေးဆေးပင် ပြုံးလျက် ပြန်ဖြေလိုက်ပါတော့သည်။

All Chapters