← Chapters

အခန်း (၁၅၈၃-၁၅၈၄)

Vol. 159 Ch. 1583-1584

အခန်း (၁၅၈၃-၁၅၈၄)

Vol. 159 Ch. 1583-1584

အခန်း (၁၅၈၃) - အပိုလူတွေ ဝင်မပါနဲ့

ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့သည် နင်ရွှင်အား အကျပ်ရိုက်အောင် မလုပ်ခဲ့ကြချေ။

ဖန့်ချန်သည် မတ်တပ်ရပ်လိုက်ပြီး နင်ဟိန်အား ပြုံးပြလိုက်သည်။ ထို့နောက် နင်ရွှင်၏ ပုခုံးကို ပုတ်ကာ လူသူအနည်းငယ် နည်းပါးပြီး သီးသန့်ဆန်သော စားပွဲဝိုင်းတစ်ခုဆီသို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။

ထိုစားပွဲဝိုင်းရှိ ကျင့်ကြံသူများမှာ အခြေခံအားဖြင့် အဆင့် ၁ မသေမျိုးများသာ ဖြစ်ကြသည်။ သူတို့သည် ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့ကို မြင်သောအခါ အနည်းငယ် ရှိန်နေကြ၏။

မည်သို့ပင်ဆိုစေ တစ်ယောက်က အဆင့် ၂ ဖြစ်ပြီး ကျန်တစ်ယောက်က အဆင့် ၃ မဟုတ်ပါလား။ ကံကောင်းထောက်မစွာဖြင့် နင်ရွှင်က ကြားထဲမှ မိတ်ဆက်ပေးလိုက်သဖြင့် အခြေအနေမှာ ပိုမိုပြေလည်သွားခဲ့သည်။

"ကျေးဇူးပဲ... ကျေးဇူးပဲ"

နင်ဟိန်သည် ထိုသူနှစ်ဦးမှာ စကားပြောရလွယ်ကူသည်ကို မြင်သောအခါ အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ပြီး သူ၏သူငယ်ချင်းများကို နေရာချပေးတော့သည်။

"မိတ်ဆွေတို့... တကယ်ကို အားနာပါတယ်ဗျာ..."

နင်ရွှင်သည် နင်ဟိန်ကိုယ်စား နောက်တစ်ကြိမ် ထပ်မံတောင်းပန်ရှာသည်။ သူသည် နင်ဟိန်အား ထိုသူနှစ်ဦး၏ အဆင့်အတန်း အစစ်အမှန်ကို ထုတ်ပြောလိုက်ချင်စိတ်ကို အတော်လေး ထိန်းထားရ၏။

'သူတို့နှစ်ယောက် ဒီကနေ ထွက်သွားတာနဲ့ ငါ ဒါကို ပြောပြပစ်မယ်' ဟု နင်ရွှင် စိတ်ထဲတွင် ကျိတ်၍ ကြံစည်နေသည်။

ဆက်လက်ကျင်းပသော ဂုဏ်ပြုပွဲနှင့် မင်္ဂလာပွဲမှာ လုပ်ထုံးလုပ်နည်းများအတိုင်း ချောချောမွေ့မွေ့ ရှိလှသည်။ ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့သည်လည်း သတို့သမီးကို မြင်တွေ့ခဲ့ရ၏။ လူ့လောကရှိ မင်္ဂလာဆောင်များကဲ့သို့ပင် သတို့သမီးသည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် အနီရောင် ပုဝါအုပ်ထားသည်။

မျက်နှာကို မမြင်ရသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အတော်လေးလှပြီးအငွေ့အသက်မှာလည်း မြင့်မြတ်လှရာ သူမသည် အဆင့် ၃ မသေမျိုးတစ်ဦး ဖြစ်သည်။

သတို့သမီးဘက်ကမူ စိတ်ဝိညာဥ်နယ်မြေ၏ ထိပ်တန်းအင်အားစုတစ်ခုဖြစ်သော ထျန်းရွှေစံအိမ်မှ ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ခေါက် သတို့သမီး ပို့ဆောင်ရေးအဖွဲ့၏ အဆင့်အတန်းမှာလည်း အလွန်မြင့်မားလှပြီး အဆင့် ၆ မသေမျိုးတစ်ပါးကိုပင် စေလွှတ်ထားသည်။

ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့သည် ထိုမြင်ကွင်းကို ပြုံးပြုံးကလေး ကြည့်နေကြသည်။ မင်္ဂလာအခမ်းအနား ပြီးဆုံးခါနီးတွင် ဟွမ်ချင်းကျွဲက မေးလိုက်သည်။

"ဖန့်မိတ်ဆွေ... နင်မိတ်ဆွေရဲ့ မင်္ဂလာဆောင်ပြီးရင် မင်း ကျွဲမင်ကြယ်တာရာကို ပြန်မှာလား"

"အဲဒီလောက်ပါပဲ"

"ဟိုကိစ္စကိုတော့ စိတ်ထဲလေးလေးနက်နက် ထားပေးပါဦးနော်"

ဟု ဟွမ်ချင်းကျွဲက ထပ်ခါတလဲလဲ မှာကြားနေသည်။

"ငါ ထိုက်ရွှီ စီနီယာနဲ့ တွေ့ရင် ပြောပြပေးပါ့မယ်။ ဒါပေမဲ့ သူ မင်းကို အဖက်လုပ်မလုပ် ဆိုတာကိုတော့ ငါ အာမမခံနိုင်ဘူးနော်"

ဖန့်ချန်က ရယ်မောရင်း ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူက အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်နေပြီလေ။ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အမာခံတပည့်ကို အရေးမလုပ်ဘူး ဆိုရင်တောင် ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ မဟုတ်လား"

"ရပါတယ်... မင်းက ငါ့အတွက် ပြောပြပေးရုံနဲ့တင် လုံလောက်ပါပြီ။ နောက်ပိုင်းကတော့ ကံတရားအတိုင်းပါပဲ"

ဟု ဟွမ်ချင်းကျွဲက ပြန်ပြောသည်။

စကားပြောနေစဉ်အတွင်း ကောင်းကင်ယံထက်မှ ရုတ်တရက် ထူးဆန်းသော အသံအချို့ ထွက်ပေါ်လာသည်။

မသေမျိုးများစွာသည် မော့ကြည့်လိုက်ကြရာ ခဏအကြာတွင် မီးတောက် ဆယ်ဂဏန်းခန့်မှာ ကောင်းကင်ယံ၌ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။ ထိုမီးတောက်များသည် ချင်းမင် နယ်စပ်ဘက်မှ လာခြင်း ဖြစ်ပုံရသည်။

"လူကြီးမင်းတို့... အသေးအမွှား ပြဿနာလေးတစ်ခု ဖြစ်ပုံရပါတယ်၊ ဘာမှ စိတ်ပူစရာမရှိပါဘူး"

နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးသည် မတ်တပ်ရပ်ကာ ပြုံးလျက် ပြောလိုက်သည်။

ထို့ကြောင့် အားလုံး၏ အာရုံမှာ နင်ပေ့ယိုတို့ ဇနီးမောင်နှံဆီသို့ ပြန်လည် ရောက်ရှိသွားသည်။ ဆွေမျိုးမိတ်သင်္ဂဟများစွာသည် ရှေ့သို့တက်ကာ ဆုမွန်ကောင်းများ တောင်းပေးကြသည်။ ၎င်းထဲတွင် ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့လည်း ပါဝင်သည်။

သို့သော် မီးတောက်များမှာ ပိုမိုနီးကပ်လာသဖြင့် အားလုံး၏ အာရုံမှာ ထိုဘက်သို့ ထပ်မံ ဆွဲဆောင်ခံလိုက်ရပြန်သည်။ ထျန်းရွှေစံအိမ်မှ အဆင့် ၆ မသေမျိုးမှာ မျက်မှောင်ကြုတ်သွားပြီး နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးအား ကြည့်ကာ

"မိတ်ဆွေ... ဒါက ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။

နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုး ဘာမှမပြောရသေးခင်မှာပင် နင်မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာဖြင့် ထအော်တော့သည်။

"အဲဒါ နင်တုန်း တို့ပဲ"

ထိုမီးတောက်များ၏ အရင်းအမြစ်မှာ အဆင့် ၁ မသေမျိုးများ ဖြစ်ကြောင်း အားလုံးက တဖြည်းဖြည်း သိလိုက်ကြသည်။ သို့သော် သူတို့သည် ယနေ့တွင် ချင်းမင်နယ်စပ်၌ ကင်းစောင့်နေရမည့်သူများ မဟုတ်ပါလား။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေ့ဆုံးမှ မီးတောက်သည် မင်္ဂလာပွဲ ကျင်းပရာနေရာသို့ အတင်းတိုးဝင်လာသည်။ မီးတောက်များ လွင့်စင်သွားသောအခါ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ မသေမျိုးလှေ တစ်စင်းပင် ဖြစ်၏။

ထို့နောက်တွင် နင်မျိုးနွယ်စုမှ အဆင့် ၁ မသေမျိုး ဆယ်ဂဏန်းခန့်မှာ အပြေးအလွှား ရောက်ရှိလာကြသည်။ ၎င်းထဲမှ တစ်ဦးမှာ တစ်ဖက်လူသည် ဤနေရာအထိ အတင်းတိုးဝင်လာသည်ကို မြင်သောအခါ ဒေါသကြောင့် မျက်လုံးများ နီမြန်းလာပြီး ထိုမသေမျိုးလှေ ပိုင်ရှင်အား ဒေါသတကြီး အော်ဟစ်တော့သည်။

"နင်မျိုးနွယ်စု နယ်မြေကိုတောင် မင်းက အတင်းဝင်ရဲတယ်လား ဒီနေ့တော့ မင်း ထွက်သွားလို့ မရတော့ဘူး"

ထို့နောက် သူသည် နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးအား လက်အုပ်ချီကာ

"ဘိုးဘေး... ဒီလူဟာ ချင်းမင်နယ်စပ်မှာ အတင်းအဓမ္မ ဖြတ်ကျော်ဝင်ရောက်လာတာပါ။ ကျွန်တော်တို့ ဘယ်လိုပဲ လိုက်လံတားဆီးပေမဲ့ သူကတော့ ရပ်မသွားပါဘူး။ လင်လုံကြယ်တာရာရဲ့ ဥပဒေအရဆိုရင် ဒီလူကို ချက်ချင်း သတ်ပစ်သင့်ပါတယ် "

နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးသည် မျက်နှာပျက်သွားပြီး မသေမျိုးလှေကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ဒီနေ့ဟာ ငါ့မျိုးနွယ်ရဲ့ ပါရမီရှင် သားကောင်း မင်္ဂလာဆောင်တဲ့ မင်္ဂလာနေ့မြတ်ပဲ။ မင်းက ဒီနေရာကို အတင်းဝင်လာတယ်ဆိုတော့ သေဒဏ်နဲ့ပဲ ထိုက်တန်တယ်"

"ငါ့ကို သတ်မလို့လား အဲဒါဆိုရင် ကြယ်တစ်သောင်းနန်းတော် က သဘောတူမတူ အရင်မေးလိုက်ဦး "

မသေမျိုးလှေအတွင်းမှ အေးစက်လှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ကြယ်တစ်သောင်းနန်းတော်

ရောက်ရှိနေသော ကျင့်ကြံသူအားလုံးသည် ထိုအမည်ကို ကြားလိုက်ရသည်နှင့် မျက်နှာများတွင် ထိတ်လန့်ရိပ်များ အသီးသီး ပေါ်လာကြသည်။ ထျန်းရွှေစံအိမ်မှ အဆင့် ၆ မသေမျိုးသည်လည်း အစက ဒေါသတကြီး ပြောဆိုရန် ပြင်နေသော်လည်း ယခုမူ တိတ်ဆိတ်သွားတော့သည်။

ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"အဲဒါ ကြယ်တစ်သောင်းနန်းတော်ရဲ့ အမာခံတပည့်ဖြစ်ပြီး ဒီကိုလာသောင်းကျန်းတာဆိုရင် မင်း ဝင်ပါမလား"

ဟု ဟွမ်ချင်းကျွဲက စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

"မင်းက ဘာတွေ လာမေးနေတာလဲ ငါတို့ နှစ်ယောက် ပေါင်းရင် သူ့ကို ကြောက်စရာ လိုလို့လား"

ဖန့်ချန်က ပြုံးလျက် ပြန်ပြောသည်။

ဟွမ်ချင်းကျွဲလည်း ရယ်မောလိုက်သည်။

ဖန့်ချန်၏ ဤစကားကို ကြားမှသာ သူ စိတ်အေးသွားတော့သည်။

ဝိညာဉ်သုတ်သင်ရေးဌာနသည် ကြယ်တစ်သောင်းနန်းတော်ကို ခြောက်လှန့်ရန် မလုံလောက်နိုင်သော်လည်း၊ ကျွဲမင်နန်းတော်၏ အဆင့်သတ်မှတ်ချက်ရှိသော အမာခံတပည့်သာဆိုလျှင် ကြယ်တစ်သောင်းနန်းတော်၏ အမာခံတပည့်ကိုလည်း အားမနာတမ်း ရိုက်နှက်ရဲသည် မဟုတ်ပါလား။

နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုး၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အနည်းငယ် လျော့ပါးသွားသည်။

သူသည် တစ်ဖက်လူ၏ စကားတစ်ခွန်းတည်းနှင့် ပျော့ညံ့သွားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသူစီးနင်းလာသော မသေမျိုးလှေမှာ ကြယ်တစ်သောင်းနန်းတော်မှ အမာခံတပည့်များ စီးနင်းသော လှေမျိုး မဟုတ်သောကြောင့် ဖြစ်သည်။

"မင်းက ကြယ်တစ်သောင်းနန်းတော်ရဲ့ အမာခံတပည့်လား"

သူက တည်ငြိမ်စွာ မေးလိုက်သည်။

မသေမျိုးလှေထဲမှ လူတစ်ဦး ထွက်လာသည်။

သူသည် အသက် ၃၀ ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး အဆင့် ၂ မသေမျိုး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ မျက်နှာမှာ မည်းမှောင်နေပြီး မျက်လုံးများထဲတွင် ဒေါသတရားများ ပြည့်နှက်နေကာ နင်ပေ့ယို၏ ဇနီးလောင်းကို စိုက်ကြည့်နေသည်။

ထို့နောက် သူသည် အကြည့်ကို လွှဲလိုက်ပြီး နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးကို ကြည့်ကာ

"ငါက ကြယ်တစ်သောင်းနန်းတော်ရဲ့ အပြင်စည်းကျင့်ကြံသူ ကျန်းရှီးကျိုး ပဲ "

ကြယ်တစ်သောင်းနန်းတော်ရဲ့ အပြင်စည်းကျင့်ကြံသူ

အားလုံး၏ မျက်နှာမှာ ထူးဆန်းသွားကြသည်။

တခြားနေရာမှာဆိုလျှင် ဤအဆင့်အတန်းသည် လူအတော်များများကို ခြောက်လှန့်နိုင်ကောင်း ခြောက်လှန့်နိုင်လိမ့်မည်။ သို့သော် ဤနေရာက ဘယ်နေရာလဲ။

လင်လုံကြယ်တာရာပဲ နင်မျိုးနွယ်စုရဲ့ နယ်မြေပဲကြယ်တာရာ တစ်ခုလုံးကို ထိန်းချုပ်ထားပြီး စိတ်ဝိညာဥ်နယ်မြေရဲ့ ထိပ်တန်းအင်အားစု ဖြစ်တဲ့ မျိုးနွယ်စုတစ်ခုအနေနဲ့ အပြင်စည်းကျင့်ကြံသူလေး တစ်ယောက်ကို ကြောက်နေစရာ လိုပါ့မလား။

သို့သော် ကျန်းရှီးကျိုးက ချက်ချင်းပင် နောက်ထပ် စကားတစ်ခွန်း ထပ်ဆိုလိုက်သည်။

"ငါ့ကို ကြယ်တစ်သောင်းနန်းတော်ရဲ့ အကြီးအကဲများကောင်စီက ရွေးချယ်ထားပြီးပြီ။ မကြာခင်မှာ ငါ့ကို စာမေးပွဲ ဖြေခိုင်းတော့မယ်။ အောင်မြင်တာနဲ့ ငါဟာ ကြယ်တစ်သောင်းနန်းတော်ရဲ့ အမာခံတပည့် ဖြစ်လာမှာပဲ "

ဤစကားကို ကြားသောအခါ အားလုံးမှာ အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် လေးနက်မှုများ ပိုမို ပေါ်လွင်လာသည်။ မကြာခင် အမာခံတပည့် ဖြစ်လာတော့မည့် အပြင်စည်းကျင့်ကြံသူ တစ်ဦးဆိုလျှင်တော့ သူ၏ အဆင့်အတန်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြီ ဖြစ်သည်။

"မိတ်ဆွေက ဒီကို ဘာကိစ္စနဲ့ လာတာလဲ"

နင်မျိုးနွယ်စု အဆင့် ၆ မသေမျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါတို့ နင်မျိုးနွယ်စုက မိတ်ဆွေကို ဘာများ စော်ကားမိလို့လဲ"

"အဲဒါကိုတော့ နင်ပေ့ယိုနဲ့ ရှုလင်ကျွင်း တို့ကိုပဲ မေးကြည့်လိုက်တော့"

ဟု ကျန်းရှီးကျိုးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ထျန်းရွှေစံအိမ်မှ အဆင့် ၆ မသေမျိုးသည် မသိမသာ မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားပုံရသည်။

"မင်း ဘာကို ဆိုလိုတာလဲ" နင်ပေ့ယိုက တည်ငြိမ်စွာ မေးလိုက်သည်။

သူ့ဘေးရှိ အမျိုးသမီး ကျင့်ကြံသူသည် ရုတ်တရက် အနီရောင် ပုဝါကို ဆွဲဖယ်လိုက်ပြီး ကျန်းရှီးကျိုးကို အေးစက်စွာ စိုက်ကြည့်ကာ

"ကျန်းမိတ်ဆွေ... ရှင်က လွန်လွန်းတယ်လို့ မထင်ဘူးလား"

ဧည့်သည်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ပိုမို ထူးဆန်းလာသည်။ အချို့ဆိုလျှင် ကျိတ်၍ပင် ပျော်နေကြ၏။

"ရှုလင်ကျွင်း... ငါပြောဖူးတယ်လေ၊ မင်းက ငါ့မိန်းမပဲလို့။ ဘာဖြစ်လို့ ငါ့ကို မစောင့်တာလဲ ငါသာ ကြယ်တစ်သောင်းနန်းတော်ရဲ့ အမာခံတပည့် ဖြစ်လာရင် မင်းက ငါ့ကို အထင်သေးနေဦးမှာလား"

ကျန်းရှီးကျိုးသည် ရှုလင်ကျွင်းကို ကြည့်ကာ ရူးသွပ်သလို အော်ဟစ်နေသည်။

"နင် တကယ်ကို ရူးနေတာပဲ။ ငါနဲ့ နင်နဲ့က တစ်ခါပဲ တွေ့ဖူးတာပါ"

ရှုလင်ကျွင်း၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။

"တစ်ခါတွေ့ဖူးရင် ဘာဖြစ်လဲ ငါက မင်းကို ရွေးချယ်ပြီးပြီဆိုမှတော့ ဒါဟာ ဘယ်သူမှ ပြောင်းလဲလို့ မရတဲ့ အမှန်တရားပဲ ငါ အမာခံတပည့် မဖြစ်သေးခင်မှာ မင်းကို နင်ပေ့ယိုနဲ့ အိမ်ထောင်ပြုခွင့် မပေးနိုင်ဘူး သာမန် နင်မျိုးနွယ်စုဆိုတာ မင်းနဲ့ မထိုက်တန်ဘူး"

ကျန်းရှီးကျိုးက ရူးသွပ်စွာ ကြွေးကြော်နေသည်။

"ချ"

ဟွမ်ချင်းကျွဲက ရုတ်တရက် တိုးတိုးလေး အမိန့်ပေးလိုက်သည်။

နောက်တစ်ခဏတွင် သူနှင့် ဖန့်ချန်တို့သည် မီးတောက်များအလား ကျန်းရှီးကျိုးဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

တစ်ယောက်က အဆင့် ၃ မသေမျိုး။ နောက်တစ်ယောက်က အဆင့် ၂ ဓားမသေမျိုး။

တိုက်ကွက် တစ်ကွက်တည်းနှင့်ပင် ကျန်းရှီးကျိုး၏ မသေမျိုးလှေမှာ အပိုင်းပိုင်းအစစ ပျက်စီးသွားတော့သည်။

ကျန်းရှီးကျိုးသည် ထိတ်လန့်တုန်လှုပ်သွားပြီး ဤနေရာတွင် သူ့ကို တကယ် ရဲရဲဝံ့ဝံ့ တိုက်ခိုက်မည့်သူ ရှိလိမ့်မည်ဟု မထင်ထားပုံရသည်။ သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

"ငါက နောင်အနာဂတ် ကြယ်တစ်သောင်းနန်းတော်ရဲ့ အမာခံတပည့်ပဲ မင်းတို့က ငါ့ကို တိုက်ရဲတယ်လား "

နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးနှင့် ထျန်းရွှေစံအိမ်မှ အဆင့် ၆ မသေမျိုးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဝင်ရောက်တားဆီးရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံထက်မှ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော စကားနှစ်ခွန်းကို ကြားလိုက်ရသည်။

"ကျွဲမင်နန်းတော် အမာခံတပည့် အလုပ်လုပ်နေတယ်၊ အပိုလူတွေ ဝင်မပါနဲ့။"

"ဝိညာဉ်သုတ်သင်ခြင်းဌာန အမာခံတပည့် အလုပ်လုပ်နေတယ်၊ အပိုလူတွေ ဝင်မပါနဲ့။"

အခန်း (၁၅၈၄) - တောင်စိမ်းမြေမပြောင်း၊ ရေစိမ်းမြေမခြား

ဝင်ရောက်တားဆီးရန် ပြင်ဆင်နေသည့် နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးမှာ ထိုနေရာ၌ပင် ဆွံ့အကာ မှင်သက်သွားတော့သည်။

ရောက်ရှိနေကြသော ကျင့်ကြံသူများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းကုန်ကြ၏။ ပြင်ပမှ လာရောက်သော ဧည့်သည်များဖြစ်စေ၊ နင်မျိုးနွယ်စုမှ ကျင့်ကြံသူများဖြစ်စေ ထိုနောက်ခံ အမည်နာမ နှစ်ခုကြောင့် အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။

"ကျွဲမင်နန်းတော်... ဝိညာဉ်သုတ်သင်ရေးဌာန... အမာခံတပည့်တွေ ဟုတ်လား "

"တကယ်ကြီးလား"

"ဒီလို အင်အားစုကြီးနှစ်ခုရဲ့ အမာခံတပည့်တွေက ဘာဖြစ်လို့ အခုမှ အဆင့်တိုးမြှင့်ခံရတဲ့ မသေမျိုးအရှင်လေးတစ်ယောက်ရဲ့ မင်္ဂလာပွဲကို လာတက်ရတာလဲ "

လူတိုင်းမှာ မယုံနိုင်အောင် ဖြစ်နေကြသည်။ နင်မျိုးနွယ်စုသည် စိတ်ဝိညာဥ်နယ်မြေတွင် နာမည်ကျော်ကြားသည်မှာ မှန်သော်လည်း၊ အထွတ်အထိပ် အင်အားစု အနည်းငယ်ကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိသော နင်မျိုးနွယ်စုကဲ့သို့ အဖွဲ့အစည်းများမှာ ထိပ်တန်းအင်အားစု အဆင့်မျှသာ ရှိသည်။

သို့သော် အထွတ်ထိပ်လနှင့် ထိပ်တန်း တို့ကြားရှိ ကွာဟချက်မှာမူ ထိုအင်အားစုနှစ်ခု၏ အစွမ်းကို သိရှိကြသော ကျင့်ကြံသူတိုင်းအတွက် ရှင်းလင်းထင်ရှားလှပေသည်။ ၎င်းတို့မှာ အဆင့်အတန်းချင်း လုံးဝ မတူညီကြချေ။

စိတ်ဝိညာဥ်နယ်မြေတွင် ကျွဲမင်နန်းတော်ကဲ့သို့သော အဖွဲ့အစည်းများသည် ကောင်းကင်ယံမှ နေမင်းနှင့်တူပြီး ၎င်း၏ အလင်းရောင်မှာ တစ်နယ်မြေလုံးကို လွှမ်းခြုံထားနိုင်သည်။ နင်မျိုးနွယ်စုမှာမူ ၎င်းနှင့် နှိုင်းယှဉ်လျှင် သာမန် အရောင်မှိန်သော ကြယ်တစ်လုံးမျှသာ ဖြစ်၏။

အစောပိုင်းက ၎င်းတို့နှင့် တစ်စားပွဲတည်း ထိုင်ခဲ့သော အဆင့် ၁ မသေမျိုးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် နင်ရွှင်အား ဝိုင်းကြည့်လိုက်ကြတော့သည်။

"နင်ရွှင် အစ်ကိုလေး... အဲဒီနှစ်ယောက်က တကယ်ပဲ ဘယ်သူတွေလဲ"

တစ်စုံတစ်ယောက်က အလျင်အမြန် မေးလိုက်သည်။

ထိုအချိန်တွင် ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့ နှစ်ဦးမှာ လက်တွဲတိုက်ခိုက်နေကြပြီး ကျန်းရှီးကျိုးအား ဘောလုံးတစ်လုံးကဲ့သို့ ကောင်းကင်ယံတွင် အပြန်အလှန် ကန်ကျောက် ရိုက်နှက်နေကြသည်။

တစ်ဖက်က တစ်ကန်၊ တစ်ဖက်က တစ်ချက် ရိုက်လိုက်ခြင်းဖြင့် အဆင့် ၂ မသေမျိုးဖြစ်သော ကျန်းရှီးကျိုးမှာ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ချေ။

လူတိုင်းမှာ ရင်တုန်ပန်းတုန်ဖြင့် ကြည့်နေကြရသည်။ တစ်ဖက်လူက သူ၏ နောက်ခံကို ထုတ်ပြောထားသည်မှာ ကြယ်တစ်သောင်းနန်းတော်၏ အပြင်စည်းကျင့်ကြံသူ ဖြစ်နေသည့်တိုင် ဤသို့ နှိပ်စက်စော်ကားနေခြင်းမှာ တစ်ခုတည်းသော အဓိပ္ပာယ်သာ ရှိသည်။ ထိုသို့ လုပ်ရဲခြင်းမှာ ဤနှစ်ဦး ပြောခဲ့သော စကားများမှာ အလိမ်အညာ မဟုတ်ကြောင်း သက်သေပြနေခြင်းပင်။

စိတ်ဝိညာဥ်နယ်မြေတွင် ကျွဲမင်နန်းတော်နှင့် ဝိညာဉ်သုတ်သင်ရေးဌာနတို့၏ အမာခံတပည့်ဟု အယောင်ဆောင်ရဲမည့် အရူး မရှိနိုင်ပေ။

"ဒီနှစ်ယောက်က ကျွဲမင်နန်းတော်နဲ့ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အမာခံတပည့်တွေ အမှန်ပဲဗျ။ သူတို့က နင်ပေ့ယို အစ်ကိုကြီးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေမို့ မင်္ဂလာပွဲကို အထူးတလည် လာတက်ပေးကြတာပါ။ သူတို့က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်ပြီး လူသိရှင်ကြား ကြေညာရတာကို မကြိုက်လို့ပါ"

ဟု နင်ရွှင်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

တစ်ချိန်တည်းမှာပင် နင်ဟိန် ထိုင်နေသော စားပွဲဝိုင်းရှိ ကျင့်ကြံသူများမှာလည်း ဆွံ့အကုန်ကြသည်။ နင်ဟိန်သည် လူအုပ်ထဲတွင် နင်ရွှင်ကို ချက်ချင်း လိုက်ရှာပြီး အလျင်အမြန် လျှောက်လာခဲ့သည်။ သူ စကားမပြောရသေးခင်မှာပင် နင်ရွှင်၏ စကားကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။

နင်ရွှင်သည် နင်ဟိန် ရောက်လာသည်ကို သတိပြုမိသဖြင့် နင်ဟိန်အား တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"နင်ဟိန် အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးကိုယ်စား အဲဒီနှစ်ယောက်ကို နှစ်ခါတောင် တောင်းပန်ခဲ့ပြီးပြီ။ ကျွန်တော့်အမြင်အရတော့... အစ်ကိုကြီးသာ နင်ပေ့ယို အစ်ကိုကြီးနဲ့ ဆွေမျိုးမတော်စပ်ဘူးဆိုရင် ဒုက္ခအကြီးအကျယ် တွေ့နေလောက်ပြီဗျ"

နင်ဟိန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးရှာသည်။

"အဲဒီနှစ်ယောက်က တကယ်ပဲ..."

"လောကမှာ ဘယ်သူက ကျွဲမင်နန်းတော်နဲ့ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အမာခံတပည့်လို့ အယောင်ဆောင်ရဲမှာလဲ ဒါ့အပြင် ကျွန်တော် ကိုယ်တိုင် သူတို့ရဲ့ မသေမျိုးလှေတွေကို မြင်ဖူးတယ်၊ ကျွန်တော့် မှတ်ဉာဏ်ထဲက ပုံစံတွေနဲ့ တစ်ချက်လေးတောင် မလွဲဘူး"

ဟု နင်ရွှင်က ပြောလိုက်သည်။

"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ ဒုက္ခပါပဲ... မင်း နောက်ကျရင် ငါ့ကို သူတို့နဲ့ မိတ်ဆက်ပေးပြီး ကြားထဲက စကားပြောပေးပါဦး။ ငါ သေချာ တောင်းပန်ရမယ်"

နင်ဟိန်၏ မျက်နှာမှာ စိမ်းဖန့်နေပြီး စိတ်ထဲတွင်လည်း အလွန်ပင် ခါးသီးနေတော့သည်။

အားလုံးမှာ ထူးဆန်းသော အမူအရာများ ဖြစ်နေကြသည်။ အစောပိုင်းက ထိုနှစ်ဦး ထိုင်နေသည့် နေရာကို နင်ဟိန်က လုယူခဲ့သည်ကို အားလုံး မြင်တွေ့ခဲ့ကြသည် မဟုတ်ပါလား။ အဆင့် ၄ မသေမျိုးလေး တစ်ယောက်က... အထွတ်ထိပ်အင်အားစုကြီး နှစ်ခု၏ အမာခံတပည့်များကို နေရာဖယ်ပေးခိုင်းခဲ့သည်လေ။ ထိုအကြောင်းသာ ပြင်ပသို့ ပြန့်သွားလျှင် နှစ်ပေါင်းများစွာကြာအောင် ကြွားလုံးထုတ်စရာ ကိစ္စကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

"နေဦး... ဒီနှစ်ယောက်က တကယ်ပဲ ကျွဲမင်နန်းတော်နဲ့ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အမာခံတပည့်တွေလား"

ထျန်းရွှေစံအိမ်မှ အဆင့် ၆ မသေမျိုးသည် နင်မျိုးနွယ်စု အဆင့် ၆ မသေမျိုးဘေးသို့ လျှောက်လာကာ တိုးတိုးလေး မေးလိုက်သည်။

"ကျွန်တော်လည်း..."

ထိုသူမှာ မသိပါဟု ပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နင်ပေ့ယိုဘက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။

"ပေ့ယို... ဒီနှစ်ယောက်ရဲ့ နောက်ခံက ဘာလဲ"

"ဘိုးဘေး... ဖန့်မိတ်ဆွေက ကျွဲမင်နန်းတော်ရဲ့ အမာခံတပည့်ပါ၊ ဟွမ်မိတ်ဆွေကတော့ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ အမာခံတပည့်ပါ။ သူတို့နှစ်ယောက်လုံးက ကျွန်တော် အောက်နယ်မြေ ခြောက်ခုမှာ ရှိစဉ်က သိကျွမ်းခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ"

ဟု နင်ပေ့ယိုက လက်အုပ်ချီကာ ဖြေကြားလိုက်သည်။

ဤစကားမှာ သူ၏ဘေးမှ ရှုလင်ကျွင်း၏ မျက်နှာထားကို ထူးဆန်းသွားစေရုံသာမက ရောက်ရှိနေသော အဆင့် ၆ မသေမျိုး နှစ်ပါးနှင့် အားလုံး၏ မျက်နှာကိုပါ အံ့အားသင့်သွားစေသည်။

နင်မျိုးနွယ်စုမှ အဆင့် ၅ မသေမျိုးတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

"အောက်နယ်မြေ ခြောက်ခုက... နဂါးအစစ်တွေ ထွက်တတ်တဲ့ နေရာလား "

"ဒါကို စောစောသိရင် ငါ့သားကိုလည်း အောက်နယ်မြေမှာ သွားပြီး လေ့ကျင့်ခိုင်းပါတယ်..."

နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးသည် နင်ပေ့ယို၏ စကားကို ကြားပြီးနောက် မျက်နှာမှာ ဝင်းပသွားပြီး ထျန်းရွှေစံအိမ်မှ အဆင့် ၆ မသေမျိုးအား ပြုံးလျက် ပြောလိုက်သည်။

"မိတ်ဆွေကြီး... စိတ်မပူပါနဲ့တော့၊ ဒီကိစ္စက ဘယ်လိုနည်းနဲ့မှ ငါတို့ဆီကို ပြဿနာ ရောက်လာမှာ မဟုတ်တော့ဘူး"

"...ဟုတ်ကဲ့ပါ..."

ထျန်းရွှေစံအိမ် အဆင့် ၆ မသေမျိုးက ခေါင်းညိတ်လိုက်သော်လည်း သူ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေဆဲ ဖြစ်သည်။

သူသည် နင်ပေ့ယိုကို ကြည့်လေ ပို၍ သဘောကျလေ ဖြစ်လာတော့သည်။ ထျန်းရွှေစံအိမ်၏ သမက်လောင်းတွင် ဤမျှကြီးမားသော လူမှုကွန်ရက်နှင့် နောက်ခံမျိုး ရှိလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

"မင်း... မင်းတို့..."

ကျန်းရှီးကျိုးသည် သွေးများ အန်နေပြီး နောက်ဆုံးတွင် ထိုးနှက်ချက်များကို မခံနိုင်တော့ဘဲ လက်ဝေ့ယမ်းကာ

"မရိုက်ပါနဲ့တော့..." ဟု တောင်းပန်ရှာသည်။

ဖန့်ချန်နှင့် ဟွမ်ချင်းကျွဲတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လက်များကို ရပ်လိုက်ကြသည်။

ဟွမ်ချင်းကျွဲက တည်ငြိမ်စွာ ပြောလိုက်သည်

"ဒီနေ့ ငါ့ညီအစ်ကိုရဲ့ မင်္ဂလာပွဲပဲ။ မင်းက ဘယ်က အကောင်မို့လို့ လာသောင်းကျန်းရတာလဲ ကြယ်တစ်သောင်းနန်းတော်ရဲ့ အပြင်စည်းကျင့်ကြံသူ ဖြစ်သွားပြီး စာမေးပွဲ ဖြေခွင့်ရတာနဲ့ပဲ လူ့လောက ကိုးနယ်မြေမှာ မင်းက အနှိုင်းမဲ့ ဖြစ်သွားပြီလို့ ထင်နေတာလား "

"မင်း... မင်းက တကယ်တော့ ဘယ်သူလဲ"

ကျန်းရှီးကျိုးသည် သူ၏ ရင်ဘတ်ကို ဖိထားရင်း၊ မသေမျိုးစွမ်းအားများဖြင့် ဒဏ်ရာများကို ကုသရင်း ဟွမ်ချင်းကျွဲကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ဝိညာဉ်သုတ်သင်ရေးဌာန အမာခံတပည့်၊ ဟွမ်ချင်းကျွဲ။"

ဟွမ်ချင်းကျွဲက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်

"ငါ့နာမည်ကို မှတ်ထားလိုက်၊ ငါ့ကို လာပြီး ကလဲ့စားချေဖို့ ငါ ခွင့်ပြုတယ်။ ငါတို့တစ်နေ့ကျရင် ရှေးဟောင်းတားမြစ်နယ်မြေမှာ ဆုံနိုင်ရင် အကောင်းဆုံးပေါ့။"

သူက ခဏရပ်လိုက်ပြီး

"ဒါပေမဲ့ ငါစိုးရိမ်တာက မင်းက ကြယ်တစ်သောင်းနန်းတော်ရဲ့ အမာခံတပည့်တောင် ဖြစ်မလာမှာကိုပဲ။ အဲဒီအချိန်ကျရင် ငါတို့ ဆုံခဲ့ရင်တောင် မင်းက သာမန် နယ်မြေရှာဖွေရေးအဖွဲ့ရဲ့ ခေါင်းဆောင်အဆင့်ထက် မပိုနိုင်ဘူး၊ ငါနဲ့ စကားပြောဖို့တောင် အဆင့်မမီဘူး"

"ဝိညာဉ်သုတ်သင်ရေးဌာန အမာခံတပည့်..."

ကျန်းရှီးကျိုး၏ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ဖြတ်ပြေးသွားသည်။ ဝိညာဉ်သုတ်သင်ရေးဌာန၏ အင်အားမှာ ကြယ်တစ်သောင်းနန်းတော်ထက် အလှမ်းဝေးကွာလှသော်လည်း အမာခံတပည့်ဆိုသည်မှာ အမာခံတပည့်ပင် ဖြစ်သည်။ အစီရင်ဗဟိုချက် ကို ပိုင်ဆိုင်ထားသူဖြစ်ရာ လူ့လောက ကိုးနယ်မြေတွင် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပေသည်။

"ဒါဆို မင်းကရော တကယ်ပဲ..."

ကျန်းရှီးကျိုးသည် ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ သူ၏ အကြည့်မှာ ပို၍ပင် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

"ဝိညာဉ်သုတ်သင်ရေးဌာန အမာခံတပည့်က မလုံလောက်သေးဘူးလား ငါ့ရဲ့ နောက်ခံကိုပါ သိမှပဲ မင်းက လက်လျှော့မှာလား "

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

"ဒီနေ့ လူကြီးမင်း နှစ်ယောက်ရဲ့ ဆုံးမမှုကို ခံယူခဲ့ရမှတော့ နောက်ခံကို သိထားသင့်တာပေါ့။ နောက်တစ်ခါ ပြန်ဆုံရင်လည်း ပြန်လည် သင်ယူနိုင်တာပေါ့"

ကျန်းရှီးကျိုးက တိုးတိုးလေး ပြောလိုက်သည်။

"အဲဒါဆိုရင် သေချာနားထောင်ထားလိုက်... ကျွဲမင်နန်းတော် အမာခံတပည့် ဖန့်ချန်၊ အဆင့်သတ်မှတ်ချက် နံပါတ် ၉ "

ဟွမ်ချင်းကျွဲက ဖန့်ချန်ကို ညွှန်ပြကာ ကျန်းရှီးကျိုးအား ပြုံးပြလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တာ့လေယင် တိုက်ပွဲမှာ ရုလိုင်ကျောင်းတော်ရဲ့ အမာခံတပည့်ကို သတ်ခဲ့ဖူးသလို၊ အစီရင်မသေမျိုးအတတ်ကိုလည်း အသုံးပြုခဲ့ဖူးတယ်။ မင်းလို ကြယ်တစ်သောင်းနန်းတော်ရဲ့ အပြင်စည်း အဆင့်လေးနဲ့ သူ့ကို လာပြီး ပြဿနာရှာချင်သေးတာလား "

"နံပါတ် ၉ အဆင့်သတ်မှတ်ချက် ရုလိုင်ကျောင်းတော် အမာခံတပည့်ကို သတ်ခဲ့တယ် "

ဤစကားကြောင့် ကျန်းရှီးကျိုး တစ်ယောက်တည်း ကောင်းကင်ယံမှ ပြုတ်ကျလုနီးပါး ထိတ်လန့်သွားသည် မဟုတ်ချေ။ ရောက်ရှိနေသော အဆင့် ၆ နှင့် အဆင့် ၅ မသေမျိုးများအားလုံးမှာလည်း ဤစကား၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ကြသည်။

"ကျွဲမင်နန်းတော်မှာ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီး အစီရင်မသေမျိုးအတတ်ကို အသုံးပြုနိုင်တဲ့ နံပါတ် ၉ ယောက်မြောက် အမာခံတပည့် ဖြစ်လာတယ်လို့ ကြားဖူးပါတယ်၊ ဒါ သူပဲကိုး "

"ဒီနေ့ လင်လုံကြယ်တာရာမှာ ဒီလို လူပုဂ္ဂိုလ်မျိုးကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး..."

"တောင်စိမ်းမြေမပြောင်း၊ ရေစိမ်းမြေမခြား (တောင်တွေ မပြိုသရွေ့ ရေတွေ မခန်းသရွေ့)... မိတ်ဆွေ နှစ်ယောက်နဲ့ နောင်တစ်ချိန်မှာ ပြန်ဆုံကြတာပေါ့"

ကျန်းရှီးကျိုးသည် ရုတ်တရက် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။ သူ၏ မသေမျိုးလှေမှာ အပိုင်းပိုင်းအစစ ဖြစ်သွားပြီဖြစ်ရာ လင်လုံကြယ်တာရာမှ ထွက်ခွာနိုင်ရန် လှေအသစ်တစ်စင်း ထပ်မံ ရှာဖွေရဦးမည်ဖြစ်သည်။

ဟွမ်ချင်းကျွဲသည် ထိုအချိန်တွင် ထပ်မံ ပျံတက်သွားပြီး ကျန်းရှီးကျိုးအား နောက်တစ်ချက် ကန်လိုက်ပြန်သည်။

"မင်းလို အဆင့်အတန်းမျိုးနဲ့ တောင်စိမ်းမြေမပြောင်း ဆိုတဲ့ စကားကို သုံးဖို့ ဘာအရည်အချင်း ရှိလို့လဲ "

ကျန်းရှီးကျိုးမှာ တစ်ဖက်သို့ အဝေးကြီး လွင့်စင်သွားရသော်လည်း ထိုအရှိန်ကို အသုံးပြု၍ အလျင်အမြန်ပင် ထွက်ပြေးသွားတော့သည်။ သူသည် ပြန်လည်၍ စကားတစ်ခွန်းပင် မဟရဲတော့ချေ။

နင်မျိုးနွယ်စုမှ အဆင့် ၆ မသေမျိုးသည် ဤမြင်ကွင်းကို ကြည့်ကာ အလျင်အမြန်ပင် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"မင်္ဂလာပွဲကို ဆက်လက်ကျင်းပကြမယ်"

ထို့နောက် သူသည် ဖန့်ချန်တို့ နှစ်ဦးထံသို့ စိတ်အားထက်သန်စွာ ချဉ်းကပ်လာပြီး အဓိက စားပွဲဝိုင်းတွင် ထိုင်ရန် ဖိတ်ကြားတော့သည်။ သူတို့၏ အဆင့်အတန်းမှာ လူသိရှင်ကြား ဖြစ်သွားပြီဖြစ်ရာ ထိုသူနှစ်ဦးမှာလည်း မငြင်းဆန်တော့ဘဲ နင်ရွှင်ကိုပါ ခေါ်ယူကာ ထိုနေရာတွင် ထိုင်လိုက်ကြသည်။

ထိုဧည့်သည်နှစ်ဦးကို နင်ရွှင်က အစအဆုံး ဧည့်ခံခဲ့ခြင်းဖြစ်ကြောင်းနှင့် သူတို့၏ အဆင့်အတန်းကို ဖုံးကွယ်ထားလို၍ နင်ရွှင်အား ထုတ်မပြောခိုင်းခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ နင်မျိုးနွယ်စု အဆင့် ၆ မသေမျိုးသည် နင်ရွှင်အား အလွန်ပင် ကျေနပ်အားရသော အကြည့်ဖြင့် ကြည့်လိုက်တော့သတည်း။

All Chapters