← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃) ထိပ်တန်းရတနာရှာဖွေရေး ကြွက်က အစေခံတစ်ယောက်လောက်တောင် မစွမ်းဆောင်နိုင်ဘူး

ဤစကားများ ထွက်ပေါ်လာသည်နှင့်အမျှ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် မှင်သက်သွားပေ၏။

ဖြစ်ရပ်များ၏တိုးတက်မှုသည် သူ၏ မျှော်လင့်ချက်များထက် လုံးလုံးလျားလျား ကျော်လွန်သွားခဲ့သည်။

ဇာတ်လမ်းအရဆိုလျှင် မုချင်းလီက အရင်ဆုံး ရှက်သွေးဖြာ၍ ပြုံးပြသင့်သည် မဟုတ်လော...

သူမက သူ့ကို အမှန်တကယ် ထူးခြားပြီး တခြားသူများနှင့် မတူညီသော လူတစ်ယောက်ဟု ပြောဆိုရမည် မဟုတ်လော....

နောက်ဆုံးတွင် ဤကိစ္စကြောင့် သူမသည် သူ့အပေါ် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်လာရမည် မဟုတ်လော....

"ကျွတ်..."

ဤအချိန်အခိုက်အတန့်တွင် သူ၏နံဘေးရှိ ဈေးသည်က ထပ်မံ၍ မအောင့်အည်းထားနိုင်တော့ပုံရသည်။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းလေးကိုတောင် မထုတ်နိုင်တဲ့ ဆင်းရဲတဲ့ကောင်က တခြားလူတွေလို မိန်းကလေးတွေကို လိုက်ဖို့ ကြိုးစားနေတာ တကယ့်ကို ရယ်စရာကောင်းတာပဲ..."

"ငါသာ မင်းရဲ့နေရာမှာဆိုရင် ဝင်ပုန်းဖို့ ကျင်းတစ်ကျင်းကိုပဲ ရှာလိုက်တော့မယ်..."

ဤလှောင်ပြောင်သံ ထွက်ပေါ်လာသည်နှင့်အမျှ တုန်လှုပ်ချောက်ချားအင်မော်တယ်သည် အိပ်မက်တစ်ခုမှ နိုးလာသကဲ့သို့ ရုတ်တရက် လန့်နိုးသွားတော့သည်။

"မင်း..."

သူ၏လည်ပင်းနှင့် မျက်နှာသည် အလျင်အမြန် နီရဲလာပြီး သူက မုချင်းလီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

တစ်ဖက်လူက သူ့ကို ဆင်းရဲသောကောင်ဟု နှစ်ကြိမ်တိုင်တိုင် ခေါ်ဆိုခဲ့ခြင်းမှာ ဆိုးရွားလွန်းနေလေပြီ။

ဤဈေးသည်သည် နံဘေးမှနေ၍ မီးလောင်ရာ လေပင့်လုပ်နေရုံသာမက သူ့ကိုလည်း လှောင်ပြောင်နေသည်။

သူ၏ယခင်ဘဝက သူသည် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော မဟာဧကရာဇ်များ၏ အထက်တွင် ရပ်တည်ခဲ့သည် မဟုတ်လော...

ဤလူများက သူ့ကို ဤကဲ့သို့ အရှက်ခွဲရန် မည်ကဲ့သို့ ရဲတင်းနေကြသနည်း....

သို့သော် ဤနေရာတွင် လူများစွာ ရှိနေပြီး ရှုပ်ထွေးသော နေရာတစ်နေရာ ဖြစ်ပေ၏။

ထို့ပြင် ဤနေရာသည် နတ်ဘုရားသိုင်းဈေးပွဲတော်ပင်။ သူ ဒေါသထွက်နေလျှင်ပင် ဤနေရာတွင် လှုပ်ရှားရန်အထိ သူ မိုက်မဲမည် မဟုတ်ချေ။

"မိန်းကလေး... မင်းက ငါ့ရဲ့စေတနာကို အထင်လွဲနေတာများလား..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဤစော်ကားမှုကို မျိုသိပ်မထားနိုင်တော့ဘဲ ဒေါသတကြီး ပြောဆိုလိုက်၏။

"ဒါ့ပြင်... ဒီပစ္စည်းကို ငါက အရင်ဆုံး မျက်စိကျခဲ့တာပဲ..."

"နင်က အရင် မျက်စိကျတော့ရော ဘာဖြစ်လဲ..."

မုချင်းလီက လုံးဝဂရုမစိုက်ဘဲ လှောင်ပြောင်လိုက်၏။

"နင့်ရဲ့အဆိုအရ နတ်ဘုရားသိုင်းဈေးပွဲတော်မှာ ပစ္စည်းတွေ အများကြီး ရှိတယ်... နင့်မှာ ဝယ်ဖို့ ပိုက်ဆံမရှိရင်တောင်မှ နင်သဘောကျရင် အဲ့ဒါတွေက နင့်ဟာ ဖြစ်သွားတာလား..."

"တကယ်လို့ နင့်မှာ ဝယ်ဖို့ စိတ်ဝိညာဉ် ကျောက်တုံးတွေ မရှိဘူးဆိုရင် ဒီသူတော်စင်မိန်းမပျိုလေးက အဲ့ဒါကို တိုက်ရိုက်ဝယ်လိုက်မယ်... ဒီဆင်းရဲတဲ့ကောင်ရဲ့ ခွင့်ပြုချက်ကို ငါ တောင်းဖို့ လိုသေးလို့လား..."

မုချင်းလီ၏စကားများကို ကြားလိုက်ရသောအခါ ပြဇာတ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သော ဝူထျန်သည်လည်း အနည်းငယ် ဆွံ့အသွားပေ၏။

သောက်ကျိုးနည်း...

ပုံမှန်အားဖြင့် ဖြူစင်ပြီး ရည်မွန်သော လမ်းကြောင်းကို လျှောက်လေ့ရှိသည့် သူတော်စင်မိန်းမပျိုလေးသည် ခုံးဝူတောက်ကြောင့် အမှန်တကယ်ပင် အမှောင်ဘက်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဟူး...

ဤမျှထိ ဖြူစင်ပြီး ကျော့ရှင်းသော အလှလေးက 'ဆင်းရဲသောကောင်' ဆိုသည့် စကားလုံးကို ဆက်တိုက်ပြောဆိုနေသည်။

မည်သည့်ကျင့်ကြံသူ၏ လရောင်ဖြူလေးက ဤအချိန်အခိုက်အတန့်တွင် ပူဖောင်းတစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီကို မည်သူက သိနိုင်မည်နည်း။

သို့သော် အမှန်တရားကို ပြောရလျှင် ထိုအရာက သူ့ကိုလည်း အလွန်ကောင်းမွန်သော ခံစားချက်ကို ပေးစွမ်းခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် သူတို့သည် အမှန်တကယ်ပင် ပိုက်ဆံမလိုအပ်ချေ။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားသားတော်အရှင်ခုံးဝူတောက်က သူတို့ကို ယခင်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ ပေးအပ်ခဲ့သည် မဟုတ်လော...

နတ်ဘုရားသိုင်းဈေးပွဲတော်တွင် သူတို့ လိုချင်သည့် ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက ဝယ်လိုက်ရန်သာ ဖြစ်ကြောင်း သူတို့ကို ပြောဆိုခဲ့သည်။

အကယ်၍ မလုံလောက်ပါက သူတို့သည် သူ့ထံမှ ထပ်မံ၍ တောင်းဆိုနိုင်သည်ဟု ပြောဆိုခဲ့ပေ၏။

ဤသို့ စဉ်းစားကြည့်ပါက မုချင်းလီက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းကိုပင် ဈေးကြီးသည်ဟု ထင်နေသော တုန်လှုပ်ချောက်ချား အင်မော်တယ်ကဲ့သို့ လူမျိုးကို ဆင်းရဲသောကောင်ဟု ခေါ်ဆိုခြင်းမှာ အတော်လေး ယုတ္တိရှိသည်။

"မင်း... မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဆင်းရဲသောကောင်ဟု နောက်တစ်ကြိမ် စော်ကားခံလိုက်ရသဖြင့် ဒေါသတကြီးဖြင့် အံ့ကြိတ်လိုက်၏။

မူလက သူသည် မုချင်းလီကို ဆွဲဆောင်ရန် တွေးတောနေခဲ့သည်။ ယခုအချိန်၌ ယနေ့၏ အရှက်ခွဲခံရမှုနှင့် ဒေါသတို့ကြောင့် သူမကို တိုက်ရိုက်တိုက်ခိုက်ချင်စိတ်ပင် သူ ပေါက်ဖွားလာခဲ့သည်။

"ဟမ့်... ပိုက်ဆံဖြုန်းတဲ့ အမျိုးသမီး တစ်ယောက်ပါပဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏နှလုံးသားထဲရှိ ဒေါသကို အတင်းအကြပ် ဖိနှိပ်ထားကာ နောက်ထပ်မငြင်းခုံလိုတော့ဘဲ သူ၏အင်္ကျီလက်ကို ခါယမ်းကာ နောက်သို့လှည့်ထွက်သွားတော့၏။

...........

"ဒီသေသင့်တဲ့ ခွေးမ..."

နတ်ဘုရားသိုင်းဈေးပွဲတော်အတွင်းသို့ ဆက်လက်၍ နက်ရှိုင်းစွာ ဝင်ရောက်သွားစဉ်တွင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာအမူအရာမှာ အလွန်အကျည်းတန်နေခဲ့သည်။

ထိုပျက်စီးနေသော ဧကရာဇ်လက်နက် အပိုင်းအစသည် သေချာပေါက် ကြီးမားသော အခွင့်အရေးတစ်ခုပင်။ မူလက ဤပစ္စည်းသည် သူ၏ လက်ထဲသို့ ကျရောက်လာသင့်သော်လည်း ယခုအချိန်၌ ထိုအရာသည် လုယူခြင်းခံလိုက်ရလေပြီ။

သူ့ကို ပို၍ပင် ဒေါသထွက်စေခဲ့သည့်အရာမှာ သူ၏ ကျင့်ကြံခြင်း ခရီးစဉ်တလျှောက်လုံးတွင် မည်သို့သော အမျိုးသမီးမျိုးကမျှ သူ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ခြင်းပင်။

သို့သော် ထိုခွေးမကမူ သူ့ကို ဆင်းရဲသောကောင်ဟု ဆက်တိုက်ခေါ်ဆိုနေခဲ့သည် မဟုတ်လော....

"ဟမ့်... အဲ့ဒါက ပျက်စီးနေတဲ့ ဧကရာဇ် လက်နက် အပိုင်းအစလေး တစ်ခုပါပဲ..."

"ငါ့ကို လက်လွှတ်လိုက်ရတာက အဲ့ဒီ ခွေးမရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုပဲ..."

သူ၏အခွင့်အရေးကို လုယူခံလိုက်ရသဖြင့် သူ၏ စိတ်အခြေအနေ ဆိုးရွားသွားခဲ့သည်။ သို့သော် တုန်လှုပ်ချောက်ချား အင်မော်တယ်တွင် နတ်ဘုရားသိုင်းဈေးပွဲတော်၌ ဧကရာဇ် လက်နက် အပိုင်းအစထက် မနိမ့်ကျသော တခြားအခွင့်အရေးများ ရှိနေမည်ဟု ကြိုတင်ခံစားမှုတစ်ခု ရှိနေခဲ့သည်။

သူ တွေးထင်ထားသည့်အတိုင်း သူ၏အကြည့်သည် တခြားမျက်စိမကျစရာကောင်းသော ဈေးဆိုင်တစ်ခုကို ဖြတ်သန်းသွားသောအခါ သူ၏မျက်လုံးများက တောက်ပသော အလင်းရောင်များဖြင့် နောက်တစ်ကြိမ် လင်းလက်သွားတော့သည်။

"အဲ့ဒီ ကျိုးပဲ့နေတဲ့ မြေအိုးထဲမှာ တာအိုနားလည်ခြင်းသစ်ပင်ရဲ့ မျိုးစေ့တစ်စေ့ တကယ်ကြီး ပါဝင်နေတာပဲ..."

"အဲ့ဒါက ဧကရာဇ်ကျဆုံးခြင်းခေတ် မတိုင်ခင်ကမှ ပေါက်ရောက်ခဲ့တဲ့ ရှေးဟောင်း ကောင်းကင်နဲ့မြေကြီး သစ်ပင်တစ်ပင်ပဲ... ပြီးတော့ အဲ့ဒီအပင်မှာသီးတဲ့ တာအိုနားလည်ခြင်းသစ်သီးက ကျင့်ကြံသူတွေကို တာအိုရဲ့ စွမ်းအားကို နားလည်သဘောပေါက်ဖို့ ကူညီပေးနိုင်တယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က အလျင်အမြန် ရှေ့သို့လျှောက်လှမ်းသွားလိုက်၏။ ယခင်ကဲ့သို့ နောက်တစ်ကြိမ် ကြားဖြတ်လုယူခံရခြင်းမှ ကာကွယ်ရန် တုန်လှုပ်ချောက်ချားအင်မော်တယ်က တိုက်ရိုက် ပြောလိုက်သည်။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်း ပေးမယ်... မင်းရဲ့ဆိုင်ပေါ်က အရာအားလုံးကို ငါ လိုချင်တယ်..."

"ခဏလေး..."

အသံတစ်သံကရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"တာအိုရောင်းရင်း... ဘာလို့ အဲ့ဒီပစ္စည်းတွေကို ငါ့ဆီ မရောင်းတာလဲ... ငါက လေးသောင်း ပေးမယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နောက်တစ်ကြိမ် မှင်သက်သွားပေ၏။ သူ့ကို အံ့အားသင့်စေခဲ့သည့်အရာမှာ တခြားတစ်ယောက်ယောက်က သူ ဝယ်မည့်အရာကို ရုတ်တရက် ကြားဖြတ်လုယူရန် ရောက်လာခြင်းကြောင့် မဟုတ်ပေ။ သို့သော် ဤအသံက သူ အလွန် ရင်းနှီးနေသလို ခံစားလိုက်ရခြင်းကြောင့်ပင်။

သူ လှည့်ကြည့်လိုက်ရာ ထိုလူများမှာ ရင်းနှီးနေသော ပုံရိပ် နှစ်ခု ဖြစ်နေဆဲပင်။

ဤတစ်ကြိမ်တွင် စကားပြောဆိုလာသူမှာ ဝူထျန် ဖြစ်နေသည်။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးလေးသောင်း လား..."

ဤစကားများကို ကြားလိုက်ရသောအခါ ဈေးသည်၏မျက်လုံးများက အကြိမ်များစွာ လင်းလက်သွားတော့သည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည်လည်း အခြေအနေများ မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး သူ၏မျက်နှာအမူအရာမှာ ပို၍ပို၍အေးစက်ကာ မှုန်ကုပ်လာခဲ့သည်။

ဤလူနှစ်ယောက် မည်သည့်အရာကို ဆိုလိုချင်ကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။

သူတို့သည် သူ၏နောက်သို့ လိုက်နေပြီး လျစ်လျူရှုခံထားရသော ရတနာများကို တမင်သက်သက် လိုက်လံကောက်ယူနေခြင်းသာ ဖြစ်ပေ၏။

သူတို့သည် သူ့အား ရတနာရှာဖွေရေး ကြွက်တစ်ကောင်အဖြစ် သဘောထားနေခြင်း ဖြစ်သလော....

သို့သော် ဝူထျန်၏ အစစ်အမှန် အတွေးများမှာ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေသည်။ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က သူတို့ နှစ်ယောက်ကို ယခင်က ပြောခဲ့ဖူးသည်။

"မင်းတို့ နှစ်ယောက်... သူ မျက်စိကျတဲ့ ပထမဆုံး ပစ္စည်းနှစ်ခုကို အလှည့်ကျ ဝယ်လိုက်... အဲ့ဒါက မင်းတို့အတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ခု ဖြစ်လိမ့်မယ်..."

ဝူထျန်သည် ယခင်က ဤအရာကို သံသယ ဝင်ခဲ့ဖူးပေ၏။ သို့သော် အစောပိုင်းက မုချင်းလီသည် သူမ ရရှိခဲ့သော ပစ္စည်းများကို စာရင်းပြုစုခဲ့သည်။

သူမက ထိပ်တန်းအဆင့် လက်နက်တစ်ခု၏ ကျိုးပဲ့နေသော အပိုင်းအစတစ်ခုကို အမှန်တကယ်ပင် ရှာတွေ့ခဲ့သည်။

မရေမတွက်နိုင်သော နှစ်များ ကုန်ဆုံးသွားပြီးနောက်တွင်ပင် ထိုအရာပေါ်၌ ကျန်ရှိနေသော ချီစွမ်းအင်သည် အလွန်ကြွယ်ဝနေဆဲပင်။

ထိုအရာသည် ဒဏ္ဍာရီလာ ဧကရာဇ် လက်နက် အဆင့်၏ အပိုင်းအစတစ်ခု ဖြစ်နိုင်ခြေ အလွန်များသည်။

ထိုကဲ့သို့ တန်ဖိုးကြီးမားပြီး လျစ်လျူရှုခံထားရသော ရတနာတစ်ခုကို ကောက်ယူရရှိခြင်းက ဝူထျန်ကို သူ၏မျက်လုံးများ နီရဲလာသည်အထိ အမှန်တကယ် မနာလို ဖြစ်သွားစေခဲ့သည်။

သို့သော် သူသည်လည်း လုံးလုံးလျားလျား နားလည်သွားခဲ့ပေ၏။ နတ်ဘုရားသားတော်အရှင် ဝူတောက် ပြောခဲ့သည်မှာ အမှန်တကယ်ကို မှန်ကန်လှသည်။ ဤတုန်လှုပ်ချောက်ချား အင်မော်တယ်သည် ထိပ်တန်း ရတနာရှာဖွေရေး ကြွက်တစ်ကောင်ပင်။

"ငါက ခြောက်သောင်း ပေးမယ်..."

သူ ပိုင်ဆိုင်သမျှ အားလုံးကို ထည့်လိုက်လျှင်တောင်မှ သူ၏ ပိုင်ဆိုင်မှုများက လုံလောက်မည် မဟုတ်ကြောင်း သူ ခံစားလိုက်ရ၏။ သူက အံ့တင်းတင်းကြိတ်ကာ ထပ်ပြောလိုက်သည်။

"မင်းကို မျက်နှာသာပေးမှု တစ်ခုလည်း ငါ ပေးနိုင်တယ်... တကယ်လို့ နောင်တစ်ချိန်မှာ မင်း အကူအညီ လိုအပ်လာရင် ငါ့ရဲ့စွမ်းရည်တွေ အတွင်းမှာ မင်းကို ငါ ကူညီပေးနိုင်တယ်..."

ယခင်က ကြီးမားသော အခွင့်အရေးကို တစ်ဖက်လူက ကြားဖြတ်လုယူသွားခဲ့ပြီဖြစ်ရာ ဤအခွင့်အရေးကိုမူ သူ လွယ်လွယ်ကူကူဖြင့် အရှုံးပေး၍ မဖြစ်နိုင်ချေ။

တုန်လှုပ်ချောက်ချားအင်မော်တယ်၏ ကိုယ်ပိုင်အမြင်အရ...

သူသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်သောင်းဆိုသည့် မိုးထိအောင် မြင့်မားသော ဈေးနှုန်းတစ်ခုကို ကမ်းလှမ်းခဲ့ပြီး ကိုယ်ပိုင်မျက်နှာသာပေးမှု တစ်ခုကိုပင် တိုက်ရိုက် ကမ်းလှမ်းခဲ့သောကြောင့် တစ်ဖက်လူသည် သေချာပေါက် သွေးဆောင်ခြင်းခံရပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ သွေးမျိုးဆက်ကို သူ တမင်သက်သက် ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ ပါရမီ နှင့် သွေးမျိုးဆက် အရဆိုလျှင် သူသည် မုချင်းလီနှင့် ဝူထျန်တို့ထက် မနိမ့်ကျကြောင်း သူ ယုံကြည်မှုရှိသည်။

သူ၏ပါရမီကို မြင်တွေ့ပြီးနောက် ဤဈေးသည်က သူသည် အနာဂတ်တွင် ထူးကဲသော အရာများကို ပြီးမြောက်နိုင်လိမ့်မည်ဟု သေချာပေါက် ယုံကြည်ပြီး သွေးဆောင်ခံရပေလိမ့်မည်။

သို့သော် ဤစကားများကို သူ ပြောဆိုလိုက်သည်နှင့် တပြိုင်နက်...

ဆူညံမှုကြောင့် ပြပွဲကောင်းကို ကြည့်ရန် စုဝေးလာကြသော ကျင့်ကြံသူအများအပြားသည်...

သူတို့အားလုံးက တုန်လှုပ်ချောက်ချား အင်မော်တယ်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြတော့၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးက အော်ဟစ်ရယ်မောလိုက်ကြသည်။

"ဟားဟားဟား... ငါ နောက်ဆုံးတော့ နားလည်သွားပြီ... ဒါက အဝေးကြီးက လာတဲ့ တောသား တစ်ယောက်ပဲ..."

"ဒီဂုဏ်သရေရှိ ပုဂ္ဂိုလ်နှစ်ယောက်က နတ်ဘုရားသားတော်အရှင် ဝူတောက်ရဲ့ အစေခံတွေဆိုတာ ဘယ်သူက မသိလို့လဲ... အနာဂတ်မှာ သူတို့က ကောင်းကင်ဘုံ တာအိုနယ်မြေကနေ ထွက်သွားပြီး ကောင်းကင်ဘုံတွေနဲ့အသင်္ချေနယ်မြေတွေမှာတောင် နာမည်တစ်ခု ရလာမယ့်သူတွေလေ..."

"ရယ်စရာပဲ... နတ်ဘုရားသားတော်အရှင် ဝူတောက်က ဘယ်လို လူမျိုးလဲ... အဲ့ဒီလို တည်ရှိမှုမျိုးရဲ့ အစေခံတွေ ဖြစ်လာနိုင်ဖို့ဆိုတာ သူတို့ရဲ့ ပါရမီနဲ့ စွမ်းရည်တွေက စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်လောက်အောင် ကောင်းလွန်းလို့ပဲ..."

"ဒီတောသားက တကယ့်ကို အရှက်မရှိတာပဲ... မှန်ထဲမှာ သူ့ကိုယ်သူတောင် မကြည့်ဘူးလား... သူက နတ်ဘုရားသားတော်အရှင် ဝူတောက်ရဲ့ အစေခံတွေနဲ့ သူ့ကိုယ်သူ ဘယ်လိုလုပ် နှိုင်းယှဉ်ရဲတာလဲ..."

".........."

ပတ်ဝန်းကျင်မှ လှောင်ပြောင်ရယ်မောသံများကို ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နောက်တစ်ကြိမ် မှင်သက်သွားပေ၏။

နတ်ဘုရားသားတော်အရှင်ဝူတောက်၏ အစေခံများဟု ဆိုသလော...

ခုံးဝူတောက် ဖြစ်နေသလော...

ဤလူနှစ်ယောက်သည် အမှန်တကယ်ပင် ခုံးဝူတောက်၏လူများ ဖြစ်နေသလော...

သူ တွေဝေပြီး အတွေးများထဲ နစ်မျောနေစဉ်မှာပင် ဈေးသည်က အရင်ဆုံးတုံ့ပြန်လိုက်ပြီး ဈေးဆိုင်ပေါ်ရှိ ပစ္စည်းအားလုံးကို ထုပ်ပိုးလိုက်၏။

ထို့နောက် မြှောက်ပင့်ဖားယားတတ်သော ခွေးတစ်ကောင်ကဲ့သို့ သူသည် ဝူထျန်၏ရှေ့သို့ ပြေးသွားပြီး အရာအားလုံးကို ဆက်သလိုက်ကာ မြှောက်ပင့်လိုက်သည်။

"အို... အို... ဒါက နတ်ဘုရားသားတော်အရှင် ဝူတောက်ရဲ့ လူပဲကိုး..."

"ဒီအဘိုးကြီးက စောစောက မျက်ကန်းဖြစ်နေလို့ ဂုဏ်သရေရှိ လူကြီးမင်းကို ချက်ချင်း မမှတ်မိလိုက်ဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဂုဏ်သရေရှိ လူကြီးမင်း..."

"ဒီပစ္စည်းတွေက ဂုဏ်သရေရှိ လူကြီးမင်းကို ဆက်သတာပါ... တစ်ပြားမှ မယူပါဘူး... အနာဂတ်မှာ ဂုဏ်သရေရှိ လူကြီးမင်းက ဒီအဘိုးကြီးကို နတ်ဘုရားသားတော်အရှင်ဝူတောက်နဲ့ မိတ်ဆက်ပေးဖို့ပဲ မျှော်လင့်ပါတယ်..."

"ဒီအဘိုးကြီးက နတ်ဘုရားသားတော်အရှင် ဝူတောက်ကို လေးစားအားကျနေတာ ကြာပါပြီ... နတ်ဘုရားသားတော်အရှင် ဝူတောက်နဲ့ တစ်ကြိမ်လောက်ပဲ တွေ့ချင်ပါတယ်..."

ထိုသို့ပြောရင်း ဈေးသည်သည် တုန်လှုပ်ချောက်ချား အင်မော်တယ်ကိုလည်း မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်သည်။ အထူးသဖြင့် ထိုမထီမဲ့မြင်ပြုသော အကြည့်သည် လမ်းဘေးရှိ ခွေးချေးပုံကြီး တစ်ပုံကို ကြည့်နေသည့်အလားပင်။

ဤသည်မှာ မည်ကဲ့သို့ အမှိုက်မျိုးနည်း...

သူသည် အမှန်တကယ်ကိုပင် မျက်နှာသာပေးမှု တစ်ခုပေးမည်ဟု ကတိပေးရဲသလော....

နတ်ဘုရားသားတော်အရှင် ဝူတောက်၏ အစေခံထံမှ မျက်နှာသာပေးမှုက ပို၍ဆွဲဆောင်မှု ရှိသည်မဟုတ်လော...

အခန်း (၁၄၄) ခြေလှမ်းတိုင်းက ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး လူတွေရဲ့ နှလုံးသားကို ခိုင်မာစွာ ဆုပ်ကိုင်ထားတယ်

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ထုံထိုင်းနေလျှင်ပင် တစ်ဖက်လူ၏ မျက်လုံးများထဲရှိ အဓိပ္ပာယ်ကို သဘာဝကျကျ နားလည်ပေသည်။

သူ... တုန်လှုပ်ချောက်ချား အင်မော်တယ်... ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ဒဏ္ဍာရီ... မျိုးဆက်တစ်ခု၏ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်...

ဂုဏ်သိက္ခာ အရဆိုလျှင် သူသည် ခုံးဝူတောက်၏ အစေခံတစ်ယောက်ထက်အမှန်တကယ်ပင် နိမ့်ကျနေသလော...

ဤသည်မှာ လူပုံအလယ်တွင် ပါးရိုက်ခံရခြင်းထက် ပို၍ပင် အရှက်ရဖွယ် ကောင်းလှသည်။

ထို့ပြင် အစောပိုင်းက သူ အလွန် အထင်ကြီးခဲ့သော အမျိုးသမီးမှာ ခုံးဝူတောက်၏ အစေခံမလေး တစ်ယောက်သာ ဖြစ်နေသည် မဟုတ်လော....

သူ၏ ကဏဦး အပြုအမူများကို ပြန်လည်အမှတ်ရလိုက်သောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်၏မျက်နှာသည် ပို၍ပင် နီမြန်းလာပေ၏။ သူသည် အမှန်တကယ်ကို ပြီးပြည့်စုံသော လူရွှင်တော် တစ်ယောက် ဖြစ်ခဲ့သည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ လက်သီးများကို ဆုပ်ကာ အသက်ပြင်းပြင်းရှူသွင်းမှုကို အကြိမ်အနည်းငယ် ပြုလုပ်ပြီးမှသာ သူ၏နှလုံးသားထဲရှိ ဒေါသကို ဖိနှိပ်နိုင်ခဲ့သည်။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ..."

ဒါဆိုရင် ခုံးဝူတောက်ရဲ့အစေခံတွေပေါ့...

မင်းတို့က ငါ့ရဲ့နောက်ကနေလိုက်ပြီး အကြွင်းအကျန်တွေ ကောက်ယူရတာကို သဘောကျနေတာလား...

"ဒီနေ့ မင်းတို့ကို ပြင်းပြင်းထန်ထန် မှတ်လောက်သားလောက် ဖြစ်အောင် ငါ သင်ခန်းစာပေးနိုင်မပေးနိုင်ဆိုတာ ကြည့်ကြသေးတာပေါ့..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နတ်ဘုရားသိုင်းဈေးပွဲတော် အတွင်းသို့ ဆက်လက်၍ နက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့သည်။

ဤတစ်ကြိမ်တွင်မူ သူ သတိထားနေပြီး သူ၏နောက်မှ လှုပ်ရှားမှုများကို အမြဲတမ်း အာရုံစိုက်နေခဲ့သည်။ သူ တွေးထင်သည့်အတိုင်း မုချင်းလီနှင့် ဝူထျန်တို့သည် သူ့နောက်သို့ လိုက်နေဆဲပင်။

မကောင်းဆိုးဝါး အပြုံးတစ်ခုက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နှုတ်ခမ်းများတွင် ထွက်ပေါ်လာခဲ့သည်။

သူက အမှိုက်များဖြင့် ပြည့်နေသော ဈေးဆိုင်တစ်ခုကို ပေါ့ပေါ့ပါးပါး ရှာတွေ့လိုက်သည်။ သူ၏မျက်လုံးများ တောက်ပနေသည့် အသွင်အပြင်ကို ဟန်ဆောင်ကာ သူက အလျင်အမြန် လျှောက်လှမ်းသွားလိုက်၏။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်း ပေးမယ်... ဒီပစ္စည်းတွေ အားလုံးကို ငါ ယူမယ်..."

သူ၏ စကားသံများ ကျဆင်းသွားသည့် အခိုက်အတန့်လောက်မှာပင် ဝူထျန်၏ အသံက အမှန်တကယ်ကို ပဲ့တင်ထပ်လာခဲ့သည်။

"ငါက နှစ်ဆပေးမယ်... ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း..."

ဤအရာကို ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နှုတ်ခမ်းများရှိ အပြုံးက ပို၍နက်ရှိုင်းလာခဲ့သည်။ ဤကောင်က အမှန်တကယ်ကို ငါးမျှားချိတ်ကို ဟပ်သွားခဲ့ပေ၏။

သို့သော် သူက သူ၏ အပြင်ပန်း စိတ်ခံစားမှုများကို အလွန်ကောင်းမွန်စွာ ဖိနှိပ်ထားပြီး ဒေါသထွက်နေသည့် မျက်နှာအမူအရာကို တမင်သက်သက် ဟန်ဆောင်လိုက်သည်။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ... မင်းက ပစ္စည်းတွေကို လုရတာ အရမ်းကြိုက်တယ်ပေါ့..."

"ငါ့မှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ မရှိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က ခက်ထန်တင်းမာစွာ ပြောဆိုသည်။

"ငါ လေးသိန်း ပေးမယ်..."

ဤစကားများကို ကြားလိုက်ရသော ဈေးသည်မှာ လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။ သူ၏မျက်လုံးများကပင် ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာတော့သည်။

သူ့ဆိုင်ပေါ်ရှိ အရာအားလုံးကို လက်ကားဈေးဖြင့် ဝယ်လာခြင်းသာ ဖြစ်သည်။ မည်သည့်အချိန်ကများ ထိုအရာများက ဤမျှထိ တန်ဖိုးရှိသွားရသနည်း။

လှောင်ပြောင်လိုသော လှောင်ပြုံးတစ်ခု တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင် ပုန်းကွယ်နေပေ၏။

တစ်ဖက်လူ၏ တည်ငြိမ်သောဟန်ပန်ကို ကြည့်ခြင်းအားဖြင့် သူတို့က ဈေးကို နောက်တစ်ကြိမ် ထပ်တင်ချင်နေသည်မှာ သေချာကြောင်း သူ သိထားသည်။ သို့သော် သူတို့ မျှော်လင့်ထားသည်များနှင့် ဆန့်ကျင်ဘက် ကစားရန် သူ တမင်သက်သက် ရွေးချယ်လိုက်သည်။

အကယ်၍ ဝူထျန်က ဈေးကို နောက်တစ်ကြိမ် ထပ်တင်ခဲ့မည်ဆိုပါက သူက ရိုးရိုးရှင်းရှင်း အရှုံးပေးလိုက်ပေမည်။

ခုံးဝူတောက်၏ သာမန်အစေခံတစ်ယောက်က သူ့ကို လှည့်စားရန် ကြိုးစားနေသလော...

သူတို့ကို သေအောင် ကစားပြရန် သူ သေချာပေါက် လုပ်ဆောင်ရပေမည်။

သို့သော် ဝူထျန်က တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး နောက်သို့ပြန်လှည့်ကာ မုချင်းလီနှင့်အတူ ထွက်သွားလေ၏။

သူက ဂရုမစိုက်သော စကားတစ်ခွန်းကို ချန်ထားခဲ့သည်။

"မင်းက လိုချင်မှတော့... အဲ့ဒါက မင်းဟာပဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ် လုံးလုံးလျားလျား မှင်သက်သွားပြီး သူ၏ခေါင်းပေါ်၌ မေးခွန်းသင်္ကေတများဖြင့် ချက်ချင်းပြည့်နှက်သွားကာ သူ၏စိတ်များ ဗလာဟင်းလင်း ဖြစ်သွားတော့သည်။

အမှန်တကယ်ကို မည်သည့်အရာများ ဖြစ်ပျက်နေသနည်း....

ပုံမှန်အရဆိုလျှင် တစ်ဖက်လူက ဈေးကို နောက်တစ်ကြိမ် ထပ်တင်ရမည် မဟုတ်လော...

အဘယ်ကြောင့် သူက တစ်ကြိမ် တင်လိုက်သည်နှင့် တစ်ဖက်လူက ရိုးရိုးရှင်းရှင်း အရှုံးပေးလိုက်ရသနည်း...

သူ မသိခဲ့သည့်အရာမှာ လှည့်ထွက်သွားနှင့်ပြီဖြစ်သော ဝူထျန်သည် ပါးစပ်ကို နားရွက်တက်ချိတ်လုမတတ် ပြုံးရွှင်နေခြင်းပင်။

"ဒါက နတ်ဘုရားပဲ... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က တကယ့်ကို နတ်ဘုရား တစ်ပါးပဲ..."

"ကိစ္စတိုင်းရဲ့ ခြေလှမ်းတိုင်းက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် ပြောခဲ့တဲ့အတိုင်း အတိအကျ ဖြစ်လာတာပဲ..."

အစောပိုင်းက သူတို့ နတ်ဘုရားသိုင်းဈေးသို့ မလာရောက်မီ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က သူတို့ကို ညွှန်ကြားခဲ့ပေသည်။ တုန်လှုပ်ချောက်ချား အင်မော်တယ် မျက်စိကျခဲ့သည့် ပထမဆုံး ရတနာနှစ်ခုကို ရယူပြီးနောက် သူ သဘောကျသည့် တတိယမြောက် ပစ္စည်းကို သူတို့ လုံးဝမဝယ်သင့်ချေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာက သေချာပေါက် အမှိုက်များ ဖြစ်နေမည်ဖြစ်သောကြောင့်ပင်။

သို့သော် သူတို့သည် ချက်ချင်း လှည့်ထွက်မသွားသင့်ပေ။ ပထမဆုံးအနေဖြင့် ဈေးကို တစ်ကြိမ် မြှင့်တင်ရန် သူ့ကို သူတို့ အဖော်ပြုသင့်ပြီး ထို့နောက်မှ ထွက်သွားရန် ဖြစ်ပေ၏။

ထို့ပြင် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က သူ့ကို ဒုတိယအကြိမ် ဈေးမတင်ရန် အထူးအလေးအနက်ထား၍ ပြောဆိုခဲ့သည်။

အကြောင်းအရင်းမှာ တစ်ဖက်လူသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရပြီးဖြစ်ရာ ဒုတိယအကြိမ် ဈေးတင်မည်ဆိုပါက သူ သေချာပေါက် အရှုံးပေးပေလိမ့်မည်။ ထိုကြောင့် သူတို့ တစ်ကြိမ်ဈေးတင်ပြီးနောက် ထွက်သွားခြင်းက လုံလောက်ပေမည်။

ယခင်က သူ၏နတ်ဘုရားသားတော်အရှင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့် စကားများကို ပြောရသနည်းဟု ဝူထျန် နားမလည်ခဲ့ချေ။ ယခု ကြည့်ရသည်မှာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်၏ ခန့်မှန်းခြင်းနှင့် နှလုံးသားများကို ခြယ်လှယ်ခြင်း နည်းလမ်းများသည် အံ့အားသင့်ဖွယ်ကောင်းပုံရသည်။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က ဘယ်လို လူမျိုးလဲ..."

သူမ စကားပြောဆိုနေစဉ် နံဘေးရှိ မုချင်းလီက ပြင်းထန်သော လေးစားအားကျမှု မျက်နှာအမူအရာကို ပြသလိုက်၏။

"တကယ်လို့ လောကကြီးမှာ တစ်ဦးတည်းသော ထာဝရ နတ်ဘုရားတစ်ပါး ရှိတယ်ဆိုရင်... အဲ့ဒါက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် ပဲ ဖြစ်နိုင်တယ်..."

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်..."

ဤစကားများကို ကြားလိုက်ရသောအခါ ဝူထျန်၏ခန္ဓာကိုယ် တုန်ယင်သွားသည်။

ဤမျှထိ လှပပြီး သန့်စင်သော အမျိုးသမီးတစ်ယောက်သည် မည်သည်ကြောင့် ပိုပိုပြီး လမ်းလွဲသွားပုံ ဖြစ်နေရသနည်း။

........

အမှိုက်ပုံကြီး တစ်ပုံကို အောင်မြင်စွာ ဝယ်ယူခဲ့သော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် လုံးလုံးလျားလျား ဆွံ့အနေခဲ့လေပြီ။

သူသည် နေရာတွင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေပြီး 'ဘာတွေ ဖြစ်နေတာလဲ' ဟု သူ့ကိုယ်သူ အကြိမ်ကြိမ် မေးနေမိသည်။

ငါက ဘယ်သူလဲ... ငါ ဘယ်ရောက်နေတာလဲ...

မည်သည့်အရာများ ဖြစ်ပျက်သွားသနည်း...

ဤအချိန်အခိုက်အတန့်တွင် ဈေးသည်က အရာအားလုံးကို ထုပ်ပိုးပြီးသွားပြီဖြစ်ကာ သူ၏ အသံတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေပေ၏။

"ဖောက်သည်... မင်း လိုချင်တဲ့ အရာအားလုံးကို ထုပ်ပိုးပြီးပါပြီ... စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းက..."

တုန်လှုပ်ချောက်ချား အင်မော်တယ် ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။ ဒေါသထွက်နေနှင့်ပြီးဖြစ်သော သူသည် ယခုအချိန်၌ မည်သည့် ချုပ်တည်းမှုမျှ မရှိဘဲ ပြောဆိုလိုက်တော့သည်။

"တခြားလူတွေ မခွဲခြားတတ်ရုံနဲ့ ငါ မခွဲခြားတတ်ဘူးလို့ မဆိုလိုဘူး..."

"မင်းရဲ့ဆိုင်ပေါ်က အရာအားလုံးက လက်ကားဈေးနဲ့ ဝယ်လာတာတွေပဲ... ပြီးတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်း တောင် တောင်းနေတာလား..."

"အလွန်ဆုံးတန်ရင် လေးဆယ်ပဲ တန်တယ်..."

ဤစကားများကို ကြားလိုက်ရသောအခါ ဈေးသည်၏မျက်နှာ ရုတ်တရက် သုန်မှုန်သွားသည်။

နတ်ဘုရားသိုင်းဈေးပွဲတော်တွင် အသိအမှတ်ပြုထားသော ရေးမှတ်မထားသည့် စည်းမျဉ်း တစ်ခုလည်း ရှိနေသည်။

ထိုအရာမှာ ဈေးသည်၏ ရှေ့တွင် ပစ္စည်းများ၏နောက်ခံကို တိုက်ရိုက်ဖော်ထုတ်၍ မရနိုင်ခြင်းပင်။

အကယ်၍ လူတချို့က လာပြီး သူတို့ကို တိုက်ရိုက်အသရေဖျက်မည်ဆိုပါက သူတို့ မည်သို့ စီးပွားရေး လုပ်နိုင်မည်နည်း....

ဘန်း...

ဈေးသည်က ထုပ်ပိုးထားသော ပစ္စည်းအားလုံးကို တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ရှေ့တွင် ပစ်ချလိုက်သည်။ ထို့နောက် သူက သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဟမ့်... မင်းက ပြဿနာလာရှာဖို့ တမင်တကာ လုပ်နေတာ မဟုတ်လား... မင်း လိုချင်လား မလိုချင်ဘူးလား..."

သူ၏ စကားသံများ ကျရောက်သွားသည့် အခိုက်အတန့်မှာပင်...

လမ်းတစ်ခုလုံးရှိ ဈေးသည်များအားလုံးနီးပါး သက်ရောက်မှု ခံလိုက်ရပုံရပြီး သူတို့အားလုံး ဤနေရာသို့ စုဝေးလာကြတော့သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် ဤနေရာတွင် ဈေးရောင်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော ဈေးသည်များ ဖြစ်ကြသည်။

သူတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်တချို့ ရှိကြ၏။

လူတစ်ယောက်၏နောက်ခံကို တိုက်ရိုက် ဖော်ထုတ်လိုက်သော တုန်လှုပ်ချောက်ချား အင်မော်တယ်၏ စကားများသည်...

သဘာဝကျကျပင် လူတိုင်း၏ အသက်မွေးဝမ်းကျောင်းမှုကိုလည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ထိခိုက်စေခဲ့သည်။

"ကောင်လေး... ဒါက နတ်ဘုရားသိုင်းဈေးပွဲတော်ပဲ... မင်းက ဈေးတင်ပြီးတော့ အခု စိတ်ဝိညာဉ်ကျောက်တုံးတွေကို မပေးချင်ဘူးပေါ့လေ..."

ဈေးသည်များ ပိုများလာပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

"မင်းတို့အားလုံး....."

အခြေအနေ ဆိုးရွားသွားသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နဖူးပေါ်တွင် အေးစက်သော ချွေးစေးများ အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ သူ့တွင် ကောင်းကင်တာအို၏ အကာအကွယ် ရှိသော်လည်း ဤနေရာရှိ ဈေးသည်များ၏ ကျင့်ကြံခြင်းမှာ နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိနေကြလေပြီ။

သူ၏ချီစွမ်းအင်ဖြင့် တစ်ဖက်လူများကို ခြိမ်းခြောက်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။

အတွေးများသည် သူ၏စိတ်ထဲတွင် ဗလောင်ဆူနေပေ၏။ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် တည်ငြိမ်ဟန်ဆောင်ကာ သူ၏ လှည့်စားတတ်သော စကားများကို နောက်တစ်ကြိမ် ထုတ်ပြောလိုက်သည်။

"မင်းတို့အားလုံး သေချာစဉ်းစားဖို့ လိုတယ်... ချန်ဟောက်က ငါ့ရဲ့လူပဲ..."

"သူ့ရဲ့နယ်မြေမှာ မင်းတို့က ငါ့ကို လှုပ်ရှားဖို့ လုပ်နေတာ... မင်းတို့ရဲ့ ရွေးချယ်မှုတွေကို သေချာပြန်စဉ်းစားကြစမ်း..."

ဤစကားများကြောင့် ဈေးသည်အများအပြားသည် အနည်းငယ် မှင်သက်သွားကြ၏။

သူ ပြောဆိုသော ချန်ဟောက်ဆိုသည်မှာ နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်မှလွဲ၍ တခြားသူ မဟုတ်ချေ။ သို့သော် ဈေးသည်အများအပြားမှာ ထိုအရာကို လုံးဝမယုံကြည်ကြပေ။

"ဟမ့်... မစဉ်းစားဘဲ လေလုံးထွားနေတာပဲ..."

"တကယ်လို့ မင်းကသာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ဆိုရင် ဒီလိုစကားမျိုးကို ငါတို့ ယုံကောင်း ယုံလိမ့်မယ်..."

"မင်းလို တောသားလေး တစ်ယောက်က ရေအိုင်ထဲမှာ ကိုယ့်ကိုယ်ကိုယ်တောင် မကြည့်ဘဲ နတ်ဘုရားသိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မင်းရဲ့လူလို့ ပြောရဲတယ်ပေါ့လေ..."

"လူတိုင်း... တိုက်ခိုက်ကြ... သူ့ကို ဖမ်းလိုက်စမ်း... ပြီးရင် စိတ်ဝိညာဉ် ကျောက်တုံး လေးသိန်းကို ငါတို့ ခွဲယူကြမယ်..."

ပတ်ဝန်းကျင်ရှိ လူများသည် သူ့ကို တိုက်ရိုက် ဝိုင်းရံထားပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို အတင်းအကြပ် ဖိနှိပ်ရန် ရည်ရွယ်နေကြသည်။

"သေစမ်း... ခုံးဝူတောက် နောက်တစ်ခါ လာပြန်ပြီ..."

"တစ်နေ့ကျရင် မင်းကို ငါ သတ်မယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ ဒေါသများအားလုံးကို ခုံးဝူတောက်ထံသို့ ပုံချလိုက်သည်။ သူက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်တာအို အမှတ်အသားကို အသက်သွင်းကာ လျင်မြန်စွာ ဖောက်ထွက်လိုက်တော့သည်။

..........

အင်မော်တယ် သင်္ဘော အတွင်း၌....

[ဒင်... ပုံမှန်မဟုတ်တဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင် တုန်လှုပ်ချောက်ချား အင်မော်တယ်ရဲ့ စိတ်အခြေအနေက သခင်ကြောင့် သွယ်ဝိုက်ပြီး သက်ရောက်မှု ခံလိုက်ရတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... ကောင်းကင်ကံကြမ္မာအမှတ် ၁၀၀၀ ကို လျှော့ချလိုက်ပြီး ၁၃၀၀၀ မှတ် ကျန်ရှိနေပါတယ်...]

[သခင်က သုံးဆပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၃၀၀၀ ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်...]

"ဟက်..."

စနစ်၏ ကြေညာချက်ကို ကြားလိုက်ရသောအခါ ခုံးဝူတောက်က ရယ်မောလိုက်သည်။

"ဒီတုန်လှုပ်ချောက်ချား အင်မော်တယ်က တကယ့်ကို အတော်လေး သနားဖို့ ကောင်းတာပဲ..."

သူက လူများကို စေလွှတ်၍ သူ၏အခွင့်အရေး နှစ်ခုကို ကြားဖြတ်လုယူခိုင်းလိုက်ရုံသာ ဖြစ်သည်။

ထို့ပြင် တုန်လှုပ်ချောက်ချားအင်မော်တယ်အတွက် ထောင်ချောက်တစ်ခု ဆင်ထားခဲ့ရုံသာ ဖြစ်ပေ၏။

တုန်လှုပ်ချောက်ချားအင်မော်တယ်၏ စိတ်ဓာတ်က မည်သို့ ချက်ချင်းပြိုလဲကျသွားရသနည်း...

ဤအရာက သူ့ကို အနည်းငယ် မျှော်လင့်လာစေခဲ့သည်။

ကောင်းကင်တာအိုကို ယဉ်ပါးအောင် သွေးဆောင်ရန် တစ်ဖက်လူ၏လက်ကို အသုံးပြုမည့်အချိန် ရောက်လာသောအခါ...

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဒေါသများကြောင့် ရူးသွပ်သွားလောက်ပြီ မဟုတ်လော...

All Chapters