← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇) ပုရွက်ဆိတ်လို အမှိုက်ကောင်က နတ်ဘုရားသိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်

မကြာမီမှာပင်...

နတ်ဘုရားသိုင်းဂိုဏ်းအတွင်းမှ အလင်းတန်းများ မိုးကောင်းကင်ယံသို့ မြင့်တက်သွားတော့သည်။

နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကျွမ်းကျင်သူ အုပ်စုကြီးတစ်ခုနှင့်အတူ မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံ တာအိုနယ်မြေတွင် အထင်ရှားဆုံး သိုင်းတာအိုဂိုဏ်းအဖြစ် သတ်မှတ်ခံထားရသော နတ်ဘုရားသိုင်းဂိုဏ်းတွင် တိုက်ပွဲကို နှစ်သက်သော အဆင့်မြင့်ကျွမ်းကျင်သူများ ရှိရုံသာမက သူတို့၏စိတ်နေသဘောထားများမှာလည်း ပို၍မောက်မာထောင်လွှားကြသည်။

သူတို့သည် ခုံးဝူတောက်ကို အလွန်ကြောက်ရွံ့ကြသော်လည်း သူတို့၏ ပို၍ကြီးမားသော စိုးရိမ်မှုသည် သူ၏နောက်ကွယ်ရှိ နောက်ခံကိုသာ ရည်ရွယ်ထားခြင်း ဖြစ်ပေ၏။

ခုံးဝူတောက်၏ ကိုယ်ပိုင်စွမ်းအားအတွက်မူ သူတို့သည် များစွာကြောက်ရွံ့ခြင်း မရှိခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယောင်မဟာမိတ်အဖွဲ့ ဖျက်သိမ်းသွားကတည်းက ရှောင်ယောင် မဟာမိတ်အဖွဲ့၏ အဓိကတိုက်ခိုက်ရေး စွမ်းအားကို နတ်ဘုရားသိုင်းဂိုဏ်းက အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။

ပုန်းကွယ်နေသော ကျွမ်းကျင်သူများနှင့် ပေါင်းစပ်လိုက်ပါက သူတို့၏နတ်ဘုရားသိုင်းဂိုဏ်းတွင် ခြေလှမ်းတစ်ဝက်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ အယောက်သုံးဆယ်တိတိ ရှိနေသည်။

သူတို့၏ သတင်းအချက်အလက် စုဆောင်းမှု အရ ခုံးဝူတောက်တွင် ဤခရီးစဉ်အတွင်း သူ့အား အဖော်ပြုပေးသော ခြေလှမ်းတစ်ဝက် သူတော်စင် ဆယ့်ရှစ်ဦးသာ ရှိပေ၏။

ဤအချက်နှင့်အတူ သူတို့၏ ကိုယ်ပိုင် အခြေခံအုတ်မြစ်ကို အားကိုးခြင်းဖြင့် ခုံးဝူတောက်ထံမှ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူတို့ အပြည့်အဝ ယုံကြည်မှုရှိသည်။

မိုးကောင်းကင်ယံတွင်...

နတ်ဘုရားသိုင်းဂိုဏ်း၏ဂိုဏ်းချုပ်သည် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

သူက အင်မော်တယ်သင်္ဘောထံသို့ ဦးတည်ကာ လက်ပူးဆုပ်လိုက်ပြီး သူ၏အသံမှာ နှိမ့်ချလွန်းခြင်းလည်းမရှိ မောက်မာလွန်းခြင်းလည်း မရှိပေ။

"နတ်ဘုရားသားတော်အရှင်က ဒီလိုလုပ်တာ ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်တော် မေးလို့ရမလား..."

"ကျွန်တော်တို့က နတ်ဘုရားသားတော်အရှင်ရဲ့ စေတနာကို ငြင်းပယ်ခဲ့ရုံလေးပါ... ဒါပေမယ့် နတ်ဘုရားသားတော်အရှင်က ဒီလောက်တောင် ရန်လိုနေတာက နည်းနည်းတော့ တရားလွန်လွန်းပါတယ်..."

သူ၏စကားသံများ ကျရောက်သွားသည့် အချိန်အခိုက်အတန့်မှာပင် သူ၏နံဘေးပတ်လည်တွင် မတ်တတ်ရပ်နေသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူအများအပြားသည် သူတို့၏ စွမ်းအားကို တမင်သက်သက် ပြသနေသည့်အလား သူတို့၏ချီစွမ်းအားများကို အသီးသီး ထုတ်လွှတ်လိုက်ကြ၏။

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများ စုစည်းသွားပြီး ဟင်းလင်းပြင်၏ ကျယ်ပြန့်သောဧရိယာများကို တွန့်လိမ်ကာ ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

အဝေးမှ စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများအားလုံးသည် ဤအရာကြောင့် သူတို့၏ရင်ဘတ်ထဲတွင် အသက်ရှူကျပ်သကဲ့သို့ ခံစားလိုက်ရသည်။

"ရှီး... နတ်ဘုရားသိုင်းဂိုဏ်းက ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ထိပ်တန်း သိုင်းတာအို အင်အားစု တစ်ခုဆိုတဲ့အတိုင်း တကယ့်ကို နာမည်နဲ့ လိုက်ဖက်တာပဲ... ဒီအင်အားစုရဲ့ အခြေခံအုတ်မြစ်က တကယ့်ကို အားကောင်းလွန်းတယ်..."

"နတ်ဘုရားသိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်အပါအဝင် ဒီနေရာကို ဆင်းသက်လာတဲ့ ခြေလှမ်းတစ်ဝက် သူတော်စင် ရှစ်ယောက်တောင် ရှိတယ်... နတ်ဘုရားဘုရင် ဆယ့်သုံးယောက်... သူတို့ရဲ့ ထင်ရှားတဲ့ ထိပ်တန်းတိုက်ခိုက်ရေး ကျွမ်းကျင်သူတွေအားလုံး ရောက်လာကြပြီပဲ..."

"နတ်ဘုရားသိုင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဒီထက်အများကြီး ပိုတယ်လို့ ငါ ကြားထားတယ်... အမှောင်ထဲမှာ ပုန်းနေတဲ့ ကျွမ်းကျင်သူ တွေ အများကြီး ရှိနေလိမ့်မယ်..."

"ဒီလိုအခြေခံအုတ်မြစ်ကို အားကိုးပြီးတော့ နတ်ဘုရားသိုင်းဂိုဏ်းက တခြားတာအိုနယ်မြေတွေက ပါရမီရှင်တွေရဲ့ ခြိမ်းခြောက်မှု လှိုင်းလုံးတွေကို တစ်ခုပြီးတစ်ခု ခံနိုင်ရည် ရှိခဲ့တာပဲ..."

"အချိန်လေဟာနယ် တားမြစ်နယ်မြေက အားကောင်းပေမယ့် ဒါက နောက်ဆုံးမှာတော့ ကောင်းကင်ဘုံ တာအိုနယ်မြေပဲလေ... အားကောင်းတဲ့ နဂါး တစ်ကောင်က ဒေသခံ မြွေ တစ်ကောင်ကို ယှဉ်ပြိုင်ဖို့ ရုန်းကန်ရတယ်..."

"........."

လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင်...

သူတို့၏ကျွမ်းကျင်သူများထံမှ ထွက်ပေါ်လာသော ချီစွမ်းအင်များက သူ့ကို ကြီးမားသော လုံခြုံမှု ခံစားချက်ကို ပေးစွမ်းသည်ဟု ခံစားရသည့်အလား နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်က နောက်တစ်ကြိမ် လက်ပူးဆုပ်၍ ပြောဆိုလိုက်၏။

သို့သော် သူ၏အသံတွင် ထိန်းချုပ်မရနိုင်သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

"ငါတို့နတ်ဘုရားသိုင်းဂိုဏ်းက နတ်ဘုရားသားတော်အရှင်ရဲ့ ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး..."

"တကယ်လို့ နတ်ဘုရားသားတော်အရှင်က ငါ့တို့နတ်ဘုရားသိုင်းဂိုဏ်းကို အတင်းအကြပ် လုပ်ဖို့ တင်းခံနေမယ်ဆိုရင် ငါတို့နတ်ဘုရားသိုင်းဂိုဏ်းကလည်း အရည်အချင်းပြည့်မီတဲ့ ရန်သူတစ်ယောက် ဖြစ်လာမှာပဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့်အမျှ မရေမတွက်နိုင်သောလူများသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။

ထိုနတ်ဘုရားသိုင်းဂိုဏ်းသည် အမှန်တကယ်ကို အလွန်သတ္တိရှိသည်။

သူတို့၏မှတ်ဉာဏ်ထဲတွင် နတ်ဘုရားသားတော်အရှင်ခုံးဝူတောက်ကို ဤကဲ့သို့ စကားပြောရဲသော နောက်ဆုံးပါရမီရှင်မှာ နတ်ဘုရားသားတော် ယန်ရန်ပင်။

နောက်ဆုံးရလဒ်မှာ....

ယန်ရန်၏အရိုးပြာများ ကျန်ရစ်ခဲ့ရန် မဆိုထားနှင့် သူ၏အရိုးများပင်လျှင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများ၏ စားသုံးခြင်းကို ခံလိုက်ရသည် မဟုတ်လော။

"အရည်အချင်းပြည့်မီတဲ့ ရန်သူ လား..."

ထိုအချိန်မှာပင် လှောင်ပြောင်လိုမှုများဖြင့် ပြည့်နှက်နေသော ခုံးဝူတောက်၏အေးစက်စက်အသံက အင်မော်တယ်သင်္ဘောထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မင်းတို့လို အမှိုက်တွေလောက်နဲ့လား..."

ဝုန်း...

ခမ်းနားကြီးကျယ်သော ဖိအားများ ပျံ့နှံ့သွားပြီး အင်မော်တယ်သင်္ဘောထံမှ ပြင်းထန်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

လေထဲတွင် မတ်တတ်ရပ်နေသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျင့်ကြံသူအများအပြားသည် မမြင်နိုင်သော ဖျက်ဆီးလိုသည့် လှိုင်းလုံးကြီးတစ်ခု သူတို့အပေါ် ကျဆင်းလာသည်ကိုသာ ခံစားလိုက်ရသည်။ သူတို့၏စိတ်နှလုံးသားများတွင် ကြီးမားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရလေ၏။

အထူးသဖြင့် ဤဖိအား၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ခံနိုင်ရည်မရှိနိုင်သော ဖိနှိပ်မှုတစ်ခုကို ခံစားလိုက်ရပုံရပြီး သူ၏ အရိုးများမှ အက်ကွဲသံများ ထွက်ပေါ်လာကာ သူ၏ချီစွမ်းအားနှင့်သွေးများပင်လျှင် ဖရိုဖရဲ ဖြစ်လာခဲ့သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

နတ်ဘုရားသိုင်းဂိုဏ်းချုပ်၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

ခုံးဝူတောက်က လှုပ်ရှားလိုက်သလော...

သို့သော် ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း..

မျိုးဆက်သစ် ပါရမီရှင် တစ်ယောက်၏ နယ်ပယ်ထဲတွင်သာ ရှိသေးသော ခုံးဝူတောက်က မည်သည်ကြောင့် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်မည်နည်း...

"ပုရွက်ဆိတ်ကောင်တွေ... ဒူးထောက်စမ်း..."

ခုံးဝူတောက်၏ ဂရုမစိုက်သောအသံက အင်မော်တယ်သင်္ဘောထံမှ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ဝုန်း...

နောက်တခဏတွင် အဆုံးမဲ့လျှပ်စီးမိုးကြိုးများနှင့် ရောယှက်နေသော နတ်ဘုရားလှံရှည်တစ်လက်သည် အင်မော်တယ်သင်္ဘောထံမှ ချက်ချင်းပျံ့လွင့်လာခဲ့သည်။

ထိုလှံရှည်သည် ဟင်းလင်းပြင်ကို ခြေမွှဖျက်ဆီးလိုက်ပြီး နတ်ဘုရားသိုင်းဂိုဏ်းချုပ်ထံသို့ တိုးဝင်သွားတော့သည်။

"ဂိုဏ်းချုပ်... သတိထား..."

နတ်ဘုရားသိုင်းဂိုဏ်း၏ ခြေလှမ်းတစ်ဝက် သူတော်စင် အနည်းငယ်က အံ့အားတသင့်ရေရွတ်လိုက်ကြပြီး မသိစိတ်အရ ထိုအရာကို တားဆီးရန် ဟန်ပြင်လိုက်ကြ၏။

သို့သော် ဤလျှပ်စီးမိုးကြိုး နတ်ဘုရားလှံရှည် ၏အရှိန်က မြန်ဆန်လွန်းလှသဖြင့် သာမန်မျက်စိဖြင့် ဖမ်းယူနိုင်ရန်ပင် ခက်ခဲလှသည်။

ခရက်...

နတ်ဘုရားလှံရှည် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လျှပ်စီးမိုးကြိုး အလင်းတန်းများကို ယူဆောင်လာခဲ့ပြီး ဟင်းလင်းပြင်သည် လျှင်မြန်စွာ ပြိုလဲကျကာ ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။ ထိုအရာသည် ကျယ်ပြန့်သော ကောင်းကင်ယံကို အလျားလိုက် ဖြတ်သန်းသွားသော ချောက်နက်အက်ကွဲကြောင်းတစ်ခုအလားပင်။

"သာမန် လူငယ်လေး တစ်ယောက်က... ခြေလှမ်းတစ်ဝက် သူတော်စင်ကို သတ်နိုင်တယ်လို့ သူ ထင်နေတာလား..."

အသိဝင်လာသော နတ်ဘုရားသိုင်းဂိုဏ်းချုပ်သည် သူ ရှောင်တိမ်းနိုင်မည် မဟုတ်ကြောင်း သိလိုက်သဖြင့် ရှောင်တိမ်းရန် မတွေးတောတော့ချေ။

"နတ်ဘုရားသိုင်း အကာအကွယ်..."

သူက အော်ဟစ်လိုက်ပြီး သူ၏လက်များကို ရှေ့တွင် ယှက်ထားလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲမှ တလိမ့်လိမ့်ထွက်ပေါ်လာခဲ့သည်။

လွှမ်းခြုံလာသော ဥပဒေသလှိုင်းလုံးများ အဆက်မပြတ် စုစည်းသွားပြီး သူ့ကို လုံးလုံးလျားလျား ကာကွယ်ပေးမည့် ဥပဒေသ အတားအဆီးတစ်ခုအဖြစ် ဖန်တီးလိုက်သည်။

ထိုအတားအဆီးပေါ်တွင် အဆုံးမဲ့ ဥပဒေသ အက္ခရာများ စီးဆင်းနေပေ၏။ ထိုအတားအဆီး၏ခိုင်မာမှုသည် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်၏ တိုက်ခိုက်မှုများကို ပိတ်ဆို့တားဆီးရန် လုံလောက်သည်။

သို့ရာတွင် နောက်ထပ်အချိန်တစ်စက္ကန့်လေးမှာပင် ဗြစ်ဟူသော အသံနှင့်အတူ အသားများ စုတ်ပြဲသွားသည့်အသံ ပဲ့တင်ထပ်လာခဲ့သည်။

နတ်ဘုရားသိုင်းဂိုဏ်းချုပ်၏ ကာကွယ်ရေး နတ်ဘုရားစွမ်းရည်သည် စက္ကူစများကဲ့သို့ ကျိုးပဲ့လွယ်နေပြီး ပြန့်ကျဲနေသော အလင်းအပိုင်းအစများအဖြစ် ချက်ချင်းအသွင်ပြောင်းသွားကာ ပျောက်ကွယ်သွားတော့သည်။

သူ၏ခန္ဓာကိုယ်သည် လျှပ်စီးမိုးကြိုး နတ်ဘုရား လှံရှည်၏ ပြင်းထန်စွာ ထိုးဖောက်ခြင်းကို ခံလိုက်ရပေ၏။

ဝှစ်...

အသွေးအသားများသည် တောက်ပနေသော အရိုးဖြူ အပိုင်းအစများနှင့်အတူ နေရာတိုင်းသို့ လွင့်စင်သွားပြီး သွေးစွန်းနေသော မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည့်အလားပင်။

ထို့နောက် နတ်ဘုရားသိုင်းဂိုဏ်းချုပ်သည် လျှပ်စီးမိုးကြိုး နတ်ဘုရားလှံရှည်နှင့်အတူ အဝေးရှိ မျှော်စင်တစ်ခုပေါ်သို့ ပြင်းထန်စွာ သံမှိုရိုက်ခြင်းခံလိုက်ရတော့သည်။

နောက်သို့လွင့်စင်သွားစဉ်အတွင်း သူသည် ဖရိုဖရဲမှုများကိုလည်း ဖြစ်ပေါ်စေခဲ့ပြီး မရေမတွက်နိုင်သော အဆောက်အအုံများကို ဖြတ်သန်းကာ ဝင်တိုက်သွားခဲ့သည်။

ဝုန်း...

ဤအချိန်အခိုက်အတန့်တွင် နတ်ဘုရားသိုင်းဂိုဏ်းချုပ်၏ရင်ဘတ်ပေါ်တွင် သံမှိုရိုက်ခံထားရသော လျှပ်စီးမိုးကြိုး နတ်ဘုရားလှံရှည်သည် တုန်ခါသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

ပေါက်ကွဲပြီး တလိမ့်လိမ့်ထနေသော လျှပ်စီးမိုးကြိုးများက သူ့ကို ချက်ချင်းဆိုသလိုပင် လုံးလုံးလျားလျား ဝါးမျိုသွားတော့သည်။

နတ်ဘုရားသိုင်းဂိုဏ်းချုပ်၏ ခန္ဓာကိုယ် တစ်ခြမ်းသည် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရပြီးနောက် သူ၏အရေပြားတပြင်လုံးသည် လျှပ်စီးမိုးကြိုးများကြောင့် မည်းတူးခြစ်သွားပေ၏။

နောက်ဆုံးတွင် သူသည် ခွေးသေတစ်ကောင်အလား မျှော်စင်ပေါ်မှ ပြုတ်ကျသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဦးညွှတ်နေသည့်အလား ခုံးဝူတောက်ထံသို့ ဒူးထောက်နေကာ နောက်ထပ် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ချေ။

ထို့ပြင် ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။

".........."

လောကကြီးသည် တိတ်ဆိတ်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ လုံးလုံးလျားလျား ဆွံ့အသွားကြသည်။

အထူးသဖြင့် နတ်ဘုရားသိုင်းဂိုဏ်းမှ ကျင့်ကြံသူများပင် ဖြစ်ပြီး သူတို့၏မျက်လုံးသူငယ်အိမ်များသည် ငလျင်လှုပ်နေသည့်အလား တုန်ယင်နေကြ၏။

သူတို့၏ဂိုဏ်းချုပ် မည်မျှထိ သန်မာအားကောင်းကြောင်းကို သူတို့ သိထားသည်။

စက္ကန့်ပိုင်းအလွန်က မယုံနိုင်လောက်အောင် ခမ်းနားကြီးကျယ်ခဲ့သော နတ်ဘုရားသိုင်းဂိုဏ်းချုပ်သည်...

နောက်ထပ်အချိန်တခဏလေးမှာပင် သူသည် သတိလစ်မေ့မျောသွားသည်အထိ တိုက်ရိုက်ရိုက်နှက်ခံလိုက်ရသည် မဟုတ်လော....

လူတိုင်းကို အံ့အားအသင့်ဆုံးနှင့် အထိတ်လန့်ဆုံး ဖြစ်စေခဲ့သည့်အရာမှာ...

သူတို့နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်။

သူသည် သူတော်စင်နယ်ပယ်သို့ မရောက်ရှိသေးသော်လည်း ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးကို ကြည့်မည်ဆိုပါက သူ၏ရုပ်ခန္ဓာကိုယ် ကို ထိပ်တန်းအဆင့်တွင်ရှိသည်ဟု သတ်မှတ်နိုင်သည်။

သူ အထူးအသုံးပြုခဲ့သော ကာကွယ်ရေး နတ်ဘုရားစွမ်းရည်နှင့် ပေါင်းစပ်လိုက်ပါက ခြေလှမ်းတစ်ဝက် သူတော်စင် အနည်းငယ် အတူပူးပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင် သူ၏ ကာကွယ်ရေးကို ချိုးဖျက်ရန် ခက်ခဲပေမည်။

သို့သော် မည်သည်ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မသန်မစွမ်း ဖြစ်သွားခဲ့သနည်း...

ထို့ပြင် ကြည့်ရသည်မှာ နတ်ဘုရားသားတော်အရှင်ခုံးဝူတောက် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလိုက်ခြင်းပင်။

သို့သော် ထိုအရာက မဖြစ်နိုင်သည် မဟုတ်လော...

နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်၏ ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ငါးတွင်သာ ရှိသည်ဟု ကောလာဟလ ထွက်နေသည် မဟုတ်လော...

တိုက်ခိုက်မှုတစ်ခုတည်းက ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို မသန်မစွမ်း ဖြစ်သွားစေခဲ့သလော...

ဤအရာက အမှန်တကယ်ကို ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ ဖြစ်သလော....

"ပုရွက်ဆိတ်လို အမှိုက်ကောင်... မင်းက ဘယ်လိုများ ဆူညံရဲတာလဲ..."

လူတိုင်း တွေဝေနေစဉ်မှာပင် ခုံးဝူတောက်၏ ဂရုမစိုက်သော အသံက လောကကြီးတစ်ခုလုံးတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့သည်။

လူတိုင်း မော့ကြည့်လိုက်ကြ၏။ ဥပဒေသများဖြင့် ဖွဲ့စည်းထားသော လှေကားထစ်တစ်ခုသည် အင်မော်တယ်သင်္ဘောထံမှ ဆန့်တန်း၍ ထွက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

လှေကားထစ်များပေါ်တွင် ခုံးဝူတောက်သည် သူ၏လက်များကို နောက်ပစ်ကာ လျှောက်လှမ်းလာပြီး သူ၏အဖြူရောင်ဝတ်ရုံသည် အင်မော်တယ်တစ်ပါးကဲ့သို့ တောက်ပနေသည်။

လူတိုင်း၏ တုန်လှုပ်မှုနှင့် ထိတ်လန့်မှုတို့နှင့် နှိုင်းယှဉ်ပါက သူ၏မျက်နှာအမူအရာသည် အထူးသဖြင့် တည်ငြိမ်ပြီး အေးချမ်းနေပုံရသည်။

အစောပိုင်းက ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်းမှာ သူ့အတွက် ပေါ့ပေါ့ပါးပါး လုပ်ဆောင်ခဲ့ခြင်းတစ်ခုမျှသာ ဖြစ်သည့်အလားပင်။

အခန်း (၁၄၈) စစ်ပွဲ စတင်ပြီ... နံပါတ်တစ် သိုင်းတာအိုဂိုဏ်းရဲ့ခွန်အားက ဖော်ထုတ်ခံရတော့မလား

"ခုံးဝူတောက်... မင်းက အရမ်းတရားလွန်နေပြီ..."

အချိန်အတော်ကြာပြီးနောက် သတိပြန်ဝင်လာသော နတ်ဘုရားသိုင်းဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်၏။

"ငါတို့နတ်ဘုရားသိုင်းဂိုဏ်းက မင်းဆီကို အညံ့ခံဖို့ ငြင်းဆန်ခဲ့ရုံလေးပါ..."

"ပြီးတော့ မင်းက ငါတို့ကို မင်းရဲ့ရန်သူတွေအဖြစ် ချက်ချင်းစွပ်စွဲလိုက်တယ်..."

"မင်းက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်အရှင် ဖြစ်ရုံလေးနဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေအပေါ် လွှမ်းမိုးနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် အမှန်တရားကို ချက်ချင်း နားလည်သွားကြ၏။

သူတို့သည် အစောပိုင်းက အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။ မည်သည်ကြောင့် နတ်ဘုရားသိုင်းဂိုဏ်းက အကြောင်းပြချက်မရှိဘဲ ခုံးဝူတောက်နှင့် ရုတ်တရက် ရန်သူများ ဖြစ်သွားခဲ့သနည်းဟု သူတို့ တွေးတောနေခဲ့ကြသည်။

ယခုအချိန်၌ အစစ်အမှန် အကြောင်းအရင်းကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြလေပြီ။

သို့သော် သူတို့ နားလည်သွားသည်နှင့် ခုံးဝူတောက်ကို ကြည့်နေသော သူတို့၏အကြည့်များက ပို၍ပင် ကြောက်ရွံ့ပြီး ရိုသေလေးစားလာကြသည်။

သူသည် အမှန်တကယ်ကို အလွန်အကျွံ လွှမ်းမိုးချုပ်ကိုင်နေပေ၏။

နတ်ဘုရားသိုင်းဂိုဏ်းက အညံ့ခံရန် ငြင်းဆန်ရုံမျှဖြင့် ခုံးဝူတောက်က အမြစ်ပြတ်သတ်ဖြတ်ချင်နေသလော...

မိုးကောင်းကင်ယံအထက်တွင် ဂရုမစိုက်သောအမူအယာဖြင့် မတ်တတ်ရပ်နေသော ခုံးဝူတောက်က ရုတ်တရက် လှောင်ပြောင်လိုသည့်ဟန်ဖြင့် ပြောဆိုသည်။

"ရှောင်ယောင် မဟာမိတ်အဖွဲ့... အဲ့ဒါကို မင်းတို့ အားလုံး သိကြမယ်လို့ ငါ ယူဆတယ်..."

ဤအရာကို ကြားလိုက်ရသောအခါ နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူအများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။

ဤစကားလုံးများက ခုံးဝူတောက်၏ပါးစပ်ထဲမှ ထွက်လာလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြချေ။

ဖြစ်နိုင်သည်မှာ တစ်ဖက်လူက သူတို့ကောင်းကင်ဘုံတာအိုနယ်မြေ၏ ဒဏ္ဍာရီပုံပြင်များကို တမင်သက်သက် စုံစမ်းစစ်ဆေးထားခဲ့ခြင်း ဖြစ်သလော....

"ရှောင်ယောင် မဟာမိတ်အဖွဲ့..."

စောင့်ကြည့်နေသူများထဲမှ ကျင့်ကြံသူတစ်ဦးက တွေဝေစွာဖြင့် မေးလိုက်၏။

"ဘာလို့ ဒီအင်အားစုအကြောင်းကို ငါ တစ်ခါမှ မကြားဖူးရတာလဲ..."

"မင်း မကြားဖူးတာ ပုံမှန်ပါပဲ... အဲ့ဒါက အချိန်အတော်ကြာက ငါတို့ကောင်းကင်ဘုံတာအိုနယ်မြေက ရှေးဟောင်းအင်အားစုတစ်ခုလေ..."

ဤဒဏ္ဍာရီကိုသိသော ကျင့်ကြံသူတစ်ဦးက ရှင်းပြလိုက်သည်။

"ငါတို့ကောင်းကင်ဘုံ တာအိုနယ်မြေရဲ့ ဒဏ္ဍာရီ ဖြစ်တဲ့ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် တုန်လှုပ်ချောက်ချား အင်မော်တယ်က အဲ့ဒါကို တည်ထောင်ခဲ့တာလို့ ဒဏ္ဍာရီတွေ ရှိတယ်..."

မရေမတွက်နိုင်သော ကျင့်ကြံသူများ အချင်းချင်း ဆွေးနွေးနေကြစဉ် ခုံးဝူတောက်၏ အသံက ကောင်းကင်ယံတခွင်လုံးတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့သည်။

"ရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ ဆက်ခံသူ အသစ်က ဒီနတ်ဘုရားသားတော်ကို ရန်သူတစ်ယောက်အဖြစ် အမြဲတမ်း သတ်မှတ်ထားပြီး အကြိမ်ကြိမ် ဆန့်ကျင်ခဲ့တယ်..."

"မင်းတို့ နတ်ဘုရားသိုင်းဂိုဏ်းက ဒီနတ်ဘုရားသားတော်ကို ဆန့်ကျင်တဲ့ အဲ့ဒီလို ကောင်မျိုးရဲ့ နောက်ကို လိုက်ချင်နေတယ်ပေါ့လေ... ပြောစမ်း... မင်းတို့အားလုံး သေသင့်တယ် မဟုတ်ဘူးလား..."

မရေမတွက်နိုင်သော ကျင့်ကြံသူများ ထိတ်လန့်တကြား ဖြစ်သွားကြပြီး သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ခုံးဝူတောက်၏စကားများသည် မရေမတွက်နိုင်သော လူများ၏နဖူးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည့် ကြီးမားသော တူတစ်လက်အလားပင်။

အခြေအနေက နောက်တစ်ကြိမ် ပြောင်းပြန်သွားပြန်လေပြီ။

ခုံးဝူတောက်သည် အလွန်အကျွံ လွှမ်းမိုးချုပ်ကိုင်နေခြင်း မဟုတ်ဘဲ ထိုကိစ္စ၏နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခု ရှိနေခြင်းဖြစ်သည်။

ရှောင်ယောင် မဟာမိတ်အဖွဲ့နှင့် ပတ်သက်၍ လူတိုင်းတွင် အခြေခံနားလည်မှုတစ်ခု ရှိနှင့်ပြီးဖြစ်ပေ၏။

သို့သော် သူတို့၏အမြင်အရ ရှောင်ယောင် မဟာမိတ်အဖွဲ့၏ ဆက်ခံသူအသစ် ဆိုသည်မှာ အဆင့်အတန်းအရ ခုံးဝူတောက်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်၏ ရန်သူဖြစ်သော ထိုကဲ့သို့ ကောင်မျိုး၏ နောက်သို့ နတ်ဘုရားသိုင်းဂိုဏ်းက လိုက်ပါရန် ရွေးချယ်ခဲ့ခြင်းမှာ သေလမ်းရှာနေခြင်း မဟုတ်လော....

"မင်း... မင်းက ဘယ်လိုလုပ်..."

နတ်ဘုရားသိုင်းဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအတွက်မူ သူတို့၏မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူရော်နေလေပြီ။

သူတို့သည် တုန်လှုပ်ချောက်ချား အင်မော်တယ် နှင့် မကြာသေးမီကမှ အဆက်အသွယ် ရရှိခဲ့ခြင်းဖြစ်ကာ တစ်ဖက်လူ၏အရိပ်ကိုပင် သူတို့ မမြင်ဖူးသေးချေ။

ဤသတင်းအချက်အလက်ကို ခုံးဝူတောက်က မည်သို့ ရရှိသွားသနည်းဟု သူတို့ တွေးတောနေမိကြ၏။

"ကောင်းပြီ... ပြောစရာရှိတာတွေအားလုံး ပြောပြီးသွားပြီ... မင်းတို့ ထွက်သွားရမယ့် အချိန်ရောက်ပြီ..."

ခုံးဝူတောက်က အမိန့်ပေးလိုက်၏။

"နတ်ဘုရားသိုင်းဂိုဏ်းကို အပြတ်ရှင်းလိုက်စမ်း... တစ်ယောက်မှ အသက်ရှင်ခွင့် မပေးနဲ့..."

ဝုန်း...

တိမ်တိုက်များအထက်တွင် မှော်အက္ခရာများတုန်ခါလာကာ ပေါက်ကွဲသွားခဲ့သည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ပါရမီရှင်များနှင့် အစောင့်အရှောက်ဆယ့်ရှစ်ဦးတို့ ရုတ်တရက် ထွက်ပေါ်လာပေ၏။

သူတို့သည် အပိုစကားတစ်ခွန်းမျှ မပြောဘဲ သူတို့၏ ကြီးမားသော ဥပဒေသစွမ်းအားများကို ချက်ချင်းအသက်သွင်းလိုက်ပြီး အောက်ဘက်ရှိ နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများထံသို့ ပြေးဝင်သွားကြတော့သည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ခုံးဝူတောက်၏နောက်သို့ လိုက်ပါနိုင်သော ပါရမီရှင် များအားလုံးသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် သန်မာအားကောင်းကြသည်။

သူတို့၏ကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်တွင် တည်ငြိမ်စွာ ရှိနေပေ၏။

ခုံးရွှမ်ယန်နှင့်ခုံးကျန်ယွဲ့တို့ကဲ့သို့ ဧကရာဇ်သားတော်များနှင့်သမီးတော်များသည် သဘာဝကျကျပင် ပို၍ကြောက်မက်ဖွယ်ကောင်းပြီး ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ငါးသို့ ရောက်ရှိနေလေပြီ။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ထိပ်တန်းအဆင့် ဧကရာဇ်သားတော် အစဉ်အဆက်များအနေဖြင့် သူတို့၏ကျင့်ကြံခြင်းထက် ကျော်လွန်၍ တိုက်ခိုက်ခြင်းမှာ သူတို့အတွက် စားသောက်ရသကဲ့သို့ လွယ်ကူလှသည်။

"နတ်ဘုရားသားတော်အရှင်ရဲ့ ရန်သူဖြစ်ဖို့ ရဲတင်းတဲ့ နင်တို့အားလုံး သေသင့်တယ်..."

ခုံးကျန်ယွဲ့က သူမ၏ကျောက်စိမ်းကဲ့သို့ နူးညံချောမွေ့သော လက်ကို ဝှေ့ယမ်းလိုက်၏။

နှင်းကဲ့သို့ဖြူဆွတ်သော အလင်းရောင်များဖြင့် တလက်လက် တောက်ပနေသော ဓားရှည်တစ်လက်သည် သူမ၏လက်ထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။

ဝှစ်...

သူမက ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် အဆုံးမဲ့ ဓားချီများသည် တဝုန်းဝုန်းထနေသော ဒီရေလှိုင်းများကဲ့သို့ တုန်ခါကာ ကျဆင်းလာခဲ့သည်။

နတ်ဘုရားသိုင်းဂိုဏ်း၏ နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူသုံးဦးသည် မည်သည့်ခုခံနိုင်မှုမျှမရှိဘဲ ဓားချီများကြောင့် ကောင်းကင်ယံအပြည့် ပျံ့လွင့်သွားသော သွေးမြူများအဖြစ် ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။

သို့သော် ခုံးကျန်ယွဲ့၏ ကြောက်မက်ဖွယ်ကောင်းသောခွန်အားသည်အကန့်အသတ် မရှိချေ။

ဝုန်း...

တောက်ပသော အလင်းရောင်များ သူမ၏ နံဘေးပတ်လည်တွင် လင်းလက်လာသည်နှင့်သူမ၏ရုပ်ခန္ဓာကိုယ်စွမ်းအား ချက်ချင်း အသက်ဝင်လာသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ နောက်တစ်ကြိမ် တဝုန်းဝုန်းထလာခဲ့ပေ၏။

နောက်ဆုံးတွင် သိုးအုပ်ထဲသို့ ဝင်ရောက်လာသော ကျားတစ်ကောင်ကဲ့သို့ သူမသည် နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူအုပ်စုကြီး၏ အလယ်သို့ တိုက်ရိုက်ပြေးဝင်သွားတော့သည်။

ဓားချီ များ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အသားများနှင့်သွေးများ လွင့်စင်သွားပြီး ခေါင်းများ ပြတ်ကျကုန်တော့သည်။

တခြားတစ်ဖက်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော မုချင်းလီ၏စွမ်းအားသည်လည်း အံ့အားသင့်ဖွယ်ကောင်းပေ၏။

မကြာသေးမီက ကျင့်ကြံခြင်း ကာလတစ်ခု အပြီးတွင် သူမ၏ ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားရုံသာမက သူမ၏ ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက်သည်လည်း လုံးလုံးလျားလျား အသက်ဝင်လာခဲ့လေပြီ။

"ဗာမီလီယန်ငှက် မီးတောက်ပုံရိပ်..."

မုချင်းလီ၏ တိုးညှင်းသော ရေရွတ်သံ ကျဆင်းသွားသည်နှင့် ဗာမီလီယန်ငှက်၏ ရှည်လျားသော အော်ဟစ်သံက တိမ်တိုက်များကို ဆွဲဖြဲလိုက်၏။

အဆုံးမဲ့ မီးတောက်အက္ခရာများ မိုးကောင်းကင်သို့ မြင့်တက်သွားပြီး နောက်ဆုံးတွင် ဧရာမဗာမီလီယန်ငှက် ပုံရိပ်တစ်ခုအဖြစ် ဖန်တီးလိုက်ကာ နတ်ဘုရားသားရဲတစ်ကောင်အလား မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ ပျံဝဲနေတော့သည်။

မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်၏ ကျယ်ပြန့်သော ဧရိယာတစ်ခုသည် အနီရောင်မီးတောက်များဖြင့် လင်းထိန်သွားပေ၏။

ဗာမီလီယန်ငှက်ပုံရိပ်ယောင်က အတောင်ပံများကို ဖြန့်ကာ ပျံသန်းသွားသည်နှင့်အမျှ မရေမတွက်နိုင်သော မီးတောက်အက္ခရာများသည် ဆူပွက်နေသော မီးတောက်မုန်တိုင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အောက်ဘက်ရှိ နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူအများအပြားကို တိုက်ခိုက်လိုက်သည်။

ရွှေကျီးကန်းကဲ့သို့ပင် ဗာမီလီယန်ငှက်သည်လည်း ကောင်းကင်နှင့်မြေကြီးရှိ မီးတောက် အားလုံးကို ထိန်းချုပ်သော မီးနတ်ဘုရား သားရဲ တစ်ကောင်ပင်။

မုချင်းလီ၏ ကျင့်ကြံခြင်းသည် ယခင် နတ်ဘုရားသားတော် ယန်ရန်လောက် မမြင့်မားသော်လည်း သူမ ထုတ်လွှတ်လိုက်သော နတ်ဘုရားမီးတောက်၏ စွမ်းအားသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းလှသည်။

ဗာမီလီယန်ငှက် မီးတောက်များ လွှမ်းခြုံခံလိုက်ရသော နတ်ဘုရားသိုင်းဂိုဏ်း၏ ကျွမ်းကျင်သူများသည် မည်သည့်ခုခံနိုင်စွမ်းမျှ မရှိကြချေ။

သူတို့သည် အော်ဟစ်ညည်းတွားရုံသာ တတ်နိုင်ပြီး သူတို့၏ ခန္ဓာကိုယ်များ တစ်လက်မချင်း ပြာအဖြစ် လောင်ကျွမ်းသွားသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ကြရသည်။

"ဒါက..."

သူတို့၏နံဘေးရှိ ခုံးရွှမ်ယန်နှင့်ဝူထျန်တို့သည် အချင်းချင်း မကြည့်ဘဲ မနေနိုင်တော့ချေ။

သူတို့၏အမြင်တွင် မုချင်းလီနှင့် ခုံးကျန်ယွဲ့တို့သည် အလွန်ဆင်တူလွန်းနေသည်။

နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်နှင့် သက်ဆိုင်သော ကိစ္စများ ပါဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့ နှစ်ယောက်လုံးသည် အချစ်ရူးမိန်းမများကဲ့သို့ အလွန်အမင်း ရူးသွပ်သွားကြပေလိမ့်မည်။

တိုက်ပွဲသည် ယခုမှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း နတ်ဘုရားသိုင်းဂိုဏ်းမှ မရေမတွက်နိုင်သော လူများသည် ဤအမျိုးသမီး နှစ်ဦး၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးဖြစ်ပေ၏။

သူမတို့၏ ဒေါသထွက်နေသော မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားသိုင်းဂိုဏ်းရှိ လူတိုင်းကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးချင်နေပုံရသည်။

..........

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများ၏ အားကောင်းသော ထိုးစစ်အောက်တွင် နတ်ဘုရားသိုင်းဂိုဏ်း၏ အရေအတွက် အားသာချက်မှာ လုံးလုံးလျားလျား အသုံးမဝင်ခဲ့ချေ။

အချိန်တခဏအကြာတွင် ဂိုဏ်းမှကျွမ်းကျင်သူအများစုသည် အသတ်ခံခဲ့ရပြီး ဖြစ်ပေ၏။

"မင်းတို့က အရမ်းတရားလွန်နေပြီ... မင်းတို့က ဒီလိုမျိုး အမြစ်ပြတ်သတ်ဖြတ်ဖို့ တင်းခံနေမှတော့... ငါတို့ နတ်ဘုရားသိုင်းဂိုဏ်းမပျက်စီးခင်မှာ မင်း... ခုံးဝူတောက်ကိုလည်း ငါတို့နဲ့အတူ ဆွဲခေါ်သွားမယ်..."

ဒေါသအလျောက် နတ်ဘုရားသိုင်းဂိုဏ်း၏ ဘိုးဘေးတစ်ဦးသည် တံဆိပ်ပြား တစ်ခုကို တိုက်ရိုက်ခြေမွှဖျက်ဆီးလိုက်သည်။

ဝုန်း... ဝုန်း... ဝုန်း...

ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော ဥပဒေသ နတ်ဘုရားတိုင်ကြီးများသည် နတ်ဘုရားသိုင်းဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာမှ မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။

ဤှသည်မှာ နတ်ဘုရားသိုင်းဂိုဏ်း၏ ပုန်းကွယ်နေသော ကျွမ်းကျင်သူများအားလုံးကို ဤ အရေးကြီးသော သေရေးရှင်ရေး အချိန်အခိုက်အတန့်တွင် ဆင့်ခေါ်လိုက်ခြင်းပင်။

"အဲ့ဒါက..."

မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရချိန်၌ စောင့်ကြည့်နေကြသည့် ကျင့်ကြံသူအများအပြား၏ မျက်လုံးသူငယ်အိမ်များက အပ်တစ်ချောင်းအလား ကျဉ်းမြောင်းသွားကြသည်။

"ခြေလှမ်းတစ်ဝက် သူတော်စင် နှစ်ဆယ့်နှစ်ယောက်... နတ်ဘုရားဘုရင် သုံးဆယ့်ခြောက်ယောက်... ဟင်းလင်းပြင်နတ်ဘုရား ရာနဲ့ချီပြီး... ရှိနေတာလား..."

သူတို့ ကောင်းကင်ဘုံ တာအိုနယ်မြေရှိ အထင်ရှားဆုံး အင်အားစုဖြစ်သော နတ်ဘုရားသိုင်းဂိုဏ်းတွင် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိကြောင်းကို သူတို့ အမြဲတမ်း သိထားခဲ့ကြ၏။

သို့သော် ယခုအချိန်၌ နတ်ဘုရားသိုင်းဂိုဏ်းက ထိုဂိုဏ်း၏ အင်အားအပြည့်အဝကို အမှန်တကယ် ဖော်ထုတ်လိုက်ပြီဖြစ်ရာ ထိုအချက်က ကောင်းကင်ဘုံတာအိုနယ်မြေ၏ မရေမတွက်နိုင်သော ဒေသခံသက်ရှိများကိုလည်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ဤဂိုဏ်းသည် သူတို့၏ကောင်းကင်ဘုံ တာအိုနယ်မြေတွင် နံပါတ်တစ် သိုင်းတာအိုဂိုဏ်းဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်လှသည်။

အကယ်၍ သူတော်စင်နန်းတော်အများအပြားသာ မရှိခဲ့လျှင် နတ်ဘုရားသိုင်းဂိုဏ်းသည် ထိုကဲ့သို့ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားဖြင့် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးကို လွှမ်းမိုးရန် လုံလောက်ပေမည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ပါရမီရှင်များသည် သန်မာအားကောင်းသော်လည်း သူတို့၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားတွင် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်ရှိ အစောင့်အရှောက် ဆယ့်ရှစ်ဦးသာ ပါဝင်သည်။

ဤတိုက်ပွဲသည် ခက်ခဲရုံသာမက ခုံးဝူတောက်၏အခြေအနေသည်လည်း အန္တရာယ်ရှိကြောင်း လူအများအပြားက ယုံကြည်နေကြသည်။

All Chapters