အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း (၁၄၉) ဓားချီက မိုင်သုံးသောင်းအထိ ဖြန့်ကျက်သွားပြီး ဓားတစ်လက်က လကို ရောင်ပြန်ဟပ်ကာ မြစ်ရာပေါင်းများစွာကို စုစည်းလိုက်တယ်
နတ်ဘုရားသိုင်းမြို့တော်၏ အပြင်ဘက်တွင်...
ဆူညံမှုကြောင့် ဆွဲဆောင်ခံခဲ့ရသော တခြားတာအိုနယ်မြေများမှ ပါရမီရှင်အများအပြားသည် ယခုအချိန်၌ နတ်ဘုရားသိုင်းမြို့တော်အတွင်းရှိ အခြေအနေကို ကြည့်ရှုနေကြပြီး သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် မျက်နှာအမူအရာများကို ပြသနေကြ၏။
"ဟားဟားဟား...ဒီတစ်ကြိမ်တော့ ခုံးဝူတောက်က နတ်ဘုရားသိုင်းဂိုဏ်းကို အစွန်းရောက်သွားအောင် တွန်းပို့လိုက်ပြီ... သူ့ကိုသတ်ဖို့ သူတို့က ဂိုဏ်းရဲ့အခြေခံအုတ်မြစ် တစ်ခုလုံးကို တကယ်ကြီး အသုံးပြုတော့မယ်..."
"အမှန်ပဲ... အချိန်လေဟာနယ် တားမြစ်နယ်မြေက ပါရမီရှင်အုပ်စုရဲ့ ခွန်အားက အားကောင်းပေမယ့် သူတို့ရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားမှာ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် အစောင့်အရှောက် ဆယ့်ရှစ်ယောက်ပဲရှိတယ်..."
"သူတို့ဘက်က အရေအတွက် နည်းပါးနေတာကြောင့်... တကယ်လို့ သူတို့ တိုက်ခိုက်နိုင်ရင်တောင် နတ်ဘုရားသိုင်းဂိုဏ်းမှာ နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူတွေ အများကြီး ရှိသေးတယ်..."
"အဲ့ဒီအစောင့်အရှောက် ဆယ့်ရှစ်ယောက်ကို ထိန်းထားနိုင်တာနဲ့ ခုံးဝူတောက်မှာ အန္တရာယ်ရှိသွားပြီ..."
"ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်... ရှေးဟောင်းမဟာတာအို အမှတ်အသားအတွက် ငါတို့နဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ယောက် လျော့သွားတာပေါ့..."
"........."
အခြား တာအိုနယ်မြေမှ ပါရမီရှင် အများအပြား သက်ပြင်းချနေကြစဉ် ပို၍များပြားသော သူများမှာ အလွန် ဝမ်းသာနေကြ၏။
မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက်က နတ်ဘုရားသားတော်ယန်ရန်ကို အားကောင်းသော ဟန်ပန်ဖြင့် သတ်ဖြတ်လိုက်သည့်ကိစ္စသည် သူတို့အကြားတွင် ပျံ့နှံ့နေခဲ့သည်။
ခုံးဝူတောက်သည် ဤရှေးဟောင်းမဟာတာအို အမှတ်အသားအတွက် တိုက်ပွဲတွင် သံသယဝင်စရာမလိုဘဲ အားအကောင်းဆုံး ယှဉ်ပြိုင်သူ ဖြစ်သည်။
အကယ်၍ သူသာ ယနေ့ နတ်ဘုရားသိုင်းဂိုဏ်းမှ လူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဆိုပါက ထိုအရာသည် သူတို့ မြင်တွေ့ချင်သည့်အရာ အတိအကျ ဖြစ်ပေလိမ့်မည်။
နတ်ဘုရားသိုင်းမြို့တော်တွင်...
ဖြစ်ရပ်များ၏ တိုးတက်မှုသည် တခြားတာအိုနယ်မြေများမှ ပါရမီရှင်များ ဆွေးနွေးခဲ့ကြသည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့သည်။
နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ အစောင့်အရှောက်များနှင့် တခြားပါရမီရှင်များကို ယာယီထိန်းထားရန် သူတို့၏အင်အားများမှ အများစုကို ခွဲဝေလိုက်ပြီးနောက်...
ခုံးဝူတောက်ကို ဝိုင်းရံသတ်ဖြတ်ရန် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူ ခြောက်ဦးနှင့် နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုး ကျွမ်းကျင်သူရှစ်ဦးတို့ကို တိုက်ရိုက် စေလွှတ်လိုက်ကြ၏။
"မြန်မြန်... ငါတို့လူတွေက သိပ်ပြီး တောင့်မခံနိုင်တော့ဘူး..."
"ခုံးဝူတောက်ကို ဖိနှိပ်နိုင်မှ အခြေအနေကို ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရလိမ့်မယ်..."
ဦးဆောင်နေသော ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူက အော်ငေါက်လိုက်ပြီး သူ၏လက်ကို ဆန့်တန်းလိုက်ရာ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ချက်ချင်းစုစည်းသွားလေ၏။
"သူတို့က ငါ့ဆီကနေတစ်ဆင့် အခြေအနေကို ချိုးဖျက်ဖို့ နည်းလမ်းရှာနေကြတာလား..."
ခုံးဝူတောက်က လှောင်ပြောင်လိုက်သည်။
သူသည် ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်းမပြုဘဲ တိုက်ရိုက်လှုပ်ရှားလိုက်သည်။
ဝီ...
သူက လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ တောက်ပသော မှော်အက္ခရာများ ထွက်ပေါ်လာပြီး သူ၏လက်ဝါးပေါ်တွင် စီးဆင်းသွားတော့သည်။
သူ ဖန်တီးလိုက်သော ကောင်းကင်ကို ဖုံးလွှမ်းလိုက်သည့် လက်ဝါးပုံရိပ်ယောင်ကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ဦးဆောင်နေသော ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူထံသို့ တိုက်ရိုက်ရိုက်ချလိုက်သည်။
"ဟမ့်... ငါက ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ပဲ... ခုံးဝူတောက် မင်းမှာ ကောင်းကင်ဘုံကို အာခံနိုင်တဲ့ စွမ်းရည်တွေ ရှိနေလျှင်တောင်မှ ငါက ဘယ်လိုလုပ်......"
သို့သော် ထိုလူ၏စကားမဆုံးမီမှာပင် သူ၏ မျက်နှာပေါ်ရှိ အမူအရာ ရုတ်တရက် တောင့်တင်းအေးခဲသွားပေ၏။
ခုံးဝူတောက် ထုတ်လွှတ်လိုက်သော ရွှေရောင် လက်ဝါးပုံရိပ်ယောင်ကြီးသည် ကမ္ဘာဖျက်ကြိတ်ဆုံကျောက်ကြီးတစ်ခုအလား ကျရောက်လာခဲ့သည်။
ထိုလက်ဝါးပုံရိပ်ယောင်ကြီးက သူ၏တိုက်ခိုက်မှုများကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်ပြီး သူ့ထံသို့ လျင်မြန်စွာ ကျဆင်းလာပေ၏။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"သာမန် လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားနိုင်တာလဲ..."
သူ၏ အထိတ်တလန့် အော်ဟစ်သံ ကျဆင်းသွားသည့် အခိုက်အတန့်မှာပင်..
ဘုန်း..
သွေးမြူများ ပေါက်ကွဲသွားပြီး အရိုး အပိုင်းအစများ လွင့်စင်သွားတော့သည်။
လှုပ်ရှားလိုက်သော ထိုခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူသည် ခုခံရန် လုံးလုံးလျားလျား စွမ်းအားမဲ့နေခဲ့ပြီး သူ၏နတ်ဘုရားစိတ်ဝိညာဉ်သည် ခုံးဝူတောက်၏ လက်ဝါးတစ်ချက်တည်းဖြင့် အမြစ်ပြတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
"ဒါက......"
စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် မိုးကြိုးပစ်ခတ်ခံလိုက်ရသကဲ့သို့ ချက်ချင်းဖြစ်သွားကြပြီး သူတို့၏ မျက်နှာများသည် အလွန်အမင်း တုန်လှုပ်မှုကြောင့် ရှုံမဲ့သွားကြ၏။
ဖြစ်ရပ်များ၏ရလဒ်သည် သူတို့၏ မျှော်လင့်ချက်များထက် များစွာပို၍ ကျော်လွန်သွားခဲ့သည်။
ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူ တစ်ဦး... ထိုပုဂ္ဂိုလ်သည် ကောင်းကင်ဘုံတာအိုနယ်မြေတွင် အားအကောင်းဆုံးတည်ရှိမှုပင်။
အစောပိုင်းက နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ် လှံရှည်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မျက်မြင်တွေ့ရှိပြီးနောက်...
ခေါင်းမာသူ အများအပြားက ထိုအရာသည် ခုံးဝူတောက် ခေါ်ဆောင်လာသော အစောင့်အရှောက်များ၏ လုပ်ရပ်ဖြစ်သည်ဟု ယုံကြည်နေကြဆဲပင်။
သို့သော် ယခုအချိန်၌ ခုံးဝူတောက်သည် လူတိုင်း၏ရှေ့တွင်...
ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူ တစ်ဦးကို တိုက်ရိုက်ပါးရိုက်သတ်ပစ်လိုက်ခြင်းက ထိုလူအုပ်စုကို လုံးလုံးလျားလျား နှုတ်ဆိတ်သွားစေခဲ့သည်။
လူငယ်တစ်ယောက်၏ခွန်အားဖြင့် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ပေါ့ပေါ့ပါးပါး သတ်ပစ်နိုင်ခြင်းက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် မှင်သက်နေကြသော ကျန်ရှိသည့် နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများကို ဝေ့ကြည့်လိုက်စဉ်တွင် ခုံးဝူတောက်၏အကြည့်များက ဂရုမစိုက်သည့်ဟန် ပေါ်နေပြီး သူက ခပ်ဖျော့ဖျော့ရယ်မောလိုက်သည်။
"ကောင်းပြီ... မင်းတို့ လာချင်ရင်... အတူတူ လာခဲ့ကြစမ်း..ဒီနတ်ဘုရားသားတော်က မင်းတို့ကို အတူတူတိုက်ခိုက်ဖို့ အခွင့်အရေး ပေးမယ်..."
ခုံးဝူတောက်၏ မောက်မာသော ကြေညာချက်ကို ကြားလိုက်ရသောအခါ ကျန်ရှိနေသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများ၏ မျက်နှာများ ရုတ်တရက် သုန်မှုန်သွားကြသည်။
"မောက်မာလိုက်တာ..."
"ငါတို့ဘက်မှာ လူအင်အားအများကြီး ရှိနေပြီးတော့ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူ ငါးယောက်တောင် ရှိတယ်... မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို ဟန့်တားနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား..."
"ခုံးဝူတောက်က ဂိုဏ်းချုပ်ကို ဥပဒေသ လျှို့ဝှက်ရတနာတစ်ခုသုံးပြီး တိုက်ခိုက်လိုက်တာပဲ ဖြစ်မယ်..."
နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးက အော်ငေါက်လိုက်သည်။
"အခု သူက လေလုံးထွားနေတာ ဖြစ်ရမယ်... တကယ်လို့ ငါတို့သာ အတူတူ တိုက်ခိုက်ရင် သူ့ကို သေချာပေါက် ဖိနှိပ်နိုင်လိမ့်မယ်..."
ကျန်ရှိနေသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူဆယ်ယောက်ကျော်သည် နားလည်သွားကြ၏။
သူတို့၏တာအို လက်နက်များကို ဆင့်ခေါ်နေစဉ် သူတို့သည် ကြီးမားသော နတ်ဘုရားစွမ်းရည်များ၏စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ခုံးဝူတောက်ကို သတ်ရန် ပြေးဝင်သွားကြတော့သည်။
"နီဗားနားတာအို စည်းတံဆိပ်..."
"အမြင့်မြတ်ဆုံး နက်နဲသိမ်မွေ့ ကောင်းကင်ဖြိူခွဲလက်ဝါး..."
"တာအိုခွန်းလက်သီး..."
"လျှပ်စီးမိုးကြိုးဆက်တိုက် ကြာပွတ် ငါးချက်..."
..........
မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်၏ ကျယ်ပြန့်သော အစိတ်အပိုင်းများသည် ဖရိုဖရဲ ပြိုလဲပျက်စီးသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေသည့် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များသည် ပေါက်ကွဲထွက်လာပြီး လွှမ်းခြုံလာသော ဒီရေလှိုင်းတစ်ခုကဲ့သို့ ခုံးဝူတောက်ထံသို့ တိုက်ခတ်လာခဲ့သည်။
စောင့်ကြည့်နေသော ကျင့်ကြံသူများ၏ အကြည့်အောက်တွင် ထိုကောင်းကင်နှင့်မြေကြီး ဧရိယာတစ်ခုလုံးသည် ကမ္ဘာပျက်မည့် မြင်ကွင်းတစ်ခုသို့ လုံးလုံးလျားလျား ကျရောက်သွားပေ၏။
ခုံးဝူတောက်၏ ယခင်စွမ်းဆောင်ရည်သည် အလွန်ထူးချွန်ပြီး နတ်ဘုရားသားတော် ယန်ရန်ကို အားကောင်းသောဟန်ပန်ဖြင့် ဖိနှိပ်သတ်ဖြတ်ခဲ့သော်လည်း...
ဤတစ်ကြိမ်တွင် အတူပူးပေါင်း၍ တိုက်ခိုက်နေသော ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူငါးဦးနှင့် နတ်ဘုရားဘုရင်နယ်ပယ် ကျင့်ကြံသူ ရှစ်ဦး ရှိနေသည်။
ဤသည်မှာ လက်ရှိ မျိုးဆက်သစ် လူငယ်တစ်ယောက် ခံနိုင်ရည်ရှိသည့် အရာမျိုး လုံးဝမဟုတ်ချေ။
သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်များက သူတို့သည် ခုံးဝူတောက်၏ခွန်အားကို များစွာ အထင်သေးနေသေးကြောင်း သက်သေပြခဲ့သည်။
ခုံးဝူတောက်၏အနက်ရောင်ဆံပင်များ လူးလွန့်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးချီစွမ်းအားများသည် သမုဒ္ဒရာတစ်ခုကဲ့သို့ ကျယ်ပြောပြီး တလိမ့်လိမ့်ထနေပေ၏။
ဤကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီနှင့် ဥပဒေသများသည် ဆွဲငင်ခံရသကဲ့သို့ ဖြစ်နေပြီး ဝဲကတော့တစ်ခုအလား ခုံးဝူတောက်၏ခန္ဓာကိုယ်ထဲသို့ စုစည်းသွားတော့သည်။
ခုံးဝူတောက်က သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်သို့ ဖမ်းဆုပ်လိုက်သည်နှင့်.....
သန်းရာနှင့်ချီသော မြင့်တက်လာသည့် နတ်ဘုရား အလင်းတန်းများနှင့် တလက်လက် တောက်ပနေသော အလင်းရောင်များသည် သူ၏လက်ဖဝါးထဲသို့ အဆက်မပြတ် စုစည်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အေးစက်သော အလင်းရောင်များ ဖြာထွက်နေပြီး ထူးကဲသော စွမ်းအားများ ထုတ်လွှတ်နေသည့် နတ်ဘုရား ဓားတစ်လက်က ခုံးဝူတောက်၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
လောကရှိ မည်သည့် လက်နက်အဖြစ်မဆို အသွင်ပြောင်းနိုင်သော အသင်္ချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်....
ရုတ်တရက် စိတ်ကူးပေါ်လာသဖြင့် ခုံးဝူတောက်သည် ဤတစ်ကြိမ်တွင် သူ၏ ရန်သူများကို ဓားတစ်လက်ဖြင့် အနိုင်ယူရန် ဆုံးဖြတ်လိုက်၏။
ခုံးဝူတောက်က အသင်္ချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်ကို ဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်မှာပင်...
ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းပြီး အကျဉ်းထောင် တစ်ခုကဲ့သို့ ကျယ်ပြန့်သော ကြောက်မက်ဖွယ်ကောင်းသည့် ဓားတာအို ဖိအားတစ်ရပ်သည် သူ၏ခန္ဓာကိုယ်မှနေ၍ ရေလွှမ်းမိုးမှုတစ်ခုအလား ပေါက်ကွဲထွက်လာခဲ့သည်။
တိုက်ခိုက်လာသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူ အများအပြား၏ အမြင်တွင်....
ခုံးဝူတောက်၏ ပုံရိပ်သည် ချက်ချင်းပင် ခမ်းနားကြီးကျယ်ပြီး သေမျိုးမဟုတ်သည့် အင်မော်တယ် တစ်ပါးကဲ့သို့ ဖြစ်လာခဲ့ပေ၏။
သူသည် နေ၊ လနှင့် ကြယ်များကို ခုတ်ပိုင်းနိုင်စွမ်းရှိသော လောကီနယ်ပယ်မှ ဓားအင်မော်တယ်တစ်ပါးနှင့် တူနေပေသည်။
ဓားချီများသည် မိုင်သုံးသောင်းအထိ ဖြန့်ကျက်သွားပြီး ဓားတစ်လက်က လကို ရောင်ပြန်ဟပ်ကာ မြစ်ရာပေါင်းများစွာကို စုစည်းလိုက်သည်။
"ကောင်းကင်ဖြတ်တောက်ခြင်း..."
ဝှစ်...
ခုံးဝူတောက်၏ ဓားကိုင်ထားသောလက်က ရှေ့သို့ မယုံနိုင်လောက်အောင် ကျော့ရှင်းစွာ ခုတ်ပိုင်းလိုက်သည်နှင့်...
ပေတစ်သောင်းရှည်သော ဓားချီအလင်းတန်း တစ်ခုက မိုးကောင်းကင်ယံကို ရုတ်တရက် ဖြတ်သန်းသွားခဲ့သည်။
ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီးရှိ ဖြစ်စဉ်များအားလုံးသည် ဤဓားချီအလင်းတန်းကြောင့် အရောင်များ လုံးလုံးလျားလျား ကင်းမဲ့သွားတော့သည်။
နေကို ထိုးဖောက်သွားသော ရှည်လျားသည့်သက်တံတစ်စင်းကဲ့သို့ ဆူပွက်ပြီး တလိမ့်လိမ့်ထနေသော ဓားချီလှိုင်းလုံးများသည် ဟင်းလင်းပြင်၏ ကျယ်ပြန့်သော အစိတ်အပိုင်းများကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်၏။
နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူ အများအပြားမှ ထုတ်လွှတ်လိုက်သော နတ်ဘုရားစွမ်းရည်များသည် ဤဓားချီအလင်းတန်း တစ်ချက်တည်းအောက်တွင် ပြန့်ကျဲနေသော အမှုန်အမွှားများအဖြစ် ချက်ချင်းအသွင်ပြောင်းသွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ဟင်းလင်းပြင် တုန်ခါသွားပြီး မှော်အက္ခရာများ တဝုန်းဝုန်းထလာခဲ့သည်။
"ဘယ်လိုလုပ်....."
သူတို့ ဂုဏ်ယူရသော နတ်ဘုရားစွမ်းရည် နည်းစနစ်များ လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ....
တိုက်ခိုက်လာသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများသည် သူတို့၏ ခန္ဓာကိုယ်များ တလျှောက် သေစေနိုင်သော ခြိမ်းခြောက်မှု ခံစားချက်တစ်ခုကို ချက်ချင်းခံစားလိုက်ရပေ၏။
သူတို့အားလုံးသည် သူတို့၏တိုက်ခိုက်မှုများကို စွန့်လွှတ်လိုက်ကြပြီး ထိုအစား ဤဓားချီကို ရှောင်တိမ်းရန် ကြိုးစားလိုသဖြင့် စွမ်းအားကုန် အသုံးပြုလိုက်ကြသည်။
သို့သော် ထိုအရာအားလုံးသည် အချည်းနှီးသာ ဖြစ်သည်။
ခုံးဝူတောက်၏ဓားချက်တွင် သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် ကမ္ဘာဦးစွမ်းအား အနည်းငယ်လည်း ပါဝင်နေသည်။
ကျင်တစ်သောင်းခန့် လေးလံသော ကမ္ဘာဦး ဖိအားသည် မိုးကောင်းကင်မှ ကျဆင်းလာပေ၏။
ဤဓားကို ရှောင်တိမ်းရန် မဆိုထားနှင့် လက်မဝက်ခန့် ရွေ့လျားရန်ပင် သူတို့အတွက် အလွန်အလွန်ခက်ခဲနေလေပြီ။
ဝုန်း...
နောက်တခဏတွင် အဆုံးမဲ့ဓားချီများသည် ဆူပွက်နေသော ကမ္ဘာဖျက် နတ်ဘုရား မြစ်ကြီး တစ်စင်းအဖြစ် အသွင်ပြောင်းသွားပြီး တုန်ခါသံကြီးနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
ထိုအထဲတွင် ပိတ်မိနေသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများသည် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ဖြစ်စေ နတ်ဘုရားဘုရင်နယ်ပယ် ဖြစ်စေ သူတို့အားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေပြီး အရေးမပါလှချေ။
သူတို့သည် တလိမ့်လိမ့်ထနေသော ဓားချီများကြောင့် ပြန့်ကျဲနေသော အမှုန်အမွှားများအဖြစ် ချက်ချင်းခြေမွှဖျက်ဆီးခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားတော့သည်။
"ရှီး..."
ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိရသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် လေကို ပြင်းပြင်း ရှူသွင်းလိုက်ကြပြီး သူတို့၏ စိတ်များ လုံးလုံးလျားလျား ဗလာဟင်းလင်း ဖြစ်သွားကြ၏။
ဓားတစ်ချက်.....
ခုံးဝူတောက်က ဓားတစ်ချက်သာ ခုတ်ပိုင်းခဲ့ခြင်းဖြစ်သည်။
ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျင့်ကြံသူ ငါးဦးနှင့် နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူရှစ်ဦးလုံး သေဆုံးသွားခဲ့လေပြီ။
အခန်း (၁၅၀) နတ်ဘုရားသားတော် ကို စော်ကားတဲ့သူတွေ မျိုးဖြုတ်သတ်ခံရလိမ့်မယ်
တိတ်ဆိတ်မှု...
လောကကြီးတစ်ခုလုံး ချက်ချင်းဆိုသလိုပင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားတော့သည်။
မိုးကောင်းကင်ယံအထက်တွင် ပေသုံးဆယ်ရှည်သော ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးမားသည့် အဖြူရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်ကို ကြည့်ရင်း...
မရေမတွက်နိုင်သော ကျင့်ကြံသူများ ဆွံ့အသွားကြပြီး သူတို့၏ မျက်နှာများတွင် အလွန်အမင်း တုန်လှုပ်မှုများ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ခုံးဝူတောက်၏ခွန်အားကို ယုံကြည်သော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများပင်လျှင် သူတို့၏စိတ်များ ထုံကျင်သွားသည်အထိ အလွန်အမင်း အံ့အားသင့်နေခဲ့ကြ၏။
နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က အရမ်းအားကောင်းလွန်းနေတာ မဟုတ်ဘူးလား...
ခြေလှမ်းတစ်ဝက် သူတော်စင် ခြောက်ယောက်နဲ့ နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူ အများကြီးကို...
အသက်ရှူချိန် အနည်းငယ်လေးအတွင်းမှာပဲ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က သူတို့ကို ဓားတစ်ချက်တည်းနဲ့ တိုက်ရိုက်ခုတ်ပိုင်းလိုက်တယ်...
ခုံးဝူတောက်၏ ခွန်အားဖြင့် သူ၏ ကျင့်ကြံခြင်းထက် ကျော်လွန်၍ တိုက်ခိုက်နိုင်ခြင်းမှာ မထူးဆန်းချေ။
သို့သော် သူသည် သူ၏ကျင့်ကြံခြင်းထက် ကျော်လွန်၍ တိုက်ခိုက်နိုင်ရုံသာမက ဤမျှများပြားသော မျိုးဆက်ဟောင်း ကျွမ်းကျင်သူများကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းနိုင်ခဲ့သည်။ သူသည် မယုံကြည်နိုင်လောက်အောင် သန်မာအားကောင်းပေ၏။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
နတ်ဘုရားသိုင်းဂိုဏ်းမှ လူများအတွက်မူ သူတို့သည် သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များ ထုံကျင်သွားသည်အထိ အလွန်အမင်း အံ့အားသင့်နေခဲ့ကြပြီး နေရာမှာပင် လုံးလုံးလျားလျား မှင်သက်နေကြတော့သည်။
ထိုလူများသည် သူတို့၏ နတ်ဘုရားသိုင်းဂိုဏ်း၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
အထူးသဖြင့် ထိုခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ဘိုးဘေးအနည်းငယ်ဖြစ်ပြီး သူတို့သည် နတ်ဘုရားသိုင်းဂိုဏ်းရှိ သူတို့၏ဘိုးဘေး အများအပြားထဲတွင် အားအကောင်းဆုံးသူများပင်။
မူလက အခြေအနေကို ပြောင်းလဲရန်အတွက် ဤလူများကို အသုံးပြုရန် သူတို့ စီစဉ်ထားခဲ့သော်လည်း ခုံးဝူတောက်၏ ချက်ချင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။
ခုံးကျန်ယွဲ့နှင့် မုချင်းလီတို့၏ လှပသော မျက်လုံးများ တလက်လက် တောက်ပနေပြီး သူတို့၏မျက်နှာအမူအရာများမှာ တခြားသူများထက် များစွာပို၍မတည်ငြိမ်လှချေ။
သူသည် ဓားတစ်ချက်တည်းဖြင့် ကျွမ်းကျင်သူ အများအပြားကို လွယ်လွယ်ကူကူ သတ်ဖြတ်လိုက်သည့် မြင်ကွင်းသည် သူတို့၏ နှလုံးသားထဲရှိ နတ်ဘုရားသားတော်၏ ပုံရိပ်ကို ပို၍ခမ်းနားကြီးကျယ်လာစေခဲ့သည်မှာ အမှန်ပင်။
ခုံးဝူတောက်သည် သူ၏ဓားကိုကိုင်ပြီး မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်နေပေ၏။
နတ်ဘုရားသိုင်းဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူ ဆယ်ယောက်ကျော်ကို သတ်ဖြတ်ပြီးနောက် ခုံးဝူတောက်၏နှလုံးသားသည် မတုန်မလှုပ် ရှိနေဆဲပင်။
ဤသည်မှာ အရေးမပါသော ပုရွက်ဆိတ် အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ချေမွပစ်လိုက်သည့်အလား ဖြစ်နေသည်။
"တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်..."
ပြန်လည်နိုးထလာသောခေတ်က ပါရမီရှင်တွေက ညံ့ဖျင်းတာ တစ်ခုတည်း မဟုတ်ဘူး...
ဒီပြန်လည်နိုးထလာသောခေတ်က မျိုးဆက်ဟောင်း ကျွမ်းကျင်သူတွေရဲ့ ခွန်အားတွေကလည်း ဒီလောက်တောင် အားနည်းနေတာလား..
ခုံးဝူတောက်၏အကြည့်များသည် ဂရုမစိုက်သည့်ဟန် ပေါ်နေပြီး အလွန်အမင်း တုန်လှုပ်မှုကြောင့် လုံးလုံးလျားလျား မှင်သက်နေသော ကျန်ရှိသည့် နတ်ဘုရားသိုင်းဂိုဏ်းမှ လူများအပေါ် ဝေ့ဝိုက်၍ ကြည့်လိုက်၏။
ထိုပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်က ခုံးဝူတောက်၏ ယှဉ်ပြိုင်၍မရနိုင်လောက်အောင် အားကောင်းသော ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ...
မရေမတွက်နိုင်သော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများ တုန်ယင်သွားကြပြီး သူတို့၏ မျက်နှာများ ပြာနှမ်းသွားကာ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားတော့သည်။
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး... ကျွန်တော်တို့ရဲ့ နတ်ဘုရားသိုင်းဂိုဏ်းက အဲ့ဒီ သေသင့်တဲ့အဘိုးကြီးတွေက သူတို့သဘောနဲ့ သူတို့ လုပ်ခဲ့တာပါ..."
"ကျွန်တော်က အတင်းအကျပ် ခိုင်းစေခံရတာပါ... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ ရန်သူဖြစ်ဖို့ ကျွန်တော် တကယ့်ကို ဆန္ဒမရှိပါဘူး..."
"နတ်ဘုရားသားတော်အရှင်... သူ.. သူပဲ... သူက ကျွန်တော်တို့ကို နတ်ဘုရားသားတော်အရှင်ကို တိုက်ခိုက်ခိုင်းတာပါ..."
လူတချို့က သူတို့၏ ကြောက်ရွံ့မှုများကြောင့် တာဝန်ယူမှုကို အလျင်အမြန် ရှောင်လွှဲကြပြီး အပြစ်အားလုံးကို တခြားသူများအပေါ် ပုံချလိုက်ကြ၏။
"သားမိုက်... ငါက မင်းရဲ့ အဖေလေ..."
"ဟမ့်... အဘိုးကြီး... ခင်ဗျားကသာ ရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ ဆက်ခံသူ အသစ်ဆီ အညံ့ခံဖို့အတွက် တင်းမခံခဲ့ရင် ငါတို့က ဘယ်လိုလုပ်ပြီး နတ်ဘုရားသားတော်အရှင်နဲ့ ရန်သူတွေ ဖြစ်လာမှာလဲ..."
"ကျုပ် အခုချက်ချင်း ခင်ဗျားရဲ့ခေါင်းကို ဖြတ်ပစ်မယ်... ပြီးတော့ နတ်ဘုရားသားတော်အရှင်ဆီမှာ တောင်းပန်မယ်..."
သူတို့၏ နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူ အများအပြားကို ဓားတစ်ချက်တည်းဖြင့် ခုံးဝူတောက် မည်သို့ သတ်ဖြတ်နိုင်ခဲ့သည်ကို သူတို့ မသိကြသော်လည်း...
သို့သော် ခုံးဝူတောက်၏ လွှမ်းမိုးနိုင်သော ခွန်အားက သူတို့ကို လုံးလုံးလျားလျား ကြောက်လန့်သွားစေခဲ့ပြီး သူ၏ လွယ်လင့်တကူ သတ်ဖြတ်ခြင်းကို ခံရမည်အား သူတို့ ကြောက်ရွံ့နေကြ၏။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားသိုင်းဂိုဏ်းအတွင်းရှိ လူအများအပြားသည် သူတို့၏ဂိုဏ်းဝင်များဘက်သို့ ရုတ်တရက်လှည့်၍ တိုက်ခိုက်လိုက်ကြသည်။
ဤသည်မှာ ခုံးဝူတောက်အပေါ် သစ္စာရှိမှုကို ပြသရန်နှင့် သူတို့၏အမှားများအတွက် ခွင့်လွှတ်မှုကို တောင်းခံရန်အတွက်ပင်။
"ဟဲ ဟဲ... တကယ့်ကို ဥာဏ်တိမ်တဲ့ ကောင်တစ်စုပဲ..."
"မင်းတို့က လှုပ်ရှားပြီးနေမှတော့ မင်းတို့ကို ငါက ဘာလို့ လွှတ်ပေးရမှာလဲ..."
ခုံးဝူတောက်က လှောင်ပြောင်လိုက်၏။
နောက်တခဏတွင် သူ၏ပုံရိပ်သည် ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ကျန်ရှိနေသော နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများထံသို့ ချက်ချင်းပြေးဝင်သွားတော့သည်။
ခုံးဝူတောက်သည် နတ်ဘုရားသိုင်းဂိုဏ်းကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိကြောင်း မြင်လိုက်ရသောအခါ....
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများသည် နတ်ဘုရားသိုင်းဂိုဏ်းထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားကြ၏။
မျက်စိတစ်မှိတ်အတွင်း ညည်းတွားသံများ ပဲ့တင်ထပ်သွားပြီး အသားများနှင့်သွေးများ ကောင်းကင်ယံအပြည့် လွင့်စင်သွားတော့သည်။
သူတို့အတွက် နတ်ဘုရားသိုင်းဂိုဏ်းသည် အများဆုံးအနေဖြင့် သူတို့၏ နတ်ဘုရားသားတော်အရှင်ထံသို့ အပန်းဖြေမှု အနည်းငယ် ယူဆောင်လာပေးနိုင်သော ပုရွက်ဆိတ်တစ်စုမျှသာဖြစ်သည်။
ဤပုရွက်ဆိတ်များသည် အလွန်မိုက်မဲနေသဖြင့် သူတို့၏ နတ်ဘုရားသားတော်အရှင်အတွက် သဘာဝကျကျ ဖယ်ရှားရပေမည်။
"ခုံးဝူတောက်... မင်းက နတ်မိစ္ဆာကောင်ပဲ... မင်း ဆိုးဆိုးရွားရွား သေပါစေ..."
"ချမ်းသာပေးပါ... နတ်ဘုရားသားတော်အရှင်... အရှင်ရဲ့ ရန်သူ မဖြစ်ခဲ့သင့်ဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ..."
နောက်တစ်ကြိမ် သွေးစွန်းသော ပရမ်းပတာ အခြေအနေသို့ ကျရောက်သွားသည့် နတ်ဘုရားသိုင်းမြို့တော်ကို ကြည့်ရင်း မရေမတွက်နိုင်သော ကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။
ပြပွဲကောင်းကို ကြည့်ရန် လာရောက်ခဲ့ကြသော တခြားတာအိုနယ်မြေမှ ပါရမီရှင်များပင်လျှင် ကြောက်လန့်တကြားဖြင့် သူတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားသည်။
ပထမဦးစွာ သူတို့သည် ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် အံ့အားသင့်သွားကြ၏။
ဒုတိယအချက်မှာ ခုံးဝူတောက်၏ ပြတ်သားပြီး သွေးဆာသော နည်းလမ်းများပင်။
သူ့ကို ဆန့်ကျင်သူတိုင်း သေချာပေါက် မြေမြှုပ်သင်္ဂြိုဟ်ရမည့် နေရာမရှိဘဲ သေဆုံးရလိမ့်မည်။
.........
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ တာအို အစောင့်အရှောက် ဆယ့်ရှစ်ဦးသည် ခုံးဝူကျိက ခုံးဝူတောက်အတွက် အထူးရွေးချယ်ပေးထားသော ထိပ်တန်းအဆင့် ကျွမ်းကျင်သူများပင်။
သူတို့၏အရေအတွက်သည် နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် အလွန်ကွာခြားနေသော်လည်း ထိုလူများကို ချေမှုန်းရန်မှာ မခက်ခဲလှချေ။
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင် အများအပြား၏ဝင်ရောက်စွက်ဖက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ...
လက်ဖက်ရည်တစ်ခွက်ဖျော်စပ်စာ အချိန်၏ တစ်ဝက် မပြည့်မီမှာပင်....
နတ်ဘုရားသိုင်းဂိုဏ်းမှ ကျွမ်းကျင်သူများအားလုံး လုံးလုံးလျားလျား အမြစ်ပြတ်သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။
[ဒင်...သခင်က နတ်ဘုရားသိုင်းဂိုဏ်းကို အမြစ်ပြတ်သုတ်သင်လိုက်ပါပြီ...ပုံမှန်မဟုတ်တဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင် တုန်လှုပ်ချောက်ချား အင်မော်တယ်ရဲ့ တက်လမ်းက ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရပါတယ်... ပစ်မှတ်ရဲ့ ကောင်းကင်ကံကြမ္မာအမှတ်တွေကို ၂၀၀၀ မှတ် နှုတ်ယူလိုက်ပြီး ၁၀၀၀၀မှတ် ကျန်ရှိနေပါတယ်...]
[သခင်က လေးဆပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၈၀၀၀ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်]
စနစ်၏အသံ ကျဆင်းသွားသည်နှင့်...
ကောင်းကင်ဘုံတာအိုနယ်မြေတွင် နံပါတ်တစ် သိုင်းတာအိုဂိုဏ်းအဖြစ် လူသိများသော နတ်ဘုရားသိုင်းဂိုဏ်းသည် လုံးလုံးလျားလျား ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။
ထိုဘိုးဘေးများ၏မြေ တည်ရှိသော ဧရိယာပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ချောက်နက်ကြီးတစ်ခုအဖြစ် ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရပေ၏။
ထူထပ်သိပ်သည်းသော သွေးချီများသည် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးအထိ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေခဲ့သည်။
ဒါက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ပဲ...
သူက တကယ်ကို အရမ်းလွှမ်းမိုးချုပ်ကိုင်နေတာပဲ...
"တကယ်လို့ ရှောင်ယောင် မဟာမိတ်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဒီနတ်ဘုရားသားတော်ရဲ့ ရန်သူဖြစ်ဖို့ ရဲတင်းတဲ့သူ ဘယ်သူမဆို..."
"သူတို့ရဲ့ မျိုးဆက် ကိုးဆက်လုံး အမြစ်ပြတ်သတ်ခံရလိမ့်မယ်..."
ကျောချမ်းဖွယ်ကောင်းသော အသံတစ်သံ ချန်ထားခဲ့ပြီးနောက်...
ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများကို ဦးဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားပြီး ရှုပ်ပွနေသော အရာများကိုသာ ချန်ထားခဲ့တော့သည်။
ကျင့်ကြံခြင်း လောကသည် သဘာဝအားဖြင့် အားကြီးသူများကို လေးစားပြီး အားနည်းသူများသည် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေသည့် နေရာတစ်ခုပင်။
ခုံးဝူတောက်၏လုပ်ရပ်များသည် လွှမ်းမိုးချုပ်ကိုင်နိုင်မှု ရှိနေသော်လည်း ကျင့်ကြံသူ အားလုံးနီးပါးက ထိုကိစ္စကို မည်သို့မျှ မခံစားရချေ။
ထိုအစား ရှောင်ယောင် မဟာမိတ်အဖွဲ့ဆိုသည့်အင်အားစုအပေါ် သူတို့က စာနာသနားမိကြ၏။
"ဒီရှောင်ယောင် မဟာမိတ်အဖွဲ့က တစ်ချိန်တုန်းက ငါတို့ရဲ့ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ထိပ်တန်း ရှေးဟောင်းအင်အားစုတစ်ခု ဖြစ်ခဲ့ပေမယ့် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို စော်ကားမိတာက သေလမ်း ဆိုတဲ့ လမ်းတစ်လမ်းတည်းပဲ ရှိတယ်..."
"ရိုးရိုးသားသား ပြောရရင် ဒီ နတ်ဘုရားသိုင်းဂိုဏ်းက အဲ့ဒီလို ဖြစ်တာနဲ့ တန်တယ်လို့ ငါ ထင်တယ်..."
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့နောက်ကိုလိုက်ဖို့ အခွင့်အရေး ရတာ ဘယ်လောက်တောင် ကံကောင်းလဲ..."
"ဒါပေမယ့် ဒီကောင်တွေက မျက်ကန်းဖြစ်ပြီး ခေါင်းမာမာနဲ့ တင်းခံနေကြတယ်... ရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ဆက်ခံသူ ဆိုတဲ့လူရဲ့ နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့ကြတယ်... အဲ့ဒါက မိုက်မဲတာ မဟုတ်ရင် ဘာလဲ..."
"အခု နတ်ဘုရားသိုင်းဂိုဏ်းက တိုက်ရိုက်ဖျက်ဆီးခံလိုက်ရပြီ... ရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ဆက်ခံသူအသစ် ဆိုတဲ့လူက အသံတောင် မထွက်ရဲဘူး... သူက အရမ်း အားနည်းတာပဲ..."
"ဟားဟားဟား... ဒီရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ ဆက်ခံသူအသစ်က အားနည်းလွန်းတယ်..."
".........."
လူအုပ်ထဲတွင်။
ဈေးသည်၏ လိုက်လံ ဖမ်းဆီးမှုမှ ပွတ်ကာသီကာလေး လွတ်မြောက်လာပြီး သူ၏ အသွင်အပြင်ကို နောက်တစ်ကြိမ် ပြောင်းလဲထားသော တုန်လှုပ်ချောက်ချား အင်မော်တယ်သည်...
ပတ်ဝန်းကျင်ရှိ လူများ၏ လှောင်ပြောင်သံများကို ကြားလိုက်ရသောအခါ သူ အံ့တင်းတင်းကြိတ်လိုက်၏။
ဒီခုံးဝူတောက်က တကယ်ကို သေသင့်တာပဲ...
သူ၏ ကောင်းကင်ဆေးဂိုဏ်းကို လုယူသွားရုံသာမက ယခု သူ့ဆီ လက်နက်ချမည့် နတ်ဘုရားသိုင်းဂိုဏ်းကိုလည်း တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
သူသည် ယခင်က နတ်ဘုရားသိုင်းဂိုဏ်းနှင့်အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့သည်။
ရလဒ်အနေနဲ့ သူတို့၏ဂိုဏ်းတံခါးကို သူ အလည်အပတ် မသွားရသေးခင်မှာပင် နတ်ဘုရားသိုင်းဂိုဏ်းက ပျောက်ကွယ်သွားလေပြီ။
တုန်လှုပ်ချောက်ချား အင်မော်တယ်ကို အံ့အားအသင့်ဆုံးနှင့် အထိတ်လန့်ဆုံး ဖြစ်စေခဲ့သည့်အရာမှာ ခုံးဝူတောက်က ရှောင်ယောင် မဟာမိတ်အဖွဲ့အကြောင်း အမှန်တကယ် သိနေခြင်းပင်။
ကြည့်ရသည်မှာ သူတို့၏ ရှောင်ယောင် မဟာမိတ်အဖွဲ့ အကြောင်းကို သူ များစွာသိထားပုံရသည်။
"အရင်က ခုံးဝူတောက် ဖိနှိပ်ထားတဲ့ အဲ့ဒီကောင်တွေက ငါ့ကို ရောင်းစားလိုက်တာများလား..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူနှင့်အတူ လိုက်ပါလာခဲ့ပြီး နောက်ပိုင်းတွင် ဖိနှိပ်ခံရကာ ခုံးဝူတောက်ထံ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ အနည်းငယ်ကို ပြန်လည်အမှတ်မရဘဲ မနေနိုင်တော့ချေ။
"ဒီနေမှာ ဖြစ်ပျက်ခဲ့တာတွေက ပေယန်မြို့ကို သေချာပေါက် အရမ်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားလိမ့်မယ်..."
"တခြားသူတွေ သက်ရောက်မှု မခံရအောင် ငါ မြန်မြန်ပြန်သွားရမယ်..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး နောက်ထပ်တစ်ခဏမျှပင် ဆက်မနေရဲတော့ဘဲ အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းကာ အလျင်အမြန် ပြန်ပြေးခဲ့လေ၏။
သို့သော် သူ မသိခဲ့သည့်အရာမှာ သူ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့သော သူ၏ ရှောင်ယောင် မဟာမိတ်အဖွဲ့သည်...
သူ၏ စူးစမ်းရှာဖွေရေး ခရီးစဉ်တွင် သူ့ကို အဖော်ပြုပေးနိုင်ခြင်း မရှိတော့ကြောင်းပင်။
ထိုအဖွဲ့သည် ခုံးဝူတောက်၏ နည်းလမ်းများအောက်တွင် ပြိုကွဲပျက်စီးစပြုနေလေပြီ။
Book 15 end.