အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း ၄၇ :စက္ကူလို ဖြူရော်နေတဲ့ တာအိုသီလရှင်ရွှီ
ဤအချိန်၌ အချိန်များ လုံးဝရပ်တန့်သွားသည့်အလားပင်။
အကြွင်းအကျန်စိတ်ဆန္ဒ၏ "ဆရာကြီး" ဟူသော ခေါ်သံက လူတိုင်း၏ နားထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် စိတ်ပိုင်းဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှု အမျိုးမျိုး အဆက်မပြတ် ဖြစ်ပေါ်နေလေ၏။
"ဆရာ... ဆရာကြီး..."
"ဆရာကြီးစူး..."
"ဒီလူငယ်လေးက ဘယ်သူလဲ... လက်ဖက်ရည်တာအို အသိုင်းအဝိုင်းမှာ ငါ သူ့ကို ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ..."
"အကြွင်းအကျန်စိတ်ဆန္ဒ တစ်ခုက သူ့ကို ဆရာကြီးလို့ ခေါ်ရအောင် သူက မွန်းစတားအိုကြီးတစ်ကောင်များလား..."
"သူပဲ... စူးချန်ကဲ... ထိုက်ချင်ဂိုဏ်း နဝမတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့်လေ... မနေ့က မြို့ထဲမှာ သူက ဟွမ်မိသားစုရဲ့သခင်လေးကိုတောင် မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့သေးတယ်..."
"အာ... တကယ်ပဲ သူလား... ဒါဆို ငါတို့ကို ဆေးခတ်သွားတာက သူ့ရဲ့ဂျူနီယာညီမလေးပေါ့..."
ဖုန်းဝူယင်၏အမူအရာမှာ တုန်လှုပ်သွားပြီး သူက ကောလာဟလတချို့ကို ပြန်လည်အမှတ်ရနေသည့်အလား ချင်းချိုးဘိုးဘေး၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို စိုက်ကြည့်နေသည်။
စူးချန်ကဲ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ရွှီယွီ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ ရောယှက်နေသည်။ ဤအချိန်၌ သူမသည် သူမ၏ ဦးညွှတ်ထားသော ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း သူမကို မမြင်နိုင်သော ရေခဲများက အေးခဲတောင့်တင်းနေစေသည့်အလားပင်။ သူမ မတ်တတ်ရပ်လိုက်ရန်လည်း အဆင်မပြေဘဲ ဆက်ပြီးဦးညွှတ်နေရန်က ပို၍ပင် အနေရခက်လှသည်။
"ဘာ ဆရာကြီးစူး လဲ..."
"အကြွင်းအကျန်စိတ်ဆန္ဒက အဲ့ဒီကောင်လေးကို ခေါ်နေတာလား..."
လီချင်းဖုန်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလေ၏။ သူ၏ပုံမှန် နွေးထွေးပြီး ပြုံးရွှင်နေတတ်သော မျက်နှာသည် ယခုအချိန်၌ ယခင်က မရှိဖူးသော အံ့အားသင့်မှုများ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ထင်ယောင်ထင်မှား တစ်ခုခုထဲသို့ ကျရောက်သွားသလောဟု အတည်ပြုနေသည့်အလား သူ၏အကြည့်က စူးချန်ကဲနှင့် အကြွင်းအကျန်စိတ်ဆန္ဒကြားတွင် အပြန်အလှန် ဝေ့ဝိုက်နေသည်။
လီဖိုကျွင်းကမူ တခြားတစ်ခုခုကို တွေးတောနေသည်။ သူ၏ ခြေထောက်များမှာ အားပျော့သွားပြီး အကယ်၍ သူသာ စားပွဲထောင့်ကို အချိန်မီ မဖမ်းဆုပ်နိုင်ခဲ့ပါက ဤသူတော်စင်၏ပုံရိပ်ရှေ့တွင် အလိုအလျောက် ဒူးထောက်ကျသွားပေမည်။
"ငါ သူ့ရဲ့အပျက်အစီးတွေကို ဝင်စီးဖို့ စီစဉ်နေတာကို ဒီဆရာကြီးက သိနေတာလား..."
"ငါ စတောင် မစရသေးဘူးလေ..."
ဤအချိန်တွင် ထုယိုယိုသည် နိုးနေလေပြီ။ သူမက သူမ၏မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် ချောမောသော အမျိုးသားကို စိုက်ကြည့်နေသည်။
အကြောင်းအရင်းကို သူမ မသိသော်လည်း ရင်းနှီးသောခံစားချက်တစ်ခုကို ရရှိခဲ့ကာ သူမက စူးချန်ကဲ၏အနီးသို့ အလိုအလျောက် ချဥ်းကပ်သွားခဲ့လေ၏။
ဤသိမ်မွေ့သော လှုပ်ရှားမှုကို ချင်းချိုးဘိုးဘေးက မြင်တွေ့လိုက်ရပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားခဲ့သည်။
"ဟင်..."
ချင်းချိုးဘိုးဘေးသည် အနည်းငယ် ထိတ်လန့်သွားပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် ယခင်က မရှိဖူးသော အရိုင်းဆန်သည့် ဝမ်းသာမှုတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
သွေးမျိုးဆက် ဘိုးဘေးဗီဇပြန်ပေါ်ခြင်း...
အမြှီးကိုးချောင်း ကောင်းကင်မြေခွေး...
"ငါ့ရဲ့ မျိုးဆက်တစ်ယောက်က ဒီလို ပါရမီရှင်မျိုး တကယ်ကြီး မွေးထုတ်ပေးနိုင်ခဲ့တာလား..."
"အဲ့ဒါက ဘယ်သူလဲ..."
"ဒီအရူးတွေက ဘာလို့ ဒီလိုပါရမီရှင်မျိုးကို လူသားမျိုးနွယ်စုကြားမှာ တာအိုအစောင့်အရှောက် တစ်ယောက်မှတောင် မပါဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားရတာလဲ..."
"သူတို့က တကယ်ကို သေသင့်တာ..."
သို့ရာတွင် သူ ဒေါသထွက်နေသည့်တိုင် သူ၏စိတ်ခံစားမှုများကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့ပြီး တည်ငြိမ်မှုကို ချက်ချင်းပြန်လည်ရယူနိုင်ခဲ့လေ၏။
"ဒီလောက် ကြီးကျယ်တဲ့ မြင်ကွင်းကြီး ဖြစ်အောင် လုပ်ဖို့ လိုလို့လား..."
စူးချန်ကဲက ချင်းချိုးဘိုးဘေးကို အနည်းငယ် ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။
ချင်းချိုးဘိုးဘေးက အနည်းငယ် ပြုံးကာ ပွင့်လင်းစွာ ပြောလိုက်သည်။
"သေချာတာပေါ့..."
ချက်ချင်းပင် သူက အသံပေးပို့ကာ ပြောဆိုသည်။
"မိတ်ဆွေလေး... မင်းဆီမှာ ဝှက်ဖဲတွေ အများကြီး ရှိတာပဲ... တချို့ကိုတော့ သင့်လျော်သလို ထုတ်ပြသင့်တယ်... ကျားကို စားဖို့ ဝက်လို ဟန်ဆောင်တာက ကောင်းပေမဲ့ အရာအားလုံးကို တံမြက်စည်းလှည်းသလို ရှင်းပစ်ရတာလောက် ဘယ်လိုလုပ်ပြီး စိတ်ကျေနပ်စရာ ကောင်းမှာလဲ... ဒါ့ပြင် တကယ်လို့ မိတ်ဆွေလေးဆီမှာ ဂုဏ်သတင်းတစ်ခုမှ မရှိဘူးဆိုရင် ငါ့ရဲ့ အဲ့ဒီ ကြီးမားတဲ့ အခွင့်အရေးကို တောင်းဆိုဖို့ ခက်ခဲနိုင်တယ်လေ..."
ဤစကားကို ကြားသောအခါ စူးချန်ကဲ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ထိုအခွင့်အရေးက ဘာလဲဆိုတာကို တွေးတောနေပုံရသော်လည်း အပေါ်ယံတွင်မူ သူက ညင်သာစွာ ပြောဆိုလိုက်၏။
"ခဏလောက် စောင့်ပါအုံး..."
နောက်တစ်စက္ကန့်တွင်...
သူ၏ လက်ချောင်းတစ်ချက် လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ယွမ်ယန်ကုန်သည်ကြီးများအသင်းမှ သူ ရရှိခဲ့သော ရှေးဟောင်း လက်ဖက်ရည် အိုးခွက်တစ်စုံက သူ၏ရှေ့ရှိ စားပွဲပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ယွမ်ယန် ကုန်သည်ကြီးများအသင်းမှ သူ ပေါ့ပေါ့ပါးပါး ဝယ်ယူခဲ့သော စိတ်ဝိညာဉ်လက်ဖက်ခြောက်ကို အသုံးပြုလိုက်၏။
လောကကြီးကို တုန်လှုပ်စေမည့် အရှိန်အဟုန် မရှိဘဲ ရွေ့လျားနေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေများအလား သဘာဝကျသော စီးဆင်းမှုသာ ရှိနေသည်။
သူက ရေနွေးအိုးကို မကာ ရေငဲ့ပြီး ခွက်များကို နွေးစေကာ လက်ဖက်ခြောက်များ ထည့်လိုက်၏။ သူ၏လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံစွာ သဘာဝကျနေသည်။ သူ၏နံဘေးပတ်လည်တွင် ကြမ်းတမ်းသော စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများ မရှိသလို ထူးခြားသော သဘာဝလွန်ဖြစ်စဉ် တစ်ခုမျှလည်း မပေါ်လာခဲ့ချေ။ အလွန်သာမန်ဆန်သော သေမျိုးတစ်ဦးက လက်ဖက်ရည် ဖျော်နေသည့်အလား အလွန် သဘာဝကျလှသည်။
"ဆရာကြီးရဲ့ လက်ဖက်ရည်တာအို အောင်မြင်မှုက တကယ့်ကို အထွတ်အထိပ်မှာပဲ... ငါ့ရဲ့ခေတ်တုန်းကတောင် ဒီတာအိုမှာ ယှဉ်နိုင်တဲ့သူ ရှားပါးတယ်..."
ချင်းချိုးဘိုးဘေးက စူးချန်ကဲကို လေးစားစွာ ကြည့်ကာ ဖြည်းညင်းစွာ ပလ္လင်ခွေထိုင်လိုက်သော်လည်း သူ၏ပုံရိပ်မှာ မြေပြင်နှင့် အပြည့်အဝ မထိတွေ့ဘဲ လက်မအနည်းငယ်အကွာတွင် လွင့်မျောနေသည်။
လက်ရှိနေရာတွင် ရှိနေသူများ၏ လက်ဖက်ရည်တာအို အောင်မြင်မှုများမှာ မနိမ့်ကျသော်လည်း သူတို့က ထူးခြားချက် တစ်စုံတစ်ရာကို လုံးဝမမြင်နိုင်ကြချေ။ စူးချန်ကဲ၏ လှုပ်ရှားမှုများမှာ အလွန်ချောမွေ့နေကြောင်းကိုသာ သူတို့ ခံစားမိသည်။
"ဒါက... ဒါက ဘာအဓိပ္ပာယ်လဲ..."
"ဒီလက်ဖက်ရည်တာအို အောင်မြင်မှုက အထွတ်အထိပ်မှာ ရှိနေတယ်လို့ အကြွင်းအကျန်စိတ်ဆန္ဒက ပြောတာလား..."
"အကြွင်းအကျန်စိတ်ဆန္ဒက လက်ဖက်ရည် တောင်းဖို့ ဒီကို ရောက်နေတာလား... စူးချန်ကဲက လက်ဖက်ရည်တာအိုကို သိတယ်ပေါ့..."
"ဒါ... ဒါက သာမန် လက်ဖက်ရည်ဖျော်တဲ့ လုပ်ငန်းစဉ် တစ်ခုပဲ မဟုတ်ဘူးလား..."
အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီဖြစ်သော လီဖိုကျွင်းက ချက်ချင်းပင် မျက်နှာလိုမျက်နှာရလုပ်ရန် အခွင့်အရေး တစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည့်ဟန် ဆောင်ကာ ပြောဆိုလိုက်၏။
"ဒါ... ဒါ... ဒါက လက်ဖက်ရည်တာအိုရဲ့ အခြေခံသို့ ပြန်လည်ရောက်ရှိခြင်း နယ်ပယ်ပဲ... လက်ဖက်ရည်ကမ္ဘာက ငါ့ကို လက်ယပ်ခေါ်နေတာကို မြင်ရသလို ခံစားရတယ်..."
သောက်ကျိုးနည်း...
ဘာတွေ ဖြစ်နေတာလဲ...
ဒီအပျက်အစီးရဲ့ အကြွင်းအကျန်စိတ်ဆန္ဒကို စူးချန်ကဲက ဘယ်လိုလုပ် သိနေတာလဲ...
သူက မွန်းစတားအိုကြီးတစ်ကောင်ကောင် ပြန်ပြီးဝင်စားတာများလား...
"မဟုတ်ဘူး... ငါ ဘာမှမလုပ်ဘဲ ဒီတိုင်း နေလို့မရဘူး... အဲ့ဒီလိုမှ မဟုတ်ရင် ငါတို့ အပျက်အစီးထဲ ဝင်သွားတဲ့အချိန်မှာ ငါ့အတွက် အကြွင်းအကျန်တွေတောင် ရှိပါအုံးမလား..."
"ငါ့ရဲ့ သဘောထားကို ငါ ပြင်ရမယ်..."
"မင်းရဲ့ဖင်ကို လက်ယပ်ခေါ်နေတာ... လက်ဖက်ရည်တာအိုကိုတောင် မင်း နားလည်လို့လား..."
ဖုန်းဝူယင်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူက ချက်ချင်းအသံပေးပို့ကာ ဆဲဆိုလိုက်၏။ သူနှင့် လီဖိုကျွင်းမှာ အသိအကျွမ်းဟောင်းများ ဖြစ်ကြသည်။
လီဖိုကျွင်း၏အမူအရာသည် ဘာမျှမကြားလိုက်ရသည့်အလား ပြောင်းလဲမသွားခဲ့ချေ။ သူ၏ မျက်နှာမှာ နီမြန်းနေပြီး သူ အမှန်တကယ် တစ်ခုခုကို မြင်နေရသည့်အလား စိတ်ခံစားမှုဖြင့် စိတ်လှုပ်ရှားနေသည်။
လူတိုင်းက လီဖိုကျွင်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီးနောက် မျက်မှောင်ကြုတ်ကာ စူးချန်ကဲကို စိုက်ကြည့်လိုက်ကြ၏။
နောက်တစ်စက္ကန့်တွင်...
လက်ဖက်ရည်တာအိုကို လေ့လာသော အဖိုးအို ကျွမ်းကျင်သူတစ်ဦး၏ မျက်လုံးများ တောက်ပသွားပေ၏။ ဤအချိန်၌ သူ နားမလည်လျှင်ပင် သူ နားလည်ချင်ယောင်ဆောင်ရပေမည်။ ထို့နောက် သူက စိတ်လှုပ်ရှားနေသည့်ဟန် ဆောင်ကာ ပြောဆိုလိုက်သည်။
"ဟားဟားဟား... ဒီလိုကိုး... ဒီလိုကိုး... အင်း... ဒါက လက်ဖက်ရည်တာအိုရဲ့ အမှန်တရားပဲ..."
"အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာပဲ... ဒီလူငယ်လေးက ဒီလောက် အသက်အရွယ်လေးနဲ့ ဒီလို လက်ဖက်ရည်တာအို အောင်မြင်မှုမျိုး ရှိနေတာက ရိုးရိုးရှင်းရှင်းကို တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ..."
ရိုးရိုးသားသား ပြောရလျှင် သူသည် ဆရာကြီးစူး၏ထူးကဲမှုကို ကြိုတင် မြင်တွေ့ခဲ့သည်ဟု လူတိုင်းက ထင်မှတ်သွားကြသဖြင့် ဤစကားတစ်ခွန်းကြောင့် သူသည် နောက်ပိုင်းတွင် လက်ဖက်ရည်တာအို အသိုင်းအဝိုင်း၌ အလွန် အောင်မြင်သွားလိမ့်မည်ကို ထိုအဖိုးအို ကျွမ်းကျင်သူ ကိုယ်တိုင်ပင် မသိခဲ့ချေ။
ဤအချိန်၌ လီချင်းဖုန်းသည် မတ်တတ်ရပ်ကာ စူးချန်ကဲ၏လှုပ်ရှားမှုများကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့သည်။ သူသည် တစ်ခုခုကို ဖမ်းဆုပ်နိုင်ခဲ့ပုံရသော်လည်း ထိုအရာကို သူ မဆုပ်ကိုင်နိုင် သို့မဟုတ် ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ ထိုအရာမှာ နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်ကာ သူသည် ရှုပ်ထွေးမှု အခြေအနေတစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။
လက်ရှိနေရာတွင် ရှိနေသူများထဲတွင် အကယ်၍ တစ်စုံတစ်ဦးက အစိတ်အပိုင်း အနည်းငယ်ကို အမှန်တကယ် နားလည်နိုင်ပါက ချင်းချိုးဘိုးဘေးမှလွဲ၍ လက်ဖက်ရည်တာအို အောင်မြင်မှု အမြင့်ဆုံးရှိသော ရွှီယွီပင်။
"ဒါက..."
"ဒါက ရှေးဟောင်း စာသားတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ သဘာဝအတိုင်း စီးဆင်းနေတဲ့ တာအို နယ်ပယ်ပဲ... လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတဲ့သူတွေအတွက်ကတော့ အခြေခံကို ပြန်လည်ရောက်ရှိသွားကြတယ်... သာမန် လက်ဖက်ခြောက်တစ်ရွက်တောင် ကောင်းကင်နဲ့မြေကြီးရဲ့ နတ်ဘုရား လက်ဖက်ရည်အဖြစ် ဖျော်လို့ရတယ်..."
"ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"သူက တကယ့်ကို အဲ့ဒီဆရာကြီးပဲ... သူက ဒီလောက် အသက်အရွယ်လေးနဲ့ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ကို တကယ်ကြီး ရောက်သွားတာလား..."
"မနေ့က ငါ့ကို ထွက်သွားစမ်းလို့ ပြောခဲ့တာ သူပဲ... ပြီးတော့ ငါ တွေ့ချင်ခဲ့တာလည်း သူပဲ..."
ရွှီယွီက ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေပြီး သူမ၏မျက်နှာမှာ စက္ကူအလား ဖြူရော်နေသည်။ သူမ၏ မျက်နှာပေါ်တွင် ပူလောင်သော နာကျင်မှုတစ်ခုကို သူမ ခံစားလိုက်ရ၏။ ဤအတွေးများက သူမ၏ စိတ်ထဲသို့ ရေခဲချွန်များအလား ထိုးဖောက်ဝင်ရောက်လာပြီး တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲ၌ ထူးဆန်းသော စိုးရိမ်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။
"တကယ်လို့ သူ့ရဲ့ လက်ဖက်ရည်တာအိုက ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေရင် ခွန်အားတိုးဖို့အတွက် အများကြီး အထောက်အကူ မပြုပေမဲ့ ဒီအဆင့်အတန်းနဲ့ဆိုရင် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးက ထိပ်တန်းကျွမ်းကျင်သူတွေက သူ့ကို မျက်နှာသာပေးရလိမ့်မယ်... ယဲ့ရွှမ်..."
"မသေချာဘူး... ယဲ့ရွှမ်မှာ ငါ့ရဲ့ကာကွယ်မှု တစ်ခုတည်း ရှိတာ မဟုတ်ဘူး...ဒါ့ပြင် ဒီကမ္ဘာကြီးက နောက်ဆုံးတော့ ခွန်အားကို လေးစားတာပဲလေ... သူ့ရဲ့ လက်ဖက်ရည်တာအိုက ဘယ်လောက်ပဲ ကောင်းကင်ကို ဆန့်ကျင်နေပါစေ ဘာဖြစ်လို့လဲ..."
"ဟုတ်တယ်... မှန်တယ်... အဲ့ဒါပဲ..."
ဤအချက်ကို တွေးမိချိန်တွင် ရွှီယွီ၏ အမူအရာက အနည်းငယ် ပိုကောင်းလာပုံရသော်လည်း စူးချန်ကဲကို ကြည့်ရာတွင် အံ့အားသင့်မှုအပြင် သူမကိုယ်တိုင် ဝန်မခံလိုသော မနာလိုမှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေသည်။
ဤအချိန်၌ စူးချန်ကဲက လက်ဖက်ရည်ခွက်ကို ညင်သာစွာ ချလိုက်လေ၏။
"ချလွင်..."
ကြည်လင်ပြီး သာယာသော တာအိုအသံတစ်သံထွက်ပေါ်လာပြီး လူတိုင်း၏ နတ်ဘုရားစိတ်ဝိညာဉ်ကို လှုပ်ခတ်သွားစေခဲ့သည်။
နောက်တခဏတွင် လူတိုင်း၏ ကြောင်အမ်းနေသော မျက်လုံးများရှေ့၌ တာအိုကြာပန်းသုံးထောင်၏ ပုံရိပ်ယောင်များက ခွက်ထဲမှ ထွက်ပေါ်လာပြီး ပွင့်လန်းလာခဲ့သည်။ အရောင်ကိုးမျိုးရှိသော တောက်ပသည့် အလင်းရောင်များက လင်းလက်စီးဆင်းနေပြီး ပျံ့လွင့်နေသော လက်ဖက်ရည်ရနံ့က မြင်နိုင်သော နက်နဲသိမ်မွေ့သည့် မှော်စာလုံးများအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားကာ ခွက်၏အနားသတ်တစ်ဝိုက်တွင် ရစ်ဝဲနေပြီး ပြယ်လွင့်သွားရန် ငြင်းဆန်နေသည်။
ကျယ်ပြန့်ပြီး ညင်သာသော တာအိုစည်းချက်တစ်ခုက ရေလှိုင်းများအလား ပျံ့လွင့်သွားပြီး လက်ရှိနေရာတွင် ရှိနေသူ အားလုံး၏ စိတ်ထဲသို့ စိမ့်ဝင်သွားသည်။ သူတို့သည် မဟာတာအိုအကြောင်း ထိုးထွင်းသိမြင်မှု အသစ်များကို ရရှိသွားသည့်အလား သူတို့၏စိတ်များကို ကြည်လင်သွားစေခဲ့သည်။
နေရာတစ်ခုလုံးသည် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေ၏။
ဤအချိန်လေးမှာပင် လူတိုင်းက နောက်ဆုံးတွင် နားလည်သွားကြသည်။ စူးချန်ကဲသည် မနေ့ညက လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိခဲ့သော ဆရာကြီးပင်။
"လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းကို ရရှိထားတဲ့ ဆရာကြီးက တကယ်တော့ သူပဲ..."
လီချင်းဖုန်းက စူးချန်ကဲကို အံ့အားသင့်စွာ ကြည့်လိုက်၏။
ထိုလက်ဖက်ရည်တာအို မဟာဆရာသခင်များ၏မျက်လုံးများက စူးချန်ကဲကိုကြည့်ရင်း နီရဲလာကြသည်။ ထိုအရာမှာ ရူးသွပ်သော ရိုသေလေးစားမှု အကြည့်တစ်ခုပင်။ အကယ်၍ အကြွင်းအကျန်စိတ်ဆန္ဒသာ ဤနေရာတွင် ရှိမနေပါက သူတို့သည် လမ်းညွှန်မှုတောင်းခံရန် စူးချန်ကဲ၏ရှေ့တွင် ဒူးထောက်နေလောက်ပြီ။
ချက်ချင်းပင်...
"ကျေးဇူးတင်ပါတယ်..."
ချင်းချိုးဘိုးဘေးက လက်ဖက်ရည်ခွက်ကို ကျက်သရေရှိစွာ မကောက်ကိုင်မီ သူ၏ ကျေးဇူးတင်စကားကို အရင်ပြောလိုက်၏။ သို့ရာတွင် သူက ထိုလက်ဖက်ရည်ကို ချက်ချင်းမသောက်ခဲ့ချေ။ ထိုအစား ခွက်ထဲရှိ စီးဆင်းနေသော အလင်းရောင်နှင့် လွင့်မျောနေသော တာအို ကြာပန်းများ၏ သဘာဝလွန်ဖြစ်စဉ်များကို သေသေချာချာ စူးစမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း စိတ်ကျေနပ်မှုနှင့် ရီဝေနေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
"စစ်မှန်တယ်... ဒီအရသာက အရမ်းကို စစ်မှန်တာပဲ... ဒီရနံ့... ဒီစည်းချက်... ဒီမဟာတာအို ထိုးထွင်းသိမြင်မှုတွေ..."
"တကယ်လို့ ငါ အသက်ရှင်နေစဉ်တုန်းက ဒါကို နေ့တိုင်း မြည်းစမ်းနိုင်ခဲ့မယ်ဆိုရင် ငါက တခြား လမ်းစဉ်တစ်ခုကိုတောင် လျှောက်လှမ်းနိုင်ခဲ့မယ် ထင်တယ်..."
ချင်းချိုးဘိုးဘေးသည် မဟာတာအို၏ စစ်မှန်သောစည်းချက် ပါဝင်သည့် လက်ဖက်ရည်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ သူ၏မျက်နှာပေါ်တွင် ကျေနပ်မှုနှင့် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်သွားလေ၏။
"ဒီမြေခွေးအိုကြီးက လက်ဖက်ရည်ကို ဒီလောက်တောင် ကြိုက်တာလား..."
စူးချန်ကဲကလည်း ရယ်မောလိုက်သည်။ သူက သူ့အတွက် တစ်ခွက်ငဲ့ပြီး တစ်ငုံသောက်လိုက်သည်။ သူ လန်းဆန်းသွားသလို ခံစားရပြီး သူ၏ သွေးချီ အနည်းငယ်တိုးလာခြင်းမှလွဲ၍ သူ များစွာမခံစားရချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ ထိုအရာ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ရာ ထပ်မံ တိုးတက်ရန် နေရာမရှိတော့ပေ။
ထိုသို့မဟုတ်ပါက အကယ်၍ သူသာ သူ့အတွက် နေ့တိုင်း ဖျော်သောက်နေမည်ဆိုလျှင် သူ၏ ဘယ်ဘက်ခြေထောက်ကို ညာဘက်ခြေထောက်ဖြင့် နင်းပြီး ကောင်းကင်ဘုံကို တက်လှမ်းသွားမည် မဟုတ်လော...
အခန်း ၄၈: ဒီပျော့ပျော့အိအိ အရာက ဘာလဲ...
လက်ဖက်ရည်သောက်ပြီးနောက် စူးချန်ကဲသည် သူ၏ဘေးတွင် နှုတ်ခမ်းသပ်နေသော ထုယိုယိုနှင့် အံ့အားသင့်နေသော လီချင်းဖုန်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ်နှစ်ခွက် ငဲ့ပေးလိုက်သည်။
ဤသည်မှာ နှစ်ခွက်အတိအကျပင်။
"သောက်လိုက်..."
စူးချန်ကဲက ထုယိုယိုကို ပြောဆိုပြီးနောက် လီချင်းဖုန်းဘက်သို့ လှည့်လိုက်သည်။
"စီနီယာ ဦးလေးလီ... ကျေးဇူးပြုပြီး..."
【ဒင်... ဂျူနီယာညီမလေး ထုယိုယိုကို စိတ်ဝိညာဉ် လက်ဖက်ရည် တိုက်ကျွေးခဲ့ပြီး သူ့ရဲ့ နယ်ပယ်ကို ချိုးဖောက်သွားစေတာကြောင့် လက်ခံသူအပေါ် ကျေးဇူးတင်တဲ့ စိတ်လေးတစ်စ ခံစားရစေခဲ့ပါတယ်... ဆုလာဘ် - တစ်လစာ ကျင့်ကြံခြင်း...】
【စုဆောင်းထားမှု ...ကိုးလစာ ကျင့်ကြံခြင်း...】
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို..."
ထုယိုယိုက ပျော်ရွှင်စွာ ပြောဆိုလိုက်၏။ သူမက လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အရသာက မတူဘူး...
အရင်ကနဲ့ မတူဘူး...
နေအုံး...
ငါ အဆင့်ချိုးဖျက်တော့မယ်...
နောက်တခဏတွင်...
ဝုန်း...
ထုယိုယို၏ နယ်ပယ်က ကောင်းကင်လှိုဏ်ဂူနှစ်ခုကို ချက်ချင်းစုစည်းလိုက်ပြီး ထိုအရာများမှ ထူးဆန်းသော မှော်စာလုံးများ ထွက်ပေါ်လာခဲ့သည်။ သူမ ပေါ်လွင်တော့မည့်အချိန်မှာပင် ချင်းချိုးဘိုးဘေးက သူ၏စိတ်နှလုံးသားထဲ၌ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ၏ အရှိန်အဝါတစ်စက ထုယိုယို၏ကောင်းကင်လှိုဏ်ဂူများကို ချက်ချင်းပျောက်ကွယ်သွားစေခဲ့လေ၏။
"ဟူး..."
"သီသီလေးပဲ... တကယ်ကို သီသီလေးပဲ..."
ထုယိုယိုထံ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
ကြည့်ရှုနေသူများအတွက်မူ ထူးခြားသောအရာဟူ၍ တစ်စုံတစ်ရာမျှ မဖြစ်ခဲ့ချေ။ ထုယိုယိုက လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် သူမ၏နယ်ပယ်ကို ချိုးဖျက်သွားကြောင်းကိုသာ သူတို့ မြင်တွေ့ခဲ့ရပြီး သူတို့က ချက်ချင်းပင် အလွန်အမင်း မနာလိုမှုများဖြင့် ကြည့်လိုက်ကြသည်။
လီချင်းဖုန်းသည်လည်း ဤအချိန်၌ သတိပြန်ဝင်လာခဲ့သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ထိုင်လိုက်ပြီး သူ၏ရှေ့ရှိ လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။ ထိုအထဲတွင် လက်ဖက်ရည်တာအို၏ ပြီးပြည့်စုံခြင်း အရှိန်အဝါ ပါဝင်နေလေသည်။ ထို့နောက် သူက စူးချန်ကဲဘက်သို့လှည့်ကာ လက်ပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ်..."
လီချင်းဖုန်းသည် ဤကျေးဇူးကို မှတ်ထားရပေမည်။
တစ်ချိန်တည်းမှာပင် ချင်းချိုးဘိုးဘေးက သူ၏ လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး စူးချန်ကဲကို အနည်းငယ် ပြုံးပြလိုက်သည်။ သူ၏အပြုံးတွင် စိတ်ကျေနပ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေပေ၏။
အနည်းဆုံးအနေဖြင့် ဤကောင်လေးသည် သူ၏ မျိုးဆက်ကို ကောင်းကောင်းဆက်ဆံကြောင်း သူ မြင်တွေ့ခဲ့ရသည်။ အကြောင်းအရင်းမှာ အိုးထဲ၌ပိုနေသော လက်ဖက်ရည်ကို ထိုလူငယ် ပထမဆုံးပေးခဲ့သူမှာ သူမ ဖြစ်နေသောကြောင့်ပင်။
ဒီမြေခွေးအိုကြီးက ဘာကို ပြုံးနေတာလဲ... သူက ဘာလို့ အပျက်အစီးကို မဖွင့်သေးတာလဲ... သူက လက်ဖက်ရည်ကို စွဲလမ်းသွားတာလား...
စူးချန်ကဲက တွေးတောလိုက်ပြီး သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ထို့နောက် ချင်းချိုးဘိုးဘေးက သူ၏နောက်ရှိ တည်ငြိမ်သော ရေကန်ဗဟိုအထက်ရှိ ဟင်းလင်းပြင်ကို ကျပန်းပုတ်လိုက်ပုံရသည်။
ဝီ...
ဤတစ်ချက်ပုတ်လိုက်ခြင်းက ရှေးဟောင်း ခလုတ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ခံစားရသည်။
ယွမ်မန်ရွှံ့နွံတောတစ်ခုလုံး တုန်ခါသွားပေ၏။
အစောပိုင်းက ကြည်လင်နေခဲ့သော မိုးကောင်းကင်ယံ၌ ရုတ်တရက် လှိုင်းထနေသော တိမ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ရေကန်ရေများက ဆူပွက်နေသည့်အလား လှုပ်ခတ်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသည့် ဧရာမ အလင်းတိုင်ကြီးတစ်ခုက ရေကန်၏ ဗဟိုမှ ပေါက်ကွဲထွက်လာသည်။ ထိုအရာသည် တိမ်များကို ဖောက်ထွင်းသွားပြီး အရပ်မျက်နှာအဘက်ဘက်မှ စိတ်ဝိညာဉ်ချီများကို အရူးအမူး နောက်သို့လှည့်ပတ်သွားစေခဲ့သည်။
မရေမတွက်နိုင်သည့်လူများ၏ အံ့အားသင့်နေသော မျက်လုံးအကြည့်များအောက်တွင် ရှေးဟောင်းနှင့် လူသူကင်းမဲ့သော အဆုံးမရှိသည့် အငွေ့အသက်များကို ဖြာထွက်နေသည့် ဧရာမ တံခါးကြီးတစ်ခုက အလင်းတိုင်အတွင်း၌ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
ထိုတံခါးကို အမည်မသိ ဧရာမကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော နတ်ဆိုးမျိုးနွယ်စု မှော်စာလုံးများဖြင့် ဖုံးလွှမ်းထားသည်။ ဤအချိန်၌ မှုန်ဝါးပြီး နားလည်ရခက်သော အလင်းရောင်များက ထိုတံခါးကို ဖြတ်သန်းစီးဆင်းနေပြီး ရှေးဟောင်းခေတ်မှ ဆင်းသက်လာသည့် ဖိအားတစ်ခုက ဒီရေအလား လှိုင်းထလာကာ လူတိုင်းကို အသက်ရှူရန်ပင် မဖြစ်နိုင်လုနီးပါး ဖြစ်စေခဲ့သည်။
"အိုး ဘုရားရေ... အပျက်အစီးနယ်မြေ... ဒီရေကန်ကျွန်းအောက်မှာ အပျက်အစီးနယ်မြေ တကယ်ကြီး ရှိနေတာပဲ..."
"အဲ့ဒါက သူတော်စင် သေဆုံးသွားတဲ့ နေရာလား..."
"နတ်ဆိုး သူတော်စင်... ဒီသူတော်စင်က တကယ်တော့ နတ်ဆိုးမျိုးနွယ်စုကလား... သူက ငါတို့ လူသားမျိုးနွယ်စုနယ်မြေမှာ ဘယ်လိုလုပ်ပြီး သေဆုံးနိုင်မှာလဲ..."
"အဲ့ဒါကို ဘယ်သူက ဂရုစိုက်မှာလဲ... မင်း မမြင်ဘူးလား... ဒါက အခွင့်အရေး တစ်ခုပဲ..."
အချိန်တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရူးသွပ်လုနီးပါး ဆူပူအုံကြွမှုတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ယွမ်မန်ရွှံ့နွံတော၏ အပြင်ဘက် လျိုယွမ်မြို့တွင်ပင် အစွမ်းထက်သော အရှိန်အဝါ အများအပြားက အပျက်အစီးနယ်မြေ၏ စွမ်းအားအတက်အကျများကို သတိထားမိကြလေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပိုမိုများပြားသော ပုံရိပ်များက လေထဲမှ ဖြတ်သန်းလာကာ ယွမ်မန်ရွှံ့နွံတောသို့ ရောက်ရှိလာကြသည်။
တစ်ချိန်တည်းမှာပင် အပျက်အစီးနယ်မြေသို့ အပြေးအလွှား လာနေကြသော ကျင့်ကြံသူတိုင်း၏ နားထဲတွင် ခမ်းနားပြီး အေးစက်သော အသံတစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။
"ဒါက ငါ့ရဲ့ အမွေအနှစ်ပဲ... မြင့်မြတ်အရှင်နယ်ပယ် အထက်မှာ ရှိတဲ့သူတွေ အထဲဝင်ဖို့ တားမြစ်ထားတယ်... မဟုတ်ရင် သူတို့ သေရမယ်..."
ထိုစကားကို ပြောဆိုပြီးနောက် ချင်းချိုးဘိုးဘေးက တည်ငြိမ်နေသော စူးချန်ကဲကို တစ်ချက်ကြည့်ကာ အသံပေးပို့ပြီး မမေးဘဲ မနေနိုင်အောင် ဖြစ်သွားလေ၏။
"မိတ်ဆွေလေး... ငါ ဘာလို့ ဒီလိုလုပ်တာလဲဆိုတာ မင်း စိတ်မဝင်စားဘူးလား..."
စူးချန်ကဲက ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"အံ့ဩစရာ ဘာရှိလို့လဲ... အမြဲတမ်း နည်းလမ်းဟောင်းတွေချည်းပါပဲ...လျှို့ဝှက်နယ်မြေတွေမှာ ကန့်သတ်ချက်တွေ ရှိတယ်... ဟင်းလင်းပြင်က အမြဲတမ်း ပြိုကျလုနီးပါး ဖြစ်နေတယ်... အမွေအနှစ်တွေက ခွာချခံရဖို့ ရည်ရွယ်ထားတာ... ပြီးတော့ ဆရာကြီးတွေရဲ့ စကားတွေက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တယ်လေ..."
ဒီဇာတ်ကွက်တွေ အကုန်လုံးနဲ့ ငါ ရင်းနှီးပါတယ်...
ချင်းချိုးဘိုးဘေးသည် ဆွံ့အသွားပေ၏။ သူက သူ၏ နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး အကဲစမ်းသည့်ဟန်ဖြင့် မေးလိုက်သည်။
"မိတ်ဆွေလေး... မင်းက အဲ့ဒါ အားလုံးကို ခွာချပစ်ဖို့ စီစဉ်နေတာလား..."
ဤလူငယ်သည် မည်သည်ကြောင့် ဤမျှထိ ဗဟုသုတ ကြွယ်ဝနေသနည်းဟု သူ တွေးလိုက်မိသည်။
သောက်ကျိုးနည်း... ငါ လူရွေးမှားသွားတာများလား...
"မသေချာဘူး..."
စူးချန်ကဲက ခေါင်းယမ်းလိုက်၏။ အနည်းဆုံးတော့ ခေါင်းတလားအဖုံးများကို သူ စိတ်မဝင်စားချေ။
ချင်းချိုးဘိုးဘေးက သက်ပြင်းချလိုက်သည်။ သူ သေဆုံးသွားသော်လည်း ဤအပျက်အစီးနယ်မြေကို အနာဂတ် ချင်းချိုး မျိုးဆက်များ လေ့ကျင့်ရန် ချန်ထားနိုင်ဆဲပင်။ အထူးသဖြင့် သူ၏ မျိုးဆက်က ယခုတစ်ကြိမ် ချင်းချိုး၏ မြင့်မြတ်ရတနာကို ပြန်လည် ယူဆောင်သွားပါက သူတို့သည် ဤအပျက်အစီး ဟင်းလင်းပြင်ထဲသို့ အချိန်မရွေး ဝင်ရောက်နိုင်ပေမည်။
စည်းမျဉ်းများ၏ အသံကို ကြားသောအခါ လူတိုင်းက ချင်းချိုးဘိုးဘေးဆီသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။ ယခင်က သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ခဲ့သူများမှာ ဖြူရော်သွားသော်လည်း အများစုမှာ မကြာမီ သူတို့၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားကြသည်။
"သူတော်စင် ဆရာကြီး... မြင့်မြတ်အရှင်နယ်ပယ် အောက်က သူတွေကရော..."
ကျင့်ကြံသူတစ်ဦးက သူ၏ သတ္တိများကို စုစည်းကာ တုန်ရီနေသော အသံဖြင့် မေးမြန်းလိုက်သည်။
ချင်းချိုးဘိုးဘေးက သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုသည်။
"ခွင့်ပြုတယ်..."
ထို့နောက် သူက စူးချန်ကဲထံသို့ နောက်ထပ် အသံတစ်ခု ပေးပို့လိုက်၏။
"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ ဒီနေရာမှာ ဝင်္ကပါကြီးကို ခင်းကျင်းတုန်းက ဒေသခံ လူသားမျိုးနွယ်စုဆီက အကူအညီ ရခဲ့တယ်... အရာရာက ပြောင်းလဲသွားတာ ကြာပြီဖြစ်ပေမဲ့ အတိတ်က အကြောင်းအရင်းက ဒီနေ့ရဲ့ အကျိုးဆက်ပဲလေ... အဲ့ဒါကို ငါ နောက်ဆုံးတော့ ပြန်ဆပ်ရမယ်..."
"ရပါတယ်... ရှင်းပြနေစရာ မလိုပါဘူး... ဒါက ခင်ဗျားရဲ့ သင်္ချိုင်းဂူလေ... ခင်ဗျားက သူဌေးပဲ..."
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ အတူတူ လိုက်ပါလာသူများက မည်သည့်အရာမျှ ရမည်မဟုတ်ကြောင်း သူ သိနေသည်။
ဤအပျက်အစီးနယ်မြေမှာ ထုယိုယိုအတွက် သီးသန့် ဖွင့်လှစ်ပေးခြင်းပင်။
"အိုး... မိတ်ဆွေလေး... မင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ စကားပြောပုံလေး ရှိတာပဲ..."
ချင်းချိုးဘိုးဘေးက တခဏမျှ စကားမပြောနိုင်ဖြစ်သွားပြီးနောက် ရယ်မောလိုက်၏။ ထို့နောက် သူ၏ပုံရိပ် တဖြည်းဖြည်း ဝေဝါးလာတော့သည်။ နောက်ဆုံးတွင် သူက ထုယိုယိုကို အချိန်အကြာကြီး စိုက်ကြည့်ပြီး သူမထံသို့ နက်နဲသိမ်မွေ့သော အသံတစ်သံ ပေးပို့လိုက်သည်။
ထို့နောက် သူက စူးချန်ကဲထံသို့ နောက်ထပ် အသံတစ်သံ ပေးပို့လိုက်၏။
"နဂါးအသွင်ပြောင်းခြင်းရေကန်က ငါ့ရဲ့ သင်္ချိုင်းဂူထဲမှာ ရှိတယ်... ငါ့ရဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်က အချိန်သိပ်မကျန်တော့ဘူး... ကျန်တာတွေကို ဟိုရောက်မှပဲ ဆက်ပြောကြတာပေါ့..."
"ကျေးဇူးပြုပြီး မိတ်ဆွေလေး... မင်းက ငါ့ရဲ့ မျိုးဆက်ကို ကာကွယ်ပေးရမယ်... ကျေးဇူးတင်ပါတယ်..."
စူးချန်ကဲက ချင်းချိုးဘိုးဘေးမှ သူ၏စကားကို ကြားနိုင်မကြားနိုင်ဆိုသည်ကို ဂရုမစိုက်ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။
"ငါ့ရဲ့ ယုံကြည်ရမှုနဲ့ ပတ်သက်ပြီးတော့ အာမခံပါတယ်..."
ခင်ဗျား မရှိရင်တောင် သူ့ကို တစ်ခုခု ဖြစ်သွားဖို့ ငါ ခွင့်ပြုမှာ မဟုတ်ဘူး...
ငါက နှလုံးသားနွေးထွေးတဲ့ စီနီယာအစ်ကို တစ်ယောက်လေ...
ပြီးတော့ ကံကြမ္မာသမီးတော် တစ်ယောက်က ဘာဖြစ်နိုင်မှာလဲ... အလွန်ဆုံး သူက မနှစ်မြို့ဖွယ်အကြည့် အနည်းငယ် ပိုရမယ်... လှောင်ပြောင်မှု ပိုခံရမယ်... သူ့ကို လိုက်ဖမ်းတဲ့လူ ပိုများမယ်... ဒါပေမဲ့ သူက နောက်ဆုံး အနိုင်ရသူ ဖြစ်နေဦးမှာပဲ...
ချင်းချိုးဘိုးဘေးက စကားပြောဆိုပြီးနောက် သူ၏ပုံရိပ် လုံးဝပျောက်ကွယ်သွားပေ၏။
ထုယိုယိုသည် ကြောင်အမ်းအမ်းဖြင့် ဉာဏ်အလင်းပွင့်သည့် အခြေအနေတစ်ခုထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့သည်။
လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူအားလုံးမှာ တခဏမျှသာ ကြောင်အမ်းသွားပြီးနောက် အရိုင်းဆန်သော ဝမ်းသာမှု အော်ဟစ်သံများ ပေါက်ကွဲထွက်လာခဲ့သည်။
"ဟားဟားဟား... ငါတို့ ဝင်လို့ရပြီ... သူတော်စင်က ခွင့်ပြုလိုက်ပြီ... ကောင်းတယ်... သွားကြမယ်... သွားကြမယ်..."
"မြန်မြန်... အခွင့်အရေးက ငါတို့ဟာပဲ..."
အကြောင်းအရင်းမှာ လောလောဆယ်တွင် လျိုယွမ်မြို့မှ မြင့်မြတ်အရှင် နှစ်ပါးသာ ရှိပုံရသောကြောင့်ပင်။ လူတစ်ဦးမှာ လျိုယွမ်ဌာနခွဲ၏ ဥက္ကဋ္ဌဖုန်းဝူယင်ဖြစ်ပြီး တခြားတစ်ဦးမှာ ထိုက်ချင်ဂိုဏ်း၏ တတိယတောင်ထိပ်မှ လီချင်းဖုန်းပင်။ ထိုလူတို့မှလွဲ၍ ကျန်သူများမှာ မှော်အက္ခရာရေးထိုးခြင်း သို့မဟုတ် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်များတွင် ရှိနေပြီး အစွမ်းအထက်ဆုံးမှာ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ရွှီယွီပင်။
မည်သူက အရင်အော်လိုက်မှန်း မသိဘဲ လူအုပ်ကြီး တစ်ခုလုံးမှာ ပေါက်ကွဲထွက်လာသော ရေလွှမ်းမိုးမှု တစ်ခုအလား ဖြစ်သွားပြီး သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ချေ။ မရေမတွက်နိုင်သော ကျင့်ကြံသူများက ဖြတ်သန်းသွားသော ကျိုင်းကောင်အုပ် တစ်အုပ်အလား သူတို့၏ အမျိုးမျိုးသော ပျံသန်းရေး အလင်းတန်းများဆီသို့ တက်လှမ်းကြကာ ရေကန်ဗဟိုရှိ အပျက်အစီးနယ်မြေ ဧရာမဝင်ပေါက်ဆီသို့ အလုအယက် ပြေးဝင်သွားသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့သည်။
လီချင်းဖုန်းက ရှေ့သို့ တိုးလာပြီး သူ၏ လက်ကို ဖြန့်ကာ စူးချန်ကဲ လျှို့ဝှက်နယ်မြေထဲသို့ ဝင်မည်မှာ သေချာနေသည့်အလား ပြောလိုက်၏။
"တူလေးစူး... ဒီနေရာက ထိုက်ချင်နယ်မြေမှာ ရှိနေပေမဲ့ အခွင့်အရေးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လောဘက အဆုံးမရှိဘူး... မင်းရဲ့ စီနီယာ ဦးလေးဖြစ်တဲ့ ငါကလည်း ဝင်ပါလို့ မရဘူး..."
စကားပြောနေစဉ် သူက သူ၏လက်ဝါးကို ဖြန့်လိုက်သည်။
"ဒါက ငါ့ရဲ့ အသက်ဆက်စိတ်ဝိညာဉ်ရတနာပဲ... အနက်ရောင် စစ်တုရင်ရုပ်က ပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ သတ်ဖြတ်ခြင်းကို အုပ်စိုးပြီး အဖြူရောင် စစ်တုရင်ရုပ်က ပြိုင်ဘက်ကင်းတဲ့ ကာကွယ်မှုနဲ့ ကာကွယ်ခြင်းကို အုပ်စိုးတယ်..."
သူ၏ လက်ဝါးအထက်တွင် ရိုးရှင်းသော စစ်တုရင်ရုပ်နှစ်ခုရှိပြီး အနက်ရောင်တစ်ခုနှင့် အဖြူရောင်တစ်ခုပင်။ ထိုအရာနှစ်ခုသည် တိတ်ဆိတ်စွာ လွင့်မျောနေပြီး ဖြည်းညှင်းစွာ လည်ပတ်ကာ အချင်းချင်း ရစ်ပတ်နေပြီး သေးငယ်သော ယင်ယန်ထိုက်ကျိပုံစံတစ်ခုကို ဖန်တီးထားလေ၏။
ထိုစစ်တုရင်ရုပ်များသည် သတ္တုလည်းမဟုတ် ကျောက်စိမ်းလည်း မဟုတ်ဘဲ ထိုအရုပ်များ၏ မျက်နှာပြင်တွင် နွေးထွေးသော အရောင်အဝါများ စီးဆင်းနေပြီး အလွန်သန့်စင်သော တာအိုစည်းချက် အစအနများ ထွက်ပေါ်နေသည်။ ထိုအရာများမှာ သူ့ကိုယ်ပိုင်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျင့်ကြံထားသော သူ၏ အရှိန်အဝါနှင့် တူညီသော အရင်းအမြစ်မှ ဖြစ်ကြောင်း ရှင်းလင်းလှသည်။
လီချင်းဖုန်းက လေးနက်သော အမူအရာကို ပြန်လည်ပြသလိုက်၏။
"အနက်ရောင် စစ်တုရင်ရုပ်မှာ ကြီးမားတဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒရှိပြီးတော့ အသက်သွင်းဖို့ ခက်ခဲတယ်... အဖြူရောင် စစ်တုရင်ရုပ်ကို ယူသွားပါ... အဲ့ဒီအရာထဲမှာ နှစ်ပေါင်းများစွာ ငါ စုစည်းထားတဲ့ ကာကွယ်ရေး စွမ်းအားတွေ ပါဝင်တယ်... တကယ်လို့ မင်းက ဒီစစ်တုရုပ်ရဲ့ အလားအလာ အပြည့်အဝကို မထုတ်လွှတ်နိုင်ရင်တောင် မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် လုံလောက်တယ်..."
စူးချန်ကဲက လီချင်းဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး အချိန်တခဏမျှ ကြောင်အမ်းသွားခဲ့သည်။ တစ်ဖက်လူက အသက်ဆက်စိတ်ဝိညာဉ်ရတနာတစ်ခုကို ပေးကမ်းလောက်အောင် ရက်ရောလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သို့ရာတွင် ဒုတိယအကြိမ် ပြန်တွေးကြည့်ချိန်၌ သူ ပေးခဲ့သော လက်ဖက်ရည်ခွက်တစ်ခွက်မှာလည်း အတော်လေးတန်ဖိုးရှိသည်။ သူ များစွာမတွေးတော့ဘဲ သူက အဖြူရောင် စစ်တုရင်ရုပ်ကို လက်ခံလိုက်ပြီး လက်ပူးဆုပ်ကာ ပြောဆိုလိုက်၏။
"ဒါဆိုရင် ကျေးဇူးတင်ပါတယ်... စီနီယာ ဦးလေးလီ..."
လီချင်းဖုန်းက ဘာမျှမပြောဘဲ ခေါင်းညိတ်လိုက်သည်။
ဤအချိန်၌ ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ် တစ်ကောင်အလား စိုးရိမ်ပူပန်နေပြီဖြစ်သော လီဖိုကျွင်းက စူးချန်ကဲကို ကြည့်လိုက်သည်။
"တာအိုရောင်းရင်း... ငါတို့..."
ငါတို့ သွားလို့ ရပြီလား ဒါမှမဟုတ် ဘာလဲ...
သောက်ကျိုးနည်း... ငါတို့က အကျိုးအမြတ်ကို ပထမဆုံး ရဖို့ ဖြစ်သင့်တာလေ... ဒါပေမဲ့ ငါတို့ ထပ်စောင့်နေမယ်ဆိုရင် အကြွင်းအကျန်တွေတောင် ရတော့မှာ မဟုတ်ဘူး...
ဒီအပျက်အစီး ပွင့်လာတဲ့ပုံစံက ရိုးရှင်းပြီး တစ်ခါမှ မကြားဖူးဘူး... သောက်ကျိုးနည်း...
"သွားကြရအောင်..."
စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အတွေးထဲ နစ်မြုပ်နေဆဲဖြစ်သော ထုယိုယိုကို ဆွဲခေါ်လိုက်ပြီး သူ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အပျက်အစီးများ၏ တံခါးထဲသို့ ပျံသန်းသွားလေ၏။ လီဖိုကျွင်းကလည်း ချက်ချင်းလိုက်ပါသွားခဲ့သည်။
"..."
လီချင်းဖုန်း ကြက်သေသေသွားသည်။
"နေအုံး... ကောင်းကင်လှိုဏ်ဂူနယ်ပယ်က ဂျူနီယာညီမလေးကို မင်း ဘာလို့ ခေါ်သွားတာလဲ..."
"မင်း ရူးနေတာလား... ကောင်လေး..."
အပျက်အစီးနယ်မြေအတွင်း၌...
"အရမ်းမှောင်နေတာပဲ... ဒီပျော့ပျော့အိအိ အရာက ဘာလဲ..."
"အား... စီနီယာအစ်ကို..."