← Chapters

အခန်း (၇၁၁-၇၁၂)

Vol. 72 Ch. 711-712

အခန်း (၇၁၁-၇၁၂)

Vol. 72 Ch. 711-712

အခန်း (၇၁၁) နဂါးမျှော်စင်

​"မိန်းမစိုး... သူ့ကို ဧည့်သည်ဆောင်ဆီ ခေါ်ဆောင်သွားလိုက်။ ပြီးတော့ သူ့ကို အကာအကွယ်ပေးဖို့ တံခါးအပြင်မှာ အစောင့်အကြပ်တွေ ချထားလိုက်ဦး" ဘုရင်ကြီးက မိန်းမစိုးအား လုံချန်းကို ပြန်လည်ခေါ်ဆောင်သွားရန် မိန့်ကြားလိုက်သည်။

​ဘုရင်ကြီးက အကာအကွယ်ပေးရန်ဟု ဆိုသော်လည်း ၎င်းမှာ မိမိအား မျက်ခြေမပြတ် စောင့်ကြည့်ရန်သာဖြစ်ကြောင်း လုံချန်း ကောင်းစွာသိရှိနေသည်။ ဘုရင်ကြီးသည် မိမိအား အလွှတ်မပေးလိုသဖြင့် အစောင့်များဖြင့် ဝိုင်းရံထားလိုခြင်းသာ ဖြစ်ပေသည်။

​လုံချန်းသည် မိန်းမစိုး၏ ပို့ဆောင်မှုဖြင့် ထွက်ခွာသွားခဲ့ပြီးနောက် ဝန်ကြီးများနှင့် နဂါးတပ်ဖွဲ့ဝင်များမှာမူ အခန်းအတွင်း၌ပင် ကျန်ရစ်ကာ အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြတော့သည်။

​မိန်းမစိုးသည် လုံချန်းကို နန်းတော်အတွင်းရှိ အခန်းတစ်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ဘုရင့်အမိန့်တော်အတိုင်း လုံချန်းကို အခန်းအတွင်း ဝင်စေပြီးနောက် အပြင်ဘက်တွင် အစောင့်အကြပ်များကို အထပ်ထပ် ချထားလေသည်။

​ထိုမိန်းမစိုးသည် အခန်းအတွင်း၌ ရှိနေစဉ်က လုံချန်း၏ အစွမ်းသတ္တိများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသူဖြစ်သည်။ ဘုရင်ကြီးက အတိအလင်း မမိန့်ကြားသော်လည်း အစောင့်များ ချထားခိုင်းသည့် ရည်ရွယ်ချက်ကို သူ ကောင်းစွာ နားလည်ထားသည်။ ထို့ကြောင့် သူသည် အစောင့်များကို လုံချန်း၏ အခန်းနှင့် မီတာ ၅၀ ခန့်အကွာတွင် ဝန်းရံထားစေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လုံချန်းက အပြင်ဘက်သို့ နေရာပြောင်းခြင်း လုပ်လျှင်ပင် နန်းတော်အတွင်း၌ အန္တရာယ်မပြုနိုင်သလို လွတ်မြောက်သွားနိုင်ခြင်းလည်း မရှိစေရန် စီစဉ်ခြင်း ဖြစ်ပေသည်။

​လုံချန်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူတို့အနေဖြင့် တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြရခြင်း ဖြစ်သည်။

​လုံချန်းသည် အခန်းအတွင်းရှိ ခန့်ညားထည်ဝါလှသော ကုတင်ပေါ်၌ ထိုင်ရင်း မိမိ၏ ဝိညာဉ်အာရုံကို သုံး၍ အပြင်ဘက်သို့ ကြည့်လိုက်သည်။ အခန်းကို ဝန်းရံထားသော အစောင့်အကြပ်များကို မြင်ရသောအခါ သူ ပြုံးလိုက်မိသည်။

​'ဒီလူအတွေကတော့ ငါ့အကွက်ထဲ တကယ်ကို ဆင်းလာကြတာပဲ။ ငါက မီတာ ၅၀ အတွင်းမှာပဲ နေရာပြောင်းနိုင်တယ်လို့ သူတို့က တကယ်ယုံသွားကြတာကိုး။ ငါ့ရဲ့ စွမ်းအားက ဘယ်လောက်အထိ အကန့်အသတ် ရှိလဲဆိုတာကိုလည်း သူတို့ မသိကြဘူး။ အခုလောလောဆယ်တော့ ဒီလောက်ဆို အဆင်ပြေပါတယ်' လုံချန်းက ကုတင်ပေါ်တွင် လှဲလျောင်းရင်း တွေးတောနေမိသည်။

​ထိုစဉ် ရွှင်းသည် လုံချန်း၏ ဘေး၌ ဗြုန်းခနဲ ပေါ်လာပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

​"နင် ဘာတွေ စဉ်းစားနေတာလဲ။ ဒီစမ်းသပ်ချက်ကို ဘယ်လိုမျိုး အဆုံးသတ်မှာလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး။ အက်ရှာဘုရင်ကို လုပ်ကြံဖို့အထိ နင်က စီစဉ်လိုက်ပြီ။ အဲဒီကနေ ဘယ်လိုဖြစ်ပြီး နင်က ဘုရင်ဖြစ်လာမှာလဲ" ရွှင်းက လုံချန်းကို မေးလိုက်သည်။

​"ဟား... တစ်ခါတလေကျရင် အရာအားလုံးက ဘယ်လိုဖြစ်လာမလဲဆိုတာ ငါကိုယ်တိုင်တောင် အံ့ဩမိတယ်။ ငါ့အစီအစဉ်အတိုင်းသာ ဖြစ်လာမယ်ဆိုရင် ငါဟာ ဘုရင်ဖြစ်လာမှာဖြစ်ပြီး အားလုံးက ငါ့ကို ဘုရင်တစ်ပါးလို ဆက်ဆံကြလိမ့်မယ်။ နောက်ထပ် လေးလအတွင်းမှာ ဒီစမ်းသပ်ချက်ကို ငါ အဆုံးသတ်ပြမယ်" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။

​"လေးလအတွင်း ဟုတ်လား။ နင် ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ် သိချင်လာပြီ။ ငါ့ကို ပြောပြလို့ မရဘူးလား၊ ငါ့ကို ရင်ခုန်အောင် မလုပ်စမ်းပါနဲ့" ရွှင်းက လုံချန်းကို မျက်စောင်းထိုးရင်း မေးလိုက်သည်။

​"အချိန်တန်ရင် နင် သိလာမှာပါ။ ဒါက အစပဲ ရှိသေးတာ။ အခုလောလောဆယ်တော့ ငါ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် ဆူနိုင်းနိုင်ငံရဲ့ လက်ကို ခဏ ငှားသုံးနေရုံပဲ" လုံချန်းက ပြန်ဖြေလိုက်သည်။

​ရွှင်က စကား ထပ်မပြောဘဲ လုံချန်းကိုသာ စိုက်ကြည့်နေသည်။ "နင် ငါ့စကားတွေကို ငါ့ကို ပြန်သုံးနေတာလား" သူမက မေးလိုက်သည်။

​"ဟားဟားဟား... နင် သတိထားမိသွားတာပဲ။ ဟုတ်တယ်လေ... နင်က အမြဲတမ်း အရာရာကို ဖုံးကွယ်ထားပြီး အချိန်တန်ရင် သိလာမှာပါလို့ ပြောလေ့ရှိတာကိုး။ အဲဒီတော့ ငါလည်း နင့်ကို အဲဒီဆေးမျိုး ပြန်တိုက်ကြည့်တာပါ" လုံချန်းက ပြုံးလျက် ဆိုသည်။

​"နင်က တကယ့်ကို လူဆိုးပဲ" ရွှင်းက နှာခေါင်းရှုံ့ရင်း အခြားတစ်ဖက်သို့ လှည့်ကြည့်သွားသည်။

​"ငါ ပိုပြီး သန်မာလာဖို့တော့ လိုသေးတယ်။ အခုရှိတဲ့ ခွန်အားလောက်နဲ့တင် ငါ စိတ်ကျေနပ်လို့ မရသေးဘူး" လုံချန်းက ပြောဆိုကာ ထရပ်လိုက်သည်။

​သူသည် လက်မောင်းများကို ဆန့်တန်းကာ သန်းဝေလိုက်ပြီးနောက် တရားထိုင်သည့် ပုံစံဖြင့် ထိုင်ကာ ကျင့်ကြံခြင်းအား စတင်လိုက်တော့သည်။

​နှစ်ရက် ကုန်လွန်သွားသည်။ ထိုနှစ်ရက်အတွင်း လုံချန်း မည်သည့် သတင်းမှ မကြားရချေ။ လုံချန်းက အရေးတကြီး ကိစ္စဖြစ်သည်ဟု အတိအလင်း ပြောထားပါလျက်နှင့် ဘုရင်ကြီးက အချိန်ဆွဲနေခြင်းအပေါ် သူ အံ့ဩနေမိသည်။ မိမိ၏ ပုံပြင်ထဲတွင် ဟာကွက်များကို သူတို့ ရှာတွေ့သွားကြပြီလားဟုလည်း တွေးတောမိသည်။

​သူသည် အချိန်အတော်များများကို ကျင့်ကြံခြင်းဖြင့်သာ ကုန်လွန်စေရင်း ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။

​တတိယမြောက်နေ့၏ ညနေခင်းတွင်မှ လုံချန်းသည် တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူသည် ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး ထရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

​တံခါးဖွင့်လိုက်သောအခါ ရှေ့တွင် ရပ်နေသော မိန်းမစိုးကို တွေ့လိုက်ရသည်။

​"အရှင်မင်းကြီးက မင်းကို တွေ့ချင်နေတယ်။ ငါ့နောက်ကို လိုက်ခဲ့ပါ" ထိုသူက ပြောဆိုကာ လှည့်ထွက်သွားသည်။

​လုံချန်းသည် ထိုသူ၏နောက်မှ လိုက်ပါသွားရာ လွန်ခဲ့သော သုံးရက်က ဘုရင်ကြီးနှင့် တွေ့ဆုံခဲ့သည့် အဆောင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားသည်။

​လွန်ခဲ့သော သုံးရက်က ရှိနေခဲ့သော လူများအားလုံး ရှိနေဆဲ ဖြစ်သည်။ ဤတစ်ကြိမ်တွင် မရှိသော တစ်ဦးတည်းသောလူမှာ မြို့အုပ်မင်း တွမ်လီဖုန်း ဖြစ်သည်။ သူသည် လုံချန်းကို ဤနေရာသို့ ပို့ဆောင်ပြီးနောက် မိမိ၏မြို့ကို အုပ်ချုပ်ရန် ပြန်သွားခဲ့ပြီ ဖြစ်သည်။

​"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" လုံချန်းက ဒူးတစ်ဖက်ထောက်ကာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။

​"မင်း ထလို့ရပြီ" ဘုရင်ကြီးက မိန့်ကြားလိုက်သည်။

​"အားလုံးနဲ့ ဆွေးနွေးပြီးတဲ့နောက် ငါတို့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ" ဘုရင်ကြီးက လေးနက်သော လေသံဖြင့် ဆိုသည်။

​"ငါတို့ မင်းရဲ့ အကြံပြုချက်ကို လက်ခံတယ်။ စစ်ပွဲကြီးတစ်ပွဲလုံးကို ဆင်နွှဲဖို့ ငါတို့မှာ အချိန်မလုံလောက်ဘူး။ ဒါကြောင့် အက်ရှာဘုရင်ကို လုပ်ကြံဖို့ ငါတို့ရဲ့ နဂါးတပ်ဖွဲ့ကိုပဲ စေလွှတ်တော့မယ်"

​"အဲဒီအဖွဲ့ကို ငါကိုယ်တိုင် ဦးဆောင်ပြီး နဂါးတပ်ဖွဲ့ဝင် အယောက် ၂၀ နဲ့ သွားမယ်" နဂါးတပ်ဖွဲ့ ခေါင်းဆောင် ဝူသျှန်က လုံချန်းကို ပြောလိုက်သည်။

​"ပြီးတော့... မင်းကိုလည်း သူတို့ကို ကူညီဖို့အတွက် အတူတူ လွှတ်ဖို့ ငါတို့ ဆုံးဖြတ်ထားတယ်။ မင်းရဲ့ နေရာပြောင်း အစွမ်းက သူတို့အတွက် တကယ့်ကို အသုံးဝင်မှာပဲ" ဘုရင်ကြီးက ထပ်လောင်း မိန့်ကြားလိုက်သည်။

​ဘုရင့်စကားကို ကြားသောအခါ လုံချန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး ဟားတိုက်ရယ်မောပစ်ချင်စိတ် ပေါ်လာသည်။ သူ၏ အစီအစဉ် နောက်တစ်ဆင့်မှာ ဤတာဝန်တွင် နဂါးတပ်ဖွဲ့နှင့်အတူ ပါဝင်ခွင့်ပေးရန် ဘုရင်ကြီးကို တောင်းဆိုဖို့ ဖြစ်သော်လည်း ယခုမူ ဘုရင်ကြီးကိုယ်တိုင်က ဦးစွာ မိန့်ကြားလိုက်ပြီ ဖြစ်သည်။

​နဂါးတပ်ဖွဲ့ ခေါင်းဆောင်က လုံချန်းဆီသို့ လျှောက်လာပြီး နဂါးတံဆိပ်ပါသော ဝတ်ရုံဖြူတစ်ထည်ကို ပေးလိုက်သည်။

​"ဒါကို အခုပဲ ဝတ်လိုက်ပါ။ ဒီနေ့ကစပြီး မင်းဟာ ငါတို့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ" သူက လုံချန်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

​လုံချန်းသည် ပြုံးလျက်နှင့် စွန်းထင်းမှုမရှိသော နဂါးတပ်ဖွဲ့ ဝတ်ရုံဖြူကို ဝတ်ဆင်လိုက်သည်။

​"မင်းအပါအဝင် ဒီတာဝန်ကိုသွားမယ့် နဂါးတပ်ဖွဲ့ဝင် အယောက် ၂၀ ရှိလိမ့်မယ်။ မင်းတို့ မနက်ဖြန် မနက်အစောကြီးမှာ ထွက်ခွာရမယ်" ဘုရင်ကြီးက လုံချန်းကို မိန့်ကြားသည်။

​"အခုတော့ သွားနားလို့ရပြီ။ အားလုံးဆီက အောင်မြင်မှု သတင်းကို ငါ မျှော်လင့်နေမယ်။ ဒီတာဝန်တစ်ခုတည်းအပေါ်မှာ လူသန်းပေါင်းများစွာရဲ့ အသက်တွေ မူတည်နေတယ်ဆိုတာ မမေ့ကြနဲ့" ထိုသို့ ဆိုကာ ဘုရင်ကြီးက အားလုံးကို ထွက်ခွာခွင့် ပြုလိုက်သည်။

​"ကောင်လေး... ငါ့နောက်ကို လိုက်ခဲ့။ မင်းလည်း အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီဆိုတော့ ငါတို့ နဂါးတပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းကို လိုက်ပြမယ်" နဂါးတပ်ဖွဲ့ ခေါင်းဆောင် ဝူသျှန်က လုံချန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

​လုံချန်းသည် ဝူသျှန်၏နောက်မှ လိုက်ပါသွားခဲ့သည်။ အခြား ဝတ်ရုံဖြူဝတ် နဂါးတပ်ဖွဲ့ဝင်များလည်း ထွက်ခွာသွားကြသည်။

​ဝူသျှန်သည် လုံချန်းကို နဂါးတပ်ဖွဲ့၏ အခြေစိုက်စခန်းသို့ ခေါ်သွားရာ ၎င်းမှာ အဖြူရောင် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသော မြင့်မားသည့် မျှော်စင်ကြီးတစ်ခု ဖြစ်သည်။ ထိုမျှော်စင်ကြီးကို နဂါးကြီးတစ်ကောင် ရစ်ပတ်ထားသော ပုံစံမျိုး ထွင်းထုထားသဖြင့် ခန့်ညားထည်ဝါလှပေသည်။

​ဝူသျှန်သည် လုံချန်းကို မျှော်စင်အတွင်း ခေါ်ဆောင်သွားပြီး အရေးကြီးသော နေရာများဖြစ်သည့် လေ့ကျင့်ရေးဆောင်၊ အဖွဲ့ဝင်များ၏ အဆောင်များနှင့် အခြားနေရာများကို လိုက်လံ ပြသပေးခဲ့သည်။

​ထိုသို့ လိုက်လံပြသခြင်းမှာ သုံးနာရီခန့် ကြာမြင့်ခဲ့သည်။ လုံချန်းကိုလည်း အခြား နဂါးတပ်ဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့ရာ အားလုံးက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

​မိတ်ဆက်မှုများ ပြီးဆုံးသောအခါ ဝူသျှန်သည် လုံချန်းကို နဂါးမျှော်စင်၏ အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။

​မျှော်စင်အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လုံချန်းသည် မျှော်စင်တံခါးဝသို့ လျှောက်လှမ်းလာနေသော ဆံပင်စိမ်းနှင့် ချောမောသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူငယ်မှာ အသက် ၂၀ ကျော် ဝန်းကျင်ခန့် ရှိပုံရသည်။

​သူသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော်လည်း သူ၏ ဝတ်ရုံမှာ ဖုန်မှုန့်များဖြင့် ပေကျံနေသည်။ ထိုလူငယ်တွင် ရှည်လျားသော ဆံပင်စိမ်းများနှင့် လှပသော မျက်လုံးပြာများ ရှိသည်။

​ထိုလူငယ်သည် ဝူသျှန်၏ ရှေ့တွင် ရပ်ကာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။

​"ဪ... ဟုတ်သားပဲ၊ သူ့ကို မိတ်ဆက်ပေးဖို့ မေ့နေတာ။ သူက ငါ့သား ဝူလန်လေ" ဝူသျှန်က လုံချန်းကို မိတ်ဆက်ပေးလိုက်သည်။

​"လန်အာ... ဒါက ငါတို့အဖွဲ့ဝင်သစ် လုံချန်းတဲ့" ဝူသျှန်က သူ့သားကိုလည်း လုံချန်းနှင့် မိတ်ဆက်ပေးသည်။

​လုံချန်းသည် ဝူလန်ကို ကြည့်ရင်း တော်တော်လေး စိတ်ဝင်စားသွားမိသည်။ အကယ်၍ သူသာ တတိယစမ်းသပ်ချက်တွင် အခြားတံခါးကို ရွေးချယ်ခဲ့ပါက ဤနဂါးတပ်ဖွဲ့ခေါင်းဆောင်၏ သားအဖြစ် ရောက်ရှိနေလိမ့်မည်ဟု ရွှင်း ပြောခဲ့သည်ကို သူ သတိရသွားမိလေတော့သည်။

အခန်း (၇၁၂) နယ်စပ်ကို ဖြတ်ကျော်ခြင်း

​အကယ်၍သာ လုံချန်းသည် ထိုစဉ်က အခြားသော တံခါးတစ်ချပ်ကိုသာ ရွေးချယ်ခဲ့မိပါက ယခု ရှေ့မှောက်တွင် မြင်တွေ့နေရသည့် ဆံပင်စိမ်းနှင့် လူငယ်မှာ ဤလောက၌ ရှိနေတော့မည် မဟုတ်ပေ။ ထိုသို့သာဖြစ်ခဲ့လျှင် လုံချန်းကိုယ်တိုင်က ထိုလူငယ်၏ ကိုယ်ပွားအဖြစ် အသွင်ယူနေရမည်သာ ဖြစ်ပေသည်။

​"နေကောင်းရဲ့လား" လုံချန်းက ဆံပင်စိမ်းနှင့် လူငယ်ကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။

​"ကောင်းပါတယ်" ဝူလန်ကလည်း လုံချန်းကို ပြန်လည်၍ ခပ်အေးအေးပင် နှုတ်ဆက်လေသည်။

​"မင်း ဘယ်က ပြန်လာတာလဲ။ ဘာလို့ အဝတ်အစားတွေက ဒီလောက်တောင် စုတ်ပြတ်ပေကျံနေရတာလဲ" ဝူသျှန်က မိမိသား၏ ပေပွနေသော ဝတ်ရုံကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်လျက် မေးမြန်းလိုက်သည်။

​"ဘာမှမဟုတ်ပါဘူး အဖေ။ လူအချို့နဲ့ လေ့ကျင့်နေရင်း နည်းနည်း ရှုပ်ပွသွားရုံတင်ပါ" ဝူလန်က ခေါင်းခါယမ်းရင်း ဆိုသည်။

​"ဟူး... အဲဒီလူတွေနဲ့ပဲ ထပ်ဖြစ်တာမလား။ မင်း သူတို့ကို သွားတိုက်တိုင်း ရှုံးနိမ့်ပြီး ပြန်လာတာချည်းပဲ။ လွန်ခဲ့တဲ့ တစ်လကျော်က မင်း မြစ်ကမ်းနားမှာ သွေးအိုင်ထဲ လဲနေတာကို ငါ ကောင်းကောင်း မှတ်မိသေးတယ်။ အဲဒီလူတွေသာ မင်းကို အိမ်ပြန်မပို့ပေးရင် မင်း အသက်ရှင်ဖို့တောင် လွယ်မှာမဟုတ်ဘူး။ ဘာလို့ သူတို့ကိုပဲ ခဏခဏ သွားတိုက်နေရတာလဲ" ဝူသျှန်က စိတ်ပျက်လက်ပျက်ဖြင့် မေးခွန်းထုတ်လေသည်။

​'လွန်ခဲ့တဲ့ တစ်လကလား။ အဲဒါ ငါ ဒီကမ္ဘာကို ရောက်လာတဲ့ အချိန်ပဲ။ ဆိုတော့ ငါသာ သူ့တံခါးကို ရွေးခဲ့ရင် သူ အဲဒီအချိန်မှာ သေဆုံးသွားမှာပေါ့။ ဘယ်သူမှလည်း အိမ်ပြန်ပို့ပေးမှာ မဟုတ်ဘူး။ ဒါကိုပဲ ရွှင်းက ပြောတာနေမှာ... သွေးမျိုးဆက်ကျောင်းတော်က ဘယ်သူ့ကိုမှ တိုက်ရိုက်မသတ်ပေမဲ့ ငါ အသွင်ယူရမယ့်သူ သေဆုံးသွားအောင် အခြေအနေတွေကို လိုသလို ဖန်တီးပစ်နိုင်တယ်ဆိုတာကိုး' လုံချန်းသည် ဝူလန်ကို အကဲခတ်ရင်း စိတ်ထဲမှ မှတ်ချက်ပြုနေမိသည်။

​"ဘာမှမဟုတ်ပါဘူး၊ စိတ်မပူပါနဲ့။ ကျွန်တော် သူတို့ကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် အနိုင်ရချင်လို့ပါ။ ကျွန်တော်က နဂါးတပ်ဖွဲ့ဝင် ဖြစ်နေပြီးတော့ အားအနည်းဆုံး ဖြစ်နေရတာက မတန်ဘူးလေ။ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တုန်းက နဂါးတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျွန်တော် ဘယ်လောက်ထိ ထိခိုက်စေခဲ့လဲဆိုတာ သိလိုက်ရတယ်။ ကျွန်တော် အနိုင်ရပြီး ကျွန်တော်ဟာ အမှိုက်မဟုတ်ဘူးဆိုတာ သက်သေမပြနိုင်မချင်း ဒီကိစ္စကို ရပ်မှာမဟုတ်ဘူး" ဝူလန်က ခိုင်မာသော လေသံဖြင့် ဆိုကာ ဖခင်ဖြစ်သူကို ထားရစ်ခဲ့ပြီး နဂါးမျှော်စင်အတွင်းသို့ ဝင်သွားတော့သည်။

​"ငါ့သားမှာ စစ်ဝိညာဉ် မရှိဘူး။ သူ့မှာ ရှိတာက ကိုယ်ခံပညာ လေ့ကျင့်မှုနဲ့ ပြင်းပြတဲ့ တိုက်ခိုက်လိုစိတ်ပဲ။ သူက နဂါးတပ်ဖွဲ့ထဲ ဝင်ချင်တယ်ဆိုလို့ ငါ ကူညီပေးခဲ့မိတယ်၊ ဒါပေမဲ့ အဲဒါက ငါ့ဘဝရဲ့ အမှားဆုံး ဆုံးဖြတ်ချက်ပဲ ထင်ပါရဲ့။ သူ အသက်ကြီးလာပြီး သူ့ဝိညာဉ် နိုးထမလာတော့တာကို သိလာတဲ့အခါ နဂါးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မျှော်လင့်ချက်တွေအောက်မှာ သူ ဖိအားတွေ အကြီးအကျယ် ခံစားလာရတယ်" ဝူသျှန်က သက်ပြင်းချရင်း ညည်းတွားရှာသည်။

​"ပြီးခဲ့တဲ့လက သူ သွေးအိုင်ထဲ လဲပြီး ပြန်လာတုန်းက သူ့ကို ဒီလိုလုပ်တဲ့လူတွေကို ငါ ကိုယ်တိုင် သတ်ပစ်ချင်ခဲ့တာ။ ဒါပေမဲ့ ငါ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ မပတ်သက်ဖို့ သူ ကတိတောင်းခဲ့တယ်။ သူက ဘယ်သူ့အကူအညီမှမပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး အနိုင်ယူချင်နေတာ။ စစ်ဝိညာဉ်မပါဘဲ အဲဒါက တကယ်ရော ဖြစ်နိုင်ပါ့မလား" ဝူသျှန်က နဂါးတပ်ဖွဲ့၏ စံအိမ်ဘက်သို့ လှည့်ကြည့်ရင်း ရေရွတ်သည်။

​"လာ... ငါ့နောက်ကို လိုက်ခဲ့။ ပြစရာရှိတာတွေ ပြပြီးပြီဆိုတော့ မင်းကို နန်းတော်ဆီ ပြန်ပို့ပေးမယ်။ ဒီတာဝန်ကနေ ပြန်လာရင်တော့ မြို့တော်ထဲက တခြား စိတ်ဝင်စားစရာတွေကိုပါ ငါ လိုက်ပြဦးမယ်။ မင်း ဒီနေရာကို သဘောကျသွားမှာပါ" ဝူသျှန်က လုံချန်းကို ပြောကာ နန်းတော်ဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။

​လုံချန်းသည် တစ်စုံတစ်ခုကို လေးနက်စွာ တွေးတောရင်း နောက်မှ လိုက်ပါသွားခဲ့သည်။

​သူသည် နန်းတော်ရှိ ဧည့်သည်ဆောင်သို့ ပြန်ရောက်လာပြီး ထိုနေရာမှာပင် ညတာကို ကုန်လွန်စေခဲ့သည်။ သူသည် တစ်ညလုံး ကျင့်ကြံနေခဲ့ပြီး ထွက်ခွာရမည့် အချိန်ကို စောင့်ဆိုင်းနေသည်။ သူ၏ ကျင့်ကြံဆင့် တိုးတက်လာမှုအပေါ် သူ ကျေနပ်နေမိသည်။ ခွန်အား မြင့်မားလာလေလေ မိမိ၏ အစီအစဉ် အောင်မြင်ဖို့ ယုံကြည်ချက် ပိုရှိလာလေလေ ဖြစ်သည်။

​ညတာ ကုန်လွန်သွားပြီး မိုးကုပ်စက်ဝိုင်းတွင် နေမင်းသည် နီမြန်းသော အလင်းတန်းများဖြင့် စတင် ထွက်ပြူလာလေပြီ။ လောကကြီး နိုးထလာချိန်မှာပင် လုံချန်းသည် တံခါးခေါက်သံကို ကြားလိုက်ရသည်။

​သူသည် ထရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ မည်သူဖြစ်မည်ကို သူ ကြိုတင်သိရှိထားပြီးသားဖြစ်သလို ရှေ့ဆက်ဖြစ်လာမည့် အရာများအတွက်လည်း အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။

​သူသည် နောက်ထပ် အဆင့်တစ်ဆင့်ကို ချိုးဖောက်နိုင်ခဲ့ပြီး ယခုအခါ ရွှေအမြုတေ အဆင့် ၃ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းက သူ့အား စွမ်းအားကြီးသော ကျွမ်းကျင်မှုများ သုံးနိုင်ရန် ပိုမိုများပြားသော ချီစွမ်းအင်များကို ပေးစွမ်းပေသည်။ ယခုဆိုလျှင် သူသည် ချီစွမ်းအင်ကို အသုံးချကာ လက်နက်များပင် ဖန်တီးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

​သူ့အတွက် လက်နက် အများကြီး မလိုအပ်ပေ။ အကြောင်းမှာ သူ့တွင် ချီစွမ်းအင်မှနေ၍ မည်သည့်လက်နက်ကိုမဆို ဖန်တီးနိုင်သည့် ထူးခြားသော ပညာရပ်တစ်ခု ရှိသောကြောင့် ဖြစ်သည်။ ထိုချီလက်နက်၏ အစွမ်းမှာ ကျင့်ကြံသူ၏ အဆင့်ထက် တစ်ဆင့်နိမ့်သော လက်နက်အဆင့်နှင့် ညီမျှပေသည်။

​လုံချန်းသည် လိုအပ်သည့်အချိန်တိုင်း ဝိညာဉ်အဆင့် လက်နက် တစ်လက်လောက် သန်မာသည့် ချီလက်နက်ကို ဖန်တီးနိုင်သော်လည်း သူ၏ ကျင့်ကြံဆင့်က ထိုလက်နက်ကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်ရန်တော့ မလုံလောက်သေးပေ။

​လုံချန်း တံခါးဖွင့်လိုက်သောအခါ ဝူသျှန်နှင့်အတူ နဂါးဝတ်ရုံဝတ် လူ ၁၈ ယောက် အပြင်တွင် အသင့်စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

​"ထွက်ခွာဖို့ အချိန်ကျပြီ" ဝူသျှန်က လုံချန်းကို ဆိုသည်။

​"ကျွန်တော် အဆင်သင့်ပါပဲ" ထိုသို့ ဆိုကာ လုံချန်း အခန်းအတွင်းမှ ထွက်လာခဲ့သည်။

​"ကျွန်တော်တို့ ဘယ်လိုသွားမှာလဲ။ ဝိညာဉ်သားရဲတွေ ရှိလား" လုံချန်းက ဝူသျှန်ကို မေးမြန်းလိုက်သည်။

​"ရှိတာပေါ့။ မဟုတ်ရင် တစ်လအတွင်း အဲဒီကို ရောက်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့ နဂါးတပ်ဖွဲ့ဝင်တိုင်းမှာ ကိုယ်ပိုင် ဝိညာဉ်သားရဲ တစ်ကောင်စီ ရှိတယ်။ မင်းလည်း ဒီတာဝန်ကနေ အောင်အောင်မြင်မြင် ပြန်လာရင် တစ်ကောင် ရလိမ့်မယ်။ အခုလောလောဆယ်တော့ ငါ့ရဲ့ ဝိညာဉ်သားရဲပေါ်မှာပဲ အတူတူ လိုက်ခဲ့ပေါ့"

​"ဟုတ်ကဲ့ပါ" လုံချန်း ခေါင်းညိတ်လိုက်သည်။

​သူတို့ အယောက် ၂၀ လုံး နန်းတော်မှ ထွက်ခွာလာကြသည်။ ဘုရင်ကြီး သို့မဟုတ် အခြားသူများကို မနှုတ်ဆက်တော့ပေ။ အစီအစဉ်ကို အသေအချာ ဆွဲထားပြီးသားဖြစ်၍ ဘုရင်ကြီးကို ထပ်မံ အကြောင်းကြားရန် မလိုအပ်တော့ခြင်း ဖြစ်သည်။

​လုံချန်း အပြင်သို့ ရောက်ရှိသောအခါ လှပခန့်ညားသော ဝိညာဉ်သားရဲ ၁၉ ကောင်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် မြင်းနှင့်တူသော်လည်း လင်းယုန်တောင်ပံများ ပါရှိကြသည်။ ကြောင်တစ်ကောင်ကဲ့သို့ နက်မှောင်ပြောင်လက်သော အမွှေးအမျှင်များလည်း ရှိပေသည်။

​"ဒါတွေက ငါတို့ရဲ့ သစ္စာရှိတဲ့ အစောင့်အရှောက် အမှောင်ဝိညာဉ် မြင်းတွေပဲ" ဝူသျှန်က ရှေ့ဆုံးက တောင်ပံမြင်းဆီ လျှောက်သွားရင်း ပြောသည်။

​"ဒါက ငါ့ရဲ့မြင်းပဲ။ မင်း ရှေ့မှာ ထိုင်လိုက်" သူက လုံချန်းကို ပြောသည်။ လုံချန်းလည်း အချိန်မဆွဲဘဲ ဝူသျှန်၏ တောင်ပံမြင်းပေါ်သို့ တက်ထိုင်လိုက်သည်။ ဝူသျှန်က သူ့နောက်တွင် ထိုင်လေသည်။ အခြား နဂါးတပ်ဖွဲ့ဝင်များလည်း အသီးသီး တက်ထိုင်လိုက်ကြတော့သည်။

​"ဒါက ဝိညာဉ်လင်းယုန်ထက် အများကြီး ပိုမြန်တာပဲ" တောင်ပံများက သူ့တစ်ကိုယ်လုံးကို ပွတ်တိုက်သွားသည်ကို ခံစားရင်း လုံချန်း ရေရွတ်လိုက်သည်။ ဤတောင်ပံမြင်းသည် လုံချန်း၏ ဝိညာဉ်လင်းယုန်ထက် အများကြီး ပိုမိုမြန်ဆန်သောနှုန်းဖြင့် ပျံသန်းနေသည်။

​"ဟုတ်တယ်၊ ဝိညာဉ်လင်းယုန်တွေက ပထမအဆင့် ပျံသန်းနိုင်တဲ့ သားရဲတွေဆိုပေမဲ့ အမှောင်ဝိညာဉ်မြင်းတွေက အဲဒါထက် အပြတ်အသတ် ပိုမြန်တယ်" ဝူသျှန်က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

​"ဒီအရှိန်နဲ့ဆိုရင် ကျွန်တော် ထင်ထားတာထက် ပိုမြန်မြန် ရောက်နိုင်တာပေါ့"

​"မဖြစ်နိုင်သေးဘူး။ မင်းလာတုန်းက နယ်စပ်ကို ခိုးဝင်လာတာဆိုတော့ တည့်တည့်လာခဲ့တာလေ။ ဒါပေမဲ့ ငါတို့က အမိခံရလို့ မဖြစ်ဘူး။ အဲဒါကြောင့် သူတို့ရဲ့ ကင်းစခန်းတွေကို ဝေးဝေးက ပတ်သွားရမှာ ဖြစ်တဲ့အတွက် အကွာအဝေးက ပိုဝေးသွားပြီး အချိန်လည်း ပိုကုန်လိမ့်မယ်" ဝူသျှန်က ခေါင်းခါရင်း ဆိုသည်။

​နဂါးတပ်ဖွဲ့ဝင်များသည် နေ့ရောညပါ ခရီးနှင်ခဲ့ကြပြီး တစ်နေ့လျှင် ၆ နာရီသာ အနားယူကြသည်။ လမ်းခရီးတွင် မည်သူမျှ စကားအများကြီး မပြောကြပေ။ လူတိုင်းသည် အရေးကြီးသော သတင်းအချက်အလက်များကို သိထားပြီးဖြစ်၍ ခရီးစဉ်မပြီးမချင်း အပိုစကားများ မပြောလိုကြပုံရသည်။

​ခရီးစဉ်မှာ ငြိမ်းချမ်းစွာပင် ဆက်လက်ရွေ့လျားနေပြီး နယ်စပ်ကိုလည်း အမိမခံရဘဲ လွယ်လွယ်ကူကူပင် ဖြတ်ကျော်နိုင်ခဲ့သည်။

​နဂါးတပ်ဖွဲ့ဝင်များ အက်ရှာနိုင်ငံထဲသို့ အလွယ်တကူ ခိုးဝင်နိုင်သည်ကို မြင်ရသောအခါ လုံချန်း အံ့ဩမိသော်လည်း ယခုကဲ့သို့ အဆင်ပြေသွားသည့်အတွက် ဝမ်းသာမိသည်။

​အစကတော့ နဂါးတပ်ဖွဲ့ဝင်များသည် နယ်စပ်တွင် အာရုံလွှဲရန်အတွက် တိုက်ပွဲငယ်လေးများ ဖန်တီးပြီးမှ ခိုးဝင်ကြလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါက မိလျာယီ နေထိုင်သည့် နယ်စပ်မြို့အထိ ကူးစက်သွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။ ယခုမူ အခြေအနေများမှာ အေးချမ်းနေသည့်အတွက် သူ စိတ်အေးသွားရပြီ ဖြစ်သည်။

All Chapters