အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
Chapter 165
~
အခန်း ၁၆၅ : စိတ်မရှိပါနဲ့၊ မင်းပြောတဲ့ တိရစ္ဆာန်က ငါဖြစ်နေတယ်
~
"ဂူ... ဂူချန်.. မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ.."
ယဲ့ရှူး သည် တယ်လီပို့အဆောင် လွတ်ကျသွားသည်ကို ကြည့်ရင်း သူမ၏ မျက်နှာထားမှာ အလွန်ပင် ဆိုးရွားသွားသည်။ သူမ၏ နှုတ်ခမ်းများ တုန်ရီနေပြီး နှလုံးသားထဲတွင်လည်း အံ့ဩထိတ်လန့်မှုများနှင့် မသေချာ မရေရာမှုများ ပြည့်နှက်နေလေ၏။
'ဂူချန်က ခုနတင်ပဲ စောင့်ကြည့်ရေးကောင်စီမှာ ရှိနေတာ မဟုတ်ဘူးလား.. သူ ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ..'
' ပြီးတော့ သူ ငါ့ကို တယ်လီပို့အဆောင် သုံးခွင့်မရအောင် ဘာလို့ တားရတာလဲ..'
ဒါဆိုရင်...
ယဲ့ရှူးသည် ရုတ်တရက် သတိဝင်လာပြီး သူမ၏ စိတ်ထဲတွင် သံသယတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။
'ဟင်းလင်းပြင် စွမ်းအားကို သုံးပြီး ငါ့ကို တိုက်ပွဲမှာ အရေးနိမ့်အောင် နောက်ကွယ်ကနေ နှောင့်ယှက်ခဲ့တဲ့သူက သူများလား..'
'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'
'သူက သိုင်းစာမေးပွဲ ဖြေပြီးကာစ တက္ကသိုလ်ဝင်ခွင့်စောင့်နေတဲ့ ကျောင်းသားလေးတစ်ယောက်ပဲလေ..'
' တိုက်ပွဲရဲ့ ရလဒ်ကို လွှမ်းမိုးနိုင်တဲ့အထိ အစွမ်းထက်တဲ့ စွမ်းအားမျိုး သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ..'
' ပြီးတော့ သူက ငါ့ကို ဘာလို့ ပစ်မှတ်ထားတာလဲ..ငါ သူ့ကို အထင်လွဲပြီး စောင့်ကြည့်ရေးကောင်စီထဲ ဖမ်းဆီးစစ်ဆေးခဲ့လို့လား..'
သို့သော်လည်း သူမ၏ ခန္ဓာကိုယ် ကြွက်သားတိုင်းမှ နာကျင်မှုများနှင့် သူမ၏ ညာဘက်လက်ကောက်ဝတ်ကို နင်းခြေထားသော ခြေထောက်ကတော့ နောက်ကွယ်မှ အလစ် တိုက်ခိုက်ခဲ့သူမှာ အမှန်တကယ်ပင် ဂူချန် ဖြစ်ကြောင်း သတိပေးနေသည်။
အံ့ဩမှုနှင့် ကြောက်ရွံ့မှုများကြောင့် ယဲ့ရှူး၏ နှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် တကယ့်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
အဆင့် ၇ သိုင်းဘုရင် ဖြစ်လာပြီး၊ ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌ ရာထူးကို ရယူကာ၊ မဟာမိတ်အဖွဲ့ရဲ့ ကောင်စီဝင်အဖြစ် ရွေးချယ်ခံရပြီးကတည်းက သူမ ဤကဲ့သို့ မခံစားရသည်မှာ အတော်ကြာလှပြီဖြစ်သည်။
ယခုအခါတွင် သူမ အပြင်းအထန် ဒဏ်ရာရကာ အားအင်ကုန်ခမ်းနေပြီး၊ မြင့်မြတ်မီးလျှံဂိုဏ်း၏ နတ်ဘုရားတမန် နှစ်ယောက်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရရုံမက၊ အသက်ကယ် အဆောင်စာရွက်ကိုပါ အလုခံလိုက်ရလေပြီ ။ ဤအခြေအနေမှ သူမ မည်သို့ လွတ်မြောက်နိုင်မည်နည်း ။
[အိမ်ရှင်သည် ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌ ယဲ့ရှူးအား သွေးလေလည်ပတ်အောင်နှင့် အရိုးအကြောများ ပြေလျော့အောင်၊ ကြွက်သားများကို နှိပ်နယ်ပေးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး +၅၀၀ ရရှိသည်။]
' သိုင်းဘုရင်တစ်ယောက်ဆိုတော့လည်း ဟုတ်သားဟ ၊ လက်ကောက်ဝတ်အရိုးလေးကို နင်းခြေလိုက်တာတင် စေတနာတန်ဖိုး ငါးရာတောင် ရတာလား..'
ဂူချန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး အဆောင်စာရွက်ကို သူ၏လက်ထဲသို့ စုပ်ယူလိုက်ကာ အပြစ်ကင်းသော လေသံဖြင့်...
"ဥက္ကဋ္ဌယဲ့... ခင်ဗျားက နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို လိုက်သတ်နေတာ မဟုတ်ဘူးလား..ဘယ်လိုဖြစ်လို့ ဒီလို အခြေအနေမျိုး ရောက်သွားရတာလဲ.."
"ယုတ်မာတဲ့ကောင်.."
ထိုစကားကိုကြားလျှင် ယဲ့ရှူး၏ သွေးများ ပေကျံနေသော မျက်နှာမှာ ဒေါသကြောင့် တုန်ရီသွားပြီး အံကြိတ်ကာ ပြောလိုက်သည် ။
"ဂူချန်.."
"ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူးလေ။ မင်း ဘာလို့ ငါ့ကို ဒီလို အကွက်ဆင်တာလဲ.."
"မင်း ဒီနေ့ မြင့်မြတ်မီးလျှံဂိုဏ်းကို ကူညီခဲ့တာကို နောင်တစ်ချိန်မှာ မဟာမိတ်အဖွဲ့က သိသွားရင် မင်းရော မင်းအဖေပါ အတူတူ ဒုက္ခရောက်မှာ။ အဲ့ဒါကို မင်း သိရဲ့လား.."
ဂူချန်ကတော့ တည်ငြိမ်စွာပင် ..
"ဪ..."
သူ ဘာမှ မတုံ့ပြန်သည်ကို မြင်သောအခါ သူမသည် လှုပ်ရှားနိုင်သေးသော ဘယ်ဘက်လက်ဖြင့် ဂူချန်၏ ခြေထောက်ကို ဆွဲကိုင်ကာ နောက်ဆုံး မျှော်လင့်ချက်လေးဖြင့် အသည်းအသန် တောင်းပန်ရှာသည် ။
"မင်းက မဟာမိတ်အဖွဲ့မှာ နှစ်ပေါင်းတစ်ရာမှာ တစ်ယောက်ပဲ ပေါ်တဲ့ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲလေ၊ မင်းရဲ့ အနာဂတ်က အများကြီး ရှိသေးတယ်။ မြင့်မြတ်မီးလျှံဂိုဏ်းက သစ္စာဖောက်တဲ့၊ ယုတ်မာတဲ့၊ အရှက်မရှိတဲ့ ဒီတိရစ္ဆာန်တွေနဲ့ မင်း ဘာလို့ ပေါင်းရတာလဲ.."
"ငါ့ကို အဆောင်စာရွက် ပြန်ပေးပါ၊ ငါတို့ မြို့ထဲကို အတူတူ ပြန်ကြမယ်။ ငါ မင်းအတွက် ဒီကိစ္စကို လျှို့ဝှက်ပေးထားမယ်လို့ ကတိပေးပါတယ်၊ မင်းရဲ့ အနာဂတ် ရာထူးတက်ဖို့အတွက်တောင် ငါ ကူညီပေးနိုင်သေးတယ်။ ဘယ်လိုလဲ.."
ယခုအချိန်တွင် ဖုန်မှုန့်များနှင့် သွေးများ ပေကျံနေသော ယဲ့ရှူး၏ မျက်နှာတွင် ဂူချန်ကို စစ်ဆေးမေးမြန်းစဉ်က ရှိခဲ့သည့် မာန်မာနများ မရှိတော့ဘဲ၊ တောင်းပန်တိုးလျှိုးနေသော အမူအရာသာ ရှိတော့သည်။
သူမသည် ယခုမှ အသက်တစ်ရာကျော်သာ ရှိသေးပြီး အနာဂတ်တွင် လုပ်စရာများစွာ ရှိနေသေး၏။ သူမတွင် ခင်ပွန်းနဲ့ သမီးလည်း ရှိသေးသလို၊ သူမ၏ မိသားစုအတွက် ကလဲ့စားချေဖို့လည်း ကျန်နေသေးသည်။ သူမ မသေနိုင်သေး ။ သူမ မသေချင်သေးပေ ။
ယဲ့ရှူး၏ ဘယ်ဘက်လက်က သူမရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ ဘောင်းဘီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးများမှာလည်း စိုးရိမ်မှုနှင့် အသနားခံမှုများဖြင့် ပြည့်နှက်နေသည်။
"နားထောင်လို့ ကောင်းသားပဲ.."
ဂူချန်သည် ယဲ့ရှူး၏ ဘယ်ဘက်လက်ကို အေးဆေးစွာ ခါထုတ်လိုက်ပြီးနောက် ထိုလက်ကိုပါ နင်းခြေလိုက်သည်။ သူ၏ မျက်နှာတွင် နောင်တရသလို အမူအရာဖြင့် ..
"ဒါပေမဲ့ စိတ်မရှိပါနဲ့၊ ခင်ဗျားပြောတဲ့ အဲ့ဒီ သစ္စာဖောက်တဲ့၊ ယုတ်မာတဲ့၊ အရှက်မရှိတဲ့ တိရစ္ဆာန်ဆိုတာ အမှန်တော့ ငါဖြစ်နေတယ်.."
ယဲ့ရှူး၏ မျက်လုံးမှာ ချက်ချင်း ပြူးကျယ်သွားတော့သည်။
[ဒီကမ္ဘာပေါ်မှာ အမှန်တရားတွေ အများကြီး မရှိပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ရှက်သွေးဖြာမှုက စကားလုံးတွေထက် ပိုထိရောက်ပါတယ်။ ယဲ့ရှူးက အသက်တစ်ရာကျော်ပြီ ဆိုပေမဲ့ သိုင်းဘုရင်အဆင့်မှာတော့ သူမကို မိန်းကလေးတစ်ယောက်လို့ ယူဆလို့ ရပါသေးတယ်။]
[ဒါပေမဲ့ အိမ်ရှင်ကတော့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်လို့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ရဲ့ တောင်းဆိုမှုကို ချက်ချင်း ငြင်းပယ်ခဲ့ပြီး သူမရဲ့ ထိတွေ့မှုကိုလည်း ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပါတယ်။ စေတနာတန်ဖိုး + ၁၀၀၀ ရရှိသည်။]
ဂူချန်က အသာအယာ ပြုံးလိုက်သည်။
ဝုန်း..
ထိုစဉ်မှာပင် အနက်ရောင် မြူခိုးတန်းတစ်ခုမှာ တောင်ကျောက်တုံးများကို ဖောက်ထွက်ပြီး ဂူချန်၏ဘေးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ထို့နောက် စူးရှသော ရယ်သံတစ်ခု ထွက်ပေါ်လာ၏ ။
"ဟီးဟီးဟီး..."
"သူတော်စင် ၊ ၁၁ ကို ရှင်းပစ်လိုက်ပါပြီ.."
ချီ၏ နားလည်မှုအရ ဂူချန်သည် ယခုသက်တမ်းအတွက် သူတော်စင်နေရာကို ရရှိဖို့ သေချာနေပြီ ဖြစ်သည့်အတွက် သူ့ကို ကြိုတင်၍ သူတော်စင်အဖြစ် ဆက်ဆံနေခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ရင်းနှီးနေသော်လည်း ထူးဆန်းနေသော ထိုအသံကို ကြားလိုက်ရသည့်အခါ ယဲ့ရှူး၏ တုန်ရီနေသော ခန္ဓာကိုယ်မှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး သူမ၏ နှလုံးသားထဲတွင် အံ့ဩတုန်လှုပ်မှုများ လှိုင်းထန်သွားတော့သည်။
'ဒါက... မြင့်မြတ်မီးလျှံဂိုဏ်းရဲ့ နတ်ဘုရားတမန်..'
'သူက ဂူချန်ကို... သူတော်စင် လို့ ခေါ်လိုက်တာလား..'
'ဂူချန်က တကယ်တော့ မြင့်မြတ်မီးလျှံဂိုဏ်းဝင် တစ်ယောက် ဖြစ်နေရုံတင်မကဘဲ လူပေါင်းသောင်းချီရဲ့ အထက်မှာရှိတဲ့ သူတော်စင် တစ်ယောက် ဖြစ်နေတာလား..'
'မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး..'
'သူ့အဖေက အဆင့်မြင့် ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်လည်း ကောင်းကင်ရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ ပါရမီရှင် တစ်ယောက်ပဲ..သူက ဘာလို့ ဒီလို မိစ္ဆာအဖွဲ့အစည်းထဲ ဝင်ရမှာလဲ..'
'မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး..မဖြစ်နိုင်ဘူး...'
"အု... အု..."
ယဲ့ရှူး၏ နုနယ်သော ခန္ဓာကိုယ်မှာ အသည်းအသန် ရုန်းကန်နေတော့သည်။ သူမ၏ နှလုံးသားက ဤအမှန်တရားကို လက်မခံနိုင်သေးပေ။
သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မြေကြီးများနှင့် မြက်ခြောက်များ ပေကျံနေသည်။ သူမ၏ ဖြူစင်လှသော မျက်နှာမှာလည်း အားကုန်သုံး၍ ရုန်းကန်နေရသဖြင့် နီရဲနေလေ၏။ သို့သော်လည်း သူမ မည်သို့ပင် ကြိုးစားပါစေ၊ ထိုလေးလံလှသော ခြေထောက်မှာ မကျော်လွှားနိုင်သည့် တောင်ကြီးတစ်လုံးကဲ့သို့ သူမကို မြဲမြံစွာ ဖိထားသဖြင့် လွတ်မြောက်ရန် ခက်ခဲနေတော့သည်။
"အဟားဟားဟား... ဟားဟားဟားဟား..."
ခုခံရသည်က အချည်းနှီး ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ရှူး၏ အမူအရာမှာ ရုတ်တရက် ရူးသွပ်သွားပုံရပြီး သူမ၏ ပါးစပ်မှ ရူးကြောင်ကြောင် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟားဟားဟား..."
'ငါ နားလည်ပြီ..'
'အခုမှ အကုန်လုံးကို ငါ နားလည်သွားပြီ..'
'လျိုလုံတက္ကသိုလ်ကို ဖျက်ဆီးခဲ့တာ ဂူချန်ပဲ။ လက်နက်ချခဲ့တဲ့ သူတော်စင်လောင်းကလည်း သူ ချခဲ့တဲ့ ငါးစာပဲ။ ပြီးတော့ ငါ့ကို မြို့ပြင်ရောက်အောင် တမင်တကာ ဆွဲထုတ်ခဲ့တာ...'
"ဟားဟားဟား... အဟားဟားဟား..."
သူမတွင် ဝှက်ဖဲများ ရှိနေသေးသော်လည်း ယခုအခါ သူမ၏ ခန္ဓာကိုယ်မှာ ပျက်စီးနေပြီး စိတ်ဝိညာဉ်မှာလည်း အပြင်းအထန် ဒဏ်ရာရနေသဖြင့် အသုံးပြုရန် အခွင့်အရေး မရှိတော့ပေ။
နတ်ဘုရားတမန် ၁၁ ပစ်လိုက်သော အနက်ရောင် ကျည်ဆန်များသည် ဖျက်အားပြင်းရုံတင်မကဘဲ သူမ၏ စစ်မှန်တဲ့ချီစွမ်းအင်များကိုပါ တိုက်စားနိုင်သည် ။ ခန္ဓာကိုယ်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေ၏ ဝိညာဥ်ချီ ဆက်သွယ်မှုကိုပါ ဖြတ်တောက်နိုင်သည့် အစိမ်းရောင် အဆိပ်ငွေ့များ ပါဝင်နေပေသည် ။
ထို့အပြင် သူမရဲ့ စိတ်ဝိညာဥ်ကလည်း အဆုံးစွန်ထိ ပင်ပန်းနေပြီ ဖြစ်သည်။ မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ကြိုးစားလိုက်တိုင်း ဦးနှောက်ကွဲမတတ် နာကျင်မှုကို ခံစားရပြီး အတင်းအကျပ် ရပ်တန့်ခြင်း ခံနေရသည်။
'ပြီးပြီ.. အရာအားလုံး ပြီးဆုံးသွားပြီ..'
ယဲ့ရှူး၏ မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့သွားပြီး သူမ၏ နှလုံးသားမှာလည်း မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။
[အိမ်ရှင်သည် နာကျည်းမှုများဖြင့် ပြည့်နှက်နေသော လူတစ်ယောက်အား ဘဝလမ်းကြောင်းအသစ်ကို ရှာဖွေနိုင်ရန် ကူညီပေးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး + ၃၀၀၀ ရရှိသည်။]
[လက်ရှိ စေတနာရမှတ် - ၁၃,၄၄၈]
' သိုင်းဘုရင် ဆိုတဲ့အတိုင်းပဲ၊ ရေတော့ တော်တော်ထွက်တာပဲ...'
ဂူချန်သည် စနစ်၏ စာမျက်နှာကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး တော်တော်လေး ကျေနပ်သွားမိသည်။ မူလက လျိုလုံတက္ကသိုလ်ကို ဖျက်ဆီးပြီးနောက် သူသည် အခြေအနေကို စောင့်ကြည့်ရင်း အနားယူရန် စီစဉ်ထားပြီး လူထပ်သတ်ဖို့ စိတ်မကူးခဲ့ပေ။
သို့သော် ကံမကောင်းစွာဖြင့် တစ်စုံတစ်ယောက်က သူ့အိမ်တံခါးဝအထိ လာပြီး စေတနာတန်ဖိုးများ လာပေးနေသဖြင့် အားနာနာနှင့် လက်ခံလိုက်ရုံသာ တက်နိုင်တော့၏။
နတ်ဘုရားတမန် တစ်ယောက်၏အသက်ကလည်း အစီရင်ခံစာ တင်ဖို့ရန်အတွက် လုံလောက်ပေသည်။
"ရွှီဖုန်းယွမ် နဲ့ ရွှီညန်စီး တို့ကို ဖမ်းမိပြီလား.."
ဂူချန်သည် ယဲ့ရှူးကို သတိမေ့သွားအောင် ကန်လိုက်ပြီး ဘေးမှ အနက်ရောင် မြူခိုးတန်းကို လှမ်းကြည့်လိုက်သည်။
" ဒါပေါ့.."
ချီ ၏ အသံမှာ စူးရှနေမြဲပင် ..
"သာမန်လူတစ်ယောက်နဲ့ တတိယအဆင့် သိုင်းပညာရှင် တစ်ယောက်ပဲလေ။ ယဲ့ရှူးရဲ့ ကာကွယ်မှု မရှိရင် ဂိုဏ်းထဲက ဘယ်ခန်းမသခင် မဆို သူတို့ကို အလွယ်တကူ ဖမ်းနိုင်ပါတယ်.."
ဂူချန်က ခေါင်းညိတ်လိုက်ပြီး နတ်ဘုရားတမန် ၁၁ ၏ အလောင်းကို ပစ်ချလိုက်ကာ အေးစက်သော လေသံဖြင့်...
"သူတို့ကို သေသေချာချာ ပိတ်လှောင်ထားလိုက်၊ ငါ့အတွက် သူတို့ကို သုံးစရာ အကြီးကြီး ရှိသေးတယ်.."
နောက်ထပ် သူသည် အခြေအနေကို စောင့်ကြည့်ရင်း ငြိမ်နေဖို့ လိုအပ်ပေသည်။ အဆင့် ၇ သို့ တက်လှမ်းရန် လိုအပ်သော စေတနာရမှတ်များအတွက် ထိုလူများကို အသုံးချရပေလိမ့်မည်။
ဝေးကွာလှသော ကျန်းမြို့အတွင်း၌ အပြာရောင် စွမ်းအင်အကာအကွယ်ဖြင့် ကာကွယ်ထားသော မြို့ရိုးပေါ်တွင် ထူးခြားသော အရှိန်အဝါရှိသည့် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ ရပ်နေကြသည်။ သူတို့အားလုံးမှာ မိုင်ပေါင်း ဒါဇင်ချီဝေးသော တိုက်ပွဲမြေပြင်ဆီသို့ စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။
သိုင်းဘုရင်တစ်ဦး၏ တိုက်ပွဲမှာ တောင်များကို ပြားချပ်သွားစေနိုင်ပြီး မြစ်များကို ခမ်းခြောက်သွားစေနိုင်ရာ သိုင်းကွက် တစ်ချက်ချင်းစီ၏ စွမ်းအားမှာ မိုင်ပေါင်းများစွာ ဝေးသောနေရာမှပင် သိသာထင်ရှားလှသည်။ ထို့ကြောင့် တိုက်ပွဲ ပြီးဆုံးသွားသည့်အခါ မြို့ရိုးပေါ်ရှိ လူများက ချက်ချင်းပင် သတိပြုမိလိုက်ကြ၏။
ဆုန့်ကျန်း ၏ အမူအရာမှာ တည်ကြည်နေပြီး သူ၏ဘေးမှ အခြား ဒုဥက္ကဋ္ဌ တစ်ဦးကို မေးလိုက်သည် ။
"ဘယ်သူနိုင်သွားလဲဆိုတာ ခင်ဗျား သေသေချာချာ မြင်လိုက်ရလား.."
ထိုလူက ခေါင်းခါလိုက်သည် ။
"သူတို့ရဲ့ အရှိန်က အရမ်းမြန်လွန်းတယ်။ တစ်စုံတစ်ယောက် တောင်ထဲကို ရိုက်ချခံလိုက်ရတာပဲ မြင်လိုက်ရတယ်၊ ဘယ်သူလဲဆိုတာတော့ မသိဘူး.."
ဤအချိန်တွင် သူတို့အားလုံးမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြပြီး ဥက္ကဋ္ဌ တစ်ခုခု ဖြစ်သွားမှာကို အထူးပင် ကြောက်ရွံ့နေကြ၏ ။
အဆင့် ၇ သိုင်းဘုရင် တစ်ယောက်၊ မဟာမိတ်အဖွဲ့ရဲ့ ကောင်စီဝင် တစ်ယောက်...
အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသာ မြင့်မြတ်မီးလျှံဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လျှင် မည်သို့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာမလဲဆိုတာ သူတို့ စဉ်းစားရန်ပင် မဝံ့ကြချေ။
အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း ယဲ့ရှူး ပြန်လာမည့် အရိပ်အယောင် မတွေ့ရသေးပေ။
ဆုန့်ကျန်းနှင့် အခြားသူများမှာ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
ဥက္ကဋ္ဌယဲ့...
တစ်ခုခုများ ဖြစ်သွားပြီလား...
Chapter 166
~
အခန်း ၁၆၆ : အင်မော်တယ် ဆူးကင်းခြေများ အပေါက်လေး
~
မြို့ပြင်ဘက်တွင် ပူပြင်းလှသော နေမင်းကြီးက ကောင်းကင်အလယ်သို့ ရောက်ရှိလာသည်အထိ တိုက်ပွဲနေရာတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။
ဆုန့်ကျန်း ၏ မျက်နှာပေါ်တွင် ပဲစေ့ခန့်ရှိသော ချွေးသီးချွေးပေါက်များ တရစပ် စီးကျနေပေသည်။ သူသည် ပျက်ယွင်းနေသော မျက်နှာထားဖြင့် ဘေးမှ စောင့်ကြည့်ရေးကောင်စီဝင် တစ်ဦးကို လှမ်းမေးလိုက်၏ ။
"ဘယ်လိုလဲ... လွှတ်ထားတဲ့ ဒရုန်းတွေဆီက သတင်းတစ်ခုခု ရပြီလား.."
အချိန်အတော်ကြာ ကုန်ဆုံးသွားပြီဖြစ်ရာ ယဲ့ရှူး အသက်ရှင်နိုင်ခြေမှာ သုညနှင့် နီးစပ်နေပြီဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင် အနည်းငယ်တော့ မျှော်လင့်နေသေး၏ ။ ယဲ့ရှူးသည် မြင့်မြတ်မီးလျှံဂိုဏ်းနှင့် ပတ်သက်လျှင် အစွန်းရောက်သူတစ်ဦးဖြစ်ပြီး အလွန်အမင်း အာဏာရှင်ဆန်သူ ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ သူတို့ကို ဦးဆောင်ခဲ့သည့် အကြီးအကဲတစ်ဦး ဖြစ်ပေသည်။ လွန်ခဲ့သော တာဝန်များတွင်လည်း သူမသည် သူတို့၏ အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူး၏။
စိတ်ထဲတွင် သူမအပေါ် ငြိုငြင်မှုအချို့ ရှိခဲ့သော်လည်း သူမကို စစ်မြေပြင်တွင် သေဆုံးသွားစေရန်တော့ သူ လုံးဝ မလိုလားပေ။ ထို့အပြင် စောင့်ကြည့်ရေးကောင်စီ၏ ပြည်နယ်ဥက္ကဋ္ဌတစ်ဦး သေဆုံးသွားခြင်းမှာ ကျန်းမြို့သာမက ကျန်းနန်ပြည်နယ်တစ်ခုလုံးကိုပါ အချိန်အတော်ကြာ ဂယက်ရိုက်ခတ်သွားစေမည် ဖြစ်သည်။
အမေးခံရသော ကောင်စီဝင်မှာ သူ၏ရှေ့ရှိ အီလက်ထရွန်နစ်မျက်နှာပြင်ကို စိုက်ကြည့်ရင်း ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ဖြေသည် ။
"မြင့်မြတ်မီးလျှံဂိုဏ်း နတ်ဘုရားတမန်ရဲ့ အလောင်းကလွဲလို့ တခြား လူသားအရိပ်အယောင် မတွေ့ရသေးပါဘူး.."
"ဟူး..."
ဆုန့်ကျန်း သက်ပြင်းချလိုက်ပြီး လက်ကိုသာ အားမလိုအားမရ ဝှေ့ယမ်းလိုက်သည် ။
"ဒရုန်းတွေကို ပြန်ခေါ်လိုက်တော့။ ဒီကိစ္စကို မဟာမိတ်ဌာနချုပ်ဆီ ငါ ကိုယ်တိုင် အစီရင်ခံရမယ်.."
သူ ဖုန်းကို ထုတ်ယူကာ ဌာနချုပ်သို့ ဆက်သွယ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဖုန်းမြည်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
တူ... တူ... တူ...
"ကောင်စီဝင် ရွှီ... ဘာလို့ ဖုန်းဆက်တာလဲခင်ဗျာ.."
ဆုန့်ကျန်းသည် ဖုန်းကို အမြန်ဖြေလိုက်ပြီး ရိုသေသမှုဖြင့် မေးလိုက်သည်။ ဤသူမှာ ဥက္ကဋ္ဌယဲ့၏ မိတ်ဆွေဟောင်းဖြစ်ပြီး ဌာနချုပ်တွင် ရာထူးကြီးသူလည်း ဖြစ်သည်။
"ယဲ့ရှူး အခု ဘာလုပ်နေလဲ.. သူ့ရဲ့ ခင်ပွန်းနဲ့ သမီး တစ်ခုခုဖြစ်သွားပြီလို့ ချက်ချင်းပြောလိုက်။ သူ မဟာမိတ်ဌာနချုပ်ကို အမြန်ဆုံး ပြန်လာရမယ်။ ဌာနချုပ်က တာဝန်လွှဲပြောင်းဖို့ လူလွှတ်လိုက်ပြီ.."
ကောင်စီဝင်ရွှီ၏ အသံမှာ အလွန်စိုးရိမ်နေပုံရသည်။ သူမသည် ယဲ့ရှူးထံသို့ အကြိမ်ကြိမ် ဆက်သွယ်ရန် ကြိုးစားခဲ့လေ၏။ သို့သော်လည်း ဆုန့်ကျန်းကိုယ်တိုင်ပင် ယဲ့ရှူး၏ သတင်းကို မသိရှိသဖြင့် အားနာစွာဖြင့် ရှင်းပြလိုက်သည် ။
"ကောင်စီဝင်ရွှီ... ဥက္ကဋ္ဌယဲ့ ပျောက်ဆုံးသွားပါပြီ "
"ပျောက်ဆုံးသွားတယ်.. ဆုန့်ကျန်း... မင်း ဘာပြောနေတယ်ဆိုတာ သတိထားစမ်း.."
ကောင်စီဝင်ရွှီ၏ အသံမှာ ရုတ်တရက် စူးရှသွားပြီး အော်ဟစ်ငေါက်ငမ်းလိုက်သည် ။
"ကျန်းမြို့ရဲ့ မဟာအစီအရင်ရဲ့ အကာအကွယ်အောက်မှာ သိုင်းဘုရင်တစ်ယောက်က ဘယ်လိုလုပ် ပျောက်ဆုံးသွားနိုင်မှာလဲ.."
သူမ၏ အမြင်တွင် မြို့စောင့်အစီအရင်၏ အကာအကွယ်အောက်တွင် အရှင်သခင်အဆင့် တစ်ဦး ကိုယ်တိုင် လာရောက်တိုက်ခိုက်မှသာ ယဲ့ရှူးကို ထိခိုက်စေနိုင်မည်ဖြစ်သည်။ မြင့်မြတ်မီးလျှံဂိုဏ်းတွင် အဆင့် ၈ အင်အားစုများ ကျန်ရှိနေခြင်း ရှိ၊ မရှိ ဆိုသည်ထက် အဆင့်၆ သိုင်းသမားများသာရှိသည့် လျိုလုံတက္ကသိုလ်ကို ဖျက်ဆီးရန်အတွက် အရှင်သခင်အဆင့်တစ်ဦးကို အသုံးပြုရန် ထိုက်တန်ပါမည်လော။
"ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး ကောင်စီဝင်ရွှီ.."
ဆုန့်ကျန်းသည် အသက်ကို ပြင်းပြင်းရှူကာ ဆက်လက်ရှင်းပြသည် ။
"မြင့်မြတ်မီးလျှံဂိုဏ်းရဲ့ သူတော်စင်လောင်းတစ်ယောက်ကို ဖမ်းမိပြီးနောက်မှာ နတ်ဘုရားတမန်တစ်ယောက်ရဲ့ သတင်းကို ရခဲ့ပါတယ်။ ဥက္ကဋ္ဌယဲ့က ရန်သူကို သတ်ချင်ဇောနဲ့ မြို့ပြင်အထိ လိုက်သွားရင်း ပျောက်ဆုံးသွားခဲ့တာပါ.."
"..."
ထိုစကားကြောင့် ဖုန်း၏ အခြားတစ်ဖက်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ဆုန့်ကျန်းသည် သူ၏ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး နဖူးပေါ်တွင် ချွေးသီးများ စိုရွှဲနေလေ၏။ ဥက္ကဋ္ဌ ပျောက်ဆုံးသွားခြင်းအတွက် သူမ၏ လက်အောက်ငယ်သားများဖြစ်သော သူတို့မှာ တာဝန်မကင်းဘဲ ပြင်းထန်စွာ အပြစ်ပေးခံရမည်မှာ သေချာသည်။ သူ မျှော်လင့်နိုင်သည်မှာ ထိုအပြစ်ဒဏ်က အလွန်အမင်း မပြင်းထန်ရန်သာ ဖြစ်သည်။
"ငါ နားလည်ပြီ.."
ကောင်စီဝင်ရွှီ၏ အသံမှာ ပြန်လည် တည်ငြိမ်သွားသော်လည်း အေးစက်လှသော အရှိန်အဝါမှာ နှလုံးသားအထိ တိုးဝင်လာသည်။ သူမက ဆက်ပြောသည် ။
"ဒီကိစ္စကို ငါ ချက်ချင်း အစီရင်ခံမယ်။ မင်းတို့ကတော့ မြို့စောင့်မဟာအစီအရင်ကို အင်အားအပြည့်နဲ့ ဆက်ပြီး လည်ပတ်နေပါ။ ၂၄ နာရီပတ်လုံး လုံးဝ မရပ်စေနဲ့.."
သူမ စကားဆုံးသည်နှင့် ဖုန်းကို ချက်ချင်း ချလိုက်၏။
ဆုန့်ကျန်းသည် အားအင်ကုန်ခမ်းစွာဖြင့် ဖုန်းကို ချလိုက်ပြီး သက်ပြင်းချမိတော့သည်။ ကျန်းနန်ပြည်နယ်၏ ကောင်းကင်ကြီးမှာ လုံးဝ ပြောင်းလဲသွားတော့မည် ဖြစ်သည်။
ကျန်းမြို့၏ အပြင်ဘက်၊ မှောင်မည်းစိုထိုင်းသော မြေအောက်ခန်းတစ်ခုအတွင်း။
"အားးး..."
"မဟုတ်ဘူး... မဟုတ်ဘူး... မလုပ်ပါနဲ့.."
"အားးးး... အားးးး.."
ယဲ့ရှူးသည် အထူးပြုလုပ်ထားသော သံကုလားထိုင်တစ်ခုတွင် ချည်နှောင်ခံထားရသည်။ သူမ၏ လက်များ၊ ခြေထောက်များနှင့် ခန္ဓာကိုယ်မှာ ရုန်းမရအောင် တုပ်နှောင်ခံထားရပြီး ခန္ဓာကိုယ်အထက်ပိုင်းနှင့် ခြေဖဝါးများသာ လှုပ်ရှားနိုင်သည်။ ဤသည်မှာ မြင့်မြတ်မီးလျှံဂိုဏ်းအတွင်း သစ္စာဖောက်များကို နှိပ်စက်ရန် အသုံးပြုသော ကိရိယာတစ်ခုဖြစ်သည်။ ၎င်းသည် အသုံးပြုသူ၏ ကျင့်စဉ်ကို ပိတ်ပင်ထားနိုင်ရုံသာမက၊ အာရုံခံစားမှုများကိုပါ အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။
သာမန် ထိခိုက်မှုလေးမှာပင် ထိုသံကုလားထိုင်ပေါ်တွင် အလွန်အမင်း နာကျင်မှုကို ခံစားရမည်ပင်။ လက်ရှိ ယဲ့ရှူးမှာမူ လက်ခြေများ ကျိုးပဲ့နေပြီး၊ လက်သည်း ခြေသည်းများ ဆွဲနှုတ်ခံထားရကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီသော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
သူမ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး မျက်ရည်နှင့် သွေးများ ရောနှောကာ စီးကျနေသည်။ သူမ၏ လှပသော မျက်နှာမှာလည်း ပြင်းထန်သော နာကျင်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေရှာသည်။ နှိပ်စက်မှု ခေတ္တရပ်နားထားသော်လည်း ယဲ့ရှူး၏ ခန္ဓာကိုယ်မှာ မသိစိတ်မှ တုန်ရီနေခြင်းက သူမ မည်မျှ နာကျင်နေရသည်ကို သက်သေပြနေ၏။ သူမ၏ ဘေးတွင် သွေးစွန်းနေသော သစ်သားပုံးတစ်ခုရှိပြီး ထိုထဲတွင် ဆွဲနှုတ်ထားသော လက်သည်း ခြေသည်းများ ပြည့်နေပေသည်။
သိုင်းဘုရင်တစ်ဦး ဖြစ်သည့်အတွက် ကျင့်စဉ် ပိတ်ပင်ခံထားရသော်လည်း သူမ၏ ခန္ဓာကိုယ် ပြန်လည်ကုစားနိုင်စွမ်းမှာ အတိုင်းအတာတစ်ခုအထိ ရှိနေသေးသည်။ ဆွဲနှုတ်ခံရသော လက်သည်းများမှာ နာရီဝက်အကြာတွင် ပြန်လည် ထွက်ပေါ်လာစမြဲပင် ။
[အိမ်ရှင်သည် ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌအား သူမ၏ လက်သည်းများကို အကြိမ်ကြိမ် ညှပ်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး + ၁,၅၀၀ ရရှိသည်။]
[အိမ်ရှင်သည် ရှောင်ယု၊ ကျန်းဟန် နှင့် ရွှီယုယု အပါအဝင် လူပေါင်း ၁,၀၈၆ ဦးတို့၏ မသေမချင်း မမေ့နိုင်သော ရန်ငြိုးကြီးကို ကလဲ့စားချေပေးနိုင်ရန် ကူညီပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး + ၆၈,၄၀၀ ရရှိသည်။]
'အင်း... လူတစ်သောင်းကျော်ကို ကလဲ့စားချေပေးဖို့ ကူညီခဲ့တာလား..'
ဂူချန် သည် သွေးစွန်းနေသော ညှပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး သံကုလားထိုင်ပေါ်တွင် ချည်နှောင်ခံထားရသော အမျိုးသမီးကို စိတ်ဝင်တစား ကြည့်လိုက်သည်။
'သူ ဘာတွေများ လုပ်ခဲ့လို့ လူပေါင်း တစ်သောင်းကျော်က သူ့ကို သေတောင်မှ မကျေနိုင်လောက်အောင် နာကျည်းနေကြတာလဲ..'
သူ မှတ်မိသလောက်ဆိုရင် သူမက မိစ္ဆာဂိုဏ်းဝင်များကို သတ်ရတာ အလွန်ဝါသနာပါသူ ဖြစ်သည်။ ဂူချန်သည် သံကုလားထိုင်နားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အနည်းငယ် ကိုင်းညွှတ်ကာ မေးလိုက်သည် ။
"ဥက္ကဋ္ဌယဲ့... ခင်ဗျားကို မိစ္ဆာသတ်ဖြတ်ရေးစက် လို့ သိကြတယ်။ ခင်ဗျားသတ်ခဲ့တဲ့သူတွေ အကုန်လုံးက တကယ်ပဲမြင့်မြတ်မီးလျှံဂိုဏ်းဝင်တွေချည်းပဲလား.."
ယဲ့ရှူးက ပြန်မဖြေ ။ သူမ၏ ခန္ဓာကိုယ်ကသာ တုန်ရီနေသည်။ သူမ အသက် ၁၈ နှစ်ကတည်းက မဟာမိတ်ကောင်စီဝင်တစ်ဦး၏ လက်အောက်တွင် ကြီးပြင်းလာခဲ့ပြီး၊ ပါရမီရှင်များကို ကျော်ဖြတ်ကာ မျိုးဆက်သစ်များထဲတွင် ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ အသက် တစ်ရာကျော်ရုံဖြင့် သိုင်းဘုရင်နယ်ပယ်သို့ ရောက်ရှိလာခြင်းက သူမကို မဟာမိတ်အဖွဲ့၏ ထိပ်တန်း အင်အားစု ဖြစ်စေခဲ့သည်။
မဟာမိတ်အဖွဲ့အတွက် သူမသည် အနည်းဆုံး လူပေါင်း သောင်းချီကို သတ်ဖြတ်ခဲ့ပြီး အမှုစစ်ဆေးမှုများတွင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု ရခဲ့သူပင်။ လွဲမှားစွာ သတ်ဖြတ်မိခြင်း သို့မဟုတ် အပြစ်မဲ့သော မိသားစုများကိုပါ မျိုးတုံးစေမိခြင်းမျိုး အနည်းငယ် ရှိခဲ့သော်လည်း၊ ကြီးကျယ်သော အောင်မြင်မှုအတွက် ထိုကဲ့သို့သော ပေးဆပ်မှုမျိုးက လိုအပ်သည်ဟု သူမ ယုံကြည်ခဲ့၏။
'ငါ... ယဲ့ရှူး လုံးဝ မမှားဘူး.. အဲ့ဒီလူတွေက မိစ္ဆာဂိုဏ်းဝင်တွေနဲ့ တူနေတာကိုး..'
"ထားလိုက်ပါတော့... ခင်ဗျားနဲ့ စကားပြောရတာထက် ခင်ဗျားရဲ့ အော်သံကို ကြားရတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်.."
ဂူချန်က သုံးစက္ကန့်ခန့် စိုက်ကြည့်ပြီးနောက် အသာအယာ ရယ်မောလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ၂၀ စင်တီမီတာခန့်ရှိသော ရွှေရောင်ကင်းခြေများတစ်ကောင် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။
၎င်းမှာ ကျန်းနန်ပြည်နယ်တွင်သာ တွေ့ရတတ်သည့် ရှားပါးပြီး အဆိပ်ပြင်းသော အင်မော်တယ်ဆူးကင်းခြေများ အကောင်ပေါက်လေးပင်။ ဤအကောင်ပေါက်လေးက သိုင်းပညာရှင်တစ်ဦး၏ ရွှေရောင်ခန္ဓာကိုယ်ကိုပင် အလွယ်တကူ တိုက်စားနိုင်စွမ်း ရှိသည်။ ဂူချန်သည် ဤအကောင်ကို ရရှိရန် မဟာမိတ်ဒင်္ဂါး အတော်များများ အသုံးပြုခဲ့ရ၏ ။ ဤမျှ လျင်မြန်စွာ အသုံးချရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဂူချန်သည် ကင်းခြေများကို ယဲ့ရှူး၏ မျက်လုံးရှေ့သို့ ယူဆောင်လာပြီး တတ်နိုင်သမျှ ညင်သာသော လေသံဖြင့် မေးလိုက်သည် ။
"ပြောပါဦး... ဒီကောင်ကို ခင်ဗျားရဲ့ နားထဲကို ထည့်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ.."
"ကျုပ် အရင်က စမ်းဖူးတယ်... ရလဒ်ကတော့ ဟီးဟီးဟီး.. "
"ခင်ဗျားရော... စမ်းကြည့်ချင်လား.."