အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
Chapter 167
~
အခန်း ၁၆၇ : ဤလောကရှိ အနိဋ္ဌာရုံအားလုံးသည် သက်ဆိုင်သူတို့၏ မစွမ်းသာမှုကြောင့်သာ ဖြစ်သည်
~
ယဲ့ရှူး ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး သူမ၏ ရှေ့မှောက်တွင် တွန့်လိမ်လှုပ်ရှားနေသော ရွှေရောင်ကင်းခြေများကို စိုက်ကြည့်နေမိသည်။ ကင်းခြေများ၏ တစ်ကိုယ်လုံးမှာ တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်နေပြီး ၎င်း၏ အကြေးခွံများပေါ်တွင် ထူးဆန်းသော အမှတ်အသားများ လင်းလက်နေလေ၏။ သူ၏ ရွေ့လျားပုံမှာ ကြည့်နေသူကိုပင် ကြက်သီးထစေသည်။
ကာလရှည်ကြာ နှိပ်စက်ခံထားရမှုကြောင့် မိန်းမောနေသော ယဲ့ရှူး၏ စိတ်ဝိညာဉ်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လျှပ်စီး အချက်ပေါင်းများစွာ အပစ်ခံလိုက်ရသလို တုန်လှုပ်သွားတော့သည်။ သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး အသက်ရှူသံများမှာလည်း ပြင်းထန်လာ၏။ ကျောရိုးတစ်လျှောက်မှ အေးစိမ့်မှုမှာ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားပြီး နဖူးပေါ်တွင် ချွေးသီးများ စိုရွှဲလာတော့သည်။
' သူ တကယ်ပဲ ဒီကောင်ကို ငါ့ နားထဲ ထည့်တော့မှာလား..'
"မဟုတ်ဘူး... မဟုတ်ဘူး... မလုပ်ပါနဲ့... တောင်းပန်ပါတယ်.."
"ဒါတော့ မလုပ်ပါနဲ့..တခြားဟာပဲလုပ်ပါ... ငါ ဘာမှားခဲ့လို့လဲ.. မဟုတ်ဘူး..."
ကင်းခြေများက သူမ၏ နားနှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ယဲ့ရှူးသည် ထိတ်လန့်တကြား အော်ဟစ်ငိုယိုကာ အသည်းအသန် တောင်းပန်နေရှာသည်။ သူမ၏ အသံများမှာ တုန်ရီနေတော့သည်။
[အိမ်ရှင်သည် မိန်းမောနေသော လူတစ်ယောက်ကို စကားအနည်းငယ်ဖြင့် ပြန်လည် နိုးကြားလာစေရန် ကူညီပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး + ၆၀၀ ရရှိသည်။]
သို့သော် သူမ၏ တောင်းပန်မှုမှာ အချည်းနှီးသာ ဖြစ်သည်။ ဂူချန် ၏ မျက်နှာတွင် သနားညှာတာမှု အရိပ်အယောင်မျှ မရှိဘဲ ပို၍ပင် စိတ်လှုပ်ရှားနေပုံရပေ၏။
"ဘယ်သူမှ မမှားပါဘူး.."
သူ လက်ကို လှုပ်ရှားလိုက်ပြီး ကင်းခြေများကို ယဲ့ရှူး၏ နားစည်ဝသို့ ညင်သာစွာ ကပ်ပေးလိုက်သည်။ ထို့နောက် ကင်းခြေများကို ကိုင်ထားသော လက်ချောင်းနှစ်ချောင်းကို လွှတ်လိုက်တော့သည်။ မြေအောက်ခန်း၏ မှိန်ပျပျ အလင်းရောင်အောက်တွင် ဂူချန်၏ ချောမောသော မျက်နှာမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။
"ခင်ဗျား တစ်ခုခုကို အပြစ်တင်ချင်တယ်ဆိုရင်တော့ ခင်ဗျားရဲ့ ကံကြမ္မာဆိုးကိုပဲ အပြစ်တင်လိုက်ပါ.."
အမှန်အတိုင်း ပြောရလျှင် သူသည် ကုသိုလ်အလုပ်တစ်ခု လုပ်နေသည်ဟုပင် ခံစားနေရသည်။
' မတရား အသတ်ခံလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ တိုက်ပွဲကြားမှာ အကြောင်းမဲ့ အမှုန့်ချေခံလိုက်ရတဲ့ လူတွေအားလုံးက ငါ့ကို ကျေးဇူးတင်နေကြမှာပဲ... ဟီးဟီးဟီး...'
ကင်းခြေများမှာ အလင်းရောင်ကို ကြောက်သော သတ္တဝါဖြစ်သဖြင့် နားတွင်းသို့ ရောက်သည်နှင့် နက်ရှိုင်းသော မှောင်မိုက်ရာသို့ တွားဝင်သွားတော့သည်။ ၎င်း၏ တွားသွားမှုကြောင့် ယားယံစပ်ဖျဉ်းပြီး ထူးဆန်းသော ခံစားချက်မှာ ယဲ့ရှူး၏ ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ ကြောက်ရွံ့မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။
"အု... အားးးးးး.."
နားစည် ဖောက်ထွက်ခံလိုက်ရသည့် နာကျင်မှု၊ ဦးနှောက်ကို မွှေနှောက်ခံလိုက်ရသည့် နာကျင်မှုများကို ခံစားနေရသော်လည်း သူမ၏ သန်မာလှသော ခန္ဓာကိုယ်ကြောင့် အသက်မှာ ချက်ချင်း မထွက်သေးဘဲ နာကျင်မှုကို အပြည့်အဝ ခံစားနေရသည်။ ယဲ့ရှူး၏ စိတ်ဝိညာဉ်မှာ ပြိုလဲလုနီးပါး ဖြစ်လာသည်။ သူမသည် အသည်းအသန် ရုန်းကန်နေပြီး စူးရှသော အော်ဟစ်သံများမှာ အခန်းတွင်း၌ ပဲ့တင်ထပ်နေတော့၏။
"အားးးးးးး..ငါ့ကို သတ်ပေးပါ.. သတ်ပေးပါတော့.."
ယဲ့ရှူးသည် မျက်ဖြူလန်ကာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး သူမ၏ နှလုံးသားမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားတော့သည်။
ထိုစဉ်မှာပင် သူမ၏ စိတ်အာရုံထဲတွင် တစ်စုံတစ်ခု ပေါ်လာသည်။ ဖုန်ထူသော မြေပြင်မှာ ဖြူဖွေးသော နယ်မြေအဖြစ် ပြောင်းလဲသွားပြီး လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူမနှင့် ချွတ်စွပ်တူသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။ ထိုသည်က သူမ မိသားစုကို ဆုံးရှုံးခဲ့စဉ်က ဖြစ်ပေါ်လာခဲ့သော သူမ၏ ဒုတိယကိုယ်ရည်ကိုယ်သွေး ပင် ဖြစ်သည်။
ထို ယဲ့ရှူး က သူမကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည် ။
"မင်းရဲ့ အစွမ်းမရှိမှုနဲ့ ကြောက်စိတ်ကို ဖုံးကွယ်ဖို့အတွက် လူတွေကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တာက သနားစရာပဲ။ အခုတော့ မင်းရဲ့ နောက်ဆုံးကျန်ရှိတဲ့ မိသားစုကိုပါ ဆုံးရှုံးရတော့မယ်.."
ယဲ့ရှူး၏ မျက်စိသူငယ်အိမ်မှာ ကျဉ်းမြောင်းသွားတော့သည်။ စိတ်ကမ္ဘာ၏ အပြင်ဘက်တွင် သူမနှင့် ရင်းနှီးသော ပုံရိပ်နှစ်ခု ပေါ်လာသည်။
[အိမ်ရှင်သည် တစ်ဖက်လူ၏ နားအတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးရန် ကူညီခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး + ၁,၅၀၀ ရရှိသည်]
ဂူချန်သည် ယဲ့ရှူး၏ ခေါင်းကို ဆွဲမလိုက်ပြီး သူမ၏ ရှေ့တွင်ရှိသော ပုံရိပ်နှစ်ခုကို မြင်စေလိုက်သည်။ သူက ခပ်ပြုံးပြုံးဖြင့် ...
"ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံအားလုံးဟာ သက်ဆိုင်သူရဲ့ မစွမ်းသာမှုကြောင့်ပဲ ဖြစ်တာပါ..ဒီစကားကို ကျုပ်ကို စပြောခဲ့တဲ့သူက သာမန်လူတစ်ယောက်ပဲ ဆိုပေမဲ့ အခုတော့ ကျုပ် ဒီစကားကို အရမ်းသဘောကျသွားပြီ.."
"ကြည့်စမ်း...ခု ခင်ဗျား ရှေ့မှာ ရှိနေတာ ဘယ်သူတွေလဲ.."
ယဲ့ရှူးသည် မြေပြင်ပေါ်တွင် တုပ်နှောင်ခံထားရသော မျက်မှန်နှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးနှင့် သူမနှင့် ရုပ်ချင်းဆင်သော အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်လုံးများ ပြူးထွက်သွားသည်။ ထိုနှစ်ယောက်မှာ သူမ၏ ခင်ပွန်းနှင့် သမီးဖြစ်နေ၏ ။
'ရွှီဖုန်းယွမ် နဲ့ ရွှီညန်စီး တို့ကိုလည်း ဒီမိစ္ဆာက ဖမ်းလာခဲ့တာလား..'
"မဟုတ်ဘူး ..မဟုတ်ဘူး.."
ယဲ့ရှူးသည် ဂူချန်ကို အသည်းအသန် တောင်းပန်တော့သည် ။
"ဂူချန်... ဂူချန်... ငါ့မိသားစုကို ဘာမှမလုပ်ပါနဲ့... ငါ ဘာမဆို လုပ်ပါ့မယ်.. မလုပ်ပါနဲ့..."
စွပ်..စွပ်...
ဂူချန်က လက်ဝှေ့ယမ်းလိုက်လျှင် ရွှီဖုန်းယွမ်နှင့် ရွှီညန်စီးတို့ အမှုန့်ဖြစ်သွား၏ ။
"အားးးးးး.."
ယဲ့ရှူးသည် သွေးမျက်ရည်များ စီးကျကာ အော်ဟစ်လိုက်သည်။ ချစ်ရသူများ မျက်စိရှေ့တွင် သေဆုံးသွားခြင်းက မည်မျှ နာကျင်ရပါသနည်း။ သူမ၏ ဘဝတွင် ကလဲ့စားချေခြင်းမှလွဲ၍ ပထမဆုံး အဓိပ္ပာယ်ရှိစေခဲ့သောသူမှာ သူမ၏ ခင်ပွန်းဖြစ်သည်။ သူသည် သာမန်လူတစ်ဦး ဖြစ်သော်လည်း သူမ သူ့ကို အလွန်ချစ်ခဲ့သည်။
"ငါ့အမှားတွေပဲ... အကုန်လုံး ငါ့ကြောင့်ပဲ... အဟားဟားဟား..."
"မင်းကို ငါ သတ်မယ်.."
ယဲ့ရှူးသည် လုံးဝ ရူးသွပ်သွားတော့သည်။ သူမ၏ ဆံပင်များမှာ မျက်တောင်တစ်ခတ်အတွင်း ဖြူဖွေးသွားပြီး အဆုံးမဲ့ ဒေါသများ ပေါက်ကွဲထွက်လာသည်။ သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အပြာရောင် အရှိန်အဝါများ ထွက်ပေါ်လာပြီး ချည်နှောင်ထားသော သံကုလားထိုင်မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ ပိတ်ပင်ခံထားရသော ကျင့်စဉ်မှာ ချက်ချင်း ပြန်ပွင့်လာရုံမက သိုင်းဘုရင်အဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားတော့သည်။
သူမ နေရာမှ ပျောက်ကွယ်သွားပြီး ဂူချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ သူမ၏ လက်ချက်ဖြင့် ဂူချန်ကို ပေးဆပ်စေရမည် ။ သို့သော်လည်း သူမ၏ ပြင်းထန်လှသော တိုက်ကွက်ကို ဂူချန်က နီရဲသော လက်ဖဝါးဖြင့် အသာအယာ ဖမ်းယူလိုက်သည်။
[စေတနာရမှတ် ၅,၈၀၀ ကို အသုံးပြု၍ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့်အားမဟာဆရာကြီး အဆင့်သို့ တက်လှမ်းလိုက်ပါသည်။]
[စေတနာရမှတ် ၂၃,၅၀၀ ကို အသုံးပြု၍ ကျင့်စဉ်နယ်ပယ်အား သိုင်းဘုရင်အဆင့် ၄သို့ အောင်မြင်စွာ တက်လှမ်းလိုက်ပါသည်။]
[ယခုမှစ၍ သင်၏ အသက်ဝိညာဉ်မှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်ကာ သင့်ကို လူသားတစ်ဦးဟုပင် ခေါ်ဆို၍ မရနိုင်တော့ပါ။]
ဂူချန်၏ ခရမ်းရောင် မျက်လုံးများ တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သော ယန်ချီ များမှာ တရစပ် လည်ပတ်နေပြီး၊ SSS အဆင့် သိုင်းပါရမီဖြစ်သော သေမင်းလက်ဝါး နှင့် ပြည့်စုံသော ခန္ဓာကိုယ်တို့ ပေါင်းစပ်လိုက်သည့်အခါ သူ၏ အင်အားမှာ အဆင့်၈ အရှင်သခင်အဆင့်အောက်ရှိ မည်သည့် သိုင်းပညာရှင်ကိုမဆို ချေမှုန်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဂူချန်သည် ယဲ့ရှူး၏ လက်မောင်းကို ဖမ်းကိုင်ကာ လေထဲတွင် ဝှေ့ယမ်းပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ရိုက်ချလိုက်တော့သည်။
ဝုန်း...
ပြင်းထန်သော တုန်ခါမှုနှင့်အတူ သူမ၏ လက်မောင်းအရိုးများမှာ ကျိုးပဲ့သွားပြီး ခန္ဓာကိုယ်မှာလည်း မြေပြင်အတွင်းသို့ မီတာ ရာဂဏန်းခန့် နက်ဝင်သွားတော့သည်။
Chapter 168
~
အခန်း ၁၆၈ : အကြွင်းမဲ့ အသာစီးရမှု။ ယဲ့ရှူးကို ငိုအောင်လုပ်ခြင်း။
~
သိုင်းပညာရှင်တစ်ဦးအနေဖြင့် သိုင်းဘုရင်နယ်ပယ် သို့ တက်လှမ်းနိုင်ရန် အချက်အလက်များစွာ ပြည့်စုံရန် လိုအပ်ပါသည်။
ပထမအချက်မှာ စိတ်ဝိညာဉ်ပင်လယ် ပြည့်စုံချောမွေ့နေရမည် ဖြစ်သည်။ တစ်ဦးတစ်ယောက်၏ နတ်ဘုရားအာရုံ သည် စူးစမ်းထောက်လှမ်းနိုင်စွမ်းအပြင် ဒြပ်ဝတ္ထုများကို စိတ်ဖြင့် ထိန်းချုပ်နိုင်သည့် စွမ်းအားမျိုးလည်း ရှိသည်။ အကယ်၍ စိတ်ဝိညာဉ်ပင်လယ်၌ အားနည်းချက် အနည်းငယ်ရှိနေပါက ကောင်းကင်နှင့်မြေပြင်၏စွမ်းအားကို အာရုံခံနိုင်မည်မဟုတ်ဘဲ သိုင်းဘုရင်ဖြစ်ရန် ပထမခြေလှမ်းကိုပင် လှမ်းနိုင်မည်မဟုတ်ပေ။
ဒုတိယခြေလှမ်းမှာ ကောင်းကင်နှင်မြေပြင်၏ စွမ်းအားနှင့် ဆက်သွယ်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤသို့ ဆက်သွယ်နိုင်ရန်အတွက် မိမိလိုက်စားသည့် တာအို တစ်ခုခုတွင် အလွန်နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိရမည်။ ၎င်းမှာ ဓား၊ လှံ၊ သိုင်း နယ်ပယ်များ သို့မဟုတ် ဆေးဖော်စပ်ခြင်း၊ မှော်အတတ် စသည့် နယ်ပယ်များ ဖြစ်နိုင်သည်။ အဓိကအချက်မှာ ထိုလမ်းစဉ်၌ မိမိ၏ အဆင့်သည် မဟာဆရာကြီး အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။
လမ်းစဉ်တစ်ခု၏ အဆင့်များကို တပည့်အဆင့်၊ သာမန်အဆင့်၊ ဆရာကြီးအဆင့်၊ မဟာဆရာကြီးအဆင့် နှင့် လူသားတို့ သိရှိသမျှ အမြင့်ဆုံးဖြစ်သော ကြီးမြတ်သောမဟာဆရာသခင်အဆင့် ဟု ခွဲခြားထားသည်။ သာမန်လူတစ်ယောက်သည် နှစ်ပေါင်းတစ်ရာ ကြိုးစားလျှင်ပင် ဆရာကြီးအဆင့်သို့ ရောက်ရန် ခဲယဉ်းလှသည်။ မဟာဆရာကြီးအဆင့်သို့ ရောက်ရှိသူတိုင်းမှာမူ ထိုခေတ်ထိုအခါ၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြပြီး နောင်တွင် သိုင်းဘုရင်အဆင့်ထက် ကျော်လွန်သော ပုဂ္ဂိုလ်များ ဖြစ်လာကြစမြဲပင်။
တတိယခြေလှမ်းမှာ ကောင်းကင်နှင့်မြေပြင်၏စွမ်းအားကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ သွင်းယူပြီး ထိန်းချုပ်ခြင်း ဖြစ်သည်။ ဤအဆင့်သည် အန္တရာယ်အရှိဆုံး ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်၏ အခြေခံနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု မရှိပါက ခန္ဓာကိုယ် ပေါက်ကွဲထွက်ကာ သေဆုံးသွားနိုင်ပါသည်။
သို့သော် ဂူချန်အတွက်မူ ဤအရာအားလုံးမှာ ပြဿနာ မဟုတ်ချေ ။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပင်လယ်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီးဖြစ်သည်။ တာအို နှင့် ပတ်သက်၍လည်း စေတနာရမှတ်များ ရှိနေသရွေ့ စိတ်ကူးလိုက်ရုံဖြင့် အဆင့်တက်နိုင်သည်။ ထို့အပြင် သူ၏ သုံးပါးသောစွမ်းအင်ပြန်လည်ပေါင်းစည်းခြင်း စွမ်းရည်ကြောင့် ခန္ဓာကိုယ် ပေါက်ကွဲမည်ကိုလည်း စိုးရိမ်စရာမလိုပေ။ ထို့ကြောင့် သာမန်လူများအတွက် အလွန်ခက်ခဲသော သိုင်းဘုရင်အဆင့်မှာ ဂူချန်အတွက်မူ အေးအေးဆေးဆေးပင် ဖြစ်နေတော့သည်။
ဂူချန်၏ မျက်လုံးများ တောက်ပလာသည်။ သူသည် မြေကြီးများကြားမှနေ၍ မြေအောက်သို့ တိုးဝင်ထွက်ပြေးနေသော ဆံဖြူမလေးကို ကြည့်ရင်း ကျေနပ်နေမိသည်။ သူ၏ ကျင့်စဉ်အဆင့် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ခြင်းမှာ ဤအမျိုးသမီး၏ ကျေးဇူးကြောင့်လည်း ပါဝင်နေပေသည်။
ကျေးဇူးရှိက ကျေးဇူးဆပ်ရမည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူမအား သိုင်းပညာ လက်ရည်စမ်းပွဲတစ်ခု လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ဂူချန်၏ ဝတ်စုံမှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏ ဘေးပတ်လည်တွင် ကြောက်မက်ဖွယ် နီရဲသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဟင်းလင်းပြင်ကြီး တုန်ခါသွားကာ သူ၏ နောက်ကျောတွင် ခိုင်မာလှသော ချီလင် ပုံရိပ်တစ်ခု ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း ဂူချန်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး မြေအောက်သို့ တိုးဝင်ကာ ဆံဖြူမလေးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မြေအောက်၌ ပြင်းထန်သော အပြာရောင်အလင်းများ လင်းလက်သွား၏။ မာကျောသော ကျောက်ဆောင်များမှာ ထိုစွမ်းအားရှေ့တွင် ဒိန်ခဲကဲ့သို့ ပျော့ပြောင်းသွားပြီး ထိတွေ့မိသည်နှင့် အရည်ပျော်ကုန်တော့သည်။
ယဲ့ရှူး၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်နေပေသည်။ သူမ၏ ငွေရောင်ဆံပင်များမှာ လေထဲတွင် ဖရိုဖရဲ လွင့်နေသည်။ သူမ ခုနက ခံလိုက်ရသော ပြင်းထန်သည့် ရိုက်ချက်ကြောင့် သတိဝင်လာပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။
' အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ သိုင်းဘုရင် ..'
သူမကိုယ်တိုင်ပင် အသက် ၁၈ နှစ်အရွယ်မှာ ဗာဂျရာအဆင့် သို့သာ ရောက်ရှိခဲ့၏ ။ နောက်ထပ် နှစ်ပေါင်းတစ်ရာလုံး အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီးမှသာ မဟာမိတ်အဖွဲ့၌ ကျော်ကြားသော သိုင်းဘုရင်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် အခုတော့ အသက် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ယောက်က သူမ၏ နှစ်ပေါင်းတစ်ရာ ကြိုးစားမှုကို ဟာသတစ်ခုဖြစ်အောင် လုပ်လိုက်ခေပြီ။
ထို့အပြင် ခုနက တိုက်ခိုက်လိုက်စဉ်က ဂူချန်ထံမှ ခံစားလိုက်ရသော ခန္ဓာကိုယ်အင်အားမှာ သူမထက် အဆပေါင်းများစွာ သလွန်နေသည်။ သူသည် သိုင်းဘုရင် အဆင့် ၄ မှာသာ ရှိသေးသော်လည်း အရှိန်နှင့် ခွန်အားမှာ သိုင်းဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် သူမကို အပြတ်အသတ် သာလွန်နေသည်။
အကြွင်းမဲ့ အသာစီးရမှု....
သိုင်းဘုရင်နယ်ပယ်တွင် အဆင့်တစ်ခုစီ၏ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ အကယ်၍ သူသာ ထပ်ပြီး လေ့ကျင့်လိုက်မည်ဆိုပါက သိုင်းဘုရင်နယ်ပယ်တွင် သူ့ကို ယှဉ်နိုင်မည့်သူ ရှိပါတော့မည်လော ။
ယဲ့ရှူးသည် သူတို့ကြားမှ ကွာဟချက်ကို သိမြင်သွားသည့်အခါ သူမ၏ စိတ်ထဲတွင် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ထွက်ပြေးချင်စိတ်သာ ပြင်းပြလာတော့သည်။
ထွက်ပြေးရမည်။ သူမ လွတ်မြောက်သွားပြီး ဂူချန်၏ ယုတ်မာမှုများနှင့် သူသည် မြင့်မြတ်မီးလျှံဂိုဏ်း၏ သူတော်စင် ဖြစ်ကြောင်းကို မဟာမိတ်အဖွဲ့သို့ အစီရင်ခံနိုင်လျှင်၊ အဖွဲ့က အရှင်သခင် အဆင့် တစ်ဦးကို လွှတ်၍ သူ့ကို နှိမ်နင်းခိုင်းလိမ့်မည်။ ထိုအခါမှသာ သူမ ကလဲ့စားချေနိုင်ပေတော့မည်။
ယဲ့ရှူးသည် သူမ၏ ဝိညာဥ်ချီကို အစွမ်းကုန် အသုံးပြုလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်းများစွာ ဝေးသောနေရာသို့ ရောက်ရှိသွားသည်။
ဝုန်း...
သူမသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ထိုးထွက်လာပြီး ဦးတည်ရာတစ်ခုသို့ အသည်းအသန် ပြေးတော့သည်။
သို့သော်လည်း...
ခေတ္တအကြာတွင် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ လေးလံလှသော ဖိအားတစ်ခု သက်ရောက်လာသည်။ တောင်ကြီးတစ်လုံး ကျောပေါ်သို့ ရောက်လာသကဲ့သို့ ခံစားရပြီး လေထဲမှ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။
ဝုန်း...
တောအုပ်အတွင်း၌ ဖုန်မှုန့်များ တလိပ်လိပ် တက်လာသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းကြောင့် ဘေးပတ်လည်ရှိ ကျောက်တုံးများနှင့် သစ်ပင်များမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးကုန်သည်။
ပုံရိပ်တစ်ခုမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကျလျက် သွေးများကို တရစပ် အန်နေသည်။ ထိုဖုန်မှုန့်များကြားမှ အရပ်ရှည်ရှည်နှင့် တည်ငြိမ်သော ပုံရိပ်တစ်ခု ဖြည်းညင်းစွာ လျှောက်လာသည်။
ဂူချန်သည် မဟာမိတ်အဖွဲ့၌ ကျော်ကြားလှသော စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌ၏ မျက်နှာကို ခြေထောက်ဖြင့် နင်းခြေလိုက်ပြီး အောက်သို့ ကိုင်းညွှတ်ကာ အေးစက်သော လေသံဖြင့် မေးလိုက်သည် ။
"မင်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ခဲ့တဲ့ ရန်သူက မင်းရှေ့မှာ ရှိနေတာကို မင်းက ဘာလို့ ထွက်ပြေးနေရတာလဲ.."
ထိုစကားများမှာ ညကောင်းကင်ယံကို ဖြတ်စီးသွားသော လျှပ်စီးကြောင်းကဲ့သို့ ယဲ့ရှူး၏ နှလုံးသားကို ထိမှန်သွားသည်။ ယဲ့ရှူး၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အင်အားမဲ့စွာ ယိုင်နဲ့သွားသည်။
သူမ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး ရှိုက်ကြီးတငင် ငိုကြွေးသံများ ထွက်ပေါ်လာတော့သည်။
သူမ... တကယ် ငိုနေရှာလေပြီ။