← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

Chapter 169

~

အခန်း ၁၆၉ : အိမ်ထောင်သည် အမျိုးသမီး နှင့် ဂိမ်း ကစားခြင်း

~

​[စစ်ဆေးတွေ့ရှိချက် - ယဲ့ရှူး၏ နှလုံးသားအနက်ရှိုင်းဆုံးမှ နုညံ့သောနေရာကို သင်၏စကားများက ထိမှန်သွားစေပြီး သူမကို မျက်ရည်ကျအောင် လုပ်နိုင်ခဲ့ပါသည်။ စေတနာတန်ဖိုး + ၃,၅၀၀ ရရှိသည်။]

​[လက်ရှိ စေတနာတန်ဖိုး - ၄,၃၅၀]

​ဤအခြေအနေကို မြင်လိုက်ရသည့်အခါ...

​ဂူချန် သည် မျက်ခုံးကို အသာအယာ ပင်လိုက်မိပြီး စိတ်ထဲတွင် ကျေနပ်သွားသည်။

​'ဒီအဆင့်ထိ ရောက်နေတာတောင် ရမှတ်တွေ ဒီလောက် ထွက်နေသေးတာပဲ... သတ်ပစ်ဖို့ နှမြောစရာကောင်းလိုက်တာ ...'

​သူသည် အားအင်ကုန်ခမ်းကာ ရှိုက်ကြီးတငင် ငိုကြွေးနေသော အမျိုးသမီးကို တစ်ချက် ကြည့်လိုက်သည်။

​ယဲ့ရှူး ၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားပြီ ဖြစ်သည်။ သူမ၏ ကြည်လင်သော မျက်လုံးအစုံတွင် မျှော်လင့်ချက်မဲ့မှုများသာ ကျန်ရှိတော့ပြီး တစ်ကိုယ်လုံးမှာလည်း ရာဘာအရုပ်တစ်ခုကဲ့သို့ အင်အားမဲ့နေတော့သည်။ ဂူချန်က သူမ ကိုယ်ကို ထောက်ထားသည့် ခြေထောက်ကို အသာအယာ ဖိချလိုက်ရုံဖြင့် သူမသည် ဒူးတစ်ဖက်ထောက် အနေအထားမှ ဒူးနှစ်ဖက်စလုံး ထောက်လျက်သား ဖြစ်သွားရရှာသည်။

​သူမတွင် ခုခံလိုစိတ် လုံးဝ မရှိတော့သလို အသက်ရှင်လိုသည့် ဆန္ဒလည်း မကျန်တော့ပေ။ ယခုအချိန်တွင် သူမကို ဘာပဲလုပ်လုပ် မည်သည့်တုံ့ပြန်မှုမျှ ရှိတော့မည်မဟုတ်ဘဲ အမြန်ဆုံး သေဆုံးခွင့်ရရန်သာ ဆုတောင်းနေတော့မည် ဖြစ်သည်။

​ဂူချန်အတွက်မူ ဤသည်မှာ သတင်းကောင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် လက်ကို လှုပ်ရှားလိုက်ရာ အီလက်ထရွန်နစ် တက်ဘလက်တစ်ခု ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်တွင် ကြည်လင်ပြတ်သားသော စောင့်ကြည့်ရေးဗီဒီယိုတစ်ခု ပြသနေသည်။

​ဗီဒီယိုထဲတွင် တည်ကြည်သော ရုပ်ရည်ရှိသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးနှင့် အလွန်လှပသော မိန်းကလေးတစ်ဦးတို့သည် မှောင်မည်းသော အခန်းအသီးသီးတွင် အကျဉ်းချခံထားရပြီး အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်ကို တွေ့ရသည်။ ဤသူနှစ်ဦးမှာ ဂူချန်ကိုယ်တိုင် မြေအောက်ခန်းထဲတွင် အမှုန့်ချေပစ်ခဲ့သော ယဲ့ရှူး၏ ခင်ပွန်းနှင့် သမီးတို့နှင့် ချွတ်စွပ်တူနေသည်။

​ထိုဗီဒီယိုကို မြင်လိုက်ရသည့်အခါ ယဲ့ရှူး၏ အရောင်အဝါ ကင်းမဲ့နေသော မျက်လုံးများထဲတွင် မထင်မရှား အလင်းရောင်လေးတစ်ခု ရုတ်တရက် တောက်ပလာသည်။ ၎င်းမှာ မျှော်လင့်ချက် အလင်းရောင်ပင် ဖြစ်သည်။

​ဂူချန်သည် မျက်နှာပြင်ကို နှစ်ချက် နှိပ်လိုက်ရာ ဗီဒီယိုထဲရှိ မှောင်နေသော အခန်းများမှာ ချက်ချင်း လင်းထိန်သွားပြီး အတွင်းရှိ သားအဖနှစ်ဦးမှာ ထိတ်လန့်တကြား ဘေးဘီကို လှည့်ကြည့်နေကြသည်။

'​ဒါ.. ဒါ..'

​'ဖုန်းယွမ်နဲ့ ညန်စီးတို့ မသေသေးဘူး.. သူတို့ အသက်ရှင်နေသေးတယ်..'

​ယဲ့ရှူးသည် ချက်ချင်းပင် အသည်းအသန် ဖြစ်သွားပြီး တက်ဘလက်ကို လုယူရန် ကြိုးစားသော်လည်း ဂူချန်က သူမ၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

​ဖြန်း...

​ရိုက်ချက်မှာ ဦးနှောက်ကို မထိခိုက်စေဘဲ လူကို မူးဝေသွားစေရန် အရှိန်အဟုန် အတိအကျပင် ဖြစ်သည်။ ယဲ့ရှူးမှာ ထပ်မံ မလှုပ်ရှားရဲတော့ပေ။ သူမသည် ဂူချန်ကို အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး အောက်နှုတ်ခမ်းကို တင်းတင်းစေ့ကာ အရှက်တကွဲ ဖြစ်နေသော်လည်း မခုခံရဲရှာပေ။

​"ဥက္ကဋ္ဌယဲ့... ခင်ဗျ စိတ်ပူနေတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့ အရမ်းလည်း အလောမကြီးပါနဲ့ဦး.."

​ဂူချန်က သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး သနားကြင်နာသယောင် လေသံဖြင့် ပြောလိုက်သည် ။

"ခင်ဗျားတို့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ကျုပ် တကယ် ချီးကျူးမိပါတယ်။ ဒါကြောင့် သူတို့ကို ကယ်တင်ဖို့ ခင်ဗျားကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တယ်.."

​ဤမျှ စေတနာရမှတ် အများအပြား ထွက်ပေါ်သည့် အရင်းအမြစ်မျိုးမှာ ရှားပါးလှသဖြင့် ဂူချန်သည် သူမကို အကြိမ်ကြိမ် အသုံးချရန် ဆုံးဖြတ်ထားသည်။ လူတစ်ယောက်သည် မျှော်လင့်ချက် လုံးဝမဲ့သွားပါက မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ စိတ်ခံစားမှု ပြောင်းလဲခြင်း မရှိတော့ပေ။ ထိုအခါ စေတနာရမှတ်များလည်း ထွက်ပေါ်လာတော့မည် မဟုတ်။ ထို့ကြောင့် သူမကို ဆက်လက် အသုံးချနိုင်ရန်အတွက် သူမ အလေးအနက်ထားသည့် မိသားစုဝင်များကို အသုံးချ၍ မျှော်လင့်ချက် ပေးထားရမည်ဖြစ်သည်။

​"ဘာ... ဘာလုပ်ရမှာလဲ..."

​ယဲ့ရှူး၏ အသံမှာ တုန်ရီနေသည်။ သူမသည် ရှေ့မှ ထူးဆန်းသော မျက်လုံးရှိသည့် လူငယ်ကို ကြည့်ရင်း သူမ၏ ခြေချောင်းများမှာ မြေကြီးထဲသို့ ကြောက်ရွံ့စွာ ထိုးဝင်နေမိသည်။ သူမ၏ တစ်ကိုယ်လုံးမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်နှင့် တွေ့နေရသည့်အလား နောက်သို့ တွန့်ဆုတ်နေမိသည်။

​ဂူချန်က လှောင်ပြောင်သလို ပြုံးလိုက်ပြီး ..

​"ခင်ဗျား မြို့ထဲကို ပြန်ရောက်တာနဲ့ ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီမှာ တိုက်ရိုက်အင်တာဗျူးတစ်ခု ချက်ချင်း စီစဉ်လိုက်ပါ။ အဲ့ဒီအင်တာဗျူးမှာ လူအများရှေ့ မြေပြင်ပေါ်မှာ လေးဘက်ထောက်ပြီး ခွေးတစ်ကောင်လို ဟောင်ပြရမယ်။ ပြီးရင် ငါဟာ ဂူချန်ရဲ့ ခွေးမလေးပါ လို့ ပြောရမယ်.."

​"ကျုပ် ကျေနပ်သွားပြီဆိုရင်တော့ ခင်ဗျားရဲ့ ခင်ပွန်းနဲ့ သမီးကို ပြန်လွှတ်ပေးမယ်။ ခင်ဗျားတို့ မိသားစု ပြန်ဆုံစည်းစေရမယ်၊ နောက်လည်း ခင်ဗျားကို ဘာမှ ထပ်မနှောင့်ယှက်တော့ဘူး.."

​ဂူချန်သည် နောက်သို့ နှစ်လှမ်းဆုတ်ကာ လက်ဖဝါးများကို ဖြန့်ပြပြီး ရိုးသားလှသော လေသံဖြင့် ...

​"ကဲ... အခုဆိုရင် ခင်ဗျား အရမ်းကို ပျော်ပြီး စိတ်လှုပ်ရှားနေပြီ မဟုတ်လား.."

​ယဲ့ရှူးသည် သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ၎င်းမှာ အခွင့်အရေးတစ်ခု မဟုတ်ဘဲ သူမ၏ ဂုဏ်သိက္ခာကို မြေကြီးထဲ နင်းခြေပစ်မည့် ကစားပွဲတစ်ခုသာ ဖြစ်သည်။ သူမ၏ မိသားစုကို ဓားစာခံလုပ်ကာ လူပေါင်းများစွာ၏ ရှေ့မှောက်တွင် သိက္ခာမဲ့စေရန် လုပ်ခြင်းဖြစ်သည်။

​' ယုတ်မာလိုက်တာ..တကယ့်ကို အရှက်မရှိတဲ့ တိရစ္ဆာန်ပဲ..'

​'အသက် ၁၀၀ ကျော်ပြီဖြစ်တဲ့၊ မဟာမိတ်အဖွဲ့ရဲ့ ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ကျွန်ပါလို့ လူသိရှင်ကြား ကြေညာခိုင်းတာလား.. ပြီးတော့ လေးဘက်ထောက်ပြီး ခွေးတစ်ကောင်လို ဟောင်ရမှာလားး..'

​သို့သော်လည်း ခုနတင်မှ အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုကို မြည်းစမ်းခဲ့ရသဖြင့် သူမသည် ဂူချန်ကို လုံးဝ မငြင်းဆန်ရဲပေ။ သူမ၏ ညန်စီးနှင့် ဖုန်းယွမ်ကို ဆုံးရှုံး၍ မဖြစ်ပေ။ ထို့ကြောင့် သူမသည် အတင်းအကျပ် ခေါင်းညိမ့်ပြလိုက်ရသည်။ သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စူးဝင်နေတော့သည်။

​ဖြန်း..

​ဂူချန်က မကျေနပ်သေးဘဲ သူမ၏ ပါးကို နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။

​သူသည် ယဲ့ရှူးကို ကြင်နာဟန်ဖြင့် ကြည့်သော်လည်း မျက်လုံးထဲတွင်တော့ ရက်စက်မှုများ ပြည့်နေသည် ။

"ဘာလဲ... မင်း မပျော်ဘူးလား.."

​"ပျော်... ပျော်ပါတယ်..."

​ယဲ့ရှူးသည် ဒေါသမပြရဲပေ။ သူမသည် ပါးစပ်ကို အတင်းဖြဲကာ ငိုသည်ထက် ပိုဆိုးသော အပြုံးတစ်ခုကို ပြုံးပြလိုက်ရသည်။ သူမ၏ မျက်လုံးထဲတွင်တော့ ဂူချန်မှာ မိစ္ဆာတစ်ကောင်ထက်ပင် ပို၍ ကြောက်စရာကောင်းနေတော့သည်။

​[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် ကြင်နာတတ်သူပီပီ ဝမ်းနည်းနေသော ယဲ့ရှူးအား ပြန်လည် ပျော်ရွှင်လာစေရန် ကူညီပေးခဲ့ပါသည်။ စေတနာတန်ဖိုး + ၅၀၀ ရရှိသည်။]

​"..."

​ဂူချန်၏ အမူအရာမှာ ပြန်လည် တည်ငြိမ်သွားပြီး သတိပေးလိုက်သည် ။

​"မဟာမိတ်အဖွဲ့ထဲက လူကြီးတွေကို အသိပေးဖို့ ဘာဖို့တော့ လုံးဝ မစဉ်းစားနဲ့နော် ။ ဘာပြောရမယ်၊ ဘာမပြောရဘူးဆိုတာ မင်း ကောင်းကောင်းသိပါတယ်.."

​"တစ်ခုခု ထူးခြားတာနဲ့ မင်းရဲ့ ဦးနှောက်ထဲက ကင်းခြေများက မင်းရဲ့ ဦးနောက်ကို ချက်ချင်း ဖျက်ဆီးပစ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းရဲ့ ခင်ပွန်းနဲ့ သမီးလည်း ငရဲကို မင်းနဲ့အတူ လိုက်လာရလိမ့်မယ်.."

​ယဲ့ရှူး၏ ခန္ဓာကိုယ်မှာ ထိုအကျိုးဆက်ကို မတွေးရဲအောင် တုန်ရီနေသည်။

​"အေး... အဲ့ဒါမှပေါ့.."

​ဂူချန်က ပြုံးလိုက်ပြီး ယဲ့ရှူး၏ သွေးစွန်းနေသော ဆံဖြူများကို ခွေးလေးတစ်ကောင်ကို ပွတ်သပ်သလို ပွတ်သပ်ပေးလိုက်ကာ ..

"သွားတော့.."

​ယဲ့ရှူးသည် အသည်းအသန် ထရပ်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နေပြီး ရိုက်နှက်ခံထားရသော လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ဂူချန်၏ အမျက်တော်ကို ကြောက်၍ ခြေတစ်လှမ်းပင် မလှမ်းရဲဘဲ ဖြစ်နေရှာသည်။

​ဂူချန်သည် သူမ၏ ကျောပြင်ကို ခြေထောက်ဖြင့် တစ်ချက်ကန်ကာ သူ၏ စစ်မှန်သော ချီစွမ်းအင် ဖြင့် သူမကို မီတာ တစ်ထောင်ကျော်ဝေးသော နေရာသို့ လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်၏။

​သူမ ထွက်သွားပြီးနောက် ဂူချန်သည် ဖုန်းကို ထုတ်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ ထိုနှစ်ယောက် မသေသေးဘူးဆိုသည်က ယဲ့ရှူးကို လှည့်စားလိုက်သည့် လိမ်ညာမှုသာ ဖြစ်သည်။ ယဲ့ရှူးကို အဆုံးစွန်အထိ နာကျင်မှု ပေးနိုင်ရန်အတွက် မြေအောက်ခန်းထဲတွင် ထိုသားအဖနှစ်ဦးကို သူကိုယ်တိုင် သတ်ခဲ့ခြင်း ဖြစ်သည်။ သူမ ခုနက မြင်လိုက်ရသည့် ဗီဒီယိုမှာ သူ ဖန်တီးထားသည့် ပုံရိပ်ယောင်လှည့်စားမှု သာ ဖြစ်သည်။

​ပုံမှန်အချိန်ဆိုလျှင် ယဲ့ရှူးကဲ့သို့သော ပုဂ္ဂိုလ်မှာ ဤလှည့်ကွက်ကို ချက်ချင်း သိနိုင်သော်လည်း ယခုအခါ သူမ၏ စိတ်ဓာတ်မှာ ပြိုလဲနေပြီး မျှော်လင့်ချက်ကိုသာ အသည်းအသန် ဆုပ်ကိုင်ထားသဖြင့် ၎င်းမှာ အတုဖြစ်နိုင်သည်ဟု လုံးဝ မစဉ်းစားမိဘဲ မိမိကိုယ်ကို ပြန်လည် လှည့်စားနေခြင်း ဖြစ်သည်။

​ဂူချန်သည် တစ်နေရာသို့ ဦးတည်ကာ လျှောက်သွားလိုက်ရာ သူ၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး မိုင်ပေါင်းများစွာကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်သွားတော့သည်။

​[ဒင်..]

​[ဂုဏ်ယူပါသည်၊ သင်၏ ကံမ္မအဆင့်မှာ စိတ်ဝိညာဥ်အလယ်အဆင့်သို့ တိုးမြှင့်ခံရပါပြီ..]

​[သင့်အတွက် ကံကြမ္မာလက်ဆောင်ထုတ်ကို ကျပန်း ရွေးချယ်ပေးနေပါသည်...]

​[ရွေးချယ်မှု အောင်မြင်ပါသည်]

​[ဂုဏ်ယူပါသည် အိမ်ရှင်၊ အနီရောင်အဆင့် လက်ဆောင်ထုတ် ကို ရရှိပါသည်]

Chapter 170

~

အခန်း ၁၇၀ : ခန္ဓာကိုယ်သန့်စင်နိုင်သော နဂါးသွေးကန်

~

​တောင်ပိုင်းမဟာမိတ်၊ တောင်ပိုင်းမြို့တော်၊ တောင်ပိုင်းကောင်းကင်တံခါး တက္ကသိုလ်။

​လင်းယဲ့ သည် ကျောင်းအုပ်ကြီးရုံးခန်းအတွင်း၌ အဝတ်အစားများ ဖရိုဖရဲဖြစ်နေကာ မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ဟိုမှဒီသို့ လူးလာခေါက် တုံလမ်းလျှောက်နေသည်။

​"ဟေ့ ..အဘိုးကြီး လင်းယဲ့... ဟိုလျှောက်ဒီလျှောက် လုပ်မနေစမ်းပါနဲ့။ မင်းဆီက ထွက်နေတဲ့ အနံ့အသက်တွေက ငါ့ရုံးခန်းထဲမှာ နံဟောင်နေပြီ.."

​ကျောင်းအုပ်ကြီး ရှီကျန့် သည် သူ၏ နားထင်ကို နှိပ်နယ်ရင်း မကျေနပ်ဟန်ဖြင့် ညည်းညူလိုက်သည်။

​"ရှီကျန့်... ငါ အခုမှ လက်ခံထားတဲ့ တပည့်လေးနဲ့ နှစ်ခါပဲ တွေ့ရသေးတာ။ အခု သူရှိနေတဲ့ မြို့က မြင့်မြတ်မီးလျှံဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခံနေရတာလေ။ ငါ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ.."

​လင်းယဲ့က ခြေလှမ်းများကို ရပ်လိုက်ပြီး မကျေမနပ် ပြောလိုက်သည် ။

"ဒီ အသုံးမကျတဲ့ မဟာမိတ်လွှတ်တော်ကလည်း ဘာတွေ ဆွေးနွေးနေကြတာလဲ မသိဘူး။ ငါက ဂူချန် ရဲ့ ဆရာဖြစ်နေတာတောင် ကျန်းမြို့ကို သွားပြီး စုံစမ်းစစ်ဆေးဖို့ ငါ့ကို ခွင့်မပြုကြဘူး.."

​"ဒါက မင်းရဲ့ အမှားပဲ မဟုတ်လား.."

ရှီကျန့်က လက်ဖက်ရည်ကို အေးအေးဆေးဆေး တစ်ငုံသောက်ရင်း ပြောသည် ။

"အထက်ကို အစီရင်ခံစာ မတင်ဘဲ ကျန်းနန်ပြည်နယ်ကို တန်းသွားပြီး တပည့်လက်ခံခဲ့တာ ဘယ်သူလဲ.."

​"..." လင်ယဲ့ စကားမပြောနိုင်တော့ပေ။

​မဟာမိတ်အဖွဲ့၏ ထိပ်တန်း အင်အားစုများ ဖြစ်ကြသည့် သိုင်းဘုရင်အဆင် သိုင်းပညာရှင်တိုင်းသည် သွားလာလှုပ်ရှားမှု ကန့်သတ်ခံထားရသည်။ တာဝန်ဖြင့် သွားခြင်းမဟုတ်ပါက မည်သည့်နေရာသို့မဆို သွားလိုလျှင် ကြိုတင် အစီရင်ခံရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သိုင်းဘုရင်အဆင့် သိုင်းသမားတစ်ဦး၏ တိုက်ကွက်တစ်ခုမှာ ပင်လယ်ကို မှောက်လှန်နိုင်ပြီး မြို့တစ်မြို့ကို မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သည်။

​ထိုသို့သော ဖျက်ဆီးအားကြောင့် မဟာမိတ်အဖွဲ့၏ အထက်လူကြီးများက စိုးရိမ်ကာ ကန့်သတ်ချက်များ ထားရှိခြင်းမှာ သဘာဝကျပေသည်။ ဤသည်မှာ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်း၏ အားနည်းချက်တစ်ခု ဖြစ်သည်။ ဆုကြေးနှင့် ခံစားခွင့်များ အလွန်ကောင်းသော်လည်း လွတ်လပ်မှုတော့ သိပ်မရှိလှပေ။

​လင်းယဲ့ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရှီကျန့်က နှစ်သိမ့်လိုက်သည် ။

"စိတ်အေးအေးထားပါ... မြင့်မြတ်မီးလျှံဂိုဏ်းက လူတွေကလည်း လူမိုက်တွေ မဟုတ်ပါဘူး။ မင်းကို အလေးမထားရင်တောင် ဂူဝူချန်း ကိုတော့ သူတို့ ထည့်တွက်ရမှာပဲလေ.."

​"ဂူဝူချန်းက သူ့သားကို ဘယ်လောက် အလိုလိုက်လဲဆိုတာ လူတိုင်းသိတယ်။ ဂူချန်ကို တစ်ခုခုထိခိုက်အောင် လုပ်မိရင် သူ လုံးဝ ရူးသွပ်သွားမှာ။ ဒါနဲ့ ငါ တကယ် သိချင်တာက မင်းပြောတဲ့ ဂူချန်က တကယ်ပဲ အဲ့လောက် ထူးချွန်လို့လား.."

​"ဒါပေါ့.."

​သူ၏ အဖိုးတန်တပည့်၏ ပါရမီအကြောင်း ပြောလိုက်သည်နှင့် လင်းယဲ့မှာ ချက်ချင်းပင် တက်ကြွသော ကြက်ဖကြီး ဖြစ်သွားတော့သည်။ သူတို့ တစ်ကြိမ်သာ တွေ့ဖူးသေးသော်လည်း ဂူချန်အပေါ် ထားရှိသည့် မျှော်လင့်ချက်များမှာ တစ်နေ့ထက်တစ်နေ့ ပိုမြင့်မားလာနေ၏။

​လင်းယဲ့သည် သူ၏ ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည် ။

"ငါ ပြောရဲတယ်... ဂူချန်က ဒီမျိုးဆက်သစ်တွေထဲမှာ ပါရမီအရှိဆုံးပဲ။ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး.. အရင်က သိုင်းစာမေးပွဲ အမှတ်တွေကို မင်းသိတယ်မဟုတ်လား.. မဟာမိတ်သမိုင်းမှာ အမြင့်ဆုံး စံချိန်တင်ထားတဲ့ အမှတ် ခုနစ်ဆယ်ကျော်ဆိုတာ မယုံနိုင်စရာပဲ.."

​"ပြီးတော့ အဲ့ဒီကလေးက သူ့ရဲ့ ပါရမီ မနိုးကြားခင်ကတည်းက တတိယအဆင့် အထွတ်အအိပ်ကို ရောက်နေတာ... မဟုတ်ဘူး၊ ဗာဂျရာ(အဆင့် ၄) အဆင့် အထွတ်အထိပ်လို့တောင် ထင်ရတယ်။ အဲ့ဒီကလေးက သူ့အစွမ်းကို ဖုံးကွယ်ထားခဲ့တာ.."

​လင်းယဲ့သည် သူ၏ တပည့်ကြီး လင်းပေ့နှင့် မြောက်ပိုင်းမဟာမိတ်မှ လုံအောက်တို့မှာ ဗာဂျရာ နောက်ဆုံးအဆင့်မှာသာ ရှိကြသည်ကို ရုတ်တရက် သတိရသွားသည်။ ဂူချန်က သူတို့ကို အနိုင်ယူနိုင်သည်ဆိုလျှင် သူ၏ ကျင့်စဉ်အဆင့်မှာ သူတို့ထက် မနိမ့်နိုင်သလို ပို၍ပင် မြင့်မားနိုင်ပေသည်။

​သိုင်းစာမေးပွဲ မတိုင်ခင်ကတည်းက ပါရမီနိုးကြားခြင်း မရှိဘဲ ဗာဂျရာအဆင့် အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်သည်ဆိုကတည်းက သူ၏ အခြေခံမှာ မည်မျှ ကောင်းမွန်ကြောင်း သိသာလှသည်။

​ထိုစဉ်က ဂူချန်၌ SSS အဆင့် ပါရမီ တစ်ခုသာ ရှိသည်ဟု ထင်ခဲ့သော်လည်း သူပြန်ခါနီးတွင် နောက်ထပ် SSS အဆင့် ပါရမီတစ်ခု ထပ်မံ နိုးကြားလာသည်ကို တွေ့ခဲ့ရသည်။ ထို့အပြင် နတ်ဘုရားလမ်းစဉ် နန်းဆောင် မှ သတင်းများအရ သူ၏ တာအို နားလည်သဘောပေါက်မှုမှာလည်း သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေသည်ဟု သိရသည်။

​ဤအချက်ကို တွေးမိတိုင်း လင်ယဲ့မှာ အံ့ဩမဆုံး ဖြစ်နေမိသည် ။

'ဒီကလေးကတော့ ငါ့ကို အံ့ဩစရာတွေပဲ ပေးနေတော့တာပဲ...'

​ထိုစဉ် လင်းယဲ့၏ အသံမှာ တိုးတိုးလေး ဖြစ်သွားပြီး ...

"ရှီကျန့်... ငါ ပြောပြမယ်။ ဂူချန်ရဲ့ ပါရမီက သာမန်မဟုတ်ဘူး။ မဟာမိတ်လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က ဂူချန် တောင်ပိုင်းမြို့တော်ကို ရောက်လာတာနဲ့ သူ့ကို ကိုယ်တိုင် တွေ့ချင်တယ်လို့ ငါ့ကို အကြောင်းကြားထားတယ်.."

​"ဥက္ကဋ္ဌကြီးက သူ့ကို တွေ့ချင်တယ် ဟုတ်လား.."

ရှီကျန့်မှာ အနည်းငယ် အံ့ဩသွားသည်။

​တက္ကသိုလ်တောင် မတက်ရသေးသည့် ကျောင်းသားတစ်ဦးကို ဥက္ကဋ္ဌကြီးကိုယ်တိုင် စိတ်ဝင်စားနေသည်ဆိုလျှင် ထိုသူ၏ ပါရမီမှာ မည်မျှအထိ ကောင်းကင်ကို ဖီဆန်နေသနည်း။

​"အင်းလေ.."

လင်းယဲ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကိုမော့လိုက်သည်။ ထို့နောက် ရှီကျန့်ကို တစ်ချက်ကြည့်ကာ လှောင်ပြောင်သလို ပြောလိုက်၏ ။

"ဂူချန် ရောက်လာတဲ့အခါ ကျောင်းအုပ်ကြီး ရှီကျန့်က သူ့ကို နဂါးသွေး ခန္ဓာကိုယ်သန့်စင်ကန် မှာ ဝင်ခွင့်မပေးဘူးလို့ ဥက္ကဋ္ဌကြီးဆီ တိုင်ခိုင်းလိုက်ဦးမယ်.."

​ထိုစကားကြောင့် ရှီကျန့်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အပြုံးတစ်ခု ပေါ်လာပြီး ...

"လင်းယဲ့ရာ... အဲ့ဒီ နေရာတွေက ကြိုတင် ရွေးချယ် သတ်မှတ်ပြီးသားလေ။ အခု ဂူချန်ကို ထည့်မယ်ဆိုရင် တစ်ယောက်ယောက်ကို ဖယ်ထုတ်ရမှာပေါ့..."

​"အဲ့ဒီ လျောင်ဝန် ကိုပဲ ဖယ်ထုတ်လိုက်ပေါ့.."

​လင်းယဲ့က စားပွဲကို ပုတ်ကာ ပြောလိုက်သည် ။

"သူ့မှာ နောက်ခံလည်း မရှိဘူး။ ရွေးထားတဲ့ လူတွေထဲမှာ သူ့ရဲ့ ပါရမီနဲ့ အစွမ်းက သာမန်အဆင့်ပဲ ရှိတာ။ သူ့ကို ဖယ်ထုတ်လိုက်တာ အကောင်းဆုံးပဲ.."

​"..."

​ရှီကျန့်သည် ခေတ္တမျှ တွေးတောနေပြီး သက်ပြင်းချကာ သဘောတူလိုက်သည် ။

"ကောင်းပြီလေ... လျောင်ဝန်ရဲ့ နေရာကို ဂူချန်ကို ပေးလိုက်မယ်.."

​"ဒါပေမဲ့ ဒါက လျောင်ဝန်အတွက် နောက်ဆုံးနှစ်ပဲ။ အခုမှ ဖယ်ထုတ်ခံရရင် သူ တော်တော်လေး နာကျည်းသွားနိုင်တယ်။ ဂူချန် ကျောင်းတက်တဲ့အခါ သူ့ကို ရှောင်ခိုင်းဖို့တော့ သတိပေးထားလိုက်ဦး.."

​"ဒါပေါ့... ငါ ပြောလိုက်ပါ့မယ်.."

လင်းယဲ့က ခေါင်းညိမ့်သည်။

​အရင်းအမြစ်များမှာ ကန့်သတ်ထားသဖြင့် အရေးကြီးသော အရာများကို အရေးကြီးသော လူများအတွက်သာ သီးသန့်ထားရမည်မှာ သဘာဝပင်။ ထူးချွန်သော အစွမ်းနှင့် နောက်ခံ မရှိပါက ပေးဆပ်သူ ဖြစ်လာရစမြဲ ဖြစ်သည်။

​ဂူချန်၏ ကျင့်စဉ်အဆင့်အရ သူသည် အနှစ် ၅၀ အတွင်း နတ်ဘုရားတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိမည်မှာ သေချာပြီး သိုင်းဘုရင်အဆင့်ကိုပင် လှမ်းမြင်နေရသည်။ လျောင်ဝန်မှာမူ တစ်သက်လုံး ကြိုးစားလျှင်ပင်နတ်ဘုရားတက်လှမ်းခြင်းအဆင့်၏ အနားကိုပင် မသီနိုင်သည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ဂူချန်ကို အထူးအခွင့်အရေး ပေးခြင်းက ဂူမိသားစု၏ ကျေးဇူးကို ရရှိမည်ဖြစ်ရာ ရှီကျန့်အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

​နစ်နာသွားမည့်သူမှာ လေးနှစ်ပတ်လုံး ကြိုးစားခဲ့သော လျောင်ဝန်သာ ဖြစ်သော်လည်း မည်သူက ဂရုစိုက်မည်နည်း ။

​"ဒါပေမဲ့ အခု ကျန်းမြို့က အဝင်အထွက် ပိတ်ထားတာလေ။ နဂါးသွေးကန်က နောက်တစ်ပတ်ဆို ဖွင့်တော့မှာ။ ဂူချန် အချိန်မီ ရောက်လာပါ့မလား..."

​လင်းယဲ့သည် ပြဿနာတစ်ခုကို သတိရသွားသည်။ ကျန်းမြို့မှာ မြို့စောင့်မဟာအစီအရင်ကို အပြည့်အဝ လည်ပတ်ထားသဖြင့် မည်သူမျှ အဝင်အထွက် လုပ်၍ မရပေ။ ထို့အပြင် ဟင်းလင်းပြင် စွမ်းအင်များ ပရမ်းပတာ ဖြစ်နေသဖြင့် တယ်လီပို့ လည်း လုပ်၍ မရပေ။

​"မင်းကလည်း အ တယ်နော်.."

​ရှီကျန့်က နဖူးကို လက်နှင့်အုပ်ကာ ပြောလိုက်သည် ။

"မင်းက စည်းကမ်းဖောက်လို့ ကန့်သတ်ခံထားရတာလေ။ ဂူချန်ကို ဥက္ကဋ္ဌကြီးက အလေးထားတယ်ဆိုရင် ဂူချန်ကို သွားကြိုဖို့ အကြောင်းပြပြီး ကျန်းမြို့ကို သွားဖို့ ခွင့်တောင်းလိုက်ပေါ့။ ဥက္ကဋ္ဌကြီး ခွင့်ပြုမှာ သေချာပါတယ်.."

​"အကယ်၍ မရဘူးဆိုရင်လည်း ငါ မင်းအတွက် သွားပေးပါ့မယ်.."

​"ကောင်းပြီ... ကျေးဇူးပဲ.."

​လင်းယဲ့လည်း သဘောပေါက်သွားပြီး ကျေးဇူးတင်စကား ဆိုကာ မဟာမိတ်ဌာနချုပ်သို့ ချက်ချင်း ထွက်ခွာသွားတော့သည်။ သူသည် ဂူချန်ကို တပည့်အဖြစ် ခံယူထားသော်လည်း အဆက်အသွယ် အလွန်နည်းသေးသဖြင့် အခြား သိုင်းဘုရင်များက ဂူချန်၏ ပါရမီကို မြင်သွားပြီး လုယူသွားမည်ကိုလည်း စိုးရိမ်နေမိသည်။

​ထိုသို့တွေးရင်း လင်းယဲ့၏ ခြေလှမ်းများမှာ ပိုမို မြန်ဆန်လာကာ သူဖြတ်သန်းသွားသော လမ်းတစ်လျှောက်တွင် လေထုကြီးမှာ ဟက်တက်ကွဲသွားတော့သည်။

All Chapters