← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 17 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 17 Ch. 171-172

Chapter 171

~

အခန်း ၁၇၁ : နတ်ဘုရားလက်နက် ..အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်

~

​ကျန်းမြို့၊ ဂူမိသားစု အိမ်တော်။

​[အနီရောင်အဆင့် ကံကြမ္မာလက်ဆောင်ထုတ်ကို စစ်ဆေးတွေ့ရှိရပါသည်။ အိမ်ရှင်အနေဖြင့် ဖွင့်လှစ်လိုပါသလား]

​ဂူချန် သည် လေ့ကျင့်ရေးခန်းမသို့ ပြန်ရောက်လာပြီးနောက် သူ၏ ရှေ့မှောက်တွင် လွင့်မျောနေသော စိတ်ကူးယဉ်ဆန်လှသော အလင်းမျက်နှာပြင်ကို ကြည့်ကာ ခေတ္တမျှ မှင်တက်သွားမိသည်။ ထို့နောက် စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်မိ၏။

​သူ၏ ကံမ္မအဆင့် တိုးတက်မလာသည်မှာ ကြာမြင့်လှပြီဖြစ်သဖြင့် တစ်နေရာရာတွင် တစ်ဆို့နေပြီလားဟုပင် သူ သံသယဝင်နေခဲ့ခြင်း ဖြစ်သည်။ သိုင်းစာမေးပွဲအတွင်း နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ပြီး နတ်ဘုရားအမွေအနှစ်ကို ရရှိခဲ့စဉ်ကပင် သူ၏ အဆင့်မှာ တက်သင့်နေပြီဟု ခံစားခဲ့ရသော်လည်း တက်မလာခဲ့ပေ။ လျူလုံတက္ကသိုလ်သို့ သွားရောက်ခဲ့စဉ်ကလည်း ထိုနည်းအတိုင်းပင်။

​ယခုမူကား သူ အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ရသော ကံမ္မအဆင့် တိုးတက်မှုမှာ နောက်ဆုံး၌ ရောက်ရှိလာခဲ့လေပြီ။ အဆင့်၏ အမည်နာမမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း တိုးတက်မှုကတော့ တိုးတက်မှုပင် ဖြစ်သည်။

​ထို့အပြင် စတင်လိုက်သည်နှင့်ပင် သူ့အား ကြီးမားသော လက်ဆောင်တစ်ခု ပေးအပ်ခဲ့သည်။ ၎င်းမှာ အနီရောင်အဆင့် ကံကြမ္မာလက်ဆောင်ထုတ် ဖြစ်သည်။ စနစ်၏ စည်းမျဉ်းများအရ အနီရောင်အဆင့်မှာ ရွှေရောင်ထက်ပင် ပိုမို တန်ဖိုးကြီးမားလှသည်။

​ယခင်က ရွှေရောင်လက်ဆောင်ထုတ်မှတစ်ဆင့် ရရှိခဲ့သော SS အဆင့် ပါရမီ သတ်ဖြတ်ခြင်းလက်ဝါး သည်ပင် အကြွင်းမဲ ထိုးဖောက်နိုင်စွမ်း နှင့် ဝိညာဉ်ထိန်းချုပ်မှု တို့ကြောင့် သူ့အတွက် အစားထိုးမရနိုင်သော အထောက်အပံ့ကောင်း ဖြစ်ခဲ့၏။ သူ၏ ခန္ဓာကိုယ်အခြေခံနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့အတွက်လည်း များစွာ အထောက်အကူပြုခဲ့သည်။

​အခုတော့ အနီရောင် ကံကြမ္မာလက်ဆောင်ထုတ်...

​ဂူချန်သည် သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းကာ ရှေ့မှ အလင်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း အမိန့်ပေးလိုက်သည် ။

​"စနစ်... ဖွင့်လိုက်တော့.."

​[ဒင်..]

​[အနီရောင်လက်ဆောင်ထုတ်ကို ဖွင့်လှစ်လိုက်ပါပြီ]

​[ဂုဏ်ယူပါသည် အိမ်ရှင်.. သင်သည် နတ်ဘုရားလက်နက် - အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန် ကို ရရှိပါသည်]

​ဝုန်း..

​အလင်းမျက်နှာပြင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်ချက်ပေါင်းများစွာ ကိန်းအောင်းနေသော အနီရောင် အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တားဆီး၍မရသော အရှိန်အဝါဖြင့် မိုးကောင်းကင်ကို ဖောက်ထွင်းသွားတော့သည်။

​ထိုအနီရောင် အလင်းတန်းအောက်တွင် အေးစိမ့်ပြီး ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်များမှာ လှိုင်းတံပိုးများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ကျန်းမြို့ တစ်မြို့လုံး၏ ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။ တောက်ပနေသော နေမင်းမှာလည်း ချက်ချင်းပင် ဖုံးကွယ်ခြင်း ခံလိုက်ရပြီး မြို့တော်တစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။

​ထောင်ပေါင်းများစွာသော နတ်ဘုရားများနှင့် မိစ္ဆာများ၏ ပုံရိပ်ယောင်များမှာ လေထဲတွင် ဝန်းရံလျက် ရှိနေကြပြီး အလယ်ဗဟို၌ နတ်ဘုရားအလင်းတန်းများ ယှက်နွယ်နေသည်။ ထူးဆန်းပြီး စွဲမက်ဖွယ်ကောင်းသော တေးသံများမှာလည်း လောကတစ်ခွင်၌ ပဲ့တင်ထပ်နေတော့သည်။

​ကျန်းမြို့အတွင်း၌ လမ်းမပေါ်တွင် ကင်းလှည့်နေကြသော စောင့်ကြည့်ရေးကောင်စီမှ သိုင်းပညာရှင်များမှာ ရုတ်တရက် ကောင်းကင်ကြီး မှောင်သွားကာ မြေပြင်တစ်ခုလုံး အနီရောင်အလင်းများဖြင့် လွှမ်းမိုးသွားသည်ကို မြင်လိုက်ရသည့်အခါ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ သူတို့သည် ဝေးကွာသော အရပ်မှ ကောင်းကင်သို့ ထိုးတက်နေသော အလင်းတိုင်ကြီးကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားကြတော့သည်။

​"ဒါက ဘာလဲ.. ထိပ်တန်းရတနာတစ်ခု ပေါ်ထွက်လာတာလား၊ ဒါမှမဟုတ် အရှင်သခင် အဆင့်ကို တက်လှမ်းသွားတဲ့သူ ရှိတာလား..ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင်းကင်နဲ့ မြေပြင် နိမိတ်ထူးတွေ ပေါ်လာရတာလဲ.."

​"မြင့်မြတ်မီးလျှံဂိုဏ်းက ကျွမ်းကျင်သူတွေ မြို့ကို ဖျက်ဆီးဖို့ ပြန်လာကြတာများလား.."

​"အဲ့ဒီ ဦးတည်ရာက... ဂူမိသားစု အိမ်တော် ရှိတဲ့နေရာပဲ.."

​လေပြင်းများ တိုက်ခတ်ကာ မိုးကြိုးများ ပစ်ချနေသည်မှာ ကောင်းကင်ကြီး ပြိုကျပြီး မြေကြီး အက်ကွဲတော့မည့်အလားပင်။ အိပ်ပျော်နေသော လူများပင် လန့်နိုးလာကြပြီး တုန်ခါမှုများ ဖြစ်ပေါ်နေသော အရပ်ဆီသို့ ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေမိကြသည်။

​မြေပြင်တစ်ခုလုံးကို ရဲရဲနီစေသော အနီရောင်အလင်းနှင့် ထိုအလင်းတိုင်ကြီးထံမှ ထွက်ပေါ်နေသော ရင်တုန်စရာ အရှိန်အဝါ မှာ အလွန်ပင် ကြီးမားလှသဖြင့် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုဖိအားမှာ ခေတ္တမျှသာ ပေါ်ထွက်လာသော်လည်း ကျန်းမြို့ရှိ သန်းပေါင်းများစွာသော လူများကို အသက်ရှူ ကျပ်သွားစေပြီး သူတို့၏ စိတ်ထဲ၌ အလိုအလျောက် ဒူးထောက်အရှုံးပေးလိုသော စိတ်များ ဖြစ်ပေါ်လာစေသည်။

​ကျင့်စဉ်အဆင့် နိမ့်ပါးသူများမှာမူ ကောင်းကင်ကို ထိုးဖောက်နေသော ထိုနတ်ဘုရားအလင်းကို တိုက်ရိုက်ကြည့်မိသည့်အခါ မျက်လုံးများအတွင်း ဓားဖြင့် မွှန်းခံရသကဲ့သို့ နာကျင်မှုများကို ခံစားလိုက်ရသည်။

​စောင့်ကြည့်ရေးကောင်စီအတွင်းရှိ ဆုန့်ကျန်း၊ ကောင်စီဝင်ရွှီ နှင့် အခြားသော သိုင်းဘုရင် များမှာ ယဲ့ရှူး ပြန်ရောက်လာသည့်အတွက် ဝမ်းသာနေကြစဉ်မှာပင် ဤမြေကမ္ဘာကို တုန်လှုပ်စေသော နိမိတ်ထူးကြီး ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။

​အနီရောင်အလင်းက ကောင်းကင်ကို ထိုးဖောက်နေပြီး နတ်ဘုရားများနှင့် မိစ္ဆာများ ဘေးချင်းယှဉ် ရပ်နေကြသည်။ နှစ်ပေါင်း ရာချီ အသက်ရှင်လာခဲ့ကြသော သူတို့ပင် ဤမျှ ကြီးမားလှသော အရှိန်အဝါမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

​"ဒါ ဘာလို နိမိတ်မျိုးလဲ.. ငါ သိုင်းဘုရင်အဆင့်ကို တက်တုန်းက ပြသခဲ့တဲ့ အစွမ်းက ဒါနဲ့ယှဉ်ရင် ကောင်းကင်ကြီးကို မော့ကြည့်နေရတဲ့ ပိုးကောင်လေးလိုပဲ.."

​"နတ်ဘုရားလက်နက်တစ်ခု ပေါ်ထွက်လာတာနဲ့ တူတယ်... ငါတို့ ချက်ချင်း သွားစစ်ဆေးရမယ်.."

​"မြင့်မြတ်မီးလျှံဂိုဏ်း ကိစ္စကို ခဏထားလိုက်ဦး..."

​သူတို့၏ အမြင်အရ ကောင်းကင်နှင့် မြေကြီးမှ နတ်ဘုရားအလင်းများ ထွက်ပေါ်ကာ ထူးဆန်းသော တေးသံများ ပဲ့တင်ထပ်နေခြင်းမှာ ထိပ်တန်းရတနာတစ်ခု ပေါ်ထွက်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆလိုက်ကြသည်။ လောလောဆယ် မြို့ထဲတွင် အရှင်သခင် အဆင့်ရှိသူ မရှိသဖြင့် သူတို့သည်သာ အင်အားအကြီးဆုံး ဖြစ်သည်။ အကယ်၍ ထိုလက်နက်ကိုသာ ရရှိခဲ့လျှင်...

​သိုင်းဘုရင်များသည် မိန်းမောနေသော ယဲ့ရှူးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နိမိတ်ထူးများ ဖြစ်ပေါ်ရာ ဗဟိုချက်ဆီသို့ ချက်ချင်း ပျံသန်းသွားကြတော့သည်။

​လေ့ကျင့်ရေးခန်းမအတွင်း ဂူချန်၏ လက်ဖဝါးပေါ်တွင် မှောင်မည်းသော အလင်းတန်းများ ရစ်ပတ်နေပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပါရှိနေသည်။ မကြာမီမှာပင် အဆုံးမဲ့ မိစ္ဆာစွမ်းအင်များ ဖြာထွက်နေသော နတ်မိစ္ဆာလှံပုဆိန်သည် သူ၏ လက်ထဲတွင် ပေါ်ပေါက်လာသည်။ လှံရိုးမှာ အနက်ရောင် သံကြိုးများဖြင့် ပတ်ထားပြီး ထိုသံကြိုးများပေါ်တွင် ခရမ်းရောင် လျှပ်စီးများ လက်နေသည်။

​လှံသွားကို အစွမ်းထက်သော အနက်ရောင် သတ္တုဖြင့် သွန်းလုပ်ထားပြီး အပိုင်းတိုင်းတွင် ဓားသွားကဲ့သို့ ထက်မြက်သော ဆူးချွန်များ ပါရှိကာ ရင်တုန်စရာ ကောင်းသော အမှောင်ထုအရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်း၏ ပုံသဏ္ဌာန်ကို မြင်ရရုံနှင့်ပင် မတွန်းလှန်နိုင်သော ဖိအားများကို ခံစားရစေသည်။

​"အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်..."

​ဂူချန်၏ မျက်လုံးများ နက်ရှိုင်းသွားပြီး သူ၏ မျက်ဝန်းများမှ အနက်ရောင် အငွေ့အသက်များ စီးထွက်လာကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤကြောက်မက်ဖွယ် အရှိန်အဝါမှာ သူ သတ်ဖြတ်ခြင်းလက်ဝါး ကို နိုးကြားခဲ့စဉ်က ခံစားခဲ့ရသည်ထက် များစွာ သာလွန်လှသည်။ ဤနတ်ဘုရားလက်နက်၏ တန်ဖိုးမှာ အခြားသော ကမ္ဘာမှ ရတနာဖြစ်သည့် ကောင်းကင်နဲ့မြေပြင် စစ်တုရင်ခုံထက်ပင် သာလွန်နိုင်ပေသည်။

​သူသည် သူ၏ ရှေ့မှောက်တွင် ပေါ်လာသော အလင်းမျက်နှာပြင်ရှိ စာသားများကို အာရုံစိုက်လိုက်သည်။

​[ အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန် : ဖရိုဖရဲချီများ ပြည့်နှက်နေသော အနှိုင်းမဲ့ နတ်ဆိုးလက်နက်ဖြစ်ပြီး ဘယ်သောအခါမှ ဖျက်ဆီး၍ မရနိုင်ပါ။ ကောင်းကင်နှင့် မြေကြီးအတွင်းရှိ ပြင်းထန်သော စွမ်းအင်များကို ဝါးမြိုနိုင်စွမ်း ရှိသည်။ ကြောက်ရွံ့မှု၊ ဝိညာဉ်များနှင့် အသားများကို စားသုံးလေ့ရှိသည်။ ထိုအရာများကို စားသုံးခြင်းဖြင့် လှံပေါ်ရှိ နတ်ဆိုးသင်္ကေတ တံဆိပ် ၉ ခုကို ဖွင့်လှစ်နိုင်သည်။]

​[နတ်ဆိုးသင်္ကေတများ နိုးကြားလာသောအခါ လှံ၏ စွမ်းအားမှာ ပိုမို ပွင့်ထွက်လာမည်ဖြစ်ပြီး နတ်ဘုရားစွမ်းရည်သစ်များ ပေါ်ထွက်လာမည် ဖြစ်သည်။]

​[မူလက ရှေးဟောင်းနတ်ဘုရားများ ဖရိုဖရဲချီကို စုဆောင်းရန် အသုံးပြုခဲ့သော နတ်ဘုရားလက်နက် ဖြစ်သော်လည်း နတ်ဆိုးချီများ ဝင်ရောက်သွားသောကြောင့် နတ်ဆိုးလက်နက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။]

​[နတ်ဘုရားနှင့် မိစ္ဆာများ၏ စစ်ပွဲအတွင်း ပြင်းထန်သော စွမ်းအင်များ သွင်းယူခြင်း ခံခဲ့ရသဖြင့် လှံကို တစ်ချက်ဝှေ့ရုံဖြင့် လောကကြီးတစ်ခုလုံး ဆိတ်သုဉ်းသွားစေသော လက်နက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။]

​[ဖရိုဖရဲချီ သည် အရာအားလုံးကို ဖျက်ဆီးနိုင်သော အကြွင်းမဲ့ စွမ်းအားဖြစ်သည်။ မည်သည့် ခုခံမှုမျိုးမဆို ၎င်းရှေ့တွင် ပြိုလဲသွားမည်ဖြစ်ပြီး မည်သည့် လက်နက်မဆို ၎င်းရှေ့တွင် စက္ကူကဲ့သို့ ပျော့ပြောင်းသွားလိမ့်မည်။]

​[ဤလက်နက်ကို အသုံးပြုရန်အတွက် ကောင်းကင်နှင့် မြေကြီးစွမ်းအား အမြောက်အမြားကို အသုံးပြုရမည်။ ထို့အပြင် လက်နက်ပေါ်ထွက်လာသည့်အခါ ၎င်းအား အစာကျွေးရန် လိုအပ်သည်၊ မဟုတ်ပါက ဖရိုဖရဲချီများမှာ မတည်မငြိမ် ဖြစ်လာနိုင်ပါသည်။]

​' ကြည့်ရတာ ငါ့အတွက် ကောင်းကင်ဓားရှစ်ကွက်ကို လိုတော့မှာ မဟုတ်ဘူး...'

​ဂူချန်သည် သူ၏ လက်ထဲရှိ လှံကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ မြေအောက်ခန်းတစ်ခုလုံးသို့ ပြည့်နှက်သွားသည်။ အလွန်မြင့်မားသော တုန်ခါမှုကြောင့် သေမင်းလက်ဝါး ၏ အစွမ်းကို အသုံးပြုထားသော သူ၏ လက်မောင်းပင်လျှင် အနည်းငယ် ထုံကျင်သွားရသည်။

​"ဒါက... ငါ့ကို အသိအမှတ် မပြုသေးတာလား.."

ဂူချန် မျက်မှောင်ကြုတ်လိုက်သည်။

​ထိုစဉ်မှာပင် ရင်းနှီးနေသော စနစ်၏ စက်ရုပ်ဆန်ဆန် အမျိုးသမီးအသံ ထွက်ပေါ်လာပြန်သည်။

​[ဒင်]

​[နတ်ဘုရားလက်နက်၏ သစ္စာရှိမှုမှာ သုည ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ အိမ်ရှင်အတွက် ၎င်းအား ဆုံးမသွန်သင်ပေးရန် အလိုအလျောက် ကူညီပေးနေပါသည်။]

​[ဆုံးမသွန်သင်နေပါသည်...]

​အသံဆုံးသည်နှင့် တစ်ပြိုင်နက် ဂူချန်၏ လက်ထဲတွင် ရုန်းကန်နေသော နတ်မိစ္ဆာလှံပုဆိန်မှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး သိသိသာသာပင် ယဉ်ပါးသွားတော့သည်။ နောက်ဆုံး၌ ၎င်းသည် လုံးဝ တိတ်ဆိတ်သွားကာ နာခံမှုရှိသော လက်နက်တစ်ခု ဖြစ်လာသည်။

​[ဒင်]

​[အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်၏ သစ္စာရှိမှု - ၁၀ (သေသည်အထိ သစ္စာရှိခြင်း)]

​"..."

​စနစ်၏ အသိပေးချက်ကို ကြားပြီးနောက် ဂူချန်သည် ဖြည်းညင်းစွာ ထရပ်လိုက်ကာ လက်နက်ကို ကိုင်ပြီး ရှေ့သို့ အသာအယာ ဝှေ့ယမ်းလိုက်သည်။ အနက်ရောင် အလင်းတန်းတစ်ခု လက်သွားပြီး အဆင့် ၆ လက်နက်များ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော အထူးသတ္တုနံရံမှာ ဟင်းသီးဟင်းရွက် လှီးဖြတ်သကဲ့သို့ အလွယ်တကူ ပြတ်တောက်သွားတော့သည်။ ထို့အပြင် ပြတ်တောက်သွားသော အနားသတ်များပေါ်တွင် အမှောင်စွမ်းအင်များ ကပ်ညှိနေပြီး သတ္တုများကို ဆက်တိုက် တိုက်စားနေသည်။

​ဂူချန် စိတ်ထဲမှ ပြုံးလိုက်မိသည်။ ဤလှံ၏ ထက်မြက်မှုတစ်ခုတည်းနှင့်ပင် ထိပ်တန်း တာအိုလက်နက် များကို ယှဉ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ ကောင်းကင်နှင့် မြေကြီးစွမ်းအားများကိုသာ သွင်းယူလိုက်မည်ဆိုပါက မည်မျှ အစွမ်းထက်မည်နည်း။ ဤသည်မှာ နတ်ဆိုးသင်္ကေတ တစ်ခုမျှ မပွင့်သေးသည့် အခြေခံအဆင့်မှာပင် ရှိနေသေးသည်။

​ထိုစဉ်မှာပင် လေ့ကျင့်ရေးခန်းမ အပြင်ဘက်မှ အိမ်တော်ထိန်းလီ ၏ အသံ ထွက်ပေါ်လာသည်။

​"သခင်လေး... စောင့်ကြည့်ရေးကောင်စီက ကိုယ်စားလှယ်တွေ သခင်လေးကို တွေ့ဖို့ ရောက်နေကြပါတယ်..."

Chapter 172

~

အခန်း ၁၇၂ : မင်းတို့က လိမ္မာတယ် ဟုတ်လား.. ငါက လိမ္မာတဲ့သူတွေကိုလည်း သတ်တယ်..

~

​"ရောက်လာကြပြီလား.."

​ဂူချန် သည် မျက်ခုံးကို အသာအယာ ပင့်လိုက်သော်လည်း သူ၏ မျက်နှာတွင် အံ့ဩသည့် အရိပ်အယောင် လုံးဝ မရှိ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့် မြေပြင်နိမိတ်ထူးကို လုံးဝ မဖုံးကွယ်ဘဲ ပြသခဲ့သည်ဖြစ်ရာ မည်သူမျှ သတိမထားမိဘဲ နေမည်မဟုတ်ပေ။

​ယခင်ကဆိုလျှင် သူသည် အနည်းငယ် စိုးရိမ်ပူပန်မှု ရှိနိုင်သော်လည်း ယခုမူ အချိန်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် သိုင်းဘုရင် အဆင့် ၄ သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ ကောင်းကင်နှင့် မြေပြင် စွမ်းအင်ကိုလည်း ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ SSS အဆင့် ပါရမီ သုံးခု၏ ပံ့ပိုးမှုနှင့်အတူ သူ၏ အစွမ်းမှာ စိတ်ကူးမယဉ်နိုင်လောက်သော အဆင့်သို့ ရောက်ရှိနေလေပြီ ။

​ထို့အပြင် ယခုအခါ မယုံနိုင်လောက်အောင် အစွမ်းထက်သော နတ်ဘုရားလက်နက်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ အောက်ကျို့နေရမည့် အကြောင်းပြချက် မရှိတော့ပေ။

​လူတိုင်း သိကြသည့်အတိုင်း ဧကရာဇ်အဆင့် သားရဲများ ကျူးကျော်မှုကို တားဆီးရန်အတွက် မဟာမိတ်အဖွဲ့သည် ကောင်းကင်ပိတ်ဆို့မျှော်စင် ဟု အမည်ရသော နတ်ဘုရားလက်နက်တစ်ခုကို အသုံးပြုထားသည်။ ၎င်းသည် အဆင့် ၉ သားရဲများကို တားဆီးထားသကဲ့သို့ပင် လူသားများ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကိုလည်း ပိတ်ဆို့ထားသည်။ တစ်နည်းအားဖြင့် ယနေ့ခေတ် မဟာမိတ်အဖွဲ့အတွင်း အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားမှာ အရှင်သခင်အဆင့် (အဆင့် ၈ ) သာ ဖြစ်သည်။

​ဂူချန်သည် အရှင်သခင်အဆင့်ရှိသူကို မယှဉ်နိုင်သေးသော်လည်း သူ၏ လျှို့ဝှက်လက်နက်များစွာကြောင့် သူ့ကို သတ်ရန်မှာမူ အလွန်ခက်ခဲပေလိမ့်မည်။ ယခင်က အရှင်သခင်အဆင့် ဖြစ်သော သူ၏ ဖခင်ကိုသာ အားကိုးခဲ့ရသဖြင့် ယုံကြည်မှု အနည်းငယ် လိုအပ်နေခဲ့သော်လည်း ယခုမူကား... သူ အမှန်တကယ်ပင် ရဲရဲဝံ့ဝံ့ ပြောနိုင်ပြီ ဖြစ်သည်။

​မြို့တစ်မြို့လုံးကို တုန်လှုပ်စေသော နိမိတ်ထူးကို သူသည် သူတို့ မြင်စေရန် တမင်တကာ ထင်ထင်ရှားရှား ပြသခဲ့ခြင်း ဖြစ်သည်။

' မကျေနပ်ဘူးလား.. မကျေနပ်ရင် လဲသေလိုက်လေ..'

​'မင်းတို့က သိပ်ပြီး လိမ္မာယဉ်ကျေးမနေဘူးဆိုရင်တော့ ငါ့ရဲ့ နတ်ဘုရားလက်နက်အတွက် မြည်းစမ်းစရာ အမြည်းအနေနဲ့ အသုံးချလိုက်ရုံပဲ..'

​ဂူချန်သည် စိတ်ဓာတ်တက်ကြွစွာဖြင့် ထရပ်လိုက်ပြီး ဧည့်ခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားသည်။ ထိုအချိန်တွင် ကောင်းကင်သို့ ထိုးတက်နေသော အနီရောင်အလင်းတန်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်ကာ လောကကြီးကို ဖိနှိပ်ထားသော အရှိန်အဝါများလည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းမြို့ ကောင်းကင်ယံကို ဖုံးလွှမ်းနေသော အမှောင်စွမ်းအင်များသာ ကြောက်မက်ဖွယ် ဖိအားကို ဆက်လက် ပေးစွမ်းနေဆဲ ဖြစ်သည်။

​မကြာမီမှာပင် သူသည် ခန်းမထဲသို့ ရောက်ရှိသွားပြီး အိမ်တော်ထိန်းလီ အပြင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တွေ့လိုက်ရသည်။

​ဂူချန် ရောက်လာသည်ကို မြင်သောအခါ ကောင်စီဝင်ရွှီ သည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တစ်လှမ်းတက်ကာ တန်းပြီး မေးလိုက်သည် ။

​"သခင်လေးဂူ... အပြင်မှာ အရမ်းကြီးမားတဲ့ နိမိတ်ထူးကြီး ဖြစ်ပေါ်ခဲ့တာကို ကျွန်မတို့ မြင်လိုက်ရပါတယ်။ အဲ့ဒီအလင်းတန်းက ဂူအိမ်တော်ကနေ ထွက်ပေါ်လာတာ သေချာပါတယ်။ သခင်လေးဂူအနေနဲ့ ဒါက ဘာကြောင့်လဲဆိုတာကို သိပါသလား.."

​သိုင်းဘုရင်အဆင့် အင်အားကြီး သုံးဦးစလုံးသည် ရှေ့မှ လူငယ်လေးကို စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးထဲတွင် လောဘအရိပ်အယောင်လေးများ ယှက်သန်းနေသည်။ ဤမျှ ကြီးကျယ်သော နိမိတ်ထူးမျိုးသည် အလွန်တန်ဖိုးရှိသော ရတနာတစ်ခု ပေါ်ထွက်လာခြင်းပင် ဖြစ်ရမည်။ အကယ်၍ ထိုရတနာသာ ရှိခဲ့လျှင် သူတို့သည် အရှင်သခင်အဆင့် အတားအဆီးကို ကျော်ဖြတ်ကာ မဟာမိတ်အဖွဲ့၏ ထိပ်တန်း အဆင့်အတန်းသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

​သို့သော် သူတို့သည် ဇွတ်အတတ် မလုပ်ရဲကြပေ။ အနည်းဆုံးတော့ အရှင်သခင်တစ်ဦးကို ရန်စရကျိုး နပ်မနပ်ကို အရင်ဆုံး အတည်ပြုလိုကြသည်။

​သူတို့၏ စူးစိုက်ကြည့်မှုကို ရင်ဆိုင်ရင်း ဂူချန်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိ။ သူ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသော နတ်မိစ္ဆာ လှံ သည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာတော့သည်။

​"ဒါကို ပြောတာလား.."

​သူသည် လှံကို သူတို့ သုံးဦးအား ရက်ရက်ရောရော ပြသလိုက်ပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို တမင်တကာ နိုးကြားစေလိုက်သည်။

"ဝှမ်းးး..."

ဟူသော အသံများနှင့်အတူ အမှောင်စွမ်းအင် လှိုင်းတံပိုးများမှာ လှံထံမှ ထွက်ပေါ်လာသည်။ ၎င်းမှာ ကျန်းမြို့ ကောင်းကင်ကို ဖုံးလွှမ်းထားသော စွမ်းအင်နှင့် ထပ်တူပင် ဖြစ်သည်။ သံသယဖြစ်စရာ မလိုတော့ဘဲ ဤလက်နက်သည်သာ နိမိတ်ထူး၏ တရားခံပင်။

​ဝုမ်း..

​အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းရှိ အခြားသော လက်နက်များအားလုံးမှာ တစ်ခုခုကို ကြောက်ရွံ့နေသည့်အလား တုန်ခါနေကြတော့သည်။

​'ဒါ တကယ့်ကို နတ်ဘုရားလက်နက်ပဲ..'

​သူတို့ သုံးဦးသည် သူတို့၏ ကိုယ်ပိုင်လက်နက်များကို မနည်း ထိန်းသိမ်းလိုက်ရသည်။ ထိုလက်နက်ကို အံ့ဩတုန်လှုပ်စွာ ကြည့်ရင်း သူတို့၏ စိတ်ထဲတွင် နောင်တရိပ်လေးများ ဖြတ်သန်းသွား၏။ နတ်ဘုရားလက်နက်မှာ ကောင်းမွန်သော်လည်း တစ်ဆို့နေသော သူတို့၏ ကျင့်စဉ်အဆင့်ကို တက်လှမ်းရန် ကူညီပေးနိုင်မည် မဟုတ်ပေ။ ထို့အပြင် ဤမျှ အရှိန်အဝါကြီးမားသော လက်နက်မှာ အနည်းဆုံး အဆင့် ၈ ရှိရမည်ဖြစ်ကာ အရှင်သခင်များပင် လိုချင်တပ်မက်မည့် အရာဖြစ်သည်။ အကယ်၍ သူတို့ ရရှိခဲ့လျှင်ပင် ကြာရှည် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

​မိမိတို့ မကာကွယ်နိုင်သော လက်နက်တစ်ခုအတွက် အရှင်သခင်တစ်ဦးကို ရန်စရခြင်းမှာ ထိုက်တန်ပါသလား။ အဖြေမှာ မထိုက်တန်ပါ ပေ။

​ဟင်း...

​ကောင်စီဝင်ရွှီနှင့် အခြားနှစ်ဦးတို့သည် အကျိုးအမြတ်ကို အမြန်တွက်ချက်လိုက်ကြသည်။ ထို့နောက် ရှေ့မှ လူငယ်လေးကို အားကျသော မျက်လုံးများဖြင့် ကြည့်ကာ သက်ပြင်းချလိုက်ကြ၏။

​သူတို့သည် လက်ဟန်ဖြင့်နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်ကြသည် ။

"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးဂူ။ ကျွန်မတို့က ဒီနိမိတ်ထူးဟာ မြင့်မြတ်မီးလျှံဂိုဏ်းက လူယုတ်မာတွေကြောင့် ဖြစ်တာလားဆိုတာ အတည်ပြုဖို့ လာခဲ့တာပါ။ အခုတော့ သခင်လေးဂူရဲ့ နတ်ဘုရားလက်နက်ကြောင့်ဆိုတာ သိရပြီဆိုတော့ ကျွန်မတို့ မနှောင့်ယှက်တော့ပါဘူး။ သွားခွင့်ပြုပါဦး.."

​သူတို့၏ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် ဆင်ခြေတစ်ခု ပေးပြီးနောက် ကောင်စီဝင်ရွှီသည် သူမ၏ လူများကို ခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ ယဲ့ရှူးမှာလည်း ထူးဆန်းသော အခြေအနေနှင့် ပြန်ရောက်လာခဲ့သည်ဖြစ်ရာ သူမထံမှ အချက်အလက်များ ရှာဖွေရန်က ပို၍ အရေးကြီးနေသည်။

​"ခဏလေး.."

​သို့သော် ဂူချန်သည် နတ်မိစ္ဆာလှံကို မြှောက်ကာ သူတို့၏ လမ်းကို ပိတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည် ။

​"စောင့်ကြည့်ရေးကောင်စီက လူကြီးမင်းတို့ ပြောတာလည်း မမှားပါဘူး။ ဒီနိမိတ်ထူးဟာ မြင့်မြတ်မီးလျှံဂိုဏ်းက လူတွေနဲ့ တကယ်ပဲ ပတ်သက်နေတာပါ.."

​"ဘာကို ဆိုလိုတာလဲ.."

ကောင်စီဝင်ရွှီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​သို့သော် သူမ အဖြေမရခင်မှာပင် ရှေ့မှ လူငယ်လေးထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ လက်ထဲရှိ လှံမှာ သူမထံသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဝှေ့ယမ်းလာတော့သည်။ ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းပင် ဟက်တက်ကွဲသွားပြီး အနက်ရောင် အလင်းတန်းတစ်ခုသည် လခြမ်းကွေးပုံစံဖြင့် ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း အဆုံးမဲ့ ထက်မြက်မှုများ ပြည့်နှက်နေသော အနက်ရောင် လှံကြီးမှာ သူမ၏ ရှေ့မှောက်သို့ ရောက်ရှိလာလေပြီ။

​"..."

​ကောင်စီဝင်ရွှီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ စဉ်းစားနေရန် အချိန်မရှိသဖြင့် သူမသည် လက်ကို ဝှေ့ယမ်းကာ စိမ်းလဲ့သော ကြာပန်းစိမ်းဓား တစ်စင်းကို ဖန်တီး၍ ခုခံလိုက်သည်။ ပြင်းထန်သော စစ်မှန်သော ချီစွမ်းအား များဖြင့် တားဆီးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

​ခွမ်း...

​သို့သော် အနက်ရောင်လှံသည် စိမ်းလဲ့သော စွမ်းအားအတားအဆီးနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအတားအဆီးမှာ စက္ကူကဲ့သို့ ပြဲထွက်သွားပြီး လှံသည် သူမ၏ ဓားကို ပြင်းထန်သော အရှိန်ဖြင့် ရိုက်ခတ်လိုက်သည်။

​"မကောင်းတော့ဘူး.."

​ကောင်စီဝင်ရွှီသည် အန္တရာယ်အရှိန်အဝါကို ချက်ချင်း ခံစားလိုက်ရသည်။ သူမ၏ အာရုံများက ဤအန္တရာယ်ကြီးမားကြောင်း အော်ဟစ် သတိပေးနေကြသည်။

' ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. ငါက သိုင်းဘုရင်လေ.. သူက အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ ရှိသေးတာကို..'

​နောက်တစ်စက္ကန့်တွင် လက်တွေ့ဘဝက သူမအား အဖြေပေးလိုက်သည်။

​ရွှပ်....

​သတ္တုချင်း ထိခိုက်သံ ထွက်ပေါ်မလာဘဲ ဒိန်ခဲကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ အသံမျိုးသာ ထွက်ပေါ်လာသည်။ ကောင်စီဝင်ရွှီ ထိတ်လန့်သွားရသည်မှာ သူမ၏ အဖိုးတန်ဓားကြီးမှာ မျက်တောင်တစ်ခတ်အတွင်း နှစ်ပိုင်း ပြတ်တောက်သွားခြင်းပင် ဖြစ်သည်။ ထိုပြတ်တောက်သွားသော အနားသတ်များမှာ မှန်သားပြင်ကဲ့သို့ ချောမွေ့နေသည်။

​ရှူး..

​နောက်တစ်ခဏတွင် လျှပ်စီးထက် မြန်သော အရှိန်ဖြင့် လှံကြီးသည် ပြတ်တောက်သွားသော ဓားကို ကျော်ဖြတ်ကာ ကောင်စီဝင်ရွှီ၏ ခန္ဓာကိုယ်ဆီသို့ ထောင့်ဖြတ် ဝှေ့ယမ်းလိုက်သည်။ ထိုတိုက်ကွက်မှာ အချိနရပ်တန့်သွားသလား ထင်ရအောင်ပင် မြန်ဆန်လှသည်။

​တောက်... တောက်...

​တစ်ချိန်တည်းမှာပင် ကောင်စီဝင်ရွှီ၏ ခန္ဓာကိုယ်ပေါ်တွင် ထိတ်လန့်စရာ သွေးလိုင်းတစ်ခု ပေါ်လာပြီး သွေးစက်များ စီးကျလာသည်။ ထိုသွေးလိုင်းမှာ အစက သေးငယ်သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် မမြင်ရသော လက်တစ်ဖက်က ဆွဲဖြဲလိုက်သကဲ့သို့ ကျယ်ပြန့်လာသည်။ ထို့နောက်တွင်တော့ သွေးများမှာ ဆည်ပြိုသကဲ့သို့ ပန်းထွက်လာတော့သည်။

​ကျန်ရှိနေသော သိုင်းဘုရင် နှစ်ဦးမှာ ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် သူတို့၏ ခေါင်းဆောင်ဖြစ်သူ ကောင်စီဝင်ရွှီ၏ အပေါ်ပိုင်း ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လျောကျသွားပြီး အတွင်းကလီစာများမှာလည်း ဖရိုဖရဲ ပြန့်ကျဲကုန်တော့သည်။

​[စစ်ဆေးတွေ့ရှိချက် - အိမ်ရှင်သည် အလုပ်များလွန်းသော ကောင်စီဝင်ရွှီအား အကန့်အသတ်မရှိသော အနားယူချိန် ရရှိစေရန် ကူညီပေးခဲ့ပါသည်။ စေတနာတန်ဖိုး + ၂,၀၀၀ ရရှိသည်။]

​[လက်ရှိ စေတနာရမှတ် - ၆,၃၅၀]

​[စစ်ဆေးတွေ့ရှိချက် - ရွှီယင်း တွင် S အဆင့် ပါရမီ မွေးရာပါ ဓားခန္ဓာ ရှိနေသည်။ သူရဲကောင်းအပိုင်းအစ ၂ ခု ရရှိသည်။]

​[လက်ရှိ သူရဲကောင်းအပိုင်းအစ - ၆]

​'မွေးရာပါ ဓားခန္ဓာ ဟုတ်လား.. တစ်ကွက်တည်းနဲ့ သေသွားတာဆိုတော့ ဘာအသုံးဝင်လဲဆိုတာ တောင် မမြင်လိုက်ရဘူး..'

​ဂူချန်သည် အေးစက်သော မျက်လုံးများဖြင့် လှံကို ပြန်ရုပ်သိမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ အသားနှင့် သွေးများကို လှံအား ဝါးမြိုခွင့် ပေးလိုက်သည်။ ဤလူများမှာ သိုင်းဘုရင်ဖြစ်နေသော်လည်း ဤမျှလောက်အထိ လိမ္မာယဉ်ကျေးနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​သို့သော်လည်း...

​ငါက လိမ္မာတဲ့သူတွေကိုလည်း သတ်တယ်....

All Chapters