အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃) မီးတောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း၊ တောင်တစ်တောင်ကဲ့သို့ လေးလံသော သွေး
အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်နေသော အကြီးအကဲများသည် သူတို့၏ တုန်လှုပ်မှုများ အဆုံးမရှိ သော မြစ်တစ်စင်းကဲ့သို့ လှိုင်းထလာသည်ကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် နင်းဖန်သည် ကျန်းထန် အား နောက်ထပ် ထူးဆန်းသည့် မီးတောက် အသစ်တစ်ခုကို ထပ်မံ ထည့်ခိုင်းလိုက်သော ကြောင့်ပင်ဖြစ်၏။
ထို့အပြင် ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် သုံးမျိုး၏ သွန်းလုပ်မှုအောက်တွင် သူသည် မဟာစက်ဝန်း တစ်ခုကို အောင်မြင်စွာ ပြီးမြောက်ခဲ့လေသည်။
တပည့်များက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ကြလေသည်...၊
"ဘာ..."
"နင်းဖန်က ဝင်္ကပါ ထဲကို နောက်ထပ် ထူးဆန်းတဲ့ မီးတောက် တစ်ခု ထပ်ထည့်မလို့လား...။"
"မူလအစ က ရေပြာရောင်ဖြစ်ပြီး မီးရောင်ထဲမှာ ကြယ်အစက်အပြောက်လေးတွေ လွင့်မျောနေတယ်... ၊ အဲဒါ ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် တွေထဲက တစ်ခုဖြစ်တဲ့ ကြယ်ဗဟိုချက် လောင်ကျွမ်း ခြင်းမီးလျှံ ပဲ...။"
"၎င်းရဲ့ စွမ်းအားက ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ နဲ့ လုံးဝနီးပါး တန်းတူပဲ...၊ တစ်ပြိုင်နက်တည်း မီးသုံးမျိုးနဲ့ဆိုတော့ နင်းဖန် ခံနိုင်ရည်ရှိပါ့မလား...။"
"ဟင်... သူက တည်ငြိမ်နေတုန်းပဲ...။ မီးသုံးမျိုးရဲ့ သန့်စင်မှုအောက်မှာ သူက မဟာစက်ဝန်း တစ်ခုကို တစ်ချက်တည်းနဲ့ အောင်မြင်သွားတယ်...။"
"ယုံကြည်နိုင်စရာ မရှိဘူး...၊ ငါတို့ရဲ့ တပည့်ခေါင်းဆောင် မှာ ပါရမီနဲ့ ပတ်သက်ရင် အပေါ် ကန့်သတ်ချက် ဆိုတာ မရှိဘူးပဲ...။"
"ဒါပေမယ့် ငါ့ကို ပိုအံ့သြစေတာက အဲဒီကောင်မလေး ချင်းဟန် ပဲ...။ သူမက သူမကောက်ရလာတဲ့ ဒီ မှတ်ဉာဏ်ဆုံးရှုံးနေတဲ့ စီနီယာအစ်ကို ကို တကယ် ယုံကြည်တာပဲ...။ တစ်ယောက်က ပြောရဲသလို တစ်ယောက်ကလည်း နားထောင်ရဲတယ်...။"
"ဟုတ်တယ်...၊ ငါတို့သာ အောက်မှာရှိနေရင် နင်းဖန်ကို ဒီလို လျှောက်လုပ်ခွင့် ပေးမှာ မဟုတ်ဘူး...။"
"မှန်တယ်...။ ဝင်္ကပါ ထဲကို ဒုတိယမြောက် ထူးဆန်းသည့် မီးတောက် ထပ်ထည့်ဖို့ သူ တောင်းဆိုလိုက်တဲ့ အခိုက်အတန့်မှာတင် ငါ ရွေးချယ်ပြီး မှတ်ဉာဏ်ဖျောက်လိုက်ပြီး သူ့ကို လုံးဝ လျစ်လျူရှုလိုက်ပြီ...။"
ဂိုဏ်းချုပ် ဖေ့ချင်းယွီ သည် သူ့ကို ချီးကျူးရန် လှုံ့ဆော်မှုဖြစ်စေမည့် စကားတစ်ခုခုကို ပြောတော့မည် ပြုပြီး ပြောလိုက်သည်...၊
"မီးသုံးမျိုး အတူတူ လောင်ကျွမ်းနေတာ...၊ သမိုင်းမှာ မကြုံစဖူးပဲ...၊ နင်းဖန်က လုပ်နိုင်ခဲ့ပြီ...။"
သို့သော် သူ စကားမဆုံးမီ အောက်ဘက်ရှိ ကျန်းထန် သည် စတုတ္ထမြောက် မီးတောက် မူလအစ ကို ပစ်ထည့်လိုက်သည်ကို သူ မြင်တွေ့လိုက်ရလေသည်။
ဖေ့ချင်းယွီ ၏ လည်ချောင်းထဲတွင် စကားလုံးများ တစ်ဆို့သွားပြီး သူ၏ အကြည့်များမှာ ငေးကြောင် သွားခဲ့ကာ အတွေးထဲတွင် ရေရွတ်လိုက်လေသည်...။
"လာ... လာတုန်းပဲလား...။"
"ဒါက မှန်ရော မှန်ရဲ့လား...။"
"ထူးဆန်းတဲ့ မီးတောက် လေးမျိုးက ဝင်္ကပါထဲကို အတူတူ ဝင်သွားတာလား...။"
"သူ့ကိုယ်သူ နေရာမှာတင် အရှင်လတ်လတ် သန့်စင်ပစ်လိုက်ရမှာကို သူ မကြောက်ဘူးလား...။"
ဤအချိန်တွင် ဂိုဏ်းချုပ် ဖြစ်စေ၊ ယွီရူရွှမ်း ဖြစ်စေ၊ အခြား တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲ တစ်ဦးဦးဖြစ်စေ သူတို့၏ စိတ်များ လွတ်ဟာသွားပြီး ဘယ်လို စကားပြောရမှန်း မသိတော့ချေ။ အခြား အဓိက တပည့်များမှာလည်း ဘဝကို သံသယဝင်နေသည့် အမူအရာများ ရှိနေကြသည်။
သူတို့သည် ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် တစ်မျိုးကိုပင် မခံနိုင်ဘဲ သူတို့၏ သွေးမီး တောက်သစ္စာ အတွက် နူးညံ့သော မီးခိုးစိမ်း နွေးထွေးသော ကျောက်စိမ်းမီးတောက် ကိုသာ အသုံးပြု ခဲ့ရလေ၏။
သို့သော် နင်းဖန်ကမူ ကမ္ဘာပေါ်ရှိ အကြမ်းတမ်းဆုံး မီးတောက်များချည်းဖြစ်သော လေးမျိုးကို ပေါ့ပေါ့ ပါးပါး ဆင့်ခေါ်လိုက်လေသည်။ ယခု ပြင်းထန်သော မီးတောက်များစွာ ပေါင်းစပ်သွားကာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပုံရသည့် အရှိန်အဝါရှိသော မုန်တိုင်းတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ ဝင်္ကပါ ၏ ဖိနှိပ်မှုနှင့် လမ်းညွှန်မှုသာ မရှိပါက တောင်ထိပ် တစ်ခုလုံး ပြာကျသွားလောက်ပေသည်။
ရုတ်တရက် တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်...
"ပဉ္စမမြောက်..."
၎င်းမှာ နင်းဖန် နောက်တစ်ကြိမ် စကားပြောလိုက်ခြင်းဖြစ်ပြီး ကျန်းထန် အား မီးထပ်ထည့်ရန် ပြော လိုက်ခြင်း ဖြစ်လေ၏။
အပူချိန် လုံးဝမရှိသော အနက်ရောင် မီးတောက်တစ်ခုကို ပစ်ထည့်လိုက်သည်။ ၎င်းမှာ ထိပ်တန်း ထူးဆန်းသည့် မီးတောက် များထဲမှ တစ်ခုဖြစ်သော တိတ်ဆိတ်ငြိမ်သက်ခြင်း ငရဲမီးတောက် ဖြစ်ပြီး ကောင်းကင်ဘုံ ကိုးခု ၏ လေဟာနယ်ထဲတွင် မွေးဖွားလာခြင်း ဖြစ်သည်၊ ၎င်း၏ မီးမှာ အလင်းရောင် မရှိဘဲ အနက်ရောင် သက်သက်ဖြစ်ကာ အလင်းနှင့် စွမ်းအင်ကို မျိုချပြီး သက်ရှိအားလုံးကို ငြိမ်းသတ် ပစ်နိုင်လေသည်။ ယခု ဝင်္ကပါထဲသို့ ဝင်ရောက်သွားသောအခါ ၎င်းသည် မီး မုန်တိုင်းကို အနက်ရောင် တစ်မျှင်ဖြင့် ရစ်ပတ်လိုက်ပြီး ထူးဆန်းသော လေထုကို ထည့်သွင်းပေးလိုက်လေ၏။
နင်းဖန်၏ ခန္ဓာကိုယ်မှာ လုံးဝ ပိန်ချုံးနေပြီဖြစ်ပြီး သေလုမျောပါး ဖြစ်နေပုံရသည်။ လောင်ကျွမ်းနေသော အပူရှိန်အောက်တွင် အဓိက တပည့်တစ်ဦး၏ သူ၏ အထူး တာအို ဝတ်ရုံပင်လျှင် နေရာအချို့တွင် မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ်၏။ သို့သော် သူ၏ မျက်လုံးများမှာ တောက်ပနေဆဲ ဖြစ်သည်။
နဂါးကဲ့သို့ သွေးချီစွမ်းအား သည် မီး မုန်တိုင်းကို ဖြတ်သန်းကာ အဆုံးမရှိ ရစ်ခွေနေခဲ့သည်။ ၎င်း မည်သို့ ပင် ရွေ့လျားနေပါစေ သွေးတစ်စက်မျှ အငွေ့ပျံမသွားချေ။ ယင်းအစား မဟာစက်ဝန်း တစ်ခုစီနှင့်အတူ ၎င်းသည် ပိုမို သိပ်သည်းလာပြီး ပိုမို လေးလံလာခဲ့သည်။
အထက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်...
"ဆဋ္ဌမမြောက်... ကမ္ဘာဦး အပျက်အစီး မူလအစ လေဟာနယ်မီးတောက်...။"
မဟာအကြီးအကဲ ကျီးယန် သည် အချိန်မရွေး ပေါ်လာခဲ့ပြီး သူ၏ မျက်နှာမှာ လေးနက်နေ၏။ သူသည် မီးနှင့် ကစားရာတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ အဲဒီတုန်းက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် မှာ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ အတွင်း သူသည် ထိပ်တန်းအဆင့် မူလအစ လေဟာနယ်သို့ ပြန်သွားခြင်း မီးတောက် အောက်တွင် မဟာစက်ဝန်း သုံးဆယ့်ကိုးကြိမ်ကို သည်းခံနိုင်ခဲ့ပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။
သို့သော် တစ်ချိန်က ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော ထိုလုပ်ရပ်မှာ ယခု နင်းဖန်နှင့် နှိုင်းယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ချေ။ ဤ သေမျိုးခန္ဓာကိုယ် သွေးမျိုးဆက် က အဓိပ္ပာယ်မရှိလောက်အောင် အား ကောင်းနေသည်ပင်။ သွေးမီးတောက်သစ္စာ အတွက် ထူးဆန်းသည့် မီးတောက် ခြောက်မျိုးကို အသုံးပြု နေတာတောင် သူက အင်အားတွေ ပိုလျှံနေတုန်းပဲ ဖြစ်ချေ၏။
ရွှီယိုဝေသည် ထုံကျင်နေပြီဖြစ်ပြီး သူ၏ မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေကာ ပြောလိုက်လေသည်...၊
"သူ့ရဲ့ အကန့်အသတ် က အတိအကျ ဘယ်မှာလဲ...။"
အောက်ဘက်တွင် နင်းဖန်သည် ကျန်းထန် အား ခဏတစ်ဖြုတ် မီးထပ်ထည့်ရန် အော်ပြောနေခဲ့၏။ ပြီးတော့ ကျန်းထန် ကလည်း သူမ၏ စီနီယာအစ်ကို ကို သန့်စင်ပြီး သတ်ပစ်မိမှာ မကြောက်ဘဲ နာခံခဲ့ သည်။
သူမသည် သနားညှာတာမှု ကင်းမဲ့သော မီးတောက် ထုတ်ယူရာ အခန်း စက်ရုပ် တစ်ရုပ် ဖြစ်လာပြီး သူမ၏ တပည့် တိုကင် ကို အသုံးပြုကာ မီးတောက် မူလအစ များကို ဝင်္ကပါထဲသို့ မရပ်မနား ပစ်ထည့် နေခဲ့လေသည်။ နာရီဝက်သာ ကြာသောအခါ နောက်ထပ် ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် သုံးမျိုး ပါဝင်လာခဲ့လေ၏။
ယခုအချိန်တွင် မီးတောက် ထုတ်ယူရာ အခန်း ၏ အပေါ်ဆုံး စင်မှာ ပြောင်သလင်းခါသွားခဲ့ပြီ ဖြစ်သည်။ ပံ့ပိုးမှုအမှတ် နှစ်သောင်းကျော် တန်သော မီးတောက်တိုင်းသည် ဝင်္ကပါထဲတွင် ရှိနေခဲ့သည်။ မီးတောက် ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်းပင်။
သို့သော် ကျန်းထန် အားရပုံ မရသေးချေ၊ နင်းဖန်၏ စကားကို မစောင့်တော့ဘဲ ပံ့ပိုးမှုအမှတ် (၁၈၀၀၀) တန်သော မီးတောက် မူလအစ တစ်ခုကို ကိုင်ကာ ပြေးထွက်လာပြီး မေးလိုက်သည်...၊
"စီနီယာအစ်ကို၊ ဒါက လင်ရှောင် တိတ်ဆိတ်ငြိမ်သက်ခြင်းမီးတောက် ပါ...။ တော်တော် ကောင်းပါတယ် ၊ ကျွန်မ ထပ်ထည့်လိုက်ရမလား...။"
သူမ၏ အပြစ်ကင်းစင်သော စကားများကြောင့် ဝင်္ကပါ အတွင်း၌ မီးတောက်ကိုးမျိုးဖြင့် ရေချိုးခံနေရ သော နင်းဖန်မှာ မျက်နှာတွင် အနက်ရောင် မျဉ်းကြောင်းများ ဖုံးလွှမ်းသွားခဲ့သည်။
"ဂျူနီယာညီမလေး၊ ငါ့ကို နေရာမှာတင် မီးသင်္ဂြိုဟ်ပစ်ရမှာကို မင်း တကယ်ပဲ မကြောက်ဘူးလား။ ပြီးတော့ မင်းက မီးထပ်ထည့်ဖို့တောင် ကိုယ့်သဘောနဲ့ကိုယ် ကမ်းလှမ်းနေသေးတယ်ပေါ့…။"
သူသည် မိန်းကလေး၏ လက်ထဲရှိ အဖြူရောင် မီးတောက်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်း ထောင့်များ တွန့်ကွေးသွားပြီး ချောင်းဟန့်ကာ ပြောလိုက်သည်...။
"ဂျူနီယာညီမလေး၊ လောကမှာ အမြင့်ဆုံး ကိန်းဂဏန်း တစ်ခု ရှိတယ်၊ အဲဒီ ဂဏန်းက ကိုး ပဲ... ။ အခု ငါ့မှာ သွေးမီးတောက်သစ္စာ အတွက် ထူးဆန်းသည့် မီးတောက် ကိုးမျိုး ရှိနေပြီဆိုတော့ သင်္ကေတက ပြည့်စုံသွားပြီ...၊ နောက်ထပ် မီး ထပ်ထည့်ဖို့ မလိုတော့ဘူး...။"
ပွင့်ပွင့်လင်းလင်း ပြောရလျှင် နင်းဖန် ဆက်မခံနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ နဂါးကဲ့သို့ သွေးချီစွမ်းအား သည် ခရမ်းရောင်အဆင့် ပါရမီ တစ်ခုသာ ဖြစ်သည်။ ၎င်းသည် မီးတောက်အပေါ် ခံနိုင်ရည်ကို အဆ တစ်ရာ တိုးမြင့်ပေးခြင်းဖြစ်ပြီး အဆတစ်သောင်း မဟုတ်ချေ။
ဝင်္ကပါ အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အားအကောင်းဆုံး မီးတောက် ကိုးမျိုးဖြင့်ဆိုလျှင် ပြင်းထန် မှုသည် ဗုဒ္ဓအမျက်ဒေါသ မီးကြာပန်း တစ်ခုကို ဖန်တီးရန် လုံလောက်နေပြီ ဖြစ်သည်။ နင်းဖန်က ဘယ်လိုလုပ် ထပ်ပေါင်းနိုင်မည်တဲ့လဲ။
သူက လူသားတစ်ယောက်ပင် ၊ သူ၏ အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်၏။ သွေးမီးတောက်သစ္စာ အတွက် မီးကိုးမျိုး ဆိုသည်မှာ ခေတ်အဆက်ဆက် မမြင်ဖူးသော အမြင့်ဆုံး ဖန်တီးမှု တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သူကမျှ ၎င်းကို ယှဉ်နိုင်မည် မဟုတ်ချေ။ ထိုကဲ့သို့သော ရလဒ်တစ်ခုက အံ့မခန်းဖြစ်ရုံသာမကတော့ချေ။
အောက်ဘက်ရှိ ကျန်းထန် သည် အသံရှည်ကြီးဖြင့် ပြန်ဖြေလိုက်ပြီး အဖြူရောင် မီးတောက်ကို ပြန်ထားလိုက်စဉ် နှုတ်ခမ်းဆူကာ ပြောလိုက်လေသည်...၊
"ကောင်းပါပြီ..."
ဤသည်ကို ကြည့်ရင်း နင်းဖန်၏ မျက်ခွံများ တုန်လှုပ်သွားခဲ့၏။
"ကောင်းပါပြီ ဆိုတာ ဘာအဓိပ္ပာယ် လဲ။ မင်းရဲ့ စီနီယာအစ်ကို က နေရာမှာတင် ပြာမကျသွားလို့ မင်း စိတ်ပျက်နေတာလား…။"
နင်းဖန် စကားမပြောနိုင်တော့ချေ၊ ဤ သဘာဝအတိုင်း ဘာမှမသိသော ဂျူနီယာညီမလေး ကို ပညာပေး ချင်စိတ် ပေါက်သွားခဲ့လေသည်။ သို့သော် အရပ်မျက်နှာ အားလုံးမှ သူ့ကို တိုက်ခိုက်နေသော မီးကိုးမျိုး ၏ ဖိအားက သူ့အတွက် စိတ်ဝိညာဉ်ခွဲ ၍ အာရုံစိုက်ရန် နေရာမကျန်တော့ချေ။ သူ လက်လျှော့လိုက်ပြီး သွေးမီးတောက်သစ္စာ ကို ပြီးမြောက်ရန်သာ အာရုံစိုက်ရတော့သည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ မဟာစက်ဝန်း တစ်ခုပြီးတစ်ခု ပြီးဆုံးသွားခဲ့၏။ တောင်ထိပ် အပြင်ဘက်တွင် နေဝင်ပြီး လထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ လူတိုင်း စိုးရိမ်တကြီး ကြည့်နေကြပြီး နင်းဖန်အတွက် တိတ်ဆိတ် ရေတွက်ပေးနေကာ ပြောလိုက်ကြသည်...။
"ခြောက်ဆယ့်ရှစ်၊ ခြောက်ဆယ့်ကိုး၊ ခုနစ်ဆယ်...။"
နောက်ဆုံးတွင် ခုနစ်ဆယ့်နှစ်ကြိမ်မြောက် မဟာစက်ဝန်း ၌။ ဝင်္ကပါ ၏ ဗဟိုချက်ရှိ နင်းဖန်သည် ကြည်လင်ပြတ်သားသော အော်ဟစ်သံတစ်ခု ထုတ်လွှတ်လိုက်ရာ အပြင်ဘက်ရှိ သွေးနီရောင် နဂါး သည် ဆင့်ခေါ်မှုကို တုံ့ပြန်ပြီး သူ၏ ခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားခဲ့လေသည်။
သွေးများ အားလုံးသည် သူ၏ ရင်ဘတ်ရှိ အနာမှတစ်ဆင့် စီးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပြန် လည် ဝင်ရောက်သွားခဲ့၏။ ထို့နောက် နင်းဖန်၏ ယခင်က ပိန်ချုံးနေသော ခန္ဓာကိုယ်သည် သိသိသာသာ ပြည့်ဖြိုးလာပြီး နောက်တစ်ကြိမ် သန်မာလာခဲ့လေသည်။
မီးတောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း မဟာစက်ဝန်း ခုနစ်ဆယ့်နှစ်ခု အပြည့် ပြီးဆုံးသွားပြီဖြစ်၏။
အခန်း (၉၄) သွေးတစ်စက်တည်းက တောင်တစ်တောင်ကို တုန်လှုပ်သွားစေဖို့ လုံလောက်တယ်
ဝင်္ကပါ ၏ ဗဟိုချက်တွင် နင်းဖန်သည် လေထဲတွင် လွင့်မျောနေခဲ့လေသည်။ သူ၏ အဝတ်အစားများမှာ တစ်ဝက်တစ်ပျက် ပျက်စီးနေပြီး ပန်းပုရုပ်တစ်ခုကဲ့သို့ ပြီးပြည့်စုံသော ကြွက်သားလိုင်းများကို ခပ်ရေး ရေး ဖော်ပြနေ၏။ သူသည် သူ၏ လက်သီးများကို ဖြည်းညင်းစွာ ဆုပ်လိုက်စဉ် သူ၏ နက်မှောင်သော ဆံပင်များက အရိုင်းဆန်စွာ လွင့်မျောနေခဲ့လေသည်။
ဧရာမ ဝင်္ကပါ ကြီး၏ အနက်ရှိုင်းဆုံးနေရာမှ အစိမ်းရင့်ရောင် အလင်းတန်းတစ်ခု လှိုင်းထလာပြီး သူ၏ ရင်ဘတ်ရှိ အနာပေါ်သို့ ကျရောက်သွားခဲ့သည်။ အသက်ရှူ အကြိမ်အနည်းငယ်အတွင်းမှာပင် ၎င်းသည် လုံးဝ ကျက်သွားပြီး အမာရွတ် တစ်ချက်မျှပင် မကျန်ရစ်ခဲ့ချေ။
နင်းဖန်သည် သူ၏ မျက်လုံးများကို အနည်းငယ် မှိတ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများ ကို ခံစားကြည့်ရန် ကြိုးစားလိုက်လေသည်။ သူ၏ နှလုံးသားသည် ဧရာမ ဗုံကြီးတစ်လုံးကို တီးခတ်နေ သကဲ့သို့ အားကောင်းစွာ ခုန်ပေါက်နေပြီး ဝုန်းကနဲ မြည်သံများ ထွက်ပေါ်နေသည်ကို သူ ကြားလိုက်ရ၏။
ဤ အားကောင်းသော သွေးညှစ်ထုတ်သည့် အင်္ဂါ၏ ခုန်ပေါက်မှုအောက်တွင် သူ၏ တစ်ကိုယ်လုံးရှိ သွေးများသည် ပိုမို မြန်ဆန်စွာ စီးဆင်းလာပြီး ယခင်ကထက် ပိုမို ခိုင်မာပြီး သိပ်သည်းလာခဲ့သည်။ သူ၏ သွေးကြောများ အတွင်း၌ ၎င်းသည် မြည်ဟီးနေသော ဧရာမ မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ်နေပြီး အမြင့် ဆုံး အခြေခံအုတ်မြစ် ကို ပိုင်ဆိုင်ထားသော ဤခန္ဓာကိုယ်ကို ဆေးကြောပေးနေခဲ့၏။
နင်းဖန်သည် အတွေးနက်နေပုံရပြီးနောက် ရေရွတ်လိုက်သည်...၊
"ငါ့ရဲ့ သွေး အင်အားက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ ငါ သိချင်မိတယ်...။"
ထို့နောက် ထျန်းကုန်းတောင်ထိပ် ပင်မခန်းမမှ သူ ပေါ့ပေါ့ပါးပါး ကောက်ယူလာခဲ့သော ဓားတိုတစ်လက် ကို ထုတ်ယူကာ သူ၏ လက်ချောင်းထိပ်တွင် အပေါက်ငယ်တစ်ခု ဖောက်လိုက်သည်။ သူသည် အနာမှ သွေးတစ်စက်ကို စမ်းသပ်သည့်အနေဖြင့် ညှစ်ထုတ်လိုက်၏။
သွေးစက်လေးမှာ အလွန် သေးငယ်သော်လည်း ၎င်းသည် လုံးဝန်းပြီး ပြည့်ဖြိုးနေကာ သွေးများ သိပ် သည်းနေပြီး ၎င်းအတွင်း၌ နဂါး တစ်ကောင်နှင့် ဆင် တစ်ကောင်၏ ပုံရိပ်ယောင်များကို ခပ်ရေးရေး မြင်တွေ့နိုင်ပေသည်။
ဤသည်မှာ ခရမ်းရောင် ပါရမီ 'နဂါးကဲ့သို့ သွေးချီစွမ်းအား' ၏ အထူး အကျိုးသက်ရောက်မှု နဂါးဆင် အသွင်ပြောင်းခြင်း ပင် ဖြစ်လေသည်။
အမှန်တကယ်ပင် မီးတောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း ကို လုပ်ဆောင်ခြင်းဖြင့် နင်းဖန်သည် ဤ လျှို့ဝှက် စွမ်းရည်ကို အောင်မြင်စွာ ရရှိခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏ နယ်ပယ် မှာ ယခုအချိန်တွင် နိမ့်ကျနေသေးသဖြင့် သူ၏ သွေးချီ မှာ မကျယ်ပြန့်သေးချေ။ ထို့ကြောင့် သူသည် နဂါး နှင့် ဆင် တို့၏ ပုံရိပ်ယောင်များကိုသာ သူ၏ သွေးအတွင်း၌ ဖော်ပြနိုင်သေးသည်။
အကယ်၍ သူ၏ အင်အားသည် အနာဂတ်တွင် နက်နဲသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ကျလာ သော သွေးတစ်စက်တည်းကပင် လေဟာနယ်မှ နဂါး တစ်ကောင်ကို ဖော်ပြနိုင်ပေလိမ့်မည်။ နင်းဖန် သည် ထိုနေ့ကို အလွန် မျှော်လင့်နေခဲ့၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်များမှာ နှေးကွေးမနေဘဲ သွေးစက်လေးကို အောက်ဘက်သို့ ညင်သာစွာ ခေါက်ချလိုက်သည်။
ဝုန်း...
မျက်စိတစ်မှိတ်အတွင်း ကျယ်လောင်သော ပေါက်ကွဲသံကြီးက တောင်ထိပ်ပေါ်တွင် ပဲ့တင်ထပ်သွား ခဲ့လေသည်။ အောက်ဘက်ရှိ သွေးစက်လေး ကျရောက်သွားသော နေရာတွင် အံ့အားသင့်ဖွယ် တွင်းကြီး တစ်ခု အမှန်တကယ် ပေါ်လာခဲ့၏။
မြေပြင်ကို ဖုံးအုပ်ထားသော အုတ်ခင်းများ လုံးဝ ကြေမွသွားပြီး ပင့်ကူအိမ်ကဲ့သို့ ယှက်နွယ်နေသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ဤသည်က နင်းဖန်ကို အံ့သြမှုနှင့် ဝမ်းသာမှု နှစ်ခုစလုံးကို ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ သွေးတစ်စက်တည်းက ဤမျှ စွမ်းအားရှိပါက သူ၏ တစ်ကိုယ်လုံးရှိ သွေးများ၏ အင်အားမှာ ပို၍ပင် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်နေပေလိမ့်မည်။
သူသည် အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်းတွင် အမြင့်ဆုံး အောင်မြင်မှုကို ရရှိခဲ့ ကြောင်း ရှင်းလင်းနေပေသည်။ တောင်ကဲ့သို့ လေးလံသော သွေး…..၊ ဆိုလိုသည်မှာ တစ်ကိုယ်လုံးရှိ သွေးများသည် တောင်တစ်တောင်ကဲ့သို့ လေးလံသည်ဟူသော အဓိပ္ပာယ်ပင်။
နင်းဖန်၏ မျက်လုံးများတွင် ဂုဏ်ယူမှု တစ်ချက် ဖြတ်သန်းသွားခဲ့ပြီး ရေရွတ်လိုက်သည်...၊
"သွေးမီးတောက်သစ္စာ အတွက် ထူးဆန်းတဲ့ မီးတောက် အမျိုးအစား များစွာကို အသုံးပြုတာ၊ ဒီလမ်း ကြောင်းက တကယ်ကို မှန်ကန်ခဲ့တာပဲ...။"
မီးတောက်များစွာဖြင့် သွေးမီးတောက်သစ္စာ၊ ဤသည်မှာ သမိုင်းတွင် မည်သူကမျှ စိတ်ကူးပင် မယဉ်ဖူး သော အရာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထူးဆန်းသည့် မီးတောက် တစ်မျိုးတည်းကပင် ကိုင်တွယ်ရန် လုံလောက်အောင် ခက်ခဲနေပြီ ဖြစ်သောကြောင့်ပင်။
၎င်းတို့ထဲမှ ထိပ်တန်းအဆင့် တည်ရှိမှုများကိုမူ ပြောနေစရာပင် မလိုတော့ချေ။ ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ကဲ့သို့ပင်။ ဤမီးတောက်ကို ထူးဆန်းသည့် မီးတောက် များ၏ ဘုရင်ဟု ခေါ်ဆိုနိုင်ပြီး ၎င်း၏ ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကြောင့် အမြဲတမ်း နာမည်ကြီးခဲ့၏။
၎င်းသည် ပြင်းထန်ပြီး ယဉ်ပါးရန် ခက်ခဲသောကြောင့် ဆေးဖော်စပ်ခြင်း အတွက်ပင် အသုံးမပြုချေ။ မှော်လက်နက်ဖန်တီးခြင်း အတွက်သာ ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။ ပြီးတော့ အကယ်၍ ဤကဲ့သို့ သော မီးတောက်မျိုးကို တောထဲတွင် တွေ့ရှိခဲ့ပါက၊ လိုဏ်ဂူ နက်နဲ နယ်ပယ် ကျင့်ကြံသူ တစ်ဦးပင်လျှင် ၎င်းကို သတိထား၍ ကိုင်တွယ်ရပေလိမ့်မည်။
မီးပွားလေး တစ်ခု ထိမိလျှင်ပင် လူတစ်ကိုယ်လုံး ချက်ချင်း သေဆုံးသွားနိုင်ဖွယ် ရှိ၏။ ဤသည်က ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် များ၏ ရက်စက်ကြမ်းကြုတ်မှုကို ပြသရန် လုံလောက် ပေသည်။
ယခု ၎င်းကို နင်းဖန်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အတွက် အသုံးပြုနိုင်ခြင်းမှာ ပထမအချက်အနေဖြင့် ဂိုဏ်း၏ ဝင်္ကပါ စွမ်းအားကြောင့်ဖြစ်ပြီး ၎င်းက ထူးဆန်းသည့် မီးတောက် ၏ စွမ်းအားနှင့် သဘော သဘာဝကို ဖိနှိပ်ကာ ယဉ်ပါးစေခဲ့သည်။
ဒုတိယအချက်အနေဖြင့် နင်းဖန်၏ သွေးကို စနစ် မှ အားကောင်းစေပြီးနောက် သူသည် မီးတောက် အားလုံးအပေါ် အဆတစ်ရာ ခံနိုင်ရည် ရှိနေခဲ့သည်။ ထိုနှစ်ခုစလုံး၏ ပေါင်းစပ်မှုဖြင့် နင်းဖန်သည် ဤမ ကြုံစဖူး မီးတောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း အောင်မြင်မှုကို နောက်ဆုံးတွင် ရရှိခဲ့ခြင်း ဖြစ်၏။
ယခု ဝင်္ကပါ ပိတ်သွားပြီဖြစ်ရာ နင်းဖန်သည်လည်း ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ မီတာ ဆယ် ဂဏန်းကျော် အမြင့်ကြောင့် သူ မြေကြီးပေါ်သို့ ကျရောက်သောအခါ နောက်ထပ် ကျယ်လောင်သော 'ဝုန်း' ဟူသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်လေ၏။
ကျန်းထန် က သူမ၏ ဂါဝန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခြေဖျားထောက်၍ ပြေးလာခဲ့ပြီး ပြောလိုက် လေသည်...၊
"စီနီယာအစ်ကို...၊ ရှင် နယ်ပယ် ချိုးဖျက်တော့မယ်...။"
နင်းဖန်ကို အထက်အောက် ခဏတာ စောင့်ကြည့်ပြီးနောက် သူမ မျက်လုံးများကို မှိတ်ကာ ပြုံးလိုက်၏။ နေဝင်ဆည်းဆာ သောင်းချီ နံနက်ခင်း မူလအစ တာအို ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသဖြင့် ဝိညာဉ်ချီ စီးဆင်းမှုအပေါ် သူမ၏ အာရုံခံနိုင်စွမ်းမှာ အလွန် ထက်မြက်လှပေသည်။
သွေးမီးတောက်သစ္စာ နည်းလမ်းကို ပြီးမြောက်ပြီးနောက် နင်းဖန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အင်အား ကြီးထွားမှုကို တမင်တကာ ဖိနှိပ်မထားတော့ချေ။ ထို့ကြောင့် သူ၏ ကိုယ်ပိုင် နယ်ပယ် သည် ချိုးဖျက်မှု အဆင့်သို့ လျင်မြန်စွာ တွန်းပို့လာခဲ့ပေသည်။
သူသည်လည်း ယခုအချိန်တွင် အလွန် ပျော်ရွှင်နေပြီး ပြောလိုက်လေသည်...၊
"လာ...၊ သိုင်းပညာ လေ့ကျင့်ရေးကွင်း ကို ငါနဲ့ လိုက်ခဲ့...။"
သူ၏ နယ်ပယ် မှာ ချိုးဖျက်တော့မည့်ဆဲဆဲ ဖြစ်နေသဖြင့်၊ နင်းဖန်သည်လည်း သူ၏ အင်အားကို စမ်းသပ်ရန် စိတ်အားထက်သန်နေကြောင်း ရှင်းလင်းပေသည်။ ကျန်းထန် သူမ၏ ခေါင်းသေးသေး လေးကို ညိတ်လိုက်ပြီး သူတို့နှစ်ဦးသည် တောင်တစ်ဝက်ရှိ သိုင်းပညာ လေ့ကျင့်ရေးကွင်း ဆီသို့ ယှဉ်တွဲ လျှောက်သွားခဲ့ကြလေသည်...။
တစ်ချိန်တည်းမှာပင်၊ ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။ နင်းဖန်က သွေးတစ်စက်တည်းဖြင့် မြေကြီးထဲသို့ တွင်းကြီးတစ်ခု ဖြစ်အောင် ခေါက်ချလိုက်သည့် မြင်ကွင်းကို ကြည့်ရင်း လူတိုင်း၏ စိတ်များ လွတ်ဟာသွားခဲ့ရလေ၏။
အတွင်းစည်းနှင့် အပြင်စည်း နှစ်ခုစလုံးမှ တပည့် သိန်းနှင့်ချီသော သူများ အားလုံးသည် ပွက်လောရိုက် ကာ ဆွေးနွေးလိုက်ကြသည်...၊
"ဒါက...၊ သေမျိုးသွေး မှာ ရှိနိုင်တဲ့ စွမ်းအားလား...။"
"ငါ မှတ်မိသလောက်ဆိုရင် ထျန်းကုန်းတောင်ထိပ် မှာ ခင်းထားတဲ့ ကြမ်းပြင် အုတ်ချပ်တွေ အားလုံးက အထူး အားဖြည့်ထားတာ မဟုတ်ဘူးလား...။"
"မှန်တယ်...၊ ငါက အကြီးအကဲလီ ရဲ့ လက်အောက်က တပည့် တစ်ယောက်ပါ...။ ဒီကျောက်တုံးတွေကို မီးဖုတ်တဲ့ အချိန်မှာ မြေကြီး ကျောက်ဆောင် သံမဏိ တွေနဲ့ ရောနှောထားတာ...။ အဲဒါက အဆင့်မြင့် နက်နဲ အဆင့် နတ်ဘုရား လက်နက်တွေကို သွန်းလုပ်တဲ့ ပစ္စည်းပဲ...။"
"ဒါတင်မကသေးဘူး...၊ တောင်ထိပ်ပေါ်က အဆောက်အအုံတွေကလည်း ဝင်္ကပါ တွေနဲ့ တည်ငြိမ် အောင် လုပ်ထားတာ...။ ယေဘုယျအားဖြင့် ပြောရရင် အတွင်းစည်းတပည့် တွေ တိုက်ခိုက်နေရင် တောင် အဲဒါတွေကို ထိခိုက်ပျက်စီးအောင် လုပ်ဖို့ ခက်ခဲတယ်...။"
"ဒါဆို...၊ နင်းဖန်က တမင်တကာ တိုက်ခိုက်တာတောင် မဟုတ်ဘူး၊ သူ့ရဲ့ လက်ချောင်းထိပ်က သွေးစက် လေး တစ်စက်ကို သုံးပြီးတော့ပဲ အဲဒါကို ဖောက်ထွင်းပစ်လိုက်တာလား...။"
"ဒါက ရိုးရှင်းစွာပဲ အဓိပ္ပာယ်မရှိလွန်းဘူး...၊ ဒါပေမယ့် သေချာ စဉ်းစားကြည့်ရင် သူက သူ့ရဲ့ သွေးမီး တောက်သစ္စာ အတွက် ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် ကိုးမျိုးကို သုံးခဲ့တာဆိုတော့ အဲဒါက ကျိုးကြောင်းဆီလျော်ပုံ ရပါတယ်လေ...။"
"သွေးတစ်စက်တည်းက ဒီလိုမျိုး ဖြစ်နေတယ်ဆိုရင် သူ့ရဲ့ တစ်ကိုယ်လုံးက သွေးတွေက တောင် တစ်တောင်လို လေးလံနေမှာ မဟုတ်ဘူးလား...။"
"တကယ်ပါပဲ...၊ မီးတောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း၊ တောင်ကဲ့သို့ လေးလံသော သွေး ၊ ဒီ ဒဏ္ဍာရီ လာ အောင်မြင်မှုကို သူ တကယ်ပဲ ရရှိသွားခဲ့တာပဲ...။"
ယခုအချိန်တွင် အားလုံးသည် နင်းဖန်၏ ယခင် "ဆိုးသွမ်းသော လုပ်ရပ်များ" ကို မေ့သွားကြပြီ ဖြစ် သည်။ သူ သူတော်စင်မိန်းမပျိုနှင့် နီးကပ်စွာ ယှဉ်တွဲ လမ်းလျှောက်နေသည်ကို မြင်တွေ့ရခြင်းကိုပင် မည်သူကမျှ ဂရုမစိုက်ကြတော့ချေ။
ထို သွေးတစ်စက် ကျောက်တုံးကို ဖောက်ထွင်းသွားသည့် မြင်ကွင်းကြောင့် အားလုံး စွဲဆောင်ခံလိုက် ရလေသည်။ လူတိုင်း၏ မျက်နှာတွင် မယုံနိုင်လောက်အောင် တုန်လှုပ်မှုများ ပေါ်လွင်နေခဲ့လေ၏။
သွေးတစ်စက်တည်းက ဤမျှ လေးလံနေခြင်းမှာ မည်မျှ အဓိပ္ပာယ်မရှိလိုက်သနည်း။ သို့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဤသည်က ဖြစ်ပျက်သွားခဲ့ချေပြီ။ တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲ များစွာသည် ပို၍ပင် စိတ်လှုပ်ရှားနေကြပြီး သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ချေ။
ရွှီယိုဝေသည် သူ၏ လက်မောင်းများကို ဝှေ့ယမ်းကာ ပြောလိုက်သည်...၊
"တောင်ကဲ့သို့ လေးလံသော သွေး...၊ အနှစ် သန်းကိုးဆယ် ကြာပြီးနောက် ငါတို့ ဂိုဏ်းက ဒီလို အောင်မြင် မှုမျိုး ရရှိတဲ့ နောက်ထပ် ပုဂ္ဂိုလ် တစ်ယောက်ကို နောက်ဆုံးတော့ မွေးထုတ်နိုင်ခဲ့ပြီ...။ တကယ့်ကို ကံကောင်းခြင်းပဲ...။"
အစစ်အမှန်တပည့် တစ်ယောက် ဤသည်ကို ကြားသောအခါ သိချင်စိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ဘဲ မေးလိုက်သည်...၊
"မေးခွင့်ပြုပါ အကြီးအကဲ...၊ နောက်ဆုံး ရခဲ့တဲ့သူက ဘယ်သူပါလဲ...။"
ရွှီယိုဝေက ပြုံးကာ ပြန်ဖြေလိုက်လေသည်..၊
"သဘာဝကျစွာပဲ အဲဒါက ဘိုးဘေး လေ...။"
တောင်ကဲ့သို့ လေးလံသော သွေး အောင်မြင်မှုကို နောက်ဆုံး ရရှိခဲ့သူမှာ ဂိုဏ်း၏ တည်ထောင်သူ ဆရာ သခင် တာအိုအရှင်ထိုက်ရီ ပင် ဖြစ်ပေသည်။ ဘိုးဘေး သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် တွင် တောက်ပသော ပါရမီ ရှိပြီး အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြ၏။
သူသည် သွေးမီးတောက်သစ္စာ ကို လုပ်ဆောင်ရန် ထိုအချိန်က အားအကောင်းဆုံးဖြစ်သော်လည်း ယခု အခါ မျိုးသုဉ်းသွားပြီဖြစ်သော ထူးဆန်းသည့် မီးတောက် 'ဧကရာဇ် မီးတောက်' ကိုပင် အသုံးပြုခဲ့ပြီး မဟာစက်ဝန်း တစ်ရာ့ရှစ်ခု အတိအကျ လည်ပတ်ခဲ့သည်။ အဆုံးတွင် သူသည် တောင်ကဲ့သို့ လေးလံ သော သွေး ကို အောင်မြင်စွာ ရရှိခဲ့လေ၏။
"ဧကရာဇ် မီးတောက် ဟာ ရှေးဦးခေတ်မှာ မီးတစ်သောင်းရဲ့ ဘုရင် ဖြစ်ခဲ့တယ်...။ ဒီမီးက ကြမ်းတမ်းပြီး ယဉ်ပါးအောင် လုပ်လို့ မရဘူး..၊ နောက်ပိုင်းမှာ ၎င်းရဲ့ မူလအစ ကို ပြိုင်ဘက်ကင်း ရက်စက်တဲ့ လူတစ် ယောက်က ရရှိသွားခဲ့တယ်...။"
"ဒီလူက ကြီးမားတဲ့ သတ်ဖြတ်ချင်စိတ် ရှိပြီး မကောင်းဆိုးဝါး မီး နတ်ဘုရား အနုပညာ ကို ဖန်တီးခဲ့ တယ်...။ မီးကို အသုံးပြုပြီး ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်ရာမှာ သူက တောင်ပိုင်း ဇင်းနစ် နယ်မြေတစ်သောင်းလုံးကို ဆေးမီးဖို တစ်ခုအဖြစ်တောင် ပြောင်းလဲပစ်ခဲ့ပြီး သက်ရှိ သန်းပေါင်းများ စွာကို ငိုကြွေးစေခဲ့ရာကနေ နောက်ဆုံးမှာ ကောင်းကင် တာအိုက သည်းမခံနိုင်တော့တဲ့အထိ ဖြစ်သွား ခဲ့တယ်...။"
"အဲဒီလူနဲ့ မီးတစ်သောင်းရဲ့ ဘုရင် ဖြစ်တဲ့ ဧကရာဇ် မီးတောက် တို့ဟာ ကောင်းကင် တာအို နတ်ဘုရား မိုးကြိုး အောက်မှာ အတူတူ သေဆုံးသွားခဲ့ကြတယ်...။ ဒါပေမယ့် ကောင်းကင်က မီး ဘုရင် ရဲ့ ဘဝ လမ်းကြောင်းကို ဖြတ်တောက်မပစ်ခဲ့ဘူးလို့ အချို့က ခန့်မှန်းကြတယ်...။"
"ဒီနေ့ခေတ် ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ဟာ ယခင် ဧကရာဇ် မီးတောက် ကနေ မွေးဖွားလာတာလို့ ဆိုကြတယ်...။"
ဤနှစ်ဦးကြားရှိ စကားပြောဆိုမှုကို ကြားသောအခါ ကျီးယန် ၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး သူ ဝင်ပြောလိုက်၏။ မီး ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဤ ရှေးဟောင်း လျှို့ဝှက်ချက်များ အကြောင်းကို သူ သဘာဝကျစွာပင် များစွာ သိရှိထားသည်။
အစစ်အမှန်တပည့် မှာ ဤသည်ကို ကြားပြီးနောက် အံ့အားသင့်သွားကာ အလျင်အမြန် မေးလိုက် လေသည်...၊
"မဟာအကြီးအကဲ ကို မေးခွင့်ပြုပါ...။ ဘိုးဘေး နဲ့ နင်းဖန် နှစ်ယောက်စလုံးက တောင်ကဲ့သို့ လေးလံ သော သွေး ကို ရရှိခဲ့တာဆိုတော့ ဘယ်သူက ပိုအားကောင်းပါသလဲ...။"
သူ ဤသို့ မေးလိုက်သည်နှင့်တပြိုင်နက် သူ အနည်းငယ် နောင်တရသွားခဲ့၏။ ဂိုဏ်း၏ အဘိုးအို ဘိုးဘေး အကြောင်း ဤမျှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းမှာ အနည်းငယ် မသင့်တော်ဟု သူ ခံစား လိုက်ရလေသည်။
သို့သော် ကျီးယန် က ဂရုမစိုက်ဘဲ တည်ငြိမ်စွာသာ ပြန်ဖြေလိုက်လေသည်...၊
"သဘာဝကျစွာပဲ အဲဒါက နင်းဖန် ပေါ့...။ ဘိုးဘေး က မဟာစက်ဝန်း တစ်ရာ့ရှစ်ခု လည်ပတ်ခဲ့ပေမယ့် သူ သုံးခဲ့တဲ့ မီးက ဧကရာဇ် မီးတောက် တစ်မျိုးတည်းပဲလေ...။ နင်းဖန်နဲ့ ပတ်သက်ပြီးတော့က... မီး တောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း ဆိုတာကို သာမန် ယုတ္တိဗေဒနဲ့ တိုင်းတာလို့ မရတော့ဘူး...။"
"စက်ဝန်း လည်ပတ်တဲ့ အရေအတွက်က အဘိုးအို ဘိုးဘေး လောက် မများရင်တောင်မှ ပြင်းထန်မှု အပိုင်းမှာတော့ အဲဒါထက် အများကြီး သာလွန်နေတယ်...။"