← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) လူတစ်ယောက်တည်းက အမြင့်ဆုံး အခြေခံအုတ်မြစ် ပါရမီရှင် သုံးယောက်နဲ့ ယှဉ်နိုင်တယ်

ဘိုးဘေး ထက်တောင် ပိုပြီး အားကောင်းတယ်လားဟု ပတ်ဝန်းကျင်ရှိ တပည့်များသည် ထိုစကားများ ကို ကြားသောအခါ မိုးကြိုးပစ်ခံရသကဲ့သို့ မှင်တက်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် ဂိုဏ်း၏ တည်ထောင်သူ ဆရာသခင် တာအို အရှင်မြတ် ထိုက်ရီ သည် အပြိုင်အဆိုင်မရှိသော တည်ရှိမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

သူသည် တစ်ချိန်က စစ်မှန်သော နဂါး တစ်ကောင်ကို သူ၏ လက်ဗလာဖြင့် သတ်ဖြတ်ခဲ့ပြီး အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်တို့၏ အကြီးကျယ်ဆုံးသော ပါရမီရှင်များထဲတွင် ပါဝင်နိုင်သည်။ သို့သော် ယခု အခါ မဟာအကြီးအကဲ ကိုယ်တိုင်က ဘိုးဘေး ကို ကျော်လွန်သွားပြီဟု ဝန်ခံထားသူ တစ်ဦး ပေါ်လာခဲ့ပြီ ဖြစ်သည်။

နင်းဖန်... သာမန် သွေးနှင့် အရိုးရှိသော ဤ သေမျိုးခန္ဓာကိုယ် သက်သက်သာ။ မီးတောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း ဖြင့် သူသည် ဤကမ္ဘာ၏ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်း၏ အပေါ် ကန့်သတ်ချက်ကို ပြန်လည် ရေးသားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ရိုးရှင်းစွာပင် စိတ်ကူးမယဉ်နိုင် လောက်အောင်ပင် ဖြစ်ချေသည်။

ထိုအချိန်တွင် အတွင်းစည်း ဂုဏ်ထူးဆောင်တပည့် တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်ပြီး အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားကာ ပြောလိုက်လေသည်...၊

"ကြည့်...၊ နင်းဖန်က သူ့ရဲ့ အင်အားကို စမ်းသပ်တော့မယ်...။"

အောက်ဘက်တွင် နင်းဖန်နှင့် ကျန်းထန် တို့သည် ထျန်းကုန်းတောင်ထိပ် ၏ သိုင်းပညာ လေ့ကျင့်ရေး ကွင်း သို့ လျှောက်သွားခဲ့ကြလေသည်။ ယခုအချိန်တွင် လှိုင်းထနေသော သွေးချီ များသည် သူ့ထံမှ ထွက်ပေါ်နေသော်လည်း အတွင်းရှိ ဝိညာဉ်အင်အား များမှာ တည်ငြိမ်စွာ စီးဆင်းနေခဲ့သည်၊ သူသည် သူ၏ နယ်ပယ် ချိုးဖျက်မှုကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအလွှာ...၊

ကြီးမားသော တိုးမြှင့်မှု စွမ်းအားတစ်ခု ကျဆင်းလာပြီး သူ၏ ရုပ်ခန္ဓာကိုယ် ၏ အင်အားကို နောက်ထပ် တစ်ကြိမ် မြှင့်တင်ပေးလိုက်လေသည်။ သို့သော် သွေးမီးတောက်သစ္စာ နည်းလမ်းနှင့် နယ်ပယ် ချိုးဖျက် မှုတို့မှာ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့သောကြောင့် နင်းဖန်၏ စွမ်းအား မည်မျှအထိ မြင့်တက်သွားသည်ကို မည်သူကမျှ အတိအကျ မသိကြပေ။

ထို့ကြောင့် လူတိုင်းသည် အောက်ဘက်ရှိ မြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေကြ၏။ သူတို့သည် နင်းဖန် ကိုယ်တိုင်ထက်ပင် ပို၍ စိတ်အားထက်သန်နေပုံ ရပေသည်။

ကွင်းပေါ်တွင် နင်းဖန်နှင့် ကျန်းထန် တို့သည် ကိရိယာ အစုအပုံတစ်ခုရှေ့တွင် ရပ်နေစဉ် သူက ရုတ်တရက် ဂုဏ်ယူသော အပြုံးဖြင့် ပြောလိုက်လေသည်...၊

"ဂျူနီယာညီမလေး...၊ ဒီ စီနီယာအစ်ကို အတွက် တစ်ခု ရွေးပေးပါဦး...။"

သူ၏ မျက်နှာပေါ်တွင် ငါ ကြွားတော့မယ် ဆိုသည့် စကားလုံးများကို ရေးသားထားသကဲ့သို့ပင် ဖြစ်၏။

သို့သော် ကျန်းထန် က သူ၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ။ သူ့စကားကို ကြားသောအခါ သူမသည် ကိရိယာများကို လေးနက်စွာ လေ့လာကြည့်ရှုပြီး စတင် ရွေးချယ်ခဲ့သည်။ နောက်ဆုံးတွင် သူမက ဧရာမ အမည်းရောင် အိုးကြီး တစ်လုံးကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်...၊

"စီနီယာအစ်ကို... ဒါလေး သုံးရအောင်...။"

နင်းဖန် ကြည့်လိုက်ရာ အိုးကြီးမှာ မည်းနက်နေပြီး လေးလံပုံရကာ ၎င်း၏ အောက်ခြေတွင် ဂျင် နှစ်သန်း ခုနစ်သိန်းဟု အမှတ်အသားပြုထားသည်ကို တွေ့လိုက်ရလေ၏။

နင်းဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး တင်းမာသော အပြုံးဖြင့် ပြောလိုက်လေသည်...၊

"ဂျူနီယာညီမလေး...၊ မင်း တကယ်ပဲ ရွေးတတ်တာပဲ...။"

သူ့ရဲ့ ဂျူနီယာညီမလေး က တကယ်ကို ခေါင်းမာတာပဲ၊ အလေးချိန် ရွေးချယ်တာနဲ့ ပတ်သက်ပြီး သူမ ဘယ်လိုလုပ် ဒီလောက်တောင် ဘာမှမသိ ဖြစ်နေရတာလဲဟု သူ တွေးလိုက်မိလေသည်။ သူမက ဂျင် ၂.၇ သန်း ရှိတဲ့ အိုးကြီးကို ရိုးရိုးလေး လက်ညှိုးထိုးပြခဲ့ခြင်းပင်။

သူ မချိုးဖျက်မီက သူ၏ လက်မောင်း အင်အားမှာ ဂျင် (၁.၈) သန်းသာ ရှိခဲ့သည်။ ပြီးနောက် အရည် ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်းက ဆေးလုံး အသား အာဟာရဖြစ်စေခြင်း နည်းလမ်း ထက် ပိုမကောင်းပေ။

၎င်းက သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားကို နောက်တစ်ကြိမ် နှစ်ဆ မတိုးစေနိုင်ပေ။ မီးတောက်ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း ဖြင့်ပင် သူသည် ဂျင် သုံးသိန်းမှ ငါးသိန်းအထိသာ ရရှိနိုင်မည်ဟု နင်းဖန် ခန့်မှန်းခဲ့၏။ ချိုးဖျက်မှုမှ ရရှိသော တိုးတက်မှု အနည်းငယ်ကို ထည့်ပေါင်းလိုက်ပါက စုစုပေါင်း တိုးလာမှုမှာ ဂျင် ကိုးသိန်းအောက်တွင်သာ ရှိနိုင်သေးသည်။

သူ ဒီအိုးကြီးကို လုံးဝ မနိုင်၏ မ မနိုင်၏ ဆိုတာ မသေချာသေးပေ။

သူ့ဘေးတွင် ကျန်းထန် က အူကြောင်ကြောင် ရယ်မောနေခဲ့သည်။ သူ၏ စကားများရှိ အဲကြိတ်ထား သော လေသံကို သူမ လုံးဝ သတိမထားမိခဲ့ပေ။ သူမ၏ မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းကာ ရှက်ရွံ့စွာ ပြောလိုက်လေသည်...။

"ကျွန်မ ရွေးတာ သိပ်မတော်ပါဘူး...။"

အဲဒါ ချီးကျူးစကားလားဟု နင်းဖန် တွေးကာ စကားမပြောနိုင်တော့ပေ၊ သဘာဝအတိုင်း ဘာမှမသိ သော ဤ ဂျူနီယာညီမလေး ကို အချို့သောအရာများကို ရှင်းပြ၍မရနိုင်ပေ။ သူသည် အသက်ပြင်းပြင်း ရှူကာ ဧရာမ အိုးကြီးဆီသို့ လျှောက်သွားရုံသာ တတ်နိုင်လေတော့၏။

၎င်း၏ ခြေထောက်များကို ဆုပ်ကိုင်ကာ သူသည် အင်အားဖြင့် ပေါက်ကွဲထွက်လာပြီး တိုးညင်းသော ကြွေးကြော်သံနှင့်အတူ ၎င်းကို သူ၏ ခေါင်းပေါ်သို့ အထက်သို့ မြှောက်လိုက်သည်။ သို့သော် ၎င်းမှာ အဆုံးသတ် မဟုတ်ပေ၊ သူသည် လက်တစ်ဖက်တည်း အင်အားကို စမ်းသပ်လိုခဲ့၏။

အသက်အောင့်ထားရင်း သူသည် လက်တစ်ဖက်ကို ဖြည်းညင်းစွာ လွှတ်လိုက်ပြီး ဧရာမ အလေးချိန်ကို သူ၏ ညာဘက်လက်မောင်း တစ်ဖက်တည်းဖြင့် မြှောက်ထားလိုက်လေသည်။ သူ၏ ခြေအောက်ရှိ ကျောက်ပြားများမှာ လက်မအနည်းငယ်စီ အက်ကွဲသွားခဲ့လေသည်။

သူ၏ ညာဘက်လက်မောင်းပေါ်ရှိ ကြွက်သားတိုင်း ဖောင်းကြွလာသည်၊ သွေးများ မြန်ဆန်စွာ စီးဆင်း လာပြီး သူ၏ မျက်နှာမှာ နီရဲလာခဲ့၏။ သူသည် ၎င်းကို အသက်ရှူသုံးကြိမ် အပြည့်အဝ ကိုင်ထားနိုင်ခဲ့ သည်။ နောက်ဆုံးတွင် သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားသောအခါ နင်းဖန်သည် အိုးကြီးကို မြေကြီး ပေါ်သို့ ပြန်ချလိုက်လေသည်။

သူသည် အသက်ပြင်းပြင်း ရှူနေပြီး သူ၏ မျက်လုံးများမှာ ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေခဲ့၏။ သူ တကယ်ပဲ အဲဒါကို မြှောက်နိုင်ခဲ့လေ၏ ။ လက်တစ်ဖက်တည်း အင်အား ဂျင် နှစ်သန်း ခုနစ်သိန်း။

သူ့ ဂျူနီယာညီမလေး ရဲ့ မျက်လုံးက တကယ်ကို အံ့သြစရာကောင်းလောက်အောင် ထက်မြက်တာပဲ။ ကျပန်း ရွေးချယ်မှုတစ်ခုနဲ့ သူမက သူ့ရဲ့ အကန့်အသတ် အတိအကျကို ရှာတွေ့ခဲ့တာပဲဟု သူ တွေးလိုက် မိလေသည်။

ကျန်းထန် က ပြုံးရွှင်ကာ သူမ၏ လက်သေးသေးလေးများကို လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်...

"ဝါး... စီနီယာအစ်ကို က နတ်ဘုရား စွမ်းအားတွေကို ပိုင်ဆိုင်ထားတာပဲ အံ့သြစရာပဲ...။"

သူမသည် ချက်ချင်း စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ပေးခဲ့လေ၏။

ဤသည်ကို မြင်သောအခါ နင်းဖန်သည် နောက်ဆုံးတွင် သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုကို ပြသ လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များ ကွေးမတက်သွားစေရန် ကြိုးစားရင်း သူ၏ မေးစေ့ကို မော့ကာ ပြောလိုက်လေသည်...

"ဒါပေါ့… ဒါပေါ့...။"

ရယ်မောသံနှင့်အတူ ကျန်းထန် သည် ပြေးထွက်သွားပြီး လက်ကိုင်အလေးတုံး များကို တစ်ခုပြီးတစ်ခု စမ်းသပ်လိုက်၏။ နောက်ဆုံးတွင် သူမသည် ဂျင် ခုနစ်သိန်းနှစ်သောင်း ရှိသော လက်ကိုင်အလေးတုံး ကို မြှောက်လိုက်ပြီး အော်ပြောလိုက်လေသည်...၊

"စီနီယာအစ်ကို... ကျွန်မလည်း ပိုသန်မာလာပြီ...။"

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအလွှာ တွင် ကျန်းထန် သည် ပုံစံတူ အမြင့်ဆုံး အခြေခံအုတ်မြစ် နှင့် လက်တစ်ဖက်တည်း အင်အား ဂျင် ခုနစ်သိန်း ကို ပိုင်ဆိုင်ထား၏။

ယနေ့တွင် ကောင်းကင်နဲ့မြေကြီး ရတနာ များနှင့် ပြုတ်ထားသော အဆင့်မြင့် နတ်ဆိုးသားရဲ အသား ဟော့ပေါ့ ကို စားပြီးနောက် ၎င်းကို အစာချေဖျက်ခြင်း ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်း ဖြင့် ပြောင်းလဲပြီးနောက် သူမ၏ အင်အားမှာ နောက်တစ်ကြိမ် မြင့်တက်လာခဲ့လေသည်။

ဤသည်ကို မြင်သောအခါ နင်းဖန်သည် သူမ၏ ခေါင်းပေါ်သို့ သူ၏ လက်ဖဝါးကို တင်ကာ ဟိုဘက် ဒီဘက် ပွတ်သပ်ရင်း မပြောဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်...၊

"မဆိုးပါဘူး ကျန်းလေး...၊ ငါနဲ့ တစ်ရက် လေ့ကျင့်လိုက်တာ မင်းရဲ့ လက်မောင်း အင်အားက ဂျင် နှစ်သောင်းတောင် ခုန်တက်သွားတယ်...။"

လှုပ်ခါမှုကြောင့် ကျန်းထန် ၏ အသံမှာ တုန်ယင်သွားပြီးနောက် သူမက ရယ်မောလိုက်ကာ ပြောလိုက် လေသည်...

"အာ... လှုပ်တာ ရပ်ပါတော့ စီနီယာအစ်ကို...၊ ကျွန်မ ခေါင်းထဲက ရေတွေ ဖိတ်ကျကုန်တော့မယ်...။"

သူမ၏ အမြင့်ဆုံး အခြေခံအုတ်မြစ် မှာ လက်လှမ်းမီနိုင်ပြီဟု ရေရွတ်လိုက်လေသည်။ ထိုက်ရီအကြွင်း အကျန်နယ်မြေ အတွင်း၌၊ အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ရင်း ကြည့်ရှုသူများသည် မနာလိုမှုများဖြင့် အံကြိတ်နေကြပြီး ပြောဆိုလိုက်ကြလေသည်...၊

"အဲဒီ လူယုတ်မာ နင်းဖန်က သူတော်စင်မိန်းမပျိုကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ...။"

"အခု သူတော်စင်မိန်းမပျိုက မှတ်ဉာဏ်ဆုံးရှုံးသွားပြီး ဖြူစင်တဲ့ နှလုံးသား ရှိနေတော့ သူက အခွင့် ကောင်းယူပြီး ကစားနေတယ်၊ သူမရဲ့ ခေါင်းပေါ်ကိုတောင် သူ့ရဲ့ ညစ်ပတ်တဲ့ လက်ကြီး တင်ထားသေး တယ် ရွံစရာကောင်းလိုက်တာ...။"

"ဒါပေမယ့် နင်းဖန်ရဲ့ လက်မောင်း အင်အားက တကယ်ပဲ အများကြီး ခုန်တက်သွားတာပဲ...။ ဂျင် တစ်သန်းပြီးရင် တိုးတက်မှု အနည်းငယ်တိုင်းက အလွန် ခက်ခဲတယ်လို့ ငါ ထင်ခဲ့တာ...။"

"မှန်တယ် အစစ်အမှန်တပည့် တွေထဲက စီနီယာအစ်ကိုဝမ် ကို ငါ မှတ်မိတယ် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ မှာ သူ့ရဲ့ လက်မောင်း အင်အားက ဂျင် တစ်သန်း ရှိတယ်၊ ပြီးတော့ အဲဒီအဆင့်မှာ ဂျင် တစ် ပေါင်တောင် ရဖို့ ကြီးမားတဲ့ အားထုတ်မှု လိုအပ်တယ်လို့ သူ ပြောခဲ့ဖူးတယ်...။"

"အဲဒါက စီနီယာအစ်ကိုဝမ် ဟာ သာမန် ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ပြီး နင်းဖန်ကတော့...၊ ဘီလူး တစ်ကောင် ဖြစ်နေလို့လေ...။"

"ဟုတ်တယ် နင်းဖန်ရဲ့ အခြေခံ အုတ်မြစ်က အရမ်း နက်ရှိုင်းလွန်းတယ်၊ ပြီးတော့ သူက မီးတောက် ကိုးမျိုးဖြင့် သွေးကိုခဲစေခြင်း ကို သုံးခဲ့တာ ဒီလို ကြီးထွားမှုက အံ့သြစရာတော့ မဟုတ်ပါဘူး...။"

"နေပါဦး... အကယ်၍ နင်းဖန်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအလွှာ မှာ ဂျင် (၂.၇) သန်း ရှိတယ် ဆိုရင်...၊ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ မှာ သူက အနည်းဆုံး ဂျင် (၅.၄) သန်း ရှိမှာပေါ့...။"

"ကျစ်...၊ အဲဒါ ဟုတ်တယ်...။"

လက်တစ်ဖက်တည်း အင်အား ဂျင် (၅.၄) သန်း အဲဒါက အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် အနိမ့်ဆုံး လိုအပ်ချက်ရဲ့ သုံးဆထက် ပိုတယ်။ အဲဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်ပါလား။

နင်းဖန်က အမြင့်ဆုံး အခြေခံ အုတ်မြစ် ပါရမီရှင် သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ပြီး နောက် မဆုတ်ဘဲ တိုက်ခိုက်နိုင်မလားဟု သူတို့ တွေးလိုက်ကြလေသည်။

"မမေ့ပါနဲ့... နင်းဖန်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအလွှာ ကို မရောက်သေးဘူး ရေအေး အရိုး သန့်စင်=ခြင်း ကာလအတွင်း သူ သေချာပေါက် အင်အား ပိုရဦးမှာ...။"

"ငါ တွေးလေလေ ပိုကြောက်စရာ ကောင်းလေလေပဲ...။"

အစပိုင်းတွင် တပည့်များသည် နင်းဖန်က သူတော်စင်မိန်းမပျိုအား ပေါ့ပေါ့ပါးပါး ဆက်ဆံမှုကြောင့် ဒေါသထွက်ခဲ့ကြသည်။ သို့သော် သူတို့ စကားပြောနေစဉ်တွင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော လက်မောင်း အင်အားကို ရုတ်တရက် သတိရသွားကြ၏။ သူတို့ အားလုံး အံ့အားသင့်စွာဖြင့် သွားဖြဲ မပြဘဲ မနေနိုင်ကြတော့ပေ။

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ ချိုးဖျက်မှု တွင် ရုပ်ခန္ဓာကိုယ် ၏ အင်အားသည် နောက်ဆုံး အကြိမ် နှစ်ဆ တိုးလာနိုင်သည်။ ပြီးနောက် နင်းဖန်၏ လက်ရှိ စွမ်းဆောင်ရည်အရ အကဲဖြတ်ရလျှင်... သူ့တွင် ဂျင် (၅.၄) သန်း သေချာပေါက် ရှိနေပြီပင် ဖြစ်သည်။

ထို ကိန်းဂဏန်းသည် မည်သည့် လူသားမျိုးနွယ် ပါရမီရှင် ကိုမဆို များစွာ သာလွန်ပေသည်။ ရှေးဦး ခေတ်က နုပျိုသော နတ်ဘုရားသားရဲ များပင်လျှင် ယှဉ်နိုင်မည် မဟုတ်ပေ။

"တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ အသွင်အပြင်ပဲ…။"

ဂိုဏ်း၏ အဆင့်မြင့် အရာရှိများသည် အချိန်အတော်ကြာကတည်းက ပျော်ရွှင်မှုများဖြင့် ရူးသွပ်နေခဲ့ ကြပြီ ဖြစ်သည်။ နင်းဖန်သည် လက်တစ်ဖက်တည်း အင်အား ဂျင် (၁.၈) သန်း ရှိနေစဉ် ဤမျှ ကြီးမား သော စွမ်းအား တိုးတက်မှုကို အောင်မြင်နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြပေ။ ၎င်းမှာ ရိုးရှင်းစွာပင် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်ချေသည်။

အခန်း (၉၆) အပြင်ဘက်မှ ဂိုဏ်းကို ချောင်းကြည့်နေသော အင်အားကြီး ပုဂ္ဂိုလ်များ ရှိနေသလား

ထိုက်ရီအစစ်အမှန်ဂိုဏ်း ၏ အပြင်ဘက် မိုင်တစ်ရာ အကွာတွင်။ ကျယ်ပြောလှသော သစ်တော ပင်လယ် အထက်၊ ဧရာမ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် အနက်ရောင် ဝတ်ရုံဖြင့် ရစ်ပတ်ထားသော ပုံရိပ်တစ်ခု ထိုနေရာတွင် ရပ်နေခဲ့လေသည်။

သူသည် တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက် ရှိပြီး သူ၏ အရှိန်အဝါကို ထိန်းချုပ်ထားသော်လည်း သူ၏ ဝိညာဉ်ရေးရာ စွမ်းအား အတက်အကျများမှာ အလွန် သိပ်သည်းနေသေးကြောင်း မြင်တွေ့နိုင် သေးသည်။

သို့သော် အံ့သြစရာအကောင်းဆုံးမှာ သူ၏ မျက်လုံးများ ဖြစ်သည်၊ ၎င်းတို့သည် အမှန်တကယ်ပင် အရောင်မတူညီကြဘဲ ယခုအချိန်တွင် တောက်ပသော ရွှေရောင် အလင်းတန်းကို ထုတ်လွှတ်နေခဲ့၏။ ဤအချိန်တွင် ဤ ရွှေရောင် အလင်းတန်းသည် ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ၎င်း ရောက်ရှိသွားသော နေရာမှာ ထိုက်ရီအစစ်အမှန်ဂိုဏ်း ပင် ဖြစ်လေသည်။

သူ အမြင်မှားတာများလား၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ဟု သူ တွေးတောနေမိသည်။ အချိန်အတော်ကြာ ပြီးနောက် သူ၏ မျက်လုံးများကြားရှိ ရွှေရောင် အလင်းတန်းမှာ မှိန်သွားသော်လည်း သူသည် နက်ရှိုင်း သော ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုထဲသို့ ကျဆင်းသွားခဲ့လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံး မွေးဖွားလာခဲ့ပြီး ထို ထူးဆန်းသည့် ဖြစ်ရပ်က ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့၏။ အဓိက အင်အားစု အသီးသီးမှ ကျွမ်းကျင်သူ များသည် အဆုံးမရှိသော နေရာလွတ်ကို ဖြတ်၍ ကြည့်ရှုရန် မိုင်တစ်ထောင် မျက်လုံး နတ်ဘုရားစွမ်း ရည် ကို အသုံးပြုကာ သူတို့၏ အကြည့်များကို လွှဲချခဲ့ကြလေသည်။

ကံမကောင်းစွာဖြင့် နတ်ဘုရားအဆင့် ဆေးလုံး သည် ထိုက်ရီအစစ်အမှန်ဂိုဏ်း မှ လာကြောင်းကိုသာ သူတို့ မြင်နိုင်ခဲ့ပြီး ဂိုဏ်းအတွင်းရှိ မြင်ကွင်းများကို သူတို့ မကြည့်ရှုနိုင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို ခွဲခြားထားသော ကောင်းကင်ဘုံအဆင့် ဝင်္ကပါ တစ်ခု ရှိနေသောကြောင့်ပင်။

ထို့ကြောင့် လူအများအပြား အံ့သြသံသယဖြစ်ခဲ့ကြလျှင်ပင် သူတို့ များများစားစား မလုပ်နိုင်ဘဲ သူတို့၏ အကြည့်များကိုသာ ရုပ်သိမ်းနိုင်ခဲ့ကြပေသည်။

သို့သော် ဤကျယ်ပြောလှသော ကမ္ဘာကြီးတွင် စွမ်းဆောင်ရည်ရှိသော ပုဂ္ဂိုလ်များ ဘယ်သောအခါမျှ မရှားပါးပေ။ သူ၊ ကောင်းကင်ဘုံ ကိုးခု မိုးကြိုး ဂိုဏ်း ၏ သတ္တမမြောက် အကြီးအကဲ ဖန်ကျွင်း သည် ၎င်းတို့ထဲမှ တစ်ဦး ဖြစ်သည်။

ထင်ယောင်ထင်မှားကို ချိုးဖျက်နိုင်သော ရွှေရောင် မျက်လုံးသူငယ်အိမ်များ ဖြင့် မွေးဖွားလာသဖြင့် သူသည် ထင်ယောင်ထင်မှားမှုများနှင့် အပြစ်အနာအဆာများ အားလုံးကို မြင်နိုင်လေ၏။ ကျင့်ကြံခြင်း နည်းစနစ် များ၏ မပြည့်စုံမှု၊ နတ်ဘုရားစွမ်းရည်များ၏ လည်ပတ်မှု လမ်းကြောင်းများနှင့် အခြားအရာ များကိုပင် သူ မြင်တွေ့နိုင်ပေသည်။

ထိုက်ရီအစစ်အမှန်ဂိုဏ်း ၏ ကောင်းကင်ဘုံ အဆင့်မြင့် ဝင်္ကပါ နက်နဲသောအရာများ တာအို အသွင် ပြောင်းခြင်း မိခင်ဝမ်းဗိုက် နယ်မြေ သည် အခြားသူများ၏ နတ်ဘုရားစွမ်းရည် ဖြင့် ချောင်းကြည့်မှုများ ကို ပိတ်ဆို့နိုင်သော်လည်း သူ၏ ထင်ယောင်ထင်မှားကို ချိုးဖျက်နိုင်သော ရွှေရောင် မျက်လုံးသူငယ်အိမ် များ ကိုမူ မတားဆီးနိုင်ခဲ့ပေ။

ထို့ကြောင့် ဖန်ကျွင်း သည် ကျယ်ပြောလှသော သစ်တော ပင်လယ် သို့ စွန့်စားစွာဝင်ရောက်ခဲ့လေ၏။ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို မည်သို့သော လူမျိုးက ဖျော်စပ်ခဲ့သနည်းဆိုသည်ကို သူ အတိအကျ သိမြင်လိုခဲ့လေသည်။

ဖြစ်လာသည့်အတိုင်း ဤအကြည့်မှာ သေးငယ်သော ကိစ္စတစ်ခု မဟုတ်ပေ၊ သူသည် တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက် တစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံးသည် အလွတ်ဖြစ်နေသော မြို့တစ်မြို့ ဖြစ်သွားခဲ့ပြီဖြစ်၏။

စတုရန်း ကီလိုမီတာ တစ်သန်း ကျယ်ဝန်းသော ဧရိယာ၊ အလွန်မြင့်မားသော ပင်မ တောင်ထိပ် ခုနစ် ဆယ့်နှစ်ခု၊ ရေတွက်မရနိုင်သော အဆောက်အအုံ အစုအဝေးများတွင် ဘယ်နေရာမှာမှ လူတစ်ယောက် ကိုမျှပင် မတွေ့ရပေ။

ဤသည်က ဖန်ကျွင်း ကို အလွန် တုန်လှုပ်သွားစေခဲ့သည်။ ဧရာမ ထိုက်ရီအစစ်အမှန်ဂိုဏ်း ၏ တပည့် သိန်းနှင့်ချီသော သူများ ဘယ်ရောက်သွားကြသနည်း။

ယုံကြည်ရန် မဖြစ်နိုင်သဖြင့် သူသည် သူ၏ ရွှေရောင် မျက်လုံးသူငယ်အိမ်များ ကို သူတို့၏ အကန့် အသတ်အထိ တွန်းပို့ကာ နောက်ထပ် ရက်အနည်းငယ်ကြာ စောင့်ကြည့်ရန် ဂိုဏ်း၏ အပြင်ဘက်တွင် နေခဲ့လေ၏။

နောက်ဆုံးတွင် အဓိက နေရာဖြစ်သော သူတော်စင်မိန်းမပျို နန်းတော် တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို သူ ရှာတွေ့ခဲ့သည်။ ယောက်ျားက အစစ်အမှန်တပည့် တစ်ယောက်၏ တာအို ဝတ်ရုံကို ဝတ်ဆင်ထားပြီး မိန်းမကမူ လွင့်မျောနေသော မသေမျိုး စကတ် ကို ဝတ်ဆင်ထားရာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲခြား၍မရပေ။

သို့သော် သူတို့ နှစ်ဦးစလုံး၏ ဘဝ မူလအစ များမှာ အလွန် ငယ်ရွယ်ကြပြီး အသက် နှစ်ဆယ်ထက် မပို ကြပေ။ အရေးအကြီးဆုံးမှာ ဤနှစ်ဦး၏ သွေးချီ သိပ်သည်းဆမှာ အလွန် ထူးခြားနေခြင်းပင်။

ပထမဦးစွာ အမျိုးသမီး ၊ သူမသည် ဖြူဖွေးပြီး နူးညံ့ပုံရသော်လည်း သူမ၏ ကျင့်ကြံမှုမှာ ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း အဋ္ဌမအလွှာ တွင် ရှိနေပြီ ဖြစ်သည်။ ပြီးတော့ သူမ၏ သွေးချီ အတက်အကျများကို လေ့လာ ကြည့်ရာ သူမသည် ပုံစံတူ အမြင့်ဆုံး အခြေခံအုတ်မြစ် ၏ စံနှုန်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

ပြီးတော့ ထို ယောက်ျားလေး တပည့်မှာ ပို၍ပင် ချဲ့ကားလွန်းနေခဲ့သည်။ သူ၏ နယ်ပယ် မှာ ယခင်လူ လောက် မမြင့်မားသော်လည်း သူ၏ သွေးချီ သိပ်သည်းဆနှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ လှိုင်းထနေ သော စွမ်းအားမှာ ဂျင် နှစ်သန်းနီးပါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤသည်က ဖန်ကျွင်း ကို ခဏတာ မှင်တက်သွားစေပြီး သူ မြင်တွေ့နေရသည့်အရာကို မယုံကြည်နိုင် အောင် ဖြစ်သွားစေခဲ့လေ၏။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ သို့ပင် မရောက်သေးဘဲ သေမျိုး ခန္ဓာကိုယ် သက်သက်ဟု ထင်ရသော တပည့်တစ်ယောက်က ဤကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အင်အား ရှိနေသည်လော။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲဟု သူ တွေးတောနေမိသည်။

သူ အမြင်မှားနေမည်ကို စိုးရိမ်သဖြင့် ဖန်ကျွင်း သည် ဆက်လက် ချောင်းကြည့်ရန် ကျယ်ပြောလှသော သစ်တော ပင်လယ် တွင် ဆက်လက် ပုန်းအောင်းနေခဲ့၏။ ရလဒ်ကတော့ ယနေ့တွင် သူ၏ ဘဝတစ် သက်တာတွင် ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည် မဟုတ်သော မြင်ကွင်းများကို သူ မြင်တွေ့ခဲ့ရ လေသည်။

ပထမဦးစွာ ဤ ယောက်ျားလေးနှင့် မိန်းကလေး တပည့် နှစ်ဦးသည် လေ့ကျင့်ရန် တောင်ကြားတစ်ခုသို့ သွားခဲ့ပြီး ရှေးဟောင်း အကြွင်းအကျန် မျိုးစိတ် တစ်ခုကို လှုပ်ရှားမှု တစ်ခုတည်းဖြင့် နှိမ်နင်းခဲ့ကြသည်။

ဤကိစ္စတစ်ခုတည်းကပင် လူတစ်ယောက်ကို အံ့သြမှင်တက်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။ သို့သော် ၎င်းက မဆုံးသေးပေ။ မျက်စိတစ်မှိတ်အတွင်း ယောက်ျားလေး တပည့်သည် ထိုက်ရီအစစ် အမှန်ဂိုဏ်း ၏ မှော်လက်နက်ဖန်တီးခြင်း တောင်ထိပ်သို့ သွားခဲ့ပြီး အရည်ပျော်နေသော သွေးမီးတောက် သစ္စာ ၏ ကျင့်ကြံခြင်းကို အမှန်တကယ် စတင်ခဲ့သည်။ ထို့နောက် အစကတည်းက ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ လက်တစ်ဆုပ်စာကို ဝင်္ကပါထဲသို့ ပစ်ထည့်လိုက်ခြင်းဖြစ်သည်။

ဤသည်က ဖန်ကျွင်း ကို တိုက်ရိုက် မှင်တက်သွားစေခဲ့၏။ သူသည် ကမ္ဘာအနှံ့ နှစ်ပေါင်း နှစ်ထောင် ကျော် လှည့်လည်သွားလာခဲ့ပြီး သူ၏ မူလအစ ဖြစ်သော ကောင်းကင်ဘုံ ကိုးခု မိုးကြိုး ဂိုဏ်း သည် အလယ်ပြည်နယ် တွင် ပထမတန်းစား ဂိုဏ်းကြီးတစ်ခုလည်း ဖြစ်ပေသည်။

သူသည် သူ့ကိုယ်သူ အတွေ့အကြုံများသူအဖြစ် သတ်မှတ်ထားပြီး အဓိက အင်အားစု အသီးသီး၏ တိုက်ရိုက်မျိုးဆက် ပါရမီရှင်များ၏ ကျက်သရေရှိမှုကို မြင်တွေ့ခဲ့ဖူး၏။ သို့သော် ဤအချိန်တွင် သူ၏ စိတ်မှာ လွတ်ဟာသွားခြင်းမှ မကင်းနိုင်ခဲ့ပေ။ ထို ဒဏ္ဍာရီလာ ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် ကို ဝင်္ကပါထဲသို့ ဒီလောက် ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်တာလား။

ဒါက သွေးမီးတောက်သစ္စာ လား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာလား။ ထိုက်ရီအစစ် အမှန်ဂိုဏ်း မှာ တာဝန်ယူဖို့ ထွက်လာမယ့်သူ တကယ်ပဲ မရှိတော့ဘူးလားဟု သူ တွေးတောနေမိသည်။

ပြီးတော့ ဖန်ကျွင်း ကို ပို၍ အံ့အားသင့်စေမည့် အရာမှာ လာဦးမည် ဖြစ်၏။ ဤ ယောက်ျားလေး တပည့် သည် ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ၏ စွမ်းအားကို ခံနိုင်ရည်ရှိရုံသာမက သူ၏ ဂျူနီယာညီမလေး ကို မီးဆက်ထည့်ရန်ပင် တက်ကြွစွာ အော်ပြောခဲ့သည်။

ထို ဂျူနီယာညီမလေး ကလည်း ရဲရင့်ပေသည်၊ တစ်ယောက်က ပြောရဲသလို တစ်ယောက်ကလည်း နားထောင်ရဲ၏။ သူမသည် ထူးဆန်းသည့် မီးတောက် အမျိုးအစားများစွာကို တစ်ခုပြီးတစ်ခု ထုတ်ယူ ကာ ဝင်္ကပါထဲသို့ ပစ်ထည့်နေလေသည်။

ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ၊ ချီလင်ကြက်သွေးနီ ကောင်းကင်မီးတောက်၊ ကြယ်ဗဟိုချက် လောင်ကျွမ်းခြင်းမီးလျှံ၊ ကမ္ဘာဦး ဖရိုဖရဲ မူလအစ လေဟာနယ်မီးတောက်၊ တိတ်ဆိတ် ငြိမ်သက်ခြင်း ငရဲမီးတောက်၊ အစစ်အမှန် နေမင်း မီးတောက်...။

နောက်ဆုံးတွင် ၎င်းသည် ဝင်္ကပါ တစ်ခုတည်းတွင် လောင်ကျွမ်းနေသော ထိပ်တန်းအဆင့် ထူးဆန်း သည့် မီးတောက် ကိုးမျိုး အမှန်တကယ် ဖြစ်လာခဲ့လေသည်။ ၎င်းမှာ ရိုးရှင်းစွာပင် တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသော အရာပင် ဖြစ်လေ၏။ ပို၍ပင် ယုံကြည်နိုင်စရာ မရှိသည်မှာ သူ အမှန်တကယ် အောင်မြင် ခဲ့ခြင်းပင်။

"ဘာတွေများ ဖြစ်နေတာလဲ…။"

ဖန်ကျွင်း သည် သူ၏ ထင်ယောင်ထင်မှားကို ချိုးဖျက်နိုင်သော ရွှေရောင် မျက်လုံးသူငယ်အိမ်များ က သူ့ကို နောက်ပြောင်နေသလားဟု ခဏတာ တွေးတောနေမိခဲ့လေ၏။ ဤသို့ မဟုတ်ပါက ထိုကဲ့သို့သော အဓိပ္ပာယ်မရှိသည့် မြင်ကွင်းမျိုးကို သူ ဘယ်လိုလုပ် မြင်နိုင်မည်နည်း။

နောက်ပိုင်း ယောက်ျားလေး တပည့်သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအလွှာ သို့ ချိုးဖျက်ဝင် ရောက်သွားပြီး လက်တစ်ဖက်တည်းတွင် ဂျင် (၂.၇) သန်းရှိ ဧရာမ အင်အားကို တိုင်းတာပြသောအခါ ဖန်ကျွင်း သည် လုံးဝ ထုံကျင်သွားခဲ့ပြီ ဖြစ်၏။

ယခု အချိန်လေးမှာပင်။ သူသည် သစ်တော အထက်တွင် တစ်ယောက်တည်း ရပ်နေပြီး သူ၏ မျက်လုံး များတွင် ဤကမ္ဘာကြီးနှင့် ပတ်သက်၍ သံသယများ ပြည့်နှက်နေခဲ့သည်။ ကမ္ဘာပေါ်တွင် ဘယ်လိုလုပ် ဤလို ဘီလူးမျိုး ရှိနိုင်မည်နည်း၊ နင်းဖန်ဟု နာမည်ရသည့် ဤတပည့်က ကမ္ဘာပေါ်တွင် မည်သူနည်း၊ သေမျိုးခန္ဓာကိုယ် သက်သက်ဖြင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအလွှာ တွင် ဂျင် (၂.၇) သန်း ရှိသော ကောင်းကင်သို့တိုင် ရောက်ရှိသွားသော နတ်ဘုရား စွမ်းအား ကို ကျင့်ကြံနိုင်ခြင်း ဤသည်က သူသိသော ကျင့်ကြံခြင်း လောက ဟုတ်သေးရဲ့လားဟု ဖန်ကျွင်း ၏ လည်ချောင်းမှာ ခြောက်သွေ့နေကာ တွေးတော လိုက်သည်။

သူသည် မြင်ကွင်းများကိုသာ မြင်နိုင်ပြီး အသံများကို မကြားနိုင်သော်လည်း သူတို့နှစ်ဦး စကားပြော သောအခါ နှုတ်ခမ်း လှုပ်ရှားမှုများမှတစ်ဆင့် သူတို့ ဘာပြောနေသနည်းဆိုသည်ကို သူ ခွဲခြားသိမြင်နိုင် ပေသည်။

ထို့ကြောင့် ရက်အတော်ကြာ စောင့်ကြည့်ပြီးနောက် ယောက်ျားလေး တပည့်၏ နာမည်မှာ နင်းဖန် ဖြစ်ကြောင်း အဓိက သတင်းအချက်အလက်ကို သူ ရရှိထားပြီး ဖြစ်၏။ သို့သော် သူ မည်မျှပင် အပြင်း အထန် စဉ်းစားစေကာမူ ထိုက်ရီအစစ်အမှန်ဂိုဏ်း တွင် ထိုကဲ့သို့သော သေမျိုးခန္ဓာကိုယ် ပါရမီရှင် တစ်ဦး ရှိခဲ့ဖူးကြောင်းကို သူ မမှတ်မိနိုင်ပေ။

ထိုကဲ့သို့သော ထူးခြားသူ တစ်ဦးသည် အချိန်အတော်ကြာကတည်းက ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီး နေသင့်ပေသည်။

"ဘာလို့ နာမည်ကြီးမှု အရိပ်အယောင်လေး တစ်ခုတောင် မရှိရတာလဲ…။"

အဲဒါက သူက ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာသလိုပဲ ဟု တွေးတောနေမိလေသည်။

ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်၊ သူတော်စင်၊ သူတော်စင်မိန်းမပျို၊ ဂိုဏ်းချုပ် နှင့် အကြီးအကဲတွေ အားလုံး ပျောက်ကွယ်သွားခဲ့သော်လည်း ဂိုဏ်း ကာကွယ်ရေး ဝင်္ကပါ က အသက်ဝင်နေသေးရာ ၎င်းမှာ တမင်တကာ လုပ်ထားပုံ ရကြောင်း သူ တွေးတောမိသည်။

ထို့အပြင် ဂိုဏ်းထဲတွင် ကျန်ခဲ့သော ဤ သေမျိုးခန္ဓာကိုယ် ပါရမီရှင် နှင့် ထို ဂျူနီယာညီမလေး ငယ်ငယ် လေးကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤနေရာတွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု ရှိနေပြီး ဂိုဏ်းကို သူ သတင်းပို့ရမည် ဖြစ်သည်။

သို့သော်လည်း အဲဒီမတိုင်ခင် သူ၏ ထင်ယောင်ထင်မှားကို ချိုးဖျက်နိုင်သော ရွှေရောင် မျက်လုံးသူငယ် အိမ်များ က မျက်စိကန်းတာ ဒါမှမဟုတ် ဝင်္ကပါ ရဲ့ နှောင့်ယှက်တာကို မခံရဘူးဆိုတာကို ထပ်လောင်းပြီး အတည်ပြုရန် လိုသေးသည်ဟု သူ ဆုံးဖြတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ဖန်ကျွင်း သည် သူ၏ စိတ်ခံစားမှုများကို ငြိမ်သက်သွားစေပြီး သူရရှိထားသော သတင်းအချက်အလက်များကို တိတ် တဆိတ် စီစဉ်လိုက်လေ၏။

ထိုက်ရီအစစ်အမှန်ဂိုဏ်း ကဲ့သို့သော ဧရာမ အဖွဲ့အစည်း တစ်ခုသည် မြင့်မြတ်နယ်မြေ တွင် မြင့်မားစွာ တည်ရှိနေပြီး မည်သည့် အသေးအမွှား အနှောင့်အယှက်ကမဆို ကမ္ဘာလုံးဆိုင်ရာ အခြေအနေကို သက်ရောက်မှု ရှိပေသည်။

ယခု ဤမျှ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပွားခဲ့ပြီဖြစ်ရာ အခြား အဓိက အင်အားစုများ အားလုံး မှာ သတိမထားမိကြပေ။ သူတို့၏ ကောင်းကင်ဘုံ ကိုးခု မိုးကြိုး ဂိုဏ်း တစ်ခုတည်းသာ အစပြုလုပ် ဆောင်ခဲ့သည်။ ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့သလဲဆိုတာကို သူတို့ သေချာပေါက် ရှာဖွေရမည်ဖြစ် လေ၏။

ထို့အပြင် ထို တပည့် နှစ်ဦးမှာ ပို၍ပင် အာရုံစိုက်ရန် ထိုက်တန်ပေသည်။ ဂျူနီယာညီမလေး သည် ပုံစံတူ အမြင့်ဆုံး အခြေခံအုတ်မြစ် ၏ စံနှုန်းသို့ ရောက်ရှိနေပြီဖြစ်ရာ သူမ၏ အနာဂတ် အောင်မြင်မှုများသည် ထို ဒဏ္ဍာရီလာ ထိုက်ရီ သူတော်စင်မိန်းမပျို ထက် နိမ့်ကျမည်မဟုတ်ဘဲ သူမကိုပင် ကျော်လွန်သွားနိုင် ဖွယ် ရှိနေ၏။

သို့သော် ဤအရာများသည် သာမန် ပါရမီရှင်များ၏ နယ်ပယ် အတွင်း၌သာ ရှိနေသေးပြီး အဓိက အင်အားစုများက လက်ခံနိုင်သောအရာ ဖြစ်သည်။ အဓိက ပြဿနာမှာ နင်းဖန် ဟု အမည်ရသော ဤ ယောက်ျားလေး တပည့်အပေါ်တွင်သာ ရှိနေသေး၏။

"သူက အရမ်း အဓိပ္ပာယ်မရှိလွန်းတယ်…။"

အလွန် အဓိပ္ပာယ်မရှိလွန်းသဖြင့် ဖန်ကျွင်း သည် သူ၏ ထင်ယောင်ထင်မှားကို ချိုးဖျက်နိုင်သော ရွှေရောင် မျက်လုံးသူငယ်အိမ်များ တွင် တစ်ခုခု မှားနေပြီဟု ခံစားခဲ့ရသည်။ ဖြစ်နိုင်သည်မှာ သူသည် နက်နဲသောအရာများ တာအို အသွင်ပြောင်းခြင်း မိခင်ဝမ်းဗိုက် နယ်မြေ ကို အမှန်တကယ် မမြင်ခဲ့ဘဲ ဝင်္ကပါ ၏ လှည့်စားခြင်းကို ခံခဲ့ရကာ ထင်ယောင်ထင်မှားဖြစ်မှုများက သူ၏ စိတ်ကို နှောင့်ယှက်နေခြင်း ဖြစ်နိုင်၏။

ဤသည်ကလည်း ဖန်ကျွင်း ဂိုဏ်းသို့ ချက်ချင်း ပြန်လည် သတင်းမပို့ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။ နင်းဖန်၏ နောက် ကျင့်ကြံခြင်း အပိုင်းသည် မည်သို့ ဖြစ်မည်ကို ကြည့်ရှုရန် နောက်ထပ် ရက်အနည်းငယ်ကြာ သူ ဆက်လက် စောင့်ကြည့်ရန် စီစဉ်ထားပြီး ထပ်မံ အတည်ပြုနိုင်ရန် ဖြစ်၏။

"ဒီကလေးက အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်း ကို အခုလေးတင် ပြီးသွားတာ ဆိုတော့ နောက်တစ်ခုက အေးစက်ရေ အရိုးထိန်းညှိခြင်း ဖြစ်ရမယ်…။"

၎င်းက ဤမျှ အဓိပ္ပာယ်မရှိလောက်အောင် ဖြစ်နေဦးမလားဆိုတာကို သူ ကြည့်ချင်သေးသည်ဟု သူ တွေးလိုက်သည်။ ဤသည်ကို တွေးမိသောအခါ ဖန်ကျွင်း သည် သူ၏ အရှိန်အဝါကို ထိန်းချုပ်ကာ နောက်တစ်ကြိမ် တိတ်တဆိတ် စောင့်ဆိုင်းမနေဘဲ မနေနိုင်တော့ပေ။

All Chapters