← Chapters

ဒါဆို မင်းက ဖုန်းမိသားစုက အစေခံလား

Vol. 26 Ch. 251

ဒါဆို မင်းက ဖုန်းမိသားစုက အစေခံလား

Vol. 26 Ch. 251

“ဂျူနီယာမောင်လေး ဖုန်းမူ၊ ဒါ ဆေးလုံးဆိုတာ သေချာပါတယ်နော်”

ဖုန်းလင်းလုံ အကြီးအကဲချန်၏ဆွံ့အသွားသည့် အမူအရာကိုကြည့်ပြီး တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖြတ်လိုက်သည်။ ဖုန်းမူ သူ့လက်ထဲက မည်းမည်းဆေးတုံးကြီးကို ကြည့်ပြီး နားလည်သွားကာ ရှင်းပြလိုက်၏။ “တောင်းပန်ပါတယ်။ ဆေးနဲ့ မတူဘူးဖြစ်သွားတယ်။ အကြီးအကဲချန်၊ စီနီယာအစ်မ ကျွန်တော့်ကို အပြီးသတ်ဖို့ အချိန်နည်းနည်းပေးပါ”

အကြီးအကဲချန် မေးလိုက်သည်။ “ ငါနဲ့ လင်းလုံ အထဲကို လိုက်ခဲ့‌ပေးရမလား”

“မလိုပါဘူး။ အဆင့်နည်းနည်းလောက် ကျန်ခဲ့ရုံပါ။ လက်ပါနေရင်ကို လုပ်လို့ရနေပြီ”

ဖုန်းမူ ပြောရင်းဆိုရင်း ဆေးလုံးကြီးကို ကြမ်းပြင်ပေါ်ချကာ အပေါ်ယံ အမည်းလွှာကြီးကို ခွာချလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်ရှေ့မှာပဲ ဆေးလုံး လုံးလိုက်သည်။

သိပ်မကြာခင် ခန္ဓာသန့်စင်ခြင်းဆေးလုံး ပေါ်လာတော့သည်။ သူ အကြီးအကဲချန်ကို ပေးလိုက်၏။ “အကြီးအကဲချန် စစ်ပေးပါဦး”

အတွေ့အကြုံရှိသည့် ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် အကြီးအကဲချန် အကြည့်တစ်ချက်ဖြင့် သတိထားမိလိုက်သည်။ “အလယ်အလတ်အဆင့် သုံးလုံး၊ အဆင့်နိမ့်ခြောက်လုံး၊ ဒီကလေးက တကယ်ပါရမီရှိတာပဲ။ မင်းက ဆေးလုံးတစ်သုတ်ဖော်စပ်ဖို့ ထူးခြားတဲ့နည်းစနစ်ကို သုံးတာပဲ”

အထိတ်လန့်ဆုံးသူက ဖုန်းလင်းလုံပင်။ သူမ နန်းတော်မှ အစေခံတစ်ယောက်က ဆေးဖော်စပ်နိုင်သည့် စွမ်းရည်ရှိမည်ဟု မထင်ထားပေ။

သို့သော် သူမသည် လိမ္မာပါးနပ်သူတစ်ဦးဖြစ်ပြီး ဖုန်းမူကို ဆေးပညာ ‌လေ့လာသင်ယူခဲ့သည့် နေရာအား မမေးမြန်းခဲ့ချေ။

ထိုအစား သူမ အရင်းအမြစ်အချို့ ထောက်ပံ့ပေးပြီး ပျိုးထောင်ပေးရန် စီစဉ်ထားသည်။ သူမ ထိုကောင်လေးကို ဆေးပညာလမ်းစဉ်၌ လျှောက်လှမ်းနိုင်ရန် အကူအညီပေးလိုက်မည်။ ထိုသို့ဆိုပါက သူက အနာဂတ်တွင် ပြန်ကူညီပေးနိုင်ပါ၏။

ဖုန်းမူ နှိမ့်ချစွာ ဖြေသည်။ “အကြီးအကဲချန် ချီးကျူးလွန်းနေပါပြီ။ ကျွန်တော့်ရဲ့ဆေးဖော်စပ်တဲ့ပညာက အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ သင်ယူစရာတွေ အများကြီးရှိပါသေးတယ်”

“မဆိုးဘူး..မဆိုးဘူး။ နှိမ့်ချပြီးတော့ သင်ယူလိုစိတ်ရှိတယ်။ မာနမကြီးဘူး။ မမောက်မာဘူး။ လင်းလုံး မင်းက ဒီတစ်ခါ မျိုးစေ့ကောင်းလေး ရှာလာတာပဲ”

အကြီးအကဲချန် လူငယ်လေးကို ကြည့်လေ ပို၍ သဘောကျလာလေဖြစ်သည်။ သူ ထိုကောင်လေးကို ကိုယ်ပိုင်တပည့်အဖြစ် ခေါ်ယူချင်သွားတော့၏။

ဖုန်းလင်းလုံ ခပ်ဖွဖွ ပြောလိုက်သည်။ “အကြီးအကဲ ဒါကျွန်မ တာဝန်ပါ”

အကြီးအကဲချန် ပြောလိုက်၏။ “လင်းလုံ၊ မင်း ရှောင်မူကို တပည့်အဖြစ် စာရင်းသွင်းပေးလိုက်။ မင်းတို့က တစ်နေရာတည်းက လာတာဆိုတော့ ပြောစရာစကားတွေ ရှိနေမယ်ထင်တယ်”

“ဟုတ်ကဲ့ပါ အကြီးအကဲ”

ဖုန်းလင်းလုံ ပြန်ဖြေပြီး ဖုန်းမူကို ညင်သာစွာ ကြည့်လိုက်၏။ ဖုန်းမူ အကြီးအကဲချန်ကို လက်သီးဆုပ် အရိုအသေပြုပြီး ဖုန်းလင်းလုံနောက် လိုက်သွားတော့သည်။

လမ်းတစ်လျှောက်တွင် မည်သူမှ စကားစပြောပေ။ ထို့နောက် သူတို့ မှတ်တမ်းတင်ခန်းမသို့ ရောက်လာကြ၏။ သူမ ဖုန်းမူဘက်သို့ လှည့်ကာ ပြောသည်။ “ဂျူနီယာမောင်လေး၊ ဒါက တို့တွေရဲ့ ယွင်လန်းဂိုဏ်း အတွင်းရေးရာဌာနလေ။ ဒီနေ့ကစပြီး နင်က ငါတို့ ယွင်လန်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာပြီ။ အတိတ်ကအရာအားလုံးကို မေ့ပစ်ပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တော့”

တစ်ပါးသူ၏ အကာအကွယ်အောက်တွင် ရှင်သန်ကြီးပြင်းလာခဲ့သော ဖုန်းမူသည် သဘာဝအတိုင်း သူမ စကားကို နားလည်ပါသည်။ “ဟုတ်ကဲ့ပါ မင်းသမီး... ကျွန်တော် ဖုန်းမူ ဒီနေ့ကစပြီး မင်းသမီးရဲ့ ဦးဆောင်မှုနောက်လိုက်ပါမယ်”

“တခြားသူတွေ ‌အနောက်မှာ ငါ့ကို စီနီယာအစ်မလို့ပဲခေါ်”

ဖုန်းလင်းလုံ ဖုန်းမူ၏အဖြေကို အတော်လေး ကျေနပ်သွားသည်။

“ဟုတ်ကဲ့ပါ စီနီယာအစ်မ”

ဖုန်းမူ ပြန်ဖြေလိုက်ပြီး သူမနောက်မှ အတွင်းရေးရာဌာနသို့ လိုက်ပါသွားတော့၏။ ဖုန်းလင်းလုံရှိနေ၍ထင်။ မှတ်တမ်းတင်ခြင်းက လျင်မြန်စွာ ပြီးဆုံးသွားသည်။

တစ်ခဏမျှကြာပြီးနောက် လူနှစ်ဦး လျှောက်ထွက်လာတော့၏။ ဖုန်းလင်းလုံ ပြောသည်။ “ဂျူနီယာမောင်လေး...အခုကစောသေးတယ်။ ယွင်လန်ဂိုဏ်းကို လိုက်ပတ်ပြပေးရမလား”

“ဒါဆို စီနီယာအစ်မကို ကျေးဇူးတင်ရမှာပေါ့”

ဖုန်းမူ မလုံခြုံသလို ခံစားလိုက်ရ၏။ စိမ်းသက်နေသည့် နေရာတစ်ခုသို့ ရောက်လာခြင်းက သူ့ကို မသက်မသာဖြစ်စေသည်။ ဖုန်းလင်းလုံ သူ့ကို လိုက်ပတ်ပြသပေးမည်ဆိုမှတော့ သူ ပျော်ရွှင်စွာ လက်ခံလိုက်သည်။

“ခဏနေဦး”

သူမ ပြောပြီးသည်နှင့် သိုလှောင်အိတ်ထဲမှ ဝီဇီတစ်ခုကို ထုတ်ကာ မှုတ်လိုက်သည်။

သိပ်မကြာခင် အင်မော်တယ်ကြိုးကြာတစ်ကောင် သူတို့ထံ ရောက်လာ၏။

“ဂျူနီယာမောင်လေး တက်လာခဲ့”

“ကောင်းပါပြီ”

သူတို့ ထိုင်ပြီးသည့်အခါ အင်မော်တယ်ကြိုးကြာက ကောင်းကင်သို့ ပျံသန်းသွားတော့သည်။ ထိုမြင်ကွင်းက တပည့်များကို တိတ်ဆိတ်သွားစေသည်။

“အဲဒီကောင်လေးက ဘယ်သူလဲ။ သူက နတ်မိမယ်ချင်းဟယ်နဲ့ ကြိုးကြာတစ်ကောင်းတည်း စီးတယ်ပေါ့”

“ငါ နတ်မိမယ်ချင်းဟယ် အဲ့ကောင်လေးကို အပြင်စည်းတပည့်အဖြစ် စာရင်းသွင်းနေတာ မြင်လိုက်တယ်။ သူ့မောင်လေးလား မသိဘူး”

“ဖြစ်နိုင်တယ်”

“...”

တစ်နာရီကြာပြီးနောက် ဖုန်းလင်းလုံ ဖုန်းမူကို တောင်ထွတ်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ အကြီးအကဲချန်သည် ‌ဆေးမီးလျှံတောင်ထွတ်၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။ သူက ဖုန်းမူကို အမည်ခံတပည့်အဖြစ် လက်ခံထား၍ သဘာဝအတိုင်း ထိုတောင်ထွတ်၌ နေရပေလိမ့်မည်။

ဖုန်းလင်းလုံ ပြောသည်။ “ဂျူနီယာမောင်လေးမူ၊ အစ်မက စိတ်ဝိညာဉ်ဓားတောင်ထွတ်မှာနေတာ။ ပြဿနာတစ်ခုခုနဲ့ကြုံရရင် အစ်မဆီ အချိန်မရွေး လာလို့ရတယ်”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

ဖုန်းမူ သူမကို ဦးညွှတ်လိုက်ပြီး ဆေးမီးလျှံတောင်ထွတ်သို့ သွားလိုက်သည်။

သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဖုန်းလင်းလုံ တွေးနေမိ၏။ ‘ သူ အနာဂတ်မှာ ဘယ်လောက် ဝေးဝေးထိ သွားနိုင်မလဲ’

သိပ်မကြာခင် ဖုန်းမူ ဆေးမီးလျှံတောင်ထွတ်သို့ ရောက်လာ၏။ ထိုအခါ သူ ရင်းနှီးနေသည့် သူနှင့် တွေ့လိုက်သည့်အတွက် နှုတ်ဆက်လိုက်သည်။ “စီနီယာအစ်ကိုလျူကို နှုတ်ဆက်ပါတယ်”

လူတိုင်း သူ့ကို ကြည့်လာကြ၏။ သူတို့ ဖုန်းမူကို မြင်ချိန် ချက်ချင်း စုဝေးလာကြသည်။

“ဂျူနီယာညီလေးဖုန်း၊ မင်းက စီနီယာအစ်မချင်းဟယ်နဲ့ ရင်းနှီးတာလား”

အရပ်ရှည်သည့် ကျင့်ကြံသူတစ်ဦး ဖုန်းမူ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

ဖုန်းလင်းလုံသည် တာ့ယွင်မင်းဆက်မှ မင်းသမီးတစ်ပါးဖြစ်ပြီး ယွင်လန်ဂိုဏ်းအတွင်းစည်းတပည့်များကြားတွင် နာမည်ဂုဏ်သတင်း ကျော်ဇောသူဖြစ်သည်။

ဖုန်းမူ ဖြေကြားလိုက်သည်။ “စီနီယာအစ်ကို၊ ဖြေကြားပါတယ်။ မင်းသမီးက ကျွန်တော့်ကို တာ့ယွင်ကနေ ခေါ်လာတာပါ။ ကျွန်တော်တို့က အချင်းချင်း သိရုံပါ”

ကျင့်ကြံသူတစ်ယောက် အလိုလို မေးလိုက်သည်။ “မင်းက စီနီယာချင်းဟယ်ရဲ့ အိမ်တော် ကလား”

“ဟုတ်ပါတယ်”

ဖုန်းမူ သူ့အထောက်အထားကို မဖုံးကွယ်ပေ။ မည်သို့ပေဆိုစေကာမူ သူက တစ်ယောက်တည်းမဟုတ်ပေ။ သူ့နောက်တွင် ထောက်ပံ့ပေးမည့် ကျောထောက်နောက်ခံရှိပေသည်။

ထိုကျင့်ကြံသူက ဖုန်းမူ ပခုံကို ပုတ်ပေးလိုက်သည်။ ထို့နောက် နောက်တစ်လှမ်းဆုတ်ကာ အကာအဝေးတစ်ခု ခြားနားလိုက်သည်။ သူ့မျက်လုံးထဲတွင် စက်ဆုပ်ရွံရှာမှု အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

“ငါသိပြီ။ ဒါဆို ဂျူနီယာညီလေး ကောင်းကောင်းကျင့်ကြံပါ”

ဖုန်းမူ ထိုမုန်းတီးမှုခံစားချက်ကို ခံစားမိလိုက်သော်လည်း စိတ်ထဲမထားပေ။ သူ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို၊ ဒါဆို ကျွန်တော်သွားပါတော့မယ်”

“အင်း”

ထိုကျင့်ကြံသူ မယုတ်မလွန်ပြန်ဖြေလိုက်သည်။ သူက ဖုန်းမူနှင့် စကားများကာ လေကုန်မခံချင်တော့သည့်အလားပင်။

ဖုန်းမူထွက်သွားပြီးနောက် ဘေးက ကျင့်ကြံသူက နှာခေါင်းရှုပ်လိုက်၏။ “ငါ အစက အဲ့ကလေးမှာ နောက်ခံအချို့ရှိမယ်ထင်တာ။ ဒါပေမဲ့ သူက ဖုန်းမိသာစု အစေခံဖြစ်နေတယ်။ ဟာသပဲ”

စီနီယာအစ်ကိုလျူ ရယ်မောကာ ပြောသည်။ “ဂျူနီယာညီလေးကျင်း မင်းသူကို ကြည့်မရရင် သင်ခန်းစာပေးလိုက်ကြမလား။ သည်းခံနေစရာမှမလိုတာ”

ဂျူနီယာညီလေးကျင်း ပြန်ဖြေသည်။ “အစေခံတွေပေါ် လက်တင်တာက ကျွန်တော့်ကို ညစ်ပတ်စေရုံပဲရှိတာ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သူ ဆေးမီးလျှံတောင်ထွတ်မှာ အေးအေးဆေးဆေး မနေရစေဘူး”

အခြားသူများသည် တိတ်ဆိတ်နေကြ၏။

သူတို့အတွက် အနိုင်ကျင့်စရာလူတစ်ယောက်တိုးလာခြင်းက ပုံမှန်ပေ။ ထို့အပြင် ဖုန်းမူဆိုသည့်သူက နတ်မိမယ်ချင်းဟယ်နှင့် ကြိုးကြာတစ်ကောင်တည်း စီးရဲပေသည်။ သူက သူ့နေရာသူ မသိပေလော။ သူက ယွင်လန်ဂိုဏ်းကို ဝင်လိုက်သည်နှင့် အစေခံအဆင့်အတန်းကို ဖျောက်ဖျက်နိုင်ပြီ ထင်နေသလော။ သူက သူ့သခင်နှင့် တစ်တန်းတည်း ထိုင်နိုင်ပြီဟု ထင်နေသလော။

ဖုန်းမူ သူပစ်မှတ်ထားခံနေရပြီဟု မသိသေးပေ။

အထောက်အထားအမှတ်အသားပြားကိုကိုင်လျက် တာဝန်ကျကြီးကြပ်သူကို ရှာပြီး နေထိုင်ရန် ခြံဝန်းတစ်ခု လက်ခံရယူလိုက်သည်။ ထို့နောက် ‌ဆေးမီးလျှံတောင်ထွတ်၏ ကျင့်ကြံခြင်းမိတ်ဆက် မိတ္တူတစ်ခုကို ယူလိုက်၏။

ကြီးကြပ်သူကို ကျေးဇူးတင်ပြီးနောက် သူ သတ်မှတ်ထားသည့် ခြံဝန်းလေးသို့ သွားလိုက်သည်။ တစ်ချိန်တည်းမှာ ဖုန်းမူ၏ အထောက်အထားအစစ်က ဆေးမီးလျှံတောင်ထွတ်၏အပြင်စည်းတပည့်များကြားတွင် ပျံ့နှံ့သွားတော့၏။

All Chapters