← Chapters

ဒါက အလကား ရနေတာနဲ့ မတူဘူးလား

Vol. 26 Ch. 255

ဒါက အလကား ရနေတာနဲ့ မတူဘူးလား

Vol. 26 Ch. 255

“တာအိုရောင်းရင်း ရွှေတောင်ပံ ခင်ဗျား ရောက်လာတာကို ကျွန်တော် မသိလိုက်ဘူး။ စောစော မကြိုဆိုနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါ”

ချင်းကျိုးတော်ဝင်နန်းတော် အပြင်ဘက်တွင် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ကျက်သရေရှိစွာ ရပ်နေသည်။ သူ့မျက်နှာဖြင့် အသက်ကို ခန့်မှန်း၍ မရပေ။ ထိုသူက မြင်းလှည်းပေါ်တွင် ထိုင်နေသည့် ပုံရိပ်ကို လက်သီးဆုပ်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ရွှေတောင်ပံသူတော်စင် မြင်းလှည်းပေါ်မှ ခုန်ဆင်းလာပြီး ချောမောသော အမျိုးသား၏ အနောက်ရှိ အမြီးကိုးချောင်းကို ကြည့်လိုက်၏။ သူ ယဉ်ကျေးစွာ ပြန် ဖြေကြားသည်။ “ ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က ရွှေတောင်ပံပါ။ ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ မသိဘူး “

ထိုအမျိုးသား အလျင်မလိုဟန်ဖြင့် ပြောလိုက်သည်။ “ကျွန်တော်က ပိုင်ယွီပါ။ နတ်ဆိုးတစ်သောင်းတောင်တန်းက တာအိုရောင်းရင်းတွေက ကျွန်တော့်ကို ဘွဲ့နာမည် တစ်ခု ပေးထားပါတယ်။ စိတ်ဝိညာဉ် ချည်နှောင်ခြင်းသူတော်စင်တဲ့။ လောလောဆယ်တော့ ချင်းကျိုး တိုင်းပြည်ကို ကြီးကြပ်နေပါတယ် “

၎င်းကို ကြားသောအခါ ရွှေတောင်ပံသူတော်စင် လေးစားစွာ ပြောလိုက်သည်။ “ ဪ... နတ်ဆိုးတစ်သောင်းတောင်တန်း ရဲ့ သူတော်စင်တစ်ပိုင်းဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ စီနီယာ စိတ်ဝိညာဉ်ချည်နှောင်ခြင်းပဲ”

[ သူတော်စင်တစ်ပိုင်းအဆင့်ပဲရှိပါသေးတယ်နော်။ ဒါပေမဲ့ သူတော်စင်ဘွဲ့ကို တန်းပေးထားတာပါ]

ပိုင်ယွီ သူ့ လက်ကို ဝှေ့ယမ်းလိုက်သည်။” ဘွဲ့နာမည်တွေဆိုတာ ပြင်ပက ကျော်ကြားမှု သက်သက်ပါ။ ခင်ဗျားတို့က အဝေးကြီးကနေ လာရတာဆိုတော့ အေးအေးလူလူ စကားပြောလို့ရအောင် နန်းတော်ထဲ ဝင်ကြပါဦး “

“ကျေးဇူးပြုပြီး”

ချူဖုန်းတို့ ပိုင်ယွီ အနောက်မှ နန်းတော်ထဲသို့ ဝင်သွားကြသည်။

မကြာမီ သူတို့ တော်ဝင်ဥယျာဉ်သို့ ရောက်ရှိလာကြ၏။

ချန်ကျင်းကျင်း ဤမျှ လှပသော နေရာမျိုးသို့ တစ်ခါမျှ မရောက်ဖူးခဲ့ပေ။ သူမ မျက်လုံးများက စူးစမ်းလိုစိတ်များဖြင့် တောက်ပနေသည်။

သို့သော် ဤနေရာသည် သူမ အိမ်မဟုတ်ကြောင်း သိထားသဖြင့် လိမ္မာစွာ နေထိုင်ပြီး လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုကာ သူမ ဆရာနှင့် ဆရာကတော်တို့၏ လက်များကို ကိုင်ထားသည်။

“ကျေးဇူးပြုပြီး ထိုင်ကြပါ”

ပိုင်ယွီ ချူဖုန်းတို့ အဖွဲ့ကို စင်မြင့်တစ်ခု အတွင်း၌ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

ချူဖုန်းတို့ မထိုင်မီ အနည်းငယ် ဦးညွှတ်လိုက်ကြသည်။

ပိုင်ယွီ ရွှေတောင်ပံသူတော်စင်၏ ဘေးက လူသားကျင့်ကြံသူက ဘယ်ဘက်ရှိ အဓိက နေရာတွင် ထိုင်လိုက်သည်ကို သတိပြုမိ၏။ သူ့မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“တာအို‌ရောင်းရင်းရွှေတောင်ပံ... ဒီရောင်းရင်း ကို ဘယ်လို ခေါ်ရမလဲ မသိဘူး”

ရွှေတောင်ပံသူတော်စင် မိတ်ဆက်ပေးလိုက်သည်။

“မိတ်ဆက်ပေးဖို့ မေ့သွားတာ ကျွန်တော့် အမှားပါ။ သူက ဝမ်တောက်ကျောင်းတော် သောင်းပြောင်းပညာရပ်ဌာန ရဲ့ ဌာနမှူး၊ ကျွန်တော့်ရဲ့ စီနီယာအစ်ကို ချူဖုန်းပါ”

“ ဪ “

ပိုင်ယွီ ချူဖုန်းဟူသော နာမည်ကို ကြားသောအခါ သူ့ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသော်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ ဒါဆိုရင် သူတော်စင်တစ်ပိုင်း ချူ ကိုယ်တိုင် ဖြစ်နေတာကိုး။ ကျွန်တော့်ကို ခွင့်လွှတ်ပါ “

ချူဖုန်း ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်လိုက်သည်။ “စောစောက ခင်ဗျားက ကျွန်တော့်ရဲ့ ဂျူနီယာညီလေး နဲ့ စကားပြောနေတာကို တွေ့လို့ ကျွန်တော့် နာမည်ကို အချိန်မီ မပြောဖြစ်လိုက်တာပါ။ လစ်ဟင်းမှုအတွက် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ် “

သူတို့ နှစ်ဦးကြား အပြန်အလှန် ယဉ်ကျေးစွာ စကားပြောဆိုပြီးနောက် အစေခံများက အရက်နှင့် ဟင်းလျာများကို ယူဆောင်လာကြသည်။

စားသောက်ပွဲကြီးကို တရားဝင် စတင်လိုက်သည်။

အရက် သုံးခွက်လောက် သောက်ပြီးနောက်...

ပိုင်ယွီ အရင်ဆုံး စကားစလိုက်သည်။”သူတော်စင်တစ်ပိုင်းအဆင့် နှစ်ပါးက ချင်းကျိုးကို ကိုယ်တိုင် လာရောက်လည်ပတ်တယ် ဆိုတော့ သာမန် ခရီးစဉ် သက်သက် မဟုတ်ဘူးလို့ ထင်ပါတယ်”

ချူဖုန်း ပြုံးလိုက်သည်။ “ရိုးရိုးသားသား ပြောရရင် ရွှေတောင်ပံနဲ့ ကျွန်တော်က ကျောင်းအုပ်ကြီး ရဲ့ အမိန့်အရ စီနီယာချန်းဟွမ် ကို လာရောက် ဂါရဝပြုတာပါ”

ထိုစကားများကို ပြောလိုက်သည်နှင့် ပိုင်ယွီ လုပ်လက်စ အရာကို ရပ်တန့်လိုက်ပြီး သူ့ အမူအရာက ပိုမို လေးနက်သွားသည်။

“ခင်ဗျားတို့ဆီမှာ အမှတ်အသားပြား ရှိလား”

“ရှိပါတယ်”

ချူဖုန်း ကျောင်းအုပ်ကြီး သူ့ကို အပ်နှင်းထားသော အမှတ်အသားပြားကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူပြီး အနီးနားရှိ နန်းတော် အစေခံ တစ်ဦးထံသို့ ကမ်းပေးလိုက်သည်။

အစေခံက အမှတ်အသားပြားကို ပိုင်ယွီ အရှေ့သို့ ယူဆောင်သွား၏။

ပိုင်ယွီ ၎င်းကို ကောက်ယူပြီး သေချာစွာ စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သူ ပြောလိုက်၏။ “ဒါက တကယ်ပဲ အရှင်ချန်းဟွမ် ရဲ့ အမှတ်အသားပြားပါ။ ဒါပေမဲ့ အရှင်ချန်းဟွမ်က လောလောဆယ် တော်ဝင်မြို့တော်ချင်ကျိုးထဲမှာ မရှိပါဘူး။ ကျွန်တော်တို့ ချင်းကျိုး မြေခွေးမျိုးနွယ်စုရဲ့ စည်းမျဉ်းတွေအရ၊ အရှင်ချန်းဟွမ် နဲ့ တွေ့ဆုံဖို့ စမ်းသပ်မှု လေးခုကို ကျော်ဖြတ်ရပါမယ် “

ချူဖုန်း ပြောလိုက်သည်။ “စကားပုံ ရှိတယ်လေ။ ရောမ ရောက်ရင် ရောမလိုကျင့် တဲ့။ စမ်းသပ်မှုတွေက ဘာလဲဆိုတာကိုသာ ပြောပါ “

ပိုင်ယွီ ရယ်မောလိုက်သည်။ “ သူတော်စင်တစ်ပိုင်း ချူ က ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ်။ ဒီနေ့တော့ ကျွန်တော် ကိုယ်တိုင် မျက်မြင် တွေ့ရတော့မဲ့ပုံပဲ။ လောလောဆယ်တော့ အရက်ကိုပဲ သောက်ကြတာပေါ့။ မနက်ဖြန်ကျရင် စမ်းသပ်မှုတွေ စတင်ဖို့ သူတော်စင်တစ်ပိုင်းချူကို ကျွန်တော် ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်”

“ကောင်းပါပြီ”

ချူဖုန်း သူ့ အရက်ခွက်ကို မြှောက်လိုက်သည်။” တာအိုရောင်းရင်း... ခင်ဗျားက တကယ်ကို ပွင့်လင်းတာပဲ။ အဲဒီအတွက် ကျွန်တော် သောက်လိုက်မယ် “

“ချီးယားစ်”

နှစ်နာရီ ကြာပြီးနောက် စားသောက်ပွဲ ပြီးဆုံးသွားသည်။

ချူဖုန်းတို့အဖွဲ့ကို နန်းတော်၏ ဘေးခန်းမ တစ်ခုတွင် အနားယူရန် စီစဉ်ပေးခဲ့သည်။

ညအချိန်မှာ ထူးထူးခြားခြား မရှိဘဲ ကုန်လွန်သွား၏။

နောက်တစ်နေ့ မနက်တွင် ချူဖုန်း အိပ်ရာ စောစောထလိုက်သည်။ သူ စောစောထပြီး ချန်ကျင်းကျင်းကို ပန်းချီဆွဲခြင်းနှင့် ပတ်သက်၍ လမ်းညွှန်မှု အချို့ ပေးခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် မြေခွေးမျိုးနွယ်စုမှ အစေခံ တစ်ဦး ဘေးခန်းမ အပြင်ဘက်သို့ ရောက်လာပြီး လေးစားစွာ ပြောလိုက်သည်။ “ အရှင်တို့... သခင်ပိုင်ယွီက ဖိတ်ခေါ်နေပါတယ် “

“နားလည်ပြီ”

ချူဖုန်း ပြန်ဖြေပြီးနောက် ချန်ကျင်းကျင်းကို သူမ ပန်းချီကားကို သိမ်းခိုင်းကာ အစေခံ အနောက်မှ လိုက်၍ ခန်းမထဲမှ ထွက်သွားသည်။

ပိုင်ယွီ မနေ့က သူတို့ စုဝေးခဲ့ကြသော တော်ဝင်ဥယျာဉ်တွင် နောက်တစ်ကြိမ် စောင့်ဆိုင်းနေသည်။

“တာအိုရောင်းရင်ချူ ... ရောက်လာပြီပဲ “

ချူဖုန်း လက်သီးဆုပ်လိုက်သည်။ “ စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်”

“ကျွန်တော်လည်း အခုလေးတင် ရောက်တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ “

ပိုင်ယွီ ဖိတ်ခေါ်သည့် ဟန်ပန်ဖြင့် လက်ပြလိုက်သည်။

“ကျေးဇူးပြုပြီး”

ချူဖုန်း ပိုင်ယွီ နောက်မှ လိုက်ပါသွားပြီး အနောက်ဘက် ဥယျာဉ်မှ ထွက်ခွာသွားသည်။ နန်းတော် တံခါးများစွာကို ဖြတ်သန်းပြီးနောက် သူတို့ ခန်းမတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

ပိုင်ယွီ ရပ်လိုက်ပြီး ချူဖုန်းဘက်သို့ လှည့်ကာ ပြောသည်။ “ တာအိုရောင်းရင်းချူ ... ဒါက ကျွန်တော်တို့ရဲ့ ချင်းကျိုး ဘိုးဘေးခန်းမပါ။ စမ်းသပ်မှုက ဒီအထဲမှာ ရှိပါတယ်။ မျိုးနွယ်စု အကြီးအကဲတွေကို ကျွန်တော် သွားပြောနေတုန်း ဒီမှာ ခဏလောက် စောင့်ပေးပါ “

ချူဖုန်း ပြန်ဖြေသည်။ “ဟုတ်ကဲ့ပါ”

ခဏအကြာတွင် ပိုင်ယွီ အထဲမှ ပြန်ထွက်လာပြီး ချူဖုန်းကို ပြောလိုက်သည်။ “တာအိုရောင်းရင်း... ဒီတစ်ကြိမ် စမ်းသပ်မှု လေးခုက ဇီသာတီးခြင်း၊ စစ်တုရင် ကစားခြင်း၊ လက်ရေးလှရေးခြင်း နဲ့ ပန်းချီဆွဲခြင်း ဖြစ်မယ်လို့ မျိုးနွယ်စု အကြီးအကဲ လေးယောက်က ပြောပါတယ်။ အကယ်၍ ခင်ဗျားက ဒီအနုပညာရပ်တွေမှာ အကြီးအကဲ လေးယောက်စလုံးကို အနိုင်ယူနိုင်ရင် ခင်ဗျားတို့ အဖွဲ့ နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆီကို ဆက်သွားပြီး ချင်းကျိုးအင်‌မော်တယ်တောင် ကို သွားခွင့်ရလိမ့်မယ်”

၎င်းကို ကြားသောအခါ ရွှေတောင်ပံသူတော်စင် ရယ်မောလုနီးပါး ဖြစ်သွားသည်။

‘အစ်ကိုကြီးနဲ့ ဇီသာတီးတာ၊ စစ်တုရင် ကစားတာ၊ လက်ရေးလှရေးတာ၊ ပန်းချီဆွဲတာတွေကို ယှဉ်ပြိုင်မယ် ဟုတ်လား။ ဒါက အလကားဝင်ခွင့်ပေးနေတာလား’

‘အဲဒီ မြေခွေးအိုကြီး လေးကောင်ကို ထားလိုက်။ ငါ့ မွေးစားအဖေတောင်မှ အဲဒီ ပညာရပ်တွေမှာ အစ်ကိုကြီးထက် ပိုတော်တယ်လို့ မပြောရဲဘူး’

သူက အလိုလို ပြောလိုက်မိသည်။ “ တာအိုရောင်းရင်း... ခင်ဗျား အမှားလုပ်မိတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား “

…

ပိုင်ယွီ ရွှေတောင်ပံသူတော်စင်ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။ “ ကျွန်တော်က သတင်းစကားကို မှားပြီး ပြန်ပြောလိုက်မိလို့လား “

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ အံ့အားသင့်စရာ ကောင်းလို့ပါ”

ရွှေတောင်ပံသူတော်စင် အပြုံးမှာ နားရွက်ချိတ်မတတ်ပင်။

“တာအိုရောင်းရင်း ချူ ... ကျေးဇူးပြုပြီး”

ပိုင်ယွီ ရွှေတောင်ပံသူတော်စင်နှင့် စကားပြောပြီး အချိန်မဖြုန်းတော့ဘဲ ချူဖုန်းဘက်သို့ လက်ပြလိုက်သည်။

“ခင်ဗျား အရင်သွားပါ”

ရွှေတောင်ပံသူတော်စင် ချူဖုန်း၏ အနောက်မှ လိုက်လာပြီး မေးလိုက်သည်။ “တာအိုရောင်းရင်းပိုင် ... ပြိုင်ပွဲကို ကျွန်တော် စောင့်ကြည့်လို့ ရမလား”

“ ရပါတယ်။ ဒါပေမဲ့ စမ်းသပ်တဲ့ အခန်းတွေထဲကိုတော့ ဝင်လို့ မရဘူး။ အပြင်ဘက်ကနေပဲ စောင့်ကြည့်လို့ ရမယ်။ ခင်ဗျားက တာအိုရောင်းရင်းချူ ကို အရိပ်အမြွက်တွေ ပေးမှာကို ကြောက်လို့ မဟုတ်ပါဘူး၊ သူတော်စင်တစ်ပိုင်းအဆင့် နှစ်ပါး နတ်ဘုရား စွမ်းရည်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ကြတဲ့အခါ အကျိုးဆက်တွေက တခြားသူတွေကို ထိခိုက်မှာ စိုးလို့ပါ “

ပိုင်ယွီ ဤရှင်းပြချက်ကို တမင်တကာ ပြောဆိုလိုက်သည်။

“ကျွန်တော့်အတွက် အဆင်ပြေပါတယ်”

ရွှေတောင်ပံသူတော်စင် စိတ်လှုပ်ရှားနေပုံ ရသည်။ ချူဖုန်းက ထိုမြေခွေးအိုကြီး လေးကောင်ကို လုံးဝ ချေမှုန်းပစ်မည်ကို ကြည့်ရန် သူ စိတ်အားထက်သန်နေတော့၏။

သူတို့ ဘိုးဘေးခန်းမထဲသို့ ဝင်ရောက်သွားကြသည်။ ရင်ပြင်ငယ်ပေါ်တွင် မြေခွေးရုပ်တုတစ်ခုက ချူဖုန်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။

ရုပ်တုသည် အသက်ဝင်နေလေသည်။ အထူးသဖြင့် မျက်ဝန်းတစ်စုံပင်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ချူဖုန်း၏ ဝိညာဉ်တွင် တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်သွားစေသည်။

ဤရုပ်တုက အင်မော်တယ်ဧကရာဇ် အဆင့် ပုဂ္ဂိုလ် တစ်ဦး၏ ပုံစံ ဖြစ်ကြောင်း ရှင်းလင်းနေသည်။

သူတို့ ရင်ပြင်ကို ဖြတ်ကျော်ပြီး ခန်းမထဲသို့ ဝင်သွားကြသည်။ အဝေးမှကြည့်လျှင် အင်မော်တယ် ဟန်ပန်အပြည့်ပင်။ ဆံပင်ဖြူများ၊ တက်ကြွသောမျက်နှာထားများနှင့် အဘိုးအိုလေးဦး ကျောက်စားပွဲတွင် ထိုင်ကာ လက်ဖက်ရည် သောက်နေကြသည်ကို တွေ့လိုက်ရသည်။

သူတို့ တစ်ယောက်စီတိုင်းက သူတော်စင်တစ်ပိုင်း ၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး အားလုံးက ခွန်အားအရာတွင် ရွှေတောင်ပံသူတော်စင်ထက် သာလွန်ကြသည်။

“ ပိုင်ယွီ မျိုးနွယ်စုအကြီးအကဲ လေးယောက်ကို ဂါရဝပြုပါတယ် “

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

သာမန် ဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲ တစ်ဦး ထိုစကားများကို ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် သူ့အကြည့်ကို ချူဖုန်းထံသို့ လှည့်လိုက်သည်။

“မင်းက အရှင်ချန်းဟွမ် နဲ့ တွေ့ချင်တဲ့ လူငယ်လေးပေါ့ “

ချူဖုန်း ယဉ်ကျေးစွာ ပြန်ဖြေသည်။ “အဲဒါက ဒီဂျူနီယာ ပါ”

“မင်းဆီမှာ အရှင်ချန်းဟွမ် ရဲ့ အမှတ်အသားပြား ရှိနေမှတော့ ငါတို့ စည်းမျဉ်းတွေအတိုင်း လုပ်ကြတာပေါ့။ မင်းတို့ထဲက ဘယ်သူက ပထမဆုံး စမ်းသပ်ချင်လဲ”

အကြီးအကဲက သူ့ ဘေးရှိ အခြား သူတော်စင်တစ်ပိုင်း သုံးပါးဘက်သို့ လှည့်လိုက်သည်။

“ဇီသာ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီဆိုတဲ့ အစီအစဉ်အတိုင်း ဘာလို့ မသွားရမှာလဲ” အစိမ်းရောင်ဝတ်ရုံနှင့် သူတော်စင်တစ်ပိုင်း သူ့ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

သူ စကားပြောလိုက်သည်နှင့် မျက်နှာချင်းဆိုင်ရှိ အနီရောင်ဝတ်ရုံနှင့် အကြီးအကဲ ကန့်ကွက်လိုက်သည်။” မဖြစ်ဘူး။ အမြဲတမ်း မင်းပဲ အရင်ဆုံး သွားနေတာ။ ငါတို့ ကျန်တဲ့သူတွေက ဘယ်တော့မှ အလှည့်မကျဘူး။ မဲနှိုက်ရွေးချယ်သင့်တယ်လို့ ငါ ထင်တယ် “

“ဟုတ်တယ်” အခြား သူတော်စင်တစ်ပိုင်းက သဘောတူစွာ ဝင်ပြောလိုက်သည်။

သာမန် ဝတ်ရုံနှင့် အကြီးအကဲက ပြောလိုက်သည်။” ငြင်းခုံနေတာတွေ တော်ကြတော့။ လူလေးချူ ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ကြရအောင်။ ဒီရောက်နေတုန်း ငါတို့ကိုယ်ငါတို့ မိတ်ဆက်ပေးသင့်တယ် “

သူတော်စင်တစ်ပိုင်းသုံးပါး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ “အဆင်ပြေတယ်”

ထို့နောက် သူတော်စင်တစ်ပိုင်းလေးပါး သူတို့ကိုယ်သူတို့ စတင် မိတ်ဆက်ကြသည်။

သာမန် ဝတ်ရုံနှင့် အကြီးအကဲ ပြောသည်။”ငါက သူတော်စင် မော့ချီ”

အစိမ်းရောင် ဝတ်ရုံနှင့် သူတော်စင်တစ်ပိုင်းက ပြောသည်။ “ ငါက သူတော်စင် ဟွမ်ချင်း “

အနီရောင် ဝတ်ရုံနှင့် အဘိုးအိုက ပြောသည်။ “ ငါက သူတော်စင် လဲ့ရှူပါ “

နောက်ဆုံးတွင် အပြာရောင် ဝတ်ရုံနှင့် သူတော်စင်တစ်ပိုင်း ပြောသည်။ “ငါက သူတော်စင်ဖာဟွာ”

မိတ်ဆက်ပြီးနောက် လူလေးဦး သူ့ကို မျှော်လင့်တကြီး ကြည့်လာကြသည်။ ချူဖုန်း မဆိုင်းမတွ ဖြေကြား၏။

“ဒီဂျူနီယာက စီနီယာလေးဦးလုံးဆီကနေ လမ်းညွှန်မှုကို တစ်ပြိုင်တည်း တောင်းခံပါတယ်”

ထိုစကားထွက်လာသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ မြေခွေးမျိုးနွယ်စုမှ ကျင့်ကြံသူများ ချူဖုန်းကို တစ်ပြိုင်နက် ကြည့်လာကြသည်။

All Chapters