← Chapters

ချင်းကျိုးဘိုးဘေးခန်းမ ကို အရှက်ခွဲတယ်လို့ အစွပ်စွဲ မခံချင်ဘူး

Vol. 26 Ch. 256

ချင်းကျိုးဘိုးဘေးခန်းမ ကို အရှက်ခွဲတယ်လို့ အစွပ်စွဲ မခံချင်ဘူး

Vol. 26 Ch. 256

“လူငယ်လေး... အဲဒီလောက် မာနမကြီးစမ်းပါနဲ့ “

သူတော်စင်မော့ချီ စူးရှသော လေသံဖြင့် ပြောလိုက်ပြီး သူ့ အကြည့်များက ယခုအခါ သိသာစွာ ပြောင်းလဲသွားသည်။

အခြား သူတော်စင်သုံးပါးမှာ တိတ်ဆိတ်နေကြသော်လည်း သူတို့စိတ်ဝိညာဉ် ဖိအားများက အထိန်းအကွပ်မဲ့စွာ စတင် ဖြာထွက်လာ၏။

ပိုင်ယွီ လုံးဝ မှင်တက်သွားပြီး နေရာမှာပင် အေးခဲသွားသည်။ သူတော်စင်တစ်ပိုင်းချူက ငယ်ရွယ်စဉ်မှာပင် နာမည်ရလာခဲ့ပြီး မျိုးဆက်သစ်များကြားတွင် အတော်ဆုံးဟု သတ်မှတ်ခံထားရမှန်း သူ သိပါသည်။

သို့သော် ထိုသို့ဖြစ်နေလျှင်ပင် ချင်းကျိုး၏ အကြီးအကဲ လေးပါးကို ပွင့်ပွင့်လင်းလင်း မစော်ကားသင့်ပေ။

‘အခု ပြဿနာကို မင်း ဘယ်လို ရှင်းမလဲ ကြည့်ကြသေးတာပေါ့’

သို့သော် သူ့ကို ပို၍ အံ့အားသင့်စေသောအရာမှာ ချူဖုန်းနှင့်အတူ လိုက်ပါလာသော သူတော်စင်ရွှေတောင်ပံနှင့် အကြီးအကဲပင်းတို့ စိုးရိမ်ပူပန်မှု အရိပ်အယောင် လုံးဝ မပြပေ။

ချူဖုန်း ချင်းကျိုး ၏ အကြီးအကဲ လေးပါးထံသို့ လက်သီးဆုပ်ကာ လေးနက်စွာ ပြောလိုက်သည်။” စီနီယာတို့... ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ကျွန်တော်က ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို စိန်ခေါ်ချင်ရုံ သက်သက်ပါ။ အကယ်၍ ကျွန်တော် ခင်ဗျားတို့ကို တစ်ယောက်ချင်းစီ ရင်ဆိုင်ရမယ်ဆိုရင်၊ လောကကြီးက ကျွန်တော့်ကို ယဉ်ကျေးမှု မရှိဘူးလို့ ပြောကြမှာ၊ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုနဲ့ ချင်းကျိုးက ဂုဏ်သရေရှိ အကြီးအကဲတွေကို အရှက်ခွဲတယ် လို့လည်း ပြောကြလိမ့်မယ် “

ပိုင်ယွီ၏ မျက်နှာက ပို၍ မည်းသည်းသွားသည်။

‘ကောင်စုတ်လေး... မင်း ဘာမှ မရှင်းပြတာကမှ ပိုကောင်းဦးမယ်။ မျိုးနွယ်စု အကြီးအကဲ လေးယောက်ရဲ့ မျက်နှာ အမူအရာတွေက အိုးဖင်လို မည်းနက်နေပြီ ဆိုတာကို မင်း မမြင်ဘူးလား’

‘ဒါက တရားဝင် လာလည်တာ မဟုတ်ဘူး။ မင်းက ပြဿနာ ရှာဖို့ လာတာပဲ’

သူတော်စင်လဲ့ရှူ အေးစက်စွာ ပြောလိုက်သည်။” လောကကြီးက ငါတို့ရဲ့ နာမည်တွေကို တကယ် မေ့သွားကြပြီ ထင်တယ်။ ကောင်းပြီလေ တာအိုရောင်းရင်းချူ ... မင်းမှာ အဲဒီလောက် ယုံကြည်မှု ရှိနေမှတော့ မင်း ဆန္ဒကို ငါတို့ ဖြည့်ဆည်းပေးမယ် “

ချူဖုန်း အကြီးအကဲများ၏ မျက်လုံးထဲမှ တောက်လောင်နေသော မီးတောက်များကို မမြင်ရသည့်အလား ဟန်ဆောင်ကာ တည်ငြိမ်စွာ ဆက်ပြောသည်။ “ဒါဆို မျိုးနွယ်စု အကြီးအကဲလေးယောက်ကို စိန်ခေါ်မှုတွေ ပြသဖို့ တောင်းဆိုပါတယ်”

ဤသည်မှာ မျက်နှာပြောင်တိုက်ပြီး အရှက်ခွဲခြင်းပင်။

ဤနှစ်များတစ်လျှောက် အကြီးအကဲ လေးပါးသည် သူတော်စင်တစ်ပိုင်းများစွာနှင့် ဆုံတွေ့ခဲ့ဖူးသည်။ သို့သော် ဤမျှ မာနကြီးသော သူတစ်ယောက်ကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။

လေးယောက်စလုံးကို တစ်ပြိုင်နက်တည်း စိန်ခေါ်ခြင်းကပင် လွန်ကဲနေပြီ ဖြစ်သည်။ ထို့ပြင် စမ်းသပ်မှုများကို ကိုယ်တိုင် သတ်မှတ်ခိုင်းနေသည်။

‘သူ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ’

အကြီးအကဲလေးပါး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတော်စင်မော့ချီ ပြောလိုက်သည်။

“မင်းအပေါ် ငါတို့ အခွင့်အရေး မယူပါဘူး။ ငါတို့ရဲ့ ရိုးရာ စည်းမျဉ်းတွေအတိုင်းပဲ လုပ်ကြတာပေါ့”

သူတော်စင်‌ဟွမ်ချင်း ပြောသည်။ “ငါတို့ တေးဂီတနဲ့ ယှဉ်ပြိုင်မယ်။ ဘယ်သူ့ရဲ့ တေးသွားက ပိုကြီးမားတဲ့ ကောင်းကင် ဖြစ်စဉ်ကို ခေါ်ယူနိုင်လဲ ဆိုတဲ့သူကြည့်မယ်။ သုံးရက် အချိန်ရမယ် “

သူတော်စင်မော့ချီ ထပ်ပြောသည်။ “ ငါတို့ စစ်တုရင် တစ်ပွဲ ကစားမယ်။ သုံးရက် အတွင်း အနိုင်အရှုံး ဆုံးဖြတ်မယ် “

သူတော်စင်လဲ့ရှူ ပြောလာသည်။ “ ငါတို့စာစီစာကုံး တစ်ပုဒ်စီ ရေးမယ်။ သုံးရက် အတွင်း ဘယ်သူ့ရဲ့ စာပေအလင်းရောင်က ပိုတောက်ပလဲ ဆိုတာကို ကြည့်ပြီး အနိုင်အရှုံးဆုံးဖြတ်မယ် “

သူတော်စင်ဖာဟွာ က ပြောသည်။ “ ငါတို့ ပုံရိပ်ဖော်ပန်းချီကား တစ်ချပ်စီ ဆွဲမယ်။ ဘယ်သူ့ရဲ့ အနုပညာ ဆန္ဒက ပိုနက်ရှိုင်းလဲ ဆိုတာ ကြည့်ကြတာပေါ့။ ဒါလည်း သုံးရက်ပဲ “

“ကောင်းပြီ။ သဘောတူတယ်”

ချူဖုန်း သဘောတူလိုက်ပြီးနောက် ထပ်ပြောသည်။” စီနီယာတို့... ကျွန်တော်က ကဗျာဆန်ဆန် အဖော်ပြုရတာကို နှစ်သက်ပါတယ်။ ကျွန်တော့်အတွက် ပင်းယန် ကို မင်သွေးပေးဖို့ တောင်းဆိုလို့ ရမလား။ ခင်ဗျားတို့ လေးယောက် စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ် “

“ခွင့်ပြုတယ်”

သူတော်စင်လေးပါး သဘောတူလိုက်သည်။

ထို့နောက် ချူဖုန်း သူ့ သိုလှောင်လက်စွပ်ထဲမှ စုတ်တံများ၊ မင်၊ စာရွက်၊ မင်သွေးကျောက် နှင့် ဇီသာတစ်လက်တို့ကို ထုတ်ယူလိုက်သည်။ ပင်းယန်က ရှေ့သို့ ထွက်လာပြီး မင် စတင် သွေးပေးတော့သည်။

သူ့ မျက်နှာချင်းဆိုင်ရှိ သူတော်စင် လေးပါးကလည်း သူတို့ ကိုယ်ပိုင် အဖိုးတန် ကိရိယာများကို ထုတ်ယူလိုက်ကြ၏။

သူတော်စင်မော့ချီ သူ့ အင်္ကျီလက်ကို ဝှေ့ယမ်းကာ သူတို့ရှေ့တွင် စစ်တုရင်ခုံ တစ်ခုကို ခေါ်ယူလိုက်ပြီး ပြောသည်။ “ ဂုဏ်သရေရှိ ဧည့်သည်တော် စတင်နိုင်ပြီ “

“ကျေးဇူးပြုပြီး”

ချူဖုန်း ပြန်ဖြေလိုက်ပြီး သူ့ နတ်ဘုရားအာရုံကို စစ်တုရင် ခုံတစ်ခုထဲသို့ ပို့လွှတ်ကာ ကစားကွက်ပေါ်တွင် ချထားလိုက်သည်။

စစ်တုရင်ခုံ ကျဆင်းသွားသည့် အခိုက်အတန့်တွင် စစ်တုရင်ခုံသည် အဆုံးအစမဲ့ ကမ္ဘာတစ်ခု အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။ ၎င်းထဲတွင် ဓားတစ်လက်က ကောင်းကင်နှင့် မြေကြီး ကြားတွင် မတ်မတ် ရပ်တည်နေသည်။

ထိုဓားကို မြင်သောအခါ သူတော်စင်မော့ချီ သည် သိသာစွာ လေးနက်သွားသည်။ သူက စစ်တုရင်ခုံ ကမ္ဘာကြီးတွင် အမြီးကိုးချောင်း မြေခွေး တစ်ကောင်ကို ခေါ်ယူကာ ကိုယ်ပိုင် အကွက်တစ်ခုဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

ချူဖုန်းက နောက်ထပ် အကွက်တစ်ခု ချလိုက်သည်။ နောက်ထပ် ဓားတစ်လက် ပေါ်လာသည်။

ထိုအချိန်တွင် သူတော်စင်ဟွမ်ချင်း ကြိုးများကို စတင် တီးခတ်နေပြီ ဖြစ်သည်။

ဒေါင်...ဒေါင်...

ကျက်သရေရှိသော တေးသွား တစ်ခုက တော်ဝင် မြို့တော် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

ချူဖုန်းလည်း စတင် တီးခတ်လိုက်ပြီး သူ့ ညာဘက်လက်က ကြိုးများကို လက်တစ်ဖက်တည်းဖြင့် ညင်သာစွာ ပွတ်သပ်နေသည်။

အမွှေးတိုင် တစ်တိုင်စာ မလောင်ကျွမ်းမီ အချိန်လေးအတွင်းမှာပင် ချူဖုန်းသည် သူတော်စင် နှစ်ပါးနှင့် တိုက်ရိုက် ယှဉ်ပြိုင်လိုက်သည်။

ခဏအကြာတွင်

သူတော်စင်ဖာဟွာနှင့် သူတော်စင်လဲ့ရှူတို့ မင်သွေးခြင်း ပြီးဆုံးသွားကြသည်။ တစ်ယောက်က ပန်းချီ စဆွဲပြီး နောက်တစ်ယောက်က စာ စရေးသည်။

ချူဖုန်း ပင်းယန် ထံမှ စုတ်တံနှင့် စာရွက်ကို ယူကာ ပန်းချီ စဆွဲတော့သည်။

သူ့ ဘယ်ဘက်လက်က ဇီသာတီးနေပြီး၊ ညာဘက်လက်က ပန်းချီဆွဲကာ သူ့ နတ်ဘုရားအာရုံက သူတော်စင်မော့ချီ နှင့် စစ်တုရင်ခုံပေါ်တွင် ဆက်လက် ယှဉ်ပြိုင်နေသည်။ သူ ဆက်ပြီး အလျှော့မပေးတော့ပေ။

စောင့်ကြည့်နေသူများသည် လူငါးယောက် ယှဉ်ပြိုင်နေကြသော ခြံဝင်းထဲမှ အလိုအလျောက် နောက်ဆုတ်သွားကြပြီး အပြင်ဘက်မှ တိတ်ဆိတ်စွာ လေ့လာ စောင့်ကြည့်နေကြသည်။

ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရင်း ပိုင်ယွီ တီးတိုးရေရွတ်လိုက်သည်။ “ ပြိုင်ဘက်ကင်းဓားသမား က သူရဲကောင်းတွေ ကြားမှာ အမြင့်ဆုံး နေရာမှာ ရှိနေပြီး ပြိုင်ဘက်ကင်း လက်သီးအရှင်က ရိုင်းစိုင်းပြီး အထိန်းအကွပ်မဲ့တယ်လို့ ကြားဖူးတယ်။ အဲဒါတွေက ပုံကြီးချဲ့ထားတဲ့ ပုံပြင်တွေလို့ အမြဲတမ်း ထင်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့ ဌာနမှူးချူကို မြင်ပြီးတဲ့နောက် အဲဒီ နှစ်ယောက်က သူသင်ပေးတာရဲ့ တစ်ဝက်လောက်ကိုပဲ အမွေရခဲ့တာ ဖြစ်မယ်လို့ ကျွန်တော် နားလည်သွားပြီ “

သူတော်စင်ရွှေတောင်ပံ ရယ်မောလိုက်သည်။” တာအိုရောင်းင်း... အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့။ ငါ့ အစ်ကိုကြီးက အခုတောင် တော်တော်လေး နှိမ့်ချနေတာပါ။ အဲဒီ ကလေး နှစ်ယောက်က သူ သင်ပေးတာရဲ့ တစ်ဝက်ကိုတောင် အမွေရဖို့ မဖြစ်နိုင်ပါဘူး။ အပေါ်ယံ အရည်အချင်း နည်းနည်းလေး သက်သက်ပါပဲ “

ချန်ကျင်းကျင်း ဂုဏ်ယူစွာ ထောက်ခံလိုက်သည်။”ဟုတ်တယ်။ ဆရာ ကိုယ်တိုင် ပြောခဲ့တာ သူ အကျွမ်းကျင်ဆုံးတွေက ဇီသာ၊ စစ်တုရင်၊ လက်ရေးလှ နဲ့ ပန်းချီ တဲ့။ သမီးက အဲဒီအရာတွေရဲ့ တစ်ဝက်ကို အမွေရထားတဲ့ တပည့်လေ”

“…”

ပိုင်ယွီ သူ့ ရှေ့ရှိ ကောင်မလေးကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။

‘မင်းမှာ ကျင့်ကြံမှုတောင် မရှိဘဲနဲ့ အဲဒီ ပါရမီရှင် နှစ်ယောက်ထက် ပိုတော်တယ်လို့ ဘယ်လိုလုပ် ပြောရဲတာလဲ။ မာနကြီးတာကတော့... အဲဒီ အပိုင်းကို မင်း သူတော်စင်တစ်ပိုင်းချူဆီကနေ တစ်ဝက်လောက် တကယ် အမွေရခဲ့တာပဲ’

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားသည်။

စစ်တုရင်ခုံပေါ်တွင် သူတော်စင်မော့ချီသည် အကျပ်အတည်း ရောက်နေပြီ ဖြစ်သည်။ သူ အကွက် တစ်ကွက် မရွှေ့မီ အချိန်အတော်ကြာ စဉ်းစားနေရ၏။ ထိုအချိန်တွင် ချူဖုန်း သူ့ အကွက်များကို လျင်မြန်စွာနှင့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ရွှေ့နေသည်။ သူ အကွက် တစ်ကွက် ချလိုက်တိုင်း တစ်ဖက်လူမှာ အလျင်အမြန် တုံ့ပြန်တော့၏။

သူတော်စင်ဟွမ်ချင်းလည်း ဖိအားများကို စတင် ခံစားနေရပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် သူ့တေးဂီတဖြင့် ကောင်းကင် ဖြစ်စဉ် တစ်ခုကို ခေါ်ယူရန် အမွှေးတိုင် အနည်းငယ်စာ အချိန်သာ ယူရသည်။

သို့သော် ချူဖုန်း၏ တေးသွားက သူ့ စည်းချက်ကို အဆက်မပြတ် အနှောင့်အယှက် ပေးနေပြီး သူ့ကို စီးချက်ထဲသို့ ဆွဲသွင်းကာ ကိုယ်ပိုင် ဂီတကို အာရုံစိုက်ရန် ခက်ခဲစေသည်။

ပိုဆိုးသည်မှာ ချူဖုန်း၏ တေးဂီတသည် မြင့်မားသော တောင်တန်းများနှင့် စီးဆင်းနေသော ရေ ဟူသည့် ထူးခြားဖြစ်စဉ်တစ်ခုကို စတင် ဖော်ပြနေပြီ ဖြစ်သည်။

ထိုဖြစ်စဉ်က ကျယ်ပြန့်လာနေသည်။ အကယ်၍ ဆက်ဖြစ်နေမည် ဆိုလျှင် ၎င်းက အပြည့်အဝ ပုံပေါ်လာလိမ့်မည်။ ထိုသို့သာဖြစ်လာပါက သက်ရှိအားလုံးထံမှ ကြောက်ရွံ့လေးစားမှုကို နှိုးဆွပေးလိမ့်ပေမည်။

ရယ်စရာကောင်းသည်မှာ အုပ်စုထဲတွင် အသက်သာဆုံး သူများမှာ သူတော်စင်‌ဖာဟွာနှင့် သူတော်စင်လဲ့ရှူတို့ ဖြစ်ကြသည်။ ချူဖုန်း၏ တေးဂီတက သူတို့ကို မူးယစ်စေသော်လည်း၊ ၎င်းက သူတို့လက်များကို လမ်းညွှန်ပေးနေပုံ ရသည်။ သူတို့စုတ်တံများက နတ်ဘုရားအာရုံဖြင့် ရွေ့လျားနေကြသည်။

‘ဒီတိုက်ပွဲကို သူတို့ သေချာပေါက် နိုင်မှာပဲ’

ချူဖုန်း လုံးဝ သက်သောင့်သက်သာဖြင့် တည်ငြိမ်စွာ ထိုင်နေသည်။ တစ်ခါတစ်ရံတွင် သူ အနောက်ရှိ ပင်းယန် ကို လှမ်းကြည့်တတ်၏။

ဤမြင်ကွင်းက ပိုင်ယွီကို ပြောစရာ စကား ပျောက်ဆုံးသွားစေသည်။

‘တာအိုရောင်းရင်း... ဒါကို အလေးအနက်ထားဖို့ အနည်းဆုံးတော့ ကြိုးစားလို့ မရဘူးလား။ ခင်ဗျားက သူတော်စင် လေးပါးကို ရင်ဆိုင်နေရတာလေ’

သို့သော် ပိုင်ယွီ ၏ ဇဝေဇဝါ ဖြစ်မှုက အံ့အားသင့်မှု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း၏ ပုံရိပ်ဖော်ပန်းချီကားသည် အနီးနားတွင် ရပ်နေသော အကြီးအကဲပင်း ပင် ဖြစ်နေသောကြောင့် ဖြစ်သည်။

‘ဒီကောင်လေး စိတ်များ လွတ်သွားပြီလား။ သူက ပုံရိပ်ဖော်ပန်းချီကား တစ်ချပ် ဆွဲရမှာကို။ အဲဒီအစား အမျိုးသမီး တစ်ယောက်ရဲ့ ပုံတူကို ဆွဲနေတယ်ပေါ့’

အကြီးအကဲပင်း ပန်းချီကားကို မြင်လိုက်သည်။ သူမ ပါးပြင်များက နီမြန်းသွားသည်။ အကယ်၍ တခြား တစ်ယောက်ယောက်ကသာ လုပ်ခဲ့မည်ဆိုပါက သူမ ဒေါသတကြီး သူတို့ကို ဓားဖြင့်ထိုးပြီး အော်ဟစ်မိပေလိမ့်မည်။” လူယုတ်မာ၊ နင့်ကို သတ်ပစ်မယ် “

သို့သော် ယခုမူ သူမ နှလုံးသားက ကြောက်လန့်နေသော သမင်လေး တစ်ကောင်လို ခုန်ပေါက်နေပြီး၊ ထွက်ပြေးချင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ချန်ကျင်းကျင်း ပန်းချီဆွဲခံထားရသော အလှပိုင်ရှင်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ “ ဆရာကတော်... အရမ်း လှတာပဲ... ကောင်းကင်ဘုံ က နတ်သမီးလေး တစ်ပါးလိုပဲ “

အကြီးအကဲပင်း အေးစက်စွာ ပြန်ဖြေသည်။”နင် အိပ်ချိန် ရောက်ပြီ “

ချန်ကျင်းကျင်း “...”

သူ့ ရှေ့ရှိ ပန်းချီကားကို စိုက်ကြည့်ရင်း တစ်ခုခု လိုနေသေးကြောင်း ချူဖုန်း ခံစားလိုက်ရသည်။ မကြာမီ သူ့ စိတ်ထဲတွင် အတွေးတစ်ခု လင်းလက်သွားသည်။

‘တာအိုပဲ’

‘တာအို မပါဘဲနဲ့ စစ်မှန်တဲ့ ပုံရိပ်ဖော်ပန်းချီကား တစ်ချပ်လို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ’

သူက ပန်းချီ ဆက်ဆွဲလိုက်သည်။ ဓားကိုင်ဆောင်ထားသော အလှပိုင်ရှင် ပေါ်တွင် ထိုက်ချီကားချပ် တစ်ခုကို သူ ထပ်ထည့်လိုက်သည်။

‘ပြီးပြီ’

ယခု ကဗျာတစ်ပုဒ် စပ်ဆိုရမည့် အချိန်ဖြစ်သည်။

‘ဒါပေမဲ့ ဘာရေးရမလဲ’

ထိုအချိန်တွင် သူတော်စင်လဲ့ရှူ၏ အရှေ့ရှိ စာစီစာကုံးသည် ကျန်း အတော်များများ မြင့်မားသော စာပေ လမ်းစဉ် ၏ အလင်းရောင် တစ်ခုကို ဖြာထွက်နေပြီ ဖြစ်ကြောင်း ချူဖုန်း သတိပြုမိသွားသည်။

‘စာရေးဖို့ သူ့အကူအညီ ယူဖို့ လိုမယ်၊ မဟုတ်ဘူး။ သူ့ အရင်ဘဝက လက်ရာမြောက် စာသား တစ်ခုဆီကနေ စိတ်ကူးဉာဏ်ကွန့်မြူးဖို့လိုမယ်’

ချူဖုန်းက သူ့ ပန်းချီကားထဲရှိ အလှပိုင်ရှင်ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

‘ရပြီ’

All Chapters