← Chapters

ပိုင်ကျင်း

Vol. 26 Ch. 260

ပိုင်ကျင်း

Vol. 26 Ch. 260

“မင်း အဆင်ပြေရဲ့လား”

ချူဖုန်း အပြင်ထွက်လာသည်နှင့် ဘိုင်ထောင် အံ့အားသင့်သော လေသံဖြင့် မေးလိုက်သည်။

“ဘာလို့ အဆင်မပြေရမှာလဲ”

ချူဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။

‘ငါက သတင်းစကား လာပို့ရုံ သက်သက်ပါ။ ဘာများ ဖြစ်နိုင်မှာမို့လို့လဲ’

သူ့ မျက်နှာပေါ်က နားမလည်နိုင်မှုကို မြင်သောအခါ ဘိုင်ထောင် ဆက်မမေးတော့ပေ။ “မင်း တောင်အောက်ဆင်းသွားတာ ပိုကောင်းမယ်။ ပြီးတော့ နောက်ကို ချင်းကျိုး အင်မော်တယ်တောင်ဆီ ပြန်မလာမိဖို့ ကြိုးစားပါ “

ချူဖုန်း ပခုံးတွန့်လိုက်သည်။ “ ကောင်းပြီလေ။ နောက်တစ်ခါ မလာဖြစ်အောင် သေချာ ဂရုစိုက်ပါ့မယ် “

ဘိုင်ထောင် “...”

‘ဒီကောင်က ဂရုမစိုက်တဲ့ပုံပဲ။ သူ့ကို သင်ပေးခဲ့တဲ့ အဲဒီ လူအိုကြီးလိုပဲ။ အကျင့်တွေက တစ်ပုံစံတည်းပဲ’

ရွာသို့ ပြန်ရောက်ပြီးနောက် ချူဖုန်း ဂူထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်း မေ့ပစ်လိုက်သည်။

သူ ဆင်းသက်လိုက်သည့်အချိန်တွင် သူတော်စင်လေးပါး ချက်ချင်း ရှေ့ထွက်လာပြီး သူ့ကို သေချာစွာ စစ်ဆေးကြသည်။ သူ အန္တရာယ် ကင်းကြောင်း မြင်သောအခါ သူတို့ သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလိုက်ကြ၏။

“ စီနီယာတို့... ခင်ဗျားတို့ရဲ့ မျက်နှာ အမူအရာတွေက ဘာဖြစ်နေတာလဲ “

ချူဖုန်း သူတို့တုံ့ပြန်မှုများကြောင့် လုံးဝ ကြောင်အသွား၏။

မော့ချီ ရယ်မောကာ ပြောလိုက်သည်။ “ဘာမှ သိပ်မရှိပါဘူး။ ဒီ တံခါးပိတ်ကျင့်ကြံနေတဲ့ နှစ်တွေအတွင်း ဘိုးဘေးရဲ့ ကျင့်ကြံမှုက ပိုပြီးတော့တောင် နက်ရှိုင်းလာပုံရတယ် “

ချူဖုန်း သူ့ကို မှင်တက်စွာ စိုက်ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။

‘ဟ... မင်းတို့ရဲ့ အရှင် ဒေါသ နည်းနည်း လျော့သွားတယ်လို့ပဲ ပြောလိုက်ပါလား။ ဘာလို့ စကားကို သွယ်ဝိုက်ပြောနေရတာလဲ။ ငါက ဝတ္ထုတွေ မဖတ်ထားဘူးလို့များ ထင်နေတာလား’

သူတော်စင်လဲ့ရှူ မေးလိုက်သည်။ “အရှင်ချန်းဟွမ် မင်းကို တစ်ခုခုများ တောင်းဆိုလိုက်သေးလား “

ချူဖုန်းက ပြန်ဖြေသည်။ “ဆရာကတော်က ကျင်းကျင်းကို ကျွန်တော်နဲ့အတူ ခေါ်သွားဖို့ ပြောတယ်။ ပြီးတော့ သူ့မှာ အထူး အခြေအနေ တစ်ခု ရှိတယ်”

“တကယ်လား”

သူတော်စင်လေးပါး တညီတညွတ်တည်း ပြောလိုက်ကြပြီး နှစ်သစ်ကူး ပွဲတော် ကျရောက်လာသကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။

“ခင်ဗျားတို့ အားလုံးက ကျင်းကျင်းကို ကျွန်တော် ခေါ်သွားစေချင်နေတဲ့ ပုံပဲ။ သူက ကျွန်တော့် ဆရာနဲ့ ဘယ်လို ပတ်သက်နေတာလဲ “ ချူဖုန်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ ကျင်းကျင်းက ဘိုးဘေးရဲ့ မြေးမလေးလေ။ ဒါကြောင့် ငါတို့ အားလုံးက သူ့ကို ဘိုးဘေးလေး လို့ ခေါ်ကြတာ “ မော့ချီ ရှင်းပြသည်။

ချူဖုန်း တီးတိုးရေရွတ်လိုက်သည်။ “ဒါဆိုရင် သူက ကျွန်တော့်တူမ တော်တာပေါ့။ သူ့ကို တပည့်အဖြစ် လက်ခံတာက လုံးဝ သဘာဝကျပါတယ် “

“အတိအကျပဲ။ ငါ ဘိုးဘေးလေးကို အခုချက်ချင်း သွားပင့်လိုက်ဦးမယ် “

သူတော်စင်ဖာဟွာ ထိုသို့ပြောပြီးနောက် ဘေးဘက် ခြံဝင်းထဲသို့ ချက်ချင်း ပျောက်ကွယ်သွားပြီး ချူဖုန်းကို ကန့်ကွက်ရန် မည်သည့် အခွင့်အရေးမျှ မပေးခဲ့ပေ။

ချူဖုန်း ထိုကိစ္စကို ဆက်မပြောတော့ဘဲ ဘိုးဘေးလေး ဆိုသူ ရောက်လာမည့် အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် သူတော်စင်ဖာဟွာ၏ ပခုံးပေါ်တွင် ဆွဲဆောင်မှုရှိသည့် မျက်နှာထားနှင့် အသက် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ် အရွယ် မြေခွေးမလေး တစ်ယောက်ကို တင်လျက် ခြံဝင်းထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူတော်စင်ဖာဟွားသည် ပုံမှန် ပညာရှင်ဆန်ပြီး သေသပ်ကျက်သရေရှိသော ဟန်ပန် ပျောက်ဆုံးသွားပြီး လုံးဝ ဖရိုဖရဲ ဖြစ်နေပုံပင်။

မြေခွေးမလေးက သူတို့ကို ခပ်တန်းတန်း အကြည့်ဖြင့် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ချူဖုန်းအပေါ်သို့ သူမမျက်လုံးများ ရောက်လာသည်။

“ ရှင်က ကျွန်မဆရာသစ် လား “

ချူဖုန်း ပြုံးလိုက်သည်။ “ဟုတ်တယ်။ မင်း ဆရာကို မြင်ရင် အောက်ဆင်းလာပြီး အရိုအသေ မပေးသင့်ဘူးလား”

“ဟွန့်”

ပိုင်ကျင်း နှာမှုတ်လိုက်သည်။ “ ရှင်က လူသား တစ်ယောက် သက်သက်ပဲ။ ဒီသခင်မလေးကို သင်ပေးဖို့ ရှင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ။တကယ်လို့ ရှင် အဲဒီလောက် အရည်အချင်း ရှိရင် ဒီလေးယောက်ကို အရင် ဖြေရှင်းလိုက် “

သူတော်စင်လေးပါး ရှက်ရွံ့စွာ ခေါင်းငုံ့ထားကြပြီး ပိုင်ကျင်းထံသို့ လက်သီးဆုပ်ကာ ပြောလိုက်ကြသည်။ “ ဘိုးဘေးလေး... ကျွန်တော်တို့ လေးယောက် ပူးပေါင်းရင်တောင်မှ တာအိုရောင်းရင်းချူ ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရိုးအိုကြီးတွေကို ဆက်ပြီး မနှိပ်စက်ပါနဲ့တော့ “

“အိုး”

ပိုင်ကျင်း မျက်လုံးများ လင်းလက်သွားသည်။ သူမ သူတော်စင်ဖာဟွာ၏ ပခုံးပေါ်မှ ခုန်ဆင်းလာပြီး ချူဖုန်းကို တစ်ပတ် ပတ်ကြည့်ကာ မေးလိုက်သည်။ “ ရှင် ဘာလုပ်နိုင်လို့လဲ “

ချူဖုန်း ပြုံးလိုက်သည်။ “မင်း စိတ်ကူးယဉ်လို့ရတဲ့ အရာမှန်သမျှကို ငါ လုပ်နိုင်တယ်။ ပြီးတော့ မင်း စိတ်ကူးမယဉ်နိုင်တဲ့ အရာတွေကိုတောင် လုပ်နိုင်သေးတယ်”

“တကယ်လား”

ပိုင်ကျင်း မေးလိုက်သည်။ “ဒါဆို ကောင်းကင်ပေါ်က လကို ကျွန်မအတွက် ခူးပေးနိုင်မလား”

ချူဖုန်း ရယ်မောလိုက်သည်။ “မင်း တောင်းဆိုတာ ဒါလေးပဲလား”

ပိုင်ကျင်း သူမကိုယ်သူမ လောကတွင် အဆိုးသွမ်းဆုံးသူဟု ထင်မှတ်ထားခဲ့သည်။ သူမထက် ပို၍ လွန်ကဲသော သူတစ်ယောက် ရှိနေလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

သို့သော် အလျင်အမြန် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပြောသည်။ “စကားကြီး စကားကျယ် မပြောနဲ့။ အရင်ဆုံး လကို ခူးပြပါ၊ ပြီးမှ ကြည့်ကြတာပေါ့”

ချူဖုန်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ “လောလောဆယ်တော့ လမရှိသေးဘူး။ မင်း ခူးချင်တယ် ဆိုရင်တော့ နည်းနည်း စောင့်ရလိမ့်မယ် “

“ဒါဆို ကျွန်မ ညရောက်တဲ့အထိ ဒီမှာပဲ စောင့်မယ်”

ပိုင်ကျင်း ချူဖုန်းနှင့် ထိပ်တိုက် ရင်ဆိုင်ရန် လုံးဝ ဆုံးဖြတ်ထားပုံရသည်။

ချူဖုန်း ပြုံးပြီး ပြောလိုက်၏။ “ဘာလို့ ညအထိ စောင့်နေမှာလဲ။ အခု လမရှိဘူး ဆိုမှတော့ ငါ တစ်စင်း ဆွဲပေးလိုက်မယ်”

သူ ထိုသို့ပြောပြီးသည်နှင့် သိုလှောင်လက်စွပ် လင်းလက်သွားပြီး လက်ဖဝါးထဲတွင် စုတ်တံ တစ်ချောင်း ပေါ်လာသည်။

စုတ်တံကို ကိုင်ဆောင်လျက် ချူဖုန်း ကောင်းကင်ယံတွင် လခြမ်း တစ်စင်းကို ပုံဖော်လိုက်သည်။ စုတ်တံ ကျဆင်းသွားသည်နှင့် ရေးဆွဲထားသော လခြမ်းသည် နေမင်းနှင့် ဘေးချင်းယှဉ်ကာ ဖြည်းညှင်းစွာ မြင့်တက်လာတော့သည်။

ထိုနေရာရှိ လူတိုင်းသည် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာသော လခြမ်းဆီသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရ၏။

လခြမ်းက ပိုမို မြင့်တက်လာသည်နှင့်အမျှ ရွာအထက်ရှိ မြင်ကွင်းက စတင် ပြောင်းလဲလာသည်။

လခြမ်းသည် ကောင်းကင်တွင် နေရာယူလိုက်သောအခါ နေ့တစ်ဝက် ညတစ်ဝက် မြင်ကွင်း ထွက်ပေါ်လာ၏။

ရွာထဲရှိ သက်ရှိ အားလုံး နှစ်သောင်းမှ တစ်ကြိမ်သာ ကြုံရခဲသော ဤမြင်ကွင်းကြောင့် မှင်တက်သွားကြသည်။

မာနကြီးပြီး အာခံတတ်သော မြေခွေးမလေး ပိုင်ကျင်း ပင် အေးခဲသွားပြီး ကောင်းကင်ယံရှိ လခြမ်းကို စိုက်ကြည့်ကာ သူမ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်နေတော့၏။

လူအုပ်ကြီး အံ့အားသင့်မှုမှ ပြန်လည် သတိမဝင်လာနိုင်မီမှာပင် ပုံရိပ်တစ်ခု ကောင်းကင်ယံဆီသို့ မြင့်တက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။

ထိုပုံရိပ်က လက်ကို ဆန့်တန်းကာ လခြမ်းကို သူ့ လက်ထဲတွင် ဖမ်းဆုပ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ချင်းကျိုး အင်မော်တယ်တောင်ပေါ်ရှိ သက်ရှိတိုင်း ရူးသွပ်သွားကြသည်။

“အဲဒီလူက ဘယ်သူလဲ”

“ဘာလို့ သူ့ကို အရင်က မမြင်ဖူးရတာလဲ”

ဂူအတွင်းတွင် သူတော်စင်ချန်းဟွမ် ထိုမြင်ကွင်းကို မော့ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းထောင့်များက ခပ်ဖွဖွကွေးတက်သွားသည်။ “အဲဒီ လူအိုကြီးရဲ့ တပည့်က ဒီလောက် ထူးခြားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ တာအိုအနှစ်သာရတစ်ရာကျော်ကို သန့်စင်နေတုန်းပဲ... ဒီမျိုးဆက်မှာ သူ့ကို ကျော်ဖြတ်နိုင်တဲ့သူ ဘယ်သူမှ မရှိနိုင်တော့ဘူး ထင်တယ် “

ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ပင်းယန် ကောင်းကင်ယံမှ ဆင်းသက်လာသော ချူဖုန်းကို မော့ကြည့်လိုက်ပြီး သူမ စိတ်ထဲတွင် ကဗျာတစ်ကြောင်း ထွက်ပေါ်လာသည်။ သူမ သတိမထားမိဘဲ ၎င်းကို အသံထွက် တီးတိုး ရွတ်ဆိုလိုက်၏။

“လက်တစ်ဖက်တည်းနဲ့ သူက ကြယ်တွေကို ခူးဆွတ်တယ်။ ဒီလောကမှာ သူ့လို လူမျိုး နောက်တစ်ယောက် မရှိနိုင်တော့ဘူး”

သူမ၏ စကားသံ ဆုံးသွားသည်နှင့် ထိုနေရာရှိ လူတိုင်း ငေးမောမှုမှ ပြန်လည် သတိဝင်လာကြသည်။

သူတော်စင်လဲ့ရှူ ပြောလိုက်သည်။ “ကောင်းလိုက်တဲ့ ကဗျာလေး။ ငါတို့ မရီး မှာ ဒီလို စာပေ အရည်အချင်းမျိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး “

ပင်းယန် ပြန်ဖြေသည်။ “ဒါတွေက သခင်လေး ရဲ့ စကားတွေပါ”

“ပိုတောင် ကောင်းသေးတယ်” လဲ့ရှူ ချီးကျူးလိုက်သည်။

မော့ချီ ထပ်ပြောသည်။ “တာအိုရောင်းရင်းချူ ငါတို့ လေးယောက်ကို တိုက်ခိုက်တုန်းက အလျှော့ပေးထားတယ် ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ အခုတော့... ဒါက အလျှော့ပေးတာ သက်သက် မဟုတ်ဘူး။သူက ငါတို့အပေါ်ကို သမုဒ္ဒရာ တစ်ခုလုံး လွှတ်ချလိုက်တာပဲ “

အခြား သူတော်စင်နှစ်ပါး သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

ပိုင်ကျင်း ဆင်းသက်လာသော ချူဖုန်းကို မော့ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် အားကျမှုများ ပြည့်နှက်နေ၏။

‘ဒီလူက... ငါ့ရဲ့ ဆရာလား’

“ဒီမှာ၊ လ”

ချူဖုန်း ပေအနည်းငယ် ရှည်လျားသော လခြမ်းကို သူမ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။

ပိုင်ကျင်း လခြမ်းကို ချက်ချင်း တင်းကျပ်စွာ ဖက်ထားလိုက်သည်။ အေးမြမှု ခံစားရင်း သူမ ချူဖုန်းကို နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။

“တပည့် ပိုင်ကျင်း ဆရာ့ကို ဂါရဝပြုပါတယ်”

ချူဖုန်း၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ဖြတ်ပြေးသွားသော်လည်း ပြန်လည် တည်ငြိမ်သွားသည်။

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

“ကျေးဇူးတင်ပါတယ် ဆရာ”

သူမ ရင်ခွင်ထဲရှိ လခြမ်းကို ဖက်ထားရင်း ပိုင်ကျင်း ပြုံးဖြီးသွား၏။

ချူဖုန်း ပြောလိုက်သည်။ “ ငါ မင်းကို သုံးရက် အချိန်ပေးမယ်။ အဲဒီအချိန်ကို သုံးပြီး မင်းရဲ့ ပစ္စည်းတွေကို သိမ်းဆည်း၊ ပြီးတော့ မင်း မိသားစုကို နှုတ်ဆက်လိုက်။ အဲဒါပြီးရင် ငါတို့ ချင်းကျိုး ကနေ ထွက်သွားမယ် “

ပိုင်ကျင်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာ”

ရက် ဆိုသည်မှာ အလွန် ကြာမြင့်လွန်းသည်ဟု ခံစားရသည်။ သူမ ယခုလို ပျင်းစရာကောင်းသည့် နေရာကနေ မနက်ဖြန်လောက် ထွက်သွားချင်နေတော့သည်။

ဘေးမှ စောင့်ကြည့်နေသော သူတော်စင်လေးပါးကလည်း ခပ်ဖွဖွပြုံးလိုက်ကြသည်။

‘ ဘိုးဘေးလေး နောက်ဆုံးတော့ ထွက်သွားပြီပဲ’

သို့တိုင်အောင် သူတို့ နှလုံးသားထဲတွင် စိတ်မချနိုင်သလို ခံစားလိုက်ရ၏။

သုံးရက်အကြာ မွန်းတည့်ချိန်တွင်

ချင်းကျိုးမြေခွေးမျိုးနွယ်စု၏ နှုတ်ဆက်မှုအောက်တွင် ချူဖုန်းတို့ နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်ကာ ထွက်ခွာသွားကြသည်။

သူတို့ ခရီးသွားနေစဉ် ပိုင်ကျင်း ခေါင်းကို စောင်းကာ မေးလိုက်သည်။ “ ဆရာ... ကျွန်မတို့ နောက်ထပ် ဘယ်ကို သွားကြမလဲ “

ချူဖုန်းက ပြန်ဖြေသည်။ “ ပင်လယ်ပြင်ကို ထွက်မယ်၊ ပြီးရင် မြောက်ဘက်ကို သွားမယ်။ လမ်းတစ်လျှောက်လုံး စွန့်စားခန်း ဖွင့်ကြတာပေါ့ “

All Chapters