အခန်း (၇၉၆-၇၉၈)
Vol. 54 Ch. 796-798
အခန်း (၇၉၆) - သတ်ဖြတ်ရန် အမိန့်စာ
~တစ်ချက် အကြည့်ပို့လွှတ်ပြီးနောက် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည် စစ်မြေပြင်နယ်မြေ ဆီသို့ နောက်တစ်ကြိမ် ထပ်မံ ကြည့်လိုက်ကြပြန်သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ မှ အခြား သက်ရှိများနှင့် မတူဘဲ... ဘိုးဘေးကြီး နှစ်ပါးစလုံးမှာ အလွန်တရာ အံ့မခန်း ဖြစ်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် တန်းတူ အဆင့်အတန်းမျိုး ရှိကြ၏။
သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ စွမ်းရည်များကို အသုံးချကာ စစ်မြေပြင်နယ်မြေ ၏ ယေဘုယျ အခြေအနေများကို အကဲခတ် သိရှိနိုင်စွမ်း ရှိကြသည်။
အခြား ကျင့်ကြံသူ များ အတွက်တော့ စစ်မြေပြင်နယ်မြေ ဆိုသည်မှာ အသက်နှင့် သေခြင်းတရားကို ရင်ဆိုင်ရမည့် စစ်တလင်းကြီး တစ်ခု ဖြစ်သော်လည်း... ဘိုးဘေးကြီး နှစ်ပါး အတွက်တော့ ၎င်းမှာ စစ်တုရင်ခုံ တစ်ခု နှင့် မြေပုံ တစ်ချပ်မျှသာ ဖြစ်သည်။
ဝိညာဉ်နယ်မြေ စစ်ပွဲ စတင်ချိန်တွင်... လေထဲမှ ရုတ်တရက် ဖန်တီးလိုက်သော ဤ မြေပုံကြီးမှာ မူလက လွတ်ဟာနေသော အဖြူရောင် ကွက်လပ်ကြီး တစ်ခုသာ ဖြစ်၏။
သို့သော် စစ်တုရင် ရုပ်များ ဝင်ရောက်လာပြီး အကြိတ်အနယ် တိုက်ခိုက်လာကြသည်နှင့်အမျှ... မြေပုံကြီးမှာ အရောင်များ စတင် စွန်းထင်းလာတော့သည်။
ထိုအချိန်တွင် နင်ချီ နှင့် သူ၏ အဖွဲ့ အပြည့်အဝ သိမ်းပိုက်လုနီးပါး ဖြစ်နေသော အရှေ့တောင် စစ်မြေပြင်နယ်မြေ မှာ... အပြာနှင့် အစိမ်းရောင် ရောယှက်နေသော အရောင်များဖြင့် တိတ်ဆိတ်စွာ ခြယ်သခံနေရပြီး... ၎င်းက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ထိုနယ်မြေကို အဆက်မပြတ် သိမ်းပိုက်နေကြောင်း ကိုယ်စားပြုနေ၏။
ကျယ်ပြန့်သော ကမ္ဘာ မှာမူ ရွှေရောင် ဖျော့ဖျော့ အရောင်လေး ဖြစ်သည်။
မြေပုံပေါ်ရှိ နေရာ အများစုမှာ အရောင် အစက်အပြောက်လေး များဖြင့် ခြယ်သခံထားရသော်ငြားလည်း... နင်ချီ ရှိနေသော နယ်မြေမှာမူ စိမ်းပြာရောင် များဖြင့် ကြီးမား ကျယ်ပြန့်စွာ ခြယ်သခံထားရ၏။
...
ဤ မြေပုံကို အာရုံစိုက်နေကြသူများမှာ သဘာဝကျကျပင် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ကဲ့သို့သော အဆင့်အတန်း တူညီသည့် ပုဂ္ဂိုလ်များသာ ဖြစ်သည်။
ကျယ်ပြန့်သော ကမ္ဘာ အတွင်း၌...
ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း အတွင်းရှိ ထူးခြား ဆန်းပြားလှသော ကောင်းကင် တောင်ထွတ် တစ်ခုထက်တွင်... ရုပ်ဆင်းသဏ္ဌာန် သာမန်မျှသာ ရှိသော အဘိုးအို တစ်ဦးသည် သူ၏ စုတ်တံကို ချထားလိုက်၏။
သူက ရုတ်တရက် စစ်မြေပြင်နယ်မြေ ဆီသို့ မော့ကြည့်လိုက်ရာ... သူ၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု တလက်လက် တောက်ပသွားလေသည်။ မျက်စိတစ်မှိတ် အတွင်း သာမန် အသွင်အပြင်များ လွင့်စင် ပျောက်ကွယ်သွားကာ သေမျိုး လောကနှင့် ကင်းကွာသော ကျက်သရေ ရှိသည့် အသွင်အပြင် တစ်ခု အဖြစ်သို့ ရောက်ရှိသွားတော့သည်။
ဤသူမှာ အခြားသူ မဟုတ်ပေ... ကျယ်ပြန့်သော ကမ္ဘာ ၏ အစွမ်းအထက်ဆုံး သူတော်စင် ဘိုးဘေးကြီး ပင် ဖြစ်သည်။
သူတော်စင် ဘိုးဘေးကြီး ၏ ဘေးတွင် အလုပ်အကျွေး ပြုသူ တစ်ဦးမျှ မရှိချေ။ သူသည် တိတ်ဆိတ် အေးချမ်းမှုကို နှစ်သက်ပြီး၊ လက်ရေးလှ ပညာနှင့် ပန်းချီ ပညာကို ဝါသနာပါကာ ဖန်တီးမှုများ ပြုလုပ်ရာတွင် အမြဲတမ်း နစ်မြုပ်နေလေ့ ရှိ၏။
သူ တစ်ခါတစ်ရံ စိတ်ကူး ဉာဏ်ကွန့်မြူးမှုများ ရပ်တန့်သွားချိန်တွင်... သူနှင့်အတူ ဖန်တီးမှုများ ပြုလုပ်ရန် ကျယ်ပြန့်သော ကမ္ဘာ တစ်ခွင်မှ ကျင့်ကြံသူ များကို ခေါ်ယူကာ လက်ရေးလှ နှင့် ပန်းချီ ပြိုင်ပွဲ များကို ကျင်းပလေ့ ရှိသည်။
ထိုပြိုင်ပွဲကို 'နဂါး မှင်ရည်' ဟုခေါ်သော လက်ရေးလှ ပြိုင်ပွဲ အဖြစ် ကျင်းပလေ့ ရှိသည်။... တခါတလေတော့ ပန်းချီနှင့် လက်ရေးလှ ပြပွဲ အဖြစ် ကျင်းပကာ... တစ်ခါတစ်ရံတွင်မူ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ကျင်းပလေ့ ရှိ၏။
ရုတ်တရက် သူတော်စင် ဘိုးဘေးကြီး သည် နင်ချီ သိမ်းပိုက်ထားသော စစ်မြေပြင်နယ်မြေ ဆီသို့ စူးစိုက် ကြည့်ရှုလိုက်ပြီး တကိုယ်တည်း ရေရွတ်လိုက်၏။
“ငါ မှတ်မိသလောက် အဲဒီ စစ်မြေပြင်နယ်မြေ ထဲကို ဝင်သွားတဲ့ ငါတို့ ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ နယ်မြေ သုံးခုက... နတ်ဘုရား လေပြေ နယ်မြေ၊ သားရဲတစ်ရာ နယ်မြေ နဲ့ လင်းချင်း နယ်မြေ တို့ မဟုတ်လား”
“ကောင်းကင် လျှို့ဝှက်ချက် စံအိမ် က တွက်ချက်ထားတာက... အောက်ခြေ အဆင့် ဝိညာဉ်နယ်မြေ က ကျင့်ကြံသူ တွေဟာ တောင်နဲ့ ပင်လယ် ကမ္ဘာ ထဲမှာ ရှိနေသင့်တယ် ဆိုပဲ။ ဘာလို့ သူတို့က ဒီနယ်မြေကို မသိမ်းပိုက်နိုင်ဘဲ... တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေရဲ့ အနိုင်ယူတာကို ခံလိုက်ရတာလဲ။ ထူးဆန်းလိုက်တာ”
ရုတ်တရက် သူ၏ ဘေးမှ အသံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဆရာ... အဲဒီ စစ်မြေပြင်နယ်မြေ ထဲမှာ ကြောက်စရာကောင်းတဲ့ ရန်သူ ပါရမီရှင် တွေ ရှိနေတယ်။ အမြန်ဆုံး ရှင်းမပစ်နိုင်ဘူး ဆိုရင်... စစ်မြေပြင်နယ်မြေ တစ်ခုလုံး တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီး၊ ကျွန်တော်တို့ထက် အရင် သူတို့က အခြေကုပ်စခန်းကို သိမ်းပိုက်သွားလိမ့်မယ်”
ထို တာအို အသံမှာ အလွန်တရာ တိုးညင်းလွန်းလှပြီး... အကယ်၍ အပြင်လူများသာ ရှိနေမည် ဆိုပါက လုံးဝ ကြားနိုင်မည် မဟုတ်ချေ။ သူတော်စင် ဘိုးဘေးကြီး သာလျှင် ၎င်းကို သိရှိနိုင်သည်။
“မင်း ပြောတာ မှန်တယ်။ စစ်တပ် နှစ်ခု ကြားက တိုက်ပွဲမှာ... ပထမဆုံး လှမ်းလိုက်တဲ့ ခြေလှမ်းက နောက်ထပ် ခြေလှမ်းတွေ အတွက် အမြဲတမ်း လမ်းပြပေးလေ့ ရှိတယ်။ ဒါကို လုံးဝ အထင်သေးလို့ မရဘူး”
အဘိုးအို က စကားပြောပြီးနောက် ရုတ်တရက် မေးလိုက်၏။
“နတ်ဘုရား လေပြေ နယ်မြေ ရဲ့ နယ်မြေအရှင်သခင် က... အရင်တုန်းက ငါ လက်ခံခဲ့ဖူးတဲ့ အမည်ခံတပည့် တစ်ယောက်လေ။ သူလည်း အဲဒီ နယ်မြေထဲကို ဝင်သွားသင့်တယ် မဟုတ်လား”
ဝေဝါးနေသော အသံက ပြန်လည် ဖြေကြားလိုက်၏။
“ခွမ်းရှန်းချင်း က ဆရာ့ရဲ့ ကျေးဇူးကြောင့် နယ်မြေအရှင်သခင် ဖြစ်လာတာပါ။ ပြီးတော့ သူက တိုက်တိုက်ဆိုင်ဆိုင် ပေါင်းစည်းခြင်း နယ်ပယ် အဆင့်မှာ ရှိနေတာ ဆိုတော့ သူ သဘာဝကျကျ ဝင်သွားရမှာပေါ့”
“ဒါဆို သူက တစ်ဖက်လူနဲ့ မတွေ့သေးလို့များလား... ဒါမှမဟုတ် သူ သေသွားပြီလား”
ထို စစ်မြေပြင်နယ်မြေ ပေါ်ရှိ အရောင်များမှာ စိမ်းပြာရောင် များဖြင့် တဖြည်းဖြည်း လုံးလုံးလျားလျား အစားထိုး ခံနေရသည်ကို မြင်လိုက်ရသောအခါ သူတော်စင် ဘိုးဘေးကြီး ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။
“မဟုတ်ဘူး... သူ တစ်ဖက်လူနဲ့ မတွေ့သေးဘဲ နေမှာ မဟုတ်ဘူး။ သူက အသက်နဲ့ သေခြင်းတရားကို ရင်ဆိုင်နေရတဲ့ အခြေအနေကို ရောက်နေလောက်ပြီ။ အရင်တုန်းက ငါ ပေးခဲ့ဖူးတဲ့ ပန်းချီကား ကိုတောင် သူ ထုတ်မသုံးဘူးလား”
အဘိုးအို က မေးလိုက်၏။
“သူတို့ရဲ့ တိုက်ပွဲကို မင်း သေချာ မြင်လိုက်ရလား”
ရုတ်တရက် သူ့ကို စကားပြောနေသော အသံမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်... အချိန်အတော်ကြာမှ ပြန်လည် ဖြေကြားလာတော့သည်။
“တောင်းပန်ပါတယ် ဆရာ။ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တစ်ပါး အနေနဲ့... သူတို့ရဲ့ တိုက်ပွဲကို ကျွန်တော် မမြင်တွေ့လိုက်ရဘူး။ ကြည့်ရတာ သူတို့ တိုက်ခိုက်ခဲ့တဲ့ နေရာက စစ်မြေပြင်နယ်မြေ ထဲက အထူး နေရာတစ်ခု ဖြစ်ပုံရတယ်။ ဆရာ သိတဲ့အတိုင်းပဲ... တောင်နဲ့ ပင်လယ် ကမ္ဘာ နဲ့ ကျွန်တော်တို့ ပူးပေါင်း ဖန်တီးထားတဲ့ စစ်မြေပြင်နယ်မြေ တွေ အားလုံးကို... ကျွန်တော်တို့ရဲ့ ဆန္ဒတော်တွေ က နေရာတိုင်းမှာ စောင့်ကြည့်နေလို့ မရနိုင်ဘူးလေ”
အဘိုးအို နှင့် စကားပြောနေသော အသံမှာ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ အသံ ဖြစ်နေသည်မှာ အံ့ဩစရာပင်။
ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က အဘိုးအို တစ်ဦးကို ဆရာ ဟု ခေါ်ဆိုနေခြင်းမှာ အလွန်တရာ ထူးဆန်း ဆန်းပြားလှသည်။
ထိုစကားကို ကြားလိုက်ရသောအခါ သူတော်စင် ဘိုးဘေးကြီး က ဆိုလိုက်၏။
“ဒါက မင်းရဲ့ အပြစ် မဟုတ်ပါဘူး”
သူက ဘာမှ ထပ်မမေးတော့ဘဲ ညာလက်ကို ဖြန့်လိုက်ရာ၊ လိပ်ခွံ ခြောက်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
သူတော်စင် ဘိုးဘေးကြီး က လိပ်ခွံများကို ပစ်ချလိုက်ရာ၊ ၎င်းတို့မှာ သူ၏ ရှေ့ရှိ ရှေးဟောင်း သစ်သား စားပွဲပေါ်သို့ ကျရောက်သွားပြီး မျက်စိတစ်မှိတ် အတွင်း နိမိတ်ဖတ်ခြင်း ဇယား တစ်ခု အဖြစ် ဖွဲ့စည်းသွားတော့သည်။
သူတော်စင် ဘိုးဘေးကြီး သည် နိမိတ်ဖတ်ခြင်း ဇယား ကို စူးစိုက် ကြည့်နေရင်း သူ၏ လက်များဖြင့် လက်ဟန်များ ရေးဆွဲနေ၏။ အချိန်အတော်ကြာပြီးနောက် သူက ဆိုလိုက်သည်။
“နယ်မြေအရှင်သခင် သုံးပါးစလုံး လုံးလုံးလျားလျား သေသွားတာတော့ မဟုတ်သေးဘူး... ဒါပေမဲ့ လူတစ်ယောက်ရဲ့ ဖမ်းဆီးတာကိုတော့ ခံထားရပြီ”
သူ၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး လက်ဟန်များကို ဆက်လက် ရေးဆွဲနေရင်း...
“ငါ့ရဲ့ အမည်ခံတပည့် က ငါ ပေးထားတဲ့ လေနတ်ဘုရား ပန်းချီကား ကို အသုံးပြုပြီးသွားပြီ။ ငါ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို ခံလိုက်ရပြီးတာတောင် သူက အသက်ရှင်နေဦးမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ အဲဒီ စစ်မြေပြင်နယ်မြေ က ဒီလောက် မြန်မြန်ဆန်ဆန် သိမ်းပိုက်ခံလိုက်ရတာ မဆန်းပါဘူးလေ... အဲဒီနေရာမှာ ကြောက်စရာကောင်းတဲ့ ပါရမီရှင် တစ်ယောက် ပေါ်လာတာကိုး”
ထိုအခါ၊ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က မေးလိုက်၏။
“ဆရာ... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်ရှိ လိပ်ခွံ ခြောက်ခုမှာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့သည်။
သူက ယခုလေးတင် ချထားခဲ့သော စုတ်တံကို ပြန်ကောက်ကိုင်လိုက်ပြီး၊ စားပွဲပေါ်တွင် ရွှမ် စက္ကူ တစ်ရွက် အလိုအလျောက် ပေါ်လာ၏။
သူတော်စင် ဘိုးဘေးကြီး က စုတ်တံကို ကိုင်ကာ ထိုစက္ကူပေါ်တွင် စာလုံး တစ်လုံးတည်းကိုသာ ရေးသားလိုက်၏။
“သတ်”
အခန်း (၇၉၇) - သတ်ဖြတ်ရန် အမိန့်စာ
~“ငါ့ရဲ့ အမိန့်ကို လွှဲပြောင်းပေးလိုက်... သူတို့ကို စစ်မြေပြင်နယ်မြေ ထဲ လူတွေ ချက်ချင်း ပြန်လွှတ်ပြီး... ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ ဒီလူကို သေချာပေါက် သတ်ပစ်ဖို့ အမိန့်ပေးလိုက်”
“မှန်လှပါ ခင်ဗျာ”
ဘေးတွင် ရပ်နေသော ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က စားပွဲပေါ်ရှိ "သတ်" စာလုံး ပါသော စက္ကူကို လိပ်ယူလိုက်ပြီး ခပ်လှမ်းလှမ်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သူတော်စင် ဘိုးဘေးကြီး က စစ်မြေပြင်နယ်မြေ ကို စူးစိုက် ကြည့်နေပြီး၊ သူ၏ မျက်လုံးများမှာ ဟင်းလင်းပြင် ပေါ်သို့ အတိအကျ ကျရောက်နေကာ... သူ၏ အတွင်းပိုင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဖောက်ထွင်း မြင်နိုင်စွမ်း ရှိသည့်အလားပင်။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒီ စစ်ပွဲကို တောင်နဲ့ ပင်လယ် ကမ္ဘာ က စတင်ခဲ့တာ မှန်ပေမဲ့... နောက်ဆုံး အဆုံးသတ်မှာတော့ ငါတို့ ကျယ်ပြန့်သော ကမ္ဘာ ကပဲ အောင်ပွဲခံရမယ်”
...
အစစ်အမှန်သိုင်းကမ္ဘာ အတွင်း၌...
နင်ချီ ၏ အစစ်အမှန် ခန္ဓာကိုယ် မှာ စည်းမျဉ်း နယ်ပယ် အဆင့်ကြီး သို့ တက်လှမ်း ပြီးစီးသွားခဲ့တော့၏။
သူက အစစ်အမှန်သိုင်းကမ္ဘာ တစ်ခုလုံးကို အောက်သို့ ငုံ့ကြည့်လိုက်ရာ... တာအို စည်းမျဉ်း မူလအစ တစ်ရာ တို့မှာ သံသရာလည်ပတ်မှု တစ်ခုကို ဖန်တီးနေကြ၏။ ယခင်ကနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက၊ တာအို စည်းမျဉ်း တစ်ရာ စုစည်းသွားမှုကြောင့် အစစ်အမှန်သိုင်းကမ္ဘာ ကြီးမှာ မျက်စိတစ်မှိတ် အတွင်း နှစ်ဆကျော် ပိုမို ကျယ်ပြန့်လာခဲ့တော့၏။
အစစ်အမှန်သိုင်းကမ္ဘာ မှ သက်ရှိ အားလုံးက သူ့ကို ဝပ်တွား ခယနေကြသော်ငြားလည်း နင်ချီ က သူတို့ကို လောလောဆယ် လျစ်လျူရှုထားလိုက်သည်။
သူက ရုတ်တရက် လက်ကို မြှောက်ကာ လက်ညှိုး တစ်ချောင်းကို ဆန့်ထုတ်လိုက်၏။
လက်ချောင်းထိပ်မှနေ၍ ဓာတ်ကြီးငါးပါး စည်းမျဉ်း စွမ်းအားမျှင် တစ်ချောင်း ချက်ချင်း ထွက်ပေါ်လာတော့သည်။
သေးငယ်လှသော စည်းမျဉ်း စွမ်းအားမျှင်လေး ပေါ်တွင် ဓာတ်ကြီးငါးပါး နတ်ဘုရား အလင်းတန်း များ တလက်လက် တောက်ပနေပြီး၊ လေထဲတွင် လည်ပတ်နေသော မှော်လက်စွပ် တစ်ကွင်းအလား ဖြစ်နေ၏။
ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင် မှာ အရောင်ငါးမျိုးသာ ရှိပုံ ရသော်ငြားလည်း၊ နင်ချီ သည် တာအို စည်းမျဉ်း တစ်ရာ ကို ထိုအထဲတွင် ပေါင်းစပ် ထည့်သွင်းထားပြီး၊ ၎င်းတို့ကို ဓာတ်ကြီးငါးပါး သီအိုရီ အတိုင်း စနစ်တကျ စီစဉ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
နင်ချီ က သူ၏ လက်ညှိုးကို တစ်ချက် ခတ်လိုက်ရာ၊ ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင် မှာ အထက်သို့ ဒေါင့်ဖြတ် ပျံသန်းသွားပြီး လူဝင်စား လမ်းကြောင်းကို တိုက်ရိုက် ဖြတ်သန်းသွား၏။ ၎င်းသည် အစစ်အမှန်သိုင်းကမ္ဘာ မှ ထွက်ခွာသွားပြီး နယ်မြေများ ပင်လယ် ထဲသို့ ရောက်ရှိသွားတော့သည်။
ဓာတ်ကြီးငါးပါး နတ်ဘုရား အလင်းတန်း မှာ ဝေဝါးနေသော နယ်မြေများ ပင်လယ် ကြီးထဲတွင် လွင့်မျောနေပြီး၊ ထိုအထဲရှိ စည်းမျဉ်း အမျိုးမျိုးကို လျင်မြန်စွာ စုပ်ယူကာ အစစ်အမှန်သိုင်းကမ္ဘာ အတွက် စည်းမျဉ်း မူလအစ များကို အဆက်မပြတ် ဆက်လက် စုစည်းပေးနေတော့၏။
ခေတ္တမျှ အာရုံခံကြည့်ပြီးနောက်... ယခုအခါ ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင် သည် တစ်နှစ် အတွင်းမှာပင် တာအို စည်းမျဉ်း မူလအစ ငါးခုကို စုစည်းပေးနိုင်စွမ်း ရှိနေပြီ ဖြစ်ကြောင်း နင်ချီ ချက်ချင်း သဘောပေါက်သွားတော့သည်။
သူ အဆင့်မတက်ခင်က... ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင် သည် တစ်နှစ်ခွဲ အတွင်း တာအို စည်းမျဉ်း နှစ်ခုကိုသာ စုစည်းပေးနိုင်စွမ်း ရှိခဲ့သော်လည်း၊ ယခုအခါ ထို အရေအတွက်မှာ နှစ်ဆကျော် မြင့်တက်လာခဲ့တော့၏။
နင်ချီ က ဟင်းလင်းပြင် ကို စူးစိုက် ကြည့်လိုက်ရာ၊ သူ၏ မျက်လုံးများမှာ အစစ်အမှန်သိုင်းကမ္ဘာ ၏ နံရံများကို ဖောက်ထွင်း မြင်နိုင်စွမ်း ရှိသည့်အလား... ကျယ်ပြောလှသော တောင်နှင့် ပင်လယ် ကမ္ဘာ၊ တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ချိတ်ဆက်ထားသော စစ်မြေပြင်နယ်မြေ နှင့် ပိုမို ဝေးကွာသော နေရာရှိ ကျယ်ပြန့်သော ကမ္ဘာ တို့ကို တိုက်ရိုက် မြင်တွေ့နေရ၏။
ဝိညာဉ်နယ်မြေ နှစ်ခုမှာ ယခုအခါ ရထားလမ်းများဖြင့် ချိတ်ဆက်ထားသကဲ့သို့ ဖြစ်နေပြီး၊ ခပ်လှမ်းလှမ်းမှ ကြည့်မည် ဆိုပါက နယ်မြေများ ပင်လယ် ထဲတွင် တည်ရှိနေသော ကုဗတုံး ကြီးတစ်ခုနှင့် တူနေ၏။
သူသည် အစစ်အမှန်သိုင်းကမ္ဘာ ကို သူ၏ ကြီးမားလှသော မှော်စွမ်းအားများဖြင့် ဖုံးကွယ်ထားသဖြင့်၊ တောင်နှင့် ပင်လယ် ကမ္ဘာ တို့က ၎င်း၏ တည်ရှိမှုကို ယခုအချိန်အထိ အာရုံမခံနိုင်ကြသေးချေ။
ဝိညာဉ်နယ်မြေ နှစ်ခုနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ကျယ်ပြန့်လာသော အစစ်အမှန်သိုင်းကမ္ဘာ မှာ လုံလောက်မှု မရှိသေးသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ယခင်ကနှင့် နှိုင်းယှဉ်လျှင်တော့ သူတို့ကို အမီလိုက်နိုင်ရန် ရှင်းလင်းသော မျှော်လင့်ချက် တစ်ခု ရရှိနေပြီ ဖြစ်သည်။
ခုံးကောင်နှင့် ဗျိုင်းငှက်တို့ သတ်ပုတ်နေကြချိန်မှာ တံငါသည်က အကျိုးအမြတ် ရသွားသည်ပေါ့။
အစစ်အမှန်သိုင်းကမ္ဘာ သည် ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ် များနှင့် ရင်ဆိုင်နေရသော်ငြားလည်း၊ လျင်မြန်စွာ တိုးတက်နိုင်ရန်အတွက် အခွင့်အလမ်းများလည်း ပြည့်နှက်နေ၏။
...
စစ်မြေပြင်နယ်မြေ အတွင်း၌...
နင်ချီ ၏ လူဝင်စား ခန္ဓာကိုယ် မှာ လေထဲတွင် လွင့်မျောနေဆဲ ဖြစ်၏။
စစ်မြေပြင်နယ်မြေ အတွင်း၌ သူ ဖြတ်တောက်ထားခဲ့သော ဟင်းလင်းပြင် မှာ... ဘေးရှိ ဆုံမှတ် များ၏ လျင်မြန်စွာ ဖိသိပ်မှုကြောင့် လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ၊ နင်ချီ ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။
သူတို့ကို တိုက်ပါစေ... တိုက်ခိုင်းလိုက်စမ်းပါ။ တိုက်ပွဲ ပိုပြင်းထန်လေလေ ပိုကောင်းလေလေပဲ။
ရုတ်တရက် ကောင်းကင်နှင့် မြေကြီး ကြားတွင် ကြီးမားလှသော စွမ်းအင် စီးဆင်းမှု တစ်ခုကို နင်ချီ အာရုံခံမိလိုက်၏။
ထိုခံစားချက်ကို သူ အလွန်တရာ ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ ၎င်းမှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ဆင်းသက်လာမည့် လက္ခဏာပင် ဖြစ်သည်။
‘ဒီအရာ ရုတ်တရက် ပေါ်လာတာ ဘာအဓိပ္ပာယ်လဲ။ ဒီနေရာမှာ တစ်ခုခု ထူးခြားနေတာကိုများ သတိပြုမိသွားလို့လား။
အဲဒီလိုတော့ မဖြစ်သင့်ဘူးလေ။ ငါက ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးရဲ့ ဆန္ဒတော်တွေ ကို တားဆီးဖို့အတွက် ဖြေရှင်းမရနိုင်တဲ့ ဟင်းလင်းပြင် တချို့ကို ရှင်းရှင်းလင်းလင်း ချန်ထားခဲ့တာပဲ။ ဒါကြောင့် တစ်ဖက်လူက သတိပြုမိစရာ အကြောင်း မရှိပါဘူး’
ထိုအတွေးက နင်ချီ ၏ ခေါင်းထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက်၊ သူသည် မူလ နေရာမှ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားပြီး၊ ဆုံမှတ် တစ်ခု၏ အနီးသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက သူ့ဆီသို့ ဦးတည် လာနေပုံ ရသဖြင့် သူ ဖြေရှင်းရမည်သာ ဖြစ်သည်။
သူ၏ ပင်မ ခန္ဓာကိုယ် စည်းမျဉ်း နယ်ပယ် သို့ တက်လှမ်းသွားပြီးနောက်... လူဝင်စား ခန္ဓာကိုယ် ပေါ်ရှိ ပြောင်းလဲမှုများကို သူ အပြည့်အဝ နားလည် သဘောပေါက်ရန် အချိန်ပင် မရလိုက်ခင်မှာပင်၊ နင်ချီ သည် ဟင်းလင်းပြင် ကို ဆွဲဖြဲကာ သူ၏ စစ်တပ်ကြီး သိမ်းပိုက်ထားသော ဆုံမှတ် တစ်ခု၏ အနီးသို့ မျက်စိတစ်မှိတ် အတွင်း ရောက်ရှိသွားတော့၏။
သူ ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင်... ကြီးကျယ် ခမ်းနားပြီး ပြိုင်ဘက်ကင်းလှသော ဆန္ဒတော် တစ်ခု ကောင်းကင်ယံတွင် ချက်ချင်း ဖွဲ့တည်လာတော့သည်။
“အရှင်သခင် နင်”
နင်ချီ သည် ဆုံမှတ် ၏ အောက်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး၊ လက်ယှက် ဂါရဝပြုလိုက်ရင်း တစ်ချိန်တည်းမှာပင် သူ၏ ချီစွမ်းအင် အရှိန်အဝါများကို ပို၍ပင် လျှို့ဝှက် သိုသိပ်စွာ ဖုံးကွယ်ထားလိုက်၏။
“ကမ္ဘာ့အရှင်သခင်... ဘာများ အမိန့်ပေးစရာ ရှိပါသလဲ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က နင်ချီ ကို စေ့စေ့စပ်စပ်..စစ်ဆေးကြည့်လိုက်သော်လည်း၊ နင်ချီ ၏ အရှိန်အဝါ တွင် မည်သည့် ပြောင်းလဲမှုမျှ မတွေ့ရသဖြင့် ဆက်လက် မစစ်ဆေးတော့ချေ။
ထိုအစား သူက ဆိုလိုက်သည်။
“အရှင်သခင် နင်... မင်းကို အရမ်း အရေးကြီးတဲ့ သတင်းတစ်ခု လာပြောပြတာ”
“ကမ္ဘာ့အရှင်သခင်... ကျေးဇူးပြုပြီး ပြောပါ ခင်ဗျာ” နင်ချီ က.. ပြန်ပြောလိုက်၏။
နင်ချီ က သူ၏ စစ်တပ်ကြီးကို ဦးဆောင်ကာ ဤ စစ်မြေပြင်နယ်မြေ ကို အပြည့်အဝ သိမ်းပိုက်တော့မည် ဖြစ်သောကြောင့်လား၊ သို့မဟုတ် နင်ချီ က တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ တန်ဖိုးထားမှုကို ခံလိုက်ရသောကြောင့်လား ဆိုတာတော့ မသိပေ။
ဤအခိုက်အတန့်တွင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် နင်ချီ အပေါ် အလွန်တရာ ဖော်ရွေသော အမူအရာကို ပြသနေပြီး၊ သူ၏ ယခင် သဘောထားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
“မင်း ကံကောင်းတာပဲ... မင်းရဲ့ စွမ်းဆောင်ရည် တွေကြောင့် တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး က... မင်းကို သူတို့ရဲ့ တပည့် အဖြစ် လက်ခံဖို့တောင် စဉ်းစားနေကြပြီ”
အခန်း (၇၉၈) - လူတိုင်းက ငါ့ကို တပည့်အဖြစ် လက်ခံချင်နေကြတာလား
~ထိုသတင်းကို ကြားလိုက်ရသောအခါ နင်ချီ ၏ ရင်တွင်း၌ ချက်ချင်းပင် လှိုင်းဂယက်များ ထသွားတော့သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ စကားများမှတစ်ဆင့် အချက်အလက် မြောက်မြားစွာကို သူ မျက်စိတစ်မှိတ် အတွင်း ကောက်ချက်ချလိုက်နိုင်၏။
ပထမအချက်အနေဖြင့် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည် စစ်မြေပြင်နယ်မြေ အတွင်း၌ ဖြစ်ပျက်နေသမျှကို ထောက်လှမ်း သိရှိနိုင်မည့် နည်းလမ်းတစ်ခုခု သေချာပေါက် ရှိနေရမည် ဖြစ်ပြီး၊ သူ ဤနေရာတွင် ဖြတ်သန်းခဲ့ရသမျှ အရာအားလုံးကိုလည်း ကောင်းစွာ သိရှိနေကြပေလိမ့်မည်။ ဤအချက်က နင်ချီ ကို တိတ်တဆိတ် သတိဝီရိယ ကြီးမားသွားစေခဲ့သည်။
သာမန်အားဖြင့် စစ်မြေပြင်နယ်မြေ ဆိုသည်မှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်ရာ၊ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ သာလျှင် ထိုအထဲတွင် ဖြစ်ပျက်နေသမျှကို အာရုံခံ သိရှိနိုင်စွမ်း ရှိသင့်သည် မဟုတ်ပါလော။
အစစ်အမှန်သိုင်းကမ္ဘာ တွင် ကမ္ဘာ့အရှင်သခင် ဖြစ်သော မိမိ တစ်ဦးတည်းသာလျှင် နေရာအနှံ့အပြားရှိ အခြေအနေများကို လွတ်လပ်စွာ စူးစမ်း လေ့လာနိုင်စွမ်း ရှိသကဲ့သို့ပင် ဖြစ်သည်။
အစစ်အမှန်သိုင်းကမ္ဘာ အတွင်းရှိ အခြား မည်သည့် သက်ရှိကမျှ ဤကဲ့သို့သော စွမ်းရည်မျိုး မရှိကြချေ။
သို့သော် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည် ကမ္ဘာကြီး အတွင်းမှ ကျင့်ကြံသူ များ ဖြစ်ပါလျက်နှင့် အပြင်ဘက်ရှိ အဖြစ်အပျက်များကို အာရုံခံ သိရှိနိုင်စွမ်း ရှိနေခြင်းက... သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများမှာ အင်မတန် အစွမ်းထက်နေခြင်း ဖြစ်နိုင်သလို၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် သူတို့၏ ဆက်ဆံရေးမှာ အလွန်တရာ ထူးခြားနေခြင်းလည်း ဖြစ်နိုင်၏။
သို့မဟုတ် အချက် နှစ်ချက်စလုံး မှန်ကန်နေခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင် ဖြစ်စေကာမူ ၎င်းမှာ နင်ချီ အတွက်တော့ သတင်းကောင်း တစ်ခု လုံးဝ မဟုတ်ချေ။
ဒုတိယအချက်အနေဖြင့် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့က သူ့ကို တပည့်အဖြစ် လက်ခံလိုကြသည် ဆိုခြင်းက... သူတို့သည် သူ၏ စစ်မြေပြင်နယ်မြေ အတွင်းရှိ အခြေအနေများကိုသာမက၊ တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ သူ၏ ဘဝ နောက်ခံကိုပါ သိရှိနေကြကြောင်း အထင်အရှား ပြသနေသည်။
ထို ဘိုးဘေးကြီး နှစ်ပါးစလုံးမှာ သမိုင်းတစ်လျှောက်လုံး အလွန်တရာ ကျော်ကြားခဲ့သူများ ဖြစ်ကြပြီး၊ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သည့်တိုင် တပည့် တစ်ဦး တစ်ယောက်ကိုမျှ လက်ခံခဲ့ခြင်း မရှိကြချေ။
ထိုမျှ အရေးကြီးလှသော တပည့် လက်ခံခြင်း ကိစ္စကို အရာအားလုံး အပြည့်အဝ နားလည် သဘောပေါက်ခြင်း မရှိဘဲ ဘယ်လိုလုပ်ပြီး ဆုံးဖြတ်နိုင်ကြပါမည်နည်း။
နင်ချီ သည် အသက် နှစ်ရာ ပင် မပြည့်သေးခင်မှာ ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ရာ... တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံးတွင် သူ့ကဲ့သို့သော လူမျိုး နောက်တစ်ယောက် လုံးဝ မရှိနိုင်ချေ။ သူ၏ ဤမျှ လျင်မြန်လှသော တိုးတက်မှု အရှိန်အဟုန်အပေါ် တာအို ဘိုးဘေးကြီး နှစ်ပါး အနေဖြင့် သံသယများ ဝင်နေကြမည်လား ဟု နင်ချီ တွေးတောနေမိသည်။
ထို့အပြင် သူတို့က သူ့ကို တပည့်အဖြစ် တကယ်ပဲ လက်ခံချင်နေကြတာလား... သို့မဟုတ် အခြား ရည်ရွယ်ချက်များ ရှိနေသေးသလား ဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။
တတိယအချက်အနေဖြင့် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဘိုးဘေးကြီး နှစ်ပါးစလုံးက သူ၏ အခြေအနေကို အာရုံခံ သိရှိနိုင်စွမ်း ရှိနေသည် ဆိုကတည်းက... ကျယ်ပြန့်သော ကမ္ဘာ ၏ သန့်ရှင်းသော ဘိုးဘေးကြီး အနေဖြင့်လည်း စစ်မြေပြင်နယ်မြေ အတွင်းရှိ သူ၏ အခြေအနေများကို သိရှိနေနိုင်သည် မဟုတ်ပါလော။
ဤသည်မှာ နင်ချီ အတွက် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာပြီး၊ သန့်ရှင်းသော ဘိုးဘေးကြီး က သူ့အပေါ် မည်သို့သော အရေးယူမှုများ ပြုလုပ်လာမည်နည်း ဆိုသည်ကို သူ လုံးဝ မသိရှိသေးကြောင်းကိုလည်း သတိပေးနေသကဲ့သို့ ဖြစ်နေသည်။
နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် စကားပြောနေစဉ် သူ၏ မျက်နှာပေါ်တွင် အလွန်တရာ ဝမ်းသာ ပျော်ရွှင်နေသည့် ဟန်ဆောင် အမူအရာ တစ်ခုကို ဖန်တီးလိုက်ပြီး မေးလိုက်၏။
“ကမ္ဘာ့အရှင်သခင်... တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့က တကယ်ပဲ အဲဒီလို ပြောခဲ့ကြတာလား ခင်ဗျာ”
ထိုအခါ၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်သည်။
“ငါ ကိုယ်တိုင် လာပြီး သတင်းပေးနေတာတောင်မှ... မင်းက ဒါကို အတုလို့ ထင်နေသေးတာလား”
“မဟုတ်ပါဘူး ခင်ဗျာ။ ဒီသတင်းက အရမ်းကို ရုတ်တရက် ဆန်လွန်းလို့ပါ။ ဘိုးဘေးကြီး နှစ်ပါး ရဲ့ အာရုံစိုက်မှုကို ရလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူးလေ။ ကမ္ဘာ့အရှင်သခင် ကများ ကျွန်တော့်ရဲ့ အခြေအနေကို ဘိုးဘေးကြီး နှစ်ပါး ဆီ သတင်းပို့လိုက်တာလား မသိဘူး”
သူက ဘိုးဘေးကြီး နှစ်ပါး ၏ စွမ်းရည်များကို အတည်ပြုနိုင်ရန်အတွက် ဤမေးခွန်းကို ရည်ရွယ်ချက် ရှိရှိ မေးလိုက်ခြင်းပင်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ ပုံရိပ်ယောင် တစ်ခုအဖြစ် ရုပ်လုံးပေါ်လာပြီး သူ၏ မျက်နှာကိုမူ လုံးဝ ဖုံးကွယ်ထားသည်။
သူက နင်ချီ ၏ ရှေ့တွင် ပေါ်ထွက်လာပြီး သူ့ကို စူးစိုက် ကြည့်နေပုံ ရ၏။
“အဲဒါတော့ မှန်ပါတယ်။ ဒါပေမဲ့ ငါက သူတို့ကို မပြောပြခဲ့ရင်တောင်မှ... သူတို့က မင်းရဲ့ အကြောင်းကို သေချာပေါက် သိနိုင်စွမ်း ရှိကြပါတယ်”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ရှားရှားပါးပါး ရှင်းပြချက် တစ်ခု ပေးလာခဲ့သည်။
နင်ချီ လည်း ချက်ချင်း သဘောပေါက်သွားတော့၏။
‘အလို.. တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ရဲ့ စွမ်းရည်တွေက တကယ့်ကို အံ့မခန်းပဲ။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကိုတောင် မဖြတ်သန်းဘဲနဲ့ စစ်မြေပြင်နယ်မြေ ကို သူတို့ ဘယ်လိုလုပ်ပြီး စောင့်ကြည့်နိုင်ကြတာလဲ’
ဘိုးဘေးကြီး နှစ်ပါး နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် တို့ အကြားရှိ ဆက်ဆံရေးနှင့် ပတ်သက်၍ နင်ချီ အလွန်တရာ သိချင်စိတ် ပြင်းပြလာတော့သည်။
ယေဘုယျအားဖြင့် ဆိုရလျှင် ဘိုးဘေးကြီး နှစ်ပါး သည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသော်ငြားလည်း၊ သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသင့်သည် မဟုတ်ပါလော။
သို့သော် သူတို့ နှစ်ဦးမှာ နင်ချီ ကဲ့သို့ အစစ်အမှန်သိုင်းကမ္ဘာ ၏ ဆန္ဒတော် ကို အပြည့်အဝ ဖျက်ဆီးပစ်ပြီး အစစ်အမှန်သိုင်းကမ္ဘာ ၏ အရှင်သခင် အဖြစ် ခံယူထားသူများ မဟုတ်ကြချေ။
“ကမ္ဘာ့အရှင်သခင်... ဘိုးဘေးကြီး နှစ်ပါးစလုံး က ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်နေကြတယ် ဆိုပေမဲ့ ကျွန်တော်က နှစ်ယောက်စလုံးကိုတော့ သေချာပေါက် ရွေးချယ်လို့ မရနိုင်ဘူးလေ။ ကမ္ဘာ့အရှင်သခင် ကပဲ သတင်း လာပေးမှတော့... ကျွန်တော် ဘယ် ဘိုးဘေးကြီး ကို သဘောတူသင့်လဲ ဆိုတာကို ကျေးဇူးပြုပြီး အကြံပေးပါဦး ခင်ဗျာ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က တစ်ချက် ချောင်းဟန့်လိုက်ပြီးနောက် ဆိုလိုက်၏။
“မင်း ပင်လယ်ဘိုးဘေးကြီး ကို ဆရာအဖြစ် ရွေးချယ်လိုက်တာ ပိုကောင်းမယ်လို့ ငါ အကြံပေးချင်တယ်။ အကယ်လို့ သူသာ မင်းကို မရခဲ့ဘူး ဆိုရင်... မင်းကို ဖျက်ဆီးပစ်လိုက်မယ်လို့ သူက ပြောထားတယ်လေ။ ပြီးတော့ တခြား ဘယ်သူ့ကိုမှလည်း မင်းကို အပိုင်မပေးနိုင်ဘူးတဲ့”
နင်ချီ ၏ မျက်ခုံးတန်းများ အလိုအလျောက် တွန့်ချိုးသွားတော့သည်။
‘ဒါက ဘယ်လို အဓိပ္ပာယ် မရှိတဲ့ စကားတွေလဲ။ ပင်လယ်ဘိုးဘေးကြီး က ရူးသွပ်နေတဲ့ မိန်းမ တစ်ယောက်များလား’
ခေတ္တမျှ စဉ်းစားပြီးနောက် နင်ချီ က ထပ်မေးလိုက်၏။
“ကမ္ဘာ့အရှင်သခင်... ခင်ဗျားက နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ နယ်မြေအရှင်သခင် လေ။ ယုတ္တိတန်တန် တွေးကြည့်မယ် ဆိုရင်တော့ ခင်ဗျားက တောင်ဘိုးဘေးကြီး ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသင့်တာပေါ့။ အကယ်လို့ ကျွန်တော်က ပင်လယ်ဘိုးဘေးကြီး ကို ရွေးလိုက်မယ် ဆိုရင်... တောင်ဘိုးဘေးကြီး ကများ...”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ရယ်လိုက်ပြီး ဆိုလိုက်သည်။
“မင်း တွေးတာ တော်တော်လေး စေ့စပ် သေချာတာပဲ။ တောင်ဘိုးဘေးကြီး က အမြဲတမ်း အာဏာရှင်ဆန်တတ်တယ်။ အကယ်လို့ မင်းက ပင်လယ်ဘိုးဘေးကြီး ကို ရွေးလိုက်တာကို သူ တွေ့သွားရင် သူ ဘာလုပ်မယ်လို့ မင်း ထင်လဲ”
နင်ချီ မှာ ဆွံ့အသွားရသည်။
‘ဘာလုပ်နိုင်ဦးမှာလဲ။ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို အပြတ်ရှင်းပစ်လိုက်ဖို့ပဲ ရှိတော့တာပေါ့’
သူက ချက်ချင်း ဆိုလိုက်၏။
“ဒါဆိုလည်း ထားလိုက်ပါတော့ဗျာ။ ကမ္ဘာ့အရှင်သခင် အနေနဲ့ ကျွန်တော့် ဘက်ကနေ အခြေအနေတွေကို ဘိုးဘေးကြီး နှစ်ပါး ဆီ သေချာ ရှင်းပြပေးပြီး... သူတို့ရဲ့ မျက်နှာသာပေးမှုကို ကျွန်တော် ရနိုင်မရနိုင် ဆိုတာကို မေးပေးလို့ ရမလား ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်က အညတရလေးပါ ၊ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ယောက် အနေနဲ့... ဘိုးဘေးကြီး နှစ်ပါး ရဲ့ အာရုံစိုက်မှုကို ခံရဖို့ လုံးဝ မထိုက်တန်ပါဘူး ခင်ဗျာ”