← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း။ ၁

"ရူးနေလိုက်တာ"

ထိုသို့ ရေရွတ်ကာ ဆဲဆိုပြီးနောက် အပျိုဖော်ဝင်စ မိန်းမပျိုလေးတစ်ဦးသည် သူမ၏ အင်္ကျီလက်စကို ခါယမ်းကာ လှည့်ထွက်သွားသည်။ သူမ လှည့်ထွက်သွားသည့်အရှိန်ကြောင့် သင်းပျံ့သော ရနံ့လေးတစ်ခု ဝေ့ဝဲကာ ကျန်ရစ်ခဲ့၏။ ထို့နောက် သူမသည် မှုန်သုန်နေသော မျက်နှာထားဖြင့် မြင်းရထားပေါ်သို့ တက်ကာ ထွက်ခွာသွားတော့သည်။

"ဘာ... ဘာပြောတယ်။ မင်းရဲ့ အရည်အချင်းက နိမ့်ပါးလွန်းလို့ ငါတို့ရဲ့ မသေမျိုးဂိုဏ်းထဲ ဝင်ဖို့ စံနှုန်းမမီတာကို ဘာဖြစ်လို့ ငါ့ကို အရူးလို့ လာဆဲသွားရတာလဲ"

ဝမ်ပင်းသည် ဘာလုပ်ရမှန်းမသိဘဲ လက်နှစ်ဖက်ကို ဘေးသို့ကားလျက် ရယ်ရခက် ငိုရခက် ဖြစ်နေရှာသည်။ ထို့နောက် သူ၏အမြင်ကို ထောက်ခံပေးမည့်သူ ရှိမလားဟူသော မျှော်လင့်ချက်ဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်မိ၏။

သို့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

သူ့ကို ထောက်ခံပေးမည့်သူ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။

ထိုမျှမက လူအုပ်ကြီးသည် သူ့အား လူတောမတိုးသည့် ဦးနှောက်မပြည့်သူတစ်ဦးကို ကြည့်သကဲ့သို့ ထူးဆန်းသော အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။

"ဂိုဏ်းချုပ်ဝမ်... ခင်ဗျားရဲ့ မသေမျိုးဂိုဏ်းက ကြယ်တစ်ပွင့် အဆင့်တောင် မရှိတာကို ဘာလို့ ဒီလောက်တောင် စိတ်ကူးယဉ်နေရတာလဲ"

"အသက် ၁၅ နှစ်နဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့် ၅ ကို ရောက်နေတဲ့သူဆိုတာ ကြယ်သုံးပွင့် အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေတောင် အလုအယက် လိုချင်နေကြတဲ့ ပါရမီရှင်မျိုးဗျ။ အဲဒီလိုလူက ဘာအကြောင်းကြောင့် ခင်ဗျားရဲ့ ဂိုဏ်းကို လာရမှာလဲ ဟုတ်တယ်မလား"

"ကျွန်တော့်အမြင်တော့ ခင်ဗျား နည်းနည်း ကြောင်သွားပြီ ထင်တယ်"

"သွားကြရအောင် တခြားနေရာကိုပဲ သွားရအောင်။ သူက ငါတို့ကို အထင်မကြီးဘူးဆိုရင် ငါတို့ကလည်း သူ့ရဲ့ မသေမျိုးဂိုဏ်းကို အဖက်လုပ်မှာ မဟုတ်ဘူး"

လွယ်အိတ်လေးတစ်လုံး လွယ်ကာ သကြားလုံးတုတ်ထိုးစားနေသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်လေးတစ်ဦးက နှာရည်ကို တရှုံ့ရှုံ့ဆွဲရင်း ဝမ်ပင်းကို နှာခေါင်းရှုံ့ကာ လှောင်ပြောင် ပြောဆိုသွားသည်။

ဝေါခနဲ...

ခဏချင်းတွင်ပင် လူအုပ်ကြီးသည် တီးတိုးတီးတိုး ပြောဆိုလျက် လူစုကွဲသွားကြတော့၏။

"ဟေး... ကလေးလေး ဒီကိုလာစမ်း ငါ မင်းကို သေအောင်မရိုက်ဘူးလို့ အာမခံတယ်။ မင်း နို့ဖြတ်ပြီးပြီလား။ နို့နံ့တောင်မစင်သေးဘဲ ငါ့ကိုတောင် လာလှောင်ရဲတယ်ပေါ့လေ"

ဝမ်ပင်းသည် နဂိုနေရာတွင်ပင် ရပ်နေဆဲဖြစ်သော်လည်း သူ၏ မျက်နှာအမူအရာမှာမူ တော်တော်လေး ပျက်ယွင်းနေပြီ ဖြစ်သည်။ လူစုလူဝေးကြီး တစ်ဖြည်းဖြည်း ဝေးကွာသွားသောအခါ ဝမ်ပင်းသည် ကောင်းကင်ယံကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိသည်။

အို... ဘုရားသခင် ငါ့မှာ စနစ်တစ်ခု ရှိနေတာတောင် ဒီကျရှုံးနေတဲ့ အခြေအနေကနေ ပြန်မတက်နိုင်တော့ဘူးလား

စနစ်... မင်းကတော့ တကယ့် လူလိမ်ပဲ။ ဘာဖြစ်လို့ ဒီလောက် မြင့်မားတဲ့ စံနှုန်းကြီးကို သတ်မှတ်ထားရတာလဲ။

ကျင့်စဉ်လောက၏ အစပျိုးခြင်းသည် ကိုယ်ခန္ဓာကို အားဖြည့်လေ့ကျင့်ခြင်းပင်။ ယေဘုယျအားဖြင့် ကလေးငယ်များသည် အသက် ၁၀ နှစ်ဝန်းကျင်တွင် အဆင့် ၁ သို့ ရောက်ရှိနိုင်ကြသော်လည်း အဆင့် ၅ သို့ ရောက်ရှိရန်အတွက်မူ ကျင့်စဉ်လမ်းပေါ်တွင် ပါရမီထူးသူများမှလွဲ၍ အနည်းဆုံး ၁၀ နှစ်ခန့် အချိန်ယူ ကျင့်ကြံကြရစမြဲပင်။

ထို့ကြောင့် အသက် ၁၅ နှစ်မပြည့်မီ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ သို့ ရောက်ရှိသော ကလေးများသည် တွေ့ရခဲလှသော ပါရမီရှင်များအဖြစ် သတ်မှတ်ခြင်း ခံရသည်။

ထိုသို့သော ပါရမီရှင်များ၏ သတင်းသာ ပြန့်နှံ့သွားပါက ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့် အဆင့်ရှိသော ဂိုဏ်းကြီးများကပင် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဖိတ်ခေါ်ကြမည် ဖြစ်သည်။

ကျမ်းစာအုပ် နှစ်အုပ်၊ သုံးအုပ်ပဲ ရှိတဲ့ ကြယ်တစ်ပွင့်တောင်မဟုတ်သေးတဲ့ ဂိုဏ်းလေးက ဘာဖြစ်လို့ ဒီလောက် မြင့်မားတဲ့ စံနှုန်းတွေကို သတ်မှတ်ထားရတာလဲ။

ဤအကြောင်းရင်းကို သိရှိနိုင်ရန် လွန်ခဲ့သော တစ်ပတ်ခန့် မွန်းလွဲပိုင်း အချိန်တစ်ခုဆီသို့ ပြန်လည်ခြေရာခံကြည့်ရပေလိမ်မည်။

...

ထိုစဉ်က ထုံးစံအတိုင်းပင် ဝမ်ပင်းသည် တောင်ခြေရှိ ကျောက်လှေကားထစ်များပေါ်တွင် ရပ်လျက် လမ်းတစ်ဖက်တစ်ချက်ဆီသို့ ငေးမောကြည့်ရင်း လက်ပြနှုတ်ဆက်နေခဲ့သည်။

သူ၏ နောက်ကျောဘက်တွင်မူ မသေမျိုးဂိုဏ်း၏ သံမဏိကျောက်သားဖြင့် ထုဆစ်ထားသော ဓားကျောက်တိုင်ကြီး တည်ရှိနေ၏။ ထိုကျောက်တိုင်သည် အမြင့် ငါးမီတာနှင့် အနံ တစ်မီတာခန့်ရှိပြီး ကောင်းကင်ယံသို့ ထိုးတက်နေသော ဓားတစ်လက်အလား ခန့်ညားလှသည်။ ကျောက်တိုင်ထက်တွင် မသေမျိုးဂိုဏ်းဟူသော စာလုံးသုံးလုံးကို ခန့်ညားထည်ဝါစွာ ထွင်းထုထားသည်။

ထိုစာလုံးများကို ဝမ်ပင်း၏ ဘိုးဘေးဘီဘင်ဖြစ်သော ဂိုဏ်းတည်ထောင်သူ အဘိုးအစဉ်အဆက်ကိုယ်တိုင် ထွင်းထုခဲ့ခြင်းပင်။ အမှန်စင်စစ်အားဖြင့် သံမဏိကျောက်သားထက်တွင် စာလုံးထွင်းထုနိုင်ခြင်းက ထိုသူ၏ ကျင့်စဉ်အဆင့်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သက်သေပင်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း၏ အမြင့်ဆုံးအဆင့်ဖြစ်သော အဆင့် ၁၃ သို့ ရောက်ရှိနေသည့် ပညာရှင်များပင်လျှင် ဤကဲ့သို့သော ကျောက်သားမာပေါ်တွင် စာလုံးထွင်းရန် မစွမ်းသေးပေ။

ဤကဲ့သို့သော ကျင့်စဉ်အဆင့်ရှိသူများသည် နယ်မြေတစ်ခုကို စိုးမိုးအုပ်ချုပ်နိုင်သည့် ဧကရာဇ်များပင်။

မသေမျိုးဂိုဏ်း...

စာလုံးအားဖြင့် သုံးလုံးတည်းသာ ရှိသော်လည်း ၎င်းတို့မှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ ထက်မြက်လှသလို ခံ့ညားလွန်းလှသည်။ ထိုစဉ်ကဆိုလျှင် တောင်ခြေရှိ ဆန်းဝူမြို့၏ မြို့စားမင်းကိုယ်တိုင်ပင်လျှင် ဤဓားကျောက်တိုင်ရှေ့၌ လာရောက် ဦးညွှတ်ရသည်။ တစ်နေ့လျှင် လူပေါင်းသောင်းချီ၍ ဤကျောက်တိုင်အောက်မှ ဖြတ်သန်းသွားလာခဲ့ကြဖူးသည်။

သို့သော် ယခုအခါတွင်မူ ဝမ်ပင်းသည် ထိုကျောက်တိုင်ရှေ့တွင် ရပ်လျက် တခြားသူများကို လက်ပြနှုတ်ဆက်နေရသည့် အခြေသို့ ဆိုက်ရောက်နေ၏။

"သွားကြပါတော့... နှုတ်ဆက်ခဲ့ပါတယ်"

ထိုနှုတ်ဆက်စကားတစ်ခွန်းဖြင့် မသေမျိုးဂိုဏ်း၏ နောက်ဆုံးကျန်ရှိနေသော တပည့် ၁၀ ဦးကို စေလွှတ်လိုက်ရသည်။

ယနေ့မှစ၍ ယခင်က မိုင်ပေါင်းရာချီသော နယ်မြေများကို စိုးမိုးအုပ်ချုပ်ခဲ့ဖူးသည့် ကြယ်နှစ်ပွင့် အဆင့်ရှိ ဂိုဏ်းကြီးသည် ယခုအခါ အသက် ၁၈ နှစ်အရွယ် ဂိုဏ်းချုပ်တစ်ဦး၊ အထွေထွေအလုပ်များကို လုပ်ကိုင်ပေးသည့် အန်ကယ်ဝမ်ဟု ခေါ်သော အဘိုးအိုတစ်ဦးနှင့် ဟားဟားဟု အမည်ပေးထားသော တောင်စောင့်ခွေးတစ်ကောင်သာ ကျန်ရှိတော့သည်။

မသေမျိုးဂိုဏ်းဟူသော အမည်နာမသာ ကျန်ရှိတော့ပြီး လက်တွေ့တွင်မူ ပျက်သုဉ်းလုနီးပါး ဖြစ်နေသော ဂိုဏ်းတစ်ခုသာ ဖြစ်တော့၏။

သို့သော် ထိုခဏ၌ပင် ဝမ်ပင်း၏ နားထဲသို့ အသံတစ်ခု ရုတ်တရက် တိုးဝင်လာခဲ့သည်။

"စတင် အသက်သွင်းနေပြီ... စူပါဂိုဏ်းတော်စနစ်"

ထိုအသံသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ အေးစက်မာကြောနေပြီး မည်သည့် ခံစားချက်အရိပ်အယောင်မျှ ပါဝင်ခြင်း မရှိချေ။

ထိုအသံကြောင့် ဝမ်ပင်း တစ်ကိုယ်လုံး တုန်တက်သွားပြီး လန့်ဖျန့်သွားရသည်။ သူသည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး ဘေးနားရှိ ချုံနွယ်ပိတ်ပေါင်းများဆီသို့ စူးစမ်းသော အကြည့်တို့ဖြင့် ကြည့်လိုက်မိ၏။

"ထွက်ခဲ့စမ်း... ဘယ်သူလဲ"

"သခင်... ရှာမနေပါနဲ့တော့ ကျွန်တော်က သခင်ရဲ့ စိတ်အာရုံထဲမှာ ရှိနေတာပါ။ သခင်က ကိုယ့်ခေါင်းကိုယ် ခွဲကြည့်မယ်ဆိုရင်တော့ တစ်မျိုးပေါ့ မဟုတ်ရင်တော့ သေတဲ့အထိ ရှာတွေ့မှာ မဟုတ်ပါဘူး"

"မင်းက ဘယ်သူလဲ"

"ကျွန်တော်က လူသားလည်း မဟုတ်သလို သက်ရှိသတ္တဝါလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သခင်နဲ့ ကံပါလာတဲ့ အဖော်လေး စူပါဂိုဏ်းတော်စနစ်ပါ"

"စူပါဂိုဏ်းတော်စနစ် ဟုတ်လား"

"မှန်ပါတယ်"

ထိုသို့ ပြောကြားပြီးနောက် ဝမ်ပင်း၏ မျက်စိရှေ့မှောက်တွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး အချက်အလက်ပြတင်းပေါက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

....

[ဝမ်ပင်း]

[လိင်: ကျား]

[ကျင့်စဉ်အဆင့်: ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇]

[ဂိုဏ်း၏ အဆင့်အတန်း: မရှိ]

....

[သခင်... ဂိုဏ်းတစ်ခုကို တည်ထောင်တာက အုတ်တံတိုင်းတွေ ခတ်ရုံနဲ့ မပြီးပါဘူး။ အစွမ်းထက်တဲ့ နည်းပြတွေ ရှိရုံနဲ့လည်း မလုံလောက်ဘူး။ တကယ့် စူပါဂိုဏ်းတော်တစ်ခု ဖြစ်လာဖို့ဆိုတာ... ပါရမီရှင် တပည့်တွေကို ဆွဲဆောင်နိုင်မယ့် မဟာအရင်းအမြစ်တွေ ရှိနေဖို့က အဓိကပဲ။ ဒါမှသာ သူတို့က တခြားဂိုဏ်းတွေကို မျက်စိမကျဘဲ သခင်ဘေးမှာ သစ္စာရှိရှိ ကျင့်ကြံကြမှာပါ။

ဒီစနစ်က သခင်အတွက် လိုလေသေးမရှိအောင် အကုန်စီစဉ်ပေးထားပါတယ်။ သာမန် အလေးတုံးတွေကအစ ရုပ်ခန္ဓာကို နတ်ဘုရားအဆင့်ရောက်အောင် လေ့ကျင့်ပေးနိုင်သလို၊ ခရီးသွားဝင်္ကပါတွေကလည်း တပည့်တွေကို လောကအနှံ့ အချိန်မရွေး စေလွှတ်ပေးနိုင်မှာပါ။ ဒီလို ထူးခြားဆန်းပြားတဲ့ အရင်းအမြစ်တွေက သခင်ရဲ့ ဂိုဏ်းတော်ကို စကြဝဠာရဲ့ အထွတ်အထိပ် ရောက်အောင် ပို့ဆောင်ပေးပါလိမ့်မယ်]

ဝမ်ပင်းသည် သူ၏ ကိုယ်ရေးအချက်အလက်များကို အာရုံမစိုက်အားဘဲ ဂိုဏ်းတော်စနစ်၏ ရှင်းလင်းချက်များဆီသို့သာ မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။

ဒီစနစ်က ပေးတဲ့ အရင်းအမြစ်တွေက... တကယ်ပဲ ငါ့ကို ပြန်ပြီး နိုးထလာစေနိုင်မှာလား။

ပျက်သုဉ်းလုနီးပါး ဖြစ်နေတဲ့ ငါ့ရဲ့ မသေမျိုးဂိုဏ်းကိုရော... ဒီစနစ်က ပြန်ပြီး အသက်သွင်းပေးနိုင်ပါ့မလား။

ဝမ်ပင်း တစ်စုံတစ်ရာ ပြန်မပြောနိုင်သေးမီမှာပင် စနစ်၏ အေးစက်စက် အသံက ကြိုတင်စီစဉ်ထားသည့်အတိုင်း ထပ်မံ ထွက်ပေါ်လာပြန်သည်။

"သခင့်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ကြည့်တဲ့အခါ မသေမျိုးဂိုဏ်းကို ပြန်လည် နိုးထလာစေဖို့က အရမ်း ခက်ခဲလွန်းနေပါတယ်။ ဒါကြောင့်မို့လို့ အကျိုးခံစားခွင့် ပထမဆုံးအဆင့် မစ်

ရှင်ကို စတင်ထုတ်ပြန်ပေးလိုက်ပါတယ်"

[အဓိကမစ်ရှင် - ဗဟိုခန်းမဆောင်ကြီးကို ပြန်လည်မွမ်းမံပြင်ဆင်ခြင်း]

[ဗဟိုခန်းမဆောင်ဆိုတာ ဂိုဏ်းတစ်ခုရဲ့ ဝိညာဉ်ပါ။ အပြင်လူတွေ ပထမဆုံး မြင်တွေ့ရမယ့် ဂိုဏ်းရဲ့ မျက်နှာစာဖြစ်သလို အထက်လူကြီးတွေရဲ့ အရှိန်အဝါ ကိန်းအောင်းရာ နေရာလည်း ဟုတ်တယ်။ ဒါကြောင့် အခုလို ပျက်သုဉ်းလုနီးပါး ဖြစ်နေတဲ့ စုတ်ပြတ်သတ်မှုမျိုးနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး။ လူတွေ မြင်တာနဲ့ ဒူးထောက်ကြည်ညိုသွားစေမယ့် ခန့်ညားထည်ဝါမှုရှိဖို့က ပထမဦးစားပေးပါပဲ]

[သခင်အတွက် သတင်းကောင်းကတော့... ပထမအကြိမ် မွမ်းမံမှုကို အခမဲ့ဆောင်ရွက်ပေးသွားမှာပါ။ မွမ်းမံမှု ပြီးမြောက်ဖို့အတွက် ၁၀ နာရီ ကြာမြင့်မှာ ဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ဗဟိုခန်းမဆောင်က နတ်ဘုရားဘုံက အဆောက်အအုံတစ်ခုလို အသွင်ပြောင်းလဲသွားပါလိမ့်မယ်]

[မွမ်းမံမှု အောင်မြင်တာနဲ့... သခင်ရဲ့ တပည့်တွေကို လေ့ကျင့်ပေးဖို့အတွက် အရမ်ူတန်ဖိုးရှိတဲ့ ဆွဲငင်အားနယ်ပယ် ၃ဆကို ဆုလာဘ်အဖြစ် ချီးမြှင့်ပေးမှာပါ။ ဒါက သခင်ရဲ့ ဂိုဏ်းတော်ကို အခြေခံကနေ စတင်ပြီး အစွမ်းထက်အောင် လုပ်ပေးမယ့် ပထမဆုံးသော ခြေလှမ်းပါပဲ]

...

ဗဟိုခန်းမဆောင်ကို အခမဲ့ မွမ်းမံပြင်ဆင်ပေးမဲ့အပြင် အကျိုးခံစားခွင့်ကောင်းတွေပါ ရဦးမှာတဲ့လား။

လွန်ခဲ့သော တစ်နှစ်ခန့်က ပြင်ပမှ ပညာရှင်တစ်ဦး၏ ဖျက်ဆီးမှုကြောင့် ဗဟိုခန်းမဆောင်၏ ထောင့်တစ်နေရာ ပြိုပျက်သွားကတည်းက ဝမ်ပင်း ထိုနေရာသို့ မရောက်ဖြစ်တော့ချေ။ သို့သော် ပျက်စီးယိုယွင်းနေသော နံရံဟောင်းများကိုမူ သူ ဝေဝေဝါးဝါး မှတ်မိနေသေးသည်။ ထိုစဉ်က ဂိုဏ်း၏ အကြီးအကဲများက ခန်းမဆောင်ကို ပြန်လည်ပြင်ဆင်ရန် မကြာခဏ တင်ပြခဲ့ကြသော်လည်း သူက အမြဲတစေ ပယ်ချခဲ့ဖူးသည်။

အခြားအကြောင်းကြောင့်မဟုတ်ဘဲ ဂိုဏ်းတွင် ငွေကြေးပြတ်လပ်နေသောကြောင့်သာ။

ဖခင်ဖြစ်သူ ကွယ်လွန်သွားခြင်းနှင့် ငွေကြေးမရှိခြင်းတို့ကြောင့် ဝမ်ပင်းသည် မသေမျိုးဂိုဏ်းကို ပြန်လည်နိုးထလာစေရန် စိတ်မကူးခဲ့မိပေ။

သို့သော် ယခုအခါတွင်မူ ကောင်းကင်ဘုံက သူ့ကို ကူညီမစလိုသဖြင့် စူပါဂိုဏ်းတော်စနစ်ကို ချီးမြှင့်ပေးခဲ့သည်။ ထို့ကြောင့် မသေမျိုးဂိုဏ်းကို ပြန်လည် နိုးထလာစေဖို့မှာ မလွဲမသွေ လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်လာတော့သည်။

၎င်းမှာ သူတစ်ပါးရှေ့တွင် ဂုဏ်သိက္ခာရှိရှိ ခေါင်းမော့နိုင်ဖို့ သို့မဟုတ် ကောင်းကောင်းစား ကောင်းကောင်းအိပ်ကာ အစေအပါးများဖြင့် နေထိုင်လို၍ မဟုတ်ပေ။ တစ်ခုတည်းသော အကြောင်းရင်းမှာ ဂိုဏ်းချုပ်တစ်ဦး၏ အရှိန်အဝါနှင့် အာဏာစက်ကို သူ ပြန်လည် ရရှိလိုခြင်းကြောင့်ပင်။

ဟိုယခင်ကဆိုလျှင် သူ၏ ဖခင်ဖြစ်သူ၏ စကားတစ်ခွန်းသည် လူပေါင်းသောင်းချီကို နာခံစေနိုင်ခဲ့သည်။ ဖခင်ဖြစ်သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ လူအများက ဂိုဏ်းချုပ်ဝမ်ဟု ခေါ်ကာ အရိုအသေပေးခဲ့ကြသည်။ ထိုမျှမက အချို့သော မျိုးနွယ်စုကြီးများမှ အကြီးအကဲများဆိုလျှင် ဖခင်ဖြစ်သူက တပည့်အဖြစ် လက်ခံပေးစေလိုသော မျှော်လင့်ချက်ဖြင့် သူတို့၏ ချောမောလှပသော သမီးပျိုများကိုပင် ကိုယ်တိုင်ကိုယ်ကျ လာရောက် အပ်နှံခဲ့ကြဖူးသည်။

တွေးကြည့်ရုံနှင့်ပင် ရင်ခုန်ကြည်နူးစရာ ကောင်းလွန်းသည်။

"ကဲ... ငါတို့လည်း အိမ်ပြန်ကြတာပေါ့"

နောက်ဆုံးကျန်ရှိနေသော တပည့် ၁၀ ဦး တိမ်မြူတောင်ပေါ်မှ ဆင်းသွားသည်ကို မြင်သောအခါ ဝမ်ပင်းသည် ကျောက်လှေကားထစ်များအတိုင်း တောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

သို့သော် လမ်းတစ်ဝက်သို့ ရောက်သောအခါ မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော အန်ကယ်ဝမ်သည် ဂနာမငြိမ်သော အမူအရာဖြင့် အပြေးအလွှား ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်ထဲတွင် တံမြက်စည်းတစ်ချောင်းကို ကိုင်ထားဆဲဖြစ်ပြီး သူ့ဘေးတွင်မူ လူတစ်ရပ်ခွဲခန့်ရှိသော ဟားဟားဟု အမည်ရသည့် တောင်စောင့်ခွေးကြီးက ကပ်လျက် ပါလာ၏။

ဝမ်ဘို…..

အန်ကယ်ဝမ်က အော်ဟစ်ကာ ပြောလိုက်သည်။သည်။

"ဂိုဏ်းချုပ်... မကောင်းတော့ဘူး။ ခုနတင် ဗဟိုခန်းမဆောင်ကြီးကို မြူတွေ ရုတ်တရက် ဖုံးလွှမ်းသွားတယ်ဗျ။ အထဲကနေလည်း ထူးဆန်းတဲ့ အသံတွေ ထွက်နေတယ်။ ငါတို့ မသေမျိုးဂိုဏ်းထဲကို မိစ္ဆာတွေ ကျူးကျော်ဝင်ရောက်လာတာလည်း ဖြစ်နိုင်တယ်"

ဝမ်ပင်းလန့်သွားကာ ဗဟိုခန်းမဆောင်ရှိရာသို့ အပြေးအလွှား သွားလိုက်မိသည်။

မိစ္ဆာတွေ ဟုတ်လား။

မဖြစ်နိုင်တာ။ ဘာဖြစ်လို့ မိစ္ဆာတွေက မသေမျိုးဂိုဏ်းကိုမှ လာရမှာလဲ။

ကွင်းပြင်ကျယ်ကြီးသို့ ရောက်သောအခါ ခန်းမဆောင်နှင့် ပေ ၃၀၀ ခန့်အကွာတွင် ခန်းမဆောင်ကြီးကို ဖုံးလွှမ်းထားသော မြူဖြူကြီးများကို ဝမ်ပင်း တွေ့လိုက်ရသည်။ ထိုမြင်ကွင်းမှာ အလွန်ပင် ထူးခြားဆန်းပြားလှ၏။

မြူဟု ခေါ်ဆိုကြသော်လည်း ဝမ်ပင်း၏ အာရုံခံစားမှုမှာ ထိုမြူများကို ထိုးဖောက်မမြင်နိုင်သောကြောင့် ၎င်းမှာ ရိုးရိုးမြူများ မဟုတ်သည်မှာ သိသာလှသည်။

သို့သော် သူ အနားသို့ တိုးကပ်သွားသောအခါ မြူများကြားထဲတွင် ပေါ်လာသော အချက်ပေးစာတိုလေးကို မြင်လိုက်ရသဖြင့် ဝမ်ပင်း စိတ်အေးသွားရတော့သည်။

[ပြန်လည်မွမ်းမံရန် ကျန်ရှိချိန် ၉ နာရီ ၅၅ မိနစ်]

အခန်း။ ၂

"အန်ကယ်ဝမ်... ဘာမှမဖြစ်ပါဘူး တောင်ပေါ်မှာ စိုထိုင်းဆများနေလို့ နေမှာပါ"

ဝမ်ပင်းသည် အထွေအထူး ရှင်းပြမနေတော့ဘဲ ဗဟိုခန်းမဆောင်ရှိရာသို့ တစ်လှမ်းချင်း နှေးကွေးစွာ လျှောက်လှမ်းသွားသည်။

ထိုနေရာတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော အန်ကယ်ဝမ်မှာမူ အတန်ကြာမှပင် သတိပြန်ဝင်လာတော့သည်။

ဩော်... ဒီလိုကိုး။ ဒါကြောင့်လည်း ငါ့ခြေဆစ်လက်ဆစ်တွေ ပြန်ကိုက်နေတာကိုး။ တိမ်မြူတောင်ရဲ့ စိုထိုင်းဆက ဒီလောက်တောင် များနေတာလား။

အဘိုးအိုဝမ်သည် သူ၏ ဒူးဆစ်များကို ပွတ်သပ်ရင်း လက်ထဲက တံမြက်စည်းကို ဘေးနားက တောင်စောင့်ခွေးကြီးထံ ကမ်းပေးလိုက်သည်။

"ဟားဟားလေး ဒီတံမြက်စည်းကို ကိုက်ထားစမ်း။ ငါလည်း အသက်ကြီးပါပြီ... မသေမျိုးဂိုဏ်းကလည်း ပျက်သွားပြီဆိုတော့ ငါ့ကိုယ်ငါ နည်းနည်းတော့ သက်သာအောင် ထားရတော့မယ်"

ဝုတ်...

ဟားဟားလေးသည် တံမြက်စည်းကို ကိုက်ချီကာ အဘိုးအိုဝမ်၏ နောက်မှ လိုက်ပါသွားသည်။

ထိုစဉ် ဝမ်ပင်းသည် ခေါင်းကို အသာလှည့်ကာ ကျောကုန်းကုန်းဖြင့် လျှောက်လှမ်းနေသော အန်ကယ်ဝမ်ကို တစ်ချက် ကြည့်လိုက်မိသည်။ သူသည် မသေမျိုးဂိုဏ်းတွင် တစ်သက်လုံး အခြေခံအလုပ်များကို လုပ်ကိုင်ပေးခဲ့သည့် သာမန်လူတစ်ဦးသာ ဖြစ်၏။

"အန်ကယ်ဝမ်... အန်ကယ်မှာ တခြား မိသားစုဝင်တွေရော ရှိသေးလား"

ဝမ်ပင်းက လှမ်းမေးလိုက်သည်။

အန်ကယ်ဝမ်သည် သေချာမကြားလိုက်ရသကဲ့သို့ ခဏတာ ကြောင်အသွားသည်။ ထို့နောက် နှစ်စက္ကန့်ခန့် ငြိမ်သက်သွားပြီးမှ "ဗျာ... ဘာပြောလိုက်တာလဲ" ဟု ပြန်မေး၏။

"ကျွန်တော်ပြောတာက အန်ကယ်မှာ တခြား မိသားစုဝင်တွေ ရှိသေးလားလို့ပါ။ မသေမျိုးဂိုဏ်းက လူတွေအားလုံး ထွက်သွားကြပြီဆိုတော့ အန်ကယ်လည်း တောင်အောက်ဆင်းပြီး အနားယူသင့်ပြီလေ"

ဝမ်ပင်းက စိတ်မရှည်ခြင်းမရှိဘဲ သူပြောချင်သည့် အဓိပ္ပာယ်ကို ပိုမိုရှင်းလင်းအောင် ထပ်ပြောပြလိုက်သည်။

အမှန်စင်စစ် အန်ကယ်ဝမ်သည် မသေမျိုးဂိုဏ်းတွင် တစ်သက်လုံး အစေခံခဲ့သူဖြစ်ပြီး တောင်အောက်သို့ တစ်ခါမျှပင် ဆင်းဖူးသူ မဟုတ်ပေ။

သူ့တွင် ထူးထူးခြားခြား ဂုဏ်ပြုထိုက်သည့် အောင်မြင်မှုမျိုး မရှိသော်လည်း ပင်ပင်ပန်းပန်းဖြင့် တာဝန်ကျေခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အသက်မှာ ၉၇ နှစ်ပင် ရှိနေပြီဖြစ်ရာ နောက်ထပ် ဘယ်နှစ်နှစ်လောက် ထပ်နေရဦးမည်ကို မသိနိုင်တော့သဖြင့် ဤကဲ့သို့ ပျက်စီးလုနီးပါးဖြစ်နေသော ဂိုဏ်းဟောင်းကြီးထဲတွင် ဆက်လက် ထားရှိရန်မှာ မသင့်တော်ဘူးဟု ဝမ်ပင်းက တွေးမိခြင်းပင်။

"ငါ့မှာ နေဖို့ အချိန် သိပ်မကျန်တော့ပါဘူးကွယ် ဘယ်ကိုများ သွားရမှာလဲ"

အန်ကယ်ဝမ်သည် ထိုသို့ပြောရင်း သူ့ဘေးရှိ တောင်စောင့်ခွေးကြီးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

တောင်စောင့်ခွေးကြီး ဟားဟားက နှစ်ချက်မျှ ဟောင်လိုက်သော်လည်း ပါးစပ်ထဲတွင် တံမြက်စည်းကို ခဲထားသောကြောင့် ၎င်း၏ဟောင်သံမှာ ထူးထူးခြားခြား ဖြစ်နေလေရာ အန်ကယ်ဝမ်၏ လက်ဝါးရိုက်ချက်ကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတော့သည်။

"ဟားဟား... စကားကို သေသေချာချာပြောစမ်း"

ဝုတ်..ဝုတ်…

တောင်စောင့်ခွေးကြီးမှာမူ မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် တံမြက်စည်းကို ထွေးထုတ်ကာ မြေကြီးပေါ်တွင် ဝပ်ဆင်းနေရုံမှတစ်ပါး အခြားမရှိတော့ချေ။

ထိုအဘိုးအိုနှင့် ခွေးကြီးကို ကြည့်ရင်း ဝမ်ပင်း၏ စိတ်ထဲတွင် တစ်စုံတစ်ခု လှုပ်ခတ်သွားရသည်။ ဖော်ပြမတတ်သည့် ချဉ်ဆီထဲထိ နင့်နေသော ခံစားချက်မျိုးက သူ၏ရင်ထဲတွင် ပဲ့တင်ထပ်နေ၏။

ထားလိုက်ပါတော့လေ... အန်ကယ်ဝမ်ကို ငါနဲ့အတူပဲ ဆက်နေခိုင်းလိုက်ပါ့မယ်။

ယခင်က ဖခင်ဖြစ်သူ ရှိစဉ်အခါက အထက်လူကြီးနှင့် လက်အောက်ငယ်သားဟူသော ခွဲခြားမှုကို အမြဲတစေ အလေးထားခဲ့သော်လည်း ယခုအခါ ဝမ်ပင်းကိုယ်တိုင်က ဂိုဏ်းချုပ်ဖြစ်လာပြီဖြစ်ရာ အန်ကယ်ဝမ်ကို မိသားစုဝင်တစ်ယောက်ကဲ့သို့ သဘောထားပြီး သူ၏လက်ကျန်ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဖခင်ကွယ်လွန်ပြီးနောက် စွန့်ခွာသွားကြသော အကြီးအကဲများနှင့် အစောင့်အရှောက်များကိုမူ သူ အမှတ်ရနေမည်ဖြစ်သည်။ နောင်တစ်ချိန်တွင် ပြန်လည်ဆုံတွေ့ကြလျှင်ပင် မိတ်ဆွေမဖြစ်နိုင်တော့ဘဲ ရန်သူများသာ ဖြစ်ကြပေလိမ့်မည်။

ဒီနေ့ မင်းတို့က မသေမျိုးဂိုဏ်းကို ပစ်ပယ်ထားကြပေမဲ့ နောင်တစ်နေ့မှာတော့ မသေမျိုးဂိုဏ်းဟာ မင်းတို့တွေ ဖားဖို့တောင် မမီနိုင်တဲ့ အဆင့်အတန်းတစ်ခုအထိ မြင့်မားလာစေရမယ်။

...

ညဉ့်နက်ပိုင်းအချိန်၌ ဝမ်ပင်းသည် တောင်ထိပ်ရှိ သူ၏ မိုးသံကြားအဆောင်သို့ ပြန်လာခဲ့သည်။ သူသည် ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းရင်း ဗဟိုခန်းမဆောင်ကြီးကို ငေးကြည့်နေမိရာမှ မသိမသာပင် အိပ်မက်ကမ္ဘာထဲသို့ ကျွံဝင်သွားတော့သည်။

လရောင်သည် စောင်တစ်ထည်အလား ဝမ်ပင်း၏အပေါ်သို့ ဖြာကျနေ၏။ ခုံတန်းရှည်ကို ခုတင်အဖြစ် အသုံးပြုကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဝမ်ပင်းသည် သူ၏စိတ်အာရုံထဲမှ ထွက်ပေါ်လာသော စူပါဂိုဏ်းတော်စနစ်၏ အသံကြောင့် ရုတ်တရက် နိုးလာခဲ့သည်။

"သခင်... ဗဟိုခန်းမဆောင်ကြီးကို အဆင့်မြှင့်တင်လို့ ပြီးပါပြီ။ ဒီတစ်ခေါက် ပြန်လည်မွမ်းမံမှုမှာ ခန်းမဆောင်ရဲ့ မူလလက်ရာအတိုင်း အပြည့်အဝ ပြန်လည်ဖော်ဆောင်ပေးထားပါတယ်။ ဒါ့အပြင် ထူးခြားတဲ့ စွမ်းရည်အချို့ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဂိုဏ်းချုပ်

အပါအဝင် တစ်ဂိုဏ်းလုံးက မီတာ ၅,၀၀၀ ပတ်လည်အတွင်းမှာ ထူးခြားတဲ့ ဆွဲဆောင်မှုအရှိန်အဝါကို ထုတ်လွှင့်နေမှာပါ"

"ဆွဲဆောင်မှု ဟုတ်လား... ဒါမျိုးတော့ ငါကြိုက်တယ်။ ငါ့မှာ ငယ်ငယ်ကတည်းက အဲဒီအချက် လိုအပ်နေလို့ အခုထိ ရည်းစားမရသေးတာနေမှာ"

ဝမ်ပင်းသည် အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ၏မျက်စိရှေ့တွင် မစ်ရှင်ဝင်ဒိုးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။

[ဗဟိုခန်းမဆောင် ပြန်လည်မွမ်းမံခြင်း အောင်မြင်သည်။ ရရှိသော ဆုလာဘ် ဆွဲငင်အား ၃ ဆနယ်ပယ် တစ်ခု]

[ကျေးဇူးပြု၍ ဆွဲငင်အားနယ်ပယ် ထားရှိမည့်နေရာကို သတ်မှတ်ပေးပါ]

"နေဦး... ခဏလောက် စဉ်းစားပါရစေဦး"

ဝမ်ပင်းသည် ထရပ်လိုက်ပြီး ဝင်းပနေသော လရောင်အောက်တွင် အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ အကြည့်တို့သည် မှောင်မိုက်သော ညအမှောင်ကို ဖောက်ထွက်ကာ တိမ်မြူတောင်၏ အနောက်ဘက်ခြမ်းဆီသို့ ဦးတည်သွားလေတော့သည်။

ဝမ်ပင်းသည် ထိုအနောက်ဘက် နယ်မြေသို့ တစ်ကြိမ်တစ်ခါသာ ရောက်ဖူးသော်လည်း ၎င်းနှင့်ပတ်သက်သည့် အမှတ်တရမှာမူ အလွန်ပင် နက်ရှိုင်းလှသည်။ သူ အသက် ၁၀ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက သူ့အား ထိုနေရာသို့ ခေါ်ဆောင်သွားခဲ့ဖူးပြီး ပြန်လာသောအခါ သုံးလတိုင်တိုင် အိပ်ရာထဲလဲသွားခဲ့ရသည်။

အကြောင်းမှာ ထိုနေရာသည် မည်သည့်စင်မြင့်မျှ သီးသန့်မရှိသော ကိုယ်ခံပညာ ယှဉ်ပြိုင်ကွင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။ ၎င်းမှာ မြေကွက်လပ် အကျယ်ကြီးတစ်ခုသာ ဖြစ်၏။

အကျဉ်းချုပ်ပြောရလျှင် မသေမျိုးဂိုဏ်း၏ တပည့်များသည် ထိုနေရာ၌ အချင်းချင်း ယှဉ်ပြိုင်ကြရာတွင် မည်သည့်စည်းကမ်းချက်မျှ မရှိသလို သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန်အတွက် မျက်နှာဖုံးများ ဝတ်ဆင်ထားကြရသည်။ ထို့ကြောင့် မည်သူပင်ဖြစ်စေ ထိုနေရာ၌ အရိုက်ခံရပါက ငိုယိုခြင်း သို့မဟုတ် တိုင်တောခြင်းများ မပြုလုပ်ရချေ။ ဂိုဏ်းချုပ်၏ သားဖြစ်သူပင်လျှင် ဤစည်းကမ်းမှ ကင်းလွတ်ခွင့်မရှိပေ။

ထို့ကြောင့်ပင် ဝမ်ပင်းသည် ထိုနေရာအပေါ် ကောင်းသောခံစားချက်မရှိဘဲ မသေမျိုးဂိုဏ်းကို ပြန်လည်မွမ်းမံရန် ပထမဆုံးခြေလှမ်းအဖြစ် ထိုနေရာကို ပိတ်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ဝမ်ပင်းသည် အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်၏။

သူ အဆောင်ထဲသို့ ပြန်ဝင်လာသောအခါ သစ်သားလင်ဗန်းတစ်ခုပေါ်တွင် အသားနှင့် ဟင်းသီးဟင်းရွက် ဟင်းလျာအချို့ကို တွေ့လိုက်ရသည်။ ဝမ်ပင်းသည် အသားတစ်ဖတ်ကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ကာ ဟင်းများက အေးစက်နေပြီဖြစ်သည်။

အန်ကယ်ဝမ်သည် ဟင်းများကို လာပို့ထားသည်မှာ ကြာပြီဖြစ်သော်လည်း သူ အိပ်ပျော်နေသည်ကို မြင်သောကြောင့် မနှိုးဘဲ ထားခဲ့ခြင်းပင်။

ဝမ်ပင်းသည် အစားအသောက်များကို စားသောက်ပြီးနောက် သန့်ရှင်းရေးလုပ်ကာ ဆောင်တံခါးကို တွန်းဖွင့်လျက် တိမ်မြူတောင်၏ အနောက်ဘက်ခြမ်းဆီသို့ ထွက်ခွာလာခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်လှသော တောအုပ်လမ်းကလေးအတိုင်း လျှောက်လှမ်းလာစဉ် တကျိကျိအော်နေသော ပိုးကောင်လေးများ၏ အသံနှင့် ငှက်ကလေးများ၏ တေးဆိုသံတို့က သူ၏ခြေသံကို ဖုံးလွှမ်းသွားစေသည်။ မကြာမီမှာပင် ဝမ်ပင်းသည် တောင်၏အနောက်ဘက်ခြမ်းရှိ ကွင်းပြင်ကျယ်ကြီးသို့ ရောက်ရှိလာတော့သည်။

"ဒီနေရာပဲ"

[စတင် တပ်ဆင်နေပါပြီ]

မြူထုကြီးက ဝေါခနဲ ရောက်ရှိလာပြီး ထိုနေရာကို ဖုံးလွှမ်းသွားသည်။

[တပ်ဆင်မှု အောင်မြင်ပါသည်]

မြူများ လွင့်ပြယ်သွားသောအခါ ယခင်က မြေလွတ်မြေလပ်ကြီးဖြစ်ခဲ့သော နေရာတွင် အမြင့် ၁၀ မီတာခန့်ရှိသော ထူးခြားသည့် နဂါးရုပ်တိုင် ၉ တိုင် ပေါ်ထွက်လာသည်။ ကျောက်တိုင်များ၏ ထိပ်ဖျားတွင် နဂါးခေါင်းများကို တွေ့ရပြီး ၎င်းတို့သည် နဂါးရုပ်တိုင် ၉ တိုင်၏ အလယ်ဗဟိုကို စိုက်ကြည့်နေကြ၏။ ၎င်းတို့၏ အကြည့်များမှာ အလွန်ပင် ထက်မြက်လှသည်။ နဂါးအမြီးများကမူ ကျောက်တိုင်များ၏ အောက်ခြေတွင် ရစ်ပတ်ထားပြီး အပြင်ဘက်သို့ပင် အတန်ငယ် ဆန့်ထွက်နေသေးသည်။

"သခင်... ဒီဆွဲငင်အားနယ်ပယ်ကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပါတယ်။ ဆွဲငင်အား ၃ ဆနယ်ပယ်နဲ့ အလျင်နဲ့ ခွန်အား အထူးလေ့ကျင့်ရေးဆိုပြီးတော့ပါ။ သခင်ကိုယ်တိုင် စမ်းသပ်ကြည့်ချင်ပါသလား"

"စမ်းတာပေါ့ မဟုတ်ရင် အခြေအနေ အတိအကျကို ငါ သိမှာမဟုတ်ဘူး"

ဝမ်ပင်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့် ခဏမှာပင် နဂါးရုပ်တိုင်များဆီမှ မိုးခြိမ်းသံကဲ့သို့ အလွန်လေးလံသော ရွေ့လျားသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်နဂါးရုပ်များ၏ မီးခိုးရောင်မျက်လုံးများ ပွင့်လာပြီး သူတို့၏ မီးခိုးရောင်မျက်ဝန်းအိမ်များ ပေါ်ထွက်လာတော့သည်။

ဝမ်ပင်း၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွား၏။

"စနစ်... ငါ့ကို အမှန်အတိုင်းပြောစမ်း။ အလျင်နဲ့ ခွန်အား အထူးလေ့ကျင့်ရေးဆိုတာ ဘာကို ဆိုလိုတာလဲ"

"သခင်... ကြောက်နေတာလား"

"ဟဲဟဲ"

"ဆွဲငင်အား ၃ ဆနယ်ပယ်အောက်မှာ ကျင့်ကြံသူရဲ့ ခွန်အားနဲ့ အလျင်က ရှေ့ကို ခြေတစ်လှမ်းလှမ်းဖို့တောင် ခက်ခဲတဲ့အထိ ဖိသိပ်ခံထားရမှာပါ။ အဲဒီနောက်မှာ အသုံးပြုသူအနေနဲ့ ကိုယ့်ရဲ့ ကျင့်စဉ်ကို ပုံမှန်အတိုင်း ကျင့်ကြံရုံနဲ့ ဆွဲငင်အားနယ်ပယ်ရဲ့ အပြင်ဘက်မှာ ကျင့်ကြံတာထက် ၉ ဆ ပိုမိုမြန်ဆန်တဲ့ ကျင့်ကြံခြင်းအရှိန်ကို ရရှိမှာပါ"

"၉ ဆ တောင်လား"

ဝမ်ပင်းမှာ ထိုစကားကို ကြားလိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားရသည်။

ကျင့်ကြံခြင်းအရှိန် ၉ ဆဆိုတာ... ဒါ တကယ့်ကို အံ့မခန်းပဲ မဟုတ်ဘူးလား။

ဤနေရာတွင် တစ်ရက်ကျင့်ကြံခြင်းက အခြားသူများ၏ ကိုးရက်စာ ကျင့်ကြံခြင်းနှင့် ညီမျှပေမည်။ တစ်ရက်ဆိုသည်မှာ သိပ်မပြောပလောက်သော်လည်း ဤနေရာတွင် တစ်နှစ်တိတိ ကျင့်ကြံမည်ဆိုပါက အခြားသူများထက် ရှစ်နှစ်စာ ပိုမိုကျင့်ကြံပြီးသား ဖြစ်နေပေလိမ့်မည်။

ဤနေရာ၌ နှစ်နှစ်ကျင့်ကြံခြင်းသည် အခြားသူများ၏ ၁၆ နှစ်စာ ကျင့်ကြံမှုနှင့် ညီမျှပေတော့မည်။

ဝမ်ပင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"ဘုရားရေ... ဒါကြီးက ကြောက်စရာကောင်းလွန်းတယ်"

"တစ်ခုပြောဖို့ မေ့သွားလို့ပါ သခင် ဒီလို ကျင့်ကြံခြင်းအရှိန် မြှင့်တင်ပေးတာက ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေအတွက်ပဲ ထိရောက်မှာပါ။ အဲဒီအဆင့်ထက် ကျော်လွန်သွားတဲ့ ကျင့်ကြံသူတွေအတွက်တော့ အကျိုးသက်ရောက်မှု မရှိပါဘူး"

"ဒါလည်း မဆိုးပါဘူး"

ဝမ်ပင်းသည် ထိုအချက်ကို ရိုးရိုးရှင်းရှင်းပင် ချီးကျူးလိုက်သည်။ ထို့နောက် သူသည် မဆိုင်းမတွဘဲ ဆွဲငင်အားနယ်ပယ်ထဲသို့ ခုန်ဝင်လိုက်တော့သည်။

သို့သော် သူ မြေပြင်ပေါ်သို့ နင်းမိလိုက်သည်နှင့် တစ်ကိုယ်လုံး ရုတ်တရက် နိမ့်ဆင်းသွားသည်။ သူ၏ ပုခုံးပေါ်တွင် တောင်ကြီးတစ်လုံးကို ထမ်းထားရသကဲ့သို့ ခံစားလိုက်ရပြီး ခြေတစ်လှမ်းလှမ်းရန်ပင် အတော်လေး ခက်ခဲသွား၏။

သူသည် ခြေလှမ်းအနည်းငယ် ပြေးကြည့်ရန် ကြိုးစားသော်လည်း သူ၏အရှိန်မှာ ပုံမှန်လမ်းလျှောက်သည့် အရှိန်နှင့် ဘာမျှမခြားသည်ကို သိလိုက်ရသည်။

ဆွဲငင်အား ၃ ဆက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ။

ထို့နောက် သူသည် လက်ဝှေ့ကျင့်စဉ်တစ်ခုကို အသာအယာ ကစားကြည့်လိုက်သည်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ ရှိသော သူ၏ ခွန်အားဖြင့်ဆိုလျှင် ကျင့်စဉ်ပတ်လမ်း တစ်ပတ်ပြည့်ရန် နာရီဝက်ခန့် အချိန်ယူရစမြဲပင်။ သို့သော် ယခုမူ နာရီဝက်အတွင်းမှာပင် ကျင့်စဉ်

ပတ်လမ်း ကိုးပတ်တိတိ ပြီးဆုံးသွားကာ သူ၏ ကျင့်ကြံခြင်းအရှိန်က အမှန်တကယ်ပင် ကိုးဆ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

All Chapters