← Chapters

Chapter 167 ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်က ပရိသတ်များကို အံ့အားသင့်စေခြင်း

Vol. 12 Ch. 167

Chapter 167 ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်က ပရိသတ်များကို အံ့အားသင့်စေခြင်း

Vol. 12 Ch. 167

လူတိုင်း၏ ဘဝသည် အနိမ့်အမြင့်၊ အတက်အကျများနှင့် ပြည့်နှက်ခဲ့သည်။ ယင်းသည် လူတစ်ယောက်က ကန္တရထဲ ဦးတည်ရာမဲ့စွာ မျှော်လင့်ချက် အရိပ်အယောင် တစ်ခုမှမရှိဘဲ လျှောက်လှမ်းနေသည်နှင့် တူသည်။

သူတို့ အားကုန်ထုတ် ကြိုးစား၍ သူတို့အိပ်မက်များအတွက် တိုက်ပွဲဝင်ခဲ့သော်လည်း ကန္တရထဲတွင် သူတို့အတွက် ဘာသစ်သီးမှ သီးမလာပါ။

တောင်ပံများကို ဖြန့်လိုက်သော်လည်း လေက ငြိမ်နေခဲ့သည်။

သီချင်း၏ အစသာ ရှိသေးသော်လည်း တော်တော်များများ တစ်ကိုယ်လုံး တုန်လာသလို ခံစားလိုက်ရပြီး မျက်ရည်များ စီးကျလုမတတ် ဖြစ်နေသည်။

သူတို့၏ဘဝကို သူတို့ ပြန်မြင်ယောင်နေကြသည်။

သက်ရောက်မှုအား ကြီးလှသည်။ ဂန္ထဝင်တွင်လှသည်။

ထိုအခိုက်တွင် ချန်ရှောင်ယန်က ဆက်ဆိုနေသည်။

“ငါ ဘယ်တော့မှာ နောက်ပြန်လှည့်မကြည့်ခဲ့မိလို့ တော်ပါသေးတယ်

ငါ နောက်ဆုံးတော့ အိုအေစစ်လေးကို ရှာတွေ့ခဲ့ပြီ …”

ကန္ထရတွင်း၌ အိုအေစစ် တကယ် တည်ရှိနေခဲ့သည်။ ချွေးတလုံးလုံးနှင့် အားသွန်ခွန်စိုက် ကြိုးစားခဲ့သောသူများ မျှော်လင့်ချက် အသစ်တစ်ခု ရရှိလာခဲ့လေပြီ။

ချက်ချင်းဆိုသလိုပင် သီချင်းက အမြင့်ဆုံးသို့ ရောက်လာပြီး လူတစ်ယောက်က မျှော်လင့်ချက် အရိပ်အယောင်ကို ပြန်မြင်လာကာ စိတ်အားထက်သန်စွာဖြင့် ရှေ့ဆက်လျှောက်လေသည်။

“ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်အောက်မှာ သတ္တိရှိရှိ ဆက်လျှောက်မယ်”

“ကံတရားဆိုတဲ့ သံကြိုးကို ဆုံးဖြတ်ချက်နဲ့ ချိုးဖြတ်မယ်…”

“အရေးမစိုက်ခဲ့သူတွေရေ …

“ရှင်တို့ရဲ့ အထင်သေးမှုအတွက် ကျေးဇူးတင်ပါတယ် …”

“အခုလို စိတ်လှုပ်ရှားစရာတွေ ပြည့်နေတဲ့ ဘဝကြီးကို ပေးခဲ့တဲ့အတွက် အခု ခေါင်းကိုမော့ပြီး လျှောက်လှမ်း နိုင်ပြီလေ ….”

တိတ်ဆိတ်မှု။

ခန်းမတစ်ခုလုံး အသက်ပင် မရှူကြချေ။ သူတို့ အခြေအနေအား ဖျက်ဆီးမိသွားမှာကို စိုးရိမ်သဖြင့် အသံပင် မထွက်ရဲကြချေ။

သူတို့သည် သီချင်းထဲ၌ နက်နက်နဲနဲ မျောပါနေပြီး အသိစိတ် ပြန်ကပ်နိုင်စွမ်းမရှိ ဖြစ်နေသည်။ ထိုသူများထဲတွင် ဒိုင်များနှင့် ဒါရိုက်တာကျိုးလည်း ပါသည်။

လူတိုင်း ကန္တရထဲမှ ထွက်လာသူများ ဖြစ်သည်။ သူတို့ စိတ်ပျက်မှုများကို ကျော်ဖြတ်ခဲ့ရပြီး ဆောက်တည်ရာ မရခြင်းတို့၌ နေထိုင်ခဲ့ပြီးမှ သူတို့၏ အိုအေစစ်များကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်က တကယ်ပင် အကန့်အသတ်မရှိလောက်အောင် ကျယ်ပြော လှပေသည်။

ချက်ချင်းဆိုသလိုပင် အားလုံး ဆည်ကျိုးသကဲ့သို့ မျက်ရည်များ စီးကျလာသည်။ ထိုသီချင်းက နားထောင်သူတိုင်း၏ ရင်ထဲမှ အသံကို သယ်ဆောင်လာသလိုပင်။

“ကျွန်မကို နားလည်ပေးတဲ့လူတွေကို တိတ်တဆိတ် နှစ်သိမ့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.

ကျွန်မ ပြန်မျှဝေလို့ရမယ့် ပုံပြင်ကောင်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပြီပေါ့ …

ရောက်ရှိလာမယ့် အနာဂတ်ကိုလည်း ကြိုဆိုနိုင်ပါပြီ”

နောက်ဆုံးတွင် သီချင်းက အဆုံးသတ်သွားလေသည်။

ငါးမိနစ်တိတိ ကြာမြင့်သွားပြီးနောက် တင်ဆက်သူသည် မှင်တက်နေရာမှ အသိဝင်လာပြီး စင်ပေါ်သို့ မိုက်နှင့်အတူ ခပ်သွက်သွက် တက်သွားသည်။

“တောင်းပန်ပါတယ်၊ ကျွန်တော် ခုနက သီချင်းထဲမှ နစ်မျောသွားလွန်းလို့ မှင်တက်သွားမိပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဘယ်လို ခံစားနေရလဲဆိုတာ ဒီကလူတိုင်း နားလည်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

စနောက်ဟန်ပါသော သူ့အသံကြောင့် ပရိသတ်များ အသိပြန်ဝင်လာကြသည်။

“ဟားဟားဟား ငါ နားလည်ပါတယ်၊ ငါလည်း မျောပါလုနီးပါး ဖြစ်ခဲ့တာပဲ”

“ရွှတ် ရွှတ် ရွှတ်၊ အံ့ဩဖို့ ကောင်းလိုက်တာ၊ သိပ်ကို ရင်ထဲ ထိတယ် … မဟုတ်သေးဘူး … ငါ့ကို ခဏလောက် ငိုခွင့်ပေးပါဦး…”

“အရေးမစိုက်တဲ့လူတွေရေ မင်းတို့ရဲ့ အထင်သေးမှုအတွက် ကျေးဇူးတင်ပါတယ်တဲ့၊ ချန်ရှောင်ယန်က အတော်ဆုံးပဲ”

‘ချီးပဲ … ငါတို့အားလုံး ကိုယ်ကမှ သာတယ်ဆိုတဲ့ စိတ်မျိုးရှိတဲ့ လူတွေနဲ့ ဆုံခဲ့ဖူးတာပဲ၊ ဟုတ်တယ် … ငါ သူတို့ကို သူတို့ အထင်သေးခဲ့တဲ့အတွက် ကျေးဇူးတင်ဖို့ လိုတယ် … ဒါ ငါ့အတွက် စိတ်အင်အားပဲ”

“ရောက်ရှိလာမယ့် အနာဂတ်ကို ကြိုဆိုနိုင်ပြီတဲ့၊ ရွှတ် ရွှတ် ရွှတ်၊ နောက်ဆုံးစာသားက တော်တော်ကောင်းတယ်”

“အမှန်အတိုင်းပြောရရင် ငါ အစက ကြံရာမရ ဖြစ်နေခဲ့တာ အခုတော့ ငါ မျှော်လင့်ချက်တွေ ပြန်ရလာပြီ”

“ငါလည်း ထောက်ခံတယ်၊ အခု ငါ စိတ်ခွန်အားတွေ ပြည့်လာပြီ”

…

ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်။

ထိုသီချင်းသည် ဟုန်နာကို ခွန်းတုံ့ပြန်သော သီချင်းဖြစ်ကြောင်း ဘယ်သူမဆို မပြောလဲ သိနေ၏။ ၎င်းတွင် ချန်ရှောင်ယန်၏ အခက်အခဲများကို ဖော်ပြထားသလို နောက်ဆုံး၌ သူမ အောင်မြင်လာကြောင်းကိုလည်း ရေးသားထားသည်။

အရေးမစိုက်သောလူများဟူသည်မှာ ဟုန်နာကို ဦးတည်ထားခြင်းဖြစ်ကြောင်း သံသယ ဝင်စရာပင် မလိုတော့ပေ။

“အခု ကျွန်တော်တို့ ဒိုင်လူကြီးများရဲ့ အကဲဖြတ်မှုကို ကြည့်လိုက်ရအောင်”

တင်ဆက်သူက ပြောလာ၏။

ဆူညံသံများ ချက်ချင်း ငြိမ်ကျသွားသည်။ ရလဒ်များက သိသာနေသော်လည်း သူတို့အားလုံး ဒိုင်လူကြီးများ၏ သီချင်းအပေါ် မှတ်ချက်ပေးမှုကို ကြားချင်နေကြသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အစ်ကိုဟားဟားက မိုက်ကိုကိုင်၍ ချောင်းဟန့်ကာ လည်ချောင်းရှင်း၍ ပြောလိုက်သည်။

“ကျွန်တော် အရင် ပြောလိုက်ပါမယ်”

“ကျွန်တော် ဒီသီချင်းအပေါ် မှတ်ချက်ပေးနိုင်စွမ်း မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် နားထောင်လိုက်တာနဲ့ ငိုမိသွားလို့ပါ”

အစ်ကိုဟားဟားက မျက်လုံးကို ပွတ်လိုက်ပြီးမှ ဆက်ပြောသည်။ သူ့မျက်နှာက စိုစွတ်နေသည်ကို လူတိုင်း တွေ့နေရသည်။

“ရလဒ်ကိုတော့ ကျွန်တော် ပြောနေစရာတောင် မလိုတော့ဘူးလို့ ထင်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ဖြင့် အနီရောင် အမှန်ခြစ် ခလုတ်ကို နှိပ်လိုက်သည်။

“ဒီသီချင်းက အံ့ဩဖို့ကောင်းပါတယ်၊ တကယ့်ကို ဂန္ထဝင်တစ်ပုဒ်ပါပဲ၊ တစ်ချိန်တည်းမှာပဲ ချန်ရှောင်ယန်က ကျွန်တော်တို့ကို သူ့အရည်အချင်းတွေ အပြည့်အဝ ပြသသွားပါတယ်၊ ပြောစရာ မရှိပါဘူး”

ဝမ်ချင်းကလည်း သူမကို အမှန်ခြစ် ခလုတ်နှိပ်၍ ရွေးလိုက်သည်။

ယန်ခွန်းက အနီရောင် ခလုတ်ကို အရင်နှိပ်ပြီးမှ စနောက်သလို ပြောလာသည်။

“အားလုံး ဒီရလဒ်ကို ကျေနပ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ကျွန်တော် သူ့ကို မရွေးရင် ပရိသတ်တွေက ကျွန်တော့်ကို အသေ အော်လိမ့်မယ်ထင်တယ်”

ထို့နောက် ဟုန်နာ၏ အလှည့်သို့ ရောက်လာသည်။ အားလုံး၏ အကြည့်က သူမထံသာ စုပုံနေပြီး သရော်ချင်ဟန် အငွေ့အသက်များ ရှိနေသည်။

အခြားသူများ၏ အောင်မြင်မှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ ထိုအရေးမစိုက်သော ပုဂ္ဂိုလ်က ဘယ်လို တုံ့ပြန်မည်နည်း။

ဟုန်နာ၏ အမူအရာတွင် အားကျစိတ်နှင့် ကြောက်စိတ်တို့ ရောထွေးနေ၏။ သို့သော် သူမက အသက်ပြင်းပြင်း ရှူ၍ တည်ငြိမ်အောင် ထိန်းသိမ်းကာ ပြောလိုက်သည်။

“မင်းရဲ့ အရည်အချင်းက အဆိုတော်တစ်ယောက်အတွက် အောင်တယ်ဆိုရုံလောက်ပဲ ရှိတယ်၊ ဒါပေမဲ့ မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကတော့ ဆုံးဖြတ်ဖို့ လိုသေးတယ်၊ ငါကတော့ အရင်အတိုင်းပဲ ဆုံးဖြတ်တယ်”

ထိုသို့ပြောပြီး သူမက အနီရောင် X ခလုတ်ကို နှိပ်လေသည်။

“ယီးပဲ ဒီသောက်အဘွားကြီးက ရူးနေတာလား”

“ကိုယ်ရည်ကိုယ်သွေး ဟုတ်လား၊ ဒီလိုအကျင့်မျိုး ရှိတဲ့သူက ဘယ်လိုလုပ် ကိုယ်ရည်ကိုယ်သွေးအကြောင်း ပြောနေတာလဲ၊ ငါတို့ သူ့ကို ကျေးဇူးတင်သင့်တယ်၊ သူသာ ရန်မစလိုက်ရင် ဝိုင်က သူ့ကိုယ်သူ လူလုံးထွက်ပြမှာ မဟုတ်ဘူး”

“ချီးပဲ မင်း ပြောတာ ဟုတ်တယ်၊ သူ့ကြောင့် ငါ ဒီလို အံ့ဩစရာကောင်းတဲ့ သီချင်းကို နားထောင်နိုင်တာ”

“ဝိုင်က အံ့ဩဖို့ကောင်းတယ်၊ တကယ့် ပါရမီရှင်ပဲ၊ တစ်မနက်ခင်းလေးနဲ့ ကျယ်ပြောသော ကောင်းကင်နဲ့ ပင်လယ် သီချင်းကို ရေးနိုင်တာကွ”

“ဟုတ်တယ် သီချင်းက အခြေအနေနဲ့လည်း လိုက်တယ်၊ တကယ့်ကို အံ့ဩစရာပဲ”

…

ပြိုင်ပွဲ၏ ဒုတိယပွဲစဉ် ပြီးဆုံးသွားချိန်တွင် ပြိုင်ပွဲဝင် ငါးယောက်သာ နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့သည်။

စင်နောက်တွင်လည်း စင်မြင့်ထက်နှင့်နည်းတူ သက်ဝင်လှုပ်ရှားနေ၏။ ဝန်ထမ်းများအားလုံး တက်ကြွ နေလေသည်။ ဒါရိုက်တာကျိုးတောင်မှ စိတ်လှုပ်ရှားမှုကို မဖုံးနိုင် ဖြစ်နေသည်။

“ကြည့်ရှုသူနှုန်းက ၃.၆ ကို ရောက်နေပြီ”

ဒါရိုက်တာကျိုးသည် ဇယားကွက်အား တုန်ယင်နေသော လက်များဖြင့် ကိုင်ထားပြီး မျက်လုံးတွင်းမှ ဝမ်းသာမျက်ရည် ကျလာသည်။

၎င်းသည် ရသစုံရှိုးတစ်ခုအတွက် အမြင့်ဆုံး ကြည့်ရှုသူ မှတ်တမ်းပင်။ ထို့အပြင် အခြားသော ချန်နယ်များ ထက်လည်း သာလွန်နေ၏။ ဤအရာအားလုံးက ဝိုင်ရေးသော သီချင်းတစ်ပုဒ်တည်းကြောင့်ပင်။

ကျော်ကြားလှသည်။ အိပ်မက်ဆန်လွန်းလှ၏။

သူ ပြောစရာစကားမဲ့နေသည်။ ထိုစဉ် ရှောင်လီက အခြားစာရင်းတစ်ခုဖြင့် ပြေးလာသည်။

“ဒါရိုက်တာကျိုး ကျွန်တော်တို့ပွဲရဲ့ ပြန်ကြည့်ရှုသူနှုန်းက ၈၇ ရာခိုင်နှုန်းကို ရောက်နေပြီ”

“ဘာ”

သူ့အတွေးကို ဗလာဖြစ်သွားလုနီးပါး ဖြစ်စေသည့် နောက်ထပ် အံ့ဩမှုကြီးတစ်ခုပါတကား။

ပြန်ကြည့်သူနှုန်းသည် နောက်ထပ် အရေးပါသော အချက်တစ်ခု ဖြစ်သည်။

ယခု စမတ်တီဗွီများက နေရာတိုင်းလိုလို၌ ရှိနေသဖြင့် ပြန်ကြည့်နိုင်သည့် အစိတ်အပိုင်းက မရှိမဖြစ် လိုအပ်သည်။

သာမန်အခြေအနေများတွင် ပြန်ကြည့်ရှုသူနှုန်းထား ၄၀ ရာခိုင်နှုန်း ရှိလျင်ပင် အတော်လေး ကံကောင်းသည်ဟု သတ်မှတ်နိုင်ပေသည်။ ယခုလက်ရှိ ပြန်ကြည့်သူနှုန်းထားက ၈၇ ရာခိုင်နှုန်းကိုပင် ရောက်နေ၏။

*ထိပ်တန်းပဲ*

*ဒါ နတ်ဘုရားလိုလူတောင် မဟုတ်တော့ဘူး၊ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့လူပဲ*

“မင်း … မင်း သေချာလား”

ဒါရိုက်တာကျိုး၏ အသံက တုန်နေသည်။

“ကျွန်တော်တို့ ငါးခါတောင် စစ်ဆေးပြီးပါပြီ၊ တစ်ရာရာခိုင်နှုန်း သေချာပါတယ်”

ရှောင်လီသည်လည်း ဝမ်းသာစိတ်ကြောင့် ငိုနေသည်။

“ဒါပေမဲ့ ပြန်ကြည့်တဲ့အပိုင်းက ချန်ရှောင်ယန်ရဲ့ ကျယ်ပြောသော ကောင်းကင်နဲ့ ပင်လယ် သီချင်း အပိုင်း တစ်ခုတည်းပါ”

“ဒါရိုက်တာကျိုး ကျွန်တော်တို့ရဲ့ တရုတ်နိုင်ငံ Top Voice အစီအစဉ်ရဲ့ တရားဝင် ဝေ့ပေါ်အကောင့်ကလည်း ရူးချင်စရာ ကောင်းလောက်အောင် မြိုင်ဆိုင်နေပါတယ်”

အခြားဝန်ထမ်းတစ်ယောက်လည်း အပြေး သတင်းပို့လာသည်။

ဤမျှအချိန်တိုအတွင်း၌ သူတို့၏ တရားဝင် ဝေ့ပေါ်အကောင့်က မှတ်ချက် တစ်သန်းအထိ ရှိလာပြီး မရေတွက်နိုင်သော ပြောဆိုမှုများနှင့် သီးသန့်စာပို့မှုများစွာ ရှိလာသည်။ သူတို့အားလုံးက ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်ကို မြန်မြန် အသံသွင်း၍ ထုတ်လွှင့်ရန် တိုက်တွန်းထားကြသည်။

အားလုံးက ဤသီချင်းကို ထပ်ခါထပ်ခါ နားထောင်ချင်နေကြလေသည်။

နောက်ထပ် ဝန်ထမ်းတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာ ပြေးဝင်လာ၏။

“ဒါရိုက်တာကျိုး ဂီတပလက်ဖောင်းတွေကလည်း ကျွန်တော်တို့ကို ချန်ရှောင်ယန်နဲ့ ဆက်သွယ်ပေးဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ စာတွေ ပို့နေပါတယ်၊ သူ့သီချင်းကို သူတို့ ပလက်ဖောင်းပေါ်မှာ ဖြန့်ချင်နေကြတယ်”

ရောက်လာသော သတင်းတစ်ခုချင်းစီတိုင်းက ဒါရိုက်တာကျိုးကို ရူးမတတ် ဖြစ်သွားစေသည်။ သူ အသည်းအသန် ပြောလိုက်သည်။

“ချန်ရှောင်ယန်ကို မြန်မြန် ဆက်သွယ်ကြ၊ ငါတို့ သူ့ရဲ့ သီချင်း မူပိုင်ခွင့်နဲ့ ပူးပေါင်းခွင့်အတွက် ဆွေးနွေးဖို့ စိတ်ဝင်စားတယ်လို့ သူ့ကို ပြောလိုက်၊ ဈေးကို ညှိနှိုင်းလို့ရတယ်၊ လေးလေးစားစား ပြောဆိုဖို့လည်း မှတ်ထားကြဦး”

…

All Chapters