← Chapters

နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပွဲဦးထွက်မှု

Vol. 12 Ch. 168

နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပွဲဦးထွက်မှု

Vol. 12 Ch. 168

တရုတ်နိုင်ငံ Top Voice ၏ အကြိုပွဲစဉ် ပြီးဆုံးသွားလေသည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်အား နောက်အပတ် ပိတ်ရက်၌ ကျင်းပမည် ဖြစ်သည်။

ရဲ့လင်းချန် ခန်းမထဲမှ ချက်ချင်း ထွက်လာခဲ့ပြီး ဘတ်စ်ကားစီး၍ အိမ်ပြန်လာလိုက်သည်။

ချန်ရှောင်ယန်က ရဲ့လင်းချန်ထံ စာပို့လာသည်။

[ဝိုင် ကျေးဇူးတင်ပါတယ်၊ တရုတ်နိုင်ငံ Top Voice အစီအစဉ်က ခုနလေးတင် ကျွန်မကို သူတို့နဲ့ မူပိုင်ခွင့်နှင့် ပူးပေါင်းခွင့်အတွက် ဆွေးနွေးဖို့ ဆက်သွယ်လာတယ်၊ ပြီးတော့ Tencent Music နဲ့ NetEase Musicကလည်း ကျွန်မကို ဆက်သွယ်လာတယ်၊ ရှင် ဒီကိစ္စအပေါ် ဘယ်လို ထင်လဲ ကျွန်မ သိချင်လို့]

[အမြင့်ဆုံးကြေး ပေးနိုင်တဲ့ ကုမ္ပဏီကို လက်ခံလိုက်လေ]

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ သူ ပိုက်ဆံကို အရေးမစိုက်သော်လည်း တစ်ဖက်လူ၏ စိတ်ရင်းကို သဘောကျမိသည်။

ချန်ရှောင်ယန်သည် ရဲ့လင်းချန်ထံမှ ဤသို့သော အဖြေမျိုး ပြန်ရလိမ့်မည်ဟု ထင်မထားမိပါ။ သူမ တစ်ခဏမျှ တွေဝေသွားပြီးမှ ပြန်ပြောလိုက်သည်။

[အင်း ... ပြီးရောလေ]

တေးရေးဆရာ ဝိုင်၏ ဝေ့ပေါ်အကောင့်တွင် ဝေဖန်သူများ၏ မရေတွက်နိုင်သော မှတ်ချက်များနှင့် ပြည့်နေသည်။

[စီနီယာတွေဆိုတာ ဂျူနီယာတွေ ကျော်တက်တာ ခံရမှာပဲ၊ ဝိုင်တစ်ယောက်တည်းကပဲ ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်း ရှိတယ်]

[အဟင့် ဟင့် ဟင့်၊ ဝိုင်ရဲ့ သီချင်းက သိပ်အံ့ဩဖို့ ကောင်းတယ်၊ အလင်း ဖွေရှာသူနဲ့ ကျယ်ပြောသော ကောင်းကင်နဲ့ ပင်လယ်ကို မြန်မြန် အသံသွင်းပြီး ထုတ်ပါတော့လား၊ ငါအဲ့နှစ်ပုဒ်ကို မနားတမ်း ဖွင့်ချင်လှပြီ]

[တတိယမြောက် သီချင်းက ဘယ်တော့ ထွက်လာမှာလဲ၊ ငါတော့ မျှော်နေပြီ]

[ချန်ရှောင်ယန်က ဆီမီးဖိုင်နယ်အတွက် သီချင်းသစ် ဆိုဦးမှာလား၊ ငါတော့ ချစ်မိသွားပြီ]

[သီချင်းတိုင်းက ဂန္ထဝင်တွင်တယ်၊ ဝိုင် ဆက်ပြီး ရေးမယ်လို့ ငါ မျှော်လင့်ပါတယ်]

...

ပရိသတ်များထံမှ မရေတွက်နိုင်သော မှတ်ချက်များအပြင် မျိုးစုံသော ဂီတပလက်ဖောင်းများ၏ မှတ်ချက်များလည်း ရှိနေသည်။

Tencent Music [ဝိုင်ရဲ့ သီချင်းတွေအားလုံးက ဂန္ထဝင်တွေပဲ၊ စာသားက နက်ရှိုင်းလွန်းသလို သံစဉ်ကလည်း ကောင်းလွန်းတယ်၊ ငါတို့ ဝိုင်နဲ့ ပူးပေါင်းခွင့် ရနိုင်မယ်လို့ မျှော်လင့်ပါတယ်]

Cool Music [ငါတို့ ကျယ်ပြောသော ကောင်းကင်နဲ့ ပင်လယ်ကို ကြားလိုက်ရတဲ့ အချိန် ငြိမ်ကျသွားမိတယ်၊ ဒီသီချင်းက အတော်လေး ကောင်းလွန်းတယ်၊ ကောင်းလွန်းလို့ ငါတို့ ကြားဖြတ်ပြီး စကားမပြောရဲ လောက်အောင်ပဲ၊ ငါတို့ ဒါကို တိတ်တိတ်လေးပဲ နားထောင်ချင်တာ၊ ဝိုင်က ပိုကောင်းတဲ့ လက်ရာတွေနဲ့ ပေါ်လာဦးမယ်လို့ မျှော်လင့်ပါတယ်၊ ငါတို့ ဝိုင်နဲ့ ပူးပေါင်းခွင့် ရဖို့လည်း မျှော်လင့်ပါတယ်]

NetEase Music [မယုံနိုင်စရာပဲ၊ ဝိုင်တစ်ယောက်တည်းကပဲ နေ့တစ်ဝက်နဲ့ ကျယ်ပြောသော ကောင်းကင်နဲ့ ပင်လယ်လို ဂန္ထဝင်သီချင်းမျိုး ဖန်တီးနိုင်တာ၊ ဒီသီချင်းက အခြေအနေနဲ့ သိပ်လိုက်ဖက်လွန်းတယ်၊ သူက ဂီတ ပါရမီရှင်ဆိုတာကို ငါတို့ ငြင်းလို့မရဘူး]

ချန်ကွမ်းများထံမှ မရေတွက်နိုင်သော မှတ်ချက်များကလည်း အပြည့်ပင်။ ကောမန့်ပေးနိုင်သော နေရာ၌ စာများ ပြည့်ကျပ်နေ၏။

[ငါတို့ ချန်ကွမ်းတွေက ဆရာဝိုင်ကို ကျေးဇူးတင်ပါတယ်]

[ဆရာဝိုင်က ချန်ရှောင်ယန်နဲ့ ဆက်ပြီး လက်တွဲသွားမယ်လို့ မျှော်လင့်ပါရစေ]

[အား ... ရုတ်တရက်ကြီး ဆရာဝိုင်နဲ့ ချန်ရှောင်ယန်က လိုက်ဖက်တယ်လို့ ငါ တွေးမိသွားတယ်၊ သူတို့က ချစ်သူတွေလား]

[ချန်ရှောင်ယန်ကို ခက်ခဲတဲ့အချိန်ကာလကို ကျော်ဖြတ်နိုင်အောင် ကူညီပေးပြီးတော့ ငါတို့ကို ဒီလိုသီချင်းကောင်းမျိုး နားထောင်ခွင့် ပေးတဲ့အတွက် ဆရာဝိုင်ကို ကျေးဇူးတင်တယ်၊ ကျေးဇူးတင်ပါတယ်]

[အင်တာနက် အနုပညာရှင်တွေက နာမည်မကြီးနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ချန်ရှောင်ယန် ဘယ်လောက် ကြိုးစားခဲ့ရလဲ ငါတို့အားလုံး မြင်ခဲ့တာပဲ၊ ဒါက သိပ်ကို ရင်ထဲထိလွန်းတယ်]

...

[ဆရာဝိုင် ကျွန်မက Tik Tok က ရှောင်ရှောင်သော်ပါ၊ ကျွန်မကို အကြံလေး ပေးလို့ ရနိုင်မလား]

[ဆရာဝိုင် ကျွန်မက တိုက်ရိုက် ထုတ်လွှင့်သူတစ်ယောက်ပါ၊ ကျွန်မရဲ့ သီချင်းဆိုစွမ်းရည်ကလည်း မဆိုးပါဘူး၊ တစ်ချက်လောက် ကြည့်ပေးပါလား]

[ဆရာဝိုင် ကျွန်မ ရှင်နဲ့အတူ သီချင်းဆိုလို့ရမလား၊ ကျေးဇူးအများကြီး တင်ပါတယ်နော်]

…

မရေတွက်နိုင်သော စာများ ဝင်နေပြီး အများစုက သူတို့အတွက် သီချင်းရေးပေးရန် တောင်းဆိုကြလေသည်။ ရဲ့လင်းချန် သူတို့ကို လျစ်လျူရှုရန် ရွေးချယ်လိုက်သည်။ သူ အဲ့သည်လောက်ထိ မအားသေးပါ။

“ကလင် ကလင် ကလင်”

ဖုန်းသံကြောင့် ရဲ့လင်းချန် တစ်ရေးအိပ်နေရာမှ နိုးသွားသည်။ နံပါတ်က မသိသော နံပါတ်ဖြစ်ပြီး ဂဏန်းများက လှပေသည်။

၁၂၃၄၅****

ဤမျှ လှနေသော နံပါတ်ဆိုလျင် ရိုက်စားလုပ်မည့် နံပါတ် ဖြစ်နိုင်ကြောင်း ၉၉.၉ ရာခိုင်နှုန်း သေချာသည်ဟု သူ ယူဆမိသည်။ ရဲ့လင်းချန် ချက်ချင်း ဖုန်းကိုချ၍ ပြန်အိပ်လိုက်သည်။

“ကလင် ကလင် ကလင်”

တစ်ခဏအတွင်းမှာပင် ဖုန်းက ထပ်မြည်လာ၏။ ထိုအခါ မြန်မြန် ပြန်ချလိုက်သည်။

“ကလင် ကလင် ကလင်”

တတိယအကြိမ် ဆက်လာပြန်သည်။

နောက်ဆုံးတွင် ရဲ့လင်းချန် စိတ်ဝင်စားသွားသည်။ သာမန် ရိုက်စားလုပ်မည်သူက ဤမျှ စိတ်အား ထက်သန်နေမည် မဟုတ်ပါ။

ရဲ့လင်းချန် သိချင်စိတ်ဖြင့် ဖုန်းကိုင်လိုက်သည်။

“ဟဲလို ဒါ ရဲ့လင်းချန်လား”

ရင်းနှီးနေသော အသံကြောင့် ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိပြီး အင်းဟု ပြန်ဖြေလိုက်သည်။

“ဟဲဟဲ ငါက ကျန်းဟဲပါ၊ မြို့တော် ဘက်စကတ်ဘော အသင်းရဲ့ ဥက္ကဋ္ဌပါ၊ မင်း ငါ့ကို မှတ်မိသေးလား”

ရဲ့လင်းချန် ထိုအခါတွင်မှ ပြန်မှတ်မိသွားပြီး ရယ်လိုက်သည်။

“ဒါပေါ့၊ ကျွန်တော် ဥက္ကဋ္ဌကျန်းကို မှတ်မိပါတယ်”

“ကျောင်းသားရဲ့ ငါ အရင်က မင်းပြောတဲ့ ကမ်းလှမ်းမှုကို ငါ စဉ်းစားကြည့်ပြီးပြီ၊ မင်းအတွက် လွတ်လပ်ခွင့် အပြည့်အဝ ရဖို့နဲ့ လေ့ကျင့်ရေးကနေ ကင်းလွတ်ခွင့်ရဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

ဥက္ကဋ္ဌကျန်း ထိုသို့ပြောလိုက်ပြီးမှ ဆက်ပြောလေသည်။

“စာချုပ်ကို အကြမ်းပြင်ထားတယ်၊ မနက်ဖြန် မင်း လာပြီး ငါတို့နဲ့ အသေးစိတ် ဆွေးနွေးလို့ရမလား”

“ရပါတယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ နှစ်ယောက်သား တွေ့ကြမည့်အချိန်ကို ညှိနှိုင်း သဘောတူလိုက်ပြီးမှ ဖုန်းချလိုက်ကြသည်။

သူ တောင်စမ်းရေ အိမ်ရာသို့ ပြန်ရောက်လာချိန်တွင် ညခုနစ်နာရီသို့ ရောက်နေပြီ ဖြစ်သည်။

ရဲ့လင်းချန် သူ့ကွန်ပျူတာရှေ့၌ ထိုင်လိုက်ပြီး စာပေ website ထဲသို့ ဝင်လိုက်သည်။

လက်ရှိတွင် နတ်ဘုရားများကို သုတ်သင်ခြင်း၌ စာလုံးရေ ခြောက်သောင်းကျော် ရှိနေပြီ ဖြစ်သည်။ ရှန်းရှ အမျိုးအစား၏ ကျော်ကြားမှု နည်းပါးခြင်းကြောင့် ယှဉ်ပြိုင်မှု နည်းပါးပြီး ဝတ္ထုက တတိယအကြိမ်မြောက် ကြော်ငြာ ခေါင်းစဉ်အသစ် ရနေလေသည်။

ခေါင်းစဉ်ကြော်ငြာ အသစ်သည် ဝတ္ထုအသစ်တိုင်း ပထမဆုံး ရရှိသည့် ကြော်ငြာ ဖြစ်သည်။ ယင်းက ကြော်ငြာ အသေးစားလေးသာ ဖြစ်ပေသည်။

ဝတ္ထုခေါင်းစဉ်အသစ်ကို တစ်ကြိမ်မျှ ကြော်ငြာအပြီးတွင် ထိုဝတ္ထု၏ အနာဂတ်ကို ခန့်မှန်းနိုင်ပေသည်။

စခဲ့သောအချိန်နှင့် ယှဉ်လိုက်လျင် နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်က အတော်လေး ပိုကောင်းသည်။ ဝတ္ထုခေါင်းစဉ် အသစ်များ ကြော်ငြာခြင်းကို သုံးကြိမ်မျှ ကြော်ငြာလိုက်ပြီးသည်နှင့် ဝတ္ထုအား ငါးထောင်ကျော်သော လူများက သူတို့၏ ဖတ်ရန် မှတ်ထားသည့် စာကြည့်တိုက်ထဲ သွင်းလာကြပြီး ဝေဖန်သုံးသပ်ချက် နှစ်ရာကျော် ရရှိလာသည်။ ဤရလဒ်က ကြီးမားသည်ဟု သတ်မှတ်ရပေမည်။

ယနေ့အတွက် ဒိန်ချဉ်က နတ်ဘုရားများကို သုတ်သင်ခြင်းအား PK အတွက် ပြင်ဆင်ထားသဖြင့် ရဲ့လင်းချန်ကို အပိုင်းများများ ပြင်ထားရန် ပြောခဲ့သည်။

PK သည် အလွန် ရက်စက်သော စနစ် ဖြစ်သည်။ ဝတ္ထုဆယ်ပုဒ်ကျော်ကို တစ်ခါတည်း ကြော်ငြာပေးသည်။ ရလဒ် ကောင်းကောင်းရသော ဝတ္ထုများသာ နောက်တစ်ကြိမ် ကြော်ငြာခြင်းထဲ ထည့်သွင်းခံရပေမည်။ ထိုမှတစ်ဆင့် ထပ်နာမည်ရလာလျင် ထပ်၍ ကြော်ငြာပေးမည် ဖြစ်သည်။ ၎င်းက ဝတ္ထုများကို‌ အောင်မြင်မလား၊ ကျရှုံးမလား ဆုံးဖြတ်သော စနစ်ပင်တည်း။

ရဲ့လင်းချန်သည် ကွန်ပျူတာရှေ့၌ ထိုင်၍ အသံများကို နားစွင့်လျက် အကြောင်းအရာများကို ရေးသားနေသည်။

ထူးခြားစွမ်းအင်၊ လျှို့ဝှက် အမွေအနှစ်၊ ဖယ်ရှားခြင်း … အခန်း တစ်ခန်းပြီး တစ်ခန်း ရေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ချွမ့်ရှစ် တရုတ်စာပေ website ၌ သက်ဝင်လှုပ်ရှားလျက် ရှိသည်။

နတ်ဘုရားများကို သုတ်သင်ခြင်းသည် ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ကျောက်ခဲ ပစ်လိုက်သကဲ့သို့ လှိုင်းထသွားစေသည်။

PK ကြော်ငြာမှ လူသိများခြင်းက ဝတ္ထုအသစ် ကြော်ငြာထက် ပို၍ သာလွန်ပေသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းက ပိုများသော စာဖတ်သူများ၏ အမြင်အာရုံထဲ ထိုးထောက်သွားခဲ့လေသည်။

[လခွမ်း တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးပဲ၊ ဒီလို အကောင်းဆုံးစာအုပ်က ဒီလောကထဲမှာ ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး]

[တအား စိတ်ဝင်စားဖို့ကောင်းတယ်၊ စာရေးဆရာရေ ကျေးဇူးပြုပြီး မြန်မြန်လေး တင်ပေးပါ]

[ဒီလောက် အံ့ဩဖို့ကောင်းတဲ့ စာအုပ်မျိုး လိုင်းပေါ်မှာ ရှိနေတာကို ငါ အခုမှ သတိထားမိတယ်၊ အံ့ဩဖို့ ကောင်းတယ်]

[မြတ်စွာဘုရား … ငါ အရင်က ရှန်းရှဝတ္ထုတွေ တစ်ခါမှ မဖတ်ဖူးပင်မယ့် အခု စွဲသွားပြီ၊ ဒီလောက် ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ စာရေးဆရာရေ ကျေးဇူးပြုပြီး မှန်မှန်လေး ရေးပေးပါ]

[ဒါ ရှန်းရှပဲ၊ နောက်ဆုံးတော့ ရှန်းရှစစ်စစ် ဝတ္ထုတစ်ခုကို တွေ့ပြီ၊ ငါ ဒါကို စောင့်နေတာ ကြာလှပြီ၊ ဒီနတ်ဘုရားဆန်ဆန် ဖန်တီးမှုက နောက်ဆုံးတော့ ရောက်လာပြီပေါ့]

ကောမန့်များအပြင် လက်ဆောင်ပေးသည့် ကဏ္ဍတွင်လည်း အသက်ဝင်လျက် ရှိသည်။

[(လက်ဆောင်) အသုံးပြုသူ ချောင်းမန်က နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး ၆၆၆၆ ပြား လက်ဆောင် ပေးပါတယ်၊ ဒီစာအုပ်က တအားမိုက်တယ်၊ ဒီမှာ အားပေးတဲ့အနေနဲ့ ပေးတာ၊ နောက်အခန်းတွေ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါစေလို့ မျှော်လင့်ပါတယ်]

[(လက်ဆောင်) အသုံးပြုသူ လင်ယွင်မန်က နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး ၆၆၆၆ ပြား လက်ဆောင် ပေးပါတယ်၊ ဒီစာအုပ်က တအားမိုက်တယ်၊ ဒီမှာ အားပေးတဲ့အနေနဲ့ ပေးတာ၊ နောက်အခန်းတွေ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါစေလို့ မျှော်လင့်ပါတယ်]

[(လက်ဆောင်) အသုံးပြုသူ စန္ဒရားမှာ ကကြိုးမရှိဘူးက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး ၆၆၆၆ ပြား လက်ဆောင် ပေးပါတယ်၊ ဒီစာအုပ်က တအားမိုက်တယ်၊ ဒီမှာ အားပေးတဲ့အနေနဲ့ ပေးတာ၊ နောက်အခန်းတွေ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါစေလို့ မျှော်လင့်ပါတယ်]

[(လက်ဆောင်) အသုံးပြုသူ စန္ဒရားမှာ ကကြိုးမရှိဘူးက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး ၆၆၆၆ ပြား လက်ဆောင် ပေးပါတယ်၊ ဒီစာအုပ်က တအားမိုက်တယ်၊ ဒီမှာ အားပေးတဲ့အနေနဲ့ ပေးတာ၊ နောက်အခန်းတွေ ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါစေလို့ မျှော်လင့်ပါတယ်]

…

ဝတ္ထု စာမျက်နှာတွင် လက်ဆောင်များနှင့် ကြိုက်နှစ်သက်သော မှတ်ချက်များဖြင့် ပြည့်နေသည်။ PK စသည့်အချိန်က တိုတောင်းသော်လည်း သူ လက်ဆောင်တစ်ရာကျော် ရနေပြီ ဖြစ်သည်။ ထိတ်လန့်စရာ ကောင်းလှပေသည်။

PK မစခင်က နတ်ဘုရားများကို သုတ်သင်ခြင်းသည် ဝတ္ထုအသစ်များ အဆင့်၌ ၂၁ နေရာ၌သာ ချိတ်ခဲ့သည်။ သို့သော် PK စလိုက်ပြီးနောက် ကြောက်စရာကောင်းသော နှုန်းဖြင့် မြင့်တက်လာသည်။ မြင်နေရသူအားလုံးအား ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

ရဲ့လင်းချန် တစ်နေ့တာအတွက် အပိုင်း သုံးပိုင်း တင်ပြီးချိန်တွင် နှစ်နာရီ ကြာသွားပြီ ဖြစ်သည်။ သူ့ဝတ္ထုကို ထောက်ခံသော မဲများက ၈,၉၆၇ မှ ၁၃,၅၆၇ သို့ ဝုန်းခနဲ ထိုးတက်သွားလေသည်။

ရဲ့လင်းချန်က ထိုအခြင်းအရာများကို သတိမထားမိဘဲ ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်သွားလေသည်။

All Chapters