← Chapters

တရားမျှတမှုအတွက်

Vol. 9 Ch. 124

တရားမျှတမှုအတွက်

Vol. 9 Ch. 124

“ဝါး … ချစ်ဖို့ကောင်းလိုက်တဲ့ husky လေးတွေ၊ နင် တိရစ္ဆာန်လေးတွေ မွေးဖို့ စိတ်ကူးထားတာလား”

ကျန်းယွင်ရှီက ချစ်စရာကောင်းသော ဝံပုလွေပေါက်လေး နှစ်ကောင်ကိုကြည့်၍ စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင် ရှောင်ချင်နှင့် ရှောင်ဟွေသည် ခေါင်းကိုစောင်း၍ ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်ဖြင့် လိုက်ကြည့် လေသည်။

“အစိမ်းရောင်လေးနဲ့က ရှောင်ချင်၊ မီးခိုးရောင်နဲ့က ရှောင်ဟွေ၊ ငါ သူတို့ကို အစောင့်အဖြစ်နဲ့ ထားမလို့”

ရဲ့လင်းချန်က အပြုံးနှင့် ပြန်ပြောလိုက်ပြီး ဝံပုလွေပေါက်လေးများကို ကြမ်းပြင်ပေါ် ချလိုက်သည်။

ရဲ့လင်းချန် ချပေးလိုက်သည်နှင့် ဝံပုလွေပေါက်လေးများက ချက်ချင်း တက်ကြွလာသည်။ ဝံပုလွေ ပေါက်လေးများက ခုန်ပေါက်ပြေးလွှားပြီး ကြမ်းပြင်နှင့် အိမ်နံရံများကို စိတ်လှုပ်ရှားစွာ လိုက်နမ်းကြည့်လေသည်။

တက္ကသိုလ်အဆောင်တွင် သူတို့သည် အဆောင် ဝရန်တာ၏ ကျဉ်းကျဉ်းကျပ်ကျပ် နေရာလေး၌သာ နေရသည်။ ရုတ်တရက် ကျယ်ပြန့်သွားသော နေရာအနေအထားကြောင့် သူတို့သည် တစ်အိမ်လုံးအား ဝမ်းသာအားရ မမောနိုင်မပန်းနိုင် လျှောက်ပတ်သွားနေကြသည်။

“သူတို့ ဗိုက်ဆာနေလောက်ပြီ၊ အသား လာစားကြဦးလေ”

ကျန်းယွင်ရှီက မီးဖိုချောင်ထဲ ဝင်သွားပြီး အသားတုံးများ သွားယူပြီး ရှောင်ချင်နှင့် ရှောင်ဟွေတို့ရှေ့သို့ ချပေးလေသည်။

ဝံပုလွေပေါက်လေးများသည် အသားကို အနံ့ခံပြီး သူတို့ နှုတ်သီးကို ပြနန်သပ်ကြသည်။ သို့သော် မစားကြချေ။ ထိုအစား သူတို့က ရဲ့လင်းချန်ကိုသာ မော့ကြည့်သည်။

“အခုချိန်ကစပြီး မင်းတို့ သူ ကျွေးတာကို စားလို့ရတယ်”

ရဲ့လင်းချန် ခေါင်းညိတ်ပြသောအခါမှသာ သူတို့က ပျော်ရွှင်စွာ အော်၍ အသားတုံးကို ကိုက်စားကြသည်။

“Husky တွေက အတယ်လို့ ပြောကြတာ မဟုတ်ဘူးလား၊ သူတို့က လူတွေကို ခွဲခြားနိုင်တာလား”

သူတို့က သူစိမ်းထံမှ အစားကို ငြင်းဆန်သဖြင့် ကျန်းယွင်ရှီ အံ့ဩသွားသည်။

“ငါ သူတို့ကို မကြာမကြာ လေ့ကျင့်ပေးဖြစ်တယ်လေ၊ အောင်မြင်သွားတယ်လို့ ပြောရမှာပေါ့”

“ဒီလောကမှာ နင် မသိတာ ရှိသေးရဲ့လား”

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို မပြောချင်တော့ဟန်ဖြင့် ကြည့်လေသည်။

သူမ ရဲ့လင်းချန်နှင့် အတူရှိနေတာ များလေ သူမ ပို၍ ရှုံးနိမ့်သလို ခံစားရလေပင်။ သူက လူ့အရေခွံ ခြုံထားသော မကောင်းဆိုးဝါးတစ်ကောင်လိုပင်။ မထင်မှတ်ထားချိန်၌ အံ့ဩစရာများ ယူဆောင်လာတတ်၏။

“စတိုးဆိုင်ရော အခြေအနေ ဘယ်လိုရှိလဲ”

ရဲ့လင်းချန် မေးလိုက်သည်။ ကျန်းယွင်ရှီ ထိုကိစ္စနှင့် တစ်နေကုန် အလုပ်များနေခဲ့သည်။

“ငါ လိုက်ရှာကြည့်ပြီးပြီ၊ ရွှေသိမ်းငှက် ကုန်တိုက်က အကောင်းဆုံး နေရာလို့ ငါ တွေးမိတယ်၊ မြို့ထဲက ကျောင်းသား အများစုက အဲ့ကိုပဲ သွားကြတယ်၊ အဲ့မှာ ရုပ်ရှင်ရုံ၊ music box နဲ့ မိန်းကလေးတွေ သဘောကျလောက်တဲ့ ဆိုင်တွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ …”

“ဒါပေမဲ့ ဘာဖြစ်လဲ”

“ဆိုင်ငှားခက ဈေးကြီးလွန်းတယ်”

ကျန်းယွင်ရှီ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ငါ ဒီနေ့ ငှားမယ့်ဆိုင်တစ်ခုကို တွေ့ခဲ့တယ်၊ အဲ့ဒါက စတုရန်းမီတာ ရှစ်ဆယ်ဝန်းကျင်လောက် ကျယ်တယ်၊ တစ်စတုရန်းမီတာကို ယွမ်လေးရာတဲ့”

တစ်စတုရန်းမီတာကို ယွမ်လေးရာဆိုလျင် စတုရန်းမီတာ ရှစ်ဆယ်ဆိုပါက တစ်လကို ယွမ် သုံးသောင်းနှစ်ထောင် ကျသင့်ပေမည်။

ထိုငှားခက သာမန်လူအတွက် မထင်ထားလောက်အောင် မြင့်လှသည်။ သို့သော် မြို့တော်တွင်း၌ တစ်လက်မချင်းစီက ရွှေသဖွယ် တန်ဖိုးရှိသည်။ ရဲ့လင်းချန် မအံ့ဩမိပါ။

“ဈေးက လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး၊ ငါတို့ အဲ့လောက် သုံးနိုင်ပါတယ်၊ လုပ်ငန်းကို မြန်မြန်စလေ ကောင်းလေပဲ”

ရဲ့လင်းချန်သည် သူ့ဆိုင်နှင့် ပတ်သက်၍ ယုံကြည်ချက် ရှိနေ၏။ သူ လက်ဝှေ့ယမ်း၍ ဆက်ပြောလိုက်သည်။

“မင်း မနက်ဖြန် စာချုပ်ချုပ်လို့ရတယ်၊ ငါတို့ သုံးနှစ်စာချုပ် ချုပ်တာပေါ့”

ကျန်းယွင်ရှီ ဘာပြောရမှန်း မသိတော့ဘဲ ရဲ့လင်းချန်ကို စိုက်ကြည့်နေမိသည်။ သူမ တစ်ခဏမျှ တွေဝေနေပြီးမှ ပြောလိုက်သည်။

“လင်းချန် ငါ နင်နဲ့ ဆွေးနွေးချင်တာ ရှိသေးတယ်”

“ဘာများလဲ”

ရဲ့လင်းချန် စိတ်ဝင်စားသွားသည်။

“ငါတို့ ဆိုင်နာမည်ကို မပြောင်းသင့်ဘူးလား၊ ငါ လိုက်ကြည့်ပြီးပြီ၊ အလှကုန်ပစ္စည်း နယ်ပယ်က နာမည်ကျော် ကုန်တံဆိပ်အချို့ရဲ့ လက်ဝါးကြီးအုပ်တာကို ခံထားရတာ၊ ငါတို့ ဝိုင်အလှကုန်ပစ္စည်းက သူတို့နဲ့ မယှဉ်နိုင်ဘူး၊ ငါတို့ တည်ထောင်ထားပြီးသားနဲ့ လုပ်ပိုင်ခွင့် ပူးပေါင်းရင်ရော”

ကျန်းယွင်ရှီ လေ့လာစမ်းစစ်မှု လုပ်ထားပြီးသား ဖြစ်သည်။ သူမ ဆက်ပြောလေသည်။

“ငါ အွန်လိုင်းက နာမည်ကြီး ကုန်တံဆိပ်တစ်ခုကို သိတယ်၊ အဲ့ဒါက လူငယ်တွေကြားမှာ အတော်လေး နာမည်ကြီးနေတာ၊ လုပ်ပိုင်ခွင့်ကြေးကလည်း သိပ်ဈေးမကြီးဘူး၊ ပြင်ဆင်စရိတ် အပါအဝင် ယွမ်ခြောက်သိန်းပဲ ကျတယ်”

“မရဘူး”

ရဲ့လင်းချန် ပြတ်ပြတ်သားသား ငြင်းသည်။

“ငါတို့ အမှတ်တံဆိပ်ကို ငါတို့ လုပ်ရမှာ၊ ငါတို့ ဝိုင်အလှကုန်ပစ္စည်းက နောက်ပိုင်း လူသိများလာရုံတင် မကဘူး၊ ကမ္ဘာ့ ထိပ်တန်းဖြစ်ဖို့ပါ ရည်ရွယ်ထားတာ”

*အထင်ကြီးစရာပဲ*

ကျန်းယွင်ရှီ ထိုသို့သာ တွေးမိတော့သည်။

ရဲ့လင်းချန်၏ လွန်ကြူးသော ယုံကြည်မှုက ဘယ်ကရလာသလဲ သူမ နားမလည်နိုင်တော့ပါ။

လက်ရှိ အလှကုန်နယ်ပယ်က ကုန်ပစ္စည်းများ ပေါ်သောနေသည့်အပြင် နာမည်ကျော် အမှတ်တံဆိပ်များကလည်း နေရာယူထားကြသည်။ ဆိုင်တိုင်းက အလွန် တူညီကြပြီး တစ်ခုနှင့်တစ်ခု သာလွန်ရန် ခက်ခဲပေသည်။

“တော်ပြီ၊ အရမ်း တွေးမနေနဲ့တော့၊ မင်း သတ္တိရှိရှိ လုပ်ဖို့ပဲ လိုတယ်၊ ဆိုင်ကို မြန်နိုင်သမျှ မြန်မြန် ပြင်ဆင်လိုက်တော့၊ နောက်ပိုင်း ဆိုင်ပိုကြီးလာရင် မင်းက ကုမ္ပဏီရဲ့ တည်ထောင်သူ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမှာ”

ရဲ့လင်းချန်က အရေးမပါသော စကားအချို့ဖြင့် လက်ရှိကိစ္စကို လျှောချလိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။

“နောက်ကျနေပြီ နားတော့လေ၊ ဆိုင်ဖွင့်ပွဲ မတိုင်ခင် ငါ့ကို အသိပေးဦး”

ကျန်းယွင်ရှီ ခေါင်းခါလိုက်မိပြီး သူမသူဌေးက လုံးဝ အားမထားရဟုသာ ခံစားလိုက်မိသည်။

နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ပုံမှန်အတိုင်း စောစောနိုးလာသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ သူသည် ပန်းခြံသို့ မနက်ခင်း လမ်းလျှောက်ရာ၌ ရှောင်ချင်နှင့် ရှောင်ဟွေကိုပါ ခေါ်လာလိုက်သည်။

ဝံပုလွေပေါက်လေးများ၏ တက်ကြွမှုနှင့်အတူ ရဲ့လင်းချန် အထီးကျန်သလို မခံစားရတော့ဟု တွေးမိသည်။ လူတစ်ယောက်နှင့် ဝံပုလွေနှစ်ကောင်၏ သွားလာနေမှုက ကြည့်ကောင်းလှသည်။

သူ၏ လက်သီးသိုင်း လေ့ကျင့်မှုအပြီး၌ ရဲ့လင်းချန်သည် ပန်းခြံထဲမှ ငှက်များကို စိုက်ကြည့်နေပြီး သူ့စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသည်။

“ရှောင်ချင် ရှောင်ဟွေ အဲ့ငှက်ကို သွားဖမ်း”

သူသည် မီတာငါးရာ အကွာ၌ ရှိနေသော ငှက်ကို လက်ညှိုးထိုးပြလိုက်သည်။

ရှောင်ချင်နှင့် ရှောင်ဟွေက ချက်ချင်း အလေးအနက် ဖြစ်လာသည်။ သူတို့သည် ကိုယ်ကိုကိုင်း၍ မြက်ခင်းပေါ်မှ ငှက်ထံ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။

သူတို့ မျက်လုံးများက အရောင်လက်နေသည်။ သို့သော် သူတို့က ငယ်သေးသဖြင့် ဝံပုလွေတစ်ကောင်၏ ဗီဇများ မပေါ်သေးချေ။

သူတို့ မီတာတစ်ရာ အကွာသို့ ရောက်သောအခါ ငှက်က မြေကြီးပေါ်၌ ဟိုဆိတ်ဒီဆိတ် လုပ်နေဆဲပင်။

ရှောင်ချင်နှင့် ရှောင်ဟွေတို့က ခြေလက်များကိုဆန့်၍ အရှေ့သို့ ခုန်အုပ်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်လေးတွင် အားမာန်တို့ ပြည့်နေပြီး ငှက်ထံ လျင်မြန်စွာ ရောက်ရှိသွားသည်။

သို့သော် သူတို့ လွဲသွားသည်။

သူတို့သည် အကောင်ပေါက်လေးများသာ ရှိသေးသဖြင့် တိုးတက်မှုက လိုအပ်နေသေးသည်။ ခွန်အား၊ အလျင်၊ အချိန်ကိုက်မှုနှင့် ရုတ်တရက် ခုန်အုပ်ခြင်းတို့က လိုအပ်ချက် ရှိနေ၏။

ငှက်က တောင်ပံကို ဖြန့်၍ လျင်မြန်စွာ ပျံသန်းသွားပြီး တေးပင် ညည်းနေသေးသည်။

“အိုက်ယား ဒီဝံပုလွေပေါက်လေးတွေကို ကြည်ပါဦး၊ မင်းတို့ ငါ့ကို ဖမ်းနိုင်ဖို့ ငယ်ပါသေးတယ်ကွာ”

ရှောင်ချင်နှင့် ရှောင်ဟွေက ငှက်ကိုကြည့်၍ ဟိန်းဟောက်နေကြသည်။ ထိုငှက် ပြောသော စကားကို နားလည်သည့်ပုံပင်။

ရဲ့လင်းချန်သည် ဝံပုလွေ ဘာသာစကားကို နားမလည်သဖြင့် သူတို့ ဘာပြောနေလဲ မသိချေ။

လူတစ်ယောက်နှင့် ဝံပုလွေနှစ်ကောင်က ပန်းခြံထဲ၌ ဆော့ကစားနေကြသည်။ ရဲ့လင်းချန်သည် ဤအခွင့်အရေးကို အသုံးချ၍ သူ၏ သားရဲယဉ်ပါးခြင်း ပညာကို အကျိုးရှိရှိ အသုံးပြုနေပြီး ရှောင်ချင်နှင့် ရှောင်ဟွေ၏ စွမ်းရည်ကို တိုးတက်အောင် ပြုလုပ်နေ၏။

မနက် ရှစ်နာရီခွဲသည့်အခါမှသာ သူတို့ စိတ်မပါ လက်မပါနှင့် ပြန်လာကြသည်။ ခပ်လှမ်းလှမ်းသို့‌ ရောက်လာပြီးနောက် ရဲ့လင်းချန်က ငှက်ဘာသာစကားကို သုံး၍ နားထောင်ကြည့်လိုက်သည်။

“သတင်းထူးဟေ့၊ အဲ့ခုတင်ပေါ်မှာ မိန်းမနှစ်ယောက် ရှိနေတယ်ဟ၊ လူသားတွေက‌ ကြောက်ဖို့ ကောင်းလိုက်တာ”

“နေ့ခင်းကြောင်တောင်ကြီးမှာတောင်မှာ ရှက်စရာ ကိစ္စကြိးကို လုပ်နေကြပါလား၊ ပြီးတော့ မိန်းမနှစ်ယောက်လေ၊ အိုက်ယိုး … ရှက်စရာကြီး”

“အား … သူတို့က အမွေးလည်း မရှိ၊ အဝတ်လည်းမရှိဘူးဟ၊ ကိုယ်လုံးတီးနဲ့”

ထိုအသံများနောက်တွင် ငှက်အချို့က အိမ်တစ်အိမ်၏ ပြတင်းပေါက်အပြင်ဘက်၌ နားနေကြသည်ကို သူ မြင်လိုက်ရသည်။ သူတို့က တကျွိကျွိ တွတ်ထိုးနေကြပြီး ပြတင်းပေါက်မှ လှမ်းကြည့်ကာ ပြောဆိုနေ၏။

*လခွမ်း အဲ့လောက် သတင်းထူးတာလား*

ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်လာပြီး ပြတင်းပေါက်အား ထူးဆန်းသော အမူအရာနှင့် ကြည့်လိုက်မိသည်။ သူ၏ အသိစိတ်နှင့် တိုက်ပွဲ ဖြစ်နေလေသည်။

*ကြည့်ရမလား၊ မကြည့်ရဘူးလား၊ ဒါ မေးစရာပဲ*

*ငါ ချောင်းကြည့်ရင် မျက်စိစွန်မှာလား*

နောက်ဆုံးတွင် ရဲ့လင်းချန်သည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်ပြီး ထိုအိမ်ဘက် ဦးတည်လိုက်သည်။

ဒါ သူ့အတွက် သူ လုပ်တာ မဟုတ်ဟု အားပေးလိုက်သည်။ ဤအဖြစ်က သူ့ပတ်ဝန်းကျင်အတွင်း၌ ဖြစ်ပျက်နေသည် မဟုတ်ပါတကား။ နှာဘူးတစ်ယောက် ပေါ်လာပါက အလွန် ကြီးလေးသော ကိစ္စ ဖြစ်လာပေလိမ့်မည်။

“ငါ့မှာ စုံစမ်းရမယ့် တာဝန်ရှိတယ်၊ ဒါ အိမ်ရာရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတယ်လေ၊ ဒါ ငါ တရားမျှတမှုအတွက် လုပ်နေတာ၊ ငါ မျက်စိစွန်သွားရင်တောင်မှ ရှက်မိမှာ မဟုတ်ဘူး*

ရဲ့လင်းချန် သူ့ကိုယ်သူ အားပေးနေပြီး ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်သူကြီးဟုပင် ခံစားလိုက်ရသည်။ သူ အိမ်နားသို့ ရောက်သောအခါ ပြတင်းပေါက်နားမှနေ၍ ညင်သာသော ညည်းသံအချို့ကို ကြားလိုက်ရလေသည်။

All Chapters