← Chapters

လူသားတွေက ကြောက်ဖို့ကောင်းတယ်

Vol. 9 Ch. 125

လူသားတွေက ကြောက်ဖို့ကောင်းတယ်

Vol. 9 Ch. 125

ခပ်ပြင်းပြင်း အသက်ရှူသံများကို ကြားနေရပြီး အသံတိုင်းတွင် ရှုပ်ထွေးသော ခံစားချက်များ ပါဝင်နေ၏။ ထိုအသံများကို ရဲ့လင်းချန် ကြားလိုက်ရသောအခါ မျက်နှာ နီရဲတက်လာသည်။

အသံက ဒုတိယထပ်မှ လာခြင်း ဖြစ်သည်။ ရဲ့လင်းချန်သည် ပြတင်းပေါက်ကို မော့ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရျူ၍ နံရံပေါ် ခုန်တက်လိုက်ကာ ပြတင်းပေါက်ဘောင်ကို မှီထားလိုက်လေသည်။

ပြတင်းပေါက်မှ သူ လှမ်းကြည့်လိုက်မိသည်နှင့် အသက်ရှူရန်ပင် မေ့သွားသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းလာပြီး မျက်လုံးများ နီတက်လာ၏။

အခန်းအတွင်းပိုင်းအား ပန်းရောင် သုတ်ထားပြီး အရုပ်အချို့ ထားထားသည်။ ထိုအခန်းက မိန်းကလေး တစ်ယောက်၏ အခန်းမှန်း သိသာပေ၏။ အံ့ဩစရာကောင်းသည်မှာ ခုတင်ပေါ်၌ မိန်းကလေးနှစ်ယောက် ရှိနေခြင်းပင်။

သူတို့၏ ခန္ဓာကိုယ်က ကျောက်စိမ်းအလား ဝင်းမွတ်နေပြီး ရင်သက်ရှူမောဖွယ် ကောင်းလှသည်။ နှစ်ယောက်သား တစ်ဦးကိုတစ်ဦး အလွန် ချစ်စိတ်ပြင်းပြစွာ ပွေ့ဖက်ထားကြသည်။

သူတို့၏ ပါးများက နီမြန်းနေကာ မျက်လုံးများ ပိတ်ထားပြီး မျက်နှာတွင် ချမ်းမြေ့ပျော်ရွှင်ဟန် အမူအရာ ပေါ်နေကာ အဆက်အပြတ် ညည်းနေကြပြီး သူတို့ကိုယ်ပိုင် ကမ္ဘာထဲ၌ နစ်မျောနေလေသည်။

*ဒါ ... ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ရဲ့လင်းချန်တစ်ယောက် ရင်ဘတ်ထဲမှနေ၍ နှလုံးသား ခုန်ပေါက်ထွက်လာလုမတတ် ခံစားလိုက်ရသည်။ သူ တံတွေးမျိုချ၍ ဘေးဘီကို ကသုတ်ကရက် ကြည့်လိုက်ကာ သူ့ကိုယ်သူ ကျယ်လောင်စွာ ထမအော်မိအောင် ထိန်းနေရသည်။

လူမိခြင်းမှ ရှောင်ရှားနိုင်ရန် သူသည် ခန္ဓာကိုယ်အား ဘေးသို့ မသိမသာ ယိမ်းလိုက်ပြီး စိတ်ဝင်တစား ကြည့်နေမိသည်။

“မြတ်စွာဘုရား လူသားတွေက ကြောက်ဖို့ကောင်းလိုက်တာ၊ ဒါ အရမ်း နှာဘူးကျလွန်းတယ်”

“ကြောက်ဖို့ကောင်းတယ်၊ လူတွေက ကြောက်ဖို့ကောင်းတယ်”

ထိုငှက်များ၏ တကျိကျိ အော်နေသံက ပို၍ ဆူညံလာသည်။

ဆယ်မိနစ်ကြာသော် ညည်းသံများ ငြိမ်သက်သွားသည်။ ထိုအခိုက်တွင် မိန်းကလေး နှစ်ယောက်သည် ချွေးများဖြင့် ရွှဲနစ်နေပြီး အိပ်ရာပေါ်၌ မောဟိုက်စွာ လှဲနေကြသည်။

ထိုမိန်းကလေးနှစ်ယောက်၏ မျက်နှာကို ရဲ့လင်းချန် သေချာ မြင်လိုက်ရသည်။ တစ်ချက် ကြည့်လိုက်မိပြီးနောက် သူ မိုးကြိုးပစ်ချခံလိုက်ရလေသည်။ သူသည် ပါးစပ်ကို လက်ဖြင့် တင်းနေအောင် အုပ်၍ ခပ်သွက်သွက် ပြန်ခုန်ဆင်းကာ အသက်လု၍ ပြေးနေမိပြီး နည်းနည်းလေးမှ အရှိန်မလျှော့ရဲချေ။

*မြတ်စွာဘုရား၊ လခွမ်း အဲ့နှစ်ယောက်က*

မီတာတစ်ရာကျော်မျှ ပြေးလိုက်မိပြီးနောက် ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။ သူသည် တဒိန်းဒိန်း ခုန်နေသော ရင်ဘတ်ကို လက်ဖြင့်ဖိ၍ အနောက်သို့ အလန့်တကြား လှည့်ကြည့်လိုက်သည်။

ထိုနှစ်ယောက်ကို ရဲ့လင်းချန် သိပါသည်။ တစ်ယောက်က လီမူရွှယ်ဖြစ်ပြီး‌ နောက်တစ်ယောက်က ဟွမ်ရှောင်မန် ဖြစ်သည်။

ဟွမ်ရှောင်မန် သူ့ကို အမြဲ မုန်းတီးနေသည်က အံ့ဩစရာ မဟုတ်တော့ချေ။ တစ်လျှောက်လုံး မိန်းကလေး တစ်ယောက်က အခြား မိန်းကလေးတစ်ယောက်အတွက် သူ့အပေါ် လက်စားချေနေရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူတို့၏ ခင်မင်မှုက အနည်းငယ် လွန်ကျူးနေ၏။

*ငါက ဘာလဲ*

*ငါက တတိယလူ ဖြစ်နေတာလား၊ ဒါ မနာလိုတဲ့ တိုက်ပွဲလား*

ယခင်က သူ မယုံသင်္ကာ ဖြစ်ခဲ့ဖူးသော်လည်း ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ ဘာပြောရမှန်း မသိတော့ပေ။

ဤအဖြစ်က ရဲ့လင်းချန်၏ အတွေးအမြင်ကို ပြောင်းလဲသွားစေသည်။ ဤမိန်းကလေး နှစ်ယောက်နှင့် သူ ဝေးဝေးနေရန် လိုအပ်သည်ဟု ခံစားမိသည်။ လီမူရွှယ်ကဲ့သို့ မိန်းမလှလေးအတွက် နှမြောစရာပင်။

ဤသတင်းကိုသာ လူအများ သိသွားပါက မရေတွက်နိုင်သော ယောက်ျားလေးများ မျက်လုံးများ ကန်းသည်အထိ ငိုကြွေးလောက်သည်။

သူ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အစောပိုင်းက မြင်ကွင်းကို ပြန်စဉ်းစားမိသည်။

အစောပိုင်းက ဟွမ်ရှောင်မန်သည် အတော်လေး ကွဲပြားနေ၏။ မိတ်ကပ် ထူလပျစ် မရှိသဖြင့် သူမ ပိုလှလာသည်ဟု ထင်ရသည်။

အိမ်ပြန်ရောက်သောအခါ ကျန်းယွင်ရှီက မနက်စာ ပြင်ထားပြီးလေ၏။ ရှောင်ချင်နှင့် ရှောင်ဟွေတို့အတွက်ပင် ပြင်ထားသည်။

“ငါ ရှောင်ချင်နဲ့ ရှောင်ဟွေအတွက် ခြံထဲမှာ အိမ်လေးတွေ ထားမလို့ စဉ်းစားထားတယ်၊ အဝတ်အစားအချို့ပါ ရရင် ကောင်းမယ်”

ကျန်းယွင်ရှီက အကြံပြုလာသည်။

“အင်း မင်း သဘောလေ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သူ အလုပ်များရသည်ကို မကြိုက်ပါ။ အထူးသဖြင့် အရေးမပါသော ကိစ္စလေးများအတွက် အချိန်ကုန်ရသည်ကို မနှစ်သက်ပေ။ ကျန်းယွင်ရှီက သူ့အစား  လုပ်ပေးလျင် ပိုကောင်းသေးသည်။

ဟော်ရန်ကျား၏ သရုပ်ဆောင် စာရင်းက တဖြည်းဖြည်း ပြည့်လာသည်။ ထို့ကြောင့် ယနေ့တွင် ရဲ့လင်းချန် ဟမ်တန်း စတူဒီယိုသို့ သွားရန် မလိုအပ်ပေ။ သူ လီထိုက်ကိုသာ စီမံခန့်ခွဲရန် လွှဲထားလိုက်သည်။ ရုပ်ရှင်ကား ရိုက်ချိန်အတွင်း သူတို့ကို ညွှန်ကြားပေးရန် တစ်ခါတရံ သွားရန်သာ လိုအပ်ပေသည်။

မနက်စာစားပြီးနောက် သူသည် ကျန်းယွင်ရှီနှင့်အတူ ဆိုင်ပိုင်ရှင်နှင့် အငှားစာချုပ် ချုပ်ရန် လိုက်သွားသည်။ ထို့နောက် အိမ်ပြန်လာပြီး သူ၏ နောက်ထပ် ထုတ်လွှင့်မှုအတွက် ပြင်ဆင်နေသည်။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက ဇာတ်သိမ်းခါနီးလာလေပြီ။ နောက်ထပ် ငါးခါ ထုတ်လွှင့်ပြီးလျင် ဇာတ်သိမ်းလောက်ပြီဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။ တိုက်ရိုက် ထုတ်လွှင့်မှုအတွက် နောက်ထပ် ခေါင်းစဉ်တစ်ခု သူ စဉ်းစားရန် လိုအပ်နေ၏။

သူ့ဦးနှောက်က ဇယ်စက်သလို အလုပ်လုပ်နေပြီး ဖတ်ဖူးသမျှ စာအုပ်များကို ပြန်စဉ်းစားကာ အချက်အလက်ကို ပြန်စုစည်းနေသည်။ ဤကိစ္စက သူ၏ ရေပန်းစားမှုအပေါ် သက်ရောက်မည် ဖြစ်သည်။ သူ နည်းနည်းလေးမှ နမော်နမဲ့ ဖြစ်၍ မရချေ။

ထိုအချိန်တွင် ဟော်ရန်ကျား၏ လူရွေးပွဲကလည်း ဆက်လက် ပြုလုပ်လျက် ရှိသည်။

လီကျင့်သည် အနီးအနား၌ အချိန် အတော်ကြာအောင် ရပ်နေခဲ့သည်။ ကြာမြင့်စွာ စဉ်းစားပြီးနောက် သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆု်ပ၍ လူရွေးပွဲနေရာသို့ ဦးတည်လိုက်သည်။

သူ့မျက်နှာတွင် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှား ပူပန်မှုတို့ ပေါ်လွင်နေ၏။

မနေ့ညက အဖြစ်အပျက်ကို သူ ပြန်စဉ်းစားမိသောအခါ အိပ်မက်ကဲ့သို့ မဖြစ်နိုင်ဟု ခံစားမိသည်။ အထင်မှားခြင်း ဟုတ်၊ မဟုတ် သူ သေချာ မသိပါ။

*အဲ့လူက ဘယ်သူလဲ၊ သူက ဟော်ရန်ကျားရဲ့ အဓိက သရုပ်ဆောင်များလား၊ ဒါ ဘာမဟုတ်တဲ့ နောက်ပြောင်မှု ပဲလား*

လီကျင့် တစ်ညလုံး ထိုမေးခွန်းများကိုသာ စဉ်းစားနေမိပြီး စိတ်လှုပ်ရှားသလို စိုးလည်း စိုးရိမ်မိသည်။

ရုပ်ရှင်တစ်ကားမှ အဓိက သရုပ်ဆောင်က အလွန် အရေးပါသည်။ သူ၏ လက်ရှိအခြေအနေအရ သူ့၌ အဓိက ဇာတ်ကောင် ရနိုင်သည်ဟူသည့် အတွေးထက် ဇာတ်ပို့အဖြစ် သရုပ်ဆောင်ရလျင်ပင် အတော်လေး ကောင်းနေပြီ တွေးနေမိသည်။

သို့သော် သူ ရဲ့လင်းချန်၏ အသွင်အပြင်နှင့် အရှိန်အဝါကို ပြန်စဉ်းစားမိသောအခါ သူ တွေ့ခဲ့သော လူငယ်က သာမန်လူ မဟုတ်မှန်း ခံစားမိသည်။ ထိုလူက သူ့ကို ဤကိစ္စနှင့် ပတ်သက်၍ မညာလောက်ပေ။

ဘာပဲဖြစ်နေပါစေ ယင်းက သူ အရယူသင့်သည့် အခွင့်အရေးပင်။ သူ မအောင်မြင်လျင်တောင်မှ ဘာမှ နစ်နာစရာ မရှိချေ။

လူရွေးပွဲ နေရာသို့ ဦးတည်နေစဉ်မှာပင် သူ့ကိုယ်သူ အထပ်ထပ် စိတ်တည်ငြိမ်အောင် လုပ်နေမိသည်။ တစ်ယောက်ယောက်ကသာ သတိထားကြည့်မိပါက သူ့ခန္ဓာကိုယ် တုန်နေသည်ကို သတိပြုမိလောက်သည်။

“အာ … လီကျင့်လား”

သူ တံခါးနား ရောက်တော့မည့်အချိန်တွင် တိုက်ဆိုင်စွာပင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က အပြင်သို့ ထွက်လာသည်။ သူတို့ အချင်းချင်း ကြည့်မိချိန်တွင် သူမက လီကျင့်ကို တအံ့တဩ ကြည့်လာ၏။

“ယ…ယန်ယွဲ့”

လီကျင့်၏ မျက်နျာက ရုတ်တရက် မည်းမှောင်သွားပြီး အနေခက်ပုံ ပေါ်လာသည်။

ယန်ယွဲ့က ချက်ချင်း လှောင်ရယ်လေသည်။

“ထင်တဲ့အတိုင်းပဲ နင်က အရင်အတိုင်းပဲကိုး၊ ငါ နင်နဲ့ ဟိုးအရင်ကတည်းက လမ်းခွဲခဲ့တာကို ငါ အရမ်း ဝမ်းသာတာပဲ၊ မဟုတ်ရင် ငါ ဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ”

“ဟားဟားဟား … ငါ အစကတည်းက သူ့ကိုပစ်ပြီး ငါ့နောက် လိုက်ခဲ့ဖို့ မင်းကို ပြောခဲ့သားပဲ၊ မင်း နောင်တမရပါါဘူး၊ အခု မြင်ပြီမလား၊ ငါ မှန်တယ်လေ’

ဖက်တီးတစ်ယောက်က ယန်ယွဲ့ကို ခါးမှဆွဲဖက်၍ လီကျင့်အား ရွံသလို ကြည့်လေသည်။

“ဒီကောင်က သွားပြီ၊ တစ်သက်လုံး အမှိုက် ဖြစ်နေတော့မှာ”

ထိုဖက်တီးက လီကျင့်ထက် ပိုပုပြီး ဘီယာဗိုက်နှင့် ဝပြဲပြဲ မျက်နှာ ရှိသည်။

လီကျင့်၏ မျက်လုံးတွင် အရှက်ရဟန် ဖြတ်ပြေးသွားသည်။ သူ ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ချေ။

ယန်ယွဲ့သည် လီကျင့်၏ ရည်းစားဟောင်း ဖြစ်သည်။ လီကျင့် နာမည်ကြီးစဉ်က သူတို့ ဆက်ဆံရေးက အဆင်ပြေသည်။ သူမက တစ်ချိန်လုံး လီကျင့်နှင့် အလိုက်အထိုက် နေခဲ့သည်။ သို့သော် လီကျင့် ဖိနှိပ်ခံရပြီး အခက်အခနှင့် ကြုံသောအခါ သူမ အပြုအမူက တစ်ရာရှစ့်ဆယ် ဒီဂရီ ပြောင်းလဲသွားသည်။ သူမက လီကျင့်ကို အသုံးမကျဟု အဆက်မပြတ် အပြစ်ငတ်ခဲ့သည်။ သူမက လီကျင့်အား ဝူဟန်ကို တောင်းပန်ရန်ပင် ဖိအားပေးခဲ့သည်။ လီကျင့်က လက်မခံသဖြင့် ထိုအချိန်မှစ၍ သူတို့၏ ပြင်းထန်သော ရန်ပွဲများ စတင်လာ ခဲ့လေသည်။

အတော်ကြာသောအခါ ယန်ယွဲ့က ခက်ခဲသော အချိန်အား လီကျင့်နှင့်အတူ ရုန်းကန်ရန် ငြင်းဆန်ပြီး လီကျင့်ကို ပစ်၍ လူငယ် ဒါရိုက်တာ  ချန်ဖုန့်ကို တွဲတော့သည်။

“ဘာလဲ မဟုတ်မှလွဲရော နင် ဟော်ရန်ကျားမှာ ဇာတ်ကောင်တစ်ခုအတွက် လူရွေးပွဲ ပြိုင်မလို့လား၊ နင့်ပုံစံနဲ့ ဘယ်သူက လိုချင်မှာလဲ”

ယန်ယွဲ့က လီကျင့်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်သည်။

“နင့်ရဲ့ ရူးမိုက်တဲ့ မာန်ကို အရမ်း အလေးထားလွန်းလို့ နင် ကျဆင်းရတာလေ၊ ငါသာ နင့်နေရာမှာဆိုရင် ဝူဟန်ရှေ့မှာ မြန်မြန် တောင်းပန်လိုက်ပြီ၊ အဲ့လိုဆို နင် နည်းနည်းတော့ အသုံးဝင်ဦးမျာ”

“ငါ ဘာလုပ်လုပ် မင်းကိစ္စ မဟုတ်ဘူး”

လီကျင့်က ယန်ယွဲ့ကို အေးစက်စွာကြည့်၍ ပြန်ချေပလိုက်သည်။

“ဟင်းဟင်း ခေါင်းမာတဲ့ အရူးပဲ”

ယန်ယွဲ့က ခနဲ့လေသည်။

“နင် အော်ငိုရုံကလွဲရင် ဘာတတ်နိုင်မှာလဲ”

“ယွဲ့အောင် ဒီလိုလူမျိုးက မာနရှေ့တန်းတင်တဲ့ လူစားမျိုးပဲ၊ သူက အရည်အချင်း မရှိတာတောင် မာနကို အဆုံးအထိ ထားထားတုန်းပဲ၊ ရယ်ချင်လိုက်တာ”

ချန်ဖုန့်က ဟားတိုက်ရယ်၍ လီကျင့်အား ခက်ထန်စွာ ကြည့်သည်။

“ဟော်ရန်ကျား ရုပ်ရှင်ရဲ့ လူရွေးပွဲအတွက် လာတာဆိုရင် မင်း ထွက်သွားသင့်ပြီ၊ မင်းမှာ ဘာအခွင့်အရေးမှ မရှိဘူး”

“ဟုတ်တယ်”

ယန်ယွဲ့က လီကျင့်ကို အေးစက်စက် ကြည့်နေသည်။

“ဒါရိုက်တာချန်က ဒါရိုက်တာလီကို တစ်ခွန်းလောက် ပြောလိုက်တာနဲ့ နင် ရုပ်ရှင်ထဲမှာ အပိုဇာတ်ကောင် အဖြစ်တောင် ပါနိုင်တဲ့ အခွင့်အရေး မရှိဘူး”

All Chapters