← Chapters

အခန်း (၅၈၃-၅၈၄)

Vol. 59 Ch. 583-584

အခန်း (၅၈၃-၅၈၄)

Vol. 59 Ch. 583-584

အခန်း (၅၈၃) - ချန်နိုင်ငံမှ လူသားများ ၊ ကျင်ဧကရာဇ် နန်းစံသုံးနှစ် ၊ ဆန်းဟိုင်မျှော်စင် ၊ နားခိုရာနေရာ ရှာဖွေနည်း

​လီယန်ချူသည် ရှေ့သို့ တက်လှမ်းသွားပြီး ဟူလျန် ချည်နှောင်ထားသည့် အစာအဖြစ် သတ်မှတ်ခံထားရသော လူသားများကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့သည်။ ထိုအလယ်အလတ်အရွယ် ကုန်သည်ကြီး၏ အလောင်းကိုလည်း သူနှင့်အတူ တစ်ခါတည်း သယ်ဆောင်သွားခဲ့၏။

​ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာမူ မည်သူမျှ မတားဆီးဝံ့ကြဘဲ တစ်ဦးချင်းစီ ခေါင်းငုံ့ထားကြကာ မိမိတို့၏ တည်ရှိမှုကို မသိသာအောင် အစွမ်းကုန် ကြိုးစားနေကြတော့သည်။

​ရှပ်

​လူအုပ်ကြီးမှာ ချက်ချင်းပင် ဘေးသို့ကွဲထွက်သွားကာ လီယန်ချူတို့အဖွဲ့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

​ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ရောက်ရှိလာသောအခါ၊ လီယန်ချူသည် ထိုလူ ဆယ်ဂဏန်းခန့်ကို ကြည့်လိုက်သည်။ ၎င်းတို့အထဲတွင် လေးငါးဦးမှာ အဝတ်အစား ဝတ်ဆင်ပုံမှာ အခြားသူများနှင့် ကွာခြားနေပြီး မျက်နှာထက်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ အခြားသူများကဲ့သို့ ထုံထိုင်းသွားခြင်း မရှိသေးပေ။ ကျန်ရှိနေသူများမှာမူ ဝိညာဉ်ကင်းမဲ့နေသည့် အလောင်းကောင်များကဲ့သို့ပင် မျက်ဝန်းများထဲတွင် အလင်းအစအနမျှ မရှိတော့ပါချေ။

​မင်ဟော်သည်လည်း သူနှင့်အတူ ဤနေရာသို့ လိုက်ပါလာခဲ့သည်။

​လီယန်ချူသည် ထိုသူဌေးသမီးလေးကို ကြည့်ကာ မေးလိုက်သည်။

“မင်းက ချန်နိုင်ငံကလား”

​သူဌေးသမီးလေးမှာ မူလက ကယ်တင်ခြင်းခံရပြီဟု ထင်မှတ်ကာ ဝမ်းသာခဲ့သော်လည်း နောက်ပိုင်းတွင် လီယန်ချူ၏ ရိုင်းစိုင်းရက်စက်သော အပြုအမူများကို မြင်တွေ့ခဲ့ရသဖြင့် သူ့ကိုလည်း မိစ္ဆာဆိုးတစ်ကောင်ဟုပင် သတ်မှတ်ထားမိသည်။ ယခုအခါ သူမမှာ သွားများ တကျွတ်ကျွတ် တုန်ရီနေပြီး စကားပင် မဆိုနိုင်ဘဲ ထိတ်လန့်တုန်လှုပ်နေရှာသည်။

​လီယန်ချူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ထူထပ်လှသော ကျင့်ကြံခြင်း စွမ်းအားများက ထိုအမျိုးသမီးငယ်ဆီသို့ စီးဝင်သွားတော့သည်။

သူဌေးသမီးလေးမှာ သူမ၏ ကိုယ်တွင်းအင်္ဂါများထဲတွင် နွေးထွေးလှသော သက်စောင့်အားအင်များ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ဓာတ်မှာလည်း တည်ငြိမ်သွားတော့သည်။

​“ငါက ချန်နိုင်ငံ မြောက်ဖုန်းစီရင်စုက တာအိုဆရာတစ်ယောက်ပါ၊ ဒီကို မိစ္ဆာတွေကို နှိမ်နင်းဖို့ သီးသန့်လာခဲ့တာ... သူမကတော့ ချင်းချွမ်စီရင်စုက ကျင့်ကြံသူပဲ၊ မြို့ထဲကို အခွင့်ကောင်းယူပြီး ဝင်နိုင်အောင် မိစ္ဆာပုံစံ ဖန်တီးထားတာ”

​လီယန်ချူက မြေခွေးမိစ္ဆာအသွင် ဖန်တီးထားသည့် မင်ဟော်ကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။

​“ရှင်က... မြောက်ဖုန်းစီရင်စုက တာအိုဆရာလား”

လင်းရှုနင်ဟု အမည်ရသော သူဌေးသမီးလေးမှာ တုန်ရီသော အသံဖြင့် မေးလိုက်ပြီး မင်ဟော်ကိုလည်း မဝံ့မရဲ လှမ်းကြည့်လိုက်သည်။

​“ဟုတ်တယ်၊ ဒါနဲ့... ဒီမှာ ဘာတွေဖြစ်နေတာလဲ”

လီယန်ချူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​“ကျွန်မနာမည် လင်းရှုနင်ပါ... တုန်းလင်းစီရင်စုက ဖြစ်ပြီး ဖေဖေနဲ့အတူ ခရီးထွက်လာရင်း မတော်တဆ လူယုတ်မာတွေရဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရတာပါ။ ရက်အနည်းငယ်လောက် ဝေဝေဝါးဝါး ဖြစ်နေပြီး ပြန်နိုးလာတဲ့အခါမှာတော့ ဒီမိစ္ဆာနိုင်ငံထဲကို ရောက်နေပါပြီ”

သူဌေးသမီးလေးသည် သူမ၏ မောင်လေးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

​လီယန်ချူ မျက်မှောင်ကြုတ်သွားကာ မင်ဟော်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မူလက သူတို့သည် ဤစီထော်နိုင်ငံသည် သီးခြားကမ္ဘာတစ်ခုဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုလူသားများသည်လည်း စီထော်နိုင်ငံ၏ မူလသတ္တဝါများဟု ယူဆခဲ့သော်လည်း ပြင်ပလောကမှ လူသားများကိုပါ ဖမ်းဆီးခေါ်ဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

​“မင်းတို့ကို ဖမ်းလာတဲ့သူတွေက သာမန် လေလွင့်ဓားပြတွေလား၊ ဒါမှမဟုတ် အင်အားစု တစ်ခုခုကလား မင်း တစ်ခုခု သိထားတာ ရှိလား ”

လီယန်ချူက မေးလိုက်၏။ သို့သော် လင်းရှုနင်အနေဖြင့် များများစားစား သိနိုင်လိမ့်မည် မဟုတ်ကြောင်း သူတွေးထားသည်။

​“ကျွန်မ သူတို့ ပြောနေတာ ကြားလိုက်သလိုပဲ... ဆန်းဟိုင်မျှော်စင် ဆိုလားပဲ”

လင်းရှုနင်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

​လီယန်ချူ မျက်မှောင်ကြုတ်လိုက်၏။ သူ ဤအမည်ကို တစ်ခါမျှ မကြားဖူးပေ။

​မင်ဟော်ကမူ တိုက်ရိုက်ပင် မေးလိုက်သည်။

“ဆန်းဟိုင်မျှော်စင်... အဲဒီနာမည် သေချာလို့လား”

​လင်းရှုနင်က ခေါင်းညိတ်ပြသည်။

“သေချာပါတယ်၊ သူတို့ စကားပြောနေတာကို ကျွန်မ ကြားလိုက်တာ... သူတို့က ဆန်းဟိုင်မျှော်စင်က လူတွေလို့ ပြောနေကြတာပါ”

​“ဘယ်လိုလဲ... မင်း အဲဒီ ဆန်းဟိုင်မျှော်စင်အကြောင်း သိလို့လား ”

လီယန်ချူက မင်ဟော်ကို ကြည့်ကာ မေးလိုက်သည်။

​မင်ဟော်က ခေါင်းညိတ်ပြပြီး ရှင်းပြလိုက်သည်။

“ဆန်းဟိုင်မျှော်စင်ဆိုတာ လောကထဲက လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုပဲ။ သူတို့က လုပ်ငန်းဆောင်ရွက်ရင် ဘယ်တော့မှ မကျရှုံးဖူးသလို အရမ်းလည်း လျှို့ဝှက်လွန်းတယ်။ သာမန်လုပ်ကြံသတ်ဖြတ်သူတွေတင် မကဘူး၊ ကျင့်ကြံသူတွေပါ ရှိကြတယ်။ ငွေကြေးအလုံအလောက် ပေးနိုင်ရင် သူတို့က ဘယ်လိုအလုပ်မျိုးကိုမဆို လက်ခံလုပ်ဆောင်ပေးတာပဲ”

​လီယန်ချူ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည်။ ထိုလင်းရှုနင်ဆိုသည်မှာ လက်ရှိခေတ်ကာလမှ လူတစ်ဦး မဟုတ်ပေ။ သူတို့ မြင်တွေ့နေရသည်မှာ ရှေးဟောင်းအကြွင်းအကျန် မဖြစ်မီက စီထော်မြို့၏ ပုံရိပ်များသာ ဖြစ်သည်။ သို့ဆိုလျှင် ဤဆန်းဟိုင်မျှော်စင် အဖွဲ့အစည်းမှာ ထိုအချိန်ကတည်းက ယနေ့တိုင် တည်ရှိနေဆဲလား။

​“အမျိုးသမီးလေး... ငါ တစ်ခုလောက် အတည်ပြုချင်လို့ပါ။ မင်း အဖမ်းခံရတဲ့ အချိန်တုန်းက ဘယ်နန်းစံနှစ်လဲ ”

လီယန်ချူက မေးလိုက်သည်။

​လင်းရှုနင်မှာ အံ့အားသင့်သွားပြီး နားမလည်နိုင်သော်လည်း သေချာစွာ ဖြေကြားပေးသည်။

“ကျင်ဧကရာဇ် နန်းစံသုံးနှစ် ပါ... ကျွန်မ အဖမ်းခံရတာ နှစ်တွေ အများကြီး ကြာသွားပြီလားဟင် ”

​အရပ်သားများကြားရှိ ပုံပြင်များတွင် 'ဝါးတစ်ပင်အိပ်မက်' (အိပ်မက်ထဲတွင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခြင်း) ကဲ့သို့သော ပုံပြင်များ ရှိတတ်သဖြင့် လင်းရှုနင်က ထိုသို့ မေးမြန်းခြင်း ဖြစ်သည်။

​ကျင်ဧကရာဇ် နန်းစံသုံးနှစ်... လီယန်ချူမှာ အနည်းငယ် မှင်တက်သွားပြီး ခေါင်းခါလိုက်သည်။

“မဟုတ်ပါဘူး... အများကြီး မတွေးပါနဲ့ဦး”

​ဤလူများသည် သူ ကယ်တင်ထားသော်လည်း လက်တွေ့တွင်မူ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် လီယန်ချူမှာ အမှန်တရားကို မပြောရက်တော့ပေ။

​သူသည် ကျန်ရှိနေသော လူများကို ဆက်လက် မေးမြန်းကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ကျန်ရှိသော အဝတ်အစား ကွဲပြားသူများသည်လည်း ချန်နိုင်ငံမှ ဖြစ်ကြသည်။ သူတို့သည်လည်း လူယုတ်မာများ၏ ဖမ်းဆီးခြင်းကို ခံရကာ ဝေဝေဝါးဝါးဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော် အခြားထူးခြားသော အချက်အလက်များကိုမူ မပေးနိုင်ကြတော့ပေ။

​မျက်ဝန်းများ ထုံထိုင်းနေသည့် လူသားများကိုမူ လီယန်ချူက စိတ်ကြည်လင်သည့်ဂါထာ ကို ရွတ်ဆိုကာ တာအိုကျင့်ကြံခြင်း စွမ်းအားများကို သူတို့ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်ပြီးနောက်မှသာ သတိပြန်လည်လာကြတော့သည်။

သူတို့သည် ငယ်စဉ်ကတည်းက ထိုစီထော်နိုင်ငံတွင် ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ ဤလူများသည် မိစ္ဆာအငွေ့အသက်များ၏ ပြင်းထန်စွာ တိုက်စားခြင်းကို ခံထားရသဖြင့် မှတ်ဉာဏ်များမှာလည်း ရှုပ်ထွေးနေကြ၏။

​ထိုအထဲမှ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ဝေဝေဝါးဝါးဖြင့် ပြောပြသည်မှာ သူငယ်စဉ်ကတည်းက လင်းရှုနင်ကဲ့သို့ ပြင်ပမှ လူများကို မြင်တွေ့ခဲ့ဖူးသည် ဟု ဆိုသည်။

​လီယန်ချူနှင့် မင်ဟော်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ဤအမျိုးသားမှာ အသက် ၄၀ ကျော်ရှိနေပြီ ဖြစ်ရာ၊ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက မိစ္ဆာများသည် လူသားများကို စီထော်မြို့ထဲသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုစီထော်မြို့ရှိ မူလလူသားများသည်ပင် ထိုကဲ့သို့ ပြင်ပမှ ဖမ်းလာသူများ ဖြစ်နိုင်ပေသည်။

​တွေးကြည့်လေ ကြောက်စရာကောင်းလေပင်

​“ဒီစီထော်မြို့တစ်မြို့လုံးက မိစ္ဆာတွေချည်းပဲ... နောက်ထပ် ငါတို့ ဘာဆက်လုပ်ကြမလဲ ”

မင်ဟော်က မေးလိုက်သည်။

​“မြို့ပြင်က ကျင့်ကြံသူတွေလည်း ဒီမြို့ရဲ့ အမှန်တရားကို စူးစမ်းဖို့ တစ်နည်းနည်းနဲ့ ဝင်လာကြမှာ သေချာတယ်။ ငါတို့ အရင်ဆုံး နားခိုဖို့ နေရာတစ်ခု ရှာရအောင်”

ဟု လီယန်ချူက ဆိုသည်။

​“ဘယ်မှာ သွားနားမှာလဲ ”

မင်ဟော်က မေးသည်။ ဤစီထော်မြို့ထဲတွင် ဧည့်ဂေဟာ သို့မဟုတ် အရက်ဆိုင်များ ရှိလိမ့်မည်လား သို့သော် ထိုမိစ္ဆာများ၏ အနေအထားအရ ရှိနိုင်သည်မှာလည်း မဆန်းပေ။

​“ဒါက မခက်ပါဘူး... ခဏလောက် စောင့်နေကြ”

လီယန်ချူက ပြုံးလျက် ဆိုလိုက်သည်။

​မင်ဟော်မှာ မျက်မှောင်ကြုတ်ကာ နားမလည်နိုင်သလို ဖြစ်နေဆဲပင်။ လီယန်ချူက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။ မိစ္ဆာများ စုဝေးနေသည့် ဤစီထော်မြို့ထဲတွင် သူသည် အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိဘဲ အလွန် တည်ငြိမ်အေးဆေးနေ၏။

​စီထော်မြို့ထဲတွင် အလွန်စည်ကားနေပြီး မိစ္ဆာအငွေ့အသက်များက ဖုံးလွှမ်းနေသည်။ လီယန်ချူသည် ခဏမျှ စဉ်းစားပြီးနောက် မျက်စိလျင်သော မိစ္ဆာကြီးများက အရိပ်အယောင် မြင်သွားမည်စိုးသဖြင့် တာအိုဝတ်ရုံကို လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သာမန် သိုင်းလောက ဓားသမားတစ်ဦးကဲ့သို့ ဝတ်ဆင်လိုက်၏။

​ကျန့်ကျောင်းဓား ကို သိမ်းဆည်းလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ တောင်တန်းသခင် ၏ ကျားခေါင်းရွှေလှံ ကို ထုတ်ယူလိုက်သည်။ သတ်ဖြတ်လိုသော အရှိန်အဝါ ပြင်းထန်လှသည့် လှံရှည်ကြီးကို ပခုံးတွင် ထမ်းကာ စီထော်မြို့လမ်းမများပေါ်တွင် လျှောက်လှမ်းနေသောအခါ လီယန်ချူ၏ ကိုယ်မှ မောက်မာရိုင်းစိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။

တောင်တန်းသခင်သည် နှစ်ပေါင်း ၈၀၀ ကျော် ကျင့်ကြံသက်ရှိသည့် မိစ္ဆာကြီးတစ်ကောင် ဖြစ်ရာ သူ၏ ကျင့်ကြံမှုမှာ အလွန်ပင် အားကောင်းလှသည်။ ဤကျားခေါင်းရွှေလှံသည်လည်း သတ်ဖြတ်လိုစိတ် အလွန်ပြင်းထန်ကာ ပုံစံမှာလည်း ခန့်ညားလှသဖြင့် မြင်သူတိုင်းက ဤလူမှာ ရန်မစသင့်သည့်သူဟု သတ်မှတ်ကြပေလိမ့်မည်။

​လီယန်ချူသည် ပုံစံအမျိုးမျိုးရှိသော မိစ္ဆာများကို ကြည့်ရင်း မကြာမီမှာပင် ပစ်မှတ်တစ်ခုကို ရွေးချယ်လိုက်သည်။

၎င်းမှာ ထွားကျိုင်းသော ဝက်ဝံမိစ္ဆာတစ်ကောင် ဖြစ်ပြီး ဝတ်စားဆင်ယင်မှုမှာ အလွန်ခန့်ညားကာ ရွှေငွေတန်ဆာများလည်း ဝတ်ဆင်ထားသည်။

ထို့အပြင် လူသားအသွင်သို့ ပြောင်းလဲထားမှုမှာလည်း သာမန်ထက် ပိုမိုပြည့်စုံနေ၏။ ပတ်ဝန်းကျင်ရှိ မိစ္ဆာများနှင့် နှိုင်းယှဉ်လျှင် ဤဝက်ဝံမိစ္ဆာသည် မိစ္ဆာများကြားရှိ သူဌေးတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသည်။

​သူသည် စီထော်မြို့တွင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သူ ဖြစ်ပေလိမ့်မည်။ သူ၏ လက်ထဲတွင်လည်း ဖြူဖွေးနေသော လူသားခြေထောက်တစ်ဖက်ကို ကိုင်ကာ အားရပါးရ ကိုက်စားနေပြီး သွေးများမှာ စီးကျနေသော်လည်း သူ၏ အမူအရာမှာမူ အလွန်ပင် ကျေနပ်နေဟန်ရှိသည်။

​လီယန်ချူသည် ကျားခေါင်းရွှေလှံကို ပခုံးပေါ်တင်ကာ လှမ်းလျှောက်သွားသည်။ ဤဝက်ဝံမိစ္ဆာမှာလည်း ခန္ဓာကိုယ် ထွားကျိုင်းကာ သန်မာလှသဖြင့် မြို့ထဲတွင် မောက်မာသူတစ်ဦး ဖြစ်သည်။

​လီယန်ချူက အနားသို့ ရောက်သောအခါ ရှောင်တိမ်းခြင်း မပြုဘဲ တန်းတန်းမတ်မတ် လျှောက်သွား၏။ ဝက်ဝံမိစ္ဆာ၏ မျက်လုံးများ အေးစက်သွားကာ ကြွက်သားများ တင်းမာသွားပြီး လီယန်ချူကို တမင်သက်သက် ဝင်တိုက်လိုက်တော့သည်။

​လောကကြီးတွင် အသေအလဲ တိုက်ခိုက်ကြခြင်းမှာ များသောအားဖြင့် ၊ ဘာကြည့်တာလဲ ၊ ကြည့်တော့ ဘာဖြစ်လဲ ဆိုသည့် စကားများမှ စတင်တတ်ကြသည် မဟုတ်ပါလား။

စကားတစ်ခွန်း မမှားရုံနှင့် ဓားချင်း ရင်ဆိုင်တတ်ကြသည်မှာ လောကကြီးသည် အင်အားကိုသာ အဓိကထားပြီး စည်းမျဉ်းစည်းကမ်းများ၏ ထိန်းချုပ်မှု နည်းပါးသောကြောင့် ဖြစ်သည်။

​ထိုနည်းတူပင် မိစ္ဆာများ စုဝေးရာ ဤစီထော်မြို့တွင်လည်း ယဉ်ကျေးပျူငှာမှုဆိုသည်မှာ မရှိပေ။ အင်အားကသာ အရာရာကို ဆုံးဖြတ်ခြင်း ဖြစ်သည်။ မိစ္ဆာများ၏ စရိုက်မှာလည်း လောကသားများထက် ပို၍ ကြမ်းတမ်းလှသည်။

​ဗုန်း

​လီယန်ချူနှင့် ထိုဝက်ဝံမိစ္ဆာတို့ ဝင်တိုက်မိကြသည်။ လီယန်ချူ၏ အမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိသလို ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်သွားခြင်း မရှိပေ။

ဝက်ဝံမိစ္ဆာမှာမူ ဝင်တိုက်မိသည့် အရှိန်ကြောင့် ဟန်ချက်ပျက်ကာ နောက်သို့ လွင့်ထွက်သွားတော့သည်။ သူသည် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားပြီး လီယန်ချူကို အံ့အားသင့်စွာ စိုက်ကြည့်နေတော့၏။

​“မင်း အမေက မင်းကို မျက်လုံးမပါဘဲ မွေးထားတာလား ”

လီယန်ချူက အေးစက်စွာ အော်ဟစ်လိုက်သည်။

​ဖြောင်း

​ချက်ချင်းပင် ပြန်ထရန် ပြင်နေသော ဝက်ဝံမိစ္ဆာကို ပါးတစ်ချက် ရိုက်ကာ မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားစေတော့သည်။

အခန်း (၅၈၄) - မိုက်မာရိုင်းစိုင်းခြင်း ၊ လုံးဝဟန်မပျက်သည့် လီတာအိုဆရာ ၊ ဝက်ဝံမျိုးနွယ်မိစ္ဆာ၏ နေအိမ်

​ဝက်ဝံမျိုးနွယ် မိစ္ဆာများသည် ကြံ့ခိုင်သန်စွမ်းသော အရိုးအဆစ်၊ ကြွက်သားများကြောင့် နာမည်ကျော်ကြားလှသည်။

​ဤဝက်ဝံမိစ္ဆာမှာလည်း စီထော်မြို့အတွင်းရှိ အင်အားကြီးသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်းလေးရာ ကျင့်ကြံခြင်းသက်တမ်းရှိကာ အရှိန်အဝါမှာ အလွန်ပင် မောက်မာရိုင်းစိုင်းလှ၏။ ရန်သူနှင့် ရင်ဆိုင်ရလျှင် များသောအားဖြင့် မည်သည့်မှော်အတတ်ကိုမျှ အသုံးမပြုဘဲ သန်မာလှသော ခန္ဓာကိုယ်ဖြင့် တိုးဝှေ့တိုက်ခိုက်ကာ ပြိုင်ဘက်ကို အပိုင်းပိုင်းအစစ ဆွဲဖြတ်ပစ်လေ့ရှိသည်။

​သို့သော် ယနေ့တွင်မူ သူသည် တစ်စုံတစ်ယောက်၏ အရိုက်အနှက်ကို ခံလိုက်ရသဖြင့် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားရရှာသည်။

​သူ့လက်ထဲမှ သွားရာများဖြင့် သွေးရဲရဲဖြစ်နေသော လူသားခြေထောက်မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ ပေကျံသွားတော့၏။ ဝက်ဝံမိစ္ဆာမှာ မှင်တက်သွားကာ လီယန်ချူကို စိုက်ကြည့်နေမိသည်။

တစ်ဖက်လူမှာ သူ၏အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားသော်လည်း သူ၏ ထက်မြက်လှသော မျက်လုံးများဖြင့် ကြည့်ရုံနှင့်ပင် တစ်ဖက်လူသည်လည်း ဝက်ဝံမျိုးနွယ်ဖြစ်ကြောင်း၊ ခန္ဓာကိုယ်မှာမူ ထူးထူးခြားခြား ကြီးမားခြင်းမရှိကြောင်း အလွယ်တကူ သိနိုင်ပေသည်။

​သို့သော်လည်း ထိုခွန်အားမှာမူ တကယ်ပင် ကျိန်စာတိုက်စရာကောင်းလောက်အောင် အံ့ဩဖို့ကောင်းလှချေ၏။

​ဝက်ဝံမိစ္ဆာက လီယန်ချူကို စူးစူးစိုက်စိုက် ကြည့်နေစဉ်မှာပင်

​ဖြောင်း

​လီယန်ချူက နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

​“မင်းအမေယိုးးး မင်းက ငါ့ကို မကျေနပ်ဘူးလား ”

​ကြီးမားလှသော ခွန်အားကြောင့် ဝက်ဝံမိစ္ဆာ၏ ဦးနှောက်မှာ ဝုန်းဝုန်းနှင့် မြည်သွားတော့သည်။ ပါးပြင်ပေါ်မှ အရေပြားများမှာ ကွဲအက်သွားပြီး သွေးများ စီးကျလာ၏။ ဝက်ဝံမိစ္ဆာမှာ ခုနကပင် တစ်မျိုး ခံစားလိုက်ရသည်။

ထိုမျိုးနွယ်တူ မိစ္ဆာသည် သူ့ကို ပါးတစ်ချက်တည်းနှင့်ပင် အသေသတ်နိုင်သည်ဟု သူ ထင်လိုက်မိခြင်းပင်

​သူသည် အတင်းရုန်းကန်ကာ ပြန်ထလိုက်သည်။ ခုနက သူ သတ္တိနည်းသွား၍သာ ဖြစ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေမိ၏။ ဤမျှအထိ သန်မာသောသူ ဘယ်လိုလုပ် ရှိနိုင်မည်နည်း။

​“မင်းက ဘယ်သူလဲ”

​“ငါ မင်းကို မသိဘူး”

​မိစ္ဆာများမှာ ကြမ်းကြုတ်ခက်ထန်ပြီး သတ်ဖြတ်ခြင်းကို ဝါသနာပါသည်ဟု ဆိုကြသော်လည်း၊ မိမိထက် သာလွန်သန်မာသော မိစ္ဆာနှင့် တွေ့သောအခါတွင်မူ သူတို့သည်လည်း စည်းကမ်းကို အလွန်ပင် နားလည်တတ်ကြပေသည်။ လူသားတို့၏ လောကရှိ တိုင်းနိုင်ငံများတွင် စည်းကမ်းမရှိပါက အများဆုံး အရိုက်ခံရရုံသာ ရှိမည်။

သို့သော် မိစ္ဆာများ စုဝေးရာ ထိုစီထော်နိုင်ငံတွင်မူ

​မင်းသာ အတင်းအကျပ် မာန်တင်းနေမည်ဆိုလျှင် အစားခံလိုက်ရဖို့သာ ရှိတော့သည်။

​ဝက်ဝံမိစ္ဆာသည် ပြီးခဲ့သည့်လကပင် သူ့အပေါ် မရိုမသေလုပ်သော မိစ္ဆာတစ်ကောင်ကို စားပစ်ခဲ့သေးသည်။ သို့သော် ဝဋ်လည်မှုမှာ မိမိဆီသို့ ဤမျှအထိ မြန်မြန်ဆန်ဆန် ပြန်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​“ငါ့ပိုက်ဆံတွေ အကြွေးယူထားပြီး ငါ့ကို မသိသလို လုပ်နေသေးတယ်၊ တည့်တည့်မတ်မတ် ရပ်စမ်း ”

​လီယန်ချူက ခြေတစ်ချက် ကန်လိုက်၏ ဝက်ဝံမိစ္ဆာမှာ သူ၏ ဝမ်းဗိုက်ကို ကြီးမားလှသော သံတူကြီးဖြင့် ထုရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

​ဂျွတ်

​နံရိုးများ ကျိုးသွားကာ ကိုယ်တွင်းအင်္ဂါများပင် နေရာလွဲသွားတော့၏။ ဝက်ဝံမိစ္ဆာမှာ နာကျင်လွန်းသဖြင့် ခဏချင်း စကားပင် မပြောနိုင်တော့ပါချေ။

​ဤမျှ အားကောင်းလှသော ခွန်အားမျိုးရှိသည်ဆိုလျှင် တစ်ဖက်လူမှာ ဝက်ဝံမျိုးနွယ်ထဲမှ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ရပေမည်။ ဝက်ဝံမိစ္ဆာသည် တည့်တည့်မတ်မတ် ရပ် ဆိုသည့် အဓိပ္ပာယ်ကို နားမလည်သလို၊ သူသည် မည်သူ့ဆီမှ အကြွေးယူထားသလဲဆိုသည်ကိုလည်း လုံးဝ မသိပါချေ။

​ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာမူ ဤအခြေအနေကို မြင်သောအခါ ကြောက်လန့်သွားကြပြီး အနားသို့ မကပ်ဝံ့ကြတော့ပေ။ ဤလူငယ်၏ ပခုံးပေါ်မှ လှံရှည်ကြီးမှာ သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေပြီး သာမန်မိစ္ဆာ မဟုတ်ကြောင်း အထင်အရှားပင်။

အစွမ်းအစနှင့် အဆင့်အတန်း မရှိပါက မည်သူက ထိုကဲ့သို့သော လှံရှည်မျိုးကို ကိုင်ဆောင်နိုင်ပါမည်နည်း ထို့အပြင် လှံပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မိစ္ဆာကြီးတစ်ကောင်၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း သိသာလှသည်။

​“စီထော်မြို့ထဲမှာ ငါတို့ နွားမျိုးနွယ် ထဲမှာတောင် ဒီလောက် ကြမ်းကြုတ်တဲ့သူ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်ကို အားရစရာကြီးပဲ ”

​ထွားကျိုင်းသော နွားမိစ္ဆာတစ်ကောင်မှာ ရင်ထဲတွင် စိတ်လှုပ်ရှားစွာ တွေးနေမိသည်။

နွားမျိုးနွယ်သည် စီထော်မြို့တွင် အဆင့်အတန်း မမြင့်မားလှသလို သူကိုယ်တိုင်မှာလည်း သာမန်မျှသာ ဖြစ်သည်။ သို့သော် မိမိတို့ မျိုးနွယ်တူတစ်ဦးက မြို့ထဲတွင် ဤမျှအထိ မောက်မာနိုင်သည်ကို မြင်ရသောအခါ သူ အလွန်ပင် ဂုဏ်ယူနေမိသည်။

​တကယ်ကို နွားကျ (အလွန်တော်) တာပဲ

​ထိုနွားမိစ္ဆာမှာ စိတ်ထဲမှ ချီးကျူးနေမိ၏

​နှစ်ဦးသားကြား အငြင်းပွားမှုရှိသည်ဟု ကြားလိုက်ရသဖြင့် လူအုပ်ကြီးမှာလည်း သိပ်ပြီး အာရုံမစိုက်တော့ပေ။ စီထော်မြို့ထဲတွင် တစ်ရက်လျှင် ရန်ပွဲပေါင်း ဆယ်ဂဏန်းခန့် မဖြစ်ပါက ပုံမှန်မဟုတ်ဟုပင် ဆိုရမည်။

​“ကျွန်တော် ခင်ဗျားကို မသိပါဘူး... ကျွန်တော် ဘယ်လိုလုပ် အကြွေးတင်နေမှာလဲ ”

​ဤဝက်ဝံမိစ္ဆာမှာ အရိုက်ခံရလွန်းသဖြင့် ကြောင်အအ ဖြစ်သွားရှာသည်။ နားထင်များမှာလည်း အုန်းအုန်းမြည်နေပြီး သွားအချို့လည်း ကျွတ်ထွက်သွားကာ နံရိုးအချို့လည်း ကျိုးသွားပြီ ဖြစ်သည်။

ဝက်ဝံမျိုးနွယ်၏ သန်မာလှသော ခန္ဓာကိုယ်ဖြင့်ပင် တစ်ဖက်လူ၏ သာမန်ခြေကန်ချက် အနည်းငယ်ကို မခံနိုင်ဘဲ ထိုကဲ့သို့ ဝက်ဝံနာ (သနားစရာပုံစံ) ဖြစ်သွားရသည်ကို သူ လုံးဝ မယုံကြည်နိုင်ဖြစ်နေမိသည်။

​“မသိဘူးဟုတ်လား အကြွေးယူထားပြီး မဆပ်တဲ့အပြင် မင်းက ဘာလို့ ဒီလောက်တောင် အကျိုးအကြောင်းတွေ ပြောနေရတာလဲ ”

​လီယန်ချူက ဆဲဆိုလိုက်ပြီး ဝက်ဝံမိစ္ဆာကို ခြေဖြင့် ထပ်မံ ကန်လွှတ်လိုက်ပြန်သည်။

​ဂျွတ်

​ဝက်ဝံမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်မှ အရိုးပေါင်း မည်မျှ ကျိုးသွားသည် မသိရဘဲ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။ ပြင်းထန်လှသော အရှိန်ကြောင့် ဘေးနားတွင် ကြည့်နေသည့် ကြွက်မိစ္ဆာတစ်ကောင်မှာပင် ဖိမိပြီး အသားနှစ်များ ဖြစ်သွားရ၏။

​လီယန်ချူသည် ကျားခေါင်းရွှေလှံကို ပခုံးတွင် ထမ်းကာ လျှောက်သွားလိုက်ပြီး အထက်စီးမှ စိုက်ကြည့်လိုက်သည်။

​“အခုရော သိပြီလား”

​သူ၏ အသံမှာ အေးစက်တည်ငြိမ်နေ၏။

​“သိပါပြီ သိပါပြီ ကျွန်တော် လူကြီးမင်းဆီမှာ အကြွေးတင်နေတာ အမှန်ပါပဲ၊ အခုပဲ အိမ်ကိုပြန်ပြီး လူကြီးမင်းအတွက် ပိုက်ဆံသွားယူပါ့မယ် ”

​ဝက်ဝံမိစ္ဆာမှာ ယခုအခါ သေတော့မလိုနေပြီ ဖြစ်သော်လည်း သူ၏ အပြုံးမှာမူ အလွန်ပင် ယဉ်ကျေးပျူငှာနေတော့သည်။ အကြောင်းပြချက်မရှိဘဲ ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် စိတ်မကောင်း ဖြစ်သွားကြသည်။

​စီထော်မြို့ထဲတွင် ရွှေငွေရတနာများ သုံးစွဲမှု ရှိပေသည်။ ထို့အပြင် အစာအဖြစ် မွေးမြူထားသော လူသားများသည်လည်း ပိုင်ဆိုင်မှု ပစ္စည်းတစ်ခုပင် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ မိစ္ဆာများမှာ ကြောက်ကြောက်လန့်လန့်နှင့် ကြည့်နေကြ၏။

​ဒါ ဘယ်အိမ်တော်က အကြွေးလာတောင်းတဲ့သူလဲ တကယ်ကို ရက်စက်လွန်းတာပဲ

​အသွင်ပြောင်းတာအိုအတတ် ရှိနေသဖြင့် လီယန်ချူသည် အသွင်ပြောင်းလဲခြင်းအတတ်ကို မသုံးသော်လည်း မည်သူမျှ သူသည် လူသားဖြစ်ကြောင်း မရိပ်မိကြပါချေ။ ထို့အပြင် သူ၏ အပြောအဆိုနှင့် အပြုအမူများမှာလည်း မိစ္ဆာတစ်ကောင်နှင့် အလွန်ပင် တူညီနေသဖြင့် ဘေးပတ်ဝန်းကျင်မှသူများမှာ မည်သည့် သံသယမျှ မရှိကြပေ။

​ခဏအကြာတွင် မင်ဟော်သည် တစ်စုံတစ်ယောက် အနားသို့ ချဉ်းကပ်လာသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

​မိစ္ဆာအရှိန်အဝါ

​သူမ ခေါင်းမော့ကြည့်လိုက်ရာ အရိပ်နှစ်ခု ဖြည်းညင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ ရှေ့ဆုံးမှ တစ်ဦးမှာ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားကာ မျက်နှာသွင်ပြင်မှာ ပြတ်သားလှသည်။

​ပခုံးပေါ်တွင် ရွှေရောင်လှံရှည်ကြီးတစ်လက်ကို ထမ်းထားသဖြင့် မြင်သာထင်သာ ရှိလှ၏ ၎င်းမှာ တာအိုဝတ်ရုံကို လဲလှယ်လိုက်သော လီယန်ချူပင် ဖြစ်သည်။

တာအိုဝတ်ရုံ ဝတ်ဆင်ထားချိန်တွင် လီယန်ချူမှာ လောကီနှင့် ကင်းကွာသော အရှိန်အဝါမျိုး ရှိသော်လည်း ယခုကဲ့သို့ သာမန်အဝတ်အစားနှင့်ဆိုလျှင်မူ သိုင်းလောကသားတစ်ဦး၏ ထက်မြက်ကြမ်းတမ်းသော အရှိန်အဝါမျိုး ရှိနေတော့သည်။ အလွန်ပင် ယောက်ျားပီသလှသော အရှိန်အဝါတစ်ခုမှာ ဟုန်ခနဲ စီးဆင်းနေ၏။

​လီယန်ချူ၏ နောက်ကွယ်တွင်မူ ထွားကျိုင်းသော ဝက်ဝံမိစ္ဆာတစ်ကောင် လိုက်ပါလာသည်။ ဤဝက်ဝံမိစ္ဆာမှာ လူသားအသွင် အတော်အတန် ပြောင်းလဲထားသော်လည်း အချို့သော အမှတ်အသားများကိုမူ ထိန်းသိမ်းထားဆဲပင်။

ဝက်ဝံမိစ္ဆာ၏ ကိုယ်မှ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသော်လည်း သူ၏ မျက်ဝန်းများမှာမူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ ကိုယ်ပေါ်တွင်လည်း သွေးများစွန်းနေကာ လမ်းလျှောက်နေသည်မှာလည်း ယိုင်တိုင်တိုင်နှင့် ဖြစ်နေသည်။

​“ဒါက ဘာတွေလဲ” မင်ဟော်က နားမလည်စွာ မေးလိုက်သည်။

​“ဒီမြေးလေးက ငါ့ဆီမှာ ပိုက်ဆံအကြွေးတင်နေလို့ သူ့အိမ်ကို အကြွေးသွားတောင်းမလို့”

လီယန်ချူက ပြုံးလျက် ဆိုလိုက်သည်။

​ဝက်ဝံမိစ္ဆာသည် လီယန်ချူကို အလွန်ပင် ရိုသေကြောက်လန့်နေသဖြင့် သူ့ရှေ့တွင် လှပသော မြေခွေးမလေး (မင်ဟော်) ရှိနေသော်လည်း တစ်ချက်ကလေးမျှ မော့မကြည့်ဝံ့ပါချေ။

​“…………” မင်ဟော်။

​ဤသို့ဖြင့် လီယန်ချူသည် ဝက်ဝံမိစ္ဆာ၏ နေအိမ်သို့ မကြာမီပင် ရောက်ရှိလာတော့သည်။

စီထော်မြို့၏ ဗိသုကာလက်ရာများမှာ လူသားတို့၏ အဆောက်အအုံများနှင့် ဆင်တူလှသည်။ ဤဝက်ဝံမိစ္ဆာ၏ နေအိမ်မှာလည်း ချမ်းသာသော သူဌေးအိမ်တော် တစ်ခု၏ ပုံစံမျိုးပင် ဖြစ်သည်။

​“လူကြီးမင်း... ဒီဘက်က ကြွပါ”

​ဝက်ဝံမိစ္ဆာသည် ရှေ့မှနေ၍ ဖားယားကာ လမ်းပြနေရှာသည်။ သူ၏ ပါးစပ်ထဲမှ ခဏခဏ သွေးများ ထွက်လာပြီး သွားအချို့ ကျိုးနေသဖြင့် စကားပြောလျှင်လည်း လေထွက်နေကာ ပါးပြင်မှာလည်း ကွဲအက်နေ၏။

​လီယန်ချူက ခေါင်းညိတ်ပြပြီး ဘာမှမဖြစ်သကဲ့သို့ ဝက်ဝံမိစ္ဆာနောက်မှ လိုက်ပါသွားသည်။ ချန်နိုင်ငံမှ သူဌေးသမီးလေး လင်းရှုနင်မှာမူ လီယန်ချူကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ဤတာအိုဆရာသည် သူမ ယခင်က မြင်ဖူးသမျှ တာအိုဆရာအားလုံးနှင့် မတူညီလှပါချေ။ ထို့အပြင် လင်းရှုနင်၏ စိတ်ထဲတွင် ထိုတာအိုဆရာသည် ဤစီထော်နိုင်ငံထဲတွင် ရှိနေသည်မှာ လုံးဝပင် ဟန်မပျက်ဘဲ သဘာဝကျနေသည်ဟု ခံစားနေရ၏။

​အားလုံး နေရာချပြီးနောက် လီယန်ချူသည် ဤအိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်လှသော သွေးညှီနံ့ကို ခံစားလိုက်ရသည်။

​“မင်းအိမ်မှာ လူသားတွေကို အစာအဖြစ် မွေးမြူထားတာလား”

လီယန်ချူက အေးစက်စွာ ဆိုသည်။

​“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... လူကြီးမင်း ကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော် အခုပဲ လူကြီးမင်းအတွက် အချို့ကို ယူလာပေးပါ့မယ်အာ... မဟုတ်ဘူး၊ အားလုံးကိုပဲ လူကြီးမင်းဆီ ဆက်သပါ့မယ်”

ဝက်ဝံမိစ္ဆာက အလျင်အမြန် ဆိုလိုက်သည်။

​“ရတယ်... ငါ့ကို သွားကြည့်ဖို့ ခေါ်သွားပါဦး”

လီယန်ချူက အေးစက်စွာပင် ဆိုလိုက်သည်။

​အမှန်တကယ်ပင် ထိုဝက်ဝံမိစ္ဆာ၏ အိမ်တွင်လည်း အစာအဖြစ် မွေးမြူထားသော လူသား ၂၀၊ ၃၀ ခန့် ရှိနေသည်။ ဤလူသားများထဲတွင် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ပြီး ဝက်ဝံမိစ္ဆာကို အလွန်အမင်း ကြောက်လန့်နေကြ၏။

ဝက်ဝံမိစ္ဆာ၏ ရက်စက်မှုကြောင့် ဤလူများသည် ထုံထိုင်းသွားရန်ပင် မဖြစ်နိုင်ဘဲ အမြဲတမ်း ထိတ်လန့်နေကြရရှာသည်။

သူ ခုနက လမ်းပေါ်တွင် လူသားခြေထောက်တစ်ဖက်ကို အားရပါးရ ကိုက်စားနေသည်ကို ကြည့်ခြင်းဖြင့် သူ၏ ကြမ်းကြုတ်မှုကို သိနိုင်ပေသည်။

​ထိုအချိန်တွင် မြေပြင်ပေါ်၌ အလောင်းတစ်လောင်း ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။

၎င်းမှာ အမျိုးသမီးငယ်တစ်ဦး ဖြစ်၏။ သူမ၏ ပေါင်တစ်ဖက်မှာ အရှင်လတ်လတ် ဆွဲဖြတ်ခြင်း ခံထားရပြီး သွေးထွက်လွန်ကာ သေဆုံးနေခြင်း ဖြစ်သည်။

All Chapters