အခန်း (၅၈၅-၅၈၆)
Vol. 59 Ch. 585-586
အခန်း (၅၈၅) - ဝက်ဝံမျိုးနွယ်မှ စစ်သူကြီး ၊ စီထော်နိုင်ငံ၏ နောက်ခံသမိုင်း ၊ လူငယ်ရဟန်း ၊ မင်းက ဘယ်လိုမျက်လုံးနဲ့ ကြည့်နေတာလဲ
လီယန်ချူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တစ်ချက်မျှ ဖြတ်ပြေးသွားပြီး ထိုဝက်ဝံမိစ္ဆာကို လှမ်းကြည့်လိုက်သည်။ ၎င်းအကြည့်ကြောင့် ဝက်ဝံမိစ္ဆာမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကာ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များပင် ထောင်ထသွားတော့၏။
သူနှင့် မင်ဟော်တို့သည် အစာအဖြစ် အကျဉ်းချခံထားရသော ထိုလူသားများကို ကယ်ထုတ်ခဲ့ကြသည်။ ဤလူများမှာ စိတ်ကူးယဉ်ပုံရိပ်များသာ ဖြစ်သော်လည်း လီယန်ချူမှာမူ မသိကျိုးကျွံ မပြုခဲ့ပေ။ မည်သို့ပင်ဆိုစေ သူသည် တိုက်ခိုက်နိုင်စွမ်း ရှိသူဖြစ်ရာ ရင်ထဲတွင် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိပါချေ။
ဤဝက်ဝံမျိုးနွယ် မိစ္ဆာသည် စီထော်မြို့အတွင်း အဆင့်အတန်း မနိမ့်လှပေ။ လီယန်ချူ၏ စစ်ဆေးမေးမြန်းမှုအရ ဤကောင်မှာ ခြင်္သေ့မိစ္ဆာဘုရင် ၏ လက်အောက်ခံ စစ်သူကြီးတစ်ဦး ဖြစ်နေကြောင်း သိလိုက်ရသည်။
“ဒါဆို မင်းက ဒီခြင်္သေ့မိစ္ဆာဘုရင်အကြောင်းကို အတော်လေး သိထားတာပေါ့"
လီယန်ချူက မေးလိုက်၏။
“ဒါပေါ့... ခြင်္သေ့မိစ္ဆာဘုရင်ရဲ့ မူလအစစ်အမှန်က လည်ဆံနီခြင်္သေ့တစ်ကောင်ပဲ၊ သူ့မှာ ရတနာဖြစ်တဲ့ ယင်ယန်ဓာတ်နှစ်ပါးပုလင်း ရှိတယ်။ လူတစ်ယောက်ကို အဲဒီထဲ ထည့်လိုက်တာနဲ့ တစ်အောင့်အတွင်းမှာတင် ဝိညာဉ်လွင့်စင်ပြီး အရိုးနဲ့အသားတွေပါ အရည်ပျော်သွားစေနိုင်တယ်”
ဟု ဝက်ဝံမိစ္ဆာက ဆိုသည်။
မင်ဟော်သည် ထိုစကားကို ကြားသောအခါ မှင်တက်သွား၏။ သူမသည် ရှေးခင်က ထိုစီထော်မြို့ထဲတွင် ပုလင်းတစ်လုံး ရရှိခဲ့ဖူးသည်။ ပုံစံမှာ ရှေးဆန်ပြီး ယင်ယန်ဓာတ်နှစ်ပါး ကိန်းအောင်းနေ၏။ ထိုပုလင်းကို သူမ၏ ကိုယ်ပိုင်မှော်ဝင်ပစ္စည်းတစ်ခုအတွင်း သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
ဒါဆို အဲဒါက... မင်ဟော် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားတော့သည်။
လီယန်ချူက သူမကို ကြည့်ကာ မျက်စိတစ်ချက် မှိတ်ပြလိုက်၏။ မင်ဟော်မှာ အံ့အားသင့်သွားရသည်။ သူက အစကတည်းက ရိပ်မိနေခဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် သူမသည် လီယန်ချူ၏ စရိုက်ကို နောက်တစ်မျိုး ထပ်မံနားလည်သွားပြန်သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤကဲ့သို့သော ထိပ်တန်းရတနာမျိုးကို မြင်ပါက အခွင့်အရေးရသည်နှင့် လူသတ်ပြီး လုယူမည်မှာ သေချာသည်။
ဤတာအိုဆရာသည် ပါးစပ်ကသာ လူသတ်လုယူမည်ဟု အမြဲပြောနေသော်လည်း လက်တွေ့တွင်မူ စိတ်အနည်းငယ်မျှပင် ယိမ်းယိုင်ခြင်း မရှိပါချေ။
ထိုအချက်ကို တွေးမိသောအခါ မင်ဟော်၏ မျက်ဝန်းများမှာ နူးညံ့သွားပြီး လီယန်ချူ၏ ပြတ်သားလှသော မျက်နှာသွင်ပြင်ကို ကြည့်ရင်း ပို၍ပင် ကြည့်ကောင်းသည်ဟု ထင်လာမိတော့သည်။
လီယန်ချူမှာမူ မင်ဟော်၏ အနည်းငယ် ပူလောင်လှသော အကြည့်ကို ခံစားလိုက်ရသဖြင့် ကြောင်သွားရ၏။ မင်ဟော်က စိတ်ထဲတွင် ဘာတွေ တွေးနေမှန်း သူ မသိပါချေ။ ထို့ကြောင့် ထိုဝက်ဝံမိစ္ဆာကိုသာ ဆက်လက် မေးမြန်းနေလိုက်သည်။
ဝက်ဝံမိစ္ဆာမှာ သွားများ အရိုက်ခံရ ထားသဖြင့် စကားပြောလျှင် သိပ်မပီသသော်လည်း စီထော်မြို့တွင် ရာထူးရှိသူဖြစ်ရာ မြို့၏ အကြောင်းအရာများကို အသေးစိတ် ရှင်းပြနိုင်ပေသည်။ ထိုသို့ဖြင့် လီယန်ချူနှင့် မင်ဟော်တို့သည် စီထော်မြို့နှင့် ပတ်သက်ပြီး အမြင်သစ်တစ်ခု ရရှိလာခဲ့ကြသည်။
စီထော်မြို့သည် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ခန့် ရှိပြီဖြစ်သည်။ ဤဝက်ဝံမိစ္ဆာသည်လည်း လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်ကမှ စီထော်မြို့သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
မူလက သူသည် ချန်နိုင်ငံ၏ ကျိရှမောင်တောင် တွင် ကျင့်ကြံနေသူ ဖြစ်သည်။ သို့သော် လူငယ်ရဟန်းတစ်ပါး၏ နှိမ်နင်းခြင်းကို ခံရပြီးနောက်မှသာ စီထော်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
လူငယ်ရဟန်း
လီယန်ချူ အံ့အားသင့်သွားသည်။ ယခင်က သူသည် စီထော်မြို့ရှိ မိစ္ဆာများ မည်သည့်နေရာမှ ရောက်လာသနည်းဟု မစဉ်းစားခဲ့မိပေ။ ဤမိစ္ဆာများသည် ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ချန်နိုင်ငံမှ ပြောင်းရွှေ့လာကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါနဲ့ လူကြီးမင်းကရော အရင်က ဘယ်မှာ ကျင့်ကြံခဲ့တာလဲ ခင်ဗျာ ”
ဝက်ဝံမိစ္ဆာက ရိုသေစွာ မေးလိုက်သည်။
“ခွန်လွန်တောင် မှာပဲ”
လီယန်ချူက အေးအေးဆေးဆေးပင် ဖြေလိုက်၏။
ဝက်ဝံမိစ္ဆာမှာ ခေါင်းညိတ်ပြရင်း မျက်ဝန်းထဲတွင် ကြည်ညိုလေးစားမှုများ ပေါ်ထွက်လာသည်။ ခွန်လွန်တောင်သည် တောင်တန်းအပေါင်း၏ အရှင်သခင် ဟု လူသိများသည်။ ထိုနေရာရှိ မိစ္ဆာများမှာ သာမန် ကျင့်ကြံခြင်းအဆင့်မျိုး မဟုတ်ကြသည်မှာ သေချာသည်။
ဒါကြောင့်မို့လို့ ဒီလောက် ကြမ်းနေတာကိုး... ဝက်ဝံမိစ္ဆာက စိတ်ထဲမှ တွေးနေမိသည်။
“ငါ ဒီစီထော်မြို့ကို ရောက်တာ မကြာသေးဘူး၊ ဒီမြို့ထဲက မိစ္ဆာတွေ အားလုံးက ဒီလိုပဲ ရောက်လာကြတာလား”
လီယန်ချူက မေးလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ ခင်ဗျာ”
“ချန်နိုင်ငံက ဖြစ်စေ၊ တောတောင်တွေထဲက ဖြစ်စေ ရောက်လာတဲ့သူတွေက အနည်းစုပဲ ရှိတာပါ။ အများစုကတော့ ဒီစီထော်နိုင်ငံထဲမှာတင် သဘာဝအလျောက် မွေးဖွားလာကြပြီး ဝိညာဉ်စွမ်းအား ရရှိလာကြတာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ဉာဏ်ဖွင့်ပေးခြင်း ကို ခံရတဲ့သူတွေပါ”
ဟု ဝက်ဝံမိစ္ဆာက ရှင်းပြသည်။
လီယန်ချူ ခေါင်းညိတ်လိုက်ပြီး အတွေးထဲ နစ်ဝင်သွား၏။ စီထော်မြို့၏ အကြောင်းအရာများမှာ ပိုမို ရှင်းလင်းလာခဲ့ပြီ...။ ပြင်ပမှ လူငယ်ရဟန်းတစ်ပါးက မိစ္ဆာများကို ဉာဏ်ဖွင့်ပေးပြီး စီထော်နိုင်ငံအတွင်းသို့ ပို့ဆောင်နေခြင်း ဖြစ်သည်။
ဝက်ဝံမိစ္ဆာ၏ စကားကြောင့် လီယန်ချူနှင့် မင်ဟော်တို့ နှစ်ဦးသား အတွေးကိုယ်စီ နစ်ဝင်သွားကြသည်။ ထိုရဟန်းက မည်သူနည်း ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးက ဘာကြောင့် ဤကဲ့သို့သော အမှုကို ပြုလုပ်နေရသနည်း။
လီယန်ချူသည် ထိုလူငယ်ရဟန်း၏ ပုံပန်းသဏ္ဌာန်ကို မေးမြန်းသော်လည်း ဝက်ဝံမိစ္ဆာမှာ အရေးကြီးသော အချက်အလက်များကို မပြောနိုင်ပါချေ။ သူ့အမြင်တွင် လူသားအားလုံးမှာ ပုံစံတူလှသည်ဟု ထင်နေခြင်း ဖြစ်သည်။
လီယန်ချူက ဆက်လက် မေးမြန်းရာမှ အလွန်အရေးကြီးသော အချက်အလက်တစ်ခုကို သိလိုက်ရသည်။ ယနေ့သည် စီထော်နိုင်ငံ၏ အရှင်သခင် သုံးဦးအနက် တစ်ဦးဖြစ်သော ခြင်္သေ့မိစ္ဆာ ၏ သားတော်၊ ခြင်္သေ့ပြာမင်းသား ကျင့်ကြံခြင်းအောင်မြင်သည့် သို့မဟုတ် အဆင့်တက်သည့် နေ့ထူးနေ့မြတ် ဖြစ်နေသည်။ စီထော်နိုင်ငံအနှံ့အပြားရှိ မိစ္ဆာကြီးများကိုလည်း ထိုပွဲသို့ ဖိတ်ကြားထားပေသည်။
“ကျင့်ကြံခြင်းအောင်မြင်တာ ဟုတ်လား အဲဒီ ခြင်္သေ့ပြာမင်းသားရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ ”
လီယန်ချူက မေးလိုက်သည်။
“ခြင်္သေ့ပြာမင်းသားက စီထော်နိုင်ငံရဲ့ ပါရမီအရှိဆုံး ပါရမီရှင်တစ်ဦးပဲ၊ အခု အသက် ၆၀၀ ပဲ ရှိသေးပေမဲ့ နှစ်ပေါင်း တစ်ထောင် ကျင့်ကြံခြင်းသက်တမ်း ရှိနေပြီ။ ချန်နိုင်ငံရဲ့ ကျင့်ကြံခြင်းစနစ်နဲ့ ပြောရရင်... ယန်ဝိညာဥ်အဆင့်ပဲ ”
လီယန်ချူနှင့် မင်ဟော်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ စီထော်နိုင်ငံ၏ အရှင်သခင် သုံးဦးမှာ တတိယအဆင့်ရှိသော မိစ္ဆာနတ်ဘုရားများ ဖြစ်ကြသည်။ ယခုအခါ နောက်ထပ် ခြင်္သေ့ပြာမင်းသားတစ်ပါး ရှိနေပြန်ပြီ။
ယန်ဝိညာဥ် အဆင့်နှင့် ညီမျှသော မိစ္ဆာနတ်ဘုရား လေးပါးတောင်... မင်ဟော် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်နှာမှာ တည်ကြည်လေးနက်သွားတော့သည်။
“ဒီစီထော်နိုင်ငံထဲမှာ ဒီလိုအဆင့်ရှိတဲ့ တခြားမိစ္ဆာဘုရင်တွေ ရှိသေးလား ”
လီယန်ချူက မေးသည်။
“မရှိတော့ပါဘူး... အရှင်သခင် သုံးပါးထဲမှာ ခြင်္သေ့မိစ္ဆာဘုရင် တစ်ပါးတည်းမှာပဲ သားသမီးရှိတာပါ။ ယန်ဝိညာဥ် အဆင့်ကို ရောက်တဲ့ မိစ္ဆာဘုရင်ကတော့ ခြင်္သေ့ပြာမင်းသား တစ်ပါးတည်းပါပဲ”
ဟု ဝက်ဝံမိစ္ဆာက ဖြေသည်။
ဒေါက် ဒေါက် ဒေါက်
သူတို့ သုံးဦး စကားပြောနေစဉ်မှာပင် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“ဒါ ဖိတ်စာလာပို့တဲ့ မိစ္ဆာလေး ဖြစ်ရမယ်”
ဟု ဝက်ဝံမိစ္ဆာက ဆိုသည်။
လီယန်ချူသည် ဝက်ဝံမိစ္ဆာနှင့်အတူ ထွက်ကြည့်လိုက်ရာ၊ တံခါးဝတွင် ခိုးကြောင်ခိုးဝှက် ပုံစံရှိသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ မျက်လုံးလေးများက တဖျတ်ဖျတ်နှင့် လည်နေ၏။ သူ၏ ကျောတွင် အလံနှစ်ခု စိုက်ထားပြီး ပေါ့ပါးသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
“စစ်သူကြီး တျန် ခင်ဗျာ၊ ဒါက ခြင်္သေ့ပြာမင်းသားရဲ့ စားပွဲတော် ဖိတ်စာပါ၊ လူကြီးမင်း အချိန်မီ ကြွရောက်ပေးဖို့ ဖိတ်ကြားပါတယ်”
ထိုမိစ္ဆာလေးမှာ ကြွက်မိစ္ဆာတစ်ကောင် ဖြစ်ပြီး အသံမှာလည်း စူးရှနေ၏။ ဤဝက်ဝံမိစ္ဆာသည်လည်း နာမည်ရှိသူဖြစ်ပြီး စီထော်နိုင်ငံတွင် အဆင့်အတန်း မြင့်မားသဖြင့် ထိုကြွက်မိစ္ဆာထက် အဆင့်အတန်း ပိုမြင့်ပေသည်။ ကြွက်မိစ္ဆာ၏ အမူအရာမှာ အလွန် ရိုသေလှသည်။
သို့သော် ဝက်ဝံမိစ္ဆာ၏ မျက်နှာတစ်ခုလုံး ဖူးရောင်နေပြီး ယိုင်တိုင်တိုင် ဖြစ်နေသည်ကို မြင်သောအခါ သူ ခဏမျှ မှင်တက်သွား၏။ ဤဝက်ဝံမိစ္ဆာ၏ စရိုက်အရ သာမန်အချိန်တွင် ထိုကြွက်မိစ္ဆာက သူ့ကို ထိုကဲ့သို့ ကြည့်မည်ဆိုပါက စားပွဲတင် စားပစ်ကောင်း စားပစ်လိမ့်မည်။
သို့သော် ဤကြွက်မိစ္ဆာသည် ခြင်္သေ့ပြာမင်းသား လွှတ်လိုက်သည့် သတင်းပို့ စစ်သည်ဖြစ်နေသဖြင့် သူ ဒေါသမထွက်ဝံ့ပါချေ။
အထူးသဖြင့် သူ၏ ဘေးတွင် သတ်ဖြတ်လိုသော နတ်ဘုရားတစ်ပါး ရပ်နေသည် မဟုတ်ပါလား။ ဒေါသကလည်း အလွန်ကြီးလှသူ သူ၏ ရှေ့တွင် ဝက်ဝံမိစ္ဆာမှာ အသံပင် မထွက်ဝံ့ရှာပေ။
“သိပြီ”
ဝက်ဝံမိစ္ဆာက တည်တည်ကြည်ကြည်နှင့် အသံဩဩဖြင့် ဖြေလိုက်သည်။ ကြည့်ရသည်မှာ စစ်သူကြီးတစ်ဦး၏ ဂုဏ်သိက္ခာ အနည်းငယ် ရှိနေသေးဟန် တူသည်။
ကြွက်မိစ္ဆာမှာ စိတ်ထဲမှ သံသယကို ဖုံးကွယ်ကာ ပြုံးစိစိနှင့် လှည့်ထွက်သွားတော့သည်။ သူ ထွက်သွားပြီးနောက် ဝက်ဝံမိစ္ဆာမှာမူ ချက်ချင်းပင် အပြုံးမျက်နှာဖြင့် ဖိတ်စာကို လီယန်ချူထံသို့ နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်သည်။
“လူကြီးမင်း... ဒီစားပွဲတော်ကို သွားပြီး ကြည့်ချင်ပါသလား”
ဝက်ဝံမိစ္ဆာက ရိုသေစွာ မေးလိုက်၏။
“သွားလို့ရလား” လီယန်ချူက မေးသည်။
“ဒီဖိတ်စာက လုပ်ထုံးလုပ်နည်းအရ ပေးတာပါ... ခြင်္သေ့ပြာမင်းသားက မိစ္ဆာဘုရင်အဆင့်ကို ဆက်ခံမှာဆိုတော့ အရပ်ရပ်က မိတ်ဆွေတွေကို အခမ်းအနားလာကြည့်ဖို့ ကြိုဆိုတာပါပဲ”
ဟု ဝက်ဝံမိစ္ဆာက ရှင်းပြသည်။
“အဲဒီမှာ ဖျော်ဖြေရေး အစီအစဉ်တွေ၊ လူတစ်ထောင် စားပွဲတော်တွေ၊ လူသား ကချေသည်တွေ၊ လူသားမျိုးစေ့ တွေလည်း ရှိဦးမှာပါ။ အဲဒီမှာ ယန်ဓာတ်တွေကို သီးသန့်စုပ်ယူလို့လည်း ရတယ်၊ တကယ်ကို အမျိုးစုံပြီး စည်ကားမှာပါ၊ လူကြီးမင်း သွားကြည့်သင့်ပါတယ်”
ဝက်ဝံမိစ္ဆာသည် ထိုဝက်ဝံမျိုးနွယ် စီနီယာ (လီယန်ချူ) ကို အစွမ်းကုန် ဖားယားရန် ကြိုးစားနေတော့သည်။
လီယန်ချူသည် ထိုစကားများကို ကြားသောအခါ မျက်လုံးများ ချက်ချင်း အေးစက်သွားတော့သည်။ ဝက်ဝံမိစ္ဆာမှာ သူ၏ နောက်စိတွင် လေအေးများ တဝုန်းဝုန်း တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် ဘာဖြစ်သွားမှန်း သူ မသိပါချေ။
လီယန်ချူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တစ်ချက်မျှ ဖြတ်ပြေးသွားသည်။
“ကောင်းပြီ၊ ဒါဆို ငါ သွားကြည့်တာပေါ့”
ဝက်ဝံမိစ္ဆာမှာ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခြင်္သေ့ပြာမင်းသား၏ စားပွဲတော်ရောက်လျှင် ဤခွေးမသားက သူ့ကို ထပ်ပြီး ရိုက်ဝံ့တော့မည် မဟုတ်ပါချေ။ မရရင် ခြင်္သေ့ပြာမင်းသားဆီမှာ တိုင်တန်းပြီး သူ့ကို အရေခွံခွာ၊ အရိုးထုတ်ပြီး ချက်စားပစ်ရမည်။
ဝက်ဝံမိစ္ဆာ၏ မျက်လုံးများမှာ အေးစက်သွားပြီး သူ့ရှေ့မှ မျိုးနွယ်တူ ကို မသိမသာ မကောင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် လီယန်ချူ၏ ပြတ်သားလှသော မျက်နှာကြီးက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ဝက်ဝံမိစ္ဆာမှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် သွားဖြဲကာ ပြုံးပြလိုက်ရှာသည်။
“မင်းအမေယိုး... မင်းက ဘယ်လိုမျက်လုံးနဲ့ ကြည့်နေတာလဲ၊ တကယ့်ကို ယုတ်မာပတ်စက်တဲ့ အကြည့်ပဲ”
လီယန်ချူက ဆဲဆိုလိုက်သည်။
ဝက်ဝံမိစ္ဆာ - “.......”
ဖြောင်း
ဟိန်းထွက်သွားသော ပါးရိုက်သံနှင့်အတူ ဝက်ဝံမိစ္ဆာမှာ မြေပြင်ပေါ်သို့ လွင့်စဉ်သွားတော့သည်။ သူ၏ နားတစ်ဖက်မှာ လုံးဝပင် နားကွဲသွားပြီး သွား ခြောက်ခါ၊ ခုနစ်ခါခန့်ကို တစ်ခါတည်း ထွေးအန်ထုတ်လိုက်ရ၏။ ခေါင်းတစ်ခုလုံး ဝုန်းဝုန်းနှင့် မြည်နေပြီး အချိန်အတော်ကြာသည့်တိုင် သတိပြန်မဝင်နိုင်တော့ပါချေ။
အခန်း (၅၈၆) - ခြင်္သေ့ပြာမင်းသား ၊ မိစ္ဆာနတ်ဘုရားအဖြစ် အောင်မြင်ခြင်း ၊ လူတစ်ထောင်စားပွဲတော် ၊ မိစ္ဆာကြီးသုံးဦးနှင့် လူသားစားဝန်ကြီးချုပ်
“ရှင်က အဲဒီခြင်္သေ့ပြာမင်းသားရဲ့ စားပွဲတော်ကို တကယ်သွားမလို့လား”
မင်ဟော်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ဟုတ်တယ်၊ ဒီကိစ္စက တစ်နည်းမဟုတ်တစ်နည်းနဲ့ အဆုံးသတ်ရမှာပဲ၊ သွားကြည့်ရုံနဲ့တော့ ဘာမှမဖြစ်နိုင်ပါဘူး”
လီယန်ချူက အသံဩဩဖြင့် ပြတ်သားစွာ ပြောလိုက်သည်။
“ဒါပေမဲ့ စီထော်နိုင်ငံရဲ့ အရှင်သခင် သုံးဦးစလုံးက မိစ္ဆာနတ်ဘုရား အဆင့်တွေလေ၊ အခု ခြင်္သေ့ပြာမင်းသားပါ ထပ်တိုးလာပြီဆိုတော့...”
မင်ဟော်က စိုးရိမ်တကြီး ဆိုသည်။ ဝက်ဝံမိစ္ဆာမှာမူ ဘေးနားမှနေ၍ ကြည့်ကာ စိတ်ကိုထိန်းထားရင်း ဘာမှဝင်မပြောဝံ့ရှာပေ။ သူ၏ အမူအရာမှာ အလွန်ပင် ပုံမှန်ဖြစ်နေပြီး မည်သည့် မသင်္ကာဖွယ် အသေးစိတ်အချက်အလက်ကိုမျှ မပြသဝံ့ပါချေ။
လီယန်ချူက တည်ငြိမ်စွာပင်
“ကိစ္စမရှိပါဘူး၊ ဒီစီထော်မြို့က ဒီလောက်တောင် စည်ကားနေတာပဲ၊ ငါလည်း ဗဟုသုတရအောင် သွားကြည့်ဦးမယ်၊ လူတစ်ထောင်စားပွဲတော်တို့ လူသားမျိုးစေ့တို့ဆိုတာ ဘာလဲဆိုတာကိုပေါ့”
မင်ဟော်က နဖူးကြောများ ရှုံ့သွားပြီး
“ကျွန်မလည်း လိုက်မယ်” ဟု ဆိုသည်။
လီယန်ချူက သူမကို တစ်ချက်ကြည့်လိုက်သော်လည်း မင်ဟော်၏ မျက်နှာမှာ အေးစက်နေပြီး ဘာမှထပ်မပြောတော့ပေ။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ဝက်ဝံမိစ္ဆာနောက်မှ လိုက်ပါရင်း ခြင်္သေ့ပြာမင်းသား၏ အိမ်တော်သို့ ရောက်ရှိလာကြသည်။ အိမ်တော်ကြီးမှာ ထွင်းထုမွမ်းမံထားသော ထုပ်တန်းများ၊ ပန်းချီကားချပ်များဖြင့် အလွန်ပင် ခန့်ညားထည်ဝါလှ၏။
အထဲသို့ လှမ်းဝင်လိုက်သောအခါ ၎င်းမှာ ကြမ်းတမ်းလှသော တောင်ပတ်လမ်း သို့မဟုတ် ဂူထဲတွင် မဟုတ်ဘဲ လှပသော ပြာသာဒ်ဆောင်များ၊ ကျောက်ဆောင်အတုများနှင့် စီးဆင်းနေသော ရေတံခွန်ငယ်များဖြင့် အလွန်ပင် အနုပညာဆန်လှသည်ကို လီယန်ချူ တွေ့လိုက်ရသည်။
ကြည့်ရုံနှင့်ပင် မင်းစိုးရာဇာတို့၏ စံအိမ်တော်ဖြစ်ကြောင်း သိသာလှပြီး သဘာဝအလျောက် မြင့်မြတ်သောအရှိန်အဝါ ကိန်းအောင်းနေသည်။ ဖန်စီကြွေပြားများ၊ ကျောက်စိမ်းကာရံများနှင့် ရွှေရောင်အဆင်တန်ဆာများက အလွန်အမင်း ကြွယ်ဝချမ်းသာမှုကို ဖော်ပြနေ၏။
“လူတစ်ထောင်စားပွဲတော် ဆိုတာကော လူတွေ ဘယ်မှာလဲ”
လီယန်ချူက မေးလိုက်သည်။
“စားပွဲတော် စတင်တဲ့အခါကျမှ အဲဒီလူသားတွေကို တစ်သုတ်ပြီးတစ်သုတ် မောင်းထုတ်လာမှာပါ၊ အခုလောလောဆယ်တော့ ဒီနေရာမှာ စားပွဲတက်မယ့် ဧည့်သည်တော်တွေပဲ ရှိပါသေးတယ်”
ဟု ဝက်ဝံမိစ္ဆာက ရိုသေစွာ ရှင်းပြသည်။
“အရှင်သခင် သုံးဦးစလုံးကော လာမှာလား”
လီယန်ချူက ထပ်မေးသည်။
“မလာလောက်ပါဘူး၊ အရှင်သခင် သုံးပါးစလုံးက ကျင့်ကြံခြင်းဝင်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ၊ နိုင်ငံရေးကိစ္စတွေကို စိတ်မဝင်စားတာ ကြာလှပေါ့”
ဟု ဝက်ဝံမိစ္ဆာက ဆိုသည်။
မင်ဟော်သည် ထိုစကားကို ကြားသောအခါမှ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။
တော်သေးတာပေါ့
ယန်ဝိညာဉ်အဆင့်ရှိသည့် ခြင်္သေ့ပြာမင်းသား တစ်ဦးတည်းသာ ရှိသည်။
ဤလီတာအိုဆရာသည် ချန်ကျဲကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသူဖြစ်ရာ၊ မိစ္ဆာနတ်ဘုရားအဆင့်ရှိသော ခြင်္သေ့ပြာမင်းသားနှင့် ရင်ဆိုင်ရလျှင်ပင် အနိုင်မရနိုင်ပါက အသက်ဘေးမှ လွတ်မြောက်နိုင်မည်မှာ သေချာသည်။
ဤ တောင်နှင့်ပင်လယ်လျှို့ဝှက်နယ်မြေအတွင်း လီယန်ချူနှင့် ဆုံတွေ့ခဲ့ရသည်မှာ သူမအတွက် အလွန်ကံကောင်းလှသည်ဟု တွေးမိသည်။
မဟုတ်ပါက ထိုစီထော်နိုင်ငံသည် သူမအတွက် မျှော်လင့်ချက်ကင်းမဲ့သော ငရဲခန်းတစ်ခုသာ ဖြစ်ပေလိမ့်မည်မိစ္ဆာနတ်ဘုရား လေးပါးဆိုသည်မှာ လူသားတို့အား တုံ့ပြန်လိုစိတ်ပင် မရှိတော့လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည် မဟုတ်ပါလား။ မိစ္ဆာနတ်ဘုရားဆိုသည်မှာ ယန်ဝိညာဉ်အဆင့်အတွင်း၌ပင် အလွန်တရာ အစွမ်းထက်သော တည်ရှိမှုများ ဖြစ်ကြသည်။
စားပွဲတက်ဧည့်သည်တော်များမှာ တစ်ဦးပြီးတစ်ဦး နေရာယူလာကြပြီ။ ဝက်ဝံမိစ္ဆာနှင့် သိကျွမ်းသော မိစ္ဆာအချို့က ဝက်ဝံမိစ္ဆာ၏ ဖူးရောင်နေသော မျက်နှာကို မြင်သောအခါ မနေနိုင်ဘဲ စနောက်ကြ၏။
“ဟေ့ အဖိုးကြီးတျန်... မင်းက ဘာလို့ ဒီလို သနားစရာပုံစံ ပေါက်နေရတာလဲ ”
ထိုပုံစံမှာ တစ်စုံတစ်ယောက်၏ အပြင်းအထန် အရိုက်ခံထားရမှန်း သိသာလှသည်။ ဝက်ဝံမိစ္ဆာ၏ နှုတ်ခမ်းအစုံမှာ တုန်ရီသွားပြီး နာကျင်လွန်းသဖြင့် သွားဖြဲပြရင်း အေးစက်သောအကြည့်ဖြင့် “ဖယ်စမ်း၊ သွားစမ်းပါ” ဟုသာ ပြန်ပြောလိုက်ရသည်။
ဘာ သနားစရာ ဟုတ်လား ဒီစကားက ကျိန်စာတိုက်စရာကောင်းအောင် နားခါးတာပဲ....
အရိုက်ခံရသော မိစ္ဆာမှာလည်း သိပ်ပြီး အရေးမစိုက်ပါချေ။ မိစ္ဆာဆိုသည်မှာ ဆဲဆိုနေမှ မိစ္ဆာမည်သည် မဟုတ်ပါလား တစ်ဦးကိုတစ်ဦး ဆဲဆိုနေကြသည်မှာ အသားကျနေပြီ ဖြစ်သော်လည်း၊ ပုံမှန်ဆိုလျှင် လက်ပါကြမည် ဖြစ်သော်လည်း ယနေ့မှာ ခြင်္သေ့ပြာမင်းသား၏ အခမ်းအနားဖြစ်သဖြင့် မည်သူမျှ ပြဿနာမရှာဝံ့ကြပေ။
မိစ္ဆာအမျိုးသမီး အစေခံများမှာ တန်းစီ၍ ဝင်လာကြပြီး သစ်သီးဝလံများ၊ အသေအချာ ချက်ပြုတ်ထားသော လူသားအသားများနှင့် လူသားဦးနှောက်များကို စားပွဲပေါ်သို့ တင်လာကြရာ စားပွဲတော် စတင်တော့မည့် အရိပ်အယောင်ပင် ဖြစ်သည်။
ထိုစဉ် ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းသော လူငယ်တစ်ဦးသည် ရွှေရောင်ဝတ်ရုံကို ဆင်ယင်လျက် ဖြည်းညင်းစွာ လျှောက်လှမ်းဝင်လာသည်။
သူ၏ မျက်လုံးများမှာ ရှည်မျောမျောရှိပြီး သူ၏ ကိုယ်ပေါ်တွင် စိမ်းပြာရောင် အရှိန်အဝါများ လွှမ်းခြုံထား၏။
သူ၏ ပတ်ဝန်းကျင်ရှိ ထူထပ်လှသော မိစ္ဆာအငွေ့အသက်များမှာ အမျိုးမျိုးသော ပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲနေသည်မှာ ကြည့်ရသူကို ကြောက်ရွံ့လေးစားမှု ဖြစ်စေသည်။
မိစ္ဆာနတ်ဘုရား
သူ ဝင်လာသည်နှင့် တစ်ပြိုင်နက် တစ်ကွင်းလုံး တိတ်ဆိတ်သွားပြီး မိစ္ဆာပေါင်းများစွာ၏ အကြည့်မှာ ထိုလူငယ်ဆီသို့သာ ရောက်ရှိသွားတော့သည်။
“အရှင်မင်းသား ကို ဂါရဝပြုပါတယ် ”
အားလုံးက တညီတညွတ်တည်း ဟစ်ကြွေးကြသည်။
ထိုလူငယ်ကား စီထော်နိုင်ငံ၏ စတုတ္ထမြောက် မိစ္ဆာနတ်ဘုရား၊ ခြင်္သေ့ပြာမင်းသား ပင် ဖြစ်သည်။ သူသည် မည်သည့် အမူအရာမျှ မပြဘဲ ဂါရဝပြုမှုကို လက်ခံလိုက်သည်။ ဤနေရာတွင် သူသည် အဆင့်အတန်း အမြင့်ဆုံးဖြစ်သလို ကျင့်ကြံခြင်းမှာလည်း မိစ္ဆာနတ်ဘုရားအဆင့် ဖြစ်ရာ အလွန်ပင် မောက်မာရိုင်းစိုင်းနေခြင်းမှာ ထူးဆန်းသည်မဟုတ်ပေ။
စားပွဲတော် အစစ်အမှန် စတင်သည့် အချိန်ကျမှသာ သူက နေရာယူမည် ဖြစ်ပြီး၊ ယခုမှာမူ မျက်နှာပြရုံ၊ အရှိန်အဝါ ထုတ်ပြရုံမျှသာ လာခြင်း ဖြစ်သည်။
ခြင်္သေ့ပြာမင်းသား၏ မျက်လုံးများမှာ ရှည်မျောမျောရှိပြီး နှုတ်ခမ်းမှာ အလွန်ပါးလှသဖြင့် ရက်စက်တတ်သော ပုံစံမျိုး ပေါက်နေသည်။ စကားအနည်းငယ် ပြောဆိုပြီးနောက် သူသည် ကွင်းထဲမှ ထွက်ခွာသွား၏။
“ဒီခြင်္သေ့ပြာမင်းသားက ဟိတ်ဟန်အတော်ကြီးတာပဲ”
ဟု လီယန်ချူက ဆိုသည်။
“ဒါပေါ့... မင်းသားက စီထော်မြို့ရဲ့ အတောက်ပဆုံး ပါရမီရှင်ပဲလေ၊ အခု မိစ္ဆာနတ်ဘုရား ဖြစ်သွားပြီဆိုတော့ ကောင်းကင်နဲ့ မြေကြီးကိုတောင် လှန်ပစ်နိုင်တဲ့ အစွမ်းရှိသွားပြီ”
ဟု ဝက်ဝံမိစ္ဆာက ဆိုသည်။
“ခုနက မင်းပြောတော့ ခြင်္သေ့မိစ္ဆာဘုရင်က လည်ဆံနီခြင်္သေ့ဆို၊ ဘာလို့ သူ့သားက အပြာရောင် ဖြစ်နေရတာလဲ”
လီယန်ချူက မေးလိုက်သည်။
“ဒါမှမဟုတ် သူ့အမေက ဖောက်ပြန်ထားတာလား”
ဝက်ဝံမိစ္ဆာ “........”
သူသည် ဘာမှလုပ်စရာ မလိုတော့ကြောင်း သိလိုက်ရသည်။ ထိုလူကြီးမင်း၏ စရိုက်နှင့်ဆိုလျှင် ခဏနေပါက ဤစားပွဲတော်၌ပင် သေရချေမည်။
စားပွဲတော် ကျင်းပရာနေရာမှာ ကြီးမားလှသော ပန်းခြံကြီးအတွင်း၌ ဖြစ်သည်။ လီယန်ချူ လှမ်းကြည့်လိုက်ရာ မိစ္ဆာပေါင်း ခြောက်ဆယ်ခန့် ရှိနေသည်။ ၎င်းတို့အထဲတွင် ကျင့်ကြံခြင်း အနိမ့်ဆုံးသူမှာပင် ဝက်ဝံမိစ္ဆာနှင့် အဆင့်တူလောက် ရှိ၏။
ထိုအထဲတွင် ဦးခေါင်း၌ ဦးချိုနှစ်ခုရှိသော မိစ္ဆာတစ်ကောင်မှာ အလွန်အမင်း အစွမ်းထက်လှသည်။ သူ၏ ဘေးတွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်တစ်လံကျော် မြင့်သော ကျားခေါင်းနှင့် တာအိုဆရာတစ်ဦး ရှိနေသည်။
ထို့အပြင် တည်ငြိမ်သော အရှိန်အဝါရှိပြီး နှုတ်ခမ်းမွှေးကားကားနှင့် သတ်လတ်ပိုင်းအရွယ် လူတစ်ဦးလည်း ရှိနေသေးသည်။ ထိုသုံးဦးမှာ အစွမ်းအထက်ဆုံး ဖြစ်ကြသည်။
“ဒီလူတွေက ဘယ်သူတွေလဲ”
လီယန်ချူက လက်ညှိုးထိုးပြကာ မေးသည်။
“ဦးချိုနှစ်ခုနဲ့ တစ်ယောက်က နဂါးမိစ္ဆာဘုရင် ပဲ၊ သူက စီထော်နိုင်ငံရဲ့ အရှင်သခင်တွေအောက်မှာ နံပါတ်တစ် အတော်ဆုံးပဲ၊ မိစ္ဆာနတ်ဘုရားအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ပြောကြတယ်”
“ဟို တာအိုဆရာကတော့ ဖေးလုံကျောင်း ရဲ့ ကျောင်းထိုင်ပဲ၊ သူ့ကျင့်ကြံခြင်းကလည်း မသေးဘူး၊ လူသားတွေရဲ့ ယန်ဓာတ်ကို စုပ်ယူတဲ့ နည်းလမ်းကို ဒီကျောင်းထိုင်က တီထွင်ခဲ့တာ၊ လူငယ်တစ်ယောက်ကို ခဏချင်းအတွင်း အိုမင်းသွားအောင် စုပ်ယူပြီး သေအောင်လုပ်နိုင်တဲ့ အလွန်ဆန်းကြယ်တဲ့ ပညာပဲ”
“ဟို သန်လတ်ပိုင်းအရွယ် လူကတော့ စီထော်မြို့ရဲ့ ဝန်ကြီးချုပ်ပဲ၊ သူ့ရဲ့ မူလအစစ်အမှန်က စာကလေးမိစ္ဆာ တစ်ကောင်ပဲ၊ သူက ကလေးသူငယ်တွေရဲ့ ဦးနှောက်ကို စားရတာ ဝါသနာပါပြီး စားသောက်တဲ့အခါမှာလည်း အလွန်အမင်း စည်းကမ်းကြီးတယ်”
ဝက်ဝံမိစ္ဆာက လီယန်ချူကို ရိုသေစွာ မိတ်ဆက်ပေးနေသည်။ ထိုဖော်ပြချက်များကို နားထောင်ရင်း လီယန်ချူနှင့် မင်ဟော်တို့ နှစ်ဦးစလုံး၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ မထိန်းနိုင်ဘဲ ယိုဖိတ်လာတော့သည်။ သို့သော် ခဏချင်းအတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွား၏။
ကလေးဦးနှောက်ကို စားတတ်သော စာကလေးမိစ္ဆာမှာ တစ်စုံတစ်ခုကို ရိပ်မိသွားသကဲ့သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
“ဒေါသကောင်ကြီးစွန်း... ဘာဖြစ်လို့လဲ”
အရပ်တစ်လံကျော်မြင့်ပြီး တာအိုဝတ်ရုံ ဝတ်ထားသော ကျားခေါင်းတာအိုဆရာက မေးလိုက်သည်။
သတ်လတ်ပိုင်းအရွယ် လူသားအသွင်ပြောင်းထားသော စာကလေးမိစ္ဆာသည် ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်လိုက်သော်လည်း ထူးခြားမှုကို မတွေ့ရပေ။
“ဘာမှမဟုတ်ပါဘူး” ဟု သူက ပြုံးလျက် ဆိုသည်။
“မင်းက မကြာသေးခင်က ကလေးဦးနှောက်တွေ အများကြီးစားထားလို့ သံသယတွေ များနေတာ မဟုတ်လား”
နဂါးမိစ္ဆာဘုရင်က ရယ်မောလျက် ပြောသည်။
စာကလေးမိစ္ဆာက ပြုံးလျက်ပင်
“နဂါးမိစ္ဆာဘုရင် တစ်ခါစားရင် လူရာနဲ့ချီ စားတာနဲ့ ယှဉ်ရင် ကျွန်တော့်ရဲ့ ပမာဏက ဘာပြောပလောက်မှာလဲ ”
မိစ္ဆာများကြားတွင် လူသားစားခြင်းမှာ အလွန်ပင် သာမန်ကိစ္စတစ်ခု ဖြစ်သည်။
လူသားမျိုးနွယ်သည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို ရရှိထားသူများဖြစ်ရာ ၎င်းတို့၏ ယန်ဓာတ်နှင့် ဝိညာဉ်များသည် မိစ္ဆာများအတွက် အလွန်အားရှိသော အစာများ ဖြစ်ကြသည်။
အချို့သော မိစ္ဆာငယ်များသည် အသိဉာဏ်မပွင့်သေးမီတွင် လူသားစစားကြပြီး စားရင်းစားရင်းဖြင့်မှ ဉာဏ်ပညာများ ရင့်သန်လာကာ သတိတရားများ ရရှိလာကြခြင်း ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာများအတွက် လူသားစားခြင်းမှာ ခံတွင်းမြိန်စေရန်သာမက နတ်ဘုရားဖြစ်ရန် ကျင့်ကြံခြင်း အတွက်လည်း ဖြစ်သည်။
နဂါးမိစ္ဆာဘုရင်သည် လူသားစားလျှင် တစ်ခါတည်း လူပေါင်း ရာနှင့်ချီ၍ မျိုချတတ်သည်။
သူ၏ မူလအစစ်အမှန်မှာ ပေပေါင်းရာချီ ရှည်လျားသော နဂါးတစ်ကောင်ဖြစ်ပြီး လူပေါင်းရာချီ၏ အသက်ဓာတ်ကို တစ်ခါတည်း ချေဖျက်နိုင်သော လျှို့ဝှက်ပညာရပ်ကို ပိုင်ဆိုင်ထားသည်။
ထိုလူသားတို့၏ ဝိညာဉ်များကို ဝါးစားကာ အင်အားဖြည့်တင်းတတ်၏။
သို့သော် ဝန်ကြီးချုပ်မှာမူ အလွန်အနုစိတ်စွာ စားတတ်ပြီး ကလေးသူငယ်များ၏ ဦးနှောက်ကိုသာ ရွေးချယ်စားသုံးသည်။ ထို့ကြောင့် ဤနှစ်ဦးသည် လူသားစားရာတွင် ပုံစံချင်း အလွန်ကွာခြားကြသည်။
အရပ်တစ်လံကျော်မြင့်ပြီး တာအိုဝတ်ရုံ ဝတ်ထားသော ကျားမိစ္ဆာမှာမူ လူသားတို့၏ ယန်ဓာတ်ကို စုပ်ယူရသည်ကို နှစ်သက်သည်။ သူသည် စွဲလမ်းသည့် အဆင့်အထိပင် ရောက်ရှိနေပြီး ခဏမျှ မစုပ်ယူရလျှင် မနေနိုင်တော့ပါချေ။
“ခင်ဗျားတို့နဲ့ စကားမပြောတော့ဘူး၊ ကျွန်တော် အရင်သွားပြီး တစ်ချက်လောက် စုပ်ယူလိုက်ဦးမယ်”
ကျားခေါင်းတာအိုဆရာက ရယ်မောလျက် ထွက်သွားသည်။ သူသည် မိမိနှင့်အတူ အစာအဖြစ် မွေးမြူထားသော လူသားများကို ခေါ်ဆောင်လာခဲ့ပြီး အာသီသဖြစ်လာလျှင် တစ်ဦးကို သေသည်အထိ ယန်ဓာတ်များ စုပ်ယူပစ်တတ်သည်။
ကျားမိစ္ဆာသည် လှည့်ထွက်သွားပြီး သူ၏ လူသားများကို ထားရှိရာနေရာသို့ ရောက်ရှိလာသည်။
စုတ်ပြတ်သတ်နေသော လူသားအုပ်စုထဲမှ အသက် ၁၃၊ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သူ ရွေးချယ်လိုက်၏။ ဤမိန်းကလေး၏ မျက်လုံးများမှာ ဘေးပတ်ဝန်းကျင်ရှိသူများကဲ့သို့ ထုံထိုင်းမနေဘဲ ထူးခြားနေသဖြင့် ကျားခေါင်းတာအိုဆရာက ချက်ချင်းပင် သဘောကျသွားခြင်း ဖြစ်သည်။
“အစာအဖြစ် မွေးမြူထားတဲ့သူတွေထဲမှာ ဒီလောက် ဉာဏ်ရည်ရှိတဲ့သူမျိုး တွေ့ရခဲတယ်၊ ခဏနေရင် စားပွဲတော်ကြီးရှိသေးတာပဲ၊ အခုတော့ ဒီကလေးမလေးဆီကနေ အဆာပြေ စုပ်ယူလိုက်ရအောင် ”
ထိုမိန်းကလေး၏ အမည်မှာ ရှောင်လန် ဖြစ်ပြီး စီထော်နိုင်ငံ၏ မျိုးရိုးစဉ်ဆက် လူသားတစ်ဦး ဖြစ်ကာ သွေးအစာ ဟုလည်း ခေါ်ဆိုကြသည်။
သို့သော် သူမသည် ဘေးနားမှ ထုံထိုင်းနေသူများနှင့် မတူဘဲ သူမ၏ မျက်ဝန်းထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။
အထူးသဖြင့် ထိုကျားမိစ္ဆာအပေါ်တွင်ပင် သူမ၏ မိဘနှစ်ပါးစလုံးမှာ ထိုကျားမိစ္ဆာ၏ ယန်ဓာတ်စုပ်ယူခြင်းကို ခံခဲ့ရပြီး အိုမင်းရင့်ရော်ကာ သေဆုံးသွားခဲ့ကြရခြင်း ဖြစ်သည် မဟုတ်ပါလား။