အခန်း (၅၈၇-၅၈၈)
Vol. 59 Ch. 587-588
အခန်း (၅၈၇) - စားပွဲတော်စတင်ခြင်း ၊လူ့လောက၏ ငရဲခန်း ၊ အကုန်အစင်သုတ်သင်ခြင်း ၊ အသေသတ်ပစ်မှာပဲ
ထိုနာကျင်မှုသည် ၎င်းတို့၏ ဝါးမြိုခြင်းကို ခံရသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှ၏။
သို့သော် ရှောင်လန်သည် မိမိရှေ့တွင်ရှိနေသော ဖေးလုံကျောင်း ကျောင်းထိုင်ကို ခုခံနိုင်စွမ်းမရှိမှန်း သိနေသည်။ တစ်ခဏအတွင်းမှာပင် သူမသည် တစ်ဖက်လူ၏ မှော်ပညာအောက်တွင် အချုပ်အနှောင်ခံရပေလိမ့်မည်။
ရှောင်လန် သေမှာကြောက်သည်။ အလွန်ကြောက်သည်။
သူမသည် ငယ်စဉ်ကတည်းက ထိတ်လန့်တုန်လှုပ်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ငတ်မွတ်မှုများကြားတွင် ရှင်သန်လာခဲ့ရသည် မဟုတ်ပါလား။
သို့သော် တစ်ဖက်တွင်မူ သူမသည် သေရမှာကိုလည်း မကြောက်တော့ပေ။ သေသွားခြင်းက ဤကဲ့သို့သော ငရဲခန်းထဲတွင် ရှင်သန်နေရသည်ထက် ပို၍ နေသာထိုင်သာ ရှိနိုင်ပေလိမ့်မည်။
အရပ်တစ်လံကျော်မြင့်၍ တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ကျားမိစ္ဆာသည် သူမထံသို့ လျှောက်လှမ်းလာပြီး သူမကို ရွေးချယ်လိုက်သည်ကို မြင်သောအခါ ရှောင်လန်သည် စိတ်ကိုတင်းလိုက်ပြီး ဘေးနားရှိ ကျောက်လှေကားထစ်ကို ဦးခေါင်းဖြင့် အရှိန်ပြင်းပြင်း ဆောင့်ချလိုက်တော့သည်။
သေရမည်ဆိုလျှင်ပင် ထိုကျားမိစ္ဆာ စိတ်ကြိုက်လုပ်သည်ကို သူမ အဖြစ်မခံနိုင်ပါချေ။ ဤကဲ့သို့သော မိစ္ဆာမျိုးမှာ လူသားစားသော မိစ္ဆာများထက်ပင် ပို၍ ရွံရှာဖွယ်ကောင်းလှသည်။
သို့သော် ကျားခေါင်းတာအိုဆရာက မျက်မှောင်ကြုတ်လိုက်ပြီး မှော်ပညာတစ်ခုဖြင့် ရှောင်လန်၏ ပိန်လှီသော ခန္ဓာကိုယ်ကို ချက်ချင်းပင် တားဆီးချုပ်နှောင်လိုက်၏။
“မထင်ထားဘူး... ငါမွေးထားတဲ့ သွေးအစာတွေထဲမှာ မင်းလို ကလေးမလေးတစ်ယောက် ရှိနေလိမ့်မယ်လို့”
ကျားမိစ္ဆာက အေးအေးဆေးဆေးပင် ပြုံးလျက် ဆိုသည်။
“ဘာလဲ ငါ့ရဲ့ ယန်ဓာတ်စုပ်ယူတာကို မခံချင်ဘူးလား ”
ရှောင်လန်၏ မျက်ဝန်းများမှာ နာကျည်းမှုများဖြင့် ပြည့်လျှံသွားပြီး ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။
“ပေလို့မ မိစ္ဆာ သေပါစေတော် "
ကျားမိစ္ဆာက ရက်ရက်စက်စက် ပြုံးလိုက်ပြီး အေးစက်စွာ ဆို၏။
“လူသားကလေးမလေးတစ်ယောက်က ငါ့ကို ကျိန်စာတိုက်ရုံနဲ့ သေလိမ့်မယ်လို့ ထင်နေတာလား၊ စကားတစ်ခွန်း ပြောရုံနဲ့ ငါသာ သေရမယ်ဆိုရင် ငါက အစောကြီးကတည်းက...”
ဖေးလုံကျောင်းကျောင်းထိုင်၏ စကားမှာ မဆုံးသေးမီမှာပင် ရုတ်ချည်း ရပ်တန့်သွားတော့သည်။ ကျားမိစ္ဆာသည် နောက်ဆုံးအမြင်အာရုံအဖြစ် ခေါင်းမရှိသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရပြီးနောက် အဆုံးမဲ့ အမှောင်ထုထဲသို့ နစ်မြုပ်သွားတော့၏။
ရှောင်လန် မှင်တက်သွားရသည်။
အစာအဖြစ် မွေးမြူထားသော လူသားများနှင့် ဘေးနားတွင် အလုပ်အကျွေးပြုနေသော မိစ္ဆာငယ်များမှာလည်း ကြောင်အသွားကြ၏။
ဤဖေးလုံကျောင်းကျောင်းထိုင်သည် စီထော်မြို့အတွင်း အဆင့်အတန်းမြင့်မားသော အလွန်အမင်း အစွမ်းထက်သည့် မိစ္ဆာကြီးတစ်ကောင် ဖြစ်သည်။
မည်သို့ကြောင့် ထိုမိန်းကလေးငယ်၏ စကားတစ်ခွန်းတည်းဖြင့် တိုက်ရိုက် သေဆုံးသွားရသနည်း။
ကျောင်းထိုင်၏ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများ အရှိန်အဟုန်ဖြင့် စီးထွက်လာကာ သေဆုံးသွားသဖြင့် မူလအစစ်အမှန်ဖြစ်သော ကျားသစ်ကျားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
“ကျောင်းထိုင်”
ကျားမိစ္ဆာကို အလုပ်အကျွေးပြုနေသော တပည့်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး ရှောင်လန်ကို ရက်စက်စွာ လှမ်းကြည့်လိုက်သည်။
ရှောင်လန်ကလည်း ထိုမိစ္ဆာကို နာကျည်းစွာ ပြန်လည်စိုက်ကြည့်နေ၏။ သူမသည် သေရမှာကိုပင် မကြောက်တော့ပါမှ ထိုမိစ္ဆာ၏ အကြည့်ကို အဘယ်မှာ ကြောက်တော့မည်နည်း။ အချိန်အတော်ကြာ ဖိနှိပ်ခံထားရသော စိတ်ခံစားချက်များမှာ ယခုအခါ ပေါက်ကွဲထွက်လာတော့သည်။
“နင်တို့ မိစ္ဆာတွေအားလုံး သေသင့်တယ် ”
သူမ၏ စကားသံအဆုံးမှာပင် ခြံဝင်းအတွင်းရှိ မိစ္ဆာငယ်အချို့၏ ခန္ဓာကိုယ်များမှာ ခါးလယ်မှနေ၍ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
သွေးများမှာ နေရာအနှံ့ အိုင်ထွန်းသွားပြီး ဝံပုလွေ၊ မြေခွေး၊ ကျားသစ် ခန္ဓာကိုယ်များမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့၏။
ရှောင်လန် ကြောင်အသွားသည်။
အစာအဖြစ် မွေးမြူထားသော လူသားများမှာလည်း မှင်တက်နေကြ၏။ ထိုစဉ် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော လူငယ်တစ်ဦးသည် သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဖြည်းညင်းစွာ ထုတ်ဖော်လိုက်သည်။
သူ၏ မျက်နှာသွင်ပြင်မှာ ခန့်ညားလှပြီး အကြည့်များမှာ ဓားကဲ့သို့ ထက်မြက်လှ၏။ သူ၏ လက်ထဲတွင် ရှေးဟောင်းဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။
“ရှင် သူတို့ကို သတ်လိုက်တာလား”
ရှောင်လန်က အံ့ဩဝမ်းသာစွာ မေးလိုက်သည်။
လီယန်ချူသည် လက်တစ်ဖက်ဖြင့် ကျန့်ကျောင်းဓား ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ရွှေရောင်ဦးဆောင်း ကို ကိုင်ထားလျက် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။
“မင်းပြောတာ မှန်တယ်၊ ဒီမိစ္ဆာတွေအားလုံး သေသင့်တယ်”
ရှောင်လန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
ဤလူငယ်၏ စကားမှာ သူမကို ကြီးမားသော လုံခြုံမှုပေးစွမ်းနိုင်ပြီး အကြောင်းပြချက်မရှိဘဲ စိတ်အေးချမ်းမှုကို ခံစားလိုက်ရ၏။ လီယန်ချူသည် သူမကို ပြုံးပြလိုက်ပြီး ရွှေရောင်ဦးဆောင်း ကို ဦးခေါင်းပေါ်တွင် ပြန်ဆောင်းကာ လှည့်ထွက်သွားတော့သည်။
ခုနက ကျားမိစ္ဆာ စားပွဲဝိုင်းမှ ထွက်သွားသည်ကို သူ အခွင့်ကောင်းယူကာ ဦးဆောင်းကို ဆောင်း၍ ကိုယ်ယောင်ဖျောက်ကာ တိုက်ရိုက် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ထိုမိန်းကလေး ပြောလိုက်သည့် စကားမှာ အလွန်မှန်ကန်လှသည်။ ဤမိစ္ဆာများအားလုံး သေသင့်သည်။
လီယန်ချူသည် စားပွဲဝိုင်းသို့ ပြန်ရောက်လာသည်။ မင်ဟော်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ ဝက်ဝံမိစ္ဆာမှာမူ စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။
“လူကြီးမင်း... ဘယ်ကို ကြွခဲ့တာလဲ ခင်ဗျာ”
လီယန်ချူ၏ မျက်နှာမှာ အေးစက်နေပြီး ဘာမှပြန်မပြောပေ။ ထိုစဉ်မှာပင် အစာအဖြစ် မွေးမြူထားသော လူသားအုပ်စုကြီးကို မိစ္ဆာစစ်သည်များက မောင်းနှင်ခေါ်ဆောင်လာကြသည်။ ထိုလူသားများမှာ အဝတ်အစား စုတ်ပြတ်နေပြီး မျက်ဝန်းများမှာ အသက်မဲ့နေကာ ခန္ဓာကိုယ်များမှာ မိစ္ဆာအငွေ့အသက်များ၏ တိုက်စားမှုကို ခံထားရသဖြင့် အခြေအနေမှာ အလွန်ပင် ဆိုးရွားလှသည်။
သို့သော် ခြံဝင်းတစ်ခုလုံးရှိ မိစ္ဆာပေါင်း ခြောက်ဆယ်ခန့်မှာမူ ထိုလူသားများကို ကြည့်ကာ လောဘဇောများ ထွက်ပေါ်လာကြသည်။
ဤသည်မှာ အမြည်းမျှသာ ရှိသေး၏။ ဤလူတစ်ထောင်စားပွဲတော်တွင် သူတို့ကို စိတ်ကြိုက်စားသုံးခွင့် ပေးမည် မဟုတ်ပါလား။
ထိုလူသားများမှာလည်း အားလုံးက ရုပ်သေးရုပ်လို ထုံထိုင်းနေကြသည်မဟုတ်ဘဲ အများစုမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ရှေ့ဆက်ပြီး ဘာတွေရင်ဆိုင်ရမည်ကို သူတို့ သိနေကြသော်လည်း မခုခံနိုင်ကြပါချေ။
မင်ဟော်၏ မျက်ဝန်းထဲတွင် မချိတင်ကဲဖြစ်မှုများ ပေါ်လာပြီး အသက်ကို ပြင်းပြင်းရှူကာ တာအိုစိတ်ဓာတ်ကို တည်ငြိမ်စေရန် စိတ်ကြည်လင်ဂါထာကို တိတ်တဆိတ် ရွတ်ဆိုနေမိသည်။
ဝက်ဝံမိစ္ဆာမှာမူ လောဘတကြီး ကြည့်နေ၏။ လူတစ်ထောင်စားပွဲတော်တွင် သူလည်း စိတ်ကြိုက်စားခွင့်ရမည်ဖြစ်ရာ ယနေ့သည် အလွန်ပျော်စရာကောင်းမည့် နေ့ပင် ဖြစ်သည်။
လီယန်ချူနှင့် မင်ဟော်အတွက်မူ ထိုပြန်လည်နိုးထလာသော စီထော်မြို့မှာ အတုအယောင် စိတ်ကူးယဉ်ပုံရိပ်မျှသာ ဖြစ်သည်။
ဤလူသားများသည်လည်း အတူတူပင်ဖြစ်ပြီး ၎င်းတို့မှာ ဟိုးယခင်ကတည်းက သေဆုံးခဲ့ကြသူများ ဖြစ်သည်။
စီထော်မြို့တစ်ခုလုံးမှာ အပျက်အစီးများသာ ဖြစ်နေခဲ့ပြီဖြစ်ရာ ဤလူများ မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ၎င်းတို့ကို ကယ်တင်လျှင်ပင် အဓိပ္ပာယ်ရှိမည်မဟုတ်ပါချေ။
လီယန်ချူသည်လည်း အကြောင်းမဲ့ သနားကရုဏာစိတ်များ ပိုလျှံနေသူ မဟုတ်ပေ။ သို့သော် ယခုမြင်ကွင်းမှာ သူ့ကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသဖြင့် သူ တိတ်ဆိတ်နေမိခြင်း ဖြစ်သည်။
သွေးသားရှိသော လူသားများ၏ ထုံထိုင်းမှုနောက်ကွယ်မှ မျှော်လင့်ချက်အရိပ်အယောင်ရှိသော မျက်ဝန်းများကို မြင်နေရသဖြင့် ဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်ချင်ကြပြီး ဤကဲ့သို့ ထုံထိုင်းမနေချင်ကြပါချေ။ ဤကဲ့သို့သော ငရဲခန်းထဲတွင် ရှင်သန်နေရခြင်းမှာ ၎င်းတို့၏ ကံဆိုးမှုပင် ဖြစ်သည်။
လူသားများကို မောင်းထုတ်လာသည်နှင့်အမျှ မိစ္ဆာအချို့မှာ မအောင့်နိုင်တော့ဘဲ အားပါးတရ စားသုံးရန် ပြင်ကြတော့သည်။ ၎င်းတို့အတွက် လူသားဆိုသည်မှာ စဉ်းတီတုံးပေါ်မှ အသားကဲ့သို့ပင်။
ဝံပုလွေမိစ္ဆာတစ်ကောင်မှာ မအောင့်နိုင်တော့ဘဲ လူတစ်ယောက်ကို လှမ်းဖမ်းကာ ပါးစပ်ကြီးကို ဖြဲလျက် ဝါးမျိုရန် ပြင်လိုက်စဉ်
ဘုန်း
ဝံပုလွေမိစ္ဆာ၏ ခေါင်းမှာ သွေးမြူများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။ လူငယ်တစ်ဦးသည် သူ၏ရှေ့သို့ ရောက်ရှိလာပြီး လက်ဝါးတစ်ချက်ဖြင့် ရိုက်ချကာ ခြေမွပစ်လိုက်ခြင်း ဖြစ်သည်။
တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
“မင်း ဘာလုပ်တာလဲ”
“မင်း ရူးနေတာလား”
“ဒါက ခြင်္သေ့ပြာမင်းသားရဲ့ စားပွဲတော်ကွ၊ မင်း ရန်ငြိုးဟောင်းတွေ လာဖြေရမယ့် နေရာမဟုတ်ဘူး”
မိစ္ဆာအပေါင်းတို့က ဒေါသတကြီး ဟောက်ကြသည်။ လီယန်ချူသည် ဓားရိုးကို လက်ဖြင့်အုပ်ထားရင်း အကြည့်များက မောက်မာလှ၏။
“ငါ မှားသွားတယ်”
မိစ္ဆာများအားလုံး မှင်တက်သွားကြသလို မင်ဟော်လည်း ကြောင်အသွားသည်။
ဤကဲ့သို့ ပြတ်သားပြီး မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော ယောက်ျားက အမှားဝန်ခံလိုက်သည်လား။
ထို့နောက် လီယန်ချူက အေးစက်စွာ ပြုံးလိုက်ပြီး
“မင်းတို့လို အမှိုက်တွေကို ငါက သည်းခံနေမိတာ မှားသွားတယ် ”
ဝုန်း
ဓားအလင်းမှာ ပိတ်စတစ်စကဲ့သို့ လွင့်ပျံသွားပြီး မိစ္ဆာ ဆယ်ကောင်ကျော်မှာ ခဏချင်းအတွင်း အသတ်ခံလိုက်ရသည်။
ကျန့်ကျောင်းဓား မှာ အလွန်တရာ ထက်မြက်လှသဖြင့် ထိုမိစ္ဆာများမှာ အော်ဟစ်ချိန်ပင် မရလိုက်ကြပါချေ။
မင်ဟော် ကြောင်သွားရသည်။
ဒါ တကယ် တိုက်ခိုက်တော့မှာလား ရှစ်ခွင်မှန် တစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လေထဲတွင် ကြီးမားလာတော့သည်။ တောက်ပလှသော နတ်ဘုရားအလင်းတန်းများမှာ ပန်းခြံတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ကျန်ရှိနေသော မိစ္ဆာများမှာ ဝိညာဉ်များ တုန်လှုပ်သွားကြပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိသွားကြသည်။
မိစ္ဆာအတော်များများမှာ ၎င်းတို့၏ မူလအစစ်အမှန် ခန္ဓာကိုယ်ကြီးများအဖြစ် ပြောင်းလဲသွားကြသော်လည်း.......
ရွှမ်း ရွှမ်း ရွှမ်း
ဓားအလင်းများက ရပ်တန့်ခြင်းမရှိဘဲ လင်းလက်နေတော့သည်။ လီယန်ချူ၏ ဓားချက်အောက်တွင် မိစ္ဆာများမှာ မူလအသွင်ပင် အပြည့်အဝ မပြောင်းလဲနိုင်သေးမီမှာပင် သွေးအိုင်ထဲ၌ လဲကျကုန်ကြသည်။
“ယုတ်မာတဲ့ကောင်... မင်း ဘာလုပ်နေတာလဲ ”
စာကလေးမိစ္ဆာ ဝန်ကြီးချုပ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပြေးဝင်လာသည်။
ဝုန်း
နတ်ဘုရားမီးလျှံများမှာ ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားပြီး ထိုလူသားစားမိစ္ဆာများကို ရေလှိုင်းကြီးတစ်ခုကဲ့သို့ ဝါးမျိုပစ်လိုက်သည်။ ထိုဝိညာဉ်မီးလျှံမှာ အသိဉာဏ်ရှိသကဲ့သို့ပင် ခြံဝင်းအတွင်းရှိ လူသားများကိုမူ ထိခိုက်ခြင်း မရှိဘဲ ရှောင်ကွင်းသွား၏။
ကျောက်ထျန်းတံဆိပ် သည် ကောင်းကင်တွင် ဝဲပျံနေသည်။ နဂါးငါးကောင်စက်ဝိုင်း နှင့် မီးကျီးကန်းတစ်သောင်းအိုး တို့မှ မီးပင်လယ်များ၊ မီးကျီးကန်းများ၊ မီးနဂါးများ ထွက်ပေါ်လာရာ နေမင်းကြီး ကမ္ဘာမြေကို လောင်မြိုက်နေသကဲ့သို့ပင် ထိုမီးလှိုင်းကြီးမှာ ခြံဝင်းအတွင်းရှိ လူသားစားမိစ္ဆာများကို ခဏချင်းအတွင်း ဝါးမျိုခြေမှုန်းပစ်လိုက်သည်။
နဂါးမိစ္ဆာဘုရင်နှင့် စာကလေးမိစ္ဆာ ဝန်ကြီးချုပ် နှစ်ဦးသာ လွတ်မြောက်ခဲ့သော်လည်း သူတို့သည် ထိုလူငယ်၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။
“တောက် ဘယ်ကနေ ဒီလို စည်းမဲ့ကမ်းမဲ့ကောင် ရောက်လာတာလဲ ”
စာကလေးမိစ္ဆာက ဒေါသတကြီး ဆဲဆိုသည်။
“ခြင်္သေ့ပြာမင်းသားရဲ့ စားပွဲတော်ကို ဖျက်ဆီးရဲတယ်ဆိုတော့ ဒီကောင်က သေချာပေါက်...”
နဂါးမိစ္ဆာဘုရင်၏ စကားမဆုံးသေးမီမှာပင် တောက်ပလှသော ဓားအလင်းတစ်ချက် လင်းလက်သွားပြီး သူ၏ ဦးခေါင်းကြီးမှာ လေထဲသို့ မြောက်တက်သွားတော့သည်။
နဂါးမိစ္ဆာဘုရင်မှာ ချက်ချင်းပင် အသက်ပျောက်သွား၏။ စာကလေးမိစ္ဆာမှာ ဘာဖြစ်သွားမှန်း မသိသေးမီမှာပင် ဓားအလင်းက ပိတ်စကဲ့သို့ ဖြတ်သန်းသွားပြီး သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော တုန်ခါမှုတစ်ခုက စာကလေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို သွေးမြူများအဖြစ် အငွေ့ပျံသွားစေသည်။
တစ်ခဏအတွင်းမှာပင် ပန်းခြံတစ်ခုလုံးရှိ မိစ္ဆာအပေါင်း ခြောက်ဆယ်ခန့်မှာ အကုန်အစင် သေဆုံးသွားခဲ့ပြီ။ မိစ္ဆာနတ်ဘုရားအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုသော နဂါးမိစ္ဆာဘုရင်နှင့် ရက်စက်လှသော စာကလေးမိစ္ဆာတို့လည်း ပါဝင်သည်။
“............” မင်ဟော်မှာမူ ကြောင်အလျက်ပင် ကျန်ရစ်သည်။ သူမ၏ လက်ထဲမှ မှော်ပညာများကိုပင် ထုတ်လွှတ်ချိန် မရလိုက်ပါချေ။
လီယန်ချူသည် ယခုအခါ သွေးချီအင်အားမှာ တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိနေပြီဖြစ်သလို ရွှေရောင်ဦးဆောင်း၏ ကိုယ်ယောင်ဖျောက်နိုင်စွမ်းနှင့်ဆိုလျှင် တတိယအဆင့်အောက်ရှိ သူများမှာ သူ၏ ဓားတစ်ချက်ကိုပင် မခံနိုင်ကြပါချေ။
စားပွဲတော်ရှိ မိစ္ဆာအားလုံးကို အကုန်အစင် သုတ်သင်နိုင်စွမ်းရှိနေပါမှ ဘာကြောင့် စိတ်မသက်မသာ အောင့်အည်းနေရမည်နည်း။
အသေသတ်ပစ်မှာပဲ
ဝုန်း
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သက်ဆင်းလာသည်။
မျက်လုံးရှည်မျောမျောနှင့် လူငယ် (ခြင်္သေ့ပြာမင်းသား) သည် ကြီးမားလှသော မီးလျှံအငွေ့အသက်များကို ခံစားမိသဖြင့် ပန်းခြံထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူ ပန်းခြံထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မှင်တက်သွားရ၏။
“ဟင်”
“တစ်ခြံလုံးက ငါ့လူတွေ ဘယ်ရောက်ကုန်တာလဲ”
သူ မြင်လိုက်ရသည်မှာ ဓားတစ်လက်ကို ကိုင်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသော လူငယ်တစ်ဦးပင် ဖြစ်သည်။
ထိုအေးစက်လှသော အကြည့်ကြောင့် မိစ္ဆာနတ်ဘုရားအဖြစ် အသစ်စက်စက် အောင်မြင်ထားသော ခြင်္သေ့ပြာမင်းသား၏ ရင်ထဲတွင်ပင် တုန်လှုပ်မှုတစ်ခု ဖြစ်သွားတော့သည်။
အခန်း (၅၈၈) - မိစ္ဆာဓား ၊ လူသားငါးသောင်း၏ သွေးဆာသောအငွေ့အသက် ၊ ခြင်္သေ့ပြာမင်းသားပေးတဲ့ လက်ဆောင်အတွက် ကျေးဇူးပါပဲ
“မင်းက ဘယ်သူလဲ”
ခြင်္သေ့ပြာမင်းသားက ဒေါသတကြီး ဟောက်လိုက်သည်။
လီယန်ချူ ပြန်ဖြေသည်ကိုပင် မစောင့်ဘဲ သူ၏ ပါးစပ်ကို ဟလျက် ရွှေရောင်နတ်ဘုရားအလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်၏။ ဤကောင်သည်လည်း လူကြီးလူကောင်းမဆန်ဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တတ်သည့် အမျိုးအစားပင်
လီယန်ချူ၏ ကိုယ်ပေါ်မှ သွေးချီများသည် မီးခိုးတိုင်ကြီးတစ်ခုကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားပြီး လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်သည်။ တစ်လံခွဲခန့် မြင့်မားသော လက်ဝါးရိပ်ကြီးတစ်ခုသည် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့၏။
ဘုန်း
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ရွှေရောင်လက်ဝါးရိပ်နှင့် ထိုနတ်ဘုရားအလင်းတန်းတို့ ရိုက်ခတ်မိကာ တောက်ပလှသော အလင်းတောင်ပံများ ဖြာထွက်သွားတော့သည်။
ခြင်္သေ့ပြာမင်းသားသည် မျက်လုံးကို အနည်းငယ် မှေးလိုက်စဉ် ထိုအလင်းတန်းများကြားမှ ဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦး ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏။
လီယန်ချူ၏ အကြည့်များမှာ အေးစက်စက်ရှိပြီး လက်ကို မြှောက်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။
သူသည် ခြင်္သေ့ပြာမင်းသား၏ ရှေ့မှောက်သို့ လေထဲမှ ပေါ်လာသကဲ့သို့ပင်။ ခြင်္သေ့ပြာမင်းသားသည် ချက်ချင်းပင် သူ၏ ကျင့်ကြံခြင်း စွမ်းအားများကို စုစည်းကာ မိမိရှေ့တွင် ကာကွယ်လိုက်၏။ သူသည် နှစ်ပေါင်းထောင်ချီသော ကျင့်ကြံခြင်းကို စုစည်းကာ မိစ္ဆာနတ်ဘုရားအဖြစ် အောင်မြင်ထားသူဖြစ်ရာ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေချိန် ဖြစ်သည်။
ဒိုင်း
သူ တည်ဆောက်ထားသော ကျင့်ကြံခြင်း အကာအကွယ် အလွှာပေါင်းများစွာမှာ ခဏချင်းအတွင်း ပွင့်ထွက်သွားတော့သည်။
လီယန်ချူ၏ ဓားအလင်း ခုတ်ချလိုက်သည်နှင့်အမျှ ခြင်္သေ့ပြာမင်းသားသည် နောက်ဆုံးတွင် တိမ်းရှောင်သည့် ပညာရပ်ကို သုံးကာ ရှောင်တိမ်းလိုက်ရ၏။
“ဒီဓားက တစ်ခုခု ထူးခြားနေတယ်”
ခြင်္သေ့ပြာမင်းသား၏ ရင်ထဲတွင် လေးလံသွားသည်။ ခုနကသာ သူက အတင်းအမာ ခုခံနေခဲ့လျှင် ယခုအချိန်တွင် ထိုလူငယ်၏ ဓားအောက်၌ အပိုင်းပိုင်း ပြတ်နေလောက်ပြီ ဖြစ်သည်။
သူသည် ပါးစပ်ကို ဟကာ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ဓားရှည်တစ်လက်ကို ထွေးထုတ်လိုက်သည်။ ထိုဓားမှာ တစ်မီတာခွဲခန့် ရှည်လျားပြီး ဓားကိုယ်ထည်မှာ သွေးကဲ့သို့ နီရဲနေကာ ဝါးခုတ်ဓားရှည်နှင့် ခပ်ဆင်ဆင် တူ၏။
ရွှမ်း
ခြင်္သေ့ပြာမင်းသားက ဓားဖြင့် တစ်ချက် ခုတ်ချလိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော သွေးရောင်သတ္တဝါကြီးတစ်ကောင်သည် ဓားကိုယ်ထည်မှ ထွက်ပေါ်လာပြီး လီယန်ချူထံသို့ ခုန်အုပ်လာတော့၏။
ဟိန်း
အေးစက်လှသော အငွေ့အသက်များက သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ထိုဓားမှာ လူသားများ၏ သွေးသားနှင့် ဝိညာဉ်များကို ယဇ်ပူဇော်၍ သွန်းလုပ်ထားသော မိစ္ဆာဓား ပင် ဖြစ်သည်။ သေဆုံးသူတို့၏ နာကျည်းမှု အငွေ့အသက်များမှာ အလွန်ပင် ထူထပ်လှ၏။
ခြင်္သေ့ပြာမင်းသားသည် မိစ္ဆာဓားကို ကိုင်ဆောင်ကာ လီယန်ချူထံသို့ တရကြမ်း တိုးကပ်လာသည်။
လီယန်ချူ၏ ရှေ့တွင် အကာအကွယ် များ ပေါ်ထွက်လာ၏။ ၎င်းသည် မိစ္ဆာဓား၏ အလင်းတန်းကို တားဆီးပေးရုံသာမက ဓားအတွင်းမှ နာကျည်းမှု အငွေ့အသက်များကိုပါ မိမိ၏ စင်ကြယ်သော အကာအကွယ်စွမ်းအား အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ခြင်္သေ့ပြာမင်းသားသည် ဓားအတွင်းမှ နာကျည်းမှုများ လျော့နည်းသွားသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် လီယန်ချူ၏ ခါးကို ဓားဖြင့် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းခုတ်ချလိုက်ရာ ထိုလူငယ်ကို တစ်ပိုင်းစီ ပြတ်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် လီယန်ချူသည် ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။
ခြင်္သေ့ပြာမင်းသား၏ ဦးခေါင်းနောက်ဘက်မှ လေထုကို ဖြတ်သန်းလာသော အသံပြင်းပြင်းနှင့်အတူ တောက်ပလှသော ဓားအလင်း ကျဆင်းလာသည်။
ခြင်္သေ့ပြာမင်းသားသည် အပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်ထွက်လိုက်ရ၏။ မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော ကွဲအက်ရာကြီးတစ်ခု ပေါ်လာပြီး နှစ်မိုင်၊ သုံးမိုင်ခန့်အထိ ဖြောင့်တန်းစွာ ရှည်လျားသွားတော့သည်။
ခြင်္သေ့ပြာမင်းသား၏ အကြည့်များ အေးစက်သွားပြီး လက်ထဲမှ မိစ္ဆာဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ သွေးရောင်သတ္တဝါ သုံးကောင် ထွက်ပေါ်လာသည်။
၎င်းတို့မှာ သွေးဆာသောအငွေ့အသက် များဖြင့် စုစည်းထားသော သွေးမိစ္ဆာ များ ဖြစ်ကြသည်။
လူသားတစ်သောင်းကို သတ်ဖြတ်ခြင်းမှသာ သွေးမိစ္ဆာတစ်ကောင် ရရှိနိုင်ခြင်း ဖြစ်သည်။ ထိုခြင်္သေ့ပြာမင်းသားသည် ဤဓားကို သွန်းလုပ်စဉ်က တစ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးရာ စုစုပေါင်း လူသားငါးသောင်း၏ အသက်ကို အသုံးချ၍ ထိုမိစ္ဆာဓားကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
သွေးဆာသောအငွေ့အသက်များက လီယန်ချူကို ထိမှန်သွားသော်လည်း လီယန်ချူ၏ ဦးနှောက်ထဲတွင် နတ်ဘုရားအလင်းတန်းတစ်ခု လင်းလက်သွားပြီး ထိုအလွန်ထူထပ်လှသော သေဆုံးသူတို့၏ နာကျည်းမှုများက သူ့ကို မလွှမ်းမိုးနိုင်ရန် ကာကွယ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ အကာအကွယ်စွမ်းအားများသည် မမြင်နိုင်သော အကာအကွယ်နံရံတစ်ခုကို တည်ဆောက်လိုက်ပြီး ခြင်္သေ့ပြာမင်းသား၏ မိစ္ဆာဓာတ်ကို တားဆီးရင်း ထိုနာကျည်းမှု အငွေ့အသက်များကိုပါ ဝါးမြိုပစ်လိုက်တော့၏။
သူ၏ ရင်ထဲတွင် ဝမ်းသာသွားသည်။
သူသည် ထိုနေရာတွင် ဝိညာဉ်စွမ်းအားများကို စုပ်ယူရန် ကြိုးစားခဲ့ဖူးသော်လည်း ဤစီထော်မြို့အတွင်း၌ မည်သည့် ဝိညာဉ်စွမ်းအားကိုမျှ စုပ်ယူ၍ မရကြောင်း သိခဲ့ရသည်။
မိစ္ဆာများကို သတ်လျှင်ပင် ကုသိုလ်မှတ်များ မရရှိပါချေ။
ခြင်္သေ့ပြာမင်းသား၏ လက်ထဲမှ ဤမိစ္ဆာဓားသည်သာ သူ စုပ်ယူနိုင်မည့် တစ်ခုတည်းသော စွမ်းအားအရင်းအမြစ် ဖြစ်နေသည်။
သာမန် ကျင့်ကြံသူများအတွက်မူ စွမ်းအားအရင်းအမြစ်မရှိဘဲ ဝိညာဉ်စွမ်းအား စုပ်ယူ၍မရခြင်းမှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။
အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအတွင်း ဝိညာဉ်စွမ်းအား ပြန်လည်မဖြည့်တင်းနိုင်ဘဲ ခမ်းခြောက်သွားပါက သေဆုံးခြင်းသို့သာ ဦးတည်သွားမည် ဖြစ်သောကြောင့်ပင်။
ယခုမူ ခြင်္သေ့ပြာမင်းသားက သွေးဆာသောအငွေ့အသက်များ ပင်လယ်ကဲ့သို့ ထူထပ်လှသော မိစ္ဆာဓားတစ်လက်ကို လာပို့ပေးနေခြင်း မဟုတ်ပါလား။
လီယန်ချူသည် ရှစ်ခွင်မှန်ကို အသုံးပြု၍ နတ်ဘုရားအလင်းတန်းတစ်ခုဖြင့် ခြင်္သေ့ပြာမင်းသားကို လှမ်းထိုးလိုက်သည်။ ခြင်္သေ့ပြာမင်းသားသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
သူ၏ အကာအကွယ်အပြာရောင်အလင်းတန်းမှာလည်း ရှစ်ခွင်မှန်၏ ပူပြင်းလှသော အလင်းကို မတားဆီးနိုင်ခဲ့ပေ။ ၎င်းသည် သူ၏ ဝိညာဉ်အပေါ်သို့ တိုက်ရိုက်ကျရောက်သွားသဖြင့် သူ၏ အမြင်အာရုံများ မှောင်အတိ ကျသွားတော့သည်။
နောက်တစ်ခဏတွင် လီယန်ချူသည် သူ၏ ရှေ့သို့ ရောက်ရှိလာ၏။ လျှံပယ်လှသော သွေးချီများကို ကျန့်ကျောင်းဓားအတွင်းသို့ ထည့်သွင်းလိုက်ရာ သူ၏ နောက်ကျောတွင် ကြီးမားထည်ဝါသော ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။
၎င်းမှာ သူ၏ ကိုယ်ပိုင် သိုင်းပညာနယ်ပယ်ပုံရိပ် ပင် ဖြစ်သည်။ ထိုအရှိန်အဝါမှာ နေမင်းကြီးကဲ့သို့ တောက်ပလှပြီး ပြင်းထန်လွန်းလှ၏။
ဒုန်း
ဓားဖြင့် ခုတ်ချလိုက်သောအခါ ခြင်္သေ့ပြာမင်းသားသည် ရှောင်တိမ်းရန် အချိန်မရတော့သဖြင့် လက်ထဲမှ မိစ္ဆာဓားကို မြှောက်၍ ခုခံလိုက်ရသည်။
ကောင်းကင်နှင့် မြေကြီးအကြားတွင် ခေါင်းလောင်းကြီးတစ်ခုကို တီးခတ်လိုက်သကဲ့သို့ အသံကြီး မြည်ဟိန်းသွားတော့သည်။
ထိုမိစ္ဆာဓားမှာ လူသားပေါင်း သောင်းနှင့်ချီသော အသက်များကို အခြေခံထားသော်လည်း အသုံးပြုထားသော ပစ္စည်းမှာ ညလန့်လှံ ကဲ့သို့သော ကောင်းကင်ဘုံလက်နက်များကို မမီပါချေ။
ကုသိုလ်မှတ်ပေါင်း တစ်သိန်းအဆင့်ရှိသော ကျန့်ကျောင်းဓားကိုလည်း မခုခံနိုင်သည်မှာ သဘာဝပင်။ ဓားတစ်ချက်တည်းဖြင့်ပင် ထိုမိစ္ဆာဓားမှာ ကျိုးပြတ်သွားတော့သည်။
သွေးရောင်သတ္တဝါ လေးကောင်မှာ အချုပ်အနှောင်မှ လွတ်မြောက်သွားကြပြီး ထူထပ်လှသော သွေးဆာသောအငွေ့အသက်များ ပေါက်ကွဲထွက်လာ၏။ လီယန်ချူက ခြင်္သေ့ပြာမင်းသား၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပြင်းထန်လှသော သွေးချီများကြောင့် ခြင်္သေ့ပြာမင်းသား၏ ခန္ဓာကိုယ်မှာ နက်ရှိုင်းလှသော မြေကျင်းကြီးထဲသို့ လွင့်စင်သွားတော့သည်။
လီယန်ချူသည် သူ၏ အကာအကွယ်စွမ်းအား ကို ကြီးမားသော အကာအကွယ်နံရံကြီးအဖြစ် ပြောင်းလဲလိုက်ပြီး ပတ်ဝန်းကျင်ရှိ သွေးဆာသောအငွေ့အသက်များကို မရပ်မနား စုပ်ယူလိုက်တော့သည်။
“ယုတ်မာတဲ့ကောင် ငါ့ရဲ့ မိစ္ဆာဓား”
ခြင်္သေ့ပြာမင်းသားက ဒေါသတကြီး ဟောက်လိုက်သည်။
မိစ္ဆာမျိုးနွယ်တို့၏ ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းလှပြီး အထူးသဖြင့် သူ၏ဖခင်မှာ စစ်မှန်သော မိစ္ဆာနတ်ဘုရား ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် အစွမ်းထက်လှ၏။ သူသည် မြေကျင်းထဲမှ ပြန်ထလာပြီး အပြာရောင်အလင်းတစ်ခုအဖြစ် လီယန်ချူထံသို့ ပစ်ဝင်လာတော့သည်။
ထိုလူငယ်၏ အကာအကွယ်စွမ်းအားက သူ၏ သွေးဆာသောအငွေ့အသက်များကို စုပ်ယူနိုင်သည်ကို သူ သိလိုက်ရပြီ။ ထိုသို့ဆိုလျှင် သူ အပင်ပန်းခံ သွန်းလုပ်ထားသော မိစ္ဆာဓားမှာ သူတစ်ပါးအတွက် လက်ဆောင်ဖြစ်မသွားပေဘူးလား။
“သွားစမ်း” လီယန်ချူက အေးစက်စွာ အော်လိုက်သည်။
အလင်းတန်းတစ်ခု ပြေးထွက်သွားပြီး ခြင်္သေ့ပြာမင်းသား၏ ရှေ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွား၏။ ခြင်္သေ့ပြာမင်းသားက လက်နှစ်ဖက်ဖြင့် အကာအကွယ်ဒိုင်းတစ်ခုကို တည်ဆောက်ကာ တားဆီးလိုက်သော်လည်း ထိုအလင်းတန်းမှာ ဒိုင်းကိုဖောက်ထွက်၍ သူ၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ထိုးဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားရသည်။ ၎င်းမှာ လီယန်ချူ၏ လက်ထဲမှ ကျန့်ကျောင်းဓား ပင် ဖြစ်သည်။
ကျန့်ကျောင်းဓားမှာ ကုသိုလ်မှတ် တစ်သိန်းအဆင့်ရှိသော ရတနာဖြစ်ရာ ၎င်းတွင် ကိုယ်ပိုင်အသိဉာဏ်ရှိပြီး အလိုအလျောက် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ယခုအခါ ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ခြင်္သေ့ပြာမင်းသားကို သုတ်သင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရှစ်ခွင်မှန်ကလည်း အရှုံးမပေးဘဲ နတ်ဘုရားအလင်းတန်းများဖြင့် ခြင်္သေ့ပြာမင်းသားကို ထိုးနှက်နေ၏။ ယခုအကြိမ်တွင်မူ ခြင်္သေ့ပြာမင်းသားက ကြိုတင်ပြင်ဆင်ထားသဖြင့် သူ၏ ဝိညာဉ်မှ အပြာရောင်အငွေ့အသက်များကို ထုတ်လွှတ်ကာ ရှစ်ခွင်မှန်၏ တိုက်ခိုက်မှုကို တားဆီးထားသည်။
သို့သော် ရုတ်တရက် ကြီးမားလှသော လက်သီးချက်တစ်ခုမှာ သူ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာတော့၏။
ဘုန်း
ခြင်္သေ့ပြာမင်းသား လွင့်ထွက်သွားရပြန်သည်။
ထိုလက်သီးချက်မှာ လီယန်ချူ၏ ခုနက လက်ဝါးရိုက်ချက်လောက် မပြင်းထန်သော်လည်း ၎င်းတွင် စင်ကြယ်သောယန်စွမ်းအား များ ကိန်းအောင်းနေသဖြင့် မိစ္ဆာစွမ်းအားများကို အလွန်ပင် ဖိနှိပ်နိုင်စွမ်း ရှိလှသည်။
သူ လှည့်ကြည့်လိုက်သောအခါ ရွှေရောင်ဝတ်စုံဝတ်ထားသော ရွှေရောင်စစ်သည်တော် တစ်ဦးက လက်သီးထိုးထားသည့် ပုံစံဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ တာအိုဂိုဏ်း၏ အစီရင်ဝတ်စုံ ဖြစ်သည်။ အစီရင်ဝတ်စုံမှာလည်း လီယန်ချူ၏ ကုသိုလ်မှတ် တစ်သိန်းအဆင့် အမြှင့်ခြင်းကို ခံထားရသဖြင့် အခြေခံအသိဉာဏ်ရှိနေပြီး တစ်နည်းအားဖြင့် သူ၏ ခန္ဓာကိုယ်ပြင်ပကိုယ်ပွား ဟုပင် ဆိုနိုင်သည်။
ရွှေရောင်စစ်သည်တော်၊ ရှစ်ခွင်မှန်နှင့် ကျန့်ကျောင်းဓား ဟူသော ကုသိုလ်မှတ် တစ်သိန်းအဆင့် ရတနာသုံးပါးတို့က ခြင်္သေ့ပြာမင်းသားကို ဝိုင်းဝန်းပိတ်ဆို့ထားကြသည်။
လီယန်ချူကမူ သူ၏ အကာအကွယ်အစွမ်းအား ကို အသုံးချ၍ သွေးဆာသောအငွေ့အသက်များကို အငမ်းမရ ဝါးမြိုနေတော့၏။ မိစ္ဆာဓားနှင့် သူ၏ကြားတွင် ထူးဆန်းလှသော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်နေသည်။
သွေးဆာသောအငွေ့အသက်များသည် သူ၏ အကာအကွယ်စွမ်းအား များကြောင့် စင်ကြယ်သောစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ စွမ်းအားများကို မရပ်မနား တိုးတက်လာစေသည်။
ခြင်္သေ့ပြာမင်းသားသည် အလင်းတန်းတစ်ခုအဖြစ် ပြေးဝင်လာသော်လည်း ကျန့်ကျောင်းဓားက ထပ်မံတားဆီးလိုက်ပြန်၏။
မည်ကဲ့သို့သော လူမျိုးက မည်ကဲ့သို့သော ဓားမျိုးကို သုံးသည်မှာ မှန်လှပေသည်။ ကျန့်ကျောင်းဓား၏ အရှိန်မှာလည်း အလွန်ပင် လျင်မြန်လှ၏။
ထက်မြက်လှသော ဓားအလင်းများကြောင့် ခြင်္သေ့ပြာမင်းသားမှာ အတော်ပင် ခေါင်းခဲနေရတော့သည်။
လီယန်ချူ၏ သွေးချီများမှာ ပင်လယ်ကဲ့သို့ ပြည့်လျှံနေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်အမင်း သန်မာလှ၏။ ထိုသွေးဆာသောအငွေ့အသက်များကို ပြောင်းလဲပစ်ရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူလှသည်။
သူ၏ အကာအကွယ်စွမ်းအား များသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ အစွမ်းထက်လှသော အဆင့်တစ်ခုသို့ တက်လှမ်းသွားတော့၏။