ပုံပြင်အသစ်တစ်ပုဒ်
Vol. 9 Ch. 127
ချန်ဖုန့်သည် သုန်မှုန်နေသော မျက်နှာထားဖြင့် လမ်းမထက်၌ လမ်းလျှောက်နေ၏။ သူ၏ အတောမသတ်နိုင်သော မုန်းတီးမှုကြောင့် အသိစိတ်မဲ့သော လူသဖွယ် ဖြစ်နေလေသည်။
“ဒါရိုက်တာချန်၊ လီထိုက်က ရှင့်ကို မျက်နှာသာ မပေးလောက်အောင်ကို မာန်တက်နေတာပဲ”
ယန်ယွဲ့က ခပ်ပြတ်ပြတ် ပြောလာသည်။
“ဟမ့် သူတို့အပျော်က ခဏလေးပါ”
ချန်ဖုန့်၏ လေသံတွင် မလိုတမာစိတ်တို့ ပြည့်နှက်နေသည်။ သူ တစ်ခဏမျှ ငြိမ်နေပြီးမှ ဖုန်းကို ထုတ်လိုက်သည်။
“ဟဲလို ဆရာ ရှစ်၊ ကျုပ်ပါ ချန်ဖုန့်လေ”
“ဒါရိုက်တာချန် ထူးထူးဆန်းဆန်း ဖုန်းဆက်လို့ပါလား”
ဖုန်းတစ်ဖက်မှ ရှစ်လေ့၏အသံကို ကြားနေရသည်။
“ငါက သူရဲကောင်းက ဟော်ရန်ကျားနဲ့ အပြိုင်ပြမယ်လို့ ကျုပ် ကြားလိုက်သလားလို့”
ချန်ဖုန့်က အစ်အောက်၍ မေးလိုက်သည်။
“ဟုတ်တယ်”
ရှစ်လေ့က တန်းဖြေသည်။ ချန်ဖုန့်၏ နှုတ်ခမ်းက ကွေးတက်သွားသည်။
“ဒါဆို ခင်ဗျား မဟာမိတ် အပို လိုချင်သလား၊ လီကျင့်က ဟော်ရန်ကျားရဲ့ ဇာတ်လိုက်လို့ ကျုပ် ကြားခဲ့တယ်”
“လီကျင့်လား”
ရှစ်လေ့ အံ့ဩသွားပြီးမှ လှောင်ရယ်လေသည်။
“လီထိုက်က ဝူဟန်ကို ပေါ်တင် ဆန့်ကျင်တော့မယ်နဲ့တူတယ်”
…
နာရီဝက်ကြာသော် ချန်ဖုန့်က ပျော်ရွှင်နေသော အပြုံးနှင့်အတူ ဖုန်းချလိုက်သည်။
“ဒါရိုက်တာချန့် ဘာဖြစ်တာလဲ၊ ဒါက ဝူဟန်နဲ့ ဘာပတ်သတ်လို့လဲ”
ယန်ယွဲ့က မေးလေသည်။
“ဟဲဟဲ ဝူဟန်နဲ့ အားလုံး ပတ်သတ်နေတာပေါ့၊ လီထိုက်က စိတ်တိုအောင် လုပ်ရုံတင်မကဘူး ဝူဟန်ကိုပါ ဆန့်ကျင်တော့မှာလေ၊ ဝူဟန်က ဟော်ရန်ကျားကို သူ့ရဲ့ ပိတ်ပင်တဲ့ စာရင်းထဲ ထည့်လိုက်ပြီ၊ မကြာခင် ငါတို့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်”
ချန်ဖုန့်က ပျက်ရယ်ပြုလေသည်။
“ဒီနေ့ လီထိုက် ငါတို့ကို နှင်ထုတ်လိုက်တာ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါတို့ပါ ပြန်လမ်းမရှိတဲ့ဘက်ကို ပါသွားဦးမှာ”
ယန်ယွဲ့က သက်ပြင်းချလိုက်ပြီးနောက် ဝမ်းသာအားရ ပြုံးလိုက်သည်။
“ငါက သူရဲကောင်းမှာ ဝူဟန် သရုပ်ဆောင်မယ်ဆိုတော့ ဟော်ရန်ကျားက လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဝူဟန် သရုပ်ဆောင်မှာလား”
ယန်ယွဲ့ အံ့ဩသွားသည်။ ဝူဟန်သည် မရေတွက်နိုင်သော အမျိုးသမီး ပရိသတ်များ ရှိသည့် အနုပညာရှင် ဖြစ်ပြီး နာမည်ကျော် မင်းသားဟူသည့် နာမည်ပင် ရထားသူ ဖြစ်သည်။ box office ရောင်းအားက ကျိန်းသေပေါက် ကောင်းသူ ဖြစ်ပေသည်။
*ဝူဟန်သာ တိုက်ပွဲထဲ ဝင်ပါလာရင် ဟော်ရန်ကျားက သေချာပေါက် ရှုံးမှာပဲ*
“ဟားဟားဟား ဟုတ်တယ်”
ချန်ဖုန့်က ဆက်ပြောသည်။
“ဝူဟန်ရဲ့ သရုပ်ဆောင်ကြေးက တအား ဈေးကြီးလွန်းတာ ဆိုးတာပဲ၊ ရှစ်လေ့က အရင်းအနှီး နည်းနည်းပါးပါး လိုနေသေးတယ်၊ အခုကစပြီး ငါက သူရဲကောင်းမှာ ငါ ရင်းနှီးမြှုပ်နှံ့ဖို့ စဉ်းစားထားတယ်၊ ဒါမှ သူတို့ရဲ့ box office ရောင်းအား တစ်ဟုန်ထိုး တက်လာရင် ငါလည်း အမြတ်ကောင်းကောင်းရမှာ”
သူ့မျက်လုံးက ရက်စက်ခက်ထန်ဟန်တို့ဖြင့် တောက်ပနေသည်။ ဒါရိုက်တာလီ၏ ဟော်ရန်ကျား ရုပ်ရှင်က ကျဆင်းသွားပြီး ငါက သူရဲကောင်းမှ သူ၏ ရင်းနှီးမြှုပ်နှံမှုက အမြတ်များ ရလာလျင် သူ့ကို ဆန့်ကျင်ခဲ့သည့် အကျိုးဆက်အတွက် လီထိုက်ကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးပစ်မည်။
“ဒါရိုက်တာချန်၊ ဒါ ဘဝမှာ တစ်ကြိမ်ပဲ ရနိုင်တဲ့ အခွင့်အရေးပဲ”
ယန်ယွဲ့က ချန်ဖုန့်၏ ဝပြဲနေသော ခန္ဓာကိုယ်ကို သူမကိုယ်ဖြင့် တင်းနေအောင် ဖိကပ်ဖက်ပစ်၍ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
“ဒါရိုက်တာချန် အောင်မြင်သွားရင် ကျွန်မကို မမေ့ရဘူးနော်”
“ဟားဟား ဒါက မင်းအပြုအမူပေါ်မှာပဲ မူတည်တယ်”
ချန်ဖုန့်က ယန်ယွဲ့၏ ကျစ်လျစ်သော ခါးကို ပြန်ဖက်လိုက်ပြီး ကျောချမ်းစရာကောင်းသော ရယ်သံတို့ဖြင့် အဝေးသို့ လျှောက်သွားသည်။
ရဲ့လင်းချန်သည် နောက်လွှင့်မည့် တိုက်ရိုက် ထုတ်လွှင့်ခြင်းအတွက် အကြောင်းအရာများကို တစ်နေ့လုံး ပြင်ဆင်နေသဖြင့် ယနေ့ ဘာဖြစ်သွားသလဲ မသိပေ။
…
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် မနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်တွင် လီမူရွှယ်၏ အိမ်သို့ မသိမသာ ခိုးကြည့်မိသည်။
ကျန်းယွင်ရှီ ပြင်ပေးသော မနက်စာကို စားပြီးနောက် သူ တက္ကသိုလ်သို့ တန်းသွားလိုက်သည်။
“ရှောင်ယွဲ့ ဟိုဟဲယွမ်က တော်တော် အရှက်မရှိတာပဲကွာ”
ရှောင်ကမ်းက ရဲ့လင်းချန်၏ ဘေးမှနေ၍ ဒေါသတကြီး ညည်းတွားလေသည်။
“ဘာဖြစ်လို့လဲ”
ရဲ့လင်းချန် ပြန်မေးလိုက်သည်။
“တက္ကသိုလ် ဘတ်စကတ်ဘောအသင်းမှာ မင်းနာမည်ကို မထည့်ထားဘူးလေ၊ ဒီအပတ် သူတို့ လေ့ကျင့်ရေးစခန်း ဝင်တော့မှာ၊ နောက်အပတ်ဆို ကျောင်းအချင်းချင်း ပြိုင်ပွဲ စပြီ၊ သူ တမင်သက်သက် လုပ်တာ”
ရှောင်ကမ်း အံကြိတ်နေသည်။
“ဟုတ်တယ် ရှောင်ရဲ့၊ မင်းရဲ့ ဘတ်စကတ်ဘော အစွမ်းကို ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ အားလုံး မြင်ခဲ့တာပဲလေ၊ ဟဲယွမ်က မင်းနဲ့ ယှဉ်လိုက်ရင် အမှိုက်သာသာပဲ၊ ကျောင်းအချင်းချင်း ပြိုင်ပွဲမှာ မင်းကို ဖယ်ထားတာက မင်းကို လူမသိအောင် လုပ်ဖို့ ကြိုးစားနေတာ”
အာလူးလေးကလည်း ဝင်ပြောသည်.
“ချီးပဲကွာ ငါ့မှာသာ အခွင့်အရေးရှိရင် ကျောင်းအာဏာပိုင်တွေဆီမှာ သူ့ကို တိုင်လိုက်ပြီ”
“ဒါ ငါတို့ပြို်ငဘက် ဟွာချင်ကျောင်းနဲ့ ပြိုင်ပွဲလေ၊ ဒါတောင် ဟဲယွမ်က ကိုယ်ရေးကိုယ်တာ မကျေနပ်တဲ့စိတ်နဲ့ သူ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တယ်”
ရှန်းကလည်း ဝင်ပြောသည်။
“ကျောင်းအချင်းချင်း ဘတ်စကတ်ဘော ပြိုင်ပွဲတိုင်းမှာ ငါတို့တက္ကသိုလ်က ဆရာတွေ အမြဲ ပါတာပဲ၊ ရှောင်ရဲ့ကို ဝင်မပါခိုင်းတာက ဟဲယွမ် သူ့ကိုယ်သူ ဟန်ရေးပြချင်နေလို့ပဲ”
ဟဲယွမ်က အပြုံးနှင့် ထိုကိစ္စကို ဘေးချိတ်ထားလိုက်သည်။
“ရပါတယ်၊ အဲ့တော့ ငါလည်း ပိုအားလပ်ချိန် ရတာပေါ့”
ဤကျောင်းသားများ၏ စိတ်ထဲမှ အောင်မြင်မှုအားလုံးသည် သူ့အတွက် အရေးမပါချေ။ တက္ကသိုလ်ကျောင်းသား တစ်ယောက်က မူလတန်းကျောင်းသားဆုကို စိတ်ဝင်စားပါမည်လော။
“ရှောင်ရဲ့ မင်းက ပေါ့ပေါ့ပါးပါး နေလွန်းတယ်၊ မင်းက ဒီလောက် တော်တာ၊ ဘာလို့ နည်းနည်းပါးပါး ဟန်မထုတ်တာလဲ”
ရှောင်ကမ်းက အားမမလိုအားမရ မေးလာသည်။ ရဲ့လင်းချန်က သူ့ကို ဘာမှမပြောဘဲ ပြုံး၍သာ ကြည့်နေ လိုက်သည်။
ထို့နောက်တွင် ရဲ့လင်းချန် အားလပ်ချိန် ရလာသည်။ မနက်ခင်း အချိန်က ယခင်အတိုင်းပင်။ သူသည် အတန်းရှိလျင် သွားတက်လိုက်ပြီး ညနေဘက်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း ပြုလုပ်သည်။ ကျန်အချိန်များ၌ သူသည် ဗဟုသုတ တိုးတက်လာစေရန် ရှားပါးစာအုပ်များကို လိုက်ရှာခြင်းဖြင့် အချိန်ကုန်စေပြီး ထိုသို့ မလုပ်ဖြစ်လျင် ဝိုင်အလှကုန်ပစ္စည်း လုပ်ငန်းအတွက် ကျန်းယွင်ရှီနှင့် ဆွေးနွေးပြီး သူမအား မိတ်ကပ်အကြောင်း တစ်ချို့တလေ သင်ပေးသည်။
အလှကုန်ပစ္စည်းဆိုင် ဖွင့်နိုင်ရန်အတွက် ရဲ့လင်းချန်သည် မိတ်ကပ်ပညာကို တစ်ရာရာခိုင်နှုန်းဖြစ်အောင် ကြိုးစားခဲ့သည်။ ကြွားဝါခြင်း မဟုတ်သော်လည်း သူ့အရှေ့၌ ဝက်တစ်ကောင် လာရပ်လျင်တောင်မှ ထိုဝက်ကို လှအောင် သူ ပြင်ပေးနိုင်၏။
သုံးရက်မြောက်နေ့ ညကိုးနာရီတွင် ရဲ့လင်းချန်သည် နောက်ဆုံးစာသားကို ဖြည်းဖြည်းချင်း ပြောနေပြီး ဂူသင်္ချိုင်း ဖောက်သူ၏ သမိုင်းမှတ်တမ်းကို ဇာတ်သိမ်းလိုက်သည်။
ထိုအခိုက်တွင် အွန်လိုင်း ကြည့်ရှုသူ နှုန်းထားက ၁,၁၀၀,၀၀ ကြည့်ရှုသူအထိ ရောက်ရှိနေ၏။ ယင်းက ဟူယွီ၏ ထိပ်တန်း တင်ဆက်သူအဆင့်၏ ကြည့်ရှုသူနှုန်းထားပင်။
ထိုသို့သောအချိန်၌ တိုက်ရိုက်ထုတ်လွှင့်ခန်း၌ မှတ်ချက်များနှင့် ပြည့်နေ၏။
[ဒါပဲလား အားမရလိုက်တာကွာ]
[ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းလို စိတ်လှုပ်ရှားစရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့တဲ့အတွက် တင်ဆက်သူကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါ]
[တင်ဆက်သူရေ ခင်ဗျားပုံပြင်က ပြီးသွားပြီ၊ ခင်ဗျားမျက်နှာကို ပြဖို့ အဆင်သင့် ဖြစ်ပြီလား]
[အခုမှ ကျုပ် စဉ်းစားမိတယ်၊ အခြား ဝိုင်တွေလည်း အများကြီး ရှိနေတာဆိုတော့ ခင်ဗျားတို့ အချင်းချင်း သိသလား ပြောလို့ရမလား]
....
ရဲ့လင်းချန်သည် မှတ်ချက်များကို ဖတ်ခဲပြီး ဖန်သားပြင်ပေါ်၌ တောက်လျှောက် တက်နေသည်ကိုသာ ကြည့်နေလိုက်သည်။
“နောက်တစ်ခါကျရင် အားလုံးဆီကို ကျုပ် နောက်ထပ် ပုံပြင်တစ်ခု ယူလာပေးမယ်”
ရဲ့လင်းချန်၏ ခပ်နိမ့်နိမ့်အသံက မှောင်မည်းနေသော ဖန်သားပြင်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
“ခင်မင်လို့ သတိပေးလိုက်ဦးမယ်၊ ဒီပုံပြင်က … အသည်းငယ်တတ်တဲ့သူတွေအတွက် မဟုတ်ဘူး”
[မြတ်စွာဘုရား ပုံပြင်အသစ်လား]
[အံ့ဩမိသွားပြီ၊ ဝိုင်နတ်ဘုရားရေ မင်းက အကောင်းဆုံးပဲ]
[အသည်းငယ်တတ်တဲ့သူတွေအတွက် မဟုတ်ဘူးတဲ့လား၊ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက် ပိုကြောက်စရာ ကောင်းမှာလား၊ မစောင့်နိုင်တော့ဘူး]
[ဝိုင်နတ်ဘုရား စပွိုင်လာလေး ပေးလို့ရမလား၊ ဘယ်လို အမျိုးအစားမျိုးလဲ]
[အား … ဝိုင်နတ်ဘုရား ခင်ဗျား တမင် လုပ်နေတာပဲ၊ ကျုပ် စိတ်ဝင်စားလာအောင် လုပ်လိုက်ပြီ၊ ဒီည ကျုပ် အိပ်လို့ ရတော့မှာ မဟုတ်ဘူး]
ကောမန့်များက စိတ်လှုပ်ရှားစွာ ပေါ်ထွက်လာပြီး အားလုံး မရပ်မနား ပြောဆိုနေကြသည်။
“ကဲ …မနက်ဖြန် ဒီလိုအချိန်မှာ ပုံပြင်အသစ်ကို တင်ဆက်ပါမယ်၊ အားလုံး နောက်မှ တွေ့မယ်ဗျ”
ရဲ့လင်းချန်သည် အသည်းအသန် တောင်းဆိုနေသော မှတ်ချက်များကို လျစ်လျူရှုပြီး တိုက်ရိုက် ထုတ်လွှင့်ခြင်းအား ပိတ်လိုက်သည်။
“ကလင် ကလင်”
တစ်ချိန်တည်းလိုလိုမှာပင် ရဲ့လင်းချန်၏ဖုန်း မြည်လာသည်။ ထင်ထားသည့်အတိုင်းပင် ခေါ်ဆိုသူက စုန့်ချမ်ပင်။
“ဟဲလို ဝိုင်နတ်ဘုရား မင်း ပုံပြင်အသစ်ကို စဉ်းစားထားပြီးပြီလား၊ ဘာလို့ ငါတို့နဲ့ အရင် မဆွေးနွေးတာလဲ”
စုန့်ချမ်က စိုးရိမ်ပုံပေါ်နေသည်။
“မင်း အလျင်လိုလွန်းတယ်လို့ မထင်ဘူးလား၊ ရက်နည်းနည်းလောက် စောင့်ပြီးမှ အကြမ်း အရင်ထုတ်ပါလား”
သာမန်လူတစ်ယောက်အတွက် ပုံပြင်အသစ်တစ်ထုတ် ဖန်တီးရန် အချိန်တစ်ချို့ ယူရလာက်သော်လည်း ရဲ့လင်းချန်က ကြားထဲတွင် နားခြင်းမရှိဘဲ ဆက်လက် လှုပ်ရှားနေ၏။
စုန့်ချမ် မစိုးရိမ်ဘဲ မနေနိုင်ပါ။ ရဲ့လင်းချန်က ဟူယွီ၏ အဓိက ထောက်တိုင် ဖြစ်သည်။ သူ၏ ပုံပြင်အသစ်သာ လူကြိုက်မများပါက ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်ပေမည်။
“ဘာမှစီစဉ်စရာ မလိုဘူး၊ ကျုပ်ပုံပြင်က အသင့်ပဲ”
ရဲ့လင်းချန် အေးအေးလူလူ ပြန်ပြောလိုက်သည်။
“မနက်ဖြန် ကျုပ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ စောင့်နေပါ”
Chapter 128 ပုံပြင်အသစ်အား တိုက်ရိုက်ထုတ်လွှင့်ခြင်း
“မင်း သေချာရဲ့လား”
စုန့်ချမ်က စိုးရိမ်နေသေးသည်။
“ငါတို့ ထပ်ဆွေးနွေးကြရင်ရော၊ မင်းရဲ့ စာမူကြမ်းအတွက် အကူအညီရအောင် ငါ အဖွဲ့ ပြင်ပေးလို့ရတယ်၊ အနည်းဆုံးတော့ ငါတို့ ကျော်ကြားမှုကို ထိန်းထားလို့ရတာပေါ့”
စုန့်ချမ်၏ စိုးရိမ်မှုက ကျိုးကြောင်းမဆီလျော်သည်တော့ မဟုတ်ပေ။ လူတစ်ယောက်၏ အရည်အချင်းက အကန့်အသတ် ရှိသည် မဟုတ်ပါတကား။ ပြောင်မြောက်လှသည်ဟု သတ်မှတ်နိုင်သော ပုံပြင်တစ်ပုဒ် ဖန်တီးရန် ဦးနှောက်ကို အတော်လေး အလုပ်ပေးရန် လိုအပ်ပြီး ကံလည်း လိုအပ်သေးသည်။ လူအတော်များများက ပြောင်မြောက်သော လက်ရာများကို ဖန်တီးနိုင်ပေသည်။ သို့သော် နောက်ပိုင်း စာအုပ်များက သာမန်မျှသာ ဖြစ်ပြီး လက်ဖျားခါရလောက်သည်အထိ မဟုတ်တော့ချေ။
“အဲ့လိုလုပ်ဖို့ မလိုပါဘူး”
“ဒါဆို ငါတို့ကို ဘယ်လို အမျိုးအစားလဲ ပေးသိလို့ ရမလား၊ ဒါမှ ငါ့မျှော်မှန်းချက်တွေကို စီမံလို့ရမှာ”
စုန့်ချမ်က ထပ်မေးလာသည်။
“အချိန်တန်ရင် ခင်ဗျား သိလာမှာပါ”
ရဲ့လင်းချန်က အေးအေးလူလူသာ ပြန်ဖြေလိုက်သည်။
…
နောက်တစ်နေ့ မနက်စောစော၌ ရဲ့လင်းချန်သည် သူ၏ သိုင်းလေ့ကျင့်ခြင်း ပြီးသည်နှင့် ရှောင်ချင်နှင့် ရှောင်ဟွေကို လေ့ကျင့်ပေးလေသည်။
ကျယ်ပြောသော ပန်းခြံဧရိယာကြောင့် သူတို့ လှုပ်ရှားမှုများများ လုပ်နိုင်ပေသည်။ ဤသို့သော အခြေအနေများကြောင့် ရှောင်ချင်နှင့် ရှောင်ဟွေသည် လျင်မြန်စွာ တိုးတက်လာပြီး အဖွဲ့လိုက် လှုပ်ရှားမှုလည်း တိုးတက်လာ၏။
“ဂီး”
ထိုစဉ် ရှောင်ချင်နှင့် ရှောင်ဟွေသည် လီမူရွှယ်၏ အိမ်သို့ ပြေးသွားပြီး ရဲ့လင်းချန်အား အသာ မာန်ဖီပြသည်။
*ဟမ်*
*မဟုတ်မှလွဲရော*
ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်လာသည်။ သူ အိမ်နားသို့ နီးကပ်လာသည်နှင့် ထင်ထားသကဲ့သို့ အိမ်ထဲမှ ညည်းသံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။
*ဉာဏ်များတဲ့ ဝံပုလွေတွေ၊ ငါ့ဝံပုလွေနှစ်ကောင်က ဉာဏ်များတဲ့ကောင်တွေပဲ*
ရှောင်ချင်နှင့် ရှောင်ဟွေသည် ရဲ့လင်းချန် သူတို့အား ဝေဖန်နေသည်ကို သတိမမူမိဘဲ အမြီးများနှံ့၍ ရဲ့လင်းချန်အား ပွတ်သပ်နေကာ သူ၏ ချီးကျူးခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်.
*ဒါနဲ့ဆို လေးရက်မြောက် ဖြစ်နေပြီ၊ သူတို့ ဒီလောက် မကြာမကြာလုပ်ဖို့ လိုလို့လား*
*တရားမျှတမှုအတွက် ငါ ဒီစွန့်စားမှုကို ဆက်လုပ်ရဦးမယ်နဲ့တူတယ်*
ရဲ့လင်းချန်သည် အတွေးထဲ နစ်မျောနေရင်း ပြတင်းပေါက်ဘောင်ပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။
ယခုတစ်ကြိမ်က ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ဟွမ်ရှောင်မန်က လွှမ်းမိုးသူ ဖြစ်ပြီး လီမူရွှယ်က နာခံတတ်သူ ဖြစ်ပုံရသည်။
ယခုအကြိမ်၌ ရဲ့လင်းချန် ပြတ်သားစွာ မြင်နေရသည်။ ဟွမ်ရှောင်မန်၏ လူမိုက်ဆန်သော မိတ်ကပ်အပြင်အဆင် အောက်၌ လှပသော မျက်နှာလေး ရှိနေသည်။
လုံးဝန်းသော ကလေးမျက်နှာ၊ မျက်လုံးရွဲကြီးများ၊ ချစ်စရာကောင်းပြီး ဖက်ထားချင်စရာ ကောင်းလှကာ လိုလီကွန်တစ်ယောက်၏ အိပ်မက်ဖြစ်မှာ အသေအချာပင်။ အထူးသဖြင့် သူမက ဖွံ့ထွားသော ပစ္စည်းများ ရှိသော လိုလီတစ်ယောက်ပင်။
သူမ၏ လှိုင်းတွန့်သဏ္ဌာန် ဆံပင်များကို အဝါရောင်တောက်တောက် ဆိုးထားသည်က နှမြောစရာပင်။ သို့မဟုတ်ပါက သူမ ပို၍ လှပနေလောက်သည်။
*မဟုတ်မှလွဲရော သူက ယောက်ျားတွေကို စိတ်မဝင်စားလို့ သူ့အလှကို ဖုံးကွယ်ထားတာလား*
ရဲ့လင်းချန်သည် မြင်ကွင်းကို သဘောတကျ ကြည့်နေပြီး အတွေးများနေမိသည်။
*ငါ ဒီလိုလုပ်နေတာ နှာဘူးတစ်ကောင် ဖြစ်နေပြီလား၊ ငါ တစ်ကိုယ်တည်း ဖြစ်နေတာ ကြာနေလို့များလား၊ ငါ ချန်ရှောင်ယန်ကို သတိရနေတာလား …*
မိနစ်နှစ်ဆယ် ကြာသော် ညည်းသံများအစား အသက်ပြင်းပြင်း ရှူသံများ အစားထိုး ပေါ်ထွက်လာသည်။ ထိုအခါတွင်မှ ရဲ့လင်းချန် ပြတင်းပေါက်မှ ပြန်ဆင်းလာလိုက်သည်။
သူ လမ်းလျှောက်နေရင်း ခန္ဓာကိုယ်က ပူလောင်နေ၏။
ညခုနစ်နာရီတွင် ရဲ့လင်းချန်သည် တံခါးပိတ်၍ ပုံမှန်အတိုင်း မီးပိတ်လိုက်သည်။ အမှောင်ထဲမှာပင် သူသည် တိုက်ရိုက် ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။
[နောက်ဆုံးတော့ ဝိုင်နတ်ဘုရား လိုင်းပေါ်တက်လာပြီပဲ၊ ပုံပြင်အသစ် စတော့မယ်]
[ငါ စဉ်းစားရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ၊ မင်းတို့ တွေးကြည့်လို့ရလား၊ ငါ့ခန္ဓာကိုယ်က တုန်နေပြီ]
[ပုံပြင်အသစ်က စိတ်လှုပ်ရှားစရာကောင်းမှာ အသေအချာပဲ၊ ငါ မစောင့်နိုင်တော့ဘူး]
[ငါ စိတ်အားထက်သန်နေတာကို ဖျက်ချင်လို့တော့ မဟုတ်ဘူး၊ ငါတို့ မျှော်လင့်ချက်တွေကို ထိန်းထားသင့်တယ်၊ မျှော်လင့်ထားတာ မြင့်လေ စိတ်ပျက်မှု ကြီးမားလေပဲ]
[ဟုတ်တယ် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက အတော်လေး ကောင်းနေပြီ၊ အဲ့ဒါထက် သာဖို့ ခက်မှာ]
….
စကားပြောခန်းထဲတွင် ဆူညံပွက်လောရိုက်နေ၏။ ရဲ့လင်းချန် စပြောသည်ကိုပင် မစောင့်ဘဲ သွေးပူနေသော ဆွေးနွေးမှုက စတင်နေလေသည်။
ထိုအခိုက်တွင် ဟူယွီ ဌာနချုပ်၏ အာရုံကလည်း ရဲ့လင်းချန်၏ ထုတ်လွှင့်မှုအပေါ် ကျရောက်နေသည်။
“စုန့်ချမ် ဝိုင်နတ်ဘုရားက ငါတို့ စာမူကြမ်းကို လက်မခံဘူးလား”
ဝမ်ယွမ်က မျက်မှောင်ကြုတ်၍ မေးလိုက်ပြီး သူ့အသံတွင် စိုးရိမ်မှုတို့ ပြည့်နှက်နေ၏။
“စီအီးအိုဝမ် ကျွန်တော် အကြံပြုပြီးပါပြီ၊ သူက လက်မခံပါဘူး”
စုန့်ချမ် မတတ်သာစွာဖြင့် ခေါင်းခါလိုက်သည်။
“အဆင်အခြင်မဲ့လိုက်တာ”
ဝမ်ယွမ် သက်ပြင်းချ၍ စိတ်ပျက်သွားသည်။
“သူက ငယ်နေသေးတော့ အဆင်အခြင်မဲ့တယ်၊ သူ ပြဿနာ ကြီးမားပုံကို နားမလည်ဘူး၊ ဒါပေမဲ့ မင်းကလည်း သူ့လို အဆင်မခြင်မဲ့တယ်၊ မင်း ဘာလို့ ဒီလောက် နမော်နမဲ့ နိုင်တာလဲ၊ ဒုတိယ တစ်ပုဒ်က ဘယ်လောက် အရေးပါလဲ မင်း မသိဘူးလား၊ ဒါ ငါတို့ အတော်လေး ကြိုးစားထားရတဲ့ အောင်မြင်မှုအပေါ် သက်ရောက်မှာကွ”
ဝိုင်နတ်ဘုရားက ဟူယွီ၏ အဓိက အလေးထားစရာ ဖြစ်သည်က အသေအချာပင်။
တစ်ယောက်ယောက်က ဝိုင်နတ်ဘုရားအကြောင်း ပြောလိုက်သည်နှင့် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ပြောကြမည်မှာ အသေအချာပင်။ ယင်းက သူတို့ ဟူယွီကိုပါ ထည့်ပြောကြည်မှာ သေချာလှသည်။
ထို့ကြောင့်ပင် ဟူယွီ၏ ရေပန်းစားမှုက ဖြည်းဖြည်းချင်း ကြီးထွားလာ၏။ သူတို့ လိုချင်သည့် အောင်မြင်မှုကို ရလာလေသည်။
ယခင်က ဟူယွီ ရခဲ့ဖူးသည့် အောင်မြင်မှုကို ပေးခဲ့သော ထုတ်လွှင့်မှုထက် ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုက ပိုသာလွန်လေသည်။
ဝမ်ယွမ်၏ စိတ်ထဲတွင် သူတို့သည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ သူ ထပ်၍ စံချိန်ချိုးသည်ကို မလိုချင်ဘဲ တည်ငြိမ်မှုကိုသာ လိုချင်ပေသည်။
ဝိုင်နတ်ဘုရားက ဆက်လက်၍ ပြောင်မြောက်သော လက်ရာကို ထုတ်လုပ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။ သာမန် လက်ရာဆိုလျင်ပင် သူ ကျေနပ်ပါ၏။
သို့ရာတွင် ဝိုင်နတ်ဘုရားက ထိုသို့ မလိုလားချေ။
“စီအီးအိုဝမ် ဝိုင်နတ်ဘုရား လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
စုန့်ချမ်က ဝိုင်နတ်ဘုရား၏ ကနဦး ထုတ်လွှင့်မှု သက်ရောက်မှုကို ပြန်စဉ်းစားမိပြီး ပြောလိုက်သည်။
“အဲ့လို ထင်ရတာပဲ”
ဝမ်ယွမ်က စိတ်ထဲမှနေ၍ ဗုဒ္ဓထံ ဆုတောင်းနေမိသည်။
ထိုစဉ် ကျိုးမင်နှင့် စစ်ယွီတို့သည်လည်း ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုကို အခြားအခန်းမှ ကြည့်နေကြသည်။ သူတို့သည်လည်း စုန့်ချမ်ကဲ့သို့ စိုးရိမ်နေကြသော်လည်း အကြောင်းအရာ မတူချေ။
“ဒါရိုက်တာကျိုး ဝိုင်နတ်ဘုရားရဲ့ ပုံပြင် ထုတ်လွှင့်တာက အခုရော အရင်လို ဖြစ်မယ်လို့ ထင်လား”
စစ်ယွီ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“မသေချာဘူး”
ကျိုးမင် ခေါင်းခါလိုက်သည်။
“ဟူယွီက သူ့အတွက် အစကတည်းက စာမူကြမ်း ပြင်ထားပြီးသား၊ ဒါပေမဲ့ သူက ငြင်းပြီးတော့ သူ့ကိုယ်ပိုင်ကိုပဲ သုံးဖို့ ခေါင်းမာနေတာ”
“အဲ့လောက်တောင်လား”
စစ်ယွီ ထိတ်လန့်သွားသည်။
“အဲ့ဒါကြောင့် ဒီလောက် ပွက်လောရိုက်နေတာလေ”
ကျိုးမင်၏ မျက်နှာတွင် လှောင်ပြောင်ဟန် ပေါ်လာသည်။
“ပြောင်မြောက်တဲ့ လက်ရာတွေအားလုံးက အမှားတွေ လွဲချော်မှုတွေကို ကျော်ဖြတ်ခဲ့ရတာပဲလေ၊ ဝိုင်နတ်ဘုရားက မာန်တက်နေတာ၊ သူ့မာနကြောင့် ဘာမှမမြင်တော့ဘူး၊ သူ့ရဲ့ ဒုတိယတစ်ပုဒ်က ကောင်းမယ်လို့ ငါ မထင်ဘူး”
ထိုစကားကိုကြားသော် စစ်ယွီ ပျော်ရွှင်သွားသည်။
“ဒါဆို ကျွန်မမှာ အခွင့်အရေး ရှိသေးတာပေါ့”
ကျိုးမင် ခေါင်းညိတ်လိုက်သည်။
“ဝိုင်နတ်ဘုရားရဲ့ ဒုတိယတစ်ပုဒ်က အကြီးအကျယ် ကျဆင်းတာနဲ့ သူ့ကျော်ကြားမှုလည်း ကျမှာပဲ၊ ဟူယွီက သူ့ကို ထောက်ပံ့နေတာ ရပ်သွားလိမ့်မယ်၊ ဒါ နင့်ရဲ့ အခွင့်အရေးပဲ”
စစ်ယွီ ခေါင်းညိတ်လိုက်ပြီးနောက် မှောင်မည်းနေသော ဖန်သားပြင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကိုးလ်ကလည်း သူမ၏ ထုတ်လွှင့်မှုချန်နယ်ဖြင့် ရဲ့လင်းချန်၏ ချန်နယ်ထဲ ဝင်ကြည့်နေသည်။
“ငါ ဂိမ်းဆော့ရလို့ မောနေပြီ၊ တိုက်တိုက်ဆိုင်ဆိုင် ဝိုင်နတ်ဘုရားက ပုံပြင်အသစ်ကို ပြောတော့မှာ၊ ငါတို့ နားထောင်ကြမလား”
သူမသာ ထိုသို့တွေးသည် မဟုတ်ချေ။ ဝူအာကလည်း ရဲ့လင်းချန်၏ ချန်နယ်ထဲသို့ ဝင်ကြည့်နေသည်။ သူမက ရဲ့လင်းချန်၏ ထုတ်လွှင့်မှု၌ မှတ်ချက်များပင် ဝင်ရေးနေတာ ဆုကြေး သုံးခု ပေးနေ၏။
[အစ်ကို ဝိုင်နတ်ဘုရား အကောင်းဆုံး ကြိုးစားနော်၊ ဝူအာ ရှင့်ကို ချစ်တယ်]
[သေစမ်းကွာ ဝိုင်နတ်ဘုရား မင်းက အံ့ဩဖို့ကောင်းတာပဲ၊ ကိုးလ်နဲ့ ဝူအာက မင်းနဲ့ သိပ်ရင်းနှီးနေအောင် ဘယ်လို လုပ်လိုက်တာလဲ]
[ဝိုင်နတ်ဘုရားက ဂိမ်းကစားတာနဲ့ ပုံပြင်ပြောတာမှာတင် တော်တာ မဟုတ်ဘူးပဲ၊ ရည်းစားထားတဲ့ နေရာမှာပါ တော်နေပါလား၊ ငါ လေးစားမိပြီ]
[တင်ဆက်သူရဲ့ အရည်အချင်းမျိုး ရမယ်ဆိုရင် ငါ တစ်ကိုယ်တည်းဖြစ်နေတဲ့ ဆယ်နှစ်တာကို ပေးဆပ်နိုင်ပါတယ်]
[အပေါ်ကလူက လောဘကြီးလွန်းတယ်၊ ငါကတော့ တင်ဆက်သူရဲ့ အရည်အချင်း ဆယ်ပုံတစ်ပုံ ရရင်တောင် ကျေနပ်ပြီ]
ရဲ့လင်းချန်က မှတ်ချက်များကို ချက်ချင်း ပိတ်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ထုတ်လွှင့်ခြင်းကို စတင်လိုက်သည်။
ထို့နောက် သူသည် ခပ်ငြိမ်ငြိမ် အသံဖြင့် စတင် ပြောဆိုလေသည်။
“ကျုပ် ထပ်သတိပေးဦးမယ်၊ ဒီပုံပြင်က အသည်းငယ်တဲ့သူတွေအတွက် မဟုတ်ဘူးနော်”
ထိုစကားတစ်ခွန်းနှင့်တင် ကျောချမ်းစရာ အငွေ့အသက် ပျံ့လွင့်လာပြီး ထုတ်လွှင့်မှုထဲမှ လူတိုင်းကို အသက်အောင့် သွားစေကာ စိုးရိမ်မှုတို့ ပြည့်နှက်လာစေ၏။
“ပထမဆုံးအနေနဲ့ ဒီစာအုပ်ထဲမှာ ဘယ်လိုလူတွေအကြောင်းကို ရေးထားလဲ၊ ဒီထဲမှာ ရဲတွေ၊ မုဒိမ်းသမားတွေ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်တာတွေ၊ အစွဲအလမ်း ကြီးတဲ့သူတွေ၊ cross-dressing ဝတ်တဲ့သူတွေ၊ ခေတ်ရေစီးကြောင်းကို လိုက်တဲ့သူတွေ၊ လူသတ်မှုတွေ၊ အိမ်ခြေရာမဲ့တွေ၊ ကိုယ်အင်္ဂါ ရောင်းဝယ်တဲ့သူတွေ၊ ကွင်းဆက်လူသတ်သမားတွေ၊ တဏှာရူးတွေ၊ သူတောင်းစားတွေ၊ စိတ်ဖောက်နေတဲ့သူတွေ၊ တစ်နေကုန် လမ်းပေါ်မှာ ဒူးထောက်နေတဲ့လူတွေ … ပါတယ်”