← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁) - လွန်စွာ ရိုသေလေးစားသော ချင်ဇီကျွင်း

ဝူဟောက်နှင့် စူးချောင်ရန်တို့၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ဝူကျန်းအဲ့နှင့် ချင်ဇီကျွင်းတို့ နှစ်ဦးစလုံး မှင်တက်သွားကြသည်။

ဘိုးဘေး နှင့် ဘေးအဘွား တို့ ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသည်ကို သူ မသိသောကြောင့် ဝူကျန်းအဲ့မှာ နေရာမှာတင် အေးခဲသွားခဲ့သည်။ သူ၏စိတ်ထဲတွင် သိချင်စိတ်များ ပြင်းထန်နေပြီး စိတ်လှုပ်ရှားလို့နေလေ၏။

ချင်ဇီကျွင်းနှင့် ပတ်သက်၍မူ ဝူဟောက်ကို မြင်လိုက်ရသည်နှင့် သူ၏ အမူအရာမှာ အလွန် လေးနက်သွားသည်။

အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စွမ်းအားရှင် တစ်ဦးအနေဖြင့် ၊ သူရှေ့က ဝူဟောက်သည် အလွန်အမင်း စွမ်းအားကြီးမားပြီး အန္တရာယ်ရှိကြောင်း သူ ခံစားနိုင်သည်။ အကယ်၍ သူတို့သာ တိုက်ခိုက်ကြမည်ဆိုပါက ၊ သူသည် တစ်ဖက်လူ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

ထို့အပြင် ယခုလေးတင် ဝူဟောက်၏ တည်ရှိနေမှုကို သူ နည်းနည်းလေးမှ အာရုံမခံမိပေ။ အကယ်၍ ဝူဟောက်သာ သူ့ကို သတ်ချင်ပါက သူ့အနေဖြင့် မတုံ့ပြန်နိုင်မီမှာပင် သေဆုံးသွားနိုင်သည်။

နောက်တစ်စက္ကန့်တွင် ဝူကျန်းအဲ့ သည် ဝူဟောက်နှင့် စူးချောင်ရန်တို့ထံသို့ ပြေးသွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

"ဘိုးဘေး... ဘေးဘွား... ဒီကို ဘာကိစ္စများ ရှိလို့လဲ..."

"ငါက ဒီကနေ ဖြတ်သွားရင်းနဲ့ မင်းရဲ့ ဘေးဘွား က လျှို့ဝှက်နယ်မြေ တစ်ခုထဲကို ဝင်မလို့လေ... အချိန်မကျသေးလို့ မင်းကို လာကြည့်တာ..."

ဝူဟောက်က ပြုံးပြီး ဝူကျန်းအဲ့၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ၏ အမြင်တွင် ဝူကျန်းအဲ့သည် ယခင်ကလိုပင် ကလေးတစ်ယောက် ဖြစ်နေဆဲဖြစ်သည်။

ဤအချိန်တွင် ဝူကျန်းအဲ့၏ နောက်တွင် ရပ်နေသော ချင်ဇီကျွင်းမှာ နေရာမှာတင် မှင်တက်သွားခဲ့သည်။

“ ဘိုးဘေး... ဘေးဘွား...”

“ငါ့ရှေ့က လူနှစ်ယောက်က ငါတို့ သူတော်စင် ရဲ့ ဘိုးဘေး တွေလား...”

ဤသည်ကို တွေးမိချိန်တွင် ချင်ဇီကျွင်း၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ အကယ်၍ တစ်ဖက်လူသည် သူတော်စင်၏ ဘိုးဘေးများ ဖြစ်ပါက ၊ သူ၏ မြင့်မြတ်နယ်မြေသည် တဟုန်ထိုး တိုးတက်သွားနိုင်သည်။

စဉ်းစားကြည့်မည်ဆိုပါက ၊ ဝူကျန်းအဲ့သည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ လေ့ကျင့်ပေးမှုကို ခံခဲ့ရသည်။ အကယ်၍ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေတွင် တစ်ခုခု ဖြစ်လာပါက ၊ ဝူကျန်းအဲ့သည် လက်ပိုက်ကြည့်နေမည် မဟုတ်။

ဝူကျန်းအဲ့သည် သေချာပေါက် ဝင်ရောက်စွက်ဖက်မည် ဖြစ်ကာ ၊ ထိုနည်းတူစွာ သူ့ရှေ့က ဤစွမ်းအားကြီးမားသော ပုဂ္ဂိုလ်ကြီးသည်လည်း ဝူကျန်းအဲ့ထံ တစ်စုံတစ်ခု ဖြစ်သွားမည်ကို ဤအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။

ထို့ကြောင့် တစ်နည်းအားဖြင့် ဆိုရသော် ၊ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေတွင် တစ်ခုခု ဖြစ်လာပါက ဤစွမ်းအားကြီးမားသော ပုဂ္ဂိုလ်ကြီးသည် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။

ဤသည်ကို တွေးမိချိန်တွင် ချင်ဇီကျွင်းသည် ချောင်းဟန့်လိုက်ပြီး အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောဆိုလိုက်၏။

"လူကြီးမင်းတို့ နှစ်ယောက်က သူတော်စင် ရဲ့ ဘိုးဘေး တွေ ဖြစ်ရမယ်... စီနီယာတို့ နှစ်ယောက်ကို တွေ့ရတာ ဝမ်းသာပါတယ်..."

ချင်ဇီကျွင်း စကားပြောနေစဉ် ဝူကျန်းအဲ့သည် အခြေအနေကို သဘောပေါက်သွားပြီး ဝူဟောက်နှင့် စူးချောင်ရန်တို့ကို အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။

"ဘိုးဘေး... ဘေးဘွား... ဒါက ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ မြင့်မြတ်အရှင်သခင် ချင်ဇီကျွင်းပါ... ကျွန်တော်က အခု ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ သူတော်စင် ဖြစ်နေပြီ..."

"မြင့်မြတ်အရှင်သခင်... ဒါက ကျွန်တော့်ရဲ့ ဘိုးဘေး ဝူဟောက်ပါ... ဒါက ကျွန်တော့်ရဲ့ ဘေးဘွား စူးချောင်ရန်ပါ..."

"ဝူစီနီယာ နဲ့ စူးစီနီယာ တို့ကို တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော့်ကို ဇီကျွင်း လို့ပဲ ခေါ်လို့ရပါတယ်..."

ချင်ဇီကျွင်းသည် ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်၏။ သူ့ရှေ့က ဝူဟောက်သည် မည်မျှ စွမ်းအားကြီးမားကြောင်းကို သဘာဝကျကျပင် သူ ခံစားမိသည်။ တစ်ဖက်လူသည် သွေးဧကရာဇ် နှင့် ရင်ပေါင်တန်းနိုင်လောက်သည်ဟု ပြောလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူဟောက်က လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... ဒါဆိုရင်လည်း မင်းကို မိတ်ဆွေ ချင် လို့ပဲ ငါခေါ်တော့မယ်..."

စူးချောင်ရန်က ဘာမှမပြောဘဲ ဝူဟောက် ညွှန်ကြားသည့်အတိုင်းသာ လိုက်နာခဲ့သည်။

ဝူဟောက်၏ စကားကို ကြားချိန်တွင် ချင်ဇီကျွင်းသည် ဂုဏ်ယူဝမ်းမြောက်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင်လည်း လူကြီးမင်းတို့ နှစ်ယောက်ကို မိတ်ဆွေ ဝူ နဲ့ မိတ်ဆွေ စူး လို့ပဲ ခေါ်ပါတော့မယ်... မိတ်ဆွေ ဝူ နဲ့ မိတ်ဆွေ စူး တို့က ကျွန်တော်တို့ရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ကို လာလည်မှတော့ ကျွန်တော့်ဘက်ကလည်း သဘာဝကျကျပဲ ကောင်းကောင်း ဧည့်ခံပြုစုပါ့မယ်..."

ဝူဟောက်နှင့် စူးချောင်ရန်တို့သည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ တွင် အချိန်အနည်းငယ် နေထိုင်ရန် စီစဉ်ထားပြီးဖြစ်ရာ မငြင်းဆန်ခဲ့ကြချေ။

ထို့ကြောင့် ချင်ဇီကျွင်း၏ ညွှန်ကြားချက်အရ ဝူဟောက်နှင့် စူးချောင်ရန်တို့သည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရှိ အခမ်းနားဆုံး စံအိမ်သို့ အလျင်အမြန် ပြောင်းရွှေ့သွားခဲ့ကြသည်။

ဝူကျန်းအဲ့နှင့် ချင်ဇီကျွင်းတို့သည် ဝူဟောက်နှင့် စူးချောင်ရန်တို့ထံသို့ ရောက်လာခဲ့ကြပြီး ၊ ဝူကျန်းအဲ့က စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဘိုးဘေး... ဘိုးဘေး ပြောတဲ့ လျှို့ဝှက်နယ်မြေ က တောက်ရန် လျှို့ဝှက်နယ်မြေ လား..."

ဘေးဘွား ၏ ကျင့်ကြံခြင်းအဆင့်သည် ဘိုးဘေး ထက် နိမ့်ကျပြီး စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် တွင်သာ ရှိသေးကြောင်း သူလည်း သိရှိထားသည်။ မြင့်မြတ်အရှင်သခင် ပြောခဲ့သော တောက်ရန် လျှို့ဝှက်နယ်မြေ မှလွဲ၍ သူ၏ ဘိုးဘေးနှစ်ယောက်သည် မည်သည့် လျှို့ဝှက်နယ်မြေ ကို ရှာဖွေနေသည်ကို သူ မခန့်မှန်းနိုင်တော့ပေ။

ဝူကျန်းအဲ့၏ စကားကို ကြားပြီးနောက် ချင်ဇီကျွင်းသည် သူ့ရှေ့က စူးချောင်ရန်မှာ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် တွင်သာ ရှိသေးကြောင်း သတိပြုမိသွားသည်။

သို့သော် ဤသည်က စူးချောင်ရန်အပေါ် ထားရှိသော သူ၏ ရိုသေလေးစားမှုကို မထိခိုက်စေခဲ့ချေ။ မည်သို့ပင်ဆိုစေ သူမသည် ထိုသူ၏ တာအိုလက်တွဲဖော် ဖြစ်သောကြောင့်တည်း။

ဤသည်ကို ကြားချိန်တွင် စူးချောင်ရန်က ခေါင်းညိတ်လိုက်၏။

"ဟုတိတယ်... ရွှေအင်မော်တယ် အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်မယ့် အခွင့်အရေး ကို ရှာဖွေဖို့ တောက်ရန် လျှို့ဝှက်နယ်မြေ ထဲကို ဝင်ဖို့ စီစဉ်ထားပါတယ်..."

ဤသည်ကို ကြားချိန်တွင် ဝူကျန်းအဲ့သည်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားပုံရပြီး ပြောဆိုလိုက်သည်။

"ဘေးဘွား... ဒါဆိုရင် အတူတူ ဝင်ကြတာပေါ့... ကျွန်တော်လည်း နောက်ခြောက်လနေရင် တောက်ရန် လျှို့ဝှက်နယ်မြေ ထဲကို ဝင်ဖို့ စီစဉ်ထားတယ်..."

စူးချောင်ရန်အနေဖြင့် ကန့်ကွက်စရာ မရှိသော်လည်း ဝူဟောက်က ဝင်ပြောလိုက်၏။

"မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ တောက်ရန် လျှို့ဝှက်နယ်မြေ ထဲကို ဝင်မယ်ဆိုရင် လာမယ့် ခြောက်လအတွင်းမှာ မင်း ကျင့်ကြံလို့ မရတော့ဘူး... မဟုတ်ရင် ခြောက်လတောင် စောင့်စရာ မလိုဘူး... တစ်လအတွင်း ရွှေအင်မော်တယ် အဆင့်ကို မင်း ချိုးဖောက်ဝင်ရောက်သွားလိမ့်မယ်..."

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူကျန်းအဲ့က သူ၏ ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှုရှိရှိ ကြေညာလိုက်သည်။

"ဘိုးဘေး... စိတ်မပူပါနဲ့... ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော် သိပါတယ်... လာမယ့် ခြောက်လအတွင်းမှာ ရွေ့လျားမှု သိုင်းကွက်တွေနဲ့ မှော်ပညာတွေကို မြှင့်တင်ဖို့ စီစဉ်ထားတယ်..."

ဘေးတွင် ရပ်နေသော ချင်ဇီကျွင်းက ထိုအချိန်တွင် ဝင်ရောက်ပြောဆိုလိုက်သည်။

"မိတ်ဆွေ စူး... တကယ်လို့ တောက်ရန် လျှို့ဝှက်နယ်မြေ ထဲကို ဝင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် ကျွန်တော့်ဘက်ကနေ သတင်းအချက်အလက် တချို့ ပေးရမလား..."

စူးချောင်ရန်နှင့် ဝူဟောက်တို့သည် တောက်ရန် လျှို့ဝှက်နယ်မြေ ၏ ဇာစ်မြစ်နှင့် ပတ်သက်၍ များများစားစား မသိထားပေ။ ဝူဟောက်သည် ၎င်း၏ တည်ရှိမှုကို အာရုံခံမိရုံသာဖြစ်ပြီး စူးချောင်ရန်အတွက် သင့်တော်သည်ဟု ထင်သောကြောင့် စူးချောင်ရန်ကို ထိုနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းသာ ဖြစ်သည်။

ယခုအချိန်တွင် ထိုအကြောင်းကို လေ့လာထားခြင်းက နစ်နာသွားခြင်း မရှိပေ။

ဝူဟောက်နှင့် စူးချောင်ရန်တို့သည် ခေါင်းညိတ်လိုက်သည်ကို မြင်ပြီးနောက် ချင်ဇီကျွင်းက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"တောက်ရန် လျှို့ဝှက်နယ်မြေ ဆိုတာ ရှေးဟောင်းခေတ် က ထျန်းရှန်းဂိုဏ်း နဲ့ သော့မောတောင်ကြား ဆိုတဲ့ အဓိကအင်အားစုကြီး နှစ်ခုကြားက စစ်ပွဲပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတာပဲ... အဲဒီစစ်ပွဲမှာ အဓိကအင်အားစုကြီး နှစ်ခုလုံးက အသေအပျောက် များစွာ ရှိခဲ့ပြီး အမွေအနှစ် တွေ အများကြီး ချန်ထားခဲ့ကြတယ်... အဲဒါတွေက တောက်ရန် လျှို့ဝှက်နယ်မြေ ထဲမှာ အခုထိ ရှိနေတုန်းပဲ..."

"သေချာပေါက် အဲဒီ အင်မော်တယ် ဧကရာဇ် တွေနဲ့ အင်မော်တယ် အရှင်မြတ် ရဲ့ အမွေအနှစ် တွေက မိတ်ဆွေ ဝူ ရဲ့ အမြင်မှာတော့ ဘာမှမဟုတ်ပါဘူး... ဒါပေမဲ့ ထျန်းရှန်းဂိုဏ်း ရဲ့ ဂိုဏ်းချုပ် နဲ့ သော့မောတောင်ကြား ရဲ့ သခင် နှစ်ယောက်လုံးက အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိတဲ့ စွမ်းအားကြီးမားတဲ့သူတွေပဲ.. သူတို့နှစ်ယောက်လုံးက အဲဒီစစ်ပွဲမှာ သေဆုံးသွားခဲ့ပြီး သူတို့ရဲ့ အမွေအနှစ် တွေကို တောက်ရန် လျှို့ဝှက်နယ်မြေ ထဲမှာ ချန်ထားခဲ့ကြတယ်..."

"မိတ်ဆွေ ဝူ က ဂရုမစိုက်ပေမယ့် မိတ်ဆွေ စူး သာ အဲဒါကို ရနိုင်မယ်ဆိုရင် သူမအတွက် အတော်လေး အထောက်အကူ ဖြစ်လိမ့်မယ်..."

ဤသည်ကို ကြားပြီးနောက် ဝူဟောက်နှင့် စူးချောင်ရန်တို့ နှစ်ဦးစလုံး တည်ကြည်လေးနက်သွားကြသည်။ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ အမွေအနှစ် သည် သူတို့အတွက် အတော်လေး ဆွဲဆောင်မှု ရှိသည်မှာ ထင်ရှားပေသည်။

သို့သော် ထိုအချိန်တွင် ဝူဟောက်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။

"စိတ်ဝင်စားစရာပဲ... ကြည့်ရတာ ဒီ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် နှစ်ယောက်ရဲ့ အမွေအနှစ် က သူတို့ရဲ့ ပစ်မှတ်တွေကို ကြိုတင် သတ်မှတ်ပြီးသွားပြီ ထင်တယ်..."

ဝူဟောက်၏ အာရုံခံနိုင်စွမ်းတွင် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ယခုအခါ တောက်ရန် လျှို့ဝှက်နယ်မြေ ၏ ရှေ့၌ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် တောက်ရန် လျှို့ဝှက်နယ်မြေ ၏ အရှေ့နှင့် အနောက်ဘက်ရှိ မလှမ်းမကမ်းမှ တည်းခိုခန်း တစ်ခုတွင် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် တောက်ရန် လျှို့ဝှက်နယ်မြေ ကို လှမ်းမြင်နေရသော သီးသန့် အခန်းတစ်ခန်းစီ ငှားရမ်းထားကြသည်။

ပြတင်းပေါက်ရှေ့တွင် ရပ်ကာ တောက်ရန် လျှို့ဝှက်နယ်မြေ ရှိရာဘက်သို့ ကြည့်ရင်း ၊ သူတို့ကိုယ်သူတို့ တီးတိုးပြောလိုက်ကြ၏။

"ယခင်ဘဝက ငါ စစ်မှန်အင်မော်တယ် အဆင့် ကို ကျင့်ကြံ တုန်းက တောက်ရန် လျှို့ဝှက်နယ်မြေ က မပွင့်သေးဘူး... တောက်ရန် လျှို့ဝှက်နယ်မြေ ပွင့်တဲ့အချိန်မှာ ငါက စစ်မှန်အင်မော်တယ် မဟုတ်တော့ဘူး... ဒီဘဝမှာတော့ ဒီအခွင့်အရေးကို ထပ်ပြီး လက်လွတ်ခံမှာ မဟုတ်ဘူး... ထျန်းရှန်း အင်မော်တယ် မဟာဧကရာဇ် / သော့မော အင်မော်တယ် မဟာဧကရာဇ် ရဲ့ အမွေအနှစ် ကို ငါ သေချာပေါက် ရအောင် ယူမယ်..."

အခန်း (၂၃၂) - ယောကျ်ား... ကျွန်မ ထပ်ဝင်တော့မယ်

လဝက်အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဤအချိန်အတွင်း ချင်ဇီကျွင်းသည် ဝူဟောက်ကို ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူ၏အမြင်တွင် ဝူဟောက်သည် သွေးဧကရာဇ် နှင့် ရင်ပေါင်တန်းနိုင်သူ ဖြစ်သည်။

ချင်ဇီကျွင်းသည် သွေးဝိညာဉ်ဂိုဏ်း နှင့် ပတ်သက်၍ ဝူဟောက်၏ အမြင်များကို သွယ်ဝိုက်သော နည်းလမ်းဖြင့် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဝူဟောက်က လက်ကိုဝှေ့ယမ်းကာ ပြုံးရုံသာ ပြုံးပြသဖြင့် ချင်ဇီကျွင်းသည် ထိုကိစ္စကို ဆက်လက်မမေးမြန်းတော့ချေ။

မည်သို့ပင်ဆိုစေ သွေးဝိညာဉ်ဂိုဏ်း အပေါ် သူ၏ နားလည်မှုအရ သွေးဝိညာဉ်ဂိုဏ်း သည် ဘယ်သောအခါမျှ လက်လျှော့မည် မဟုတ်ဘဲ သေချာပေါက် ပြန်လာမည်ကို သူ သိရှိထားသည်။ ထိုအချိန်ရောက်လျှင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေလည်း သေချာပေါက် ထိခိုက်လာနိုင်သည်။

ဝူကျန်းအဲ့လည်း လှုပ်ရှားလာနိုင်သဖြင့် ဝူဟောက်သည် ဤအတိုင်း လက်ပိုက်ကြည့်နေနိုင်မည်လော...

ဝူကျန်းအဲ့: အဲဒီတော့...

"သူတော်စင်... မိတ်ဆွေ ဝူ... ကျန်တဲ့ ခရီးစဉ်ကို ခင်ဗျားတို့ကိုပဲ အပ်ခဲ့ပါရစေ... ကျွန်တော် ဆက်မလိုက်တော့ဘူး..."

ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ ရှေ့တွင် ချင်ဇီကျွင်းသည် ဝူဟောက်နှင့် သူ၏အဖွဲ့ကို နှုတ်ဆက်နေပြီး သူတို့၏ဘေးတွင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ စစ်မှန်အင်မော်တယ် အဆင့်ရှိ တပည့်များ ရပ်နေကြသည်။

အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ရှိ မြင့်မြတ်အရှင်သခင် တစ်ဦးအနေဖြင့် ၊ သူသည် တပည့် များကို ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခေါ်သွားရန် မလိုအပ်ချေ။

"ဒါဆို မင်း ဆိုလိုချင်တာက မင်းရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ က တပည့် တွေကို ငါက ခေါ်သွားပေးရမယ်ပေါ့..."

ဝူဟောက်သည် မျက်မှောင်ကြုတ်သွားသည်။ ဝူဟောက်၏ စိတ်မတင်မကျ ဖြစ်မှုကို သတိပြုမိသွားသော ချင်ဇီကျွင်းက အလျင်အမြန် ပြောဆိုလိုက်၏။

" မိတ်ဆွေ ဝူ... ဒါက ခင်ဗျားအတွက် သေးငယ်တဲ့ ကိစ္စတစ်ခုပါ... ခင်ဗျားက ကျွန်တော့်ရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ က တပည့် တွေကို တောက်ရန် လျှို့ဝှက်နယ်မြေ ဆီ ခေါ်သွားပေးဖို့ ဆန္ဒရှိသရွေ့ ကျွန်တော့်ဘက်က ကျေးဇူးဆပ်ပါ့မယ်..."

ဤသည်ကို ကြားချိန်တွင် ဝူဟောက်သည် ငြင်းဆိုရန် ပြင်လိုက်သော်လည်း တစ်ခုခုကို တွေးမိသွားပြီး သဘောတူညီလိုက်သည်။

"ကောင်းပြီလေ... ဝူကျန်းအဲ့က မင်းရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ တပည့် ဖြစ်လာတာကို ထည့်သွင်းစဉ်းစားပြီး ဒါကို ငါ သဘောတူလိုက်မယ်..."

ဝူကျန်းအဲ့၏ ဘေးတွင် ရပ်နေသော ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ တပည့်များမှာ သူတို့၏ မြင့်မြတ်အရှင်သခင် သည် အမည်မသိ ကျင့်ကြံသူ တစ်ဦးအပေါ် ဤမျှ အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံနေသည်ကို မြင်တွေ့ပြီးနောက် အလွန်အမင်း အံ့အားသင့်နေကြသည်။

သူတို့၏ ကိုယ်ပိုင် မြင့်မြတ်အရှင်သခင် သည် အထက်ကမ္ဘာ ပိရမစ် တစ်ခုလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေသူ တစ်ဦးဖြစ်သည်။ သို့သော် သေချာစဉ်းစားကြည့်ပါက သူတို့၏ ကိုယ်ပိုင် မြင့်မြတ်အရှင်သခင် ကပင် ဤမျှလောက် ရိုသေလေးစားပြီး နှိမ့်ချစွာ ဆက်ဆံရသော ထိုအနှီပုဂ္ဂိုလ်သည် သူတို့၏ မြင့်မြတ်အရှင်သခင် ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိနိုင်ကြောင်း သဘောပေါက်သွားကြသည်။

"ကောင်းပြီ... ငါတို့ အခု သွားကြမယ်..."

ဝူဟောက်က လက်ကိုဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း သူသည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှ တပည့် များကို ဦးဆောင်ကာ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှ ထွက်ခွာသွားလေ၏။ ဝူဟောက် ထွက်သွားသည်ကို ကြည့်ရင်း ချင်ဇီကျွင်း၏ အမူအရာသည်လည်း တည်ကြည်လေးနက်သွားခဲ့သည်။

လဝက်တိတိ ကြာပြီးသည့်တိုင်အောင်ပင် ဝူဟောက် မည်မျှ စွမ်းအားကြီးမားကြောင်းကို သူ မသိရှိသေးချေ။ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှ တပည့် ရာပေါင်းများစွာကို ဦးဆောင်ခေါ်သွားချိန်တွင်ပင် ဝူဟောက်သည် မည်သို့ လှုပ်ရှားသွားသည်ကို သူ သတိမပြုမိခဲ့ချေ ။

"ငါ သူတော်စင် ဆီက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခုကို ခံစားမိတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ... အဲဒါက သူတော်စင် ဘိုးဘေး ရဲ့ လက်ချက်ဖြစ်ရမယ်... ဒါပေမဲ့ သူနဲ့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ သွေးဧကရာဇ် ကြားမှာ ဘယ်သူက ပိုသန်မာမလဲဆိုတာ ငါ သိချင်တယ်..."

သူတို့နှစ်ဦးစလုံးသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်များ ဖြစ်ကြသည်။ ဝူဟောက်သည် ချင်ဇီကျွင်း၏ စိတ်ကို ဖတ်ရှု၍ မရနိုင်သောကြောင့် ချင်ဇီကျွင်း၏ အတွေးများကို မသိရှိနိုင်ခဲ့ချေ။

ဤအချိန်တွင် သူသည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှ တပည့် များနှင့် စူးချောင်ရန်တို့နှင့်အတူ တောက်ရန် လျှို့ဝှက်နယ်မြေ သို့ ရောက်ရှိနေပြီဖြစ်သည်။ ဝူဟောက်သည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှ တပည့် များဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။

"ကျန်တာကို မင်းတို့ဘာသာမင်းတို့ စီစဉ်လို့ရပြီ... ငါက မင်းတို့ကို ဒီကို ခေါ်လာပေးဖို့နဲ့ ပြန်ခေါ်သွားဖို့ပဲ တာဝန်ယူတယ်..."

"ဟုတ်ကဲ့ပါ ဝူစီနီယာ..."

ဤသည်ကို ကြားချိန်တွင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှ တပည့် များသည် ဝူဟောက်အား ချက်ချင်း ပြန်ဖြေလိုက်ပြီးနောက် တောက်ရန် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားကြသည်။

ဝူကျန်းအဲ့သည် စူးချောင်ရန်ကို အရင်ကြည့်လိုက်ပြီးနောက် ဝူဟောက်ကို ကြည့်ကာ ပြောဆိုလိုက်သည်။

"ဘိုးဘေး... ကျွန်တော်လည်း အရင် ဝင်သွားတော့မယ်..."

ထိုသို့ပြောပြီးနောက် ဝူကျန်းအဲ့သည် တောက်ရန် လျှို့ဝှက်နယ်မြေ အတွင်းသို့ အရင် ဝင်သွားခဲ့ပြီး မကြာမီ စူးချောင်ရန်နှင့် ဝူဟောက်တို့သာ ကျန်ရစ်တော့၏။

"ယောကျ်ား... ကျွန်မ ပြန်ဝင်တော့မယ်... နောက်နှစ်နှစ်နေမှ တွေ့ကြတာပေါ့..."

"အင်း... နောက်နှစ်နှစ်နေမှ တွေ့မယ်..."

ဝူဟောက်သည် အပြုံးမပျက် ခေါင်းညိတ်ပြလိုက်ကာ ဇနီးဖြစ်သူ အတွင်းသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။

ဇနီးဖြစ်သူ အထဲသို့ ဝင်သွားပြီးနောက် ဝူဟောက်၏ အမူအရာသည် ကစားလိုသော အမူအရာအဖြစ် ပြောင်းလဲသွားခဲ့သည်။

"စိတ်ဝင်စားစရာပဲ... ဒါဆိုရင်လည်း ငါ အထဲဝင်ပြီး ကြည့်လိုက်ဦးမယ်..."

ထိုအတွေးဖြင့် ဝူဟောက် သည် ခြေတစ်လှမ်းလှမ်းကာ တောက်ရန် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားလေ၏။ လျှို့ဝှက်နယ်မြေ ၏ တားမြစ်ချက် သည် ဝူဟောက်အတွက် ဘာမှမဟုတ်ချေ။ ဝူဟောက် အလိုရှိသရွေ့ သူသည် ကောင်းကင်ယံ သို့မဟုတ် မြေပြင်ပေါ်ရှိ မည်သည့်နေရာသို့မဆို သွားလာနိုင်သည်။

တစ်ချိန်တည်းမှာပင် တောက်ရန် လျှို့ဝှက်နယ်မြေ မှလွဲ၍ အခြားနေရာ နှစ်ခုတွင် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည်လည်း အဆင်သင့်ဖြစ်နေကြပြီး သို့သော် သူတို့နှစ်ဦးစလုံးသည် ထူးဆန်းသော ကြေးဝါမျက်နှာဖုံးများကို တပ်ဆင်ထားကြသည်။

"ရွှယ်ယင်ဂိုဏ်း ရဲ့ နည်းလမ်းတွေအရ ငါသာ မပြင်ဆင်ထားဘူးဆိုရင် သူတို့က ငါ့ကို အမြန်ဆုံး ရှာတွေ့သွားလိမ့်မယ်... ဒီမျက်နှာဖုံးက ငါ့ရဲ့ တည်နေရာကို ဖုံးကွယ်ထားနိုင်ပြီး အင်မော်တယ် ဧကရာဇ် တောင်မှ ငါ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ဒါနဲ့တင် ရွှယ်ယင်ဂိုဏ်း ကို ရင်ဆိုင်ဖို့ လုံလောက်တယ်..."

ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ထိုသို့ တွေးတောလိုက်ကြ၏။ ၎င်းမှာ ရွှယ်ယင်ဂိုဏ်း ၏ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရန် သူတို့ စဉ်းစားထားသော နည်းလမ်းပင်ဖြစ်သည်။

သို့သော် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် သူတို့ ယခင်ဘဝများက ပြုလုပ်ခဲ့သော မျက်နှာဖုံးများနှင့် တူညီသော မျက်နှာဖုံးများကို မသိစိတ်မှ ပြုလုပ်ခဲ့မိကြသည်။

မကြာမီ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည်လည်း လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားကြလေ၏။

သူတို့ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားပြီး နောက်တစ်စက္ကန့်တွင် ချန်ဟန့်ရှန်းသည် တောက်ရန် လျှို့ဝှက်နယ်မြေ ၏ ရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်ထဲရှိ ဝိညာဉ် မီးအိမ် သည် ၎င်း၏ ပစ်မှတ် ပျောက်ဆုံးသွားကြောင်း မြင်တွေ့လိုက်ရချိန်တွင် ချန်ဟန့်ရှန်းသည် သူ့ရှေ့က တောက်ရန် လျှို့ဝှက်နယ်မြေ ၏ ဝင်ပေါက်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။

"သူတို့နှစ်ယောက်လုံး တောက်ရန် လျှို့ဝှက်နယ်မြေ ထဲကို ဝင်သွားတာလား... ကိစ္စတွေက နည်းနည်း ခက်ခဲလာတော့မယ် ထင်တယ်..."

ချန်ဟန့်ရှန်း သူ့ကိုယ်သူ တွေးတောလိုက်၏။ ရွှေအင်မော်တယ် တစ်ဦးကို သတ်ဖြတ်နိုင်လောက်အောင် စွမ်းအားကြီးမားသော စစ်မှန်အင်မော်တယ် ကနဦးအဆင့်တစ်ဦးသည် ထိုနယ်ပယ်အတွင်းရှိ အခွင့်အရေး တစ်ခုကို ရရှိပါက ၊ အကယ်၍ သူသာ ရွှေအင်မော်တယ် သို့ ချိုးဖောက်ဝင်ရောက်သွားပါက သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်သည်။

သို့သော် အတန်ကြာပြီးနောက် ချန်ဟန့်ရှန်းသည် ခေါင်းခါယမ်းလိုက်ပြီး ထိုနေရာတွင် စောင့်ဆိုင်းရန် ရွေးချယ်လိုက်သည်။ ပါရမီရှင်တိုင်း သူ့ ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိတတ်ကြသည်။ အထူးသဖြင့် သူသည် လျိုထျန်းရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ အကယ်၍ သူသည် ရွှေအင်မော်တယ် အဆင့်ရှိ အငယ်တန်း နှစ်ဦးကို အနိုင်မယူနိုင်ပါက ၊ သူ သေသွားသည်က ပို၍ ကောင်းပေလိမ့်မည်။

ထိုအတွေးဖြင့် ချန်ဟန့်ရှန်းသည် တောက်ရန် လျှို့ဝှက်နယ်မြေ ၏ အပြင်ဘက်တွင် နေစရာနေရာတစ်ခုကို ရှာဖွေခဲ့ပြီး လာမည့် နှစ်နှစ်အတွင်း သူသည် အင်မော်တယ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်မည်လား ဆိုသည်ကို မျှော်လင့်ခဲ့သည်။ သို့သော် သူ၏ မျှော်လင့်ချက်မှာ မဖြစ်နိုင်ကြောင်း သူကိုယ်တိုင်လည်း သိထားသည်။

မည်သို့ပင်ဆိုစေ သူသည် မကြာသေးမီကမှ လျိုထျနိးရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ တတ်လှမ်းခဲ့ခြင်း ဖြစ်ရာ ၊ အင်မော်တယ်ဘုရင် အဆင့်သို့ ဤမျှ လျင်မြန်စွာ ချိုးဖောက်ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် တောက်ရန် လျှို့ဝှက်နယ်မြေ အတွင်း၌ ဝူဟောက်သည် အရင်းအမြစ်များကို စတင်ရှာဖွေလေတော့သည်။ အကယ်၍ သူသည် ၎င်းတို့ကို ပြန်ယူသွားပြီး ကံကြမ္မာရွေးချယ်ခံရသူ ကို ပေးအပ်လိုက်မည်ဆိုပါက၊ အကျိုးအမြတ်သည် အဆသန်းပေါင်းများစွာ ရရှိလာပေမည်။

ဘာပဲဖြစ်ဖြစ် ကောင်းကင်နှင့်မြေကြီး ရတနာ တွေက ပိုင်ရှင်မရှိဘူး... တစ်ယောက်ယောက်က သူတို့ကို ပိုင်ဆိုင်နိုင်လောက်အောင် အရည်အချင်းရှိရင် အဲဒါက သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ပဲလေ….

ထို့ကြောင့် တောက်ရန် လျှို့ဝှက်နယ်မြေ အတွင်းရှိ ပါရမီရှင် များသည် ထူးဆန်းသော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ကြရသည်။ ကျယ်ပြောလှသော တောက်ရန် လျှို့ဝှက်နယ်မြေ တွင် ကောင်းကင်နှင့်မြေကြီး ရတနာ များ၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။ ယင်းအစား အမွေအနှစ် များနှင့် စွမ်းအားကြီးမားသော မိစ္ဆာသားရဲများသာ ပြည့်နှက်နေပေတော့သည်။

All Chapters