အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
အခန်း (၂၃၉) - ဝူမိုဝူ တိုက်ခိုက်ခံရခြင်း
တစ်ချိန်တည်းမှာပင် ဝူမိုဝူ ထွက်ခွာသွားပြီး မကြာမီ ဝူရှန်းနီ၏ အမူအရာ သည် အလွန် လေးနက်သွားခဲ့သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် အစကတည်းက ကြီးမားသော အရာတစ်ခုခု ဖြစ်တော့မည့်အလား သူ မသက်မသာ ခံစားနေရပေသည်။
"ဒီလို ခံစားချက်မျိုး နောက်ဆုံး ရခဲ့တာက ငါ့ညီမလေး ရွှယ်ယင်ဂိုဏ်း က စွမ်းအားကြီးမားတဲ့သူတွေရဲ့ တိုက်ခိုက်မှုကို ခံရတုန်းကပဲ... ငါ့ညီမလေးများ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မလို့လား..."
ဤသည်ကို တွေးမိချိန်တွင် ဝူရှန်းနီ ချက်ချင်း စိုးရိမ်လာခဲ့သည်။ သူ၏ ညီမလေးသည် သူ၏ အားနည်းချက်ဖြစ်ပြီး သူမကို ဘာမှအဖြစ်ခံမည် မဟုတ်ချေ။ နောက်တစ်စက္ကန့်တွင် ဝူရှန်းနီသည် လှည့်ကာ ဝူမိုဝူ ထွက်သွားသော လမ်းကြောင်းအတိုင်း ပြေးသွားလေ၏။
ဤအချိန်တွင် ဝူမိုဝူသည် ထွင်းမိုဂိုဏ်း သို့ အလျင်အမြန် ပြန်သွားနေသော်လည်း နောက်တစ်စက္ကန့်တွင် သူမ တစ်ခုခုကို အာရုံခံမိသွားပြီး သူမ၏ အရှိန် သည် ရုတ်တရက် မြင့်တက်သွားကာ သူမ၏ ပုံရိပ် သည် ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
ဝူမိုဝူ နေရာမှ ထွက်ခွာသွားသည့် အခိုက်အတန့်တွင် အလင်းနှစ် ထောင်ချီ ကျယ်ဝန်းသော ဟင်းလင်းပြင် ဧရိယာသည် အစအနမကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။
ဝူမိုဝူ၏ အမူအရာမှာ အလွန် ကြည့်ရဆိုးနေခဲ့သည်။ အကယ်၍ သူမသာ ကြိုတင် သတိမပြုမိခဲ့ပါက ထိုတိုက်ခိုက်မှုကြောင့် သူမ သေချာပေါက် ဒဏ်ရာပြင်းထန်စွာ ရရှိနိုင်သလို သေဆုံးသွားနိုင်ပေသည်။
"စိတ်ဝင်စားစရာပဲ... ပါရမီရှင် ပီပီ ငါ့ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တာပဲ... မင်းမှာ စွမ်းရည် နည်းနည်းတော့ ရှိသားပဲ..."
ချန်ဟန့်ရှန်း၏ ပုံရိပ်သည် ဟင်းလင်းပြင်နယ်ပယ် အတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး လက်ခုပ်တီးကာ ပြုံးလျက် မည်သည့် အန္တရာယ်မှ မပေးနိုင်မည့်ပုံစံဖြင့် ပြောဆိုလိုက်၏။
သို့သော် သူမရှေ့က လူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ဝူမိုဝူသာလျှင် သိပေသည်။
"ရွှယ်ယင်ဂိုဏ်း က လူလား..."
ဝူမိုဝူက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်မှာ လျိုထျန်းရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေအရ ကြည့်ပါက တစ်ဖက်လူသည် သာမန် အထွတ်အထိပ်အဆင့် မဟုတ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်ပေသည်။
ဝူမိုဝူသည် သူမ၏ လက်ရှိစွမ်းအားဖြင့် သာမန် အထွတ်အထိပ်အဆင့် ကို ကိုင်တွယ်နိုင်ကောင်း ကိုင်တွယ်နိုင်မည်ဖြစ်သော်လည်း သို့သော် သူမ၏ ပြိုင်ဘက်မှာ သာမန် အထွတ်အထိပ်အဆင့် မဟုတ်ချေ။ ၎င်းမှာ ဤတိုက်ပွဲသည် အလွန်အမင်း ခက်ခဲလိမ့်မည်ဟု ဆိုလိုပေသည်။
သို့သော် ဝူမိုဝူ စိတ်ဓာတ်မကျခဲ့ချေ။ ယခင်ဘဝက သူမသည် ဤထက် များစွာ ပိုမို အန္တရာယ်များသော အခြေအနေများနှင့် ကြုံတွေ့ခဲ့ဖူးသည်။
"တကယ်လို့ မင်းသာ ငါ့ရဲ့ ရွှယ်ယင်ဂိုဏ်း က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးဆိုရင် ငါ မင်းကို ငါ့ရဲ့ ရွှယ်ယင်ဂိုဏ်း နဲ့ ဝမ်းသာအားရ မိတ်ဆက်ပေးမိမှာပဲ... မင်းရဲ့ ပါရမီ နဲ့ဆိုရင် ငါ့ရဲ့ ရွှယ်ယင်ဂိုဏ်း မှာ ကိုယ်ပိုင်တပည့် ဖြစ်လာဖို့က မခက်ခဲဘူးလေ..."
"ဒါပေမဲ့ နှမြောစရာကောင်းတာက အခု မင်း သေရတော့မယ်..."
ချန်ဟန့်ရှန်း စကားပြောဆိုပြီးနောက် သူ၏ လက်ထဲတွင် ထူထဲသော အနက်ရောင် မြူခိုးများ ပေါ်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် မျက်နှာပြင်ပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော ပုံစံများပါရှိသည့် လှံရှည် တစ်လက်သည် ချန်ဟန့်ရှန်း၏ လက်ထဲတွင် ပေါ်လာပေ၏။
ဝူမိုဝူ မတုံ့ပြန်နိုင်မီ ချန်ဟန့်ရှန်းသည် သူမ၏ရှေ့၌ ပေါ်လာပြီး လှံသွားဖြင့် သူမကို ထိုးစိုက်လိုက်သည်။ ဝူမိုဝူသည် သူမ၏ လှံရှည် ကို ဝှေ့ယမ်းကာ ချန်ဟန့်ရှန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ချန်ဟန့်ရှန်းသည် သူ၏ လှံရှည် ဖြင့် ဝူမိုဝူကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူမိုဝူသည် လှံရှည် ဖြင့် ကာကွယ်နိုင်ခဲ့သော်လည်း ၊ ဤကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် တိုက်ရိုက် လွင့်စဉ်သွားခဲ့ရသည်။
"ဒီလောက် စွမ်းအားကြီးတာ... အခု ငါ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ငါ့မှာ စွမ်းရည်တွေ အားလုံး ရှိနေသေးရင် သူ့ကို ငါ တိုက်နိုင်ကောင်း တိုက်နိုင်မှာပေမယ့် အခုတော့ စွမ်းရည်တွေ အားလုံး ပျောက်ဆုံးသွားပြီ... တားမြစ်ချက် တွေကို သုံးရင်တောင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် အရင်ဆုံး ဆုတ်ဖို့ အခွင့်အရေး ရှာရမယ်..."
ဝူမိုဝူသည် သူမ၏ စိတ်ထဲ၌ လေးလံသော ခံစားချက်ဖြင့် တွေးတောလိုက်၏။ အမှောင်ယံ မြေအောက်ကမ္ဘာ ဆန်းကြယ်ဝိညာဉ် နှင့် တိုက်ပွဲ အတွက် သူမ ပြင်ဆင်ထားသမျှ အရာအားလုံးနီးပါးကို အသုံးပြုခဲ့ပြီးဖြစ်ကာ သော့မော အင်မော်တယ် မဟာဧကရာဇ် ၏ အမွေအနှစ် မှ သူမ ကျန်ရှိနေသေးသည်မှာ မူလစွမ်းအင် အနည်းငယ်နှင့် သော့မော အင်မော်တယ် မဟာဧကရာဇ် ၏ ကျင့်ကြံခြင်း နှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှု အချို့သာ ဖြစ်ပေသည်။ အခြားဘာမှ မရှိတော့ချေ။
ဝူမိုဝူသည် အရှုံးပေးတတ်သူ မဟုတ်သဖြင့် အရင်ဆုံး ဆုတ်ခွာရန် အခွင့်အရေး ရှာရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ချန်ဟန့်ရှန်းသည်လည်း ဝူမိုဝူ၏ အစီအစဉ်ကို သိရှိထားကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် သူ၏ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သူတို့၏ ပတ်ဝန်းကျင် မြေပြင်မှ ဝင်္ကပါများ ချက်ချင်း ထွက်ပေါ်လာပြီး ဝူမိုဝူကို ဝန်းရံထားလေ၏။
ဝူမိုဝူသည် ဝင်္ကပါ ၏ စွမ်းအားကို ခံစားလိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ နှလုံးသားမှာလေးလံသွားခဲ့သည်။
"ဟားဟားဟား... မင်း ထွက်ပြေးဖို့ စီစဉ်နေတာ မဟုတ်ဘူးလား... ဒါပေမဲ့ အဲဒီအခွင့်အရေးကို ငါ မပေးဘူး... ဒီ ဝင်္ကပါ ကို ဖျက်ဆီးဖို့ မင်း တစ်ချက်ပဲ တိုက်ခိုက်ဖို့ လိုတယ်ဆိုပေမယ့် မင်း အဲဒီတိုက်ခိုက်မှုကို လုပ်လိုက်တဲ့ အချိန်က မင်း သေမယ့်အချိန်ပဲ..."
ချန်ဟန့်ရှန်း ရယ်မောကာ ပြောဆိုလိုက်၏။ ဝင်္ကပါ ကို ချိုးဖောက်ရန်အတွက် လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့်၏ စွမ်းအားသာ လိုအပ်သည်။ သို့သော် ဝင်္ကပါ ကို ချိုးဖောက်ချိန်တွင် ဝူမိုဝူသည် သေချာပေါက် အာရုံလွှဲသွားမည်ဖြစ်ပြီး ၎င်းသည် သူမ သေဆုံးရမည့် အချိန်ဖြစ်ပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင် ချန်ဟန့်ရှန်း၏ တိုက်ခိုက်မှုသည် ဝူမိုဝူအပေါ်သို့ ထပ်မံ ကျဆင်းလာခဲ့ပြီး ဝူမိုဝူ မကာကွယ်နိုင်လောက်အောင် တိုက်ခိုက်မှု မုန်တိုင်းတစ်ခု ဖြစ်ပေသည်။ သို့သော် ဝူမိုဝူတွင် ၎င်းကို တိုက်ရိုက် ပိတ်ဆို့ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိချေ ။ သူမသည် လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
သော့မော အင်မော်တယ် မဟာဧကရာဇ် ထံမှ မူလစွမ်းအင် အနည်းငယ်ကို စုပ်ယူပြီးနောက် ဝူမိုဝူ၏ နယ်ပယ် သည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် တွင် တည်ငြိမ်သွားပြီး ယခုအခါ လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ဦးတည်နေပြီဖြစ်သည်။ ချိုးဖောက်ဝင်ရောက်ခြင်း လမ်းကြောင်းသည် ယခုအခါ သူမ၏ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပြီး ချန်ဟန့်ရှန်း၏ လက်ချက်ဖြင့် မသေဆုံးမီ လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ မဖြစ်မနေ ချိုးဖောက်ဝင်ရောက်ရမည်ဖြစ်သည်။
လျိုထျန်းရွှေအင်မော်တယ် ၏ မိုးကြိုးကပ်ဘေး ကို ဖန်တီးနိုင်သရွေ့ သူ သူမနှင့်အတူ အတူတူ သေဆုံးရန် ဆန္ဒမရှိပါက ချန်ဟန့်ရှန်း သေချာပေါက် နောက်ဆုတ်သွားပေလိမ့်မည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားပြီး ဝူမိုဝူ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာသော်လည်း လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကို သူမ မခံစားနိုင်သေးချေ။ ဤသည်ကို တွေးမိချိန်တွင် ဝူမိုဝူ၏ နှလုံးသားမှာ လေးလံသွားခဲ့သည်။
ဤအချိန်တွင် အခြားတစ်ဖက်မှ ချန်ဟန့်ရှန်းသည်လည်း အင်အားလျှော့မထားရန် ရွေးချယ်လိုက်သည်။ လှံတစ်ချက်တည်းဖြင့် ချန်ဟန့်ရှန်းသည် ဝူမိုဝူကို လွင့်စဉ်သွားစေခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူ၏ လက်ထဲရှိ လှံရှည် သည် အနက်ရောင် နဂါးရှည်ကြီး အဖြစ် ပြောင်းလဲသွားပြီး ဝူမိုဝူကို တိုက်ခိုက်လာလေ၏။
"အနက်ရောင်နဂါး ကောင်းကင်ဖောက်ထွင်းခြင်း တိုက်ခိုက်မှု..."
"မကောင်းတော့ဘူး..."
ဝူမိုဝူ၏ စိတ်ထဲ၌ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤတိုက်ခိုက်မှုသည် သူမကို သတ်နိုင်သည့် စွမ်းအား အမှန်တကယ် ရှိပေသည်။ ဤသည်ကို တွေးမိချိန်တွင် ဝူမိုဝူသည် သူမ၏ စွမ်းအားကို ဖုံးကွယ်ထားရန် ဂရုမစိုက်တော့ဘဲ သူမ၏ ကြီးမားလှသော စွမ်းအားများကို ထုတ်လွှတ်ကာ သူမ၏ လက်ထဲရှိ လှံရှည် အတွင်းသို့ စီးဆင်းစေလိုက်သည်။
"နတ်မိစ္ဆာသုတ်သင်ခြင်း အင်မော်တယ်လှံသိုင်း..."
ဝူမိုဝူသည် ဟိန်းဟောက်လိုက်ပြီး လှံရှည် ကို ပစ်လွှတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် ချန်ဟန့်ရှန်း၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု ရင်ဆိုင်တွေ့သွားကြသည်။ သူတို့ ထုတ်လွှတ်လိုက်သော စွမ်းအားသည် ၎င်းနှင့် ထိတွေ့မိသော သာမန် ရွှေအင်မော်တယ် အဆင့် စွမ်းအားရှင်ကိုပင် သတ်ပစ်နိုင်ပေသည်။ ဝူမိုဝူ၏ မျက်နှာသည် ဖြူရော်နေပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအား လုံးဝမကျန်တော့ချေ။
တစ်မိနစ်ခန့် တောင့်ခံပြီးနောက် ဝူမိုဝူ တစ်ယောက် နောက်ဆုံး၌ ဆက်လက် မတောင့်ခံနိုင်တော့ချေ ။ နတ်မိစ္ဆာသုတ်သင်ခြင်း အင်မော်တယ်လှံသိုင်း သည် ချေမှုန်းခံလိုက်ရပြီး ချန်ဟန့်ရှန်း၏ လှံကို ဆက်လက် မခံနိုင်တော့ဘဲ ဝူမိုဝူထံသို့ ဦးတည်လာလေ၏။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူမိုဝူသည် မျှော်လင့်ချက်မဲ့သွားပြီး မျက်လုံးများကို မှိတ်ကာ သူမ၏ နောက်ဆုံး ကံကြမ္မာကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့၏။
သို့သော် ထိုအချိန်တွင် ဝူရှန်းနီ၏ ဒေါသတကြီး အသံက အဝေးမှ ထွက်ပေါ်လာခဲ့သည်။
"ငါ့ညီမကို ထိရဲတဲ့သူတိုင်း သေရမယ်..."
အခန်း (၂၄၀) - ရွှေအင်မော်တယ်ကို သတ်ဖြတ်ရန် မောင်နှမနှစ်ယောက် ပူးပေါင်းခြင်း
ဝူမိုဝူနှင့် ချန်ဟန့်ရှန်းတို့ မတုံ့ပြန်နိုင်မီ ချန်ဟန့်ရှန်း တည်ဆောက်ထားသော ဝင်္ကပါ သည် ရုတ်တရက် ချေမှုန်းခံလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ဝူရှန်းနီ၏ ပုံရိပ်သည် ဝင်္ကပါ ၏ အပြင်ဘက်မှ ပြေးဝင်လာပြီး ဝူမိုဝူ၏ ရှေ့၌ တိုက်ရိုက် ပိတ်ရပ်ကာ ချန်ဟန့်ရှန်း၏ လှံရှည် ကို ဓားတစ်ချက်တည်းဖြင့် ရိုက်ထုတ်လိုက်လေ၏။
သူမ၏ လမ်းကို ပိတ်ရပ်နေသော ပုံရိပ်ကို မြင်တွေ့ရချိန်တွင် ဝူမိုဝူ အတန်ကြာ မှင်တက်သွားပြီး နောက်ဆုံး၌ စကားပြောလိုက်၏။
"အစ်ကို... ဒီကို ဘာလာလုပ်တာလဲ..."
"တစ်ယောက်ယောက်က ငါ့ညီမကို သတ်ချင်နေတာ... ငါ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ..."
ဝူရှန်းနီ၏ မျက်လုံးများမှာ နီရဲနေပြီး ချန်ဟန့်ရှန်းကို ကြည့်လိုက်သော သူ၏ အကြည့်တွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပြည့်နှက်နေ၏ ။ ယခင်ဘဝက သူသည် မည်သည့် သံယောဇဉ်မှ မရှိခဲ့ဘဲ ဤဘဝတွင် နောက်ဆုံး၌ မိသားစု ရလာခဲ့ကြောင်းကို သင် သိထားရမည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏ မိသားစုကို လက်ဖျားနဲ့တောင် ထိရဲပါက ၎င်းသည် ပြန်လည်သင့်မြတ်၍ မရနိုင်သော ရန်ငြိုးတစ်ခု ဖြစ်ပေလိမ့်မည်။
ဝူရှန်းနီ၏ နောက်ကျောကို ကြည့်ကာ ဝူမိုဝူ မှာ အခိုက်အတန့်မျှ မှင်တက်သွားပြီး သူမကိုယ်သူမ တီးတိုးပြောလိုက်၏။
"အစ်ကို... နောက်ဆုံးတော့ အစ်ကို့ကို ပြန်တွေ့ရပြီပဲ..."
ဤအချိန်တွင် ချန်ဟန့်ရှန်းသည် ဝူရှန်းနီထံမှ ခပ်သဲ့သဲ့ ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရပြီး ၎င်းက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
သူသည် လျိုထျန်းရွှေအင်မော်တယ် အဆင့် ပါရမီရှင် တစ်ဦးဖြစ်ပြီး သူ၏ရှေ့ရှိ လူသည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် သာဖြစ်ကြောင်း သင် သိထားရမည်။ တစ်ဖက်လူသည် သူ၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။
သို့သော် ချန်ဟန့်ရှန်းသည် အခြေအနေကို အလျင်အမြန် သဘောပေါက်သွားပြီး ဝူမိုဝူနှင့် ဝူရှန်းနီတို့ကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"ကောင်းပြီလေ... မင်းတို့နှစ်ယောက်လုံး ဒီမှာရှိနေမှတော့ တစ်ယောက်ချင်းစီ လိုက်ရှာရတဲ့ ဒုက္ခကနေ သက်သာသွားတာပေါ့... အခုတော့ သွားမယ့်လမ်းကို ပြင်ထားလိုက်..."
ထိုသို့ပြောပြီးနောက် ချန်ဟန့်ရှန်းသည် ဝူရှန်းနီနှင့် ဝူမိုဝူတို့ထံသို့ တိုက်ရိုက် ပြေးဝင်သွားလေ၏ ။ ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူမိုဝူသည် မဆိုင်းမတွ ရှေ့ထွက်လာပြီး ချန်ဟန့်ရှန်းနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲလေတော့သည်။ အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့သည် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး အင်အားချင်း မတိမ်းမယိမ်း ဖြစ်နေခဲ့ကြ၏ ။
ချန်ဟန့်ရှန်း၏ စကားကို ကြားချိန်တွင် ဝူမိုဝူ မှင်တက်သွားခဲ့သည်။
"ဒါဆို အဲဒီတုန်းက ငါ့ကို ကယ်ခဲ့တာ ငါ့အစ်ကိုပေါ့... မဖြစ်ဘူး... ငါ့အစ်ကိုက ငါ့လိုပဲ... သူ့ကို သွားကူညီရမယ်..."
ထိုသို့ပြောပြီးနောက် ဝူမိုဝူသည် သိုလှောင်လက်စွပ် ထဲမှ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ သူမ၏ အင်မော်တယ် စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် မျိုချလိုက်ပြီးနောက် ဝူရှန်းနီကို ကူညီရန် တိုက်ပွဲတွင်ပါဝင်လာခဲ့သည်။
ဝူမိုဝူ တိုက်ပွဲတွင် ပါဝင်လာခြင်းကြောင့် အခြေအနေသည် ယာယီ ကောင်းမွန်သွားခဲ့သည်။ သို့သော် နတ်မိစ္ဆာသုတ်သင်ခြင်း အင်မော်တယ်လှံသည် ကျိုးပဲ့သွားသောကြောင့် ဝူမိုဝူ၏ စွမ်းအား အများအပြား လျော့ကျသွားပြီး သူမသည် ဘေးမှနေ၍သာ ဝူရှန်းနီကို ကူညီပေးနိုင်တော့၏။
သို့တိုင်အောင် ချန်ဟန့်ရှန်း၏ ရှုံးနိမ့်မှုက အချိန်ပြဿနာသာ ဖြစ်ပုံရသည်။
ဤသည်ကို မြင်လိုက်ရချိန်တွင် ချန်ဟန့်ရှန်းသည် မခံချိမခံသာ ဖြစ်သွားခဲ့သည်။ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် နှစ်ဦးကို ရင်ဆိုင်ရချိန်တွင် သူသည် ဤမျှ သနားစရာကောင်းသော အခြေအနေမျိုးသို့ ရောက်သွားလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မထင်မှတ်ထားခဲ့ချေ။
" မင်းတို့ အရမ်းလွန်နေပြီ..."
ချန်ဟန့်ရှန်း ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဝူရှန်းနီကို နောက်ဆုတ်သွားစေခဲ့ကာ ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို သွေးကြောများ နီရဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။
ဤသည်ကို ကြားချိန်တွင် ဝူရှန်းနီ က အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောဆိုလိုက်သည်။
"လွန်လွန်းတယ် ဟုတ်လား... ရွှယ်ယင်ဂိုဏ်း က ငါတို့ကို အရင် တိုက်ခိုက်ခဲ့တာ ရှင်းနေတာပဲ... အခုကျတော့ ငါတို့ကို အရမ်းလွန်တယ်လို့ အပြစ်တင်နေတာလား..."
"ဟမ့်... ဒီလိုဆိုမှတော့ နောက်တစ်နေ့မှ ပြန်တိုက်ကြတာပေါ့..."
လက်ရှိအခြေအနေအရ ကြည့်လျှင် ချန်ဟန့်ရှန်းသည် ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို အနိုင်ယူနိုင်ဖွယ် မရှိကြောင်း သူလည်း သိရှိပေသည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အရင်ဆုံး ဆုတ်ခွာပြီးနောက် အကြီးအကဲ အား အင်မော်တယ် ဧကရာဇ် သို့မဟုတ် အင်မော်တယ် အရှင်မြတ် အဆင့် အကြီးအကဲ တစ်ဦးကို လွှတ်ကာ တိုက်ခိုက်ခိုင်းရန် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ မကြာမီကမှ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် စစ်မှန်အင်မော်တယ် အဆင့် ကျင့်ကြံသူ များသာ ဖြစ်ကြသော်လည်း ယခုအခါ သူတို့နှစ်ဦးစလုံးသည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်နေကြပြီဖြစ်သည်။
သို့သော် လက်ရှိအခြေအနေမှာ ချန်ဟန့်ရှန်း ထင်သလို အလွယ်တကူ ထွက်သွားနိုင်သည့် အခြေအနေ မဟုတ်ချေ ။ ချန်ဟန့်ရှန်းကို ယနေ့ အသက်ရှင်လျက် ထွက်သွားခွင့်ပြုရန် မဖြစ်နိုင်ကြောင်း ဝူရှန်းနီနှင့် ဝူမိုဝူတို့ လည်း သဘာဝကျကျပင် သိရှိကြသည်။ သို့မဟုတ်ပါက ရွှယ်ယင်ဂိုဏ်း အပေါ် သူတို့၏ နားလည်မှုအရ နောက်ရောက်လာမည့်သူသည် အင်မော်တယ် အရှင်မြတ် အဆင့် ရှိ စွမ်းအားကြီးမားသူ တစ်ဦး ဖြစ်ပေလိမ့်မည်။
သူတို့၏ လက်ရှိစွမ်းအားဖြင့် သူတို့၏ နည်းလမ်းများအားလုံးကို အသုံးပြုလျှင်ပင် အင်မော်တယ် အရှင်မြတ် ကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ပေ။
ဝူရှန်းနီက ဝူမိုဝူကို မျက်စိမှိတ်ပြလိုက်ရာ ဝူမိုဝူက ချက်ချင်း နားလည်သွားပြီး နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားလေ၏ ။
သူ၏ရှေ့ရှိ မောင်နှမနှစ်ယောက်သည် ဘာလုပ်ချင်နေမှန်း ချန်ဟန့်ရှန်း မသိသော်လည်း သူ၏ အတွင်းနက်ရှိုင်းသော နေရာမှ အသံတစ်ခုက ၎င်းမှာ အန္တရာယ်ရှိကြောင်း၊ အလွန်အမင်း အန္တရာယ်ရှိကြောင်းနှင့် ယခု မထွက်သွားပါက သူ တကယ်ပဲ ထွက်သွားနိုင်တော့မည် မဟုတ်ကြောင်း ပြောနေပေသည်။
သို့သော် ဝူရှန်းနီသည် ချန်ဟန့်ရှန်းကို ခွာမရသော မျှော့တစ်ကောင်ကဲ့သို့ တွယ်ကပ်နေသဖြင့် ချန်ဟန့်ရှန်း အနေဖြင့် ထွက်ပြေးရန် မဖြစ်နိုင်အောင် လုပ်ဆောင်နေခဲ့၏ ။
သောက်ကျိုးနည်း...
ချန်ဟန့်ရှန်း၏ မျက်လုံးများ သည် သွေးရောင်လွှမ်းသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ ရုတ်တရက် သူ၏ အင်အားကို အသုံးပြု၍ ဝူရှန်းနီကို နောက်သို့ တွန်းထုတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ချန်ဟန့်ရှန်း၏ ခန္ဓာကိုယ်မှ အလွန် ထူထပ်သော အနက်ရောင် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဝူရှန်းနီ မတုံ့ပြန်နိုင်မီ ဝူမိုဝူကဲ့သို့ပင် ပြုမူခံရသော အနက်ရောင်နဂါး ဟင်းလင်းပြင် တိုက်ခိုက်မှု သည် ဝူရှန်းနီကို တိုက်ခိုက်လာလေ၏။
တိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိပြီးနောက် ဝူရှန်းနီ မှာ အနားမယူရဲတော့ချေ ။ သူ သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဓားရှည် ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ သူ၏ မျက်လုံးများသည် အလွန်အမင်း အေးစက်နေသည်။ ရွှေရောင် စွမ်းအားတစ်ခုသည် ဝူရှန်းနီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ လက်ထဲရှိ ဓားရှည်နှင့် အလျင်အမြန် စုစည်းသွားလေ၏။
မျက်တောင်တစ်ခတ်အတွင်း ဝူရှန်းနီသည် စွမ်းအင်သွင်းခြင်းကို ပြီးမြောက်သွားပြီး သူ၏ ဓားကို ရုတ်တရက် လွှဲယမ်းလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားချီ သည် ချန်ဟန့်ရှန်း၏ လှံအရိပ်ထံသို့ ချက်ချင်း ပြေးဝင်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု တိုက်မိသွားလေ၏။
ဝူရှန်းနီနှင့် ချန်ဟန့်ရှန်းတို့ နှစ်ဦးစလုံးသည် ဘယ်သူက အရင် လက်လျှော့မလဲ ဆိုတာကို စောင့်ကြည့်နေကြပုံရသည်။
သို့သော် အကြောင်းပြချက် တစ်ခုခုကြောင့် ချန်ဟန့်ရှန်းသည် တစ်ခုခုကို လျစ်လျူရှုမိသကဲ့သို့ ရုတ်တရက် မသက်မသာ ခံစားလိုက်ရသည်။
"နေပါဦး... နောက်တစ်ယောက်က ဘယ်မှာလဲ..."
သူသည် ဝူရှန်းနီနှင့် တိုက်ခိုက်နေစဉ် ဝူမိုဝူ၏ တည်ရှိနေမှုကို လုံးလုံးလျားလျား မေ့သွားခဲ့ကြောင်း ချန်ဟန့်ရှန်း နောက်ဆုံး၌ သတိရသွားသည်။
ချန်ဟန့်ရှန်းသည် ဝူမိုဝူကို နောက်ဆုံး၌ သတိရသွားချိန်တွင် မြေပြင်မှ အလင်းတိုင် အများအပြား ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
သူတို့၏ အထက်တွင် ဝူမိုဝူက သူတို့ကို ငုံ့ကြည့်နေ၏ ။ ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသကဲ့သို့ ဖြစ်နေသော သူမ၏အကြည့်က ချန်ဟန့်ရှန်းကို အံ့သြထိတ်လန့်မှုများနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။ သို့သော် ယခုအချိန်သည် အံ့သြထိတ်လန့်နေရမည့် အချိန်မဟုတ်ဘဲ အရေးကြီးဆုံးအရာမှာ ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ဖြစ်ပေသည်။
အမှန်တကယ်ပင် ဝူရှန်းနီ ထွက်ပေါ်လာသည့် အချိန်မှစ၍ ချန်ဟန့်ရှန်း၏ ရည်မှန်းချက်သည် ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို သတ်ဖြတ်ခြင်းမှ သူတို့၏ လက်တွင်းမှ လွတ်မြောက်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။
သို့သော် ဝူမိုဝူ ဝင်္ကပါ ကို တည်ဆောက်ပြီးစီးသွားသည့် အချိန်မှစ၍ ချန်ဟန့်ရှန်း၏ ကံကြမ္မာသည် အဆုံးအဖြတ်ပေးပြီး ဖြစ်နေလေပြီ။
"ညီမလေး... အခုပဲ..."
ဝူရှန်းနီ၏ အော်ဟစ်သံနှင့်အတူ ဝူမိုဝူသည် လက်သင်္ကေတ တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ရာ ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် ကောင်းကင်ယံ၌ သင်္ကေတ တစ်ခု ပေါ်လာခဲ့သည်။ ထို ပုံရိပ်ယောင်တွင် ရွှမ်ဝူ၊ ကြက်သွေးရောင်ငှက်၊ မိုးပြာရောင်နဂါး နှင့် ကျားဖြူ တို့ ပါဝင်ပေသည်။
"ဒါက သင်္ကေတလေးပါး ငရဲဝင်္ကပါ ပဲ..."
ဝူမိုဝူ ပြုလုပ်နေသော လက်သင်္ကေတ များနှင့် ဝင်္ကပါ အတွင်း၌ ပေါ်လာသော ပုံရိပ်ယောင်ကို မြင်ပြီးနောက် ချန်ဟန့်ရှန်းသည် နောက်ဆုံး၌ ဝင်္ကပါ ကို မှတ်မိသွားခဲ့သည်။ သူ၏ အမူအရာမှာ အလွန်အမင်း အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့၏။
"သင်္ကေတလေးပါး ငရဲဝင်္ကပါ ဆိုတာကို မင်း သိနေမှတော့... အခု သွားရမယ့် အချိန်တန်ပြီ..."
ဝူရှန်းနီ၏ စကားသံအဆုံးတွင် သင်္ကေတလေးပါး ငရဲဝင်္ကပါ သည် အပြည့်အဝ အားပြည့်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် အလင်းတန်း လေးခုသည် ချန်ဟန့်ရှန်းထံသို့ ပစ်လွှတ်သွားပြီး သူ့ကို ချက်ချင်း သတ်ဖြတ်လိုက်လေ၏ ။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူရှန်းနီ မှာ ကျေနပ်သွားသည်။ ။ သင်္ကေတလေးပါး ငရဲဝင်္ကပါ သည် အမှန်တကယ်ပင် စွမ်းအားကြီးမားလှသည်။ သူတို့၏ အရင်းအမြစ်များ သည် အကန့်အသတ် ရှိနေလို့သာလျှင် သို့မဟုတ်ပါက အင်မော်တယ် ဧကရာဇ် ကိုပင် သူတို့ ဖိနှိပ်နိုင်ပေလိမ့်မည်။