ပုံပြင်အသစ်အား တိုက်ရိုက်ထုတ်လွှင့်ခြင်း
Vol. 9 Ch. 128
“မင်း သေချာရဲ့လား”
စုန့်ချမ်က စိုးရိမ်နေသေးသည်။
“ငါတို့ ထပ်ဆွေးနွေးကြရင်ရော၊ မင်းရဲ့ စာမူကြမ်းအတွက် အကူအညီရအောင် ငါ အဖွဲ့ ပြင်ပေးလို့ရတယ်၊ အနည်းဆုံးတော့ ငါတို့ ကျော်ကြားမှုကို ထိန်းထားလို့ရတာပေါ့”
စုန့်ချမ်၏ စိုးရိမ်မှုက ကျိုးကြောင်းမဆီလျော်သည်တော့ မဟုတ်ပေ။ လူတစ်ယောက်၏ အရည်အချင်းက အကန့်အသတ် ရှိသည် မဟုတ်ပါတကား။ ပြောင်မြောက်လှသည်ဟု သတ်မှတ်နိုင်သော ပုံပြင်တစ်ပုဒ် ဖန်တီးရန် ဦးနှောက်ကို အတော်လေး အလုပ်ပေးရန် လိုအပ်ပြီး ကံလည်း လိုအပ်သေးသည်။ လူအတော်များများက ပြောင်မြောက်သော လက်ရာများကို ဖန်တီးနိုင်ပေသည်။ သို့သော် နောက်ပိုင်း စာအုပ်များက သာမန်မျှသာ ဖြစ်ပြီး လက်ဖျားခါရလောက်သည်အထိ မဟုတ်တော့ချေ။
“အဲ့လိုလုပ်ဖို့ မလိုပါဘူး”
“ဒါဆို ငါတို့ကို ဘယ်လို အမျိုးအစားလဲ ပေးသိလို့ ရမလား၊ ဒါမှ ငါ့မျှော်မှန်းချက်တွေကို စီမံလို့ရမှာ”
စုန့်ချမ်က ထပ်မေးလာသည်။
“အချိန်တန်ရင် ခင်ဗျား သိလာမှာပါ”
ရဲ့လင်းချန်က အေးအေးလူလူသာ ပြန်ဖြေလိုက်သည်။
…
နောက်တစ်နေ့ မနက်စောစော၌ ရဲ့လင်းချန်သည် သူ၏ သိုင်းလေ့ကျင့်ခြင်း ပြီးသည်နှင့် ရှောင်ချင်နှင့် ရှောင်ဟွေကို လေ့ကျင့်ပေးလေသည်။
ကျယ်ပြောသော ပန်းခြံဧရိယာကြောင့် သူတို့ လှုပ်ရှားမှုများများ လုပ်နိုင်ပေသည်။ ဤသို့သော အခြေအနေများကြောင့် ရှောင်ချင်နှင့် ရှောင်ဟွေသည် လျင်မြန်စွာ တိုးတက်လာပြီး အဖွဲ့လိုက် လှုပ်ရှားမှုလည်း တိုးတက်လာ၏။
“ဂီး”
ထိုစဉ် ရှောင်ချင်နှင့် ရှောင်ဟွေသည် လီမူရွှယ်၏ အိမ်သို့ ပြေးသွားပြီး ရဲ့လင်းချန်အား အသာ မာန်ဖီပြသည်။
*ဟမ်*
*မဟုတ်မှလွဲရော*
ရဲ့လင်းချန် ရင်တဒိန်းဒိန်း ခုန်လာသည်။ သူ အိမ်နားသို့ နီးကပ်လာသည်နှင့် ထင်ထားသကဲ့သို့ အိမ်ထဲမှ ညည်းသံ ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။
*ဉာဏ်များတဲ့ ဝံပုလွေတွေ၊ ငါ့ဝံပုလွေနှစ်ကောင်က ဉာဏ်များတဲ့ကောင်တွေပဲ*
ရှောင်ချင်နှင့် ရှောင်ဟွေသည် ရဲ့လင်းချန် သူတို့အား ဝေဖန်နေသည်ကို သတိမမူမိဘဲ အမြီးများနှံ့၍ ရဲ့လင်းချန်အား ပွတ်သပ်နေကာ သူ၏ ချီးကျူးခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်.
*ဒါနဲ့ဆို လေးရက်မြောက် ဖြစ်နေပြီ၊ သူတို့ ဒီလောက် မကြာမကြာလုပ်ဖို့ လိုလို့လား*
*တရားမျှတမှုအတွက် ငါ ဒီစွန့်စားမှုကို ဆက်လုပ်ရဦးမယ်နဲ့တူတယ်*
ရဲ့လင်းချန်သည် အတွေးထဲ နစ်မျောနေရင်း ပြတင်းပေါက်ဘောင်ပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။
ယခုတစ်ကြိမ်က ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ဟွမ်ရှောင်မန်က လွှမ်းမိုးသူ ဖြစ်ပြီး လီမူရွှယ်က နာခံတတ်သူ ဖြစ်ပုံရသည်။
ယခုအကြိမ်၌ ရဲ့လင်းချန် ပြတ်သားစွာ မြင်နေရသည်။ ဟွမ်ရှောင်မန်၏ လူမိုက်ဆန်သော မိတ်ကပ်အပြင်အဆင် အောက်၌ လှပသော မျက်နှာလေး ရှိနေသည်။
လုံးဝန်းသော ကလေးမျက်နှာ၊ မျက်လုံးရွဲကြီးများ၊ ချစ်စရာကောင်းပြီး ဖက်ထားချင်စရာ ကောင်းလှကာ လိုလီကွန်တစ်ယောက်၏ အိပ်မက်ဖြစ်မှာ အသေအချာပင်။ အထူးသဖြင့် သူမက ဖွံ့ထွားသော ပစ္စည်းများ ရှိသော လိုလီတစ်ယောက်ပင်။
သူမ၏ လှိုင်းတွန့်သဏ္ဌာန် ဆံပင်များကို အဝါရောင်တောက်တောက် ဆိုးထားသည်က နှမြောစရာပင်။ သို့မဟုတ်ပါက သူမ ပို၍ လှပနေလောက်သည်။
*မဟုတ်မှလွဲရော သူက ယောက်ျားတွေကို စိတ်မဝင်စားလို့ သူ့အလှကို ဖုံးကွယ်ထားတာလား*
ရဲ့လင်းချန်သည် မြင်ကွင်းကို သဘောတကျ ကြည့်နေပြီး အတွေးများနေမိသည်။
*ငါ ဒီလိုလုပ်နေတာ နှာဘူးတစ်ကောင် ဖြစ်နေပြီလား၊ ငါ တစ်ကိုယ်တည်း ဖြစ်နေတာ ကြာနေလို့များလား၊ ငါ ချန်ရှောင်ယန်ကို သတိရနေတာလား …*
မိနစ်နှစ်ဆယ် ကြာသော် ညည်းသံများအစား အသက်ပြင်းပြင်း ရှူသံများ အစားထိုး ပေါ်ထွက်လာသည်။ ထိုအခါတွင်မှ ရဲ့လင်းချန် ပြတင်းပေါက်မှ ပြန်ဆင်းလာလိုက်သည်။
သူ လမ်းလျှောက်နေရင်း ခန္ဓာကိုယ်က ပူလောင်နေ၏။
ညခုနစ်နာရီတွင် ရဲ့လင်းချန်သည် တံခါးပိတ်၍ ပုံမှန်အတိုင်း မီးပိတ်လိုက်သည်။ အမှောင်ထဲမှာပင် သူသည် တိုက်ရိုက် ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။
[နောက်ဆုံးတော့ ဝိုင်နတ်ဘုရား လိုင်းပေါ်တက်လာပြီပဲ၊ ပုံပြင်အသစ် စတော့မယ်]
[ငါ စဉ်းစားရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ၊ မင်းတို့ တွေးကြည့်လို့ရလား၊ ငါ့ခန္ဓာကိုယ်က တုန်နေပြီ]
[ပုံပြင်အသစ်က စိတ်လှုပ်ရှားစရာကောင်းမှာ အသေအချာပဲ၊ ငါ မစောင့်နိုင်တော့ဘူး]
[ငါ စိတ်အားထက်သန်နေတာကို ဖျက်ချင်လို့တော့ မဟုတ်ဘူး၊ ငါတို့ မျှော်လင့်ချက်တွေကို ထိန်းထားသင့်တယ်၊ မျှော်လင့်ထားတာ မြင့်လေ စိတ်ပျက်မှု ကြီးမားလေပဲ]
[ဟုတ်တယ် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက အတော်လေး ကောင်းနေပြီ၊ အဲ့ဒါထက် သာဖို့ ခက်မှာ]
….
စကားပြောခန်းထဲတွင် ဆူညံပွက်လောရိုက်နေ၏။ ရဲ့လင်းချန် စပြောသည်ကိုပင် မစောင့်ဘဲ သွေးပူနေသော ဆွေးနွေးမှုက စတင်နေလေသည်။
ထိုအခိုက်တွင် ဟူယွီ ဌာနချုပ်၏ အာရုံကလည်း ရဲ့လင်းချန်၏ ထုတ်လွှင့်မှုအပေါ် ကျရောက်နေသည်။
“စုန့်ချမ် ဝိုင်နတ်ဘုရားက ငါတို့ စာမူကြမ်းကို လက်မခံဘူးလား”
ဝမ်ယွမ်က မျက်မှောင်ကြုတ်၍ မေးလိုက်ပြီး သူ့အသံတွင် စိုးရိမ်မှုတို့ ပြည့်နှက်နေ၏။
“စီအီးအိုဝမ် ကျွန်တော် အကြံပြုပြီးပါပြီ၊ သူက လက်မခံပါဘူး”
စုန့်ချမ် မတတ်သာစွာဖြင့် ခေါင်းခါလိုက်သည်။
“အဆင်အခြင်မဲ့လိုက်တာ”
ဝမ်ယွမ် သက်ပြင်းချ၍ စိတ်ပျက်သွားသည်။
“သူက ငယ်နေသေးတော့ အဆင်အခြင်မဲ့တယ်၊ သူ ပြဿနာ ကြီးမားပုံကို နားမလည်ဘူး၊ ဒါပေမဲ့ မင်းကလည်း သူ့လို အဆင်မခြင်မဲ့တယ်၊ မင်း ဘာလို့ ဒီလောက် နမော်နမဲ့ နိုင်တာလဲ၊ ဒုတိယ တစ်ပုဒ်က ဘယ်လောက် အရေးပါလဲ မင်း မသိဘူးလား၊ ဒါ ငါတို့ အတော်လေး ကြိုးစားထားရတဲ့ အောင်မြင်မှုအပေါ် သက်ရောက်မှာကွ”
ဝိုင်နတ်ဘုရားက ဟူယွီ၏ အဓိက အလေးထားစရာ ဖြစ်သည်က အသေအချာပင်။
တစ်ယောက်ယောက်က ဝိုင်နတ်ဘုရားအကြောင်း ပြောလိုက်သည်နှင့် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ပြောကြမည်မှာ အသေအချာပင်။ ယင်းက သူတို့ ဟူယွီကိုပါ ထည့်ပြောကြည်မှာ သေချာလှသည်။
ထို့ကြောင့်ပင် ဟူယွီ၏ ရေပန်းစားမှုက ဖြည်းဖြည်းချင်း ကြီးထွားလာ၏။ သူတို့ လိုချင်သည့် အောင်မြင်မှုကို ရလာလေသည်။
ယခင်က ဟူယွီ ရခဲ့ဖူးသည့် အောင်မြင်မှုကို ပေးခဲ့သော ထုတ်လွှင့်မှုထက် ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုက ပိုသာလွန်လေသည်။
ဝမ်ယွမ်၏ စိတ်ထဲတွင် သူတို့သည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ သူ ထပ်၍ စံချိန်ချိုးသည်ကို မလိုချင်ဘဲ တည်ငြိမ်မှုကိုသာ လိုချင်ပေသည်။
ဝိုင်နတ်ဘုရားက ဆက်လက်၍ ပြောင်မြောက်သော လက်ရာကို ထုတ်လုပ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။ သာမန် လက်ရာဆိုလျင်ပင် သူ ကျေနပ်ပါ၏။
သို့ရာတွင် ဝိုင်နတ်ဘုရားက ထိုသို့ မလိုလားချေ။
“စီအီးအိုဝမ် ဝိုင်နတ်ဘုရား လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
စုန့်ချမ်က ဝိုင်နတ်ဘုရား၏ ကနဦး ထုတ်လွှင့်မှု သက်ရောက်မှုကို ပြန်စဉ်းစားမိပြီး ပြောလိုက်သည်။
“အဲ့လို ထင်ရတာပဲ”
ဝမ်ယွမ်က စိတ်ထဲမှနေ၍ ဗုဒ္ဓထံ ဆုတောင်းနေမိသည်။
ထိုစဉ် ကျိုးမင်နှင့် စစ်ယွီတို့သည်လည်း ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုကို အခြားအခန်းမှ ကြည့်နေကြသည်။ သူတို့သည်လည်း စုန့်ချမ်ကဲ့သို့ စိုးရိမ်နေကြသော်လည်း အကြောင်းအရာ မတူချေ။
“ဒါရိုက်တာကျိုး ဝိုင်နတ်ဘုရားရဲ့ ပုံပြင် ထုတ်လွှင့်တာက အခုရော အရင်လို ဖြစ်မယ်လို့ ထင်လား”
စစ်ယွီ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“မသေချာဘူး”
ကျိုးမင် ခေါင်းခါလိုက်သည်။
“ဟူယွီက သူ့အတွက် အစကတည်းက စာမူကြမ်း ပြင်ထားပြီးသား၊ ဒါပေမဲ့ သူက ငြင်းပြီးတော့ သူ့ကိုယ်ပိုင်ကိုပဲ သုံးဖို့ ခေါင်းမာနေတာ”
“အဲ့လောက်တောင်လား”
စစ်ယွီ ထိတ်လန့်သွားသည်။
“အဲ့ဒါကြောင့် ဒီလောက် ပွက်လောရိုက်နေတာလေ”
ကျိုးမင်၏ မျက်နှာတွင် လှောင်ပြောင်ဟန် ပေါ်လာသည်။
“ပြောင်မြောက်တဲ့ လက်ရာတွေအားလုံးက အမှားတွေ လွဲချော်မှုတွေကို ကျော်ဖြတ်ခဲ့ရတာပဲလေ၊ ဝိုင်နတ်ဘုရားက မာန်တက်နေတာ၊ သူ့မာနကြောင့် ဘာမှမမြင်တော့ဘူး၊ သူ့ရဲ့ ဒုတိယတစ်ပုဒ်က ကောင်းမယ်လို့ ငါ မထင်ဘူး”
ထိုစကားကိုကြားသော် စစ်ယွီ ပျော်ရွှင်သွားသည်။
“ဒါဆို ကျွန်မမှာ အခွင့်အရေး ရှိသေးတာပေါ့”
ကျိုးမင် ခေါင်းညိတ်လိုက်သည်။
“ဝိုင်နတ်ဘုရားရဲ့ ဒုတိယတစ်ပုဒ်က အကြီးအကျယ် ကျဆင်းတာနဲ့ သူ့ကျော်ကြားမှုလည်း ကျမှာပဲ၊ ဟူယွီက သူ့ကို ထောက်ပံ့နေတာ ရပ်သွားလိမ့်မယ်၊ ဒါ နင့်ရဲ့ အခွင့်အရေးပဲ”
စစ်ယွီ ခေါင်းညိတ်လိုက်ပြီးနောက် မှောင်မည်းနေသော ဖန်သားပြင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကိုးလ်ကလည်း သူမ၏ ထုတ်လွှင့်မှုချန်နယ်ဖြင့် ရဲ့လင်းချန်၏ ချန်နယ်ထဲ ဝင်ကြည့်နေသည်။
“ငါ ဂိမ်းဆော့ရလို့ မောနေပြီ၊ တိုက်တိုက်ဆိုင်ဆိုင် ဝိုင်နတ်ဘုရားက ပုံပြင်အသစ်ကို ပြောတော့မှာ၊ ငါတို့ နားထောင်ကြမလား”
သူမသာ ထိုသို့တွေးသည် မဟုတ်ချေ။ ဝူအာကလည်း ရဲ့လင်းချန်၏ ချန်နယ်ထဲသို့ ဝင်ကြည့်နေသည်။ သူမက ရဲ့လင်းချန်၏ ထုတ်လွှင့်မှု၌ မှတ်ချက်များပင် ဝင်ရေးနေတာ ဆုကြေး သုံးခု ပေးနေ၏။
[အစ်ကို ဝိုင်နတ်ဘုရား အကောင်းဆုံး ကြိုးစားနော်၊ ဝူအာ ရှင့်ကို ချစ်တယ်]
[သေစမ်းကွာ ဝိုင်နတ်ဘုရား မင်းက အံ့ဩဖို့ကောင်းတာပဲ၊ ကိုးလ်နဲ့ ဝူအာက မင်းနဲ့ သိပ်ရင်းနှီးနေအောင် ဘယ်လို လုပ်လိုက်တာလဲ]
[ဝိုင်နတ်ဘုရားက ဂိမ်းကစားတာနဲ့ ပုံပြင်ပြောတာမှာတင် တော်တာ မဟုတ်ဘူးပဲ၊ ရည်းစားထားတဲ့ နေရာမှာပါ တော်နေပါလား၊ ငါ လေးစားမိပြီ]
[တင်ဆက်သူရဲ့ အရည်အချင်းမျိုး ရမယ်ဆိုရင် ငါ တစ်ကိုယ်တည်းဖြစ်နေတဲ့ ဆယ်နှစ်တာကို ပေးဆပ်နိုင်ပါတယ်]
[အပေါ်ကလူက လောဘကြီးလွန်းတယ်၊ ငါကတော့ တင်ဆက်သူရဲ့ အရည်အချင်း ဆယ်ပုံတစ်ပုံ ရရင်တောင် ကျေနပ်ပြီ]
ရဲ့လင်းချန်က မှတ်ချက်များကို ချက်ချင်း ပိတ်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ထုတ်လွှင့်ခြင်းကို စတင်လိုက်သည်။
ထို့နောက် သူသည် ခပ်ငြိမ်ငြိမ် အသံဖြင့် စတင် ပြောဆိုလေသည်။
“ကျုပ် ထပ်သတိပေးဦးမယ်၊ ဒီပုံပြင်က အသည်းငယ်တဲ့သူတွေအတွက် မဟုတ်ဘူးနော်”
ထိုစကားတစ်ခွန်းနှင့်တင် ကျောချမ်းစရာ အငွေ့အသက် ပျံ့လွင့်လာပြီး ထုတ်လွှင့်မှုထဲမှ လူတိုင်းကို အသက်အောင့် သွားစေကာ စိုးရိမ်မှုတို့ ပြည့်နှက်လာစေ၏။
“ပထမဆုံးအနေနဲ့ ဒီစာအုပ်ထဲမှာ ဘယ်လိုလူတွေအကြောင်းကို ရေးထားလဲ၊ ဒီထဲမှာ ရဲတွေ၊ မုဒိမ်းသမားတွေ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်တာတွေ၊ အစွဲအလမ်း ကြီးတဲ့သူတွေ၊ cross-dressing ဝတ်တဲ့သူတွေ၊ ခေတ်ရေစီးကြောင်းကို လိုက်တဲ့သူတွေ၊ လူသတ်မှုတွေ၊ အိမ်ခြေရာမဲ့တွေ၊ ကိုယ်အင်္ဂါ ရောင်းဝယ်တဲ့သူတွေ၊ ကွင်းဆက်လူသတ်သမားတွေ၊ တဏှာရူးတွေ၊ သူတောင်းစားတွေ၊ စိတ်ဖောက်နေတဲ့သူတွေ၊ တစ်နေကုန် လမ်းပေါ်မှာ ဒူးထောက်နေတဲ့လူတွေ … ပါတယ်”