အဆင့်မြှင့်တင်ထားသော စွမ်းရည်သစ်
Vol. 9 Ch. 130
“ဝိုင်နတ်ဘုရားက တကယ် တော်တာပဲ”
ကျိုးမင် အတော်လေး အထင်ကြီးမိသွားပြီး ဘာမှမရှိသော ဖန်သားပြင်ကိုကြည့်ကာ သက်ပြင်းချမိသည်။
သူမဘေးမှ စစ်ယွီ နှုတ်ခမ်းကိုက်ထားမိသည်။ သူမ ရလဒ်ကို လက်မခံနိုင်ပါ။ ဝိုင်နတ်ဘုရား ရှိနေသရွေ့ သူမ ဟူယွီ ထုတ်လွှင့်ရေး၏ အလေးပေးခြင်း ဘယ်သောအခါမှ ခံရမည် မဟုတ်ပေ။ ရဲ့လင်းချန်၏ ပုံပြောခြင်းကို နှစ်သက်သူများသောကြောင့် သူကဲ့သို့ မလုံ့တလုံ တင်ဆက်သူတွင် မျှော်လင့်ချက်က အားရဖွယ် မရှိချေ။
“ဒါရိုက်တာကျိုး ကျွန်မ ဘယ်တော့မှာ နာမည်ကြီးလာမှာလဲ”
စစ်ယွီ မနေနိုင်ဘဲ မေးလိုက်မိသည်။
“အလျင်မလိုနဲ့၊ ငါတို့ အခုတော့ စောင့်ရုံပဲ ရှိတော့တယ်၊ လူတိုင်းကို အကန့်အသတ် ရှိတယ်၊ သူ တစ်သက်လုံး အမြင့်ကို မတက်နိုင်ပါဘူး၊ ဝိုင်နတ်ဘုရားက တတိယမြောက် လက်ရာကောင်းကို ဖန်တီးနိုင်မယ်လို့ ငါ မယုံကြည်ဘူး”
ကျိုးမင်က သူမကို နှစ်သိမ့်လိုက်သည်။
“ပင်မ ကြော်ငြာမရှိရင်တောင် ငါ နင့်ကို ဒုတိယအဆင့် ကြော်ငြာတွေ ပေးနိုင်ပါသေးတယ်၊ ဝိုင်နတ်ဘုရားက ဟူယွီရဲ့ ထိပ်တန်း တင်ဆက်သူဆို နင်က ဟူယွီရဲ့ ထိပ်တန်း အမျိုးသမီး တင်ဆက်သူပဲ”
“ထိပ်တန်း အမျိုးသမီး တင်ဆက်သူလား”
စစ်ယွီ၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ လက်ရှိတွင် ထိပ်တန်း အမျိုးသမီး တင်ဆက်သူဟူသည့် သူမနေရာကို ခြိမ်းခြောက်နိုင်သူက ကိုးလ်တစ်ယောက်တည်းသာ ရှိသည်။
ဝိုင်နတ်ဘုရားက သူ၏ ပရိသတ်များအား မကြာခဏ ကိုးလ်၏ ချန်နယ်ကို ထောက်ခံပေးလေ့ရှိပြီး သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ထို့အပြင် ကြည့်ရှုသူများကလည်း ဝိုင်နတ်ဘုရားစကားကို ထောက်ခံ အားပေးတတ်သဖြင့် ကိုးလ်၏ ကျော်ကြားမှုက တစ်ဟုန်ထိုး မြင့်တက်လာသည်။ ကိုးလ်အပြင် ဝူအာလည်း ရှိသေး၏။
*အဲ့မိန်းမနှစ်ယောက် … ဝိုင်နတ်ဘုရားနဲ့ ညစ်ညမ်းတဲ့ ညှိနှိုင်းမှုတွေ လုပ်ထားတာပဲ ဖြစ်ရမယ်*
ဝိုင်နတ်ဘုရား လိုင်းပေါ်က ဆင်းသွားသည်ကို မြင်မှ ကိုးလ် အသက်ကို ရှူထုတ်လိုက်မိသည်။ ထို့နောက် သူမက WeChat မှနေ၍ ရဲ့လင်းချန်ကို စာပို့လိုက်သ်ည။
[ဂုဏ်ယူပါတယ်၊ နင့်ပုံပြင်အသစ်က အခြေအနေကောင်းတယ်]
ဝူအာကလည်း WeChatမှနေ၍ သူ့ကို စာပို့လာသည်။
[အစ်ကို ဝိုင်နတ်ဘုရား ဆန်းကြယ်သော လူသတ်မှုဆယ်ခုက အရမ်း ကြောက်ဖို့ကောင်းတယ်၊ ကျွန်မ အခု အရမ်းကြောက်နေလို့ ရှင် နှစ်သိမ့်ပေးတာ လိုနေပြီ]
ရဲ့လင်းချန် ပြုံးလိုက်မိပြီး စာပြန်ပို့လိုက်သည်။
[မကြောက်ပါနဲ့ ဘေးဘီကိုကြည့်လိုက်၊ မင်း တစ်ယောက်တည်း မဟုတ်ဘူး၊ သူက မင်းအနောက်နားလေးတင်]
[အား …. ဝိုင်နတ်ဘုရား ရှင် တော်တော် မကောင်းဘူး၊ ကျွန်မ အခု လှုပ်ဖို့တောင် ကြောက်နေပြီ]
ဝူအာက စိတ်ဆိုးနေသော အီမိုဂျီလေးနှင့် ပြန်ပို့သည်။
ဝူအာကို ချော့ပြီးနောက် ရဲ့လင်းချန်က သူ၏ စနစ်ကို ဖွင့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မတိုင်ခင်က ရဲ့လင်းချန်၏ ရေပန်းစားမှုသည် ၁၉၈,၇၃၃ သို့ ရောက်နေခဲ့သည်။
ဆန်းကြယ်သော လူသတ်မှုဆယ်ခုကို ထုတ်လွှင့်ပြီးနောက် သူ၏ ရေပန်းစားမှုက ၂၃၅,၆၉၈ သို့ ရောက်ရှိ သွားသည်။ ပုံပြင်အသစ်က တကယ်ပင် သူ၏ ရေပန်းစားမှုကို လျင်မြန်စွာ တိုးတက်လာအောင် ကူညီပေးခဲ့သည်။
ထို့နောက် ရဲ့လင်းချန်က သူ၏ လက်ရှိစွမ်းရည်များကို ကြည့်လိုက်သည်။
ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ပုတ်ခတ်ခြင်းစွမ်းရည် (အခြေခံအဆင့်)၊ အရဟာလက်သီးစွမ်းရည် (အခြေခံအဆင့်)၊ သားရဲယဉ်ပါးခြင်းပညာ (အခြေခံအဆင့်)။
ပညာငါးခုကို စနစ်က အဆင့်မြှင့်တင်ထားပြီးသား ဖြစ်သည်။ ထို့အပြင် တစ်ခုချင်းစီက အံ့ဩစရာ ကောင်းလှသည်။ ယင်းတို့ထဲက ဘယ်တစ်ခုမဆိုက ကမ္ဘာကြီးအား အံ့ဩအောင် လုပ်နိုင်ပြီး ရဲ့လင်းချန်ကိုလည်း အတော်လေး အထောက်အကူ ဖြစ်စေသည်။
အထူးသဖြင့် အခြေခံအဆင့် ပြီးသည်နှင့် အလယ်အလတ်အဆင့်ကို ထပ်၍ အဆင့်မြှင့်နိုင်သည်။ သို့သော် သူ၏ ရေပန်းစားမှုအမှတ်က နည်းလွန်းသေးသည်။ အလယ်အလတ်အဆင့်သို့ အဆင့်မြှင့်ခြင်းက ရေပန်းစားမှုအမှတ် တစ်သန်း လိုအပ်သည်။ အဆင့်မြင့်အဆင့်ကလည်း နောက်ထပ် အမှတ် တစ်သန်း လိုအပ်လေသည်။ သူ ထိုအမှတ်များ ရအောင် ဘယ်လောက်ကြာကြာ ရှာရမည်နည်း။ ကမ္ဘာတုန်လောက်သည့် ဖြစ်ရပ်အချို့မှ မဟုတ်လျင် သည်ဘဝ၌ သူ့အတွက် ထိုသို့ဖြစ်လာရန် မဖြစ်နိုင်ချေ။
ရဲ့လင်းချန် အခြားစွမ်းရည်များကို တစ်ချက်ကြည့်လိုက်သည်။
စွမ်းရည် တစ်ရာရာခိုင်နှုန်း ဖြစ်နေသည့် ပညာများမှာ မိတ်ကပ်ပညာ၊ ရှစ်ဆပြင်းထန်လက်သီးသိုင်း၊ သိုင်းလက်သီး၊ DOTA၊ လက်ရေးပညာ၊ အနှိပ်ပညာ၊ တီးလုံးဖန်တီးခြင်း၊ Dutch ဘာသာစကား၊ ရုရှားဘာသာစကား …။
အသေးစား စွမ်းရည်များနှင့် ပတ်သက်သော အကြောင်းအရာများက ရှာရလွယ်သည်။ ထို့ကြောင့် ၎င်းတို့က တစ်ရာ ရာခိုင်နှုန်းသို့ အလွယ်တကူ တိုးတက်သွားခြင်း ဖြစ်သည်။ အထူးသဖြင့် ဘာသာစကားများပင်။ ၎င်းတို့၏ စွမ်းရည်ကို မြှင့်ရန် လွယ်လွန်းလှ၏။
ကျန်ရှိသော ပညာများဖြစ်သော အချက်အပြုတ်ပညာ၊ ဘောလုံးပညာ၊ တရုတ်ဆေးပညာ၊ အနောက်တိုင်း ဆေးပညာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ စာပေ၊ သင်္ချာ၊ ရူပဗေဒပညာ …
ရဲ့လင်းချန်သည် ပီကင်း တက္ကသိုလ် စာကြည့်တိုက်တစ်ခုလုံးသို့ နှံ့နှံ့စပ်စပ် သွားပြီးသော်လည်း ၎င်းတို့၏ စွမ်းရည်များက အမြင့်ဆုံးအထိ မရောက်သေးချေ။ အစက သူသည် သိပ္ပံပညာများက အတန်းဘာသာရပ်များ ဖြစ်သောကြောင့် လေ့ကျင့်ရ လွယ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ထိုပညာများက စွမ်းရည်အနိမ့်ဆုံး ဖြစ်နေသည်။ အထူးသဖြင့် ဓာတုဗေဒနှင့် ရူပဗေဒပင်၊ ထိုနှစ်ခုက ငါးဆယ်ရာခိုင်နှုန်းတောင် မရှိချေ။
အွန်လိုင်းပေါ်၌ ရှာဖွေမှုအချို့ ပြုလုပ်ပြီးနောက် ရဲ့လင်းချန် သဘောပေါက်သွားသည်။ ဥပမာအားဖြင့် ရူပဗေဒကို ပြောရမည်ဆိုလျင် ၎င်းကို နှံ့နှံ့စပ်စပ် လေ့လာပါက နျူကလီးယားနှင့် အဏုမြူဗုံးများကို ဖန်တီးလာနိုင်ပေမည်။
ယင်းက အံ့ဩဖို့ကောင်းလှပေသည်။ သက်ဆိုင်သော စာအုပ်စာတမ်းများကို သူ ရှာမတွေ့သည်က အံ့ဩစရာ မဟုတ်ချေ။
သူ့စွမ်းရည်များက အလယ်အလတ်အဆင့်မှ အဆင့်မြင့်အဆင့်သို့ မြှင့်တင်ခြင်းက လတ်တလော၌ မတွေးနိုင်သေးပေ။
*ရေပန်းစားမှုအမှတ် နှစ်သိန်းကို ငါ စသုံးကြည့်ရမလား*
ရဲ့လင်းချန် တုံ့ဆိုင်းမနေဘဲ စတင်လှုပ်ရှားလိုက်သည်။
အဆင့်မြှင့်ခြင်း စတင်လေပြီ။
ဖန်သားပြင်၌ အဝါရော် အလင်းလေး ဖြတ်ပြေးနေ၏။ ယခုတစ်ကြိမ်၌ စွမ်းရည်များစွာ ရှိနေသဖြင့် ရဲ့လင်းချန် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေလေသည်။
နောက်ဆုံးတွင် အဝါရောင် အဝိုင်းလေးက မိတ်ကပ်ပညာပေါ်၌ ရပ်သွားသည်။
*သောက်ချီးတဲ့မှ*
*မဟုတ်မှ ငါ အလှကုန်ပစ္စည်းဆိုင် ဖွင့်တော့မှာကို စနစ်က သိနေလို့ ငါ့ကို ဆုပေးဖို့ ဆုံးဖြတ်လိုက်တာလား*
ရဲ့လင်းချန် ဆက်၍ မျှော်လင့်နေမိသည်။ ထို့နောက် အဝါရောင်အလင်းက တောက်ပလာပြီး မိတ်ကပ်ပညာ နေရာတွင် ပညာအသစ်တစ်ခု အစားထိုးလား၏။
*ရုပ်ဖျက်ခြင်းပညာလား*
*ပါရမီရှင်စနစ်က အံ့ဩစရာပဲ*
ရဲ့လင်းချန် စိတ်လှုပ်ရှားလွန်း၍ စိတ်ထဲ၌ အော်နေမိသည်။
၎င်းပညာများသည် ဒဏ္ဍာရီများ၌ ပါဝင်သောအရာများ ဖြစ်သော်လည်း သူ့အနား၌ တစ်ခုပြီးတစ်ခု ပေါ်လာနေသည်။ ထိုခံစားချက်က ရင်ဖိုစရာကောင်းလှပေသည်။
ရုပ်ဖျက်ခြင်းပညာ အခြေခံအဆင့်သာ ဖြစ်သော်လည်း သူ့ပုံပန်းအား လုံးဝ ပြောင်းလဲရန် လုံလောက် နေလေပြီ။ သင့်လျော်သော အခြေအနေတစ်ခု၌ သူ့အသွင်အပြင်ကို အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်၏။
*ဒါ အရမ်း ကြောက်ဖို့ကောင်းတယ်၊ ဒီပညာက မကောင်းတဲ့သူ လက်ထဲသာ ရောက်သွားရင် ကမ္ဘာကြီးကို အန္တရာယ် ပေးနိုင်တယ်*
*ချီးကွာ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို လာနှောက်လို့ကတော့ သူ့ပုံစံပြင်ပြီး ဖော်ချွတ်က ကလိုက်ဦးမယ်*
ရဲ့လင်းချန် ညစ်ကျယ်ကျယ်တွေး၍ ပျော်နေသည်။ ခံစားချက် ကောင်းနေသောကြောင့် ရဲ့လင်းချန် တွေဝေမနေဘဲ ဆက်၍ အဆင့်မြှင့်တင်လိုက်သည်။
*ဘာသာစကားလား*
ရဲ့လင်းချန် အံ့ဩသွားသည်။ သူ့ကြည့်နေစဉ်မျာပင် ရွှေရောင်အလင်း တောက်ပလာပြီး စွမ်းရည်အသ စ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ခွေးဘာသာစကား။
*ခွေးဘာသာစကား*
*အင်း … ဒါလည်းမဆိုးပါဘူး*
ရဲ့လင်းချနန်သည် အစကတည်းက ဂျပန်နိုင်ငံကို မကြည်ပေ။ ပြီးခဲ့သော အဖြစ်အပျက်များကြောင့် ဂျပန်များအား ခွေးနှင့်ပင် မနှိုင်းချင်တော့ပါ။
စွမ်းရည်အသစ်အား မစမ်းကြည့်ရင်လျင် နှမြောစရာပင်။ ရဲ့လင်းချန် ထ၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ အိမ်အပြင်သို့ ထွက်ပြီး ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ခွေးအိမ်ဘက်သို့ လျှောက်လာသည်။
ဝံပုလွေပေါက်လေးနှစ်ကောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်။ ခွေးအိမ်အား စောင်များ ခင်းပေးထားသည်။ ရှောင်ချင်က စောင်ကိုဗိုက်ကပ်၍ အေးအေးလူလူ အိပ်နေသည်။ သို့သော် ရှောင်ဟွေက ပက်လက်လန် အိပ်နေ၏။
သူတို့၏ မျက်လုံးများက တင်းနေအောင် ပိတ်နေပြီး တစ်ခါတရံတွင် အသားကို အိပ်မက်မက်နေသကဲ့သို့ လျှာသပ်နေကြပုံက ချစ်စရာ ကောင်းလှပေသည်။
*ငါ သူတို့ကို နှိုးလိုက်ရင် ကောင်းပါ့မလား*
ထိုသို့တွေဝေခြင်းက စက္ကန့်မျှသာ ဖြစ်သည်။ ရဲ့လင်းချန်သည် လက်မြှောက်၍ ဝံပုလွေပေါက်လေးများ၏ ဖင်ကို ဖြန်းခနဲ ရိုက်ချလိုက်သည်။
“ဖြန်း ဖြန်း”
သူတို့၏ တုံ့ပြန်မှုက မြန်ဆန်လွန်းလှသည်။ နှစ်စက္ကန့်အတွင်း၌ သူတို့ အိပ်နေရာမှာ နိုးနိုးကြားကြားဖြစ်ကာ ဘေးဘီသို့ ကြည့်လာကြသည်။
သူတို့ ရဲ့လင်းချန်ကို မြင်သောအခါ သူတို့မျက်လုံး၌ တွေဝေခြင်းနှင့် မကျေမနပ် ဖြစ်ခြင်းတို့ ပြည့်နှက်လာ၏။
“ဂီး …”
သူတို့ အသာမာန်ဖီချကြသည်။
“ဟေ့ … ဒယ်ဒီက ဘာလို့ ငါတို့ကို ရိုက်တာလဲ”
ရှောင်ချင်က မေးလိုက်သည်။
“ငါ မသိဘူး၊ ငါ ခုနက ကြက်ပေါင်ကို အိပ်မက်မက်နေတာ၊ အရသာ ရှိလိုက်တာဆိုတာ”
ရှောင်ဟွေက ပြန်ဖြေသည်။
“ငါ ဝက်ပေါင်ခြောက်ကို မက်နေတာ၊ ငါ့ပါးစပ် ရောက်ခါနီးနေပြီကွာ”
“ဘာလို့ ဒယ်ဒီက ငါတို့ကို ကြည့်နေတာလဲ၊ သူ့အပြုံးက ကျောချမ်းစရာကြီး”
“ငါလည်း သတိထားမိတယ်၊ ဒယ်ဒီက နှာဘူးလား၊ ကိုယ်လုံးတီး မိန်းမနှစ်ယောက် ခုတင်ပေါ်မှ ရန်ဖြစ်နေတာကို သူ ချောင်းကြည့်ရတာကို ကြိုက်တယ်မဟုတ်လား”
“ဟုတ်တယ်၊ သူက ငါတို့ကိုတောင် သူ့အတွက် စောင့်ကြည့်နေစေချင်သေးတာ၊ သူက တော်တော်လေး အကျင့်မကောင်းတာ”
“အိုက်ရား … ဒယ်ဒီ့မျက်လုံးတွေကို ကြည့်ဦး၊ တအား ကြောက်ဖို့ကောင်းတယ်၊ မဟုတ်မှလွဲရော ငါတို့ ဘာပြောနေတာလဲဆိုတာကို သူ နားလည်နေတာလား”