← Chapters

သုံးလောင်းပြိုင်

Vol. 22 Ch. 296

သုံးလောင်းပြိုင်

Vol. 22 Ch. 296

အခန်း (၂၉၆) သုံးလောင်းပြိုင်

ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်ကျင့်စဉ်ကို လေ့လာပြီးနောက် ကျန်းလန် စြင်္ကံလမ်းအတိုင်း လမ်းလျှောက်လာခဲ့သည်။

နေရာတိုင်းတွင် ဥမင်များ ၊ ရင်ပြင်များနှင့် အခန်းများ ရှိနေပြီး မှော်ရုံနယ်မြေပြုလုပ်ထားပုံက အတော်လေး ရှုတ်ထွေးသည်။

မှော်ရုံနယ်မြေထဲ လမ်းပျောက်အောင်သွားလာရန်ပင် ကျန်းလန်အတွက် မလွယ်ကူလှပေ။ သို့သော် ဤနေရာက ထူးခြားသည့် အပြင်အဆင်များ ရှိမနေဘဲ တိုက်ခိုက်ရန်အတွက်သာ သီးသန့် ပြုလုပ်ထားဟန် ရှိသည်။

ကျန်းလန် စြင်္ကံလမ်းအတိုုင်း ဖြည်းညင်းစွာ လမ်းလျှောက်လာရန် ရုတ်တရက် လူတစ်ယောက်နှင့် ပက်ပင်းတိုးမိသည်။

ထိုသူက မည်သည့်အင်အားစုမှ တပည့်ဖြစ်ကြောင်း မသိရှိရပေ။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများကတော့ အနီရောင်တောက်ပလျှက် ရှိသည်။

ကျန်းလန်ကိုတွေ့သည်နှင့် ထိုလူငယ်၏ နှုတ်ခမ်းများ ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး အနည်းငယ် တုန်ယင်သွားသည်။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခုကို စိုးရိမ်ပူပန်နေဟန်ပင်။ မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်၏။

ကျန်းလန်ကိုတွေ့သည်နှင့် လူငယ်က ချက်ချင်းပင် သတိထားလိုက်ပြီး တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်လိုက်သည်။

သူက ဘယ်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း…

"ကျုပ်… ကျုပ် ဒီလမ်းအတိုင်းသွားမလို့"

ကျန်းလန်က ညာဘက်သို့ လက်ညှိုးညွှန်ပြရင်း…

"ကျုပ်က ဒီဘက်သွားမယ်"

အနက်ရောင်ဝတ်လူငယ်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ကျန်းလန်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း…

"ဒါဖြင့် ကျုပ် ခင်ဗျားကို မနှောက်ယှက်တော့ဘူး"

ထို့နောက် ဘယ်ဘက်စြင်္ကံအတိုင်း လမ်းလျှောက်သွားပြီး ပျောက်ကွယ်သွားသည်။ ကျန်းလန်ကတော့ ညဘက်သို့ ဆက်လျှောက်လာခဲ့၏။

"ငါ့လိုပဲ သိုသိုသိပ်သိပ်နေချင်တဲ့သူတွေ ရှိတော့ရှိသားပဲ"

ကျန်းလန် တွေးလိုက်သည်။

ခဏမျှ ဆက်လျှောက်လာပြီးနောက် ကျန်းလန် ခြေလှမ်းများ ရပ်တန့်သွားသည်။ လမ်းထောင့်တစ်နေရာတွင် ထွားကျိုင်းသည့် လူတစ်ယောက် ပေါ်လာသောကြောင့် ဖြစ်သည်။

သူတို့ အကြည့်ချင်းဆုံသွားကြသည်။

ထိုသူက မပြောမဆိုဖြင့် ကျန်းလန်ကို ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။ တစ်ဖက်လူက တိုက်ခိုက်လာသည်နှင့် ကျန်းလန်က လုံး၀ နောက်မဆုတ်ဘဲ ပြန်လည်ရင်ဆိုင်လိုက်သည်။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လူထွားကြီးထံ ဖြတ်ကျော်ဝင်ရောက်သွားသည်။

ချက်ချင်းပင် လူထွားကြီး၏ လည်ပင်းထက်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး သွေးများ စီးကျလာသည်။

လူထွားကြီးက သူ့ကို ဖြတ်ကျော်သွားသည့် ကျန်းလန်ကို လှည့်ကြည့်ရန် ကြိုးစားလိုက်သော်လည်း သူ လှုပ်ရှား၍မရတော့ကြောင်း သဘောပေါက်လိုက်သည်။

ထို့နောက် အလင်းရောင်များ သူ့ကို ဖုံးလွှမ်းသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

ထိုသူ ရှိခဲ့သည့်နေရာတွင် ဓားတစ်လက် ကျန်ရစ်ခဲ့လေသည်။ ထိုဓားက ထိုသူနှင့်အတူ ယူဆောင်လာသည့် မှော်ဝင်ပစ္စည်း ဖြစ်၏။

ကျန်းလန်က သူ့လက်ထဲမှ ဓားတိုကို သိမ်းဆည်းလိုက်ပြီး ထိုသူ ကျန်ရှိခဲ့သည့် ဓားရှည်ကို ယူလိုက်သည်။ ထိုဓားက ဓားကောင်းတစ်လက် ဖြစ်သည်။

ကျန်းလန် ပြန်လှည့်လိုက်သည့်အခါ စောစောက တွေ့ခဲ့သည့် အနက်ရောင်ဝတ်လူငယ်ကို တွေ့လိုက်ရသည်။

လူငယ်က ကျန်းလန်ကို သတိလက်လွတ် ငေးစိုက်ကြည့်နေ၏။

သူက ကျန်းလန် လှည့်ကြည့်လာသည်ကိုတွေ့သည်နှင့် သူ့နောက်ကျောဘက်သို့ လက်ညှိုးညွှန်ပြရင်း…

"ဟို.. ဟိုဘက်လမ်းက လမ်းပိတ်သွားတာနဲ့ ဒီလမ်းအတိုင်း ပြန်လျှောက်လာတာ"

သူက စကားပြောနေစဉ် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်းကိုလည်း အမူအရာဖြင့် ပြသလျှက် ရှိသည်။

ကျန်းလန်က လူငယ်၏ အနောက်ဘက်သို့ လက်ညှိုးညွှန်ပြရင်း…

"ကျုပ်က ဒီဘက်ကိုသွားမလို့"

အနက်ရောင်ဝတ်လူငယ်က ခေါင်းညိတ်ပြရင်း ချက်ချင်းပင် သူ့ကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးကာ နှုတ်ဆက်ပြီး ဆက်လက်ထွက်ခွာသွားသည်။

လူငယ်မှာ ရောက်ရောက်ချင်းပင် ခွန်လွန်တပည့်တစ်ယောက်က လူထွားကြီးကို သတ်ဖြတ်ပစ်လိုက်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။

လူထွားကြီး နေရာမှ ပျောက်ကွယ်မသွားခင် မျက်ဝန်းထဲတွင် ဖုံးလွှမ်းနေသည့် အကြောက်တရားများကို သူ တွေ့မြင်ခဲ့ရသည်။

လူထွားကြီးနှင့် ခွန်လွန်တပည့်က ကျင့်ကြံခြင်းအဆင့် အတူတူပဲ ဖြစ်သည်။ အဆင့်တူပါလျှက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်နိုင်ခြင်းက အတော်လေး ကြောက်မက်ဖွယ်ရာပင်။

သို့ပေသိ ဤခွန်လွန်တပည့်က ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့်တိုင် ညှိနှိုင်းရတော့ လွယ်ကူလေသည်။

လူငယ် အလျှင်အမြန် ထွက်လာခဲ့သည်။

နောက်ထပ် တွေ့ဆုံရမည့် ခွန်လွန်တပည့်များသည်လည်း ဒီတစ်ယောက်လိုပင် ပြောရဆိုရလွယ်ကူပါစေရန် သူ မျှော်လင့်မိသည်။

ကျန်းလန်က လူထွားကြီးထံမှ ဓားရှည်ကို ယူပြီးနောက် ဓားရှည်အသုံးပြုတိုက်ခိုက်ရန် စဉ်းစားလိုက်သည်။ ဤဓားရှည်က မည်မျှ ကြာရှည်ခံမည်လဲ ကျန်းလန် မသိရှိပေ။

လက်ရှိတွင် နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြု၍ မဖြစ်လေရာ ဓားကိုသာ အသုံးပြုတိုက်ခိုက်ရမည် ဖြစ်သည်။

ဓားသိုင်းအသုံးပြုခြင်းက နွားရိုင်းကိုးကောင်စွမ်းအားလောက် အစွမ်းမထက်လှပေ။

သို့သော် မှော်ရုံနယ်မြေထဲတွင် နွားရိုင်းကိုးကောင်စွမ်းအား အသုံးပြုပါက သူ့အကြောင်း ဘူးပေါ်သလို ပေါ်သွားနိုင်လေရာ လိုအပ်မှသာ ထုတ်သုံးရန် စဉ်းစားထားသည်။

အတန်ကြာလမ်းလျှောက်ပြီးနောက် တစ်စုံတစ်ယောက် အနောက်မှ စိုက်ကြည့်နေသည်ကို ကျန်းလန် ခံစားလိုက်ရသည်။

ကျန်းလန် လှည့်ကြည့်လိုက်သည့်အခါ တစ်ဖက်လမ်းဆုံတွင် လူ (၃)ယောက် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူတို့က ကျန်းလန်ကို တိုက်ခိုက်လိုဟန်ဖြင့် ကြည့်နေကြသည်။

ယောကျ်ားလေး (၂)ယောက်နှင့် မိန်းကလေး (၁)ယောက် ရှိနေပြီး အားလုံးက မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ ဝတ်ဆင်ထားသည့် ဝတ်စုံများက မတူညီကြလေရာ မှော်ရုံနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးမှ ယာယီပူးပေါင်းလိုက်ကြသည့် အဖွဲ့တစ်ခု ဖြစ်ဟန်တူသည်။

ကျန်းလန်က လမ်းတစ်ဖက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း…

"ကျုပ်က ဒီလမ်းအတိုင်း သွားမလို့ပါ"

ထိုလူ (၃)ယောက် သူတို့လမ်းသူတို့သွားလိုလျှင်လည်း ကျန်းလန်က ခွင့်ပြုပေးလိုက်မည်ဖြစ်သည်။

လူငယ်တစ်ယောက်က…

"မင်းက ခွန်လွန်တပည့် မဟုတ်လား"

သူက ဆက်ပြောသည်။

"စိတ်မကောင်းပါဘူး ၊ မင်းမှာ အဖိုးတန်တဲ့ မှော်ဝင်ပစ္စည်းတစ်ခု ရှိနေမှာပဲ ၊ ဟုတ်တယ်မလား"

သူတို့အုပ်စုက အခြားသူများတွင် ပါရှိသည့် မှော်ဝင်ပစ္စည်းများကို ရသလောက်ယူပြီး အနိုင်နှင့်ပိုင်းကာ မှော်ရုံနယ်မြေအတွင်းမှ ထွက်ခွာသွားရန် စီစဉ်ထားကြသူများ ဖြစ်သည်။

ထို့နောက် သူတို့က ကျန်းလန်ကို ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

ကျန်းလန်ကလည်း လက်မနှေးဘဲ ချက်ချင်း လှုပ်ရှားလိုက်၏။

သူက ချက်ချင်းပင် ထိုသူရှေ့သို့ ရောက်သွားပြီး ဓားတိုတစ်လက်ဖြင့် ရင်ဝကို ထိုးစိုက်ချလိုက်သည်။

"ရပါတယ်ဗျာ ၊ စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး"

ပြောပြီးသည်နှင့် ကျန်းလန်က ဒုတိယမြောက်လူငယ်အနားသို့ ရောက်သွားပြီး ဓားဖြင့် လည်ပင်းဆီ ထိုးစိုက်လိုက်သည်။

"မင်း…"

"နည်းနည်းတော့ နာလိမ့်မယ် ၊ ဒါပေမဲ့ သိပ်မကြာပါဘူး"

ကျန်းလန်က ပြောလိုက်သည်။

ထို့နောက် အလင်းရောင်များ ထွက်ပေါ်လာပြီး ထိုသူကို ဖုံးလွှမ်းသွားကာ နေရာမှ ပျောက်ကွယ်သွားလေသည်။

အသက်ကယ်အင်းသင်္ကေတကို အသုံးပြုကာ ထွက်ပြေးသွားခြင်း ဖြစ်သောကြောင့် ထိုလူငယ် တကယ် အသက်သေဆုံးခြင်း ရှိ ၊ မရှိ မသေချာပေ။

ရန်သူတစ်ယောက်ကို ဓားဖြင့်သတ်ဖြတ်ရသည်က ထင်သလောက် မလွယ်လှပေ။ တကယ်တမ်း သတ်ဖြတ်ချင်သည်ဆိုလျှင် နွားရိုင်းကိုးကောင်စွမ်းအားကိုသာ အသုံးပြုရပေလိမ့်မည်။

နောက်ဆုံးကျန်ရှိနေသည့် မိန်းမပျိုက ကျန်းလန်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

"ကျွန်မ… ကျွန်မရဲ့ မှော်ဝင်ပစ္စည်းကို ရှင့်ကို ပေးပါ့မယ် ၊ ပြီးတော့ ရှင့်ကိုလည်း အဖော်ပြုပေးပါ့မယ်"

"ဝှစ်…"

ဓားရှည်တစ်လက်ထွက်ပေါ်လာပြီး မိန်းပျို၏လည်ပင်းကို ခုတ်ပိုင်းပစ်လိုက်သည်။

"အဖော်ပြုစရာ မလိုဘူး ၊ ကျုပ်က တစ်ယောက်တည်းပဲ နေချင်တာ"

ကျန်းလန် ပြောလိုက်၏။

အလင်းရောင်များ ထွက်ပေါ်လာပြီး မိန်းကလေး၏အလောင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဓားကို ဓားအိမ်အတွင်း ပြန်ထည့်လိုက်သည်။

သူတို့အုပ်စုထံမှ အမည်မသိ မှော်ဝင်ပစ္စည်း (၃)ခု ကျန်းလန် ရရှိလိုက်သည်။

ဓားရှည်တစ်လက် ၊ ဓားမော့တစ်လက်နှင့် နတ်မိစ္ဆာနှိမ်နင်းကျောက်တုံးတစ်တုံးတို့ ဖြစ်ကြသည်။

ထိုအရာများအားလုံးက စောစောက လူထွားကြီးဆီမှ ရလိုက်သည့် ဓားရှည်လောက် အရည်အသွေး မကောင်းကြပေ။

သို့သော် မှော်ဝင်ပစ္စည်းများဖြစ်နေသောကြောင့် ယူတော့ယူရပေမည်။

မဟုတ်ပါက သူ့တွင် မှော်ဝင်ပစ္စည်းများ များပြားလွန်းနေသဖြင့် ဤပစ္စည်းများကို အထင်သေးသည်ဟု အခြားသူများက ထင်မှတ်သွားပေလိမ့်မည်။

နောက်ဆုံးတော့ နွားရိုင်းကိုးကောင်စွမ်းအား အသုံးမပြုဘဲ ရန်သူများကို သတ်ဖြတ်လိုက်နိုင်ပေပြီ။

မှော်ရုံနယ်မြေထဲတွင် သေဆုံးသွားသူများ၏အလောင်းများက အပြင်သို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်။

ကျန်းလန်က ကတစ်ချိန်လုံး လူများကို အပြင်သို့ ပို့ပေးနေရန် မရည်ရွယ်ပေ။

စောစောက သူ သတ်ဖြတ်လိုက်သူများ အားလုံးက အပေါ်ယံတွင် မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်ကြပြီး ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့် ဖြစ်ကြ၏။

ထို့ကြောင့် ကျန်းလန် သူတို့ကို သတ်ဖြတ်နိုင်သည်မှာ ပုံမှန်ပဲ ဖြစ်သည်။

သူက အားနည်းလွန်းဟန်လည်း တမင်တကာ ဟန်ဆောင်မနေနိုင်ပေ။

ထို့ကြောင့် ရန်သူများကို ယခုလို သတ်ဖြတ်လိုက်သည်က ကောင်းသည့်ကိစ္စပင် ဖြစ်သည်။

သူ့ကို အထင်မကြီးကြသည့်တိုင် မည်သူမှ အထင်သေးရဲကြတော့မည် မဟုတ်ပေ။

"ခုချိန်ထိ နတ်လူသားမျိုးနွယ်တွေ ၊ နတ်မိစ္ဆာတွေ တစ်ယောက်မှ မတွေ့ရသေးဘူး ၊ သူတို့ ဘာတွေကြံစီနေကြလဲ သိချင်လိုက်တာ"

ကျန်းလန် တွေးလိုက်သည်။

နတ်မိစ္ဆာများကတော့ သူ့ကို ကြိုးတုပ်ဖမ်းဆီးချင်ကောင်း ဖမ်းဆီးချင်မည်ဖြစ်ပြီး နတ်လူသားမျိုးနွယ်များကတော့ သူ့ကိုသတ်ပစ်ချင်နေလောက်သည်။

သို့ဆိုလျှင် နတ်လူသားမျိုးနွယ်များက သူ့ကို ချက်ချင်းသတ်ဖို့ ကြိုးစားမည်လား ၊ သို့မဟုတ် အခြားလှည့်ကွက်များကို အသုံးပြုဦးမည်လား။

သို့မဟုတ်...

ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည်။

သူ့ကိုသတ်ဖြတ်ရန် အပေါ်ထပ်မှ လူများကို စေလွှတ်မည်လား။

အထပ်မြင့်လေ ပိုမိုကောင်းမွန်သည့် မှော်ဝင်ပစ္စည်းများကို ပိုင်ဆိုင်ကြလေပင် ဖြစ်သည်။

ထို့ကြောင့် ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိဘဲ မည်သူမှ အထပ်နိမ့်သို့ ဆင်းလာကြမည် မဟုတ်ပေ။

ကျန်းလန်က သတိထားရင်းဖြင့်ပင် ရှေ့ဆက်လျှောက်လာခဲ့သည်။

***

ကျယ်ပြန့်သည့် စြင်္ကံလမ်းတစ်ခုထက်သို့ လုန်ယွိနှင့် လင်စီးယာ ရောက်ရှိလာကြသည်။

နေရာတစ်ခုလုံးက အဆုံးမရှိ ကျယ်ပြန့်လွန်းသည်။ တွေ့လေမြင်လေရာရာတွင် ပုံသဏ္ဍန်မျိုးစုံဖြင့် စင်ြင်္ကံလမ်းများသာ ရှိသည်။

ထို့ပြင် စြင်္ကံလမ်းများတွင် အရံအတားလုံးဝမရှိဘဲ အောက်ခြေတွင် နက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခု တည်ရှိနေသည်။

လင်စီးယာက စြင်္ကံလမ်းအောက်ဘက်ရှိ ချောက်နက်ကြီးကို ငုံ့ကြည့်ရင်း…

"ပြောကြတာတော့ ဒီချောက်နက်ကြီးအောက်မှ ဝိညာဉ်မိစ္ဆာငရဲဘုံ ဖန်ဆင်းထားတယ်တဲ့ ၊ ပြုတ်ကျသွားတာနဲ့ ဝိညာဉ်မိစ္ဆာတွေ ဝိုင်းတိုက်ခိုက်တာခံရပြီး ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့ အကြောက်တရားထဲမှာ ပိတ်မိနေမှာ ၊ စုဝေးပွဲပြီးသွားမှပဲ လွတ်မြောက်နိုင်မှာတဲ့"

လုန်ယွိက အနည်းငယ် အံ့အားသင့်ဟန်ဖြင့်…

"အဲဒီကိုသာ ကျသွားရင် ပြန်တက်လာနိုင်ပါတော့မလား"

လင်စီးယာက…

"နှလုံးသားထဲက လိုချင်တပ်မက်မှုတွေကြောင့် ချောက်နက်ကြီးထဲမှာ ပိတ်မိနေပြီး ချုပ်နှောင်မှုတွေ အလိုလို ဖြစ်လာမယ်လို့ ပြောကြတာပဲ"

လုန်ယွိ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤချောက်နက်ကြီးက အလွန်အန္တရယ်များလွန်းသည်။

သူမက…

"ချောက်ထဲပြုတ်ကျသွားပြီဆိုတာနဲ့ မှော်ရုံနယ်မြေအပြင်ဘက်ကို ထွက်လိုက်မယ်ဆိုရင်ရော… လွတ်နိုင်ပါ့မလား"

လင်စီးယာ ခေါင်းခါယမ်းလိုက်သည်။

"အဲဒါတော့ မသိဘူး ဂိုဏ်းတူအစ်မ"

အမှန်တကယ်လည်း သူမ သိရှိခြင်း မရှိပေ။

မဟူရာမှော်ရုံနယ်မြေအတွင်းသို့ မည်သူမှ ယခင်က မရောက်ရှိခဲ့ဖူးကြပေ။ ထို့ပြင် စည်းမျဉ်းစည်းကမ်းများတွင်လည်း မည်သို့ဖြစ်လာမည်ကို ဖော်ပြထားခြင်း မရှိပေ။

သူတို့ (၂)ယောက် စကားပြောနေစဉ်မှာပင် အနားသို့ တစ်စုံတစ်ယောက် ရောက်ရှိလာကြောင်း ခံစားလိုက်မိကြသည်။

"ဝှစ်..."

တစ်ချိန်တည်းမှာပင် နောက်ထပ် နဂါးမယ် (၂)ယောက် လုန်ယွိရပ်နေသည့် စြင်္ကံလမ်းထက်သို့ ပျံသန်းဆင်းသက်လာကြသည်။

"နင်က ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမလား"

"နင်က မရှိမှုအာကာသအဆင့် အောင်မြင်ထားတဲ့သူကိုး"

"နင် ဗဟိုမဏ္ဍိုင်ကိုသွားပြီး ငါတို့နဲ့ ယှဉ်ပြိုင်ရဲသလား"

ထိုမေးခွန်းများကို နဂါးမယ်လေး (၃)ယောက်က တစ်ယောက်ပြီးတစ်ယောက် မေးလိုက်ကြခြင်း ဖြစ်သည်။

လင်စီးယာက...

"ဂိုဏ်းတူအစ်မ ၊ သူတို့က တမင်သက်သက် ရန်စနေကြတာပဲ"

နဂါးမယ်လေးတစ်ယောက်က…

"လူသား... နင်ကမှ ပိုပြီး ဉာဏ်ကောင်းသေးတယ် ၊ အမှန်ပဲ… ငါတို့က တမင်သက်သက် ရန်စတာဖြစ်လို့ နင်တို့မှာ ရွေးချယ်စရာ မရှိဘူး"

ပြောပြီးသည်နှင့် နဂါးမယ် (၃)ယောက်က လုန်ယွိနှင့် လင်စီးယာကို ဝိုင်းထားလိုက်ကြသည်။

နဂါးမယ်တစ်ယောက်က…

"ဗဟိုမဏ္ဍိုင်ကိုသွားပြီး ငါတို့တွေ တစ်ယောက်ချင်း စိန်ခေါ်တိုက်ခိုက်မယ် ၊ ဒါပေမဲ့ နင်က ဒီနေရာမှာပဲ တိုက်ခိုက်ချင်တယ်ဆိုရင်တော့ သုံးယောက်နှစ်ယောက် တိုက်ကြတာပေါ့ ဘယ်လိုလဲ"

အရပ်မြင့်မြင့်နှင့် နဂါးမယ်လေးတစ်ယောက်က လင်စီးယာကို လှမ်းကြည့်လိုက်သည်။

သူမက…

"လူသား… နင် အခု ထွက်သွားချင်တယ်ဆိုရင် မီသေးတယ်နော် ၊ ငါတို့က ဘာမှ ပြောစရာ မရှိဘူး"

ထိုနဂါးမယ်၏ နာမည်က လုန်ချင်းချင်း ဖြစ်သည်။

သူတို့ (၃)ယောက်လုံးက မရှိမှုအာကာသအဆင့် အောင်မြင်ထားသူများဖြစ်ပြီး လုန်ယွိနှင့် ကျင့်ကြံခြင်းအဆင့် တူညီကြသည်။

သူတို့က ကျောက်စိမ်းရေကန်နတ်ဘုရားမကို စိန်ခေါ်ချင်သောကြောင့်သာ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲသို့ လာရောက်ခဲ့ကြခြင်းပင်။

"ကဲ… ဘယ်လိုသဘောရလဲ"

လုန်ချင်းချင်းက လုန်ယွိကို မေးလိုက်လေသည်။

All Chapters