← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း-(၂၄၁)

ပြတင်းပေါက်ကနေကြည့်လိုက်တော့ အဖွဲ့ဝင်တွေက ကားပေါ်မှဆင်းသွားကြပြီဆိုတာ ကျိူးလီဇီ တွေ့လိုက်ရတယ်။ သူမက ထိုင်ခုံခါးပတ်ကိုဖြုတ်ပြီး ကားပေါ်ကနေ ဆင်းသွားတယ်။

လူတိုင်းမှာ အရေးပေါ်ရိက္ခာ၊ ဆေးဝါး၊ ရေနဲ့ အမြုတေတွေ ပြည့်နေတဲ့ ကျောပိုးအိတ်တစ်လုံးစီ သယ်ဆောင်ထားကြတယ်။ သူတို့ထွက်ခွာမသွားခင်မှာပဲ ကျိူးလီဇီက သံချပ်ကာယာဉ်တွေကို သူမရဲ့နေရာထဲကို သိမ်းဆည်းထားလိုက်တယ်။

မြေပုံကိုဖွင့်ကာ ကျင်းရွှီယန်းက စီးပွားရေးရပ်ကွက်ကို လက်ညှိုးထိုးပြပြီး "ဒီနေ့တော့ ဈေးဧရိယာကို သွားမယ်။ ထောက်ပံ့ရေးပစ္စည်းတွေ ရှာဖွေတာအပြင် မျိုးစေ့တွေ ရှာဖွေဖို့က ငါတို့ရဲ့ ဦးစားပေးပဲ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတာနဲ့ သူတို့ရဲ့အသင်းခေါင်းဆောင်က ဒီအစီအစဉ်ကိုဆုပ်ကိုင်ပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မျိုးစေ့တွေကို လုံခြုံအောင်လုပ်ချင်တယ်ဆိုတာကို လူတိုင်းက နားလည်သွားကြတယ်။

"ငါတို့က ဈေးဧရိယာကနေတဆင့် ရုံးခန်းအဆောက်အဦးတွေကို ဦးတည်သွားမယ်။ ငါ့တို့ရဲ့ ပစ်မှတ်က Global Company ရဲ့ အဆောက်အဦးပဲ" ဟု သူက ထပ်ပေါင်းပြောသည်။

အားလုံးက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြတယ်။

အစီအစဉ်ကို ဆွေးနွေးပြီးတာနဲ့ သူတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်ခွာကြတယ်။ လမ်းမှာက ဖုတ်ကောင်တွေ အများအပြားနဲ့ စွန့်ပစ်ထားတဲ့ကားတွေ ပိတ်ဆို့နေတာကြောင့် ဈေးကိုရောက်ဖို့အတွက်ဆို လမ်းရှင်းပြီး ကားတွေကိုရွှေ့ရတာကြောင့် အချိန်ပိုကြာသွားသည်။

နှစ်နာရီကြာပြီး နောက်ဆုံးတော့မှ သူတို့ ဈေးကိုရောက်ကြတယ်။ ချင်လူဇီက စိတ်မြေပုံကို ခဏလောက် စစ်ဆေးပြီးမှ "ဈေးထဲမှာ လူအုပ်စုနှစ်စုရှိတယ်" လို့ ပြောလာတယ်။

"အဖွဲ့တစ်ဖွဲ့စီမှာ လူငါးယောက်ကနေ ဆယ့်ငါးယောက်လောက်ရှိပြီး စွမ်းရည်အသုံးပြုသူ စုစုပေါင်း ရှစ်ယောက်ရှိတယ်။ သူတို့က မြောက်ဘက်နှင့် အရှေ့ဘက်ဒေသတွေက ဇွန်ဘီတွေကို အခုရှင်းလင်းနေတယ်"

ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီး "ငါတို့က တောင်ဘက်ပိုင်းကို အရင်သွားမယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ"

အနီးအနားမှာက တခြားအဖွဲ့တွေရှိနေတာကြောင့် သူတို့က လူမခွဲတော့ဘဲ အုပ်စုလိုက် အတူတကွလှုပ်ရှားကြသည်။ တောင်ဘက်ဝင်ပေါက်ကနေ ဝင်လိုက်တာနဲ့ ဇွန်ဘီတွေက လမ်းမှာ အပြည့်ဖြစ်နေတာကို တွေ့လိုက်ရတယ်။

"ရားးး"

သူတို့ရဲ့အနံ့ကိုရလိုက်တာနဲ့ ဇွန်ဘီတွေကလှည့်လာပြီး ဟိန်းဟောက်လာကြတယ်။ ဒါကိုမြင်တာနဲ့ လူတိုင်းကလည်း သေနတ်တွေထုတ်ပြီး စတင်ပစ်ခတ်ကြတယ်။

အခြားအဖွဲ့များထံမှ အာရုံစိုက်မှုများစွာ မရရှိစေရန်အတွက် ကျင်းရွှီယန်း နှင့် ကျိူးလီဇီမှလွဲ၍ ကျန်တဲ့သူများမှာ ၎င်းတို့ရဲ့စွမ်းရည်များကို အသုံးမပြုခဲ့ကြပေ။

အဖွဲ့ဝင်တွေက ဇွန်ဘီတွေကို လေသေနတ်နဲ့ပစ်ခတ်နေတုန်းမှာ ကျိူးလီဇီက ရေခဲအပ်တွေ အများကြီး ဖန်တီးလိုက်တယ်။ သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ အပ်တွေက ဇွန်ဘီတွေရဲ့ဦးခေါင်းခွံကိုထိုးဖောက်ပြီး ချက်ချင်းပဲ သေဆုံးသွားစေတယ်။

ကျင်းရွှီယန်းက သူမရဲ့ဘေးကိုလျှောက်သွားပြီး အနက်ရောင်မီးတောက်တစ်ခုကိုထုတ်ကာ ဇွန်ဘီအလောင်းများကို လောင်ကျွမ်းစေကာ အမြုတေအနည်းငယ်ကိုသာ ကျန်ရစ်စေခဲ့သည်။

ထုံးစံအတိုင်းပဲ ရှောင်ချီကတော့ အမြုတေတွေကိုစုဆောင်းဖို့အတွက် တာဝန်ပေးအပ်ခံရပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ကာကွယ်ဖို့အတွက်တော့ လီစီခိုင်က သူ့နောက်ကနေ လိုက်လာခဲ့တယ်။

ဆယ်မိနစ်အကြာမှာတော့ လူတိုင်းက ဇွန်ဘီတွေရဲ့ ထူးဆန်းတဲ့အရာတစ်ခုခုကို သတိထားမိလာကြတယ်။ ဗီဇပြောင်းလဲလာမှုကြောင့် သူတို့ကိုသတ်ဖို့က အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ရပါတယ်။ အရင်ကနဲ့ နှိုင်းယှဉ်ရင် ဇွန်ဘီတွေရဲ့ အမြန်နှုန်းနဲ့ သွက်လက်မှုကလည်း သိသိသာသာ တိုးတက်လာခဲ့တယ်။

ဒါကိုသဘောပေါက်လိုက်တဲ့အခါမှာတော့ လူတိုင်းရဲ့မျက်နှာအမူအရာတွေက တင်းမာသွားတယ်။ ဇွန်ဘီတွေက ဒဣလောက်တောင် မြန်မြန်ပြောင်းလဲတိုးတက်လာတာကြောင့် အမြန်ဆုံးသာ လိုက်လျောညီထွေဖြစ်အောင်မလုပ်ရင် လူသားတွေရဲ့ ရှင်သန်နိုင်ခြေက နည်းပါးသွားလိမ့်မယ်။

မိနစ်သုံးဆယ်အကြာတွင် ချင်လူဇီက စိတ်မြေပုံကို စစ်ဆေးပြီး "ကပ္ပတိန် ၊ မီတာ ၂၀၀ အချင်းဝက်အတွင်းမှာရှိတဲ့ ဧရိယာက ရှင်းလင်းပါတယ်"

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "အဖွဲ့သုံးဖွဲ့ခွဲလိုက်။ ဖုန်းယွင်၊ ရှောင်ချီ မင်းတို့နှစ်ယောက်က အဖွဲ့အမျိုးမျိုးနဲ့ ပူးပေါင်းပြီး အရာအားလုံးကို စုဆောင်းကြ။ နောက်မှ မျိုးစေ့တွေကို စစ်ဆေးကြမယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ"

ကျိူးလီဇီက သူမရဲ့ဘယ်ဘက်ခြမ်းရှိဆိုင်သို့ လျှောက်သွားပြီး ကျင်းရွှီယန်းကတော့ နောက်မှလိုက်လာခဲ့သည်။ သူမဝင်သွားသောအခါ စင်ပေါ်မှာ သကြားလုံးအမျိုးမျိုးနှင့် ပြည့်နေတာကို တွေ့လိုက်ရတယ်။

နှမ်းသကြားလုံးများ၊ မော်လ်တို့စ်သကြားလုံးများနှင့် ယုန်ဖြူ သကြားလုံးများကဲ့သို့သော ရိုးရာသရေစာများမှသည် ယနေ့ခေတ်လူငယ်များအကြိုက်ဆုံး ဂျယ်လီ၊ ချောကလက်နှင့် ပီကေ များအထိအရာအားလုံးရှိတယ်။ သကြားလုံးအမျိုးမျိုး၊ ယိုနှင့် အသီးခြောက်များလည်းရှိသည်။

မုန့်များကိုမြင်သောအခါ မျက်လုံးများကတောက်ပသွားတယ်။ လက်ကိုဝှေ့ယမ်းလိုက်ကာ စင်များအပါအဝင် အရာအားလုံးကို သူမရဲ့နေရာထဲသို့ စုဆောင်းလိုက်တယ်။

ဒါကိုမြင်တော့ ကျင်းရွှီယန်းက ပြုံးပြီး "အာဇီ မင်းက သကြားလုံးတွေကို ကြိုက်နေတုန်းပဲ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျိူးလီဇီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ် "ဘဝက အရမ်းခါးသက်နေတဲ့အခါမှာ အချိုစားတာက ကျွန်မရဲ့နေ့ရက်တွေကို လင်းလက်တောက်ပစေနိုင်တယ်"

ကျင်းရွှီယန်းက ခေါင်းညိတ်ပြပေမယ့် ဘာမှမပြောဘူး။ သူ့အတွက်ကတော့ ဘဝက ဘယ်လောက်ပဲခါးသီးပါစေ သူမနဲ့အတူရှိနေသရွေ့ ဘာကိုမဆို ခံနိုင်ရည်ရှိတယ်။

သကြားလုံးတွေစုဆောင်းပြီးတဲ့နောက်မှ သူတို့က နောက်တစ်ဆိုင်ကိုဆက်သွားပြီး ပစ္စည်းတွေအားလုံးကို ဆက်စုဆောင်းကြတယ်။ အဲဒီဒေသက ဆိုင်အများစုမှာက အလားတူပစ္စည်းတွေ ရောင်းချကြတယ်။ နောက်ဆုံးသောဆိုင်ကို ရောက်တဲ့အခါမှသာ သူတို့ရှာဖွေနေတဲ့အရာကို ရှာတွေ့ခဲ့ကြတယ်။

ဒီဆိုင်က တခြားဆိုင်တွေထက် နှစ်ဆသုံးဆလောက်ကြီးပြီး အထဲကမျိုးစေ့တွေကို လေလုံအိတ်နဲ့ ထုပ်ပိုးထားတယ်။ ကျိူးလီဇီက အိတ်တစ်လုံးကို ကောက်ယူပြီး "အစ်ကိုယန်း၊ မျိုးစေ့တွေက အခြေအနေကောင်းတယ်။ ကျွန်မတို့ ကံကောင်းတာပဲ" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက အစေ့တွေကိုစစ်ဆေးလိုက်ပြီး ခေါင်းညိတ်တယ် "ပန်းတွေနှင့် သစ်သီးတွေတင်မကဘူး ဟင်းသီးဟင်းရွက်တွေနှင့် ကောက်နှံတွေအတွက်လည်း ရှိတယ်"

ဝမ်းသာအားရဖြင့် ကျိူးလီဇီ အစေ့များကို သိမ်းယူပြီး ကောင်တာနောက်ကွယ်ရှိ တံခါးကိုဖွင့်လိုက်သည်။ အခန်းကို ပိုင်ရှင်အတွက် အနားယူရန်နေရာဟု သူတို့ထင်ခဲ့ကြသော်လည်း အံ့အားသင့်စရာကောင်းသည်က ဂိုဒေါင်တစ်ခုဖြစ်နေတာပဲ။ ဂိုဒေါင်က ဆိုင်ရှေ့မျက်နှာစာထက် အဆပေါင်းများစွာပိုကြီးပြီး မျက်နှာကြက်နီးပါးအထိ မြင့်သော သေတ္တာများဖြင့် ပြည့်နှက်နေသည်။

ဒါကိုမြင်တော့ ကျိူးလီဇီက "အစ်ကိုယန်း၊ ဒီမျိုးစေ့တွေနဲ့တင် ဈေးနေရာကိုလာတဲ့ခရီးက တန်တယ်" လို့ ပြောလိုက်တယ်။

"ဟမ်" ကျင်းရွှီယန်းက ခေါင်းညိတ်သဘောတူသည်။

ဒုတိယအကြိမ်မိုးမရွာခင်မှာ မျိုးစေ့တွေကို တတ်နိုင်သမျှ များများ စုဆောင်းရမယ်။ ဒုတိယအကြိမ်မိုးရွာပြီးတဲ့နောက်ဆို မျိုးစေ့တွေအပါအဝင် အရာအားလုံးက ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရမှာ။ လေလုံအိတ်နဲ့ ထုပ်ပိုးထားတဲ့ မျိုးစေ့တွေတောင် အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဒီမျိုးစေ့တွေကိုရှာတွေ့ခဲ့တာက ကံကောင်းခြင်းတစ်ခုပဲ။ သူမရဲ့နေရာလွတ်နဲ့ဆို မျိုးစေ့တွေကကို စိုက်ပျိုးလိုက်နိုင်တာကြောင့် နောက်ကြရင်စိုက်ပျိုးဖို့ကို မျိုးစေ့မရှိမှာ စိတ်ပူစရာမလိုတော့ဘူး။

တောင်ပိုင်းဖက်မှာ ရိက္ခာတွေစုဆောင်းရင်း အလုပ်ရှုပ်နေချိန်မှာ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကလူတွေမှညတော့ သိပ်မလွယ်ကူခဲ့ပါဘူး။

"ရားးး"

ဇွန်ဘီတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး အနီးနားကလူတစ်ယောက်ဆီ ခုန်အုပ်လိုက်တယ်။ ချွန်ထက်တဲ့သွားတွေ လည်ပင်းဆီမရောက်ခင်မှာပဲ အဲဒီလူက သံတုတ်တစ်ချောင်းကို ဝှေ့ယမ်းလိုက်တယ်။

"ဒုန်းးး"

လွှဲရိုက်ချက်ရဲ့အားက ဇွန်ဘီရဲ့ဦးခေါင်းခွံကို ချက်ချင်းကွဲသွားစေခဲ့တယ်။ ဇွန်ဘီရဲ့အလောင်းက တုန်ခါသွားပြီး မြေပြင်ပေါ် ပြုတ်ကျလာတဲ့အခါမှာ သူ့အသင်းဖော်တစ်ယောက်က "ဘော့စ်၊ အရမ်းများလွန်းတယ်။ ကျွန်တော်တို့ နောက်ဆုတ်ဖို့လိုတယ်" လို့ အော်ပြောလာတယ်။

ခေါင်းဆောင်လင်းက ပတ်ဝန်းကျင်ကိုလှမ်းကြည့်ပြီး "အရှေ့ဘက်ကို သွား ၊ တခြားအဖွဲ့တွေနဲ့ တွေ့မယ်" လို့ ပြောလိုက်တယ်။

"နားလည်ပြီ"

သူတို့ကဆုတ်ခွာလာသလို အရှေ့ဘက်ဒေသမှအဖွဲ့များကလည်း တောင်ဘက်သို့ ထွက်ပြေးနေကြသည်။

အခန်း-(၂၄၂)

မိနစ်သုံးဆယ်အကြာတွင်တော့ ကျိူးလီဇီနှင့် သူမတို့အဖွဲ့ဟာ တောင်ဘက်ဧရိယာရှိ သိုလှောင်ရုံအားလုံးကို ရှင်းလင်းပြီးဖြစ်ကာ အနောက်ဘက်သို့ ဦးတည်သွားနေကြသည်။ သို့သော် သူတို့မထွက်ခွာနိုင်ခင်တွင်ပဲ တိုက်ပွဲအသံများက နီးကပ်လာခဲ့တယ်။

" ဘုန်းး"

မကြာခင်မှာပဲ လူတစ်စုက သူတို့ဆီကိုပြေးလာပြီး အနောက်ကနေ ဇွန်ဘီအုပ်ကြီးကလည်း လိုက်လာကြပါတယ်။ သူတို့ကိုမြင်တော့ လူတစ်ယောက်က "ကယ်ကြပါဦး" လို့ အော်ဟစ်ပြီး ပြေးလာခဲ့တယ်။

ထိုအဖွဲ့ထဲကစွမ်းရည်အသုံးပြုသူတွေက ဇွန်ဘီတွေဆီကို ဉာဏ်မရှိစွာ စွမ်းရည်တွေပစ်ပေါက်နေတာကို ကျင်းရွှီယန်း ကကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက ထိရောက်မှုမရှိရုံသာမကဘဲ ဆူညံသံတွေကလည်း ဇွန်ဘီတွေကိုပိုပြီး ဆွဲဆောင်နေတယ်။

နတ်ဆိုးအဖွဲ့က ကူညီဖို့မလှုပ်ရှားတာကိုမြင်တော့ အမျိုးသမီးတစ်ယောက်က တခြားသူတွေထက် အပြေးအလွှား အမြန်လာတယ်။ သူတို့ဆီ ရောက်လာတဲ့အခါမှာတော့ ကျင်းရွှီယန်း ရဲ့ လက်မောင်းကိုဆွဲပြီး "အစ်ကို ၊ ကယ်ပါဦး" လို့ အော်ဟစ်တယ်။

"ဖြန်း"

သူမရဲ့လက်က သူ့ကိုမထိလိုက်ခင်မှာပဲ ကျိူးလီဇီက ဝင်လာပြီး ညစ်ပတ်နေတဲ့ လက်ကို ပုတ်ထုတ်လိုက်တယ်။ အမျိုးသမီးကို အေးစက်စက်ကြည့်ပြီး "သူ့ကိုထိရဲရင်၊ ငါမင်းရဲ့လက်တွေကို ဖြတ်ပစ်မယ်" လို့ ပြောလိုက်တယ်။

အမျိုးသမီးဟာ သူမရဲ့ရန်လိုမှုကြောင့် အံ့အားသင့်သွားပြီး ကြောက်ရွံ့စွာ စိုက်ကြည့်နေတယ်။

အမျိုးသမီးကိုလျစ်လျူရှုထားပြီး ကျိူးလီဇီက သူမရဲ့ ချစ်သူ ၊ လက်ကိုဆွဲကာ မကျေမနပ်နဲ့ "အစ်ကိုယန်း၊ တစ်ယောက်ယောက်က မင်းကိုဖမ်းဖို့ကြိုးစားလာရင် ရှောင်လို့မရဘူးလား" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းကတော့ သူမရဲ့ ပိုင်ဆိုင်လိုစိတ်ကြောင့် ပြုံးပြီး ပြန်ဖြေလိုက်တယ် "မင်းသာ သူမကိုမရိုက်ခဲ့ရင် ကိုယ်က သူ့ကို ကန်လိုက်မှာ။ ကိုယ်က မင်းရဲ့အပိုင်ဆိုတော့ ဘယ်သူကမှ ကိုယ့်ကို ထိလို့မရဘူး"

သူ့စကားတွေကိုကြားတော့ သူမကနှာခေါင်းရှုံ့ပြီး "အပြောချိုတဲ့သူပဲ ၊ ဇွန်ဘီတွေကို အရင်ကိုင်တွယ်ကြရအောင်" လို့ ပြောလိုက်တယ်။

စကားပြောပြီးတဲ့အချိန်မှာ ထိုအဖွဲ့က သူမတို့ရဲ့နေရာဆီကိုရောက်ရှိလာကြတာ်။ သူမတို့က ကိရိယာပစ္စည်းပြည့်စုံပြီး အင်အားကောင်းတဲ့အဖွဲ့ဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။ဤအချက်ကို သတိပြုမိတဲ့ ထိုအဖွဲ့က နတ်ဆိုး အဖွဲ့ရဲ့နောက်တွင် အလျင်အမြန်ပဲ ပုန်းအောင်းလိုက်ကြတယ်။

"ရားးး"

နတ်ဆိုးအဖွဲ့ဝင်တွေဟာ သူတို့ဆီကိုလာနေတဲ့ ဇွန်ဘီအရေအတွက်ကြောင့် အံ့အားသင့်သွားကြတယ်။ အဲဒီဇွန်ဘီအုပ်ကြီးက သူတို့ရှင်းထုတ်လိုက်တဲ့ အုပ်စုရဲ့ သုံးဆနီးပါး အရွယ်အစားရှိတယ်။

ဖုတ်ကောင်အရေအတွက်က ၁၀၀၀ အောက်သာရှိပေမယ့် နေရာကျဉ်းတာကြောင့် သူတို့ရဲ့လှုပ်ရှားမှုတွေက အကန့်အသတ်နဲ့ရှိတယ်။ သူတို့ရဲ့စွမ်းရည်တွေကို ပေါ့ပေါ့တန်တန်မသုံးသင့်ဘူး။ မဟုတ်ရင် ဈေးဧရိယာတစ်ခုလုံးက လောင်ကျွမ်းသွားလိမ့်မယ်။

ကျင်းရွှီယန်းက အခြေအနေကို ခဏတာအကဲဖြတ်ပြီးမှ အမိန့်ပေးလိုက်တယ် "အာ့ဇီ နှင့် ငါက ရှေ့တန်းကိုသွားမယ်။ ကျန်တဲ့သူတွေက ဒီမှာနေပြီး ငါတို့ကို ကူညီကြ"

"နားလည်ပါပြီ"

လူတိုင်းက သူ့အမိန့်အတိုင်းလိုက်နာကာ သေနတ်တွေကို ထုတ်ယူလိုက်ပြီး တစ်ချိန်တည်းမှာပဲ ကျင်းရွှီယန်းကလည်း သူ့ရဲ့ဓားရှည်ကို ဓားအိမ်ထဲကနေထုတ်ရင်း ဇွန်ဘီတွေဆီကို အပြေးအလွှားဝင်သွားခဲ့သည်။ သူ့အနောက်ကနေ လိုက်လာတဲ့ ကျိူးလီဇီကလည်း သူမရဲ့ဓားကိုဆွဲထုတ်ပြီး စွမ်းအင်ကို ထည့်သွင်းလိုက်တယ်။

ဓားမြှောင်ကို ရေဓားအလွှာပါးလေးဖြင့် ဖုံးအုပ်ထားပြီး သူမက ၎င်းကိုလွှဲယမ်းရုံနဲ့ ဇွန်ဘီများစွာရဲ့ခေါင်းကို တစ်ချက်တည်းဖြင့် ချောမွေ့စွာ ဖြတ်တောက်လိုက်နိုင်သည်။

"ရားး"

ဇွန်ဘီအတော်များများက သူမကို အရပ်လေးမျက်နှာကနေ ခုန်အုပ်လာကြတယ်။

ဒါကိုမြင်တော့ သူမက ဒူးတွေကိုကွေးပြီး လေထဲကိုခုန်တက်လိုက်တယ်။ သူမ လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ ရေခဲအပ်အတော်များများဟာ ဇွန်ဘီတွေရဲ့နဖူးဆီကို ပျံဝဲသွားခဲ့တယ်။

ရေခဲအပ်တွေက ဇွန်ဘီတွေရဲ့ ဦးခေါင်းခွံတွေကို ထိုးဖောက်ပြီး ချက်ချင်းပဲ သတ်လိုက်တယ်။

ကျိူးလီဇီက မြေပြင်ပေါ် ဆင်းသက်လိုက်တဲ့အခါမှာပဲ ဒူးတစ်ဖက်ကိုကွေးပြီး သူမရဲ့လက်ဖဝါးကို မြေပြင်ပေါ် ချလိုက်တယ်။ နောက်တစ်စက္ကန့်အတွင်းမှာပဲ မြေပြင်မှာ ရေလွှာတစ်ခုဖုံးလွှမ်းသွားပြီး ရေခဲအဖြစ် မြန်မြန်ဆန်ဆန်ပဲပြောင်းလဲသွားခဲ့သည်။

မြေပြင်ကအေးခဲသွားတော့ ဇွန်ဘီများဟာလည်း ဒိုမီနိုများကဲ့သို့ တစ်ခုပြီးတစ်ခု ချော်လဲကျကြကုန်သည်။

ဇွန်ဘီတွေ မတ်တပ်ရပ်ဖို့ ရုန်းကန်နေရတာကိုမြင်တော့ ကျင်းရွှီယန်းကရယ်လိုက်ပြီး သူ့ရဲ့မီးလျှံတွေက သူမရဲ့ရေခဲတွေကို အရည်မပျော်မိသွားစေအောင် သေချာလုပ်ရင်း သူမဆီကနေ ပိုဝေးဝေးကို ရွှေ့သွားလိုက်တယ်။

အသက်ရှင်ကျန်ရစ်သူများရှေ့တွင်ရပ်နေတဲ့ နတ်ဆ်ိုးအဖွဲ့ဝင်များကတော့ အေးအေးဆေးဆေးစကားပြောရင်း လဲကျနေသောဇွန်ဘီများကို သူတို့ရဲ့လေသေနတ်များဖြင့် သတ်ပစ်ခဲ့တယ်။

"ခယ်မရဲ့ စွမ်းရည်ကိုထိန်းချုပ်နိုင်စွမ်းက အရမ်းကောင်းတယ်" ဟု ယင်းယွီရှန်းက နှုတ်ခမ်းကိုသပ်ရင်း ပြောလိုက်တယ်။

ချန်ချန်းဖုန်းက ခေါင်းညိတ်ပြီး ထပ်ပြောတယ် "ငါတို့ရဲ့ ခယ်မက ထိန်းချုပ်မှုကောင်းရုံမကဘူး သူမရဲ့စိတ်ကူးဉာဏ်ကလည်း ကျယ်ပြန့်တယ်။ သူမရဲ့စွမ်းရည်ကို အပြည့်အဝအသုံးချဖို့ နည်းလမ်းများအစုံ သူမစဉ်းစားနိုင်တယ်။ တိုက်ပွဲမှာဆိုလည်း သူမရဲ့လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းက ငါတို့အများစုနဲ့ တန်းတူပါပဲ"

"ငါတို့ရဲ့ခယ်မက တကယ်ပဲ သာမန်တက္ကသိုလ်ကျောင်းသူတစ်ယောက်လား။ သူမရဲ့တိုက်ခိုက်ပုံက လေ့ကျင့်ထားတဲ့ ကြေးစားစစ်သားတစ်ယောက်ရဲ့တိုက်ခိုက်ပုံနဲ့ ပိုတူတယ်" ရှန်းကျင်းဇီက တွေးတောကာ ပြောလိုက်တယ်။

သူတို့ကစကားပြောရင်း ဇွန်ဘီတွေကိုသတ်နေတုန်းမှာပဲ ခေါင်းဆောင်လင်းနှင့်သူ့အဖွဲ့က အရှေ့ဘက်ကို ရောက်သွားတယ်။ ဒါပေမယ့် အဲဒီနေရာမှာက ပြန့်ကျဲနေတဲ့ ဇွန်ဘီတွေနဲ့သာပြည့်နေပြီး တခြားလူအုပ်စုတစ်ခုကို ရှာမတွေ့ဘူး။

ဒါကိုမြင်တော့ သူ့အဖွဲ့ဝင်တစ်ယောက်က "ခေါင်းဆောင် ကျွန်တော်တို့ အခုဘာလုပ်သင့်လဲ။ ကျွန်တော်တို့ ပိတ်မိနေပြီ" လို့ ပြောလိုက်တယ်။

ခေါင်းဆောင်လင်းရဲ့ ကျောနှင့်နဖူးတွင် ချွေးအေးများဖြင့် စိုရွှဲနေပေမယ့် ပတ်ဝန်းကျင်ကိုလေ့လာကြည့်ရှုရင်း ခဏစဉ်းစားပြီးနောက်မှ သူကပြောလိုက်တယ် "တောင်ဘက်အပိုင်းကို သွားမယ်။ အဲဒီဘက်မှာက ဇွန်ဘီနည်းပြီး ငါတို့ အဲဒီကနေ ထွက်ပြေးနိုင်တယ်"

ဒါကိုကြားတော့ သူ့အဖွဲ့ဝင်တွေကလညါး ခေါင်းညိတ်ပြီး လမ်းကြောင်းပြောင်းလိုက်ကြတယ်။ သူတို့က လမ်းမကို မသုံးဘဲ ကျဉ်းမြောင်းတဲ့လမ်းကြားလေးကို ရွေးချယ်လိုက်ကြသည်။

ကျဉ်းမြောင်းတဲ့လမ်းကြားထဲမှာ ပိတ်မိနေရင် အရှင်လတ်လတ် စားသောက်ခံရနိုင်ခြေက ပိုများပေမယ့် အားသာချက်တွေလည်း ရှိပါတယ်။

လမ်းကျဉ်းလေးကြောင့် ဇွန်ဘီတွေဟာ လမ်းကြားတစ်ခုလုံးကို တစ်ပြိုင်နက်တည်း မဖုံးလွှမ်းနိုင်ပါဘူး။ အများဆုံးကတော့ ဇွန်ဘီသုံးကောင်သာ တစ်ပြိုင်နက်တည်း ဖြတ်သွားနိုင်ပြီး သူတို့က အဲဒါကို ကိုင်တွယ်နိုင်ပတယ်။

သူတို့ပြေးနေတုန်းမှာ ဇွန်ဘီတွေက တဖြည်းဖြည်းနဲ့ နောက်မှာကျန်ခဲ့တယ်။ အခုမှ သူတို့မှည သက်ပြင်းချနိုင်ခဲ့ပေမယ့် တစ်ယောက်မှ မရပ်ရဲကြဘူး။ တောင်ဘက်ဧရိယာထဲကို ဝင်လာတဲ့အခါမှာတော့ ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံကို ဝင်ပေါက်ကနေ ကြားလိုက်ရတယ်။

"ခေါင်းဆောင် ကျွန်တော်တို့ ဆက်သွားသင့်လား၊ ပုန်းသင့်လား" လို့ သူ့အဖွဲ့ဝင်တစ်ယောက်က မေးတယ်။

ခေါင်းဆောင်လင်းက ခဏလောက်စဉ်းစားပြီး "ဒီနေရာက ဖုတ်ကောင်အရေအတွက်ကို ငါတို့ကလျှော့တွက်မိပြီး ကိုယ့်စွမ်းအားကိုတော့ အထင်ကြီးမိခဲ့တယ်။ အခုသာ ပုန်းနေလိုက်ရင် ဒီမှာပဲအကြာကြီးပိတ်မိသွားနိုင်တယ်။ ထောက်ပံ့ရေးပစ္စည်းတွေမရှိရင် ငါတို့သေသွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

"ဒါကြောင့် ငါတို့မှာရှိတဲ့ တစ်ခုတည်းသောအခွင့်အရေးက ဝင်ပေါက်ကို သွားဖို့ပဲ။ ငါတို့က တိုက်ခိုက်ရမယ်ဆိုရင်တောင် ဒီဈေးဧရိယာကနေ ထွက်သွားဖို့ လိုအပ်တယ်" ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

အဖွဲ့ဝင်တွေကအကြည့်ချင်းဖလှယ်ပြီး ခဏအကြာမှာ ခေါင်းညိတ်ကာ "ခေါင်းဆောင် ကျွန်တော်တို့ ခင်ဗျားနောက် လိုက်ခဲ့ပါမယ်" လို့ ပြောလိုက်တယ်။

ခေါင်းဆောင်လင်းက သူတို့ရဲ့ဆုံးဖြတ်ချက်ကိုသဘောကျပြီး သူတို့ရဲ့ယုံကြည်မှုကိုလည်း သဘောကျသွားတယ်။ သူက သူတို့ရဲ့ပခုံးတွေကို ပုတ်ပေးဖို့ လက်လှမ်းလိုက်ပြီး "ညီအစ်ကိုကောင်းတွေ" လို့ပြောလိုက်တယ်။

ခဏတာလောက် အသက်ကိုပြင်းပြင်းရှူပြီးနောက်မှ သူတို့ရဲ့ သံတုတ်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး တောင်ဘက်ဝင်ပေါက်ဆီ ဆက်ပြေးသွားကြတယ်။ နောက်ထပ် ခက်ခဲတဲ့တိုက်ပွဲတစ်ခု သူတို့ကို စောင့်ကြိုနေဦးမယ်လို့ သူတို့ မျှော်လင့်ထားကြတယ်။

အခန်း-(၂၄၃)

မျှော်လင့်ထားသလိုမဟုတ်ဘဲ သူတို့ရောက်သွားတဲ့အချိန်မှာ အနက်ရောင်အားကစားဝတ်စုံဝတ်ဆင်ထားပြီး မီးလျှံတွေဖုံးလွှမ်းနေတဲ့ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားတဲ့ လူတစ်ယောက်ကို ခေါင်းဆောင်လင်းနဲ့ သူ့အဖွဲ့ကတွေ့လိုက်ရတယ်။ သူ့ရဲ့ ချောမောတဲ့မျက်နှာပေါ်က အပြုံးလေးတစ်ခုနဲ့ ဇွန်ဘီတွေကို အလွယ်တကူပဲ သတ်ဖြတ်လိုက်ပါတယ်။

သူ့ရဲ့ဓားရှည်ကို ဝှေ့ယမ်းလိုက်တိုင်းမှာ ဇွန်ဘီအများအပြားက ခေါင်းဖြတ်ခံရတာ ဒါမှမဟုတ် ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားလေ့ရှိတယ်။ သွေးမည်းတွေနှင့် ပုပ်နေတဲ့အသားတွေက မြေပြင်ပေါ်မှာပြန့်ကျဲနေပေမယ့် သူ့ရဲ့ အဝတ်အစားတွေနှင့် ခန္ဓာကိုယ်တွေကိုတော့ ဘယ်အရာကမှ မစွန်းထင်းပါဘူး။

သူ့ကိုမှတ်မိသွားတာကြောင့် ခေါင်းဆောင်လင်းနှင့် သူ့အဖွဲ့သားတွေ အံ့အားသင့်သွားကြတယ်။ သူတို့က အဲဒီမှာပဲ မလှုပ်မယှက်ရပ်ပြီး သူ့ကို အံ့သြတကြီး ကြည့်နေကြတယ်။

သူတို့အဖွဲ့ပေါ်လာကတည်းက ကျင်းရွှီယန်းက သူတို့ကို သတိထားမိပြီးသားပါ။ သူတို့ရဲ့မျက်နှာတွေကို မြင်တဲ့အခါမှာတော့ သူတို့ထဲကတစ်ယောက်အား အာဇီရဲ့ အရင်ဘဝက ခေါင်းဆောင်အဖြစ် မှတ်မိလိုက်တယ်။

'သူတို့ကဒီမှာ ဘာလုပ်နေကြတာလဲ ၊ ကံကြမ္မာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်ရတာလဲလို့ ' ဇွန်ဘီတွေကို သတ်နေရင်းနဲ့ပဲ သူတွေးမိတယ်။ သူတို့က စိုက်ပျိူးမွေးမြူရေး ခြံဆီကနေ အချိန်အမျိုးမျိုးနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ဒီနေ့မှာ ပြန်တွေ့ဆုံနိုင်ခဲ့တယ်။

ဆယ်မိနစ်အကြာတွင် ဇွန်ဘီအားလုံးက သေဆုံးသွားပြီး ကျင်းရွှီယန်းက အလောင်းများကို မီးရှို့ခဲ့သည်။ မည်သူကမျှ တုံ့ပြန်နိုင်ခြင်းမပြုမီတွင် ရှောင်ချီက မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အမြုတေအားလုံးကိုစုဆောင်းပြီးဖြစ်ပြီး တစ်ခုကမျှ မကျန်ရစ်ခဲ့ပါ။

ချင်လူဇီက ခဏလောက် ပတ်ကြည့်လိုက်ပြီးနောက်မှ သူ့ကပ္ပတိန်ဆီ လျှောက်သွားကာ "ကပ္ပတိန်၊ ဒီဘက်ပိုင်းမှာ ဇွန်ဘီတွေ မရှိတော့ဘူး။ ဒါပေမယ့် မြောက်ဘက်နဲ့ အနောက်ဘက်အပိုင်းတွေမှာက ဇွန်ဘီ စုစုပေါင်း ၃၀၀၀ လောက်ရှိတယ်။ အရှေ့ဘက်ဒေသမှာတော့ ၅၀၀ လောက်ရှိတယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ဆယ်မိနစ်လောက်နားပါ။ ကျန်တာတွေကို သန့်ရှင်းရေးလုပ်ပြီးမှ အရှေ့ဘက်ကို အရင်သွားကြမယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ချင်လူဇီက ခေါင်းညိတ်ပြီး အဖွဲ့ကို အကြောင်းကြားရန် သွားလိုက်သည်။

ကျင်းရွှီယန်းက ဓားရှည်ကို ဓားအိမ်ထဲသို့မထည့်မီတွင် ဓားမှ အနက်ရောင်သွေးများနှင့် ပုပ်နေသောအသားများကို ဖယ်ရှားရန်အတွက် ဓါးကိုလွှဲလိုက်သည်။ သူက ခေါင်းဆောင်လင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှ သူ့ချစ်သူဆီသို့ လျှောက်သွားလိုက်တယ်။

သူမအရှေ့မှာရပ်လိုက်တုန်း သူမရဲ့နဖူးမှာ ချွေးပါးပါးလေးတစ်စက်ကျနေတာကို သူသတိထားမိလိုက်တယ်။ သူ့အိတ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ထည်ကိုထုတ်ပြီး ညင်သာစွာသုတ်ပေးရင်း "အာဇီ ကိုယ် ခေါင်းဆောင်လင်းတို့အဖွဲ့ကို တွေ့လိုက်တယ်" လို့ပြောလိုက်သည်။

ကျိူးလီဇီက ဒါကိုကြားတော့ သူမရဲ့ဓားကို သန့်ရှင်းရေးလုပ်နေတာရပ်လိုက်ပြီး သူ့ကိုကြည့်လိုက်တယ်"သူတို့ဒီမှာရှိသေးလား" လို့ သူမကမေးလိုက်တယ်။

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး သူမကိုပြန်မေးလိုက်တယ် "အာဇီ၊ သူတို့နဲ့ တခြားသူတွေကို အခြေစိုက်စခန်းဆီပို့လိုက်ရမလား"

ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သဘ်။ သူမရဲ့ဓားကို ဓားအိမ်ထဲထည့်ရင်း "ကျွန်မတို့က ဗိုလ်ကြီးရွှီကို အခြေစိုက်စခန်းတည်ဆောက်ဖို့ ကူညီချင်တာမို့ လူပိုများလာတာက အမြဲတမ်းကောင်းတဲ့အရာပဲ" လို့ ပြောလိုက်တယ်။

"သာမန်လူတွေက နံရံဆောက်ဖို့ကိုကူညီနိုင်ပြီး ခေါင်းဆောင်လင်းတို့အဖွဲ့ကတော့ ပတ်ဝန်းကျင်က ဇွန်ဘီတွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်တယ်"

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ဒါဆို ကိုယ် ကျန်းယွမ်ကို ကိုင်တွယ်ခိုင်းလိုက်မယ်" လို့ ပြောလာတယ်။

သူမရဲ့ရည်းစားက ရှာလကာရည်အရှင်သခင်ဖြစ်တယ်ဆိုတာသိထားတဲ့ ကျိူးလီဇီက ခေါင်းဆောင်လင်းနဲ့ ကိုယ်တိုင်စကားပြောဖို့ အတင်းအကျပ်မလုပ်ဘဲ "အိုကေ" လို့ ပြောပြီး အားလုံးကို ကိုင်တွယ်ခိုင်းဖို့ သဘောတူလိုက်တယ်။

သူမက ဘယ်လောက်တောင် နာခံမှုရှိလဲဆိုတာကိုမြင်တော့ သူ့နှလုံးသားက ပျားရည်တွေနဲ့စိမ်ထားသလို ကျင်းရွှီယန်း ခံစားလိုက်ရတယ်။ ဒါတွေအားလုံးက အိပ်မက်တစ်ခုဖြစ်နေပြီး သူမ ရုတ်တရက်ပျောက်သွားမှာကို သူအမြဲစိုးရိမ်နေခဲ့တယ်။ သူမကသူ့ကို တခြားသူတွေနဲ့မတူအောင် ဆက်ဆံတဲ့အခါမှသာ သူမှာ အနည်းငယ်သောလုံခြုံမှုကို ခံစားရသည်။

ခဏအကြာမှာ ကျိူးလီဇီက သူ့လက်ထဲကလက်ကိုင်ပုဝါကိုယူပြီး သူ့ချွေးတွေကို သုတ်ပေးလိုက်တယ်။ ပြီးတော့ သူမရဲ့ခါးအိတ်ထဲက ရေဘူးအသေးတစ်ဘူးကို ထုတ်ပြီး "အစ်ကိုယန်း ၊ ရေသောက်ပါဦး" လို့ပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

စုံတွဲက သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာမှာ ပျောက်ဆုံးနေချိန်မှာပဲ ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူတွေဆီ လျှောက်သွားပြီး "အားလုံးပဲ ၊ ဒီနေရာမှာရှိတဲ့ ဇွန်ဘီအရေအတွက်က အရမ်းများတယ်။ မင်းတို့ကထွက်သွားပြီး လုံခြုံတဲ့နေရာတစ်ခုကို ရှာဖို့ ကျွန်တော်အကြံပြုချင်တယ်" လို့ ပြောလိုက်တယ်။

သူ့စကားများကို ကြားသည့်အခါမှာ အသက်ရှင်ကျန်ရစ်သူများထဲက တစ်ယောက်က "ရဲဘော်၊ ကျွန်တော်တို့က ရိက္ခာရှာဖို့ ဒီကိုအရင်လာတာ။ ကျွန်တော်တို့ကို အတင်းအကျပ် ထွက်သွားခိုင်းလို့ မရဘူး" ဟု ကန့်ကွက်သည်။

" မင်းကို ထွက်သွားခိုင်းဖို့ကို အတင်းအကျပ် မလုပ်ပါဘူး" ကျန်းယွမ်က အမူအရာမဲ့စွာ ပြန်ဖြေလိုက်သည်။

"မင်းနေချင်ရင် လွတ်လွတ်လပ်လပ်နေလို့ရတယ်။ ဒါပေမယ့် ငါတို့အဖွဲ့က မင်းကိုကာကွယ်ပေးမှာမဟုတ်ဘူး။ မင်းကသာ ငါတို့ကို အကာအကွယ်အဖြစ်ထပ်သုံးမယ်ဆိုရင် ငါတို့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့" ဟု သူက ထပ်ပေါင်း ပြောကြားခဲ့သည်။

"ရဲဘော် ၊ မင်းက အရမ်းအစွမ်းထက်တာပဲကို ငါတို့လို သာမန်လူတွေကို ကာကွယ်တာက ဘာမှားလို့လဲ" လို့ အသက်ရှင်ကျန်ရစ်သူ နောက်တစ်ယောက်က ရှက်ရွံ့စွာ မေးလိုက်တယ်။

အနားမှာရပ်နေတဲ့ ရှန်းကျင်းဇီ လှောင်ပြောင်ပြီး "ငါတို့က ပိုအားကောင်းလာအောင် ကြိုးစားခဲ့လို့သာ အင်အားကြီးတာ။ မင်းကို ဘာမှပေးဆပ်စရာမရှိဘူး။ မင်းကိုကာကွယ်ဖို့လည်း ငါတို့မှာ တာဝန်မရှိဘူး" လို့ ပြန်ဖြေလိုက်တယ်။

"ဒီလိုအန္တရာယ်များတဲ့နေရာမှာ ဆက်နေဖို့ပဲ အတင်းအကျပ်ပြောနေမယ်ဆိုရင် ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင်တာဝန်ယူရမယ်။ ဇွန်ဘီတွေ ကိုက်သတ်တာခံရရင် ကိုယ့်ဆုံးဖြတ်ချက်ကြောင့်ပဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိလို့ပဲ"

သူပြောပြီးတာနဲ့ လူတိုင်းရဲ့ မျက်နှာအမူအရာတွေက ပြောင်းလဲသွားတယ်။ တချို့က သူ့ရဲ့စကားတွေက ကြမ်းတမ်းလွန်းတယ်ထင်လို့ ဒေါသထွက်နေကြပြီး တချို့ကတော့ ရှက်ရွံ့နေကြတယ်။ ဒါမှမဟုတ် ကြောက်နေကြတယ်လို့တောင် ထင်ရတယ်။

အခြေအနေတွေ ပိုဆိုးလာနိုင်တယ်ဆိုတာ သတိထားမိတဲ့ ကျန်းယွမ်က ရှန်းကျင်းဇီကို တစ်ချက်ကြည့်လိုက်တယ်။ ဒုကပ္ပတိန်ရဲ့ သတိပေးချက်ကိုမြင်တော့ ရှန်းကျင်းဇီက ပုခုံးတွန့်ပြီး ဖုန်းယွင်ဆီ လျှောက်သွားလိုက်တယ်။

ပြဿနာရှာသူကို ပြန်ပို့ပြီးနောက်၊မှာ ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူများဘက်သို့ လှည့်၍ "သူပြောတာက ရက်စက်ပေမယ့် အမှန်တရားပဲ။ မင်းသာ ပိုအားမကောင်းလာရင် တခြားသူတွေကို အမြဲမှီခိုမနေနိုင်ရင် မင်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်တယ်။

ထို့နောက် အမျိုးသမီးတစ်ဦးက "ရဲဘော်၊ ကျွန်မတို့က သာမန်လူတွေပါ။ အဲဒီဘီလူးတွေကို ဘယ်လိုတိုက်ထုတ်နိုင်မှာလဲ" ဟု မေးလာတယ်။

အဲဒီအချိန်မှာပဲ ကျင်းရွှီယန်းက လျှောက်လာပြီး " ဇွန်ဘီတွေကို မသတ်နိုင်ရင် ရှင်သန်ဖို့ တခြားနည်းလမ်းရှာရမယ်" လို့ ပြောလိုက်တယ်။

"ဒီကနေ နှစ်နာရီအကွာမှာ စွမ်းရည်အသုံးပြုသူတစ်စုက တည်ဆောက်ထားတဲ့ အခြေစိုက်စခန်းတစ်ခုရှိတယ်။ သူတို့က ဘယ်သူ့ကိုမဆို လက်ခံတယ်၊ သာမန်လူတွေတောင် လက်ခံတယ်။ အလုပ်လုပ်ဖို့ ဆန္ဒရှိသရွေ့ အစားအစာနဲ့ ရေကို ရှာနိုင်တယ်"

အသက်ရှင်ကျန်ရစ်သူများဟာ သူရဲ့စကားများကြောင့် အံ့အားသင့်သွားကြတယ်။ ဘာမှမပံ့ပိုးနိုင်သောကြောင့် အစိုးရစခန်းများနှင့် အခြားစွမ်းရည်အသုံးပြုသူခိုလှုံရာနေရာများမှ မောင်းထုတ်ခံခဲ့ရသည်။ ဤသတင်းက မယုံနိုင်လောက်အောင် ကောင်းလွန်းသည်ဟု ထင်ရတယ်။

"ရဲဘော်၊ ငါတို့ တကယ်ပဲ အဲဒီကိုသွားပြီး ခိုလှုံရာရှာလို့ရမလား"ဟု အဘိုးကြီးတစ်ယောက်က မေးလိုက်သည်။

ကျင်းရွှီယန်းက သူ့ကိုကြည့်ပြီး "ဒီလောကမှာက ဘာမှ အလကားမရဘူး" လို့ ပြန်ဖြေလိုက်တယ်။

ဒီစကားကိုကြားတော့ သူတို့ပြန်လည်ရရှိခဲ့တဲ့မျှော်လင့်ချက်တွေက ပျက်စီးစပြုလာခဲ့တယ်။ ဒါပေမယ့် သူတို့ စိတ်ဓာတ်ကျမသွားခင်မှာပဲ သူက ဆက်ပြောပါတယ်။

"အဲဒီအခြေစိုက်စခန်းမှာက ပိုက်ဆံရဖို့ အလုပ်လုပ်ရမယ်။ မင်းရဲ့ဝင်ငွေကို အစားအစာ၊ ရေ ၊ အိမ်ရာတွေနဲ့တောင် လဲလှယ်လို့ရတယ်။ မင်းက ဇွန်ဘီတွေကို မသတ်နိုင်ရင်တောင် ခေါင်းဆောင်တွေကို အခြေစိုက်စခန်းတည်ဆောက်ရာမှာ ပါဝင်ကူညီနိုင်တယ်။ မင်းလုပ်နိုင်တဲ့အလုပ်ပေါ်မူတည်ပြီး သူတို့က မင်းကိုခွဲဝေပေးလိမ့်မယ်"

ခဏရပ်ပြီးနောက် သူကဆက်ပြောသည် "သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုတောင် လက်ခံတယ်”

All Chapters