အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အခန်း-(၂၄၄)
အသက်ရှင်ကျန်ရစ်သူများက ကျင်းရွှီယန်းရဲ့စကားများကို ကြားပြီးနောက်တွင် အချင်းချင်းကြည့်လိုက်ပြီး တီးတိုးပြောဆိုကြသည်။ ခဏအကြာတွင် သူတို့ထဲမှ တစ်ဦးက "ရဲဘော် ၊ ဒီအခြေစိုက်စခန်းဘယ်မှာလဲဆိုတာ ပြောပြပေးနိုင်မလား" ဟု မေးလိုက်တယ်။
ပြန်ဖြေမယ့်အစား ကျင်းရွှီယန်းက ကျန်းယွမ်ကိုကြည့်ပြီး "လူအိုကျန်း၊ အဖွဲ့ဝင်အနည်းငယ်ကိုခေါ်ပြီး ဒီလူတွေကို ပြန်လိုက်ပို့ပေးလိုက်ပါ" လို့ ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည့်အခိုက်အတန့်တွင် ကျန်းယွမ် ရဲ့စိတ်ထဲ အတွေးတစ်ခုပေါ်လာတယ်။ သူက သူရဲ့ကပ္ပတိန်ကိုကြည့်ပြီး "ကပ္ပတိန်၊ ရွှီချွန်းကို ကူညီဖို့စီစဉ်နေတာလား" ဟု မေးလိုက်တယ်။
သူတို့နှစ်ယောက်က တိုက်ပွဲပေါင်းများစွာကို အတူတကွ တိုက်ခိုက်ခဲ့ကြပြီး သူတို့ရဲ့နားလည်မှုကလည်း နက်ရှိုင်းတယ်။ ကျင်းရွှီယန်းရဲ့အကြည့်တစ်ချက်နဲ့တင် ကျန်းယွမ်က သူ ဘာကိုဆိုလိုချင်မှန်း နားလည်နိုင်တယ်။
သူ့ခေါင်းဆောင်က ထိုသူကိုထောက်ခံမယ်လို့ ဆုံးဖြတ်ပြီးပြီဆိုတော့ သူကခေါင်းညိတ်ပြီး "ကျွန်တော် ၊ ရှန်းကျင်းဇီ ရှောင်ချီ၊ ချန်ချန်းဖုန်း နဲ့ လီစီခိုင်တို့ကို အတူ ခေါ်သွားမယ်" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "အသက်ရှင်ကျန်ရစ်သူတွေကို အခြေစိုက်စခန်းဆီ ပြန်ပို့ပြီးရင် အမြန်ဆုံးပြန်လာခဲပ။ ငါတို့ ဒီမှာစောင့်နေမယ်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ"
သူတို့ရဲ့ တိုတောင်းတဲ့ဆွေးနွေးမှုအပြီးမှာပဲ ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူတွေဘက်လှည့်ပြီး "ငါတို့က မင်းတို့ကို အခြေစိုက်စခန်းဆီ ခေါ်သွားပေးမယ်။ အားလုံးက ငါ့နောက်ကို လိုက်ခဲ့" လို့ ပြောလိုက်တယ်။
ထို့နောက် သူက သူ့အဖွဲ့ဆီသို့လျှောက်သွားပြီး "ကျင်းဇီ ၊ ရှောင်ချီ၊ ချန်းဖုန်း၊ စီခိုင် မင်းတို့က ငါနဲ့အတူ လိုက်ခဲ့" ဟု ပြောလိုက်သည်။
အသက်ရှင်ကျန်ရစ်သူများက အတော်များများရှိတာကြောင့် အသုံးပြုလို့ရတဲ့ ကားတွေ ဒါမှမဟုတ် ဘတ်စ်ကားတွေကို ရှာဖို့ ပြောခဲ့တယ်။ အားလုံးမှာက လောင်စာဆီမရှိတာကြောင့် စွန့်ပစ်ထားတဲ့ ယာဉ်တွေကနေ ဓာတ်ဆီတွေကို တိုင်ကီတွေထဲ ဖြည့်ဖို့ စုပ်ယူခဲ့ကြပါတယ်။
ထွက်ခွာမသွားခင်မှာ ရှောင်ချီ က အသက်ရှင်ကျန်ရစ်သူတွေကို အစားအစာနဲ့ ရေတွေ ဝေပေးပြီး "စခန်းကိုရောက်ရင် ကြိုးစားလုပ်ဆောင်ပါ၊ ဗိုက်ဆာမှာကို စိတ်ပူစရာမလိုတော့ဘူး" လို့ ပြောခဲ့ပါတယ်။
"ကျေးဇူးတင်ပါတယ် ရဲဘော်" ဟု အသက်ရှင်ကျန်ရစ်သူများက ကျေးဇူးတင်စွာပြောကြသည်။
လက်ပြပြီး ရှောင်ချီက "တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ရင် ကျွန်တော်တို့ရဲ့ကပ္ပတိန်ကို ကျေးဇူးတင်လိုက်။ သူ့အမိန့်သာမပါရင် ကျွန်တော်တို့က မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး" လို့ ပြန်ဖြေလိုက်တယ်။
အသက်ရှင်ကျန်ရစ်သူများက ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ စကားပြောနေသောမိန်းကလေးတစ်ဦးကို ပြုံးပြနေသော လူငယ်တစ်ဦးကို တွေ့လိုက်ရတယ်။ ထိုစုံတွဲက မည်မျှအစွမ်းထက်တာကို မြင်တွေ့လိုက်ရသောအခါတွင် ယခင်က လျှို့ဝှက်ရည်ရွယ်ချက်များရှိခဲ့သူများပင် သူတို့ရဲ့ မှားယွင်းသောအယူအဆများကို တိတ်တဆိတ်စွန့်လွှတ်လိုက်ကြသည်။
သူတို့ထွက်သွားပြီးနောက်တွင်တော့ ကျင်းရွှီယန်းက ခေါင်းဆောင်လင်းကိုကြည့်ပြီး "မင်းတို့အဖွဲ့က ဘာလို့သူတို့နဲ့အတူမလိုက်သွားတာလဲ" လို့မေးလိုက်တယ်။
ခေါင်းဆောင်လင်းက ရှက်ရွံ့စွာရယ်မောလိုက်ပြီး လျှောက်လာသည်။ သူ ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်သောအခါတွင်မှ သူကရပ်ကာ "ရဲဘော်၊ ကျွန်တော်တို့က ရိက္ခာရှာဖို့ လာတာ။ လက်ဗလာနဲ့ ပြန်မသွားချင်ဘူး" ဟု ပြောသည်။
ခဏလောက် ရပ်တန့်ပြီးနောက် သူက ဆက်ပြောတယ် "ဖြစ်နိုင်ရင် မင်းတို့အဖွဲ့နဲ့ ပူးပေါင်းလို့ရမလား။ မင်းတို့အဖွဲ့က ရှာတွေ့တဲ့ ပစ္စည်းတွေအတွက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ရှာဖွေမှာပါ။ မင်းတို့နောက်ကို လိုက်ခွင့်ပေးပါ"
ကျင်းရွှီယန်းက မျက်ခုံးတစ်ဖက်ပင့်ပြီး ပြောလိုက်တယ် "ဒါဆို မင်းပြောတာက ငါ့အဖွဲ့က အလုပ်အားလုံးကိုလုပ်နေချိန်မှာ မင်းကတော့ အကျိုးကျေးဇူးတွေကို ရိတ်သိမ်းချင်နေတာလား"
သူဒီလိုပြောလိုက်တော့ ခေါင်းဆောင်လင်းက လက်ကိုဝှေ့ယမ်းပြီး "ရဲဘော်၊ မင်းကက ကျွန်တော်တို့ကို အထင်လွဲနေပြီ။ ကျွန်တော်တို့အဖွဲ့က မင်းတို့ဆီက အခွင့်ကောင်းယူဖို့ကို ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး" လို့ ရှင်းပြလိုက်တယ်။
"ဪ ၊ ဒါဆိုရင် ငါ့အဖွဲ့နောက်ကိုလိုက်ပြီး မင်းက ဘာကို လိုချင်တာလဲ" ဟု ကျင်းရွှီယန်းက မေးလိုက်တယ်။
ခေါင်းကုတ်ရင်း ခေါင်းဆောင်လင်းက ပြန်ဖြေတယ်။ "ကောင်းပြီ၊ ကျွန်တော်တို့ လယ်ယာလုပ်ငန်းကနေ ထွက်လာပြီးတဲ့နောက်မှာ လမ်းတစ်လျှောက်က ကလေးတွေနဲ့ အမျိုးသမီးတွေကို ကယ်ဆယ်ခဲ့လို့ ကျွန်တော်တို့ရဲ့ပစ္စည်းတွေ အားလုံးနီးပါး ကုန်လုနီးပါး ဖြစ်သွားတယ်"
"မင်းရဲ့အဖွဲ့နောက်ကို ငါတို့မလိုက်နိုင်ရင်လည်း..
တွေ့တဲ့ပစ္စည်းတွေကို ရောင်းပေးနိုင်မလား။ ငါတို့မှာက အမြုတေတွေရှိပြီး ငါတို့ပေးချေဖို့ အသင့်ရှိပါတယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်းက ကျိူးလီဇီကိုကြည့်ပြီး "အာဇီ မင်းဘယ်လိုထင်လဲ" လို့မေးလိုက်တယ်။
ကျိူးလီဇီက သူမရဲ့ ယခင်ဘဝကအသင်းခေါင်းဆောင်ကို လှမ်းကြည့်ပြီး "သူတို့က ကျွန်မတို့နောက်ကိုလိုက်ချင်ရင် လိုက်ခဲ့ပါစေ ။ သူတို့နဲ့အတူဆိုရင် ကျွန်မတို့လည်း နည်းနည်းလောက် အေးအေးဆေးဆေး နေလို့ရတယ်" လို့ ပြောလိုက်တယ်။
ခေါင်းညိတ်ပြီး ကျင်းရွှီယန်းက ခေါင်းဆောင်လင်းဘက် ပြန်လှည့်ကာ "ငါ့ချစ်သူက အဲဒီလိုပြောလို့ မင်းတို့အဖွဲ့က ငါတို့နောက်ကို လိုက်လာလို့ရတယ်။ မင်းတို့ရှာတွေ့တဲ့ပစ္စည်းတွေကိုလည်း ယူသွားလို့ရတယ်၊ ဒါပေမယ့် ငါတို့ကတော့ မျိုးစေ့အားလုံးကို လိုချင်တယ်" လို့ ပြောလိုက်တယ်။
သူဌေးလင်းနှင့် သူ့အဖွဲ့ဝင်များက ဤအချက်ကို နှစ်သက်ကြတယ်။ သူတို့က လျင်မြန်စွာ ခေါင်းညိတ်ပြီး "လုံးဝပြဿနာမရှိပါဘူး" ဟု ပြောကြတယ်။
အခုအချိန်မှာ သူတို့ရဲ့ဦးစားပေးက အစားအစာနဲ့ ရေပါ။ မျိုးစေ့တွေအတွက်ကတော့ စိုက်ပျိုးဖို့ ဘာမြေမှမရှိတော့ သူတို့အတွက် အဲဒါကအသုံးမဝင်ဘူး။ သူတို့လိုအပ်တဲ့အရာနဲ့ပဲ့ လဲလှယ်လိုက်တာက ပိုကောင်းပါတယ်။
ခဏတာ အနားယူပြီးနောက်မှာ ကျင်းရွှီယန်းတ်ို့အဖွဲ့က အရှေ့ဘက်ဒေသသို့ ဦးတည်သွားခဲ့ကြသည်။
သူမက ခေါင်းဆောင်လင်းတို့အဖွဲ့ကို ဖြတ်လျှောက်သွားစဉ်တွင် ကျိူးလီဇီက သူတို့တစ်ဦးစီကို ရေတစ်ဗူးနဲ့ သူမရဲ့ကျောပိုးအိတ်ထဲမှ ဘီစကွတ်တစ်ထုပ်စီကို ပေးလိုက်တယ်။ "ရှင်တို့ရဲ့ စွမ်းအင်တွေပြန်ပြည့်အောင် တစ်ခုခု စားကြ" ဟု သူမက ပြောလိုက်တယ်။
ထို့နောက်တော့ သူမရဲ့ချစ်သူနောက်ကိုလိုက်မီရန် ခြေလှမ်းများကို မြန်အောင်လှမ်းလိုက်တယ်။ အသက်ရှင်ကျန်ရစ်သူများရဲ့ အော်ဟစ်ငိုယိုခြင်းမရှိတော့တာကြောင့် ဇွန်ဘီများကလည်း ပိုမိုပြန့်ကျဲနေကာ ၎င်းတို့ကို ရှင်းလင်းရန် ပိုမိုလွယ်ကူစေတယ်။
နာရီဝက်အတွင်းမှာပဲ သူတို့ရဲ့ လေသေနတ်တွေကိုသုံးကာ ဇွန်ဘီအားလုံးကို ဖယ်ရှားလို့ပြီးသွားပြီး ဆိုင်တွေကို စ,စစ်ဆေးတော့တယ်။
ခေါင်းဆောင်လင်းတို့အဖွဲ့က မလှုပ်မယှက်ရပ်နေတာကိုမြင်တော့ ကျင်းရွှီယန်းက "ဆိုင်တွေကိုသွားပြီး လိုအပ်တာတွေယူသွား။ ကျန်တာတွေကို ငါ့အဖွဲ့ဆီ ပေးလိုက်" လို့ ပြောလိုက်တယ်။
"ရဲဘော်၊ ကျွန်တော်တို့ ဘယ်လောက်ယူနိုင်မလဲ" ဟု ခေါင်းဆောင်လင်းက မေးလိုက်တယ်။
"မင်းယူနိုင်သလောက်ယူပါ" ဟု ကျင်းရွှီယန်းက ပေါ့ပေါ့တန်တန် ပြန်ဖြေသည်
ဤစကားကိုကြားလိုက်ရသည့်အချိန်တွင် ခေါင်းဆောင်လလင်းနဲ့ အဖွဲ့များရဲ့မျက်လုံးတွေက တောက်ပလာပြီး နတ်ဆိုး အဖွဲ့အပေါ် သူတို့ရဲ့အထင်အမြင်မှာ သိသိသာသာတိုးတက်လာတယ်။
သူတို့က ဒီအသင်းကို သွေးအေးအေးနဲ့ အမြတ်အစွန်းကို ဦးစားပေးတဲ့အသင်းလို့ ထင်ခဲ့ကြပေမယ့် မျှော်လင့်ထားသလိုမဟုတ်ဘဲ သူတို့ဟာ တည်ငြိမ်ပြီးရက်ရောကာ ကြင်နာတတ်ကြတဲ့အသင်း ဖြစ်နေတယ်။
ခေါင်းဆောင်လင်းနှင့် အဖွဲ့ဝင်များထံမှ 'လူကောင်း' ကတ်ကို ရရှိနေသည်ကို မသိလိုက်ဘဲ ရှောင်ချီနှင့် ကျိူးလီဇီတို့ကတော့ ဈေးထဲက အရာအားလုံးကို စုဆောင်းရင်း အလုပ်များနေကြသည်။
ထိုနေရာရှိ ဇွန်ဘီအားလုံးကိုရှင်းလင်းပြီး ရိက္ခာများစုဆောင်းရန်အတွက် ငါးနာရီသာကြာခဲ့သည်။ သူတို့ တောင်ဘက်ဝင်ပေါက်သို့ ပြန်ရောက်သောအခါတွင် ခေါင်းဆောင်လင်းက "ရဲဘော်၊ အခုက အခြေစိုက်စခန်းကို ပြန်သွားမှာလား" ဟု မေးလိုက်တယ်။
ကျိူးလီဇီက ခေါင်းခါပြီး "အခုချိန်မှာတော့ ပြန်မသွားသေးဘူး။ စီးပွားရေးရပ်ကွက်ကို သွားလည်ချင်သေးတယ်" လို့ ပြန်ဖြေတယ်။
ခေါင်းဆောင်လင်းက စိတ်ပျက်သွားပုံရပေမယ့် "ဒါဆို ကျွန်တော်တို့က မင်းတို့ကို နောက်ထပ် မနှောင့်ယှက်တော့ဘူး။ ကျွန်တော်တို့အဖွဲ့က မင်းရဲ့ချစ်သူပြောခဲ့တဲ့ အခြေစိုက်စခန်းကို သွားကြမယ်။ ကံကြမ္မာကသာ ခွင့်ပြုရင် ကျွန်တော်တို့ ပြန်ဆုံကြတာပေါ့" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး အပြုံးဖြင့် ပြန်ဖြေတယ်" ခေါင်းဆောင်လင်း၊ ခရီးလမ်းမှာလုံခြုံပါစေ"
သူမရဲ့ ခေါင်းဆောင်ဆိုတဲ့ ခေါ်သံကြောင့် သူ ခဏလောက် အံ့သြမှင်သက်သွားပြီးမှ "ကျေးဇူးတင်ပါတယ်" လို့ ရယ်ရင်း ပြန်ဖြေလိုက်တယ်။
အခန်း-(၂၄၅)
ခေါင်းဆောင်လင်းတို့အဖွဲ့ ထွက်သွားပြီးမကြာခင်မှာပဲ ကျန်းယွမ်နှင့်တခြားသူတွေ ပြန်ရောက်လာကြတယ်။ ဈေးဧရိယာကနေ မထွက်ခွာခင်မှာ အဖွဲ့သားတွေက နေ့လည်စာ အတူတူစားကြတယ်။
မလိုအပ်သောပြဿနာများကို ရှောင်ရှားရန်အတွက် ကျိူးလီဇီက သူမရဲ့နေရာလွတ်မှ အလိုအလျောက်အပူပေးသည့် အစားအစာသေတ္တာများစွာကိုထုတ်ယူပြီး လူတိုင်းနှင့် မျှဝေခဲ့သည်။
စားသောက်ပြီးနောက်တွင် အခြားသူများအိပ်ငိုက်နေချိန်တွင် တာဝန်ကျသူတွေကတော့ အလှည့်ကျ စောင့်ကြည့်ကြသည်။ ကျိူးလီဇီက ကားထဲတွင်ထိုင်ကာ မျက်လုံးများကိုမှိတ်လို့ ခရီးသည်ထိုင်ခုံကို မှီလိုက်သည်။
သူမရဲ့စိတ်က အာကာသထဲသို့ဝင်ရောက်သွားပြီး မျိုးစေ့များကို စတင်စီစဉ်ခဲ့သည်။ ကောက်နှံများအပြင် ဆေးဖက်ဝင်အပင်မျိုးစေ့များနှင့် ဂျင်ဆင်းပျိုးပင်များကိုပင် တွေ့ရှိခဲ့တယ်။
လယ်ယာမြေကို ကောက်ပဲသီးနှံများစိုက်ပျိုးရန် သတ်မှတ်ထားသောကြောင့် သူမက လယ်ယာများအနီးရှိ မြက်ခင်းပြင်တွင်တော့ ဆေးဖက်ဝင်အပင်များနှင့် ဂျင်ဆင်းများကို စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့တယ်။ ပေါင်းပင်များကို ဆွဲနှုတ်ပြီးနောက် မြေကြီးကိုထွန်ယက်ပြီး ရေကန်ကရေဖြင့် ရေလောင်းကာ မျိုးစေ့များကို ကြဲချခဲ့သည်။
အားလုံးပြီးသွားတဲ့အခါ မျက်လုံးဖွင့်လိုက်တော့ သူမရဲ့ချစ်သူက သူမကိုစူးစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူ့ရဲ့စူးရှတဲ့အကြည့်ကြောင့် ကျိူးလီဇီက အံ့အားသင့်သွားပြီး "အစ်ကိုယန်း၊ ဘာဖြစ်တာလဲ" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းက သူမရဲ့မျက်နှာဆီ လက်လှမ်းလိုက်ပြီး ပါးကိုထိလိုက်တယ်။ ခဏအကြာမှာ သူက "အာဇီ၊ မင်းကိုယ့်ကို တစ်ခုခုဖုံးကွယ်ထားတာလား" လို့ မေးလိုက်တယ်။
" အစ်ကိုယန်း ၊ ဘာလို့ ရုတ်တရက်ကြီး ဒီလိုမေးရတာလဲ"
"အခုမပြောချင်သေးရင် ကိုယ်စောင့်နေမယ်" လို့ပြောပြီးမှ သူမကို ခဏလောက် စောင့်ကြည့်နေလိုက်သေးတယ်။
သူက သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် ကားတံခါးကို ဖွင့်ကာ ဆင်းသွားခဲ့သည်။
သူ ထွက်သွားတာကိုကြည့်ရင်း ကျိူးလီဇီက သူမရဲ့ မြန်ဆန်စွာခုန်နေတဲ့နှလုံးကြောင့် ရင်ဘတ်ပေါ်လက်တင်ပြီး "သူ ငါ့နေရာနဲ့ပတ်သက်ပြီး တစ်ခုခု ထူးခြားတာ ရှာတွေ့သွားတာလား" လို့ တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူမ ဇဝေဇဝါဖြစ်နေတုန်းမှာပဲ ကျင်းရွှီယန်းက သူမကို ပြန်ကြည့်လာတယ်။ သူမ အိပ်ပျော်သွားတိုင်းမှာ သူမကို သူတိတ်ဆိတ်စွာ စောင့်ကြည့်နေတတ်တယ်။
တစ်ခါတစ်ရံမှာဆို သူမရဲ့အသက်ရှူသံက တိုးတိုးလေးဖြစ်နေလို့ သူမက ဘယ်အချိန်မှာမဆို ပျောက်ကွယ်သွားနိုင်သလို မေ့မြောသွားနိုင်သလို ခံစားရတယ်။ ဒါပေမယ့် အဲဒီအချိန်တွေအတွင်းမှာတော့ သူတို့ရဲ့စိတ်တွေကြားက ထူးဆန်းတဲ့ ဆက်နွယ်မှုကို သူ အမြဲခံစားနေခဲ့ရတယ်။
အခုလေးတင် သူမအိပ်ပျော်နေတုန်းက သူ့စိတ်ထဲမှာ မြက်ခင်းပြင်တစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရတယ်။
ကျယ်ပြောလှတဲ့လယ်ကွင်းထဲမှာ သူတို့အရင်က စုဆောင်းထားတဲ့ ဗီဇပြောင်းလဲသွားတဲ့ တိရစ္ဆာန်တွေက လွတ်လပ်စွာ ပြေးလွှားနေကြတယ်။ တစ်ဖက်မှာတော့ သူတို့စုဆောင်းထားတဲ့ ရိက္ခာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် သူ့ကို အံ့သြ စေဆုံးကတော့ သူတို့တွေ့ရှိခဲ့တဲ့ ဂျင်ဆင်းပျိုးပင်တွေကို စိုက်ပျိုးနေတဲ့ ကျိူးလီဇီကို မြင်လိုက်ရတာပါပဲ။
အရာအားလုံးကိုကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ သူဟာ မှော်ဆန်တဲ့အရာတွေရှိနေတယ်ဆိုတာကို သံသယမဝင်တော့ပါဘူး။ ဝိညာဉ်ရေးရာနေရာတစ်ခုဆိုတဲ့ အယူအဆဟာ သူ့အတွက် မဖြစ်နိုင်ဘူးလို့ မထင်ရပါဘူး။
သူမရဲ့နေရာလွတ်ကို ဘယ်လိုလုပ်ပြီးလှမ်းမြင်နိုင်ခဲ့လဲဆိုတာ သူမသိပေမယ့် သူမက သူ့ကိုမပြောပြထားတဲ့အတွက် သူမရဲ့နှလုံးသားကို အပြည့်အဝဖွင့်ဟဖို့ အဆင်သင့်ဖြစ်တဲ့အထိ သူစောင့်လိမ့်မယ်။
သူမ သူ့ကို အပြည့်အဝမယုံကြည်သေးဘူးဟူသော အတွေးက သူ့ကို ချောက်ထဲဆွဲချနေသလို ခံစားရစေတယ်။ အကူအညီမဲ့မှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် မရေမရာမှုတို့က သူ့ကို အတွင်းပိုင်းမှ ဝါးမျိုနေတယ်။
မှောင်မိုက်တဲ့ စိတ်ခံစားချက်တွေထဲမှာ နစ်မြုပ်မသွားခင်မှာပဲ နူးညံ့တဲ့လက်တစ်စုံက သူ့လက်ကို ဆွဲထားလိုက်တယ်။ အေးစက်နေတဲ့သူ့ခန္ဓာကိုယ်ထဲကို နွေးထွေးမှု စိမ့်ဝင်လာတာကို ခံစားလိုက်ရပြီး သူ့ရဲ့နစ်မောမှုတွေထဲကနေ လန့်နိုးလာတယ်။
သူမရဲ့ချစ်သူ၏ ရင်ထဲကရှုပ်ထွေးမှုတွေကို မသိလိုက်ဘဲ ကျိူးလီဇီကတောပ အသက်ကို ပြင်းပြင်းရှူပြီး "အစ်ကိုယန်း၊ ကျွန်မ ရှင့်ကို တစ်ခုခုပြချင်တယ်။ အစ်ကို ကျွန်မနဲ့ လိုက်ခဲ့မလား" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းရဲ့နှလုံးခုန်သံက အရမ်းမြန်လွန်းနေလို့ သူမရဲ့စကားတွေကိုကြားတဲ့အခါမှာတော့ ရင်ဘတ်ထဲကနေ ခုန်ထွက်လာတော့မလားလို့တောင် ထင်လိုက်မိတယ်။ သူမကိုကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။
ကျိူးလီဇီက ဒါကိုမြင်တော့ သူ့ကို အနီးနားကလူသူကင်းမဲ့တဲ့ အဆောက်အအုံတစ်ခုဆီ ဆွဲခေါ်သွားတယ်။ အထဲဝင်ပြီးတဲ့နောက် တံခါးကိုပိတ်ပြီး "အစ်ကိုယန်း နောက်ကြမြင်ရတာ တွေကို အံ့သြမသွားပါနဲ့" လို့ ပြောလိုက်တယ်။
"အိုကေ"
"အလုပ်ဖြစ်မလားတော့ မသိဘူး၊ ဒါကြောင့်... ကျွန်မ ဘာမှ မပြနိုင်ရင်တောင် စိတ်ပျက်မသွားပါနဲ့" ဟု သူမက ထပ်ပြောတယ်။
"အိုကေ"
ခဏတာ တွန့်ဆုတ်နေပြီးနောက် ၊ ကျိူးလီဇီက အသက်ကို ပြင်းပြင်းရှူလိုက်ကာ မျက်လုံးများကိုမှိတ်လို့ "ဝင်" ဟု တိုးတိုးလေး ပြောလိုက်တယ်။
စကားဆုံးတာနှင့် သူတို့နှစ်ယောက်ဟာ အဲဒီနေရာကနေ ပျောက်ကွယ်သွားပြီး အာကာသထဲမှာ ပြန်ပေါ်လာကြတယ်။
ကျိူးလီဇီမျက်လုံးဖွင့်လိုက်တဲ့အခါ သူမရဲ့ချစ်သူက သူမရှေ့မှာရပ်ပြီး ပတ်ဝန်းကျင်ကို အံ့အားသင့်စွာ ငေးကြည့်နေတာ တွေ့လိုက်ရတယ်။
သူ့ကို သူမရဲ့နေရာလွတ်ထဲကို ခေါ်ဆောင်လာမိမှန်း သဘောပေါက်လိုက်တဲ့အခါ သူမဟာ မယုံနိုင်စွာ မျက်တောင်ခတ်လိုက်မိတယ်။ အပြုံးကြီးကြီးပြုံးပြီး "အစ်ကိုယန်း၊ ကျွန်မတို့က ကျွန်မရဲ့နေရာလွတ်ထဲမှာ ရောက်နေပြီ" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားတယ်။ သူ အသက်ရှူလိုက်သောအခါတွင် လတ်ဆတ်သောလေက သူ့အဆုတ်ထဲမှာပြည့်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေသည်။ ဤမျှသန့်ရှင်းသောလေကို မရှူရှိုက်ရခြင်းမှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး လန်းဆန်းပြီး အားအင်ပြန်လည်ပြည့်ဖြိုးလာသည်ဟု ခံစားလိုက်ရတယ်။
သူလှည့်ကြည့်လိုက်တော့ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်နဲ့ မြေဆီလွှာကြွယ်ဝတဲ့ အနက်ရောင်မြေဆီလွှာကို မြင်လိုက်ရတယ်။ လယ်ယာမြေမှာ ဆန်၊ ဂျုံနှင့် အာလူးတွေ စိုက်ပျိုးထားတယ်။ လယ်ကွင်းတွေရဲ့ အစွန်းနားမှာ သစ်သီးပင်တွေနှင့် စတော်ဘယ်ရီချုံပင်တွေတန်းစီနေပြီး မြက်ခင်းပြင်တစ်လျှောက်မှာ စီတန်းနေသည်။
သူမရဲ့နေရာလွတ်ထဲမှာ တခြားတစ်ယောက်ရောက်လာတာကြောင့် စိတ်လှုပ်ရှားနေတဲ့ကျိူးလီဇီက "အစ်ကိုယန်း၊ ကျွန်မရဲ့အိမ်ကို ပြပါရစေ" လို့ ပြောလိုက်တယ်။
သူမသည် သူ့လက်ကိုဆွဲ၍ နှစ်ထပ်အိမ်ဆီသို့ ဆွဲခေါ်သွားတယ်။ အိမ်ပေါ်လာသည်နှင့် ကျင်းရွှီယန်းရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားတယ်။ ဤအိမ်က သူ့အတွက် အလွန်ရင်းနှီးနေပုံရတယ်။
သူတို့ အထဲကို ခြေလှမ်းလိုက်တဲ့အခါမှာတော့ သူ့ရဲ့အတိတ်ဘဝက အမှတ်တရတွေ ပြန်ပေါ်လာတယ်။ ဒါက သာမန်အိမ်တစ်လုံး မဟုတ်ပါဘူး။ ကမ္ဘာပျက်ကပ်မတိုင်ခင်က သူဝယ်ခဲ့တဲ့ အိမ်၊ သူတို့ရဲ့ မင်္ဂလာအိမ်အဖြစ် ပြင်ဆင်ထားတဲ့ အိမ်ပါပဲ။
အဲဒီတုန်းကဆို သူမကို မတွေ့ခင်ကတည်းက သူ အရာအားလုံးကို စီစဉ်ထားပြီးသားပါ။ ဒါပေမယ့် ကမ္ဘာပျက်ကြီး စောလွန်းတာကြောင့် အိမ်လည်းပျက်စီးသွားခဲ့ပါတယ်။
ဒီဘဝမှာတော့ နောက်တစ်ခါဝယ်ဖို့ကို သူ စိတ်မဝင်စားတော့ဘဲ တခြားပြင်ဆင်မှုတွေကိုပဲ အာရုံစိုက်နေခဲ့တယ်။ ဒါပေမယ့် ဒီဘဝမှာကတော့ ၊ အဲဒီအိမ်က သူမရဲ့နေရာလွတ်ထဲမှာ ပြီးပြည့်စုံစွာဖြင့် သူ့ရှေ့မှာရှိနေခဲ့တယ်။
သူမရဲ့ချစ်သူ၏ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို မသိလိုက်ဘဲ ကျိူးလီဇီကတောါ သူ့ကို ဒုတိယထပ်ဆီ ပျော်ရွှင်စွာ ခေါ်ဆောင်သွားခဲ့သည်။ အခန်းတစ်ခန်းကို လက်ညှိုးထိုးပြီး "အစ်ကိုယန်း ဒါက အငယ်စားမာစတာအိပ်ခန်း။ကျွန်မရဲ့နေရာကို လာတဲ့အခါတိုင်း ဒီမှာနေလို့ရတယ်" လို့ ပြောလိုက်ပါတယ်။
ကျင်းရွှီယန်းက သူမဘက်လှည့်ပြီး အသံအနည်းငယ်တိုးတိုးနဲ့ "ဒါဆို မင်းကဘယ်မှာအိပ်တာလဲ" လို့ မေးလိုက်တယ်။
"ဒါပေါ့ ကျွန်မက အိပ်ခန်းကြီးထဲမှာ နေမှာ" ဟု သူမက ပြုံးရွှင်စွာ ပြန်ဖြေတယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူမကိုပွေ့ဖက်ပြီး မပျော်ရွှင်စွာဖြင့် ပြောလိုက်တယ် "အာဇီ ကိုယ်က မင်းအတွက် ဘယ်သူလဲ"
ကျိူးလီဇီက မေးခွန်းကြောင့် အံ့အားသင့်သွားပြီး မျက်တောင်ခတ်ကာ "မင်းက ကျွန်မချစ်သူပဲ" ဟု ပြန်ဖြေလိုက်တယ်။
"ကိုယ်က မင်းရဲ့ချစ်သူဖြစ်တဲ့အတွက် ဘာလို့ သီးခြားအခန်းမှာ နေရမှာလဲ။ မင်းနဲ့ တစ်ခန်းတည်း အိပ်စေချင်တာ မဟုတ်ဘူးလား။ ဟင်" လို့ သူက ထပ်မေးတယ်။
အခန်း-(၂၄၆)
ကျိူးလီဇီ သူမ၏ရည်းစားရဲ့စကားများကိုကြားသောအခါ သူရဲ့လေသံထဲမှ အန္တရာယ်ရှိသောသတိပေးချက်တစ်ခုကို သတိပြုမိလိုက်တယ်။ သူရဲ့စူးရှသောအကြည့်ကို ပြန်ကြည့်ကာ စိုးရိမ်စွာတံတွေးပြန်မျိုချလိုက်ပြီး "အစ်ကိုယန်းက အိပ်ခန်းထဲမှာ အတူအိပ်ချင်တာလား" ဟု မေးလိုက်တယ်။
ကျင်းရွှီယန်းက တိုးတိုးလေးရယ်လိုက်ပြီး သူ့ရဲ့လက်မနှင့် သူမရဲ့နှုတ်ခမ်းတွေကို ပွတ်သပ်ကာ ဖြည်းဖြည်းချင်းပြောလိုက်တယ်၊ "အာဇီ၊ ကိုယ်မင်းရဲ့အိပ်ရာမှာပဲ အိပ်ချင်တယ်။ အိပ်ခန်းထဲမှာအိပ်တာပဲဖြစ်ဖြစ် မအိပ်တာပဲဖြစ်ဖြစ် ကိုယ်ဂရုမစိုက်ဘူး"
အဲဒါကို ကြားလိုက်ရတဲ့အချိန်မှာ သူမရဲ့စိတ်တွေက ပေါက်ကွဲပြီး လုံးဝ ဗလာဖြစ်သွားသလို ကျိူးလီဇီ ခံစားလိုက်ရတယ်။ပြန်ကောင်းလာဖို့ကို ခဏလောက်အချိန်ယူလိုက်ရပြီး စကားထစ်ငေါ့စွာဖြင့် "ယန်း. အစ်ကိုယန်း နောက်မှ ပြောကြရအောင်။ အခုတော့ အရင်ထွက်သွားသင့်တယ်။ မဟုတ်ရင် ကျွန်မတို့ကို အဖွဲ့ကရှာနေလိမ့်မယ်" လို့ သူမပြောလိုက်တယ်။
ကျင်းရွှီယန်းက သူမရဲ့ ထွက်ပြေးဖို့ကြိုးစားမှုကို မြင်ပြီး ခိုင်မာစွာ ပြောလိုက်တယ် "အာဇီ၊ မင်းရဲ့အိပ်ရာက ကိုယ့်အပိုင်ပဲ။ မင်းဘေးမှာ ကိုယ်တစ်ယောက်တည်းပဲ အိပ်ခွင့်ရှိတယ်"
ခါးကိုင်းကာသူမကိုညင်သာစွာနမ်းလိုက်ပြီးမှ "ကိုယ်တို့က အိပ်ယာအတူတူသုံးရင်တောင်မှ မင်းခွင့်ပြုချက်မရရင် ကိုယ်ဘာမှမလုပ်ဘူး။ ဒါကြောင့် ကိုယ့်ကို တွန်းမထုတ်နဲ့နော်" လို့ ထပ်ပြောလိုက်တယ်။
တင်းကြပ်စွာဖက်ထားခံရပြီးနောက်မှာတော့ ကျိူးလီဇီဟာ သူ့ရဲ့စကားများနှင့် သူတို့အိပ်ရာအတူမျှဝေခဲ့စဉ်က ပြီးခဲ့သောရက်အနည်းငယ်အတွင်းပြုမူခဲ့ပုံကို ပြန်အမှတ်ရသွားတယ်။ သူတို့အိပ်နေစဉ်တွင်သာ သူမကို ဖက်ထားခဲ့ဖူးပြီး အခြားဘာမှမပိုပါ။
သူမက ဒီလိုကိစ္စမျိုးတွေမှာ ရိုးရှင်းတဲ့သူ မဟုတ်ပါဘူး။ သူမကိုယ်တိုင် မကြုံဖူးရင်တောင်မှ သူမရဲ့ အတိတ်ဘဝမှာတော့ လူအများက ဒီလိုလုပ်ကြတာကို မြင်ဖူးပါတယ်။
သူမရဲ့ချောမောတဲ့ချစ်သူကို လှမ်းကြည့်ပြီး 'တကယ်လို့ ငါသာသူနဲ့အိပ်ရမယ်ဆိုရင် ငါအမြတ်အများဆုံးရမှာမဟုတ်ဘူးလား။ ငါအတွက်အားနည်းချက်မရှိရင် ဘာလို့သူ့ကိုငြင်းရမှာလဲ'လို့ တွေးလိုက်တယ်။
ဆုံးဖြတ်ချက်ချပြီးနောက် သူမက ခေါင်းညိတ်ပြီး "ကောင်းပြီလေ" လို့ ပြန်ဖြေလိုက်တယ်။
သူမ ဒီလိုပြောလိုက်တာနဲ့ ကျင်းရွှီယန်းကပြုံးပြီး ခဏလောက် နမ်းလိုက်တယ်။ နောက်ဆုံးတော့မှ သူမကို လွှတ်ပေးလိုက်ပြီး သူက ပြုံးစိစိနဲ့ "ကျေးဇူးတင်ပါတယ် ချစ်သူလေး" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက သူ့ကို စိုက်ကြည့်ပြီး သူမရဲ့ခုန်နေတဲ့ နှလုံးသားကို ငြိမ်သက်သွားအောင် အသက် ပြင်းပြင်းရှူလိုက်တယ်။ အသက်ရှူနှုန်း ပုံမှန်ဖြစ်သွားတဲ့အခါမှသာ သူ့ကို သူမရဲ့ နေရာကနေ ခေါ်ထုတ်လာခဲ့တယ်။
စွန့်ပစ်ထားတဲ့ဆိုင်ထဲကို သူတို့နှစ်ယောက် ပြန်ပေါ်လာတဲ့အခါမှ။ ကျင်းရွှီယန်းက သူမရဲ့လက်ကို ဆုပ်ကိုင်ပြီး "အာဇီ၊ ကိုယ့်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။
အစကတော့ သူမရဲ့နေရာလွတ်မှာ သီးနှံတွေစိုက်ပျိုးနိုင်ပြီး သက်ရှိတွေနေထိုင်နိုင်တယ်ဆိုတာ သူ့ကိုအသိပေးဖို့ မစီစဉ်ထားခဲ့ပါဘူး။ ဒါပေမယ့် သူထွက်သွားတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူမသာဆက်ဝှက်ထားရင် သူ့ကိုဆုံးရှုံးရမှာအား ရုတ်တရက်ကြောက်လန့်သွားခဲ့တယ်။
အတူတူ ရက်ပေါင်းများစွာ ကုန်ဆုံးပြီးနောက်မှာတော့ သူမဟာ အရင်ဘဝကလိုမျူး သူ့ကိုဂရုမစိုက်သလို ဆက်ဆံလို့မရတော့ပါဘူး။ ဘယ်အချိန်မှာ စတင်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် အခုတော့ သူ့ကို ဆုံးရှုံးရမယ်ဆိုတဲ့ အတွေးက သူမအတွက် မခံမရပ်နိုင်အောင် ဖြစ်လာပါပြီ။
အားသာချက်၊ အားနည်းချက်တွေကို စိတ်က မချိန်ဆနိုင်ခင်မှာပဲ သူမက သူ့နောက်ကိုလိုက်သွားပြီး သူ့လက်ကိုဆွဲကာ လူသူကင်းမဲ့တဲ့ဆိုင်ကို ခေါ်ဆောင်သွားပြီးသား ဖြစ်နေပါပြီ။ အခုလို သူမရဲ့ အရေးကြီးဆုံးလျှို့ဝှက်ချက်ကို မျှဝေပြီးတဲ့အခါမီာတော့ စိတ်သက်သာရာရပြီး လွတ်လပ်သွားသလို ခံစားရပါတယ်။
သူကိုကြည့်ပြီး သူမက တိုးတိုးလေးမေးလိုက်တယ် "အစ်ကိုယန်း ပျော်ရဲ့လား"
ကျင်းရွှီယန်းက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြီး "ပျော်တယ်" လို့ ပြန်ဖြေလိုက်တယ်။
"ရှင်ပျော်နေသရွေ့ အဲဒါကတန်ဖိုးရှိတယ်"
သူမ စကားပြောပြီးချင်းမှာပဲ ချင်လူဇီရဲ့အသံက အပြင်ကနေ ထွက်ပေါ်လာတယ်"ကပ္ပတိန်၊ ခယ်မ၊ ငါတို့သွားဖို့ အဆင်သင့်ဖြစ်ပါပြီ"
ဒီစကားကိုကြားတော့ နှစ်ယောက်သားက တံခါးဖွင့်ပြီး အပြင်ထွက်လာကြတယ်။ သူတို့ထွက်သွားပြီးနောက်တွင် ချင်လူဇီက ဆိုင်ထဲကိုဝင်လာပြီး ပတ်ပတ်လည်ကိုကြည့်လိုက်တယ်။
သူ့ကပ္ပတိန်နဲ့ ခယ်မတို့က ပြန်ပေါ်လာခင် ခဏတာ ပျောက်သွားတယ်ဆိုတာကို သူ သေချာတယ်။ သူ့မြေပုံပေါ်က အပြာရောင်အစက်လေးတွေကမရွေ့ဘဲ ပျောက်ကွယ်သွားတာကြောင့် ဒီဆိုင်ထဲက တစ်ခုခုက သူတို့ရဲ့တည်နေရာကို ပိတ်ဆို့ထားတယ်ဆိုတဲ့ သဘောပဲ။
သူသည် ဆိုင်နေရာကို သေချာစွာရှာဖွေသော်လည်း ဘာမှမတွေ့ပေ။ သူက စိတ်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း နောက်ဆုံးတော့ လက်လျှော့ကာ ထွက်ခွာသွားခဲ့တယ်။
သူတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီးသည်နှင့် လူတိုင်းက ကားများပေါ်တက်ပြီး Global Companyရဲ့ ဌာနချုပ်သို့ ဦးတည်ကာသွားလိုက်ကြတယ်။ ၎င်းက နိုင်ငံတွင် အကြီးဆုံးကော်ပိုရေးရှင်းဖြစ်ပြီး ၎င်း၏ ရုံးချုပ်က လင်အန်းမြို့ထဲတွင် အကြီးဆုံးဖြစ်သည်။
ဈေးဧရိယာကနေ Global Company ရဲ့ အဆောက်အဦးတွေအထိ ကားမောင်းသွားရင် မိနစ်လေးဆယ်လောက် ကြာမယ်ထင်တယ်။ ဒါပေမယ့် စွန့်ပစ်ထားတဲ့ မရေမတွက်နိုင်အောင်များသည့်ကားတွေနဲ့ လမ်းမှာ လှည့်လည်သွားလာနေတဲ့ ဇွန်ဘီတွေကြောင့် အဲဒီနေရာကို ရောက်ဖို့ နှစ်နာရီလောက် ကြာသွားတယ်။
ဒီတစ်ခါတော့ သူတို့ အဆောက်အဦးတွေအောက်မှာ တည့်တည့်ပဲရပ်လိုက်ပြီးနောက်ချက်ချင်းပဲ ဇွန်ဘီတွေ ဝိုင်းထားခံလိုက်ရတယ်။
"ဒုန်းး ဒုန်းး ဒုန်း"
"ရားးး"
နတ်ဆိုးအဖွဲ့သားတွေက ကားအထဲမှာပဲ နေနေတုန်းဖြစ်ပေမယ့် ဇွန်ဘီတွေကဟိန်းဟောက်ပြီး ကားတွေကို ဝင်တိုက်နေကြပြီ။
အဲဒီအချိန်မှာ ကျန်းယွမ်က ဝေါ်ကီတော်ကီကို အသုံးပြုပြီး "ကပ္ပတိန်၊ ကျွန်တို့ကို ဝိုင်းထားလိုက်ကြပြီ။ လမ်းရှင်းဖို့ စက်သေနတ်သုံးသင့်လား" လို့ မေးလိုက်တယ်။
သူတို့ရဲ့ သံချပ်ကာယာဉ်တွေမှာ စက်သေနတ်တွေတင်မကဘူး အမြောက်တွေပါ တပ်ဆင်ထားပါတယ်။
လက်နက်တွေကို အသုံးပြုပြီး အဲဒီနေရာက ဇွန်ဘီတွေကို သူတို့အနေနဲါ အလွယ်တကူသုတ်သင်ရှင်းလင်းနိုင်ပေမယ့် ဆူညံသံတွေက ဇွန်ဘီတွေကို ပိုပြီးဆွဲဆောင်နိုင်ပြီး လမ်းတွေကိုလည်း ပျက်စီးစေနိုင်တယ်။ လုံးဝလိုအပ်မှသာ ဒီလိုလက်နက်တွေကို သုံးဖို့ ကြိုးစားခဲ့ကြပါတယ်။
ကျင်းရွှီယန်းက ပြန်မဖြေနိုင်ခင်မှာပဲ လီစီခိုင်က "ဒုကပ္ပတိန်၊ ကျွန်တော် သူတို့ကို ရှင်းလင်းကြည့်ပါရစေ" လို့ ပြောလိုက်တယ်။
ကျန်းယွမ်က သူ့ကိုကြည့်ပြီး "စီခိုင်၊ မင်းမှာ အကြံဥာဏ်တစ်ခုခုရှိလား" လို့ မေးလိုက်တယ်။
လီစီခိုင်က ခေါင်းညိတ်ပြီး "ကျွန်တော် တစ်ခါမှ မစမ်းကြည့်ဖူးဘူး၊ ဒါကြောင့် အလုပ်ဖြစ်မယ်လို့တော့ မသေချာဘူး" လို့ ပြန်ဖြေတယ်။
"အဆင်ပြေပါတယ်။ စမ်းကြည့်လိုက်ပါဦး" ဟု ကျင်းရွှီယန်း ရဲ့အသံက ဝေါ်ကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာသည်။
လီစီခိုင်ကခေါင်းညိတ်ပြီး ကားကိုယ်ထည်ပေါ် လက်ဖဝါးတင်ကာ သူ့စွမ်းအင်ကို လက်ဖဝါးကတဆင့် ဖြန့်လိုက်တယ်။
နောက်တစ်ခဏမှာတော့ မဲနယ်ရောင်လျှပ်စီးကြောင်းတွေ တဖျပ်ဖျပ်ပေါ်လာပြီး သံချပ်ကာကားတစ်ခုလုံးကို ဝန်းရံထားပါတယ်။ လျှပ်စီးကြောင်းက မြွေတွေလို ရွေ့လျားပြီး ဇွန်ဘီတွေကို နောက်ပြန်တွန်းထုတ်လိုက်တဲ့ ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။
ပိုက်ကွန်ကပိုပြန့်သွားပြီး ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို ဓာတ်လိုက်စေကာ မီးလောင်ကျွမ်းနေသော အလောင်းများအဖြစ် ပြောင်းသွားစေတယ်။ မိုးကြိုးပိုက်ကွန်က သံချပ်ကာကားအားလုံးကို ဖုံးအုပ်သည်အထိ ဆက်လက်ကျယ်ပြန့်လာပြီး အပြင်ဘက်ရှိ ဇွန်ဘီများကို ပိတ်ဆို့ထားသည့် ခုံးပုံသဏ္ဍာန် အတားအဆီးတစ်ခု ဖြစ်လာတယ်။
လီစီခိုင်က ကားပေါ်ကနေ လက်ကို ပြန်ဆွဲထုတ်ပြီး နူးညံ့တဲ့အပြုံးနဲ့ "ဒုကပ္ပတိန်၊ ကျွန်တော်တို့ အခု ထွက်သွားလို့ရပြီ" လို့ ပြောလိုက်တယ်။
တံခါးဖွင့်လိုက်တဲ့အခါ အပြင်ဘက်က မိုးကြိုးပိုက်ကွန်ကို လူတိုင်း မြင်လိုက်ရတယ်။ ရှောင်ချီရဲ့မျက်လုံးတွေ အံ့သြတကြီးပြူးကျယ်သွားပြီး လက်မထောင်ပြလိုက်တယ်"အစ်ကိုစီခိုင်၊ မင်းရဲ့စွမ်းရည်က အံ့သြစရာပဲ"
လီစီခိုင်က ချီးကျူးစကားကိုကြားတော့ ရယ်ပြီး ကျိုးနွံစွာ ပြန်ဖြေလိုက်တယ် "တခြားသူတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး”