← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း-(၂၄၇)

အခုံးပုံသဏ္ဍာန် မိုးကြိုးအတားအဆီးက အချင်း ၅၀ မီတာရှိတယ်။ ဇွန်ဘီတွေကို ဘယ်လောက်တောင် လွယ်လွယ်ကူကူ ကင်လိုက်နိုင်လဲဆိုတာကို ကြည့်မယ်ဆိုရင် လီစီခိုင်ရဲ့စွမ်းရည်က သာမန်နဲ့ လုံးဝမတူကြောင်းသိနိုင်တယ်။

ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့က အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ လီစီခိုင်ရဲ့ အပြာရောင်မိုးကြိုးကို မြင်သောအခါတွငမ နှစ်ယောက်စလုံးက သဘောပေါက်လိုက်ကြတယ်။ သူရဲ့စွမ်းရည်က အစွမ်းထက်ရုံသာမကဘဲ အဆင့်မြင့် ဗီဇပြောင်းလဲထားသော စွမ်းရည်တစ်ခုဖြစ်သည်။

လီစီခိုင်ဘေးမှာရပ်နေတဲ့ ယင်းယွီရှန်းက "အစ်ကိုစီခိုင်၊ မိုးကြိုးအတားအဆီးကို ထိန်းသိမ်းဖို့ မင်းရဲ့စွမ်းအင်ကို ဆက်သုံးနေရဦးမှာလား" လို့ မေးလိုက်တယ်။

လီစီခိုင်က သူ့မေးစေ့ကိုပွတ်ပြီး "ငါလိုချင်တဲ့အရွယ်အစားအထိ အတားအဆီးကိုချဲ့ထွင်ပြီးရင် စွမ်းအင်ကို အဆက်မပြတ်ထောက်ပံ့ပေးစရာမလိုတော့ဘူး။ ချိတ်ဆက်မှုကိုလည်း ငါဖြတ်တောက်နိုင်တယ်။ စွမ်းအင်ကုန်သွားတဲ့အထိ အတားအဆီးက တည်ရှိနေလိမ့်မယ်လို့ ငါထင်တယ်" လို့ ပြန်ဖြေလိုက်တယ်။

"ချိတ်ဆက်မှုဖြတ်တောက်ပြီးတဲ့နောက်မှာတောင် မင်း ဒါကို ထိန်းချုပ်နိုင်သေးတာလား" ဟု ရှောင်ချီက စပ်စုစွာ မေးလိုက်တယ်။

လက်ကိုမြှောက်ပြီး လီစီခိုင်က ခေါင်းညိတ်မပြခင်မှာ ခဏလောက် တိတ်ဆိတ်သွားတယ် "ငါ ပြန်ချိတ်ဆက်နိုင်ပါတယ်"

သက်သေပြရန်အတွက် သူ့လက်ချောင်းများကို လှုပ်ယမ်းလိုက်တယ်။

"ဘုန်း ဘုန်းး"

အတားအဆီးကနေ ရုတ်တရက်ကြီး မိုးကြိုးကြာနှစ်ချောင်း ထွက်လာပြီး အနီးနားကဇွန်ဘီတွေကို ရိုက်လိုက်တယ်။ သူ့ရဲ့ လက်ချောင်းတစ်ချက်လှုပ်လိုက်တိုင်းမှာ ကြာပွတ်တွေက ဖျက်ဆီးနိုင်စွမ်းနဲ့ ရိုက်ခတ်ပြီး ဇွန်ဘီတွေကို စုတ်ဖြဲပစ်လိုက်တယ်။

ရှောင်ချီဘက်သို့ လှည့်၍ လီစီခိုင်က ရှင်းပြတယ် "ဒါပေမယ့် ငါဒီလိုတိုက်ခိုက်ရင် ငါ့ရဲ့စွမ်းအင်ကို များများအသုံးပြုဖို့ လိုတယ်"

သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုကို ကြည့်ရင်း ရှောင်ချီက မမေးဘဲမနေနိုင်တော့ကာ "အစ်ကိုစီခိုင် အတားအဆီးကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်ပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်လား"

လီစီခိုင်က မျက်လုံးများကို ခဏမှိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သိုလှောင်မှုကို ခံစားကြည့်လိုက်တယ်။

သူ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်နဲ့ အတားအဆီးကိုထိန်းသိမ်းပြီး တိုက်ခိုက်မှုတွေ စတင်ဖို့ လိုအပ်တဲ့ သုံးစွဲမှုကို နှိုင်းယှဉ်ပြီးနောက်တွင် သူက "ငါ့ရဲ့ လက်ရှိ စွမ်းအင်သိုလှောင်ထားနိုင်မှုနဲ့ဆိုရင် စွမ်းအင်မကုန်ခင် သုံးနာရီလောက် ခံနိုင်ရည်ရှိသင့်တယ်" လို့ ပြန်ဖြေခဲ့တယ်။

သူဒီလိုပြောလိုက်တာနဲ့ သူ့ပတ်ဝန်းကျင်ကလူတိုင်းက အသက်ကိုပြင်းပြင်းရှူလိုက်ကြတယ်။ သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေက အထင်ကြီးစရာကောင်းတယ်လို့ အမြဲထင်ခဲ့ကြပေမယ့် ဒီနောက်ကျမှပွင့်တဲ့ပန်းပွင့်ကလေးနဲ့ ယှဉ်ရင် သူတို့ရဲ့စွမ်းအားတွေက ကလေးကစားစရာလိုပဲလို့ ခံစားရတယ်။

သူတို့ရဲ့ အံ့အားသင့်နေတဲ့အမူအရာတွေကို သတိထားမိတဲ့အခါမှာ လီစီခိုင်က ကျိုးနွံစွာပြုံးပြီး "ငါ့မှာက ဘယ်လောက်ပဲ စွမ်းအင်ရှိရှိ သေနတ်ကိုသုံးတာက ပိုလက်တွေ့ကျတယ်" လို့ ပြန်ဖြေလိုက်တယ်။

ပြီးဒါနဲ့ သူက လက်သီးကိုဆုပ်လိုက်တော့ မိုးကြိုးကြာပွတ်တွေက အတားအဆီးထဲကို ပြန်ဝင်သွားတယ်။ ပြီးတော့ သူ့ရဲ့ လေသေနတ်ကို ဆွဲထုတ်ပြီး ဇွန်ဘီတွေကို ပစ်ခတ်တော့တယ်။

ဒါကိုမြင်တော့ ကျန်တဲ့အဖွဲ့သားတွေက ကြောင်အမ်းအမ်းဖြစ်နေတဲ့နေရာကနေ လန့်နိုးလာပြီး သူ့နဲ့ပူးပေါင်းတ်ိုက်ခိုက်လ်ိုက်ကြတယ်။

သူတို့အဖွဲ့က အဆောက်အဦးအပြင်ဘက်မှာ ဇွန်ဘီတွေကို သတ်နေတုန်းမှာ အပေါ်ဆုံးထပ်ကနေ လူတစ်ယောက်က သူတို့ကို ကြည့်နေတယ်။ ခဏလောက် စောင့်ကြည့်ပြီးတဲ့နောက်မှ သူကလှည့်ပြီး နံရံနောက်မှာဝှက်ထားတဲ့ လျှို့ဝှက်အခန်းတစ်ခုထဲကို လျှောက်သွားတယ်။

အထဲရောက်သွားတော့ သူ့ဝတ်စုံကိုချွတ်ပြီး နာနိုနည်းပညာ အဝတ်အစားတစ်စုံကို ဝတ်ဆင်ခဲ့တယ်။ အထည်က သူ့အရေပြားကို ထိလိုက်တာနဲ့ အရောင်ပြောင်းသွားပြီး သူ့အသားအရေအရောင်တ်ိုင်း ဖြစ်သွားတယ်။

ဝတ်စုံက အလွန်ခေတ်မီပြီး ခိုင်ခံ့တယ်၊ ရေစိုခံတယ်၊ မီးဒဏ်ခံတယ်၊ ခရမ်းလွန်ရောင်ခြည်နှင့် အန္တရာယ်ရှိသော အရာများကို ခံနိုင်ရည်ရှိသည်။

၎င်းက ဗိုင်းရပ်စ်များ၊ မှိုများနှင့် ဘက်တီးရီးယားများမှလည်း ကာကွယ်ပေးသည်။ ထို့အပြင်၊ ဤဝတ်စုံက အပူချိန်နှင့် စိုထိုင်းဆကို အလိုအလျောက် ထိန်းညှိပေးနေစဉ်တွင် ကိုယ့်ကိုကိုယ်ကာကွယ်ရန် ကာကွယ်ရေးစနစ်ကို အသက်ဝင်စေဖို့အတွက်လည်း စွမ်းအင်ထုတ်ပေးနိုင်တယ်။ ထိုဝတ်စုံက်ုဝတ်ဆင်ထားသရွေ့ ရာသီဥတုပြောင်းလဲမှုက ခြိမ်းခြောက်မှုမရှိပါ။

ဒီနာနိုနည်းပညာကို ဖန်တီးနိုင်ဖို့အတွက် သူ့အနေနဲ့ မရေမတွက်နိုင်တဲ့ ငွေကြေးနှင့် ကြိုးစားအားထုတ်မှုတွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ သူက ကမ္ဘာတစ်ဝှမ်းက သုတေသီတွေကိုစုဆောင်းခဲ့ပြီး ဒီစီမံကိန်းအတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တယ်။ ဒါပေမယ့် သူတို့ဟာ အစုံသုံးဆယ်ပ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဝတ်စုံကိုဝတ်ဆင်ပြီးနောက်တွင် ထိုသူက ဖန်သေတ္တာတစ်လုံးကိုဖွင့်ပြီး အမည်မသိသတ္တုဖြင့်ပြုလုပ်ထားသော လက်စွပ်သုံးကွင်းကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကိုဝတ်ဆင်ခြင်းမပြုမီ သွေးစက်တစ်စက်စီ လက်စွပ်ပေါ်သို့ ကျစေခဲ့သည်။ ခဏအကြာတွင်တော့ လက်စွပ်များက အပြာရောင်ဖျော့ဖျော့အလင်းဖြင့် လင်းလက်သွားသည်။

ကျေနပ်အားရစွာ ပြုံးလိုက်ပြီး သူ့ဘယ်ဘက်လက်ချောင်းများပေါ်သို့ တတ်ဆင်လိုက်တယ်။ ရိုးရှင်းသော လက်ဝှေ့ယမ်းမှုတစ်ခုဖြင့်ပင် လက်နက်များ၊ နာနိုနည်းပညာ အဝတ်အစားများ၊ ရွှေချောင်းများနှင့် အမည်မသိ ဆေးဝါးပုလင်းများစွာကို သိုလှောင်လက်စွပ်တစ်ခုထဲသို့ စုဆောင်းခဲ့နိုင်သည်။

ထို့နောက်တွင်တော့ သူ ပေါ့ပေါ့ပါးပါးဝတ်စုံကို လဲလှယ်ဝတ်ဆင်ခဲ့ပြီး အဖြူရောင်တီရှပ်အပေါ်မှ အပြာရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီနှင့် လိုက်ဖက်သော အပြာရောင် sneakers ဖိနပ်တို့ကို ဝတ်ဆင်ခဲ့သည်။

အဝတ်အစားတွေဝတ်ပြီးတာနှင့် သူသည် ထွက်ပေါက်သို့ လျှောက်သွားပြီး တံခါးကို ဖွင့်လိုက်တယ်။ စင်္ကြံတစ်လျှောက်မှာတော့ ပုတ်ပွနေသော ဇွန်ဘီအလောင်းများဖြင့်ဖုံးလွှမ်းနေပြီး တစ်ချိန်က လှပသောအဖြူရောင်နံရံများသည် ယခုအခါတွင်တော့ ရေညှိကဲ့သို့ မည်းနက်နေသော သွေးများဖြင့် စွန်းထင်းနေသည်။

သွေးထွက်သံယိုမြင်ကွင်းကို ဂရုမစိုက်ဘဲ ထိုလူက စင်္ကြံမှာ အလျင်စလိုလျှောက်သွားသည်။ သူ့ခြေလှမ်းများက စေးကပ်သောသွေးများနှင့် ပုပ်သိုးနေသော အသားများကို ဖြတ်နင်းသွားတယ်။ သူရဲ့ ဈေးကြီးသောနာရီကို ကြည့်ရင်း ပြုံးလိုက်ကာ "ဒီနေရာက ထွက်သွားရမယ့်အချိန်ရောက်ပြီ" ဟု တိုးတိုးလေးပြောလိုက်တယ်။

အဆောက်အဦးအပြင်ဘက်က ကျင်းရွှီယန်းနှင့် သူ့အဖွဲ့ကတော့ ထိုနေရာရှိ ဇွန်ဘီများကို ရှင်းလင်းဖယ်ရှားပြီးဖြစ်သည်။

ဇွန်ဘီတွေအများကြီးကို ပိတ်ဆို့ထားပေမယ့်လည်း မိုးကြိုးအတားအဆီးက မပျက်စီးဘဲ အပြာရောင်မီးပွားတွေနဲ့ တဖျပ်ဖျပ်တောက်နေတုန်းပါပဲ။ လီစီကိုင်က သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ မိုးကြိုးအတားအဆီးက ချက်ချင်းပဲပျောက်ကွယ်သွားပါတယ်။

ဒါကိုမြင်တော့ ရှောင်ချီက သူ့လျှာကို နှိမ့်ပြီး "အစ်ကိုစီခိုင် မင်းရဲ့အတားအဆီးက အရမ်းခိုင်မာတယ်။ ဒီလိုဆိုရင်တော့ ဇွန်ဘီအုပ်စုတွေကြောင့် ကျွန်တော်တို့ စိတ်ပူစရာမလိုတော့ဘူး" လို့ ပြောလိုက်တယ်။

"ပုံမှန်ဖုတ်ကောင်တွေကိုတော့ ကောင်းကောင်းကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ငါ့ရဲ့အတားအဆီးက အဆင့်မြင့်ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုကို ကြာကြာခံနိုင်မယ်လို့ မထင်ဘူး" ဟု လီစီခိုင်က ကျိုးနွံစွာ ပြန်ဖြေတယ်။

"အစ်ကိုစီခိုင်၊ မင်းက အရမ်းနှိမ့်ချလွန်းတယ်" ဟုပြောကာ ရှောင်ချီက သက်ပြင်းချလိုက်တယ်။

အဆောက်အဦးထဲမဝင်ခင်မှာ အရင်ဆုံးအနေဖြင့် ကျိူးလီဇီက သူတို့ရဲ့သံချပ်ကာကားတွေကို သူမရဲ့ နေရာလွတ်ထဲမှာ အရင်သိမ်းလိုက်ပါတယ်။ ဧည့်ခန်းထဲကို ဝင်လိုက်တဲ့အခါမှာတော့ မြေပြင်မှာက သွေးမည်းတွေနဲ့ ဖုံးလွှမ်းနေပြီး ဇွန်ဘီအလောင်းတွေက နေရာအနှံ့ပြန့်ကျဲနေတာကို တွေ့လိုက်ရပါတယ်။

ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကိုမြင်သောအခါ ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ပြီး သူရဲ့အနက်ရောင်မီးလျှံဖြင့် အလောင်းများကိုမီးရှို့လိုက်သည်။ သူအဖွဲ့ဝင်‌ တွေက ရှေ့သို့တိုးလာဖို့လုပ်သောအခါမှာတော့ သူက "သတိထား။ ဒီနေရာမှာ တစ်စုံတစ်ခု ပုန်းအောင်းနေတယ်" ဟု သတိပေးလိုက်တယ်။

အဲဒီအချိန်မှာ ချင်လူဇီက "ကပ္ပတိန်၊ တစ်ယောက်ယောက်လာနေပြီ" လို့ ရုတ်တရက်ပြောလိုက်တယ်။

သူ့စိတ်မြေပုံကို အာရုံစိုက်နေခဲ့ပြီး အဲဒီမှာ အပြာရောင်အစက်လေးတစ်စက်က သူတို့ရှိရာကို ချဉ်းကပ်လာနေတယ်။ သူ့ရဲ့ကပ္ပတိန်၊ ခယ်မနဲ့ ပိုင်ရီကျီးတို့ကလွဲရင် ဒါက သူ့ရဲ့ စိတ်စွမ်းရည်ကို နိုးထလာပြီးကတည်းက သူမြင်ဖူးခဲ့သမျှ အပြာရောင်အစက်လေး ၄ ခု မြောက်ပဲ။

မကြာခင်မှာပဲ သတ္တုတံခါးဖွင့်သံနဲ့အတူ ပေါ့ပါးတဲ့ခြေသံတွေကို ကြားလိုက်ရတယ်။ သူတို့ကချက်ချင်းပဲ သေနတ်တွေကို မြှောက်ပြီး အသံလာရာဆီကို ချိန်ရွယ်လိုက်ကြတယ်။

ငါးမိနစ်အကြာတွင် စင်္ကြံမှ လူတစ်ယောက်ပေါ်လာပြီး သူတို့ဘက်သို့ လျှောက်လာသည်။

သူ့ကို လက်နက်တွေအများကြီးနှင့် ချိန်ထားတာကိုမြင်တော့ သူက ရယ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တယ် "ရဲဘော်တို့၊ ခင်ဗျားတို့က မဖိတ်ခေါ်ဘဲ ကျွန်တော့်အိမ်ကို ရောက်လာပြီး သေနတ်တွေနဲ့ ကျွန်တော့်ကိုချိန်ထားတာလား။ဒါက နည်းနည်းတော့ ရိုင်းတယ်မဟုတ်လား”

အခန်း-(၁၄၈)

ထိုသူရဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှာပဲ ကျိူးလီဇီရဲ့နှလုံးသားကတော့ တစ်ချက်ဆောင့်ခုန်လို့သွားတယ်။ သူမက အရှေ့ကို ခြေလှမ်းကာသွားလိုက်တဲ့အခါမှာတော့ ရင်းနှီးနေသော ချောမောတဲ့မျက်နှာတစ်ခုက သူမကိုပြုံးပြနေတာမြင်လိုက်ရတာကြောင့် အံ့အားသင့်မှုဖြင့် သူမရဲ့မျက်လုံးတွေကပြူးကျယ်သွားရသည်။

"ဒုခေါင်းဆောင်" သူမ အော်လိုက်မိတယ်။

ဒါကိုကြားတော့ လူတိုင်းက သူမကို လှည့်ကြည့်လိုက်ကြတယ်။ ကျင်းရွှီယန်းက အံ့အားသင့်သွားပြီး အဲဒီလူကို ကြည့်လိုက်တယ်။ သူ့အကြည့်တွေက ထိုသူရဲ့ ချောမောတဲ့မျက်နှာပေါ် ရောက်သွားတာနဲ့ "သူပဲ" လို့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

အဲဒီလူကမျက်ခုံးတွေကိုပင့်ပြီး သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာကာ "ညီမလေး၊ ကျွန်တော့်ကို သိလား" လို့ မေးလိုက်တယ်။

ရင်းနှီးနေတဲ့အသံက မရင်းနှီးတဲ့ စကားလုံးတွေကို ပြောနေတာကြားတော့ ကျိူးလီဇီက ခေါင်းခါပြီး "ကျွန်မ ၊ရှင့်ကို တခြားတစ်ယောက်လို့ အထင်မှားနေတာ" လို့ ပြန်ဖြေလိုက်တယ်။

ထိုအမျိူးသားကတော့ သူမကို နဲနဲလေးတောင် မယုံပါဘူး။ သူမရဲ့တုံ့ပြန်မှု အကြည့်နှင့် အပြုအမူတွေက သူမ သူ့ကို သိတယ်ဆိုတာနဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ တစ်ချိန်က ရင်းနှီးခဲ့တယ်ဆိုတာကို ပြောပြနေတယ်။ ဒါပေမယ့် ဒီမိန်းကလေးနဲ့ အရင်က တွေ့ဆုံခဲ့ဖူးတဲ့ အမှတ်တရတွေ သူ့မှာ မရှိတာကြောင့် ဒီလိုဖြစ်နိုင်မှာ မဟုတ်ဘူး။

အဲဒီအချိန်မှာပဲ သူ့ဆီကို စူးရှတဲ့ သတ်ဖြတ်ချင်စိတ်တစ်ခုက ဦးတည်လာနေတာကို ခံစားလိုက်ရတယ်။ ထိုအကြည့်ရဲ့ ဦးတည်ရာဆီကြည့်လိုက်တဲ့အခါ ကျင်းရွှီယန်းရဲ့ အေးစက်စက် မျက်လုံးတွေနဲ့ဆုံမိသွားတယ်။ ပျော်ရွှင်စွာဖြင့် သူ့နှုတ်ခမ်းထောင့်တွေက မြင့်တက်သွားတယ်။

'ကဲ ကဲ ကဲ... ဒီနှစ်ယောက်က အတော်လေး စိတ်ဝင်စားစရာပဲ။ ငါ ဒီမှာနေပြီး ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်သင့်တယ်' ဟု သူ့ဘာသာသူ တွေးလိုက်တယ်။

ဆုံးဖြတ်ချက်ချပြီးတဲ့နောက်တွင်တော့ သူက နူးညံ့သောအပြုံးဖြင့် ရှေ့သို့တိုးလာပြီး "ရဲဘော်တို့၊ ကျွန်တော့်နာမည်က လီချီရွှမ် ပါ။ ကျွန်တော်က ဒီကို ထောက်ပံ့ရေးပစ္စည်းတွေ ရှာဖို့အတွက် ရောက်လာတာ ဒါပေမယ့် ဒီမှာက အသုံးဝင်တဲ့အရာ ဘာမှမကျန်တော့ပါဘူး" ဟု ပြောလိုက်တယ်။

မိတ်ဆက်စကားဆုံးပြီးတဲ့နောက်မှာပဲ သူ့ရဲ့ တင်းရင်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေပေါ်မှာ လက်ချောင်းတွေကို တင်ပြီး ဝမ်းနည်းစွာဖြင့် "ကျွန်တော် မစားသောက်ရတာနှစ်ရက်လောက်ရှိပြီ ကျွန်တော့်ကို စားစရာ နည်းနည်းလောက် ပေးနိုင်မလား" လို့ မေးလိုက်တယ်။

ဒါကိုကြားလိုက်ရတဲ့အချိန်မှာတော့ ကျိူးလီဇီရဲ့နှလုံးသားလေးက နာကျင်သွားတယ်။ သူမရဲ့ဒုခေါင်းဆောင်က သူမရဲ့နှလုံးသားထဲမှာ အမြဲတမ်းထူးခြားတဲ့နေရာတစ်ခုယူထားတယ်။ သူမကို ကြင်ကြင်နာနာဆက်ဆံပြီး နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူက သူပဲ။ သူမအတွက်တော့ သူက မိသားစုဝင်တစ်ယောက်လို ၊ အစ်ကိုကြီးတစ်ယောက်လိုပါပဲ။

ယခုတော့ သူမတွင် အစားအစာထုတ်လုပ်နိုင်စွမ်းရှိပြီဖြစ်သောကြောင့် သူဆာလောင်နေတာကို မကြည့်ရက်တော့ပေ။ သူ့ရဲ့သနားစရာလေသံ၊ နှိမ့်ချတဲ့အကြည့်နှင့် အားနည်းနေပုံရတဲ့ အခြေအနေကြောင့် သူမရဲ့ အပြစ်ရှိသလိုခံစားချက်ကို ပိုတိုးလာစေတယ်။

သူမက တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းညိတ်ပြီး "ကျွန်မမှာ စားစရာတချို့ရှိတယ်။ ရှင်စားလို့ရတယ်" လို့ ပြောလိုက်တယ်။

သူမက သူ့ထံသို့လျှောက်သွားရင်း ကျောပိုးအိတ်ရဲ့ဇစ်ကို ဖွင့်လိုက်တယ်။ သူ့ရှေ့မှာ ရပ်လိုက်ပြီး ထမင်းငါးလုံး၊ အလိုအလျောက် အပူပေးသည့် ဟော့ပေါ့တစ်အိုး၊ အသင့်စား ဝက်အူချောင်းနှစ်ချောင်းနှင့် ရေတစ်ပုလင်းတို့ဖြင့် ပြည့်နေသော နေ့လယ်စာကို ထုတ်ပေးလိုက်သည်။

လီချီရွှမ်က စမ်းသပ်ကြည့်ရုံသာ ရှိသေးတာကြောင့် မိန်းကလေးက ဒီလောက်ထိရက်ရောလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူ့ရင်ခွင်ထဲမှ အစားအစာနှင့်ရေကို ကိုင်ထားပြီး သူမကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။

ဒါပေမယ့်လည်း အံ့ဩနေတဲ့မျက်နှာအမူအရာက မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားပြီး သူ့ရဲ့ ပုံမှန်လူကြီးလူကောင်းဆန်တဲ့ အမူအရာနဲ့ အစားထိုးသွားပါတယ်။ သူမကို ပြုံးပြီး "ကျေးဇူးတင်ပါတယ် ညီမလေး။ မင်းက လူကောင်းတစ်ယောက်ပဲ" လို့ ပြောလိုက်တယ်။

သူမရဲ့ ကြာမြင့်စွာပျောက်ဆုံးနေတဲ့ "အစ်ကို" ဆီကနေ လူကောင်းကတ်တစ်ခုကို ရရှိတဲ့အခါမှာတော့ ကျိူးလီဇီက အရူးတစ်ယောက်လို ပြုံးရယ်လိုက်ပြီး "ဒါက ဘာမှ မဟုတ်ပါဘူး။ ထပ်လိုအပ်ရင် ကျွန်မကို အသိပေးပါ" လို့ ပြန်ဖြေလိုက်တယ်။

ပြောပြီးပြီးချင်းမှာပဲ သူမရဲ့လက်ကောက်ဝတ်ကနေ ဆွဲခံလိုက်ရပြီး ကျင်းရွှီယန်းက သူမကို အနောက်ဆီဆွဲလိုက်တယ်။ မော့ကြည့်လိုက်တော့ သူမရဲ့ရည်းစားက သူမရဲ့ "အစ်ကို" ကို အေးစက်စွာစိုက်ကြည့်နေတာ တွေ့လိုက်ရသည်။

ကျင်းရွှီယန်းက သူမကို ပွေ့ဖက်လိုက်ပြီး "ငါ့ချစ်သူက ရက်ရောတယ်၊ ဒါပေမယ့် သူ့ကို ငှားထားပြီးပြီ။ စားစရာ ဒါမှမဟုတ် ရေထပ်လိုအပ်သေးရင် ရှောင်ချီ ဒါမှမဟုတ် ဖုန်းယွင် ဆီမှာ မေးကြည့်ပါ" လို့ ပြောလိုက်တယ်။

ထို့နောက် သူမဘက်သို့လှည့်ကာ မျက်လုံးများကို နိမ့်လို့ ခါးသီးစွာ မေးလိုက်သည် "အာဇီ၊ မင်းရဲ့နှလုံးသားကို ပြောင်းလဲလိုက်တာလား"

ကျိူးလီဇီဟာ သူ့ရဲ့ ရုတ်တရက်မေးခွန်းကြောင့် အံ့အားသင့်သွားတယ်။ သူမရဲ့ းဒုခေါင်းဆောင်နှင့်က ရင်းနှီးပေမယ့် ကျင်းရွှီယန်းအပေါ်မှာထားတဲ့ သူမရဲ့ခံစားချက်တွေကတော့ အများကြီးပိုနက်ရှိုင်းပါတယ်။ သူ့ရဲ့မနာလိုမှုကို သတိထားမိလိုက်တော့ သူ့လက်ကို အမြန်ဆုပ်ကိုင်ပြီး "မဟုတ်ပါဘူး မင်းတစ်ယောက်တည်းကိုပဲ ကြိုက်တာပါ။ အတွေးလွန်မနေနဲ့" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက ဘာမှ မပြောပေမယ့် သူ့ရဲ့ အေးစက်တဲ့ အကြည့်တွေက လီချီရွှမ်ဆီ ပြန်ရောက်သွားကာ လေထုတိတ်ဆိတ်ငြိမ်သက်တဲ့ ရန်လိုမှုတွေနဲ့ ပြည့်နှက်နေပြီး လွှမ်းမိုးမှုကို ရှင်းရှင်းလင်းလင်း ကြေငြာနေသလိုပါပဲ။

ဒါကိုမြင်တော့ လီချီရွှမ်က ရယ်ပြီး "ရဲဘော်၊ စိတ်မပူပါနဲ့။ တခြားတစ်ယောက်ရဲ့ မိန်းကလေးကို စိတ်မဝင်စားပါဘူး" လို့ ပြောလိုက်တယ်။

"မင်း မလုပ်တာ အကောင်းဆုံးပဲ" ဟု ကျင်းရွှီယန်းက အေးစက်စွာ ပြန်ဖြေတယ်။ ထို့နောက် သူ့အဖွဲ့ဘက်လှည့်ကာ "ငါတို့ နောက်ထပ်အဆောက်အဦးဆီကို ဆက်သွားကြမယ်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ ကပ္ပတိန်" ဟု အဖွဲ့သားများက တညီတညွတ်တည်း ပြန်ဖြေကြတယ်။

လီချီရွှမ်ကို နောက်ထပ်တစ်ချက်လေးမှကို မငဲ့ကြည့်ဘဲ ကျင်းရွှီယန်းက ကျိူးလီဇီ ရဲ့လက်ကိုဆွဲကာ ဝင်ပေါက်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။

သူတို့ထွက်သွားခါနီးမှာပဲ လီချီရွှမ်က "ထောက်ပံ့ရေးပစ္စည်းတွေရှာနေတယ်ဆိုရင် ရုံးခန်းအဆောက်အအုံတွေကိုမကြည့်ဘဲ ဂိုဒေါင်ကိုကြည့်ပါ" လို့ အော်ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျန်းယွမ်က နောက်လှည့်လာပြီး "ရဲဘော် ဂိုဒေါင်ဘယ်မှာရှိလဲဆိုတာကို မင်း သိလား" လို့ မေးလိုက်တယ်။

လီချီရွှမ်က ခေါင်းညိတ်ပြီး "ကျွန်တော် မင်းတို့ကို လမ်းပြပေးနိုင်ပါတယ်" လို့ ပြောလိုက်တယ်။

ကျန်းယွမ်က သူ့ကပ္ပတိန်ကို လှမ်းကြည့်လိုက်တယ်။ ထိုလူနှင့် ကျိူးလီဇီရဲ့ ထူးဆန်းသောအပြုအမူကြောင့် ခေါင်းဆောင်က စိတ်မသက်မသာဖြစ်နေပုံရတယ်။

ကျင်းရွှီယန်းက အားသာချက်နှင့် အားနည်းချက်များကို ချိန်ဆပြီးနောက် "လမ်းပြပေးပါ" ဟု ပြောလိုက်တယ်။

"ကောင်းပြီ" လီချီရွှမ်က သူတို့နှင့် ပူးပေါင်းဖို့ သဘောတူတယ်။

ချင်လူဇီက နောက်ကနေ လျှောက်လာရင်း သူ့စိတ်ထဲမှာရှိတဲ့ စိတ်မြေပုံကို စစ်ဆေးကာ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီလူရဲ့အရှိန်အဝါအရောင်က ကျိူးလီဇီရဲ့ အရှိန်အဝါထက် အနည်းငယ်ပိုပေမယ့် ကပ္ပတိန်ရဲ့အရှိန်အဝါထက်တော့ ပိုပေါ့ပါးတယ်။ အဲဒါက ဒီလူရဲ့ စွမ်းရည်က အရမ်းအားကောင်းတယ်ဆိုတာကို ပြသနေတယ်။

"ဂိုဒေါင်ဧရိယာက ဆင်ခြေဖုံးရပ်ကွက်မှာ ရှိတယ်။ ထောက်ပံ့ရေးပစ္စည်းတွေ ရှာနေတယ်ဆိုရင် ဒီရုံးခန်းရပ်ကွက်က ပိတ်လမ်းကြီးပဲဖြစ်နေလိမ့်မယ်" ဟု လီချီရွှမ်က ကားနောက်ခန်းတွင် ထိုင်နေရင်းရှင်းပြတယ်။

ကျင်းရွှီယန်းက ကားကိုမောင်းနှင်ပြီး ကျိူးလီဇီက ခရီးသည်ထိုင်ခုံမှာထိုင်နေတာကြောင့် လီချီရွှမ်အတွက်တော့ ကားနောက်ခုံမှာ သက်တောင့်သက်သာထိုင်ဖို့ နေရာအလုံအလောက်ရှိခဲ့တယ်။ သူစားသောက်နေတုန်းမှာ ဒီမိန်းကလေးက နောက်ကြည့်မှန်ကနေတဆင့် သူ့ကို အကြိမ်ကြိမ်ကြည့်နေတာကို သူသတိထားမိလိုက်တယ်။

သူဘယ်လောက်ချောတယ်ဆိုတာကို သူသိတယ်။ မိန်းကလေးအများစုက သူ့ကို နှစ်ပေါင်းများစွာ သဘောကျခဲ့ကြတယ်။ ဒါပေမယ့် သူမရဲ့ရည်းစားကလည်း တခြားနည်းနဲ့ ဆွဲဆောင်မှုရှိတာပဲလေ ဒီကောင်မလေးက ဘာလို့ သူကို ဒီလောက်တောင်ချောင်းကြည့်နေတာလဲဆိုတာကို သူနားမလည်နိုင်ဘူး။

ဟုတ်ပါတယ်၊ သူသတိထားမိပြီးကတည်းက ကျင်းရွှီယန်း ကလည်း သတိထားမိလိုက်တယ်။ စတီယာရင်ကို ဆုပ်ကိုင်ထားရင်း သူကစိတ်တိုတိုနဲ့ "အာဇီ၊ သူက ချောလား" လို့ မေးလိုက်တယ်။

"ဟမ်" ရုတ်တရက်မေးခွန်းကြောင့် ကျိူးလီဇီက အံ့သြသွားပြီး မျက်တောင်ခတ်လိုက်တယ်။

"သူက ပိုချောလား၊ ငါလား" လို့ သူက ထပ်မေးလိုက်တယ်။

သူပြောလိုက်တာနဲ့ အစာကိုမျိုချနေဆဲဖြစ်တဲ့ လီချီရွှမ်ဟာ ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားတယ်။ ရေဘူးကို မြန်မြန်ယူပြီး ရေအနည်းငယ်ကို သောက်လိုက်တယ်။

ဒီလောက်တည်ကြည်တဲ့ပုံပေါက်တဲ့ ဒီလူဟာ မျက်နှာအမူအရာမပြောင်းလဲဘဲ ရှက်ရွံ့မှုကင်းမဲ့တဲ့ စကားလုံးတွေကို ပြောနိုင်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ သူ့အရေပြားက ထူထဲတယ်။

အခန်း-(၂၄၉)

သူ ချောင်းဆိုးနေတာကိုမြင်တော့ ကျိူးလီဇီက "အစ်ကို အဆင်ပြေရဲ့လား" လို့ မေးလိုက်တယ်။

လီချီရွှမ်က လက်ကိုဝှေ့ယမ်းပြီး တိုးတိုးလေးပြန်ဖြေလိုက်တယ် "ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမယ့်... မင်းရဲ့ချစ်သူကတော့ အဆင်ပြေပုံမပေါ်ဘူး"

ကျိူးလီဇီက ခေါင်းညိတ်ပြီး "အင်း၊ ကျွန်မရဲ့ချစ်သူက အရမ်းမနာလိုတတ်တယ်။ သူဒီလိုပြောတာက ပုံမှန်ပါပဲ။ မကြားချင်ယောင်ဆောင်ပြီးနေ" လို့ ပြန်ဖြေလိုက်တယ်။

လီချီရွှမ်သည် သူမရဲ့ ပေါ့ပေါ့တန်တန်တုံ့ပြန်မှုကြောင့် စကားမပြောနိုင်အောင် ဖြစ်သွားတယ်။ သူတို့အကြောင်းကို စပ်စုချင်ခဲ့သော်လည်း အခုတော့ သူတို့ရဲ့တတိယဘီး မဖြစ်ချင်တော့ပါ။

အခုအချိန်မှာမှ တခြားလူတွေက ဘာလို့ တခြားကားထဲကို တိုးဝင်ဖို့ အတင်းအကျပ်လုပ်နေကြတာလဲဆိုတာကို သူနောက်ဆုံးတော့ နားလည်သွားပါပြီ။ ဒီစုံတွဲရဲ့ ချိုမြိန်မှုမှာ လွှမ်းမိုးခံရပြီးနောက်တော့ သူ့သွားတွေပါ ကျိူးသွားတော့မလိုပဲ ခံစားလိုက်ရတယ်။

ကျိူးလီဇီ သူ့ရဲ့အတွင်းစိတ်ထဲကဝေဒနာကိုမသိဘဲ သူ့ချစ်သူရဲ့လက်မောင်းဆီ လက်လှမ်းလိုက်ပြီး "အစ်ကိုယန်း ဘာလို့ ဒေါသထွက်နေတာလဲ" လို့ မေးလိုက်တယ်။

သူမက သူ့ကို လေးနက်စွာ ကြည့်လိုက်တယ်။ ကားနောက်ခန်းထဲကလူက တစ်ချိန်က သူမရဲ့ ကျေးဇူးရှင်ဖြစ်ခဲ့ဖူးတယ်ဆိုတာကို သူတို့နှစ်ယောက်စလုံးကသိကြတာကြောင့် ကျင်းရွှီယန်းရဲ့ အေးစက်စက်သဘောထားကို သူမ နားမလည်နိုင်ပေ။

"အာဇီ ကိုယ်ဒေါသထွက်နေတယ်။ အခု စကားမပြောချင်ဘူး" ဟု ကျင်းရွှီယန်းက အေးစက်စွာ ပြောလိုက်သည်။

ကျိူးလီဇီက သက်ပြင်းချပြီး သူ့ကို ချော့မော့လိုက်တယ် "ဒေါသထွက်နေရင်တောင် မင်းရဲ့ချစ်သူကို လျစ်လျူရှုထားလို့မရဘူး"

သူမ တကယ်ပြောတာပါ။ သူ့ကို တစ်ခဏလေးတောင် တိတ်ဆိတ်ခွင့်မပေးခဲ့ဘူး။ နောက်ထပ် နှစ်နာရီလောက်အထိ သူမ အဆက်မပြတ် စကားပြောနေခဲ့တယ်။ သူမက ကြက်တူရွေးထက်တောင် စကားအရမ်းများလွန်းတယ်။ လီချီရွှမ်ကတော့ ရူးတော့မလိုဖြစ်နေပေမယ့် ကျင်းရွှီယန်း ကတော့ အဲဒါကို သဘောကျနေခဲ့တာ ထင်ရှားပါတယ်။

နှစ်နာရီအကြာတွင် ဆင်ခြေဖုံးရပ်ကွက်သို့ သူတို့ရောက်ရှိခဲ့ကြတယ်။ ကားရပ်လိုက်တာနဲ့ ပထမဆုံးမြင်တွေ့ခဲ့ရသည့်အချိန်ကထက် ပိုမိုပင်ပန်းနွမ်းနယ်နေပုံဖြင့် လီချီရွှမ်ကားထဲက ထွက်လာခဲ့သည်။

ရှောင်ချီက သူ့ကိုစိုက်ကြည့်ပြီး "ဒီရဲဘော်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားက အထင်ကြီးစရာပဲ။ နှစ်နာရီကြာ နှိပ်စက်ခံရပြီးနောက်မှာတောင် သူ့စိတ်ကို တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့တယ်။ သူက လုံးဝရိုးရှင်းတဲ့သူ မဟုတ်ဘူး" လို့ မှတ်ချက်ပေးလိုက်တယ်။

ဖုန်းယွင်က ခေါင်းညိတ်ပြီး သဘောတူစွာ ပြောသည် "ဒါပေမယ့် ကပ္ပတိန်နဲ့ ခယ်မတို့နဲ့ ကားအတူတူထပ်စီးချင်လိမ့်မယ်လို့ ငါမထင်ဘူး။ ငါတို့ တခြားကားတစ်စီး ထုတ်မောင်းရတော့မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကားက အရမ်းကျပ်နေပြီ"

သူတို့စကားပြောနေတုန်းမှာပဲ ချင်လူဇီက လီချီရွှမ်ကို စိုက်ကြည့်ပြီး တိုးတိုးလေးပြောလိုက်တယ်။ "သတိမထားဘဲမနေနဲ့။ သူကဘယ်သူလဲ၊ ဘယ်ကလာလဲဆိုတာ ငါတို့မသိဘူး။ သူကအားနည်းနေပုံပေါက်ရင်တောင် အရမ်းခွန်အားကြီးတယ်"

ဒါကိုကြားတော့ ရှောင်ချီက "အစ်ကိုချင် သူ့မှာ တစ်ခုခုမှားနေလို့လား" လို့ မေးလိုက်တယ်။

ချင်လူဇီက ဘာမှပြန်မပြောပေမယ့် သူ့မျက်နှာအမူအရာကတော့ အရာအားလုံးကို ပြောပြလို့နေတယ်။ လီချီရွှမ်က အန္တရာယ်များတယ်။

သံချပ်ကာယာဉ်တွေပေါ်က သူတို့ဆင်းလာပြီးနောက်မှာပဲ လီချီရွှမ်က "ဂိုဒေါင်ကိုရောက်ဖို့ မီတာ ၅၀၀ လမ်းလျှောက်ရမယ်" လို့ ပြောလာတယ်။

"ကားတွေကို သုံးလို့မရဘူးလား" ဟု ယင်းယွီရှန်းက မေးလိုက်တယ်။

"ကျွန်တော်သေချာမသိဘူး။ နောက်ဆုံးကြားထားတာကတော့ လမ်းကပျက်စီးနေပြီး ပြုပြင်ဖို့လိုအပ်နေတယ်တဲ့" ဟု လီချီရွှမ်က ပြန်ဖြေတယ်။

ချင်လူဇီက သူ့ကို လှမ်းကြည့်လိုက်ပြီး Global အုပ်စုအကြောင်းကို ဘယ်လိုလုပ်ပြီး ဒီလောက်သိနေတာလဲ။ မင်းက ဘယ်သူလဲ" လို့ မေးလိုက်တယ်။

လီချီရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး "အာ.. ကျွန်တော်ပြောဖို့ မေ့သွားတယ်။ ကျွန်တော်က Global အုပ်စုပိုင်ရှင်ရဲ့ မြေးပါ" လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်ပြီးတာနဲ့ လူတိုင်းက သူ့ကို အံ့သြတကြီးကြည့်လာကြတယ်။ သူက ချမ်းသာတဲ့မိသားစုက ငယ်ရွယ်တဲ့သခင်လေးတစ်ယောက်နဲ့ တူတာ အံ့သြစရာမရှိပါဘူး၊ သူက တတိယမျိုးဆက် ချမ်းသာတဲ့ကလေးတစ်ယောက်ပဲ။

ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ဆေးပြီး "မီတာ ၅၀၀ အတွင်း မှာ ပြန့်ကျဲနေတဲ့ ဇွန်ဘီအုပ်စုတွေအများကြီးရှိတယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ လီချီရွှမ်ရဲ့မျက်လုံးတွေက အံ့အားသင့်မှုကြောင့် တောက်ပသွားတယ်။ သူက သူ့ကိုကြည့်ပြီး "ရဲဘော် မင်းဘယ်လိုသိတာလဲ" လို့မေးလိုက်တယ်။

သူပြန်မဖြေနိုင်ခင်မှာပဲ ကျင်းရွှီယန်းက "မင်းတို့ရဲ့ပစ္စည်းတွေကို စစ်ဆေးကြည့်ပါ။ နေမဝင်ခင် ဇွန်ဘီတွေကို အရင်ဆုံး ဖယ်ရှားပစ်ရမယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ"

ကပ္ပတိန်ရဲ့အမိန့်အရ လူတိုင်းဟာ သူတို့ရဲ့ ကျည်ဆန်တွေနှင့် ပစ္စည်းကိရိယာတွေကို မြန်မြန်စစ်ဆေးလိုက်ကြတယ်။ တခြားသူတွေ အလုပ်ရှုပ်နေချိန်မှာ ကျိူးလီဇီက လီချီရွှမ် ဆီကို လျှောက်သွားလိုက်ပြီး "အစ်ကို၊ မင်းမှာ လက်နက်ရှိလား" လို့ မေးလိုက်တယ်။

သူမက တစ်ခုငှားဖို့ တောင်းဆိုနေတယ်လို့ထင်ပြီး လီချီရွှမ် က ခေါင်းခါလိုက်တယ်"ကျွန်တော်က လက်နက် မသုံးဘူး" လို့ သူက ပြန်ဖြေတယ်။

ထို့နောက် သူ့လက်ဖဝါးကို ဖြန့်လိုက်သောအခါ အနီရောင်မီးတောက်တစ်ခုက ထိုလက်ဖဝါးပေါ်တွင် လွင့်မျောနေတယ်။ ပြုံးရင်း သူက ထပ်ပြောတယ် "ကျွန်တော်က ကျွန်တော့်အစွမ်းနဲ့ တိုက်ခိုက်တာပါ"

လူတိုင်းက သူ့ရဲ့ အနီရောင်မီးတောက်ကို မြင်တဲ့အခါ သူ့ကို တစ်ချက်ပဲ ကြည့်လိုက်ကြတယ်။ ရုံးခန်းထဲမှာ တစ်ယောက်တည်း အသက်ရှင်ဖို့ဆိုရင် သူ့ရဲ့စွမ်းရည်က အစွမ်းထက်တဲ့ တစ်ခုခုဖြစ်လိမ့်မယ်လို့ သူတို့ ယူဆထားကြတယ်။ မျှော်လင့်ထားသလိုမဟုတ်ဘဲ အဲဒါက အခြေခံမီးတောက်အမျိုးအစားတစ်ခုလိုပဲ ထင်ရတယ်။

တခြားသူတွေက စိတ်မဝင်စားတော့ပေမယ့် ချင်လူဇီကတော့ လီချီရွှမ်ဆီကနေ မျက်လုံးမခွာခဲ့ပါဘူး။ ဒီလူမှာ ပုံမှန်မီးစွမ်းရည်ပဲ ရှိတယ်လို့ သူ မယုံဘူး။

သူလေ့လာတွေ့ရှိချက်အရဆို လီချီရွှမ်ဟာ အနည်းဆုံးတော့ ထူးကဲတဲ့ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်ပြီး စွမ်းရည်နှစ်ခုအသုံးပြုသူတစ်ယောက်လည်းဖြစ်နိုင်ခြေရှိတယ်။ မဟုတ်ဘူးဆိုရင် သူ့ရဲ့စိတ်မြေပုံမှာ သူ့စွမ်းအင်ကိုကိုယ်စားပြုတဲ့အစက်ကက အစိမ်းရောင်အစက်အစား အပြာရောင်အစက်ကို ဘာကြောင့်ပြတာလဲဆိုတာ ရှင်းပြစရာမရှိဘူး။

လူတိုင်းရဲ့အကြည့်အောက်မှာ ကျိူးလီဇီက သူမရဲ့ဓားကို ဆွဲထုတ်ပြီး သူ့ကိုငှားဖို့ ရည်ရွယ်ချက်နဲ့ ထွက်သွားခဲ့တယ်။ ဒါပေမယ့် သူမက ဓားကိုမပေးနိုင်ခင်မှာပဲ ကျင်းရွှီယန်းက သူမဘေးမှာ ပေါ်လာပြီး အဓိပ္ပာယ်ပါပါနဲ့ပြောလိုက်တယ် "အာဇီ၊ သူ့မှာ လက်နက်မလိုဘူး"

ဒါကိုကြားတော့မှ ကျိူးလီဇီလည်း သူမရဲ့ ဒုတိယခေါင်းဆောင်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို သတိရသွားတယ်။ သူမရဲ့ချစ်သူကို ပြုံးကာကြည့်ပြီး "အဲဒါကို မေ့သွားတယ်။ အစ်ကိုယန်း ရှင်က မှတ်ဉာဏ်အရမ်းကောင်းတယ်"

ကျင်းရွှီယန်းက သူမရဲ့ခေါင်းကို ပုတ်ပြီး "မင်းနဲ့ ပတ်သက်တာအားလုံးကို ကိုယ်မှတ်မိတယ်" လို့ ပြန်ဖြေလိုက်တယ်။

သူတို့ဘေးမှာရပ်နေတဲ့ လီချီရွှမ်က သက်ပြင်းချပြီး ထွက်သွားခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ ခိုင်မာနေရင်တောင် နှစ်နာရီလောက် ခွေးစာအတင်းကျွေးရုံနဲ့ လုံလောက်ပါပြီ။ သူဗိုက်ကအရမ်းပြည့်နေပြီဆိုတော့ အစာမကြေတော့ဘူး။

သူလျှောက်လာတာကိုမြင်တော့ ရှောင်ချီက သူ့ပခုံးကို စာနာစွာပုတ်ပေးပြီး "အစ်ကို နောက်ဆိုရင်တော့ းသူတို့နဲ့ပတ်သက်ပြီးတော့ ကျင့်သားရသွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

ထို့နောက် ကျောပိုးအိတ်တစ်လုံး လှမ်းပေးလျက် "ဒီမှာ အိတ်ထဲမှာက အစားခြောက်၊ ရေ နှင့် အရေးပေါ်ဆေးဝါးတွေ ပါတယ်။ နောင်အခါ လိုအပ်လာနိုင်တာကို ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ ဒါကို ယူဆောင်သွားပါ" ဟု ပြောလိုက်သည်။

"မင်းရဲ့စွမ်းရည်တစ်ခုတည်းကိုပဲ အားကိုးမနေသင့်ဘူး။ တိုက်ပွဲအတွင်းမှာသာ စွမ်းအင်ကုန်သွားရင် အသက်ဆုံးရှုံးရနိုင်တယ်" ဟု ဝိိန့်မိုက ဓားတစ်ချောင်းကို သူ့ဆီပေးရင်း ထပ်ပြောတယ်။

လီချီရွှမ်က ဓားနှင့် ကျောပိုးအိတ်ကိုယူ၍ "ကျွန်တော်က ဓားတွေကို မရင်းနှီးဘူး။ ရဲဘော်၊ ခင်ဗျားမှာ တခြားလက်နက်တွေ ရှိလား" ဟု ပြောလိုက်တယ်။

ဝိန့်မိုက မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်တယ် "ဘယ်လိုလက်နက်မျိုး လိုချင်လဲ"

"ကျွန်တော် ငယ်ငယ်ကတည်းက ဝူရှူးကို သင်ယူခဲ့တာပါ။ ဒါကြောင့် လှံတွေ၊ ဓားရှည်တွေနဲ့ ယပ်တောင်တွေကို သုံးနိုင်ပါတယ်" ဟု လီချီရွှမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

ဒီအချက်အလက်ကြောင့် အံ့အားသင့်သွားတဲ့ ရှောင်ချီက မယုံနိုင်စွာနဲ့ မေးလိုက်တယ် "အစ်ကို ယပ်တောင်ကို လက်နက်အဖြစ် တကယ်သုံးလို့ရတာလား”

All Chapters