← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 60 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 60 Ch. 599-600

အခန်း (၅၉၉) - အကွက်ချစီမံမှု နက်နဲခြင်း၊ ပညာရှိကြီး၏ သွေးစစ်အားမာန်၊ အကျပ်အတည်းနှင့် လူငယ်တာအိုဆရာ၊ အေးစက်လှပသော နတ်မိမယ်

သို့သော် ထိုလူသန်ကြီးက သူ့အား အခွင့်အရေး မပေးချေ။

ဓားအလင်းတစ်ချက် ဝင်းခနဲ လက်သွားသည်နှင့် တစ်ပြိုင်နက် ဆယ်လံခန့်အကွာအထိ ရောက်ရှိသွားပြီး၊ ဓားစွမ်းအင်များက မြေပြင်ကို နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခုဖြစ်အောင် ဖြတ်ကူးသွားတော့သည်။ လော်ကျင်ယန်မှာ ဖြောင့်မတ်မှန်ကန်သော စွမ်းအားကို အသုံးပြု၍ ရှောင်တိမ်းလိုက်ရုံမှတစ်ပါး အခြားမရှိချေ။

သူ့နောက်ကွယ်မှ လူသန်ကြီး၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှရာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် လော်ကျင်ယန်၏ ရှေ့မှောက် တစ်ပေအကွာသို့ ရောက်ရှိလာသည်။ သူ၏လက်ထဲမှ ဓားရှည်မှာ ပုံရိပ်ယောင်များသဖွယ် ဖြစ်သွားကာ ခဏချင်းမှာပင် ဓားချက်ပေါင်း ဆယ်ဂဏန်းမက လော်ကျင်ယန်ထံသို့ တရစပ် ကျရောက်လာတော့သည်။

တိန်... တိန်... တိန်

လော်ကျင်ယန်၏ ရင်ဘတ်ရှေ့မှ စူးရှသော အသံများ တဆက်တည်း ထွက်ပေါ်နေပြီး မီးပွင့်များမှာလည်း ဟိုမှာသည်မှာ လွင့်စင်နေ၏။ ပုံမှန်အားဖြင့် ဒုတိယအဆင့် နောက်ပိုင်းအဆင့်ရှိသော ပညာရှိကြီးတစ်ဦးသည် တရားသဖြင့် ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက အခြားကျင့်ကြံခြင်း လမ်းစဉ်များထက် များစွာ အသာစီးရလေ့ ရှိသည်။

သို့သော် ယခုမူ ထိုလူသန်ကြီး၏ တိုက်ခိုက်မှုအောက်တွင် သူသည် ချွေးပြန်ကာ လက်မအား ခြေမအား ဖြစ်နေရရှာသည်။ ထိုတိုက်ခိုက်နေသော လူသန်ကြီးမှာလည်း ညှာတာမှူလုံးဝ မရှိသူပင်။ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် သာမန်လူရမ်းကားများကြားတွင် ပုန်းအောင်းကာ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါလား။

အသာစီးရမှု အမျိုးမျိုးကို အသုံးချခံရသဖြင့် လော်ကျင်ယန်သည် လက်ရှိတွင် အရေးနိမ့်နေပြီး သေခြင်းနှင့် ရှင်ခြင်းမှာ အပ်ချည်တစ်မျှင်သာ ခြားတော့သည်။

“လက်နက်တွေ ရပ်စဲစမ်း ”

လော်ကျင်ယန်က အသံနက်ကြီးဖြင့် ကြုံးဝါးလိုက်သည်။ ထိုလူသန်ကြီး၏ လက်ထဲမှ ဓားရှည်မှာ ရုတ်တရက် တောင်ကြီးသဖွယ် လေးလံသွားပြီး ရှေ့သို့ တစ်လက်မပင် ဆက်၍ မတိုးနိုင်တော့ချေ။ ထိုလူသန်ကြီးတင်မကဘဲ အနီးအနားရှိ ရက်စက်လှသော မြင်းစီးသမား အားလုံးသည်လည်း သူတို့၏ လက်နက်များကို အလိုအလျောက် ချပစ်လိုက်ကြရတော့သည်။

သို့သော် ဝန်ဆန်းစာသင်တိုက်မှ ကျောင်းသား ဝမ်ဝန်ချိုင်အဖြစ် အယောင်ဆောင်ထားသော ပုဂ္ဂိုလ်၏ ကိုယ်ပေါ်တွင်မူ အဖြူရောင်အလင်းတန်းတစ်ခု လည်ပတ်သွားကာ၊ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲလျက် လော်ကျင်ယန်ထံသို့ ခုန်အုပ်လိုက်သည်။

လော်ကျင်ယန်၏ ရင်ထဲတွင် ထိတ်လန့်သွားရသော်လည်း ဖြောင့်မတ်မှန်ကန်သော စွမ်းအားကို အသုံးပြုကာ ရှေ့တွင် အကာအကွယ် တံတိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

“မကောင်းမှုကင်းစမ်း”

ထိုဝမ်ဝန်ချိုင်၏ ကိုယ်ဟန်မှာ ရုတ်တရက် တန့်သွားတော့သည်။ သူ၏ ဦးနှောက်အတွင်းရှိ လူသတ်လိုသော၊ ဒုက္ခပေးလိုသော အတွေးများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး ဆန်းကြယ်သော အခြေအနေတစ်ခုထဲသို့ ရောက်ရှိသွားသည်။ ဘာမှလည်း မလုပ်ချင်သလို၊ ဘာမှလည်း မလုပ်လိုတော့ချေ။ အထူးသဖြင့် မိမိပြုမူခဲ့သမျှ အရာများအပေါ် အလွန်အမင်း ရွံရှာမုန်းတီးစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာတော့သည်။

ချက်ချင်းပင်

ရှူး

ဓားအလင်းတန်းတစ်ခု ပြေးဝင်လာသဖြင့် လော်ကျင်ယန်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။ ထိုသူကား သာမန်လူရမ်းကားအဖြစ် ဟန်ဆောင်ထားသော လျှို့ဝှက်မြင်းစီးသမားပင် ဖြစ်သည်။

ထိုမြင်းစီးသမား၏ သွေးစွမ်းအားမှာ မီးဖိုကြီးတစ်ခုသဖွယ် ပူပြင်းလှ၏။ ထင်ရှားသည်မှာ သူသည် ကိုယ်ခံပညာလမ်းစဉ်တွင် အောင်မြင်မှုရထားသော ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးပင်။ အထူးသဖြင့် သူ၏လက်ထဲမှ ဓားရှည်မှာ စူးရှထက်မြက်လွန်းလှပြီး မည်သည့်အရာမဆို ဖောက်ထွင်းနိုင်ကာ လုံးဝ အဖျက်ဆီးမခံနိုင်သော ရတနာတစ်ပါးပင် ဖြစ်ရမည်။

လော်ကျင်ယန် ဆယ်လံခန့် ဆုတ်ခွာလိုက်ရုံ ရှိသေးသည်။ မြေပြင်အောက်မှ ဧရာမ နွယ်ပင်ကြီးတစ်ပင် ရုတ်တရက် ပေါက်ထွက်လာသည်။ ထိုနွယ်ပင်ပေါ်တွင် မရေမတွက်နိုင်သော ဆူးချွန်များ ပါရှိပြီး စိမ်းမြမြ အလင်းတန်းများ ထွက်ပေါ်နေသဖြင့် အလွန်ပြင်းထန်သော အဆိပ်များ ရှိနေကြောင်း သိသာလှ၏။

ဝုန်း ဝုန်း ဝုန်း

ကြီးမားထွားကြိုင်းသော နွယ်ပင်ပေါင်း ဆယ်ဂဏန်းမက မြေပြင်မှ ထိုးထွက်လာပြီး လော်ကျင်ယန်ထံသို့ တရစပ် ရိုက်ခတ်တိုက်ခိုက်တော့သည်။ ဤကဲ့သို့ လျှို့ဝှက်ဆန်းပြားသော အတတ်ပညာများကြောင့် လော်ကျင်ယန်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သူသည် ထိုလူသန်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး

“အတတ်ပညာရှင် ”

ဟု လော်ကျင်ယန်က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ထိုလူသန်ကြီးမှာ ဧရာမနွယ်ပင်များပေါ်တွင် ဒုန်းစိုင်းခုန်လွှားနေပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် နေရာအမျိုးမျိုးကို ကူးပြောင်းကာ ဓားရှည်ဖြင့် လော်ကျင်ယန်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။

“ဒီကျောင်းသားတွေ အကုန်လုံးကို သတ်ပစ်ကြစမ်း”

ဟု ထိုဝမ်ဝန်ချိုင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

လော်ကျင်ယန်၏ မျက်နှာ အကြီးအကျယ် ပျက်သွားရသည်။ အခြားကျင့်ကြံသူများသာဆိုလျှင် ဤကဲ့သို့သော အချိန်တွင် ထိုစာပေသမားလေးများ၏ အသက်ကို လှည့်ကြည့်နေမည် မဟုတ်ပါချေ။

သို့သော် ဝန်ဆန်းစာသင်တိုက်မှ ကျောင်းသားများမှာ သူကိုယ်တိုင် သင်ကြားပေးထားသော တပည့်ရင်းများ ဖြစ်ကြသည်။ ဝန်ဆန်းစာသင်တိုက်သည် သူ အနားယူပြီးနောက် မြှုပ်နှံထားသမျှသော သွေးစစ်အားမာန် အားလုံး စုစည်းရာ နေရာလည်း ဖြစ်သည်။

“လူမိုက်ကောင်တွေ”

လော်ကျင်ယန်က အသံကုန် ဟစ်အော်လိုက်သည်။

လက်ထဲမှ စုတ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လေထဲတွင် စာလုံးကြီးအချို့ကို ဝင့်ဝင့်ကြွားကြွား ရေးခြစ်လိုက်သည်။

ကောင်းကင်ယံတွင် ရွှေရောင်ဝင်းလက်နေသော စာသားတစ်ခု ပေါ်ထွက်လာပြီး ဝန်ဆန်းစာသင်တိုက်တစ်ခုလုံးကို လွှမ်းခြုံကာ အကာအကွယ်ပေးလိုက်တော့သည်။

ထိုမြင်းစီးသမား ဆယ်ဂဏန်းမှာ ဝန်ဆန်းစာသင်တိုက်၏ အပြင်ဘက်တွင် အပယ်ခံလိုက်ရသည်။ ဝမ်ဝန်ချိုင်နှင့် ထိုလူသန်ကြီးမှာလည်း အကာအကွယ်တံတိုင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

“လော်ကျင်ယန်... မင်းသာ အရှုံးပေးပြီး အဖမ်းခံမယ်ဆိုရင်၊ ဒီမြို့ကလူတွေ ဘေးကင်းဖို့ ငါ အာမခံနိုင်တယ်။ ဝန်ဆန်းစာသင်တိုက်က ကျောင်းသားတွေကိုလည်း ငါ လွှတ်ပေးမယ်၊ သူတို့ကို လုံးဝ မထိခိုက်စေရဘူး ”

“ဘယ်လိုလဲ ” ဝမ်ဝန်ချိုင်က ပြုံး၍ မေးလိုက်သည်။

လော်ကျင်ယန်က ထိုစကားကို ကြားသောအခါ အမျက်ထွက်စွာ ကြုံးဝါးလိုက်သည်။

“ဒီလို စိတ်ဓာတ်ကို ဖျက်ဆီးမယ့် စကားလုံးတွေနဲ့ ငါ့လို အဘိုးကြီးကို လာပြီး လိမ်ညာနေသေးတယ်ပေါ့”

သူသည် ဝန်ဆန်းစာသင်တိုက်မှ စာပေသမားများ မိမိရှေ့တွင် အသေခံရမှာကို မကြည့်ရက်သော်လည်း၊ အကယ်၍သာ လက်နက်ချ အဖမ်းခံလိုက်ပါက ဤလျှို့ဝှက်ဆန်းပြားသော လူရမ်းကားများမှာ ကတိတည်မည့်သူများ မဟုတ်ကြောင်းကိုလည်း ကောင်းစွာ နားလည်ထားသည်။

ထိုဝမ်ဝန်ချိုင်က တစ်ချက်ရယ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ဘေးရှိ မြင်းစီးသမားတစ်ဦးကို လက်ဝေ့ယမ်း ပြလိုက်သည်။

“သွား မြို့ထဲက လူတွေကို ဖမ်းခေါ်လာခဲ့၊ ငါ လူဘယ်လို သတ်သလဲဆိုတာကို လော်ကျင်ယန်ကို သေချာ ကြည့်ခိုင်းရမယ် ”

ဝမ်ဝန်ချိုင်က အေးစက်စွာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များက ထင်ရှားလှ၏။

လော်ကျင်ယန်၏ မျက်မှောင်များ ကြုတ်သွားရသည်။ ဤလူစုမှာ မြင်းစီးသမား ဆယ်ဂဏန်းတင် မကဘဲ မြို့ထဲတွင် အင်အားအမြောက်အမြား ရှိနေပုံရသည်။

“ဒါတွေက ဘာတွေလဲ၊ ဘာလို့ ဒီလူတွေရဲ့ လက်ထဲမှာ အစိုးရစစ်တပ်ရဲ့ လေးမြှားတွေနဲ့ မီးပေါက်လက်နက်တွေ ရှိနေရတာလဲ ”

လော်ကျင်ယန်၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသည်။ အထူးသဖြင့် ထိုလူအုပ်စုမှာ ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် အလွန် အတွေ့အကြုံရှိပုံရသည်။ တိုက်ခိုက်ပုံ၊ အလစ်အငိုက်ယူပုံမှာ စနစ်တကျ ရှိလှ၏။ လောကီလူရမ်းကားများနှင့်လည်းမတူ၊ စစ်တပ်မှ စစ်သားများနှင့်လည်းမတူချေ။ တကယ်တမ်း ပြောရလျှင် လုပ်ကြံသတ်ဖြတ်သူ များနှင့် ပို၍ တူနေသည်။

အမှန်စင်စစ် ထိုဝမ်ဝန်ချိုင်မှာ ကျိုးမိသားစု၏ စတုတ္ထသား၊ ကျိုးဘိုးဘေးကြီး၏ အားကိုးရသူ ကျိုးယွီရှု ပင် ဖြစ်သည်။

သူ၏ ဘေးရှိ ခန့်ညားထွားကြိုင်းသော ကျင့်ကြံသူမှာ ကျိုးမိသားစု၏ တတိယပညာရှင်ကြီး ရှသမုကျန့် ဖြစ်၏။ ရှသမုကျန့်သည် နွယ်ပင်များကို ထိန်းချုပ်နိုင်သော အစွမ်းထက်သည့် အတတ်ပညာရှင် တစ်ဦး ဖြစ်သလို၊ တစ်ချိန်တည်းမှာပင် ကိုယ်ခံပညာလမ်းစဉ်ကိုပါ တွဲဖက်ကျင့်ကြံထားသည့် ကိုယ်ခံပညာ ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သည်။

ထိုပညာရှိကြီးနှင့် တရားသဖြင့် ရင်ဆိုင်တိုက်ခိုက်လျှင်ပင် သူ့ကို သတ်ဖြတ်နိုင်မည်ဟု ရှသမုကျန့်က ယုံကြည်မှု ရှိနေသည်။

ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားခြင်းနှင့် တိုက်ခိုက်ခြင်း အတတ်ပညာ ကျွမ်းကျင်ခြင်းမှာ သီးခြားစီပင် ဖြစ်သည်။ ရှသမုကျန့်မှာမူ လူသတ်ခြင်းနှင့် တိုက်ခိုက်ခြင်းတွင် အလွန်အမင်း ကျွမ်းကျင်သူ အမျိုးအစား ဖြစ်သည်။

ယခုအခါတွင်မူ လော်ကျင်ယန်သည်လည်း အခြေအနေအရပ်ရပ် စိုးရိမ်ရကြောင်း သိလိုက်ပြီ ဖြစ်သည်။ အကယ်၍ သေချာ မကိုင်တွယ်နိုင်ပါက ဤဖူချန်မြို့ရှိ လူထုနှင့် ဝန်ဆန်းစာသင်တိုက်မှ ကျောင်းသားများအားလုံး ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

လော်ကျင်ယန် စိတ်ပူလေလေ၊ အယောင်ဆောင် ဝမ်ဝန်ချိုင်က ပို၍ တည်ငြိမ်လေလေပင်။ သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင် သရော်မှုများ ပြည့်နှက်နေ၏။

သူ၏ လက်အောက်တွင် မြို့ထဲ၌ နောက်ထပ် မြင်းစီးသမား ဆယ်ဂဏန်းခန့် ရှိနေသေးပြီး သူတို့အားလုံးမှာ လောကီလူမိုက်များ ဖြစ်ကြသလို ကျိုးမိသားစု၏ လျှို့ဝှက်အင်အားစုများလည်း ဖြစ်ကြသည်။ ထိုလူများမှာ လူသတ်အတတ်ကို ကျွမ်းကျင်သော အထူးလေ့ကျင့်ထားသည့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သည်။

အထူးသဖြင့် ထိုကဲ့သို့သော မြို့တွင်း လမ်းကြားတိုက်ပွဲများတွင် အစိုးရက စစ်တပ်ကြီး လွှတ်လိုက်လျှင်ပင် သူတို့၏ ပြိုင်ဘက် မဟုတ်ပါချေ။

ကျင့်ကြံသူများပင်လျှင် လူသတ်ခြင်းကို အထူးပြုသော ဤလုပ်ကြံသတ်ဖြတ်သူများနှင့် တွေ့ပါက ကြိုတင်မကာကွယ်နိုင်သော လျှို့ဝှက်နည်းလမ်းများဖြင့် သတ်ဖြတ်ခြင်း ခံရတတ်သည်။ ထို့အပြင် သူတို့ကြားတွင်လည်း ကျင့်ကြံသူများစွာ ပါဝင်နေသေးသည်။

ထို့ကြောင့် ကျိုးယွီရှုသည် ယနေ့ ဖူချန်မြို့တိုက်ပွဲအတွက် အလွန် ယုံကြည်မှု ရှိနေသည်။

ဤကဲ့သို့သော အကွက်များ မသုံးလျှင်ပင် အင်အားချင်း ယှဉ်ရုံဖြင့် ထိုပညာရှိကြီးကို အနိုင်ယူနိုင်သည်။ သို့သော် အလွယ်ကူဆုံး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်းက ကျိုးမိသားစုအတွင်း သူ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ပိုမို တိုးတက်စေမည် မဟုတ်ပါလား။

“ဘယ်လိုလဲ၊ လော်ကျင်ယန်... သေချာ စဉ်းစားပြီးပြီလား”

ကျိုးယွီရှုက သိမ်မွေ့စွာ မေးလိုက်သည်။

သို့သော် သူ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် လုံးဝန်းသော အရာတစ်ခုသည် သူ၏ ခြေရင်းသို့ လိမ့်ဝင်လာသည်။

ထိုအရာကား... သွေးချင်းချင်းနီနေသော လူခေါင်းတစ်လုံးပင်။ မျက်လုံးကြီးများမှာ ပြူးကြောင်နေဆဲ။ ကြည့်ရသည်မှာ အစောပိုင်းက မြို့ထဲရှိ မြင်းစီးသမားများကို သွားရောက် အကြောင်းကြားရန် ခိုင်းလိုက်သော သူ၏ လက်အောက်ငယ်သား ခေါင်းပင် ဖြစ်သည်။

ကျိုးယွီရှု လှည့်ကြည့်လိုက်သောအခါ... ခန့်ညားထည်ဝါသော လူငယ်တာအိုဆရာတစ်ဦး ဖြည်းညင်းစွာ လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူ၏ ဘေးတွင်မူ အေးစက်လှပပြီး မြူဆွယ်နိုင်စွမ်းရှိသော နတ်မိမယ်တစ်ပါး ပါလာ၏။

ကျိုးယွီရှုကဲ့သို့ အကွက်ချစီမံမှု နက်နဲပြီး ဗဟုသုတကြွယ်ဝသူပင်လျှင် ထိုလှပသော နတ်မိမယ်ကို မြင်သောအခါ ရင်ခုန်သွားရပြီး မိမိအပိုင် ပြုလုပ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။

သို့သော် ထိုလူငယ်တာအိုဆရာ၏ မျက်နှာမှာ အလွန်ပင် တည်ကြည်အေးစက်လှ၏။ မည်သည့် ထူးခြားသော အရှိန်အဝါမျိုးကိုမျှ ထုတ်မပြထားသော်လည်း ကျိုးယွီရှုအတွက်မူ အလွန်ပြင်းထန်သော ဖိအားတစ်ခုကို ခံစားနေရသည်။

ကျိုးယွီရှုသည် သူ၏ ကာမစိတ်များကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်ရတော့သည်။

“မင်းက ဘယ်သူလဲ” ကျိုးယွီရှုက အော်ဟစ်မေးမြန်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် မသိမသာ လက်ဝေ့ယမ်းလိုက်ရာ လက်အောက်ငယ်သား အချို့သည် စစ်သုံးလေးမြှားများကို မြှောက်၍ ထိုလူငယ်တာအိုဆရာထံသို့ ပစ်ခတ်လိုက်ကြတော့သည်။

အခန်း (၆၀၀) - အားလုံးက ဘာလို့ ကိုယ်ကျင့်တရား မရှိကြတာလဲ၊ အင်အားကြီးမားစွာ ချေမှုန်းခြင်း၊ ကျိုးမိသားစု၏ ရွှေကိုယ်ထည်နှင့် လက်ဝါးတစ်ချက်

ရှူး... ရှူး... ရှူး

လေထုကို ခွဲထွင်းသွားသော စူးရှသည့် အသံများ ထွက်ပေါ်လာသည်။

သို့သော် ထိုမြားတံများသည် လူငယ်တာအိုဆရာ၏ ရှေ့သုံးလံအကွာသို့ ရောက်ရှိလာသောအခါ မမြင်နိုင်သော အကာအကွယ်အတားအဆီးတစ်ခုကြောင့် တန့်သွားရတော့သည်။

ပညာရှိကြီး လော်ကျင်ယန်၏ ဖြောင့်မတ်မှန်ကန်သော စွမ်းအားဖြင့် တည်ဆောက်ထားသည့် အကာအကွယ်တံတိုင်းသည်လည်း ထိုမြားတံများကို ဟန့်တားနိုင်စွမ်း ရှိသည်။

သို့သော် အထူးပြုလုပ်ထားသော ဤမြားတံများသည် ပညာရှိကြီး၏ အကာအကွယ်တံတိုင်းအတွင်းသို့ အနည်းငယ် စိုက်ဝင်နိုင်သေးသော်လည်း၊ ထိုလူငယ်၏ ရှေ့မှောက်ရှိ မမြင်နိုင်သော အကာကွယ် နှင့် တွေ့သောအခါတွင်မူ တုန်ခါသွားပြီး တန်းခနဲ ကျိုးပြတ်ကုန်ကြတော့သည်။

ဤသည်မှာ နှစ်ဦးသား၏ စွမ်းအားဂုဏ်သတ္တိ မည်မျှကွာခြားကြောင်းကို ပြသနေခြင်းပင်။ ဤလူငယ်တာအိုဆရာ၏ ရှေ့မှောက်ရှိ ကာကွယ်ရေးစွမ်းအားမှာ အလွန်ပင် မာန်ပါလှ၏။

“ကိုယ်ကျင့်တရား မရှိကြဘူးလား... ငါနဲ့တွေ့သမျှလူတွေက ဘာလို့ ဒီလိုတွေချည်း ဖြစ်နေရတာလဲ ”

လူငယ်တာအိုဆရာက ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောလိုက်သည်။

အေးစက်လှပသော နတ်မိမယ်မှာမူ ဘာစကားမှ မပြောဘဲ ရေခဲတောင်ပေါ်က အလှပဂေးတစ်ဦးကဲ့သို့ တည်ငြိမ်နေ၏။ ကျိုးယွီရှုမှာမူ ဤလူငယ်တာအိုဆရာ၏ ရှေ့တွင် အရှက်ရသွားသည်ဟု ခံစားလိုက်ရသည်။

“ရဲတင်းလှချည်လား တာအိုဆရာ... ငါ့မှာ ဒီမြို့ထဲမှာ မြင်းစီးသမား အင်အား ရာချီရှိတယ် ငါ့ရဲ့ လေးမြှားတွေနဲ့ မီးပေါက်လက်နက်တွေကို မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ ”

ကျိုးယွီရှုသည် မိမိ၏ အင်အားကို ကြွားဝါကာ အရှိန်အဝါ ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် လူငယ်တာအိုဆရာက ရုတ်တရက် ပြုံးလိုက်သည်ကို မြင်လိုက်ရ၏။

“မင်းရဲ့ အတွက်အချက်က မမှန်ဘူးပဲ၊ အများဆုံးရှိလှမှ ဒီဆယ်ဂဏန်းလောက်ပဲ ကျန်တော့တာကို”

လူငယ်တာအိုဆရာက ရယ်မောလျက် ပြောလိုက်သည်။

“မင်း ဘာကို ဆိုလိုတာလဲ”

ကျိုးယွီရှု၏ စိတ်ထဲတွင် မသိစိတ်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ မြို့ထဲရှိ သူ၏ လက်အောက်ငယ်သားများမှာ အဘယ်ကြောင့် ကြိုတင် သတင်းမပေးကြသနည်း။ သို့မဟုတ်...

သူ ခဏမျှ စဉ်းစားကြည့်သော်လည်း မဖြစ်နိုင်ဟု ထင်မိသည်။

ထိုသူများမှာ ထောင်ထဲက ရွေးထားသော လူရည်ချွန်များ၊ အထူးလေ့ကျင့်ထားသည့် လုပ်ကြံသတ်ဖြတ်သူများ မဟုတ်ပါလား။ အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ရောက်လာလျှင်ပင် သူတို့ကို မျက်တောင်တစ်ခတ်အတွင်း အသံတိတ် သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထိုလူငယ်တာအိုဆရာမှာ အခြားသူမဟုတ်၊ လီယန်ချူး ပင် ဖြစ်သည်။

သူသည် မင်ဟော် နှင့်အတူ ဖူချန်မြို့သို့ ခဏနားရန်နှင့် မင်ဟော်၏ မိတ်ဆွေဟောင်းတစ်ဦးထံ အလည်သွားရန် ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော် မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင် ထူးဆန်းသော အဖြစ်အပျက်နှင့် ကြုံတွေ့ရတော့သည်။

မြို့သူမြို့သားများမှာ မျက်လုံးများ ကြောင်တောင်တောင် ဖြစ်နေကာ ကြိုးဆွဲရာကသည့် ရုပ်သေးရုပ်များကဲ့သို့ ခိုင်းသမျှ လုပ်နေကြရ၏။ သန်မာထွားကြိုင်းသော မြင်းစီးသမား ဆယ်ဂဏန်းခန့်မှာ မြို့ထဲတွင် သောင်းကျန်းကာ လူထုကို မောင်းနှင်နေကြသည်ကို မြင်လိုက်ရသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် လီယန်ချူးအနေဖြင့် လက်ပိုက်ကြည့်မနေနိုင်ပါချေ။ သူ၏ လက်ရှိ ကိုယ်ခံပညာ အဆင့်အတန်းဖြင့်ဆိုလျှင် ဤသာမန် လုပ်ကြံသတ်ဖြတ်သူများကို ကိုင်တွယ်ရန်မှာ လက်ဖျောက်တစ်ချက်တီးရသလောက်ပင် မခက်ခဲလှ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလုပ်ကြံသတ်ဖြတ်သူ အားလုံးကို သူ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင်မူ ထိုခေါင်းဆောင်ဖြစ်သူက မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားနေသည်ကို မြင်ရသောအခါ သူ မအောင့်နိုင်ဘဲ ရယ်မောမိခြင်း ဖြစ်သည်။

“ရပါတယ်... ငါ မင်းကို တစ်ခါလောက် ထပ်ပြီး ပြပေးမယ်”

လီယန်ချူးက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ ကိုယ်ဟန်မှာ တစ်ချက် လှုပ်ရှားသွားသည်နှင့် တစ်ပြိုင်နက် လူကိုယ်တိုင်မှာ ပျောက်ကွယ်သွားတော့သည်။ ကျိုးယွီရှုမှာ မှင်တက်သွားရ၏။ ကွင်းပြင်တစ်ခုလုံးတွင် လီယန်ချူး၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

ဗြိ...

လူခေါင်းတစ်လုံး လွင့်စင်သွားပြီး လီယန်ချူးက မြင်းတစ်ကောင်ပေါ်တွင် ပေါ်လာသည်။

ရှပ်... ရှပ်... ရှပ်

တဆက်တည်းမှာပင် လုပ်ကြံသတ်ဖြတ်သူ တစ်ဒါဇင်ကျော်၏ ခေါင်းများမှာ ပြတ်ထွက်ကာ လွင့်စင်ကုန်ကြတော့သည်။ လီယန်ချူး၏ ကိုယ်ဟန်မှာ လေထဲတွင် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲနေပြီး သာမန်မျက်စိဖြင့် လုံးဝ လိုက်မကြည့်နိုင်ပါချေ။

ဓားအလင်းတန်းများ ဝင်းခနဲ လက်သွားသည်ကိုသာ မြင်လိုက်ရပြီး လီယန်ချူး၏ ဓားချက် ကျရောက်တိုင်း မြင်းစီးသမား ဆယ်ဂဏန်းမှာ ခဏချင်းအတွင်း အားလုံး အသတ်ခံလိုက်ရသည်။

ကျင့်ကြံသူများကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိလှသော ဤလုပ်ကြံသတ်ဖြတ်သူများသည် လီယန်ချူး၏ ရှေ့တွင်မူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ခေါင်းနှင့် ကိုယ် အိုးစားကွဲကုန်ကြတော့သည်။

“ခွေးသား... မင်းက ငါ့ကို စိန်ခေါ်နေတာပဲ”

ကျိုးယွီရှုမှာ ငယ်ရွယ်သူပီပီ သွေးကြွသွားကာ အော်ဟစ်လိုက်သည်။

သူ၏ နှုတ်မှ မန္တန်များကို ရွတ်ဆိုလိုက်ရာ တစ်ကိုယ်လုံးမှာ ရုတ်တရက် ဆယ်ပေခန့်ရှိသော ရွှေရောင်ကိုယ်ထည်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ ကြွက်သားများမှာ ဖုထစ်နေကာ ခန္ဓာကိုယ်မှာလည်း ထွားကြိုင်းလာ၏။ ကိုယ်ထည်တစ်ပြင်လုံးမှာ ရွှေဆေးသုတ်ထားသကဲ့သို့ ဝင်းလက်နေတော့သည်။

ဤသည်မှာ ကျိုးမိသားစု၏ လျှို့ဝှက်ကျင့်စဉ် ဖြစ်သည်။ ကျိုးယွီရှုမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိုးမိသားစု၏ ရွှေကိုယ်ထည် ကို ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။

ဝုန်း

သူ ခြေတစ်လှမ်း တက်လိုက်သည်နှင့် မြေပြင်မှ အပြာရောင်အုတ်ချပ်များမှာ အက်ကွဲကုန်ကြတော့သည်။

“တာအိုဆရာ သတိထားပါ အဲဒါက မလှုပ်မယှက် ရွှေကိုယ်ထည်ပဲ၊ ဓားမတိုး လက်နက်မဖောက်နိုင်ဘူး ”

ပညာရှိကြီး လော်ကျင်ယန်သည် ဤလျှို့ဝှက်ကျင့်စဉ် ပေါ်လာသည်ကို မြင်သောအခါ အသံကုန် ဟစ်အော် သတိပေးလိုက်သည်။

မလှုပ်မယှက် ရွှေကိုယ်ထည်မှာ ဒဏ္ဍာရီလာ လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ စိန်ကိုယ်ထည် နှင့် ဆင်တူသော်လည်း ၎င်းမှာ ထူးခြားသော ကျင့်ကြံခြင်း နည်းစနစ်တစ်ခုသာ ဖြစ်သည်။

ဤလျှို့ဝှက်ဆန်းပြားသော ပုဂ္ဂိုလ်၏ နောက်ခံမှာ မိမိထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းနေကြောင်း လော်ကျင်ယန် သိလိုက်ရသည်။ မလှုပ်မယှက် ရွှေကိုယ်ထည်ကဲ့သို့သော လျှို့ဝှက်ချက်မျိုးကိုပင် ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

သို့သော် နောက်တစ်ခဏတွင်မူ လော်ကျင်ယန်မှာ အံ့ဩလွန်း၍ မှင်တက်သွားရတော့သည်။

ကျိုးယွီရှုသည် မလှုပ်မယှက် ရွှေကိုယ်ထည်ကို ဖော်ဆောင်ပြီးနောက် အရပ်ဆယ်ပေခန့် ရှိလာကာ ကြွက်သားများမှာ ဖုထစ်နေ၏။ သူ၏ လက်သီးတစ်ချက် ထိုးလိုက်သောအခါ ပတ်ဝန်းကျင်ရှိ လေထုမှာ ပွတ်တိုက်မှုကြောင့် မီးလောင်မတတ် ဖြစ်သွားရသည်။ သို့သော် ထိုလူငယ်တာအိုဆရာကမူ အသာအယာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရုံဖြင့် ကျိုးယွီရှုမှာ လွင့်စင်သွားတော့သည်။

ဘုန်း

ကျိုးယွီရှုမှာ နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ သူ၏ ကိုယ်ပေါ်ရှိ ရွှေရောင်ကိုယ်ထည်မှာ တစ်စစီ အက်ကွဲသွားပြီး သွေးများမှာလည်း ချောင်းစီးနေတော့သည်။

ဤမလှုပ်မယှက် ရွှေကိုယ်ထည်မှာ တကယ်ပင် ဆန်းကြယ်လှ၏။ ထွက်လာသော သွေးများမှာပင် ရွှေရောင်ဖျော့ဖျော့ သန်းနေပေသည်။

“........” လော်ကျင်ယန်မှာ ဆွံ့အသွားရ၏။

“........” ကျိုးယွီရှုမှာလည်း မယုံနိုင်အောင် ဖြစ်နေသည်။

“........” ရှသမုကျန့်မှာလည်း မှင်တက်နေတော့သည်။

အင်အားချင်း မျှတသော သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသည်။ ဤမျှလောက်အထိ ထင်ထားခြင်းကပင် အမည်မသိ လူငယ်တာအိုဆရာအပေါ် အလွန်အမင်း အထင်ကြီးပေးထားခြင်း ဖြစ်သည်။

ကျိုးယွီရှုကား ကျိုးမိသားစု၏ ပါရမီရှင်၊ ကျိုးဘိုးဘေးကြီး၏ အလေးပေးခြင်းခံရသူ ဖြစ်ပြီး မလှုပ်မယှက် ရွှေကိုယ်ထည်ကိုလည်း အလွန်ကျွမ်းကျင်စွာ ကျင့်ကြံထားသူ မဟုတ်ပါလား။

သို့သော် မည်သူက ထင်ထားမည်နည်း။ လူတစ်ယောက်ကို လက်ဝါးတစ်ချက်တည်းဖြင့် ဒူးထောက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု။

အားလုံး ပို၍ အံ့ဩသွားရသည့်အချက်မှာ ကျိုးယွီရှုမှာ ပြန်လည် ထမလာနိုင်တော့ဘဲ မြေပြင်ပေါ်တွင် တောင့်တောင့်ကြီး ဒူးထောက်နေခြင်းပင်။ သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်နေပြီး မတ်တတ်ရပ်နိုင်ရန် ကြိုးစားနေသော်လည်း၊ သူ၏ ကိုယ်တွင်း၌ ပြင်းထန်သော သွေးစွမ်းအားတစ်ခုက သောင်းကျန်းနေသဖြင့် မလှုပ်မယှက် ရွှေကိုယ်ထည်ကိုပင် ထိန်းသိမ်းရန် ခက်ခဲနေတော့သည်။ ရန်သူကို ပြန်လည် တိုက်ခိုက်ရန်မှာမူ ဝေလာဝေးပင်။

တတိယပညာရှင်ကြီး ရှသမုကျန့်သည် အခြေအနေကို မြင်သောအခါ ဧရာမ နွယ်ပင်ကြီး ဆယ်ဂဏန်းမကကို မြေပြင်မှ ထိုးထွက်လာစေပြီး လီယန်ချူးထံသို့ တိုက်ခိုက်စေလိုက်သည်။ သို့သော် ထိုနွယ်ပင်များသည် လီယန်ချူး၏ အနားသို့ပင် မကပ်နိုင်သေးခင်မှာပင် သူ၏ ကိုယ်အကာကွယ်စွမ်းအားငွေ့များကြောင့် အမှုန့်အဖြစ် ပြောင်းလဲသွားကြရတော့သည်။

လီယန်ချူး၏ အကာကွယ်စွမ်းအားငွေ့မှာ တောင် နှင့်ပင်လယ် လျှို့ဝှက်နယ်မြေ အတွင်းရှိ ချန်ကျဲ၏ ထံမှ ရရှိသော သွေးအဆိပ်ငွေ့ များဖြင့် သန့်စင်ထားခြင်း ဖြစ်ရာ၊ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရှသမုကျန့်၏ အကြည့်များမှာ လေးနက်သွားသည်။ သူသည် မိမိ၏ ဓားနှင့် ကိုယ်ကို တစ်သားတည်း ဖြစ်စေလျက် အလင်းတန်းတစ်ခုအဖြစ် ပြေးဝင် တိုက်ခိုက်လိုက်သည်။ ဓားစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ အလွန်ပင် ပြင်းထန်လှသည်။

တန်

ကောင်းကင်နှင့် မြေကြီးကြားတွင် ခေါင်းလောင်းကြီးတစ်လုံးကို ထုလိုက်သကဲ့သို့ အသံကြီး မြည်ဟည်းသွားသည်။

ရှသမုကျန့်သည် နောက်သို့ လွင့်ထွက်သွားရာ ပြေးဝင်လာစဉ်ကထက်ပင် ပို၍ မြန်ဆန်လှ၏။ လက်ထဲမှ ဓားရှည်မှာ ကျိုးပြတ်သွားပြီး သူ၏ ညာဘက်လက်မောင်းမှာလည်း မြှောက်၍ မရတော့ပါချေ။

သူသည် လူငယ်တာအိုဆရာကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိသည်။ တစ်ဖက်လူက လက်ပင် မလှုပ်လိုက်ရဘဲ မိမိကို ယခုကဲ့သို့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်း မဟုတ်ပါလား။

“ယှဉ်လို့ မရဘူး”

ရှသမုကျန့်၏ စိတ်ထဲတွင် ထိုအတွေးသာ ပေါ်လာတော့သည်။

ကျိုးမိသားစု၏ စတုတ္ထသား၊ အနာဂတ် ကျိုးမိသားစု အိမ်ရှေ့စံ ဆိုတာတွေကို သူ ဂရုမစိုက်နိုင်တော့ချေ။ အသက်မရှင်ရရင် ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး မဟုတ်ပါလား။ ဤသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် သူသည် အနောက်ဘက်သို့ အသည်းအသန် ဆုတ်ခွာ ထွက်ပြေးတော့သည်။

လီယန်ချူးသည် ရင်ခွင်ထဲမှ ရှစ်ခွင်မှန် ကို ထုတ်ယူကာ တိုက်ရိုက် ထိုးပြလိုက်သည်။

ဝုန်း

အဖြူရောင် နတ်ဘုရားအလင်းတန်းတစ်ခု ကျရောက်သွားပြီး ရှသမုကျန့်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်တော့သည်။

ရှသမုကျန့်သည် နာကျင်လွန်းသဖြင့် မိမိ၏ ခေါင်းကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်တွင် လူးလိမ့်နေသော်လည်း အသံတစ်ချက်ပင် ထွက်မလာတော့ချေ။

ဝိညာဉ်ကို တိုက်ခိုက်ခံရသော ဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လှ၏။ အကယ်၍သာ သူသည် ဒုတိယအဆင့် ယင်ဝိညာဉ် ထိပ်တန်းအဆင့် မဟုတ်ပါက၊ ယခုအချိန်တွင် သူသည် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

လီယန်ချူးသည် ရင်ခွင်ထဲမှ စုတ်တံတစ်ချောင်းကို ထုတ်လိုက်ရာ၊ စုတ်တံကို ကိုင်ထားဆဲဖြစ်သော ပညာရှိကြီး လော်ကျင်ယန်မှာ မှင်တက်သွားရသည်။

“သူက စာပေ ကျင့်ကြံသူ လား”

သူ၏ စိတ်ထဲတွင် သံသယ ဖြစ်သွားမိသည်။

လီယန်ချူး ထုတ်လိုက်သော စုတ်တံမှာ စာပေပညာရှင်များ စာရေးသည့် စုတ်တံ မဟုတ်ပါချေ။

၎င်းမှာ ငရဲပြည်မှ လာသော တရားသူကြီးသုံး စုတ်တံ ဖြစ်သည်။ စုတ်တံပေါ်တွင် ကြီးမားသော ချုပ် ဆိုသည့် စာလုံးကြီး ပေါ်လာပြီး ရှသမုကျန့်၏ ကိုယ်တွင်း စွမ်းအားအားလုံးကို တိုက်ရိုက် ပိတ်လှောင်လိုက်တော့သည်။

ရှသမုကျန့်မှာ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေဆဲပင်။ သို့သော် သူ၏ ဆန်းကြယ်သော စွမ်းအားများနှင့် ပြင်းထန်လှသော သွေးစွမ်းအားများမှာမူ ပိတ်လှောင်ခံလိုက်ရသဖြင့် မည်သို့မျှ အသုံးမပြုနိုင်တော့ပါချေ။

လီယန်ချူးသည် ကျိုးယွီရှုထံသို့ ဖြည်းညင်းစွာ လမ်းလျှောက်သွားသည်။ ကျိုးယွီရှုမှာမူ မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား၊ မိမိကိုယ်တွင်းရှိ ပြင်းထန်သော သွေးစွမ်းအားများကို အသည်းအသန် ခုခံနေရရှာသည်။ ဤမျှ ပြင်းထန်လှသော သွေးစွမ်းအားမှာ ဒုတိယအဆင့်ထက် များစွာ ကျော်လွန်နေပေပြီ။

ယခုမှပင် ကျိုးယွီရှု သိလိုက်ရတော့သည်။ တစ်ဖက်လူမှာ ငယ်ရွယ်သော်လည်း အမှန်စင်စစ်တွင်မူ ယန်ဝိညာဉ် အဆင့်ရှိသော ထိပ်တန်းပညာရှင်ကြီး တစ်ဦး ဖြစ်နေကြောင်းပင်။

“ဒီလူငယ်က မျက်စိမရှိလို့ စီနီယာကို စော်ကားမိပါတယ်! စီနီယာအနေနဲ့ သဘောထားကြီးစွာ လွှတ်ပေးပါဦး”

ကျိုးယွီရှုက တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။

လီယန်ချူးသည်လည်း ကျိုးယွီရှုကို သိမ်မွေ့စွာ တစ်ချက် ပြုံးပြလိုက်ပြီး...

နားရင်းသို့ လက်ဝါးတစ်ချက် အရှိန်ဖြင့် ရိုက်ချလိုက်တော့သည်။

All Chapters