← Chapters

အခန်း (၄၂၀)

Vol. 39 Ch. 420

အခန်း (၄၂၀)

Vol. 39 Ch. 420

တိန့်ဖုန်းက လေးနက်သောလေသံဖြင့် ဆိုသည်။

"ခင်ဗျား မေ့သွားပြီလား။ နယ်စပ်မှာ ခင်ဗျားကို စောင့်ကြည့်ဖို့ ကျွန်တော့်မှာ တာဝန်ရှိခဲ့တာလေ။ ရန်သူ့ဗိုလ်ချုပ်ရဲ့ အချက်အလက်တွေကို အသေးစိတ် စုံစမ်းထားရတာဟာ ကျွန်တော်အတွက်တော့ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စပဲ မဟုတ်လား။ ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ။ အခုတော့ နောင်တစ်ချိန်မှာ လက်စားချေဖို့ အသက်ကို ဆက်ရှင်မလား၊ ဒါမှမဟုတ် အခုပဲ အသေခံမလားဆိုတာ ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်ပါတော့"

မုန်ချူကျီသည် မျက်လုံးများကို မှိတ်ထားလျက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ ပြန်လည် မော့ကြည့်လိုက်ချိန်တွင် သူ၏အမူအရာမှာ ခိုင်မာပြတ်သားသွားခဲ့ပြီ ဖြစ်သည်။

"ကောင်းပြီ... မင်း ပြောတဲ့အတိုင်းသာ လုပ်နိုင်မယ်ဆိုရင် ငါ့အသက်ကို မင်းတို့အတွက် ပုံအပ်ဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိသေးတယ်... အခု ငါက နှစ်ဖက်စလုံးကို ပြစ်မှားမိထားပြီလေ"

"ဗိုလ်ချုပ်ချန်..."

"သူ့ရဲ့ ဆရာကိုယ်တိုင် လာရင်တောင် ငါ့ကို ကယ်နိုင်ပါ့မလား"

"အခုလောလောဆယ်တော့ ခင်ဗျားပုန်းနေရမယ်"

တိန့်ဖုန်းက ညွှန်ကြားလိုက်သည်။

"စစ်နတ်ဘုရား တစ်ယောက်အနေနဲ့ ကိုယ့်အသက်ကိုယ်တော့ ကာကွယ်နိုင်မှာပါ၊ ဟုတ်တယ်မလား။ နောက်ဆက်တွဲ ကိစ္စတွေကိုတော့ ကျွန်တော်ဗိုလ်ချုပ်ချန် ဆီ အစီရင်ခံပြီးရင် သူကိုယ်တိုင် စီစဉ်ပေးပါလိမ့်မယ်"

သူတို့ ဆွေးနွေးနေစဉ်မှာပင်။

အဝေးမှ လူရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်။

ကျန်းယွမ်ပို ပင် ဖြစ်သည်။

"ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး။ အခုတော့ ခင်ဗျားဘာသာအသက်

ရှင်အောင် အရင် ရုန်းထွက်လိုက်ဦး"

"ကောင်းပြီလေ"

ဒေါသအာဃာတများ ပြေလျော့သွားပြီး ရူးသွပ်မှုများလည်း ပျောက်

ကွယ်သွားခဲ့ပြီ ဖြစ်သဖြင့် မုန်ချူကျီက လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။ ဒါဟာ သူ၏ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် အသိစိတ်ဖြင့် စွန့်စားရုန်းထွက်ခြင်းပင် ဖြစ်သည်။

...

အိမ်ရှေ့စံဘက်တော်သားများမှာလည်း စတင်ထွက်ပြေးနေကြပြီ ဖြစ်သည်။

အနက်ရောင်သံချပ်ကာစစ်သည်တော်တွေကတိုက်ပွဲအတွင်း ပါဝင်လာပြီးနောက်တွင် သူတို့၌ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။

လင်ရွှီကျီမှာ နေရာတင် သေဆုံးသွားခဲ့သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ယွမ်ရှောင်ကျီသည် ချောင်ဖန် နှင့် အစေခံအနည်းငယ်ကို ခေါ်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားတော့သည်။

"အရှင်မင်းမြတ်"

ချန်ဆန်းရှီသည် ဧကရာဇ်အိုကြီးကို ယန်ရှင်းနန်းဆောင် သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး စစ်သည်တစ်ထောင်ကို စောင့်ကြပ်စေခဲ့သည်။ ထို့နောက် သူသည် နဂါးချောက်နက်ဓား ကို လက်နှစ်ဖက်ဖြင့် ပြန်လည်ဆက်သလိုက်

ရင်း "အရှင်မင်းမြတ်... ဒဏ်ရာမရခဲ့ဘူး မဟုတ်လား" ဟု မေးလိုက်သည်။

"ဒဏ်ရာအနည်းငယ်ပါပဲ၊ မစိုးရိမ်ရပါဘူး"

လုံချင်ဧကရာဇ်သည် ချန်ဆန်းရှီ၏ ပခုံးမှ စိမ့်ထွက်နေသော သွေးများကို ကြည့်လိုက်ရင်း "ဒါပေမဲ့ မင်းကတော့ ဒဏ်ရာ တော်တော်ပြင်းပုံရတယ်" ဟု ဆိုသည်။

"ကျွန်တော့်ဘဝက မာလှပါတယ် အရှင်၊ ဒါက ဘာမှမဟုတ်ပါဘူး"

ချန်ဆန်းရှီ တွက်ချက်ထားပြီးသား ဖြစ်သည်။ ဤအရာများမှာ အပေါ်ယံဒဏ်ရာများသာ ဖြစ်ပြီး ဆေးထည့်လိုက်ပါက လျင်မြန်စွာ ပြန်လည်သက်သာသွားမည် ဖြစ်သည်။ သူ၏ သွေးကြောများနှင့် အရိုးများ ထိခိုက်မှုမရှိသဖြင့် ထပ်မံတိုက်ခိုက်ရလျှင်ပင် သူ့အတွက် အတားအဆီး မရှိနိုင်ပေ။

နန်းဆောင်တံခါးကြီး ပွင့်သွားခဲ့သည်။

ကျန်းယွမ်ပိုက အသည်းအသန် ဝင်လာပြီး "အရှင်မင်းမြတ်... ကျွန်တော်မျိုး နောက်ကျသွားတဲ့အတွက် အပြစ်ပေးတော်မူပါ" ဟု လျှောက်တင်လိုက်သည်။

"တပ်မှူးချုပ်ကျန်း... အချိန်မီ ရောက်လာတာပဲ"

ချန်ဆန်းရှီက"အရှင်မင်းမြတ်ရဲ့ လုံခြုံရေးအတွက် တပ်မှူးချုပ်ကသာ အားကိုးရဆုံးသူပါ။ ကျွန်တော် အပြင်ထွက်ပြီး သစ္စာဖောက်တွေကို လိုက်လံနှိမ်နင်းလိုက်ဦးမယ်"

"ကောင်းပြီ"

ကျန်းယွမ်ပိုက ခေါင်းငြိမ့်ပြလိုက်ပြီး"ဗိုလ်ချုပ်ချန်... မင်း တကယ် ပင်ပန်းသွားပြီ"

...

"ခမည်းတော်"

"မင်းသား... မြန်မြန် ထွက်ပြေးမှ ဖြစ်မယ်"

"..."

တောအုပ်အတွင်း၌ ချောင်ဖန်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း ဇီဝေနန်းတော်မှ ကောင်းကင်သို့ တက်နေသော မီးတောက်များကို လှည့်

ကြည့်နေမိသည်။

"ငါ့ရဲ့ ခမည်းတော်ကော"

"မင်းသား.. မင်းသားကတကယ်ကို မိုက်မဲတာပဲ"

ယွမ်ရှောင်ကျီက"အိမ်ရှေ့စံသာ အသက်ရှင်နေသရွေ့ ဧကရာဇ်က သူ့သားအရင်းကို အလွယ်တကူ သတ်မှာမဟုတ်ဘူး၊ အဆိုးဆုံး အကျယ်ချုပ်ပဲ ထားမှာပါ။ ဒါပေမဲ့ မင်းသားကတော့ ငယ်သေးတယ်လေ။ ဘဝတစ်ခုလုံးကို တော်ဝင်အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးချင်လို့လား"

"မှန်ပါတယ် မင်းသား"

မိန်းမစိုးဖုန်း က မျက်ရည်များဖြင့် ဆိုသည်။

"အိမ်ရှေ့စံက ပုန်ကန်မှုမစခင်ကတည်းက မှာထားခဲ့တာပါ။ တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် အမွှေးတိုင်နတ်ဘုရားဂိုဏ်း ကို သွားဖို့ပေါ့။ အဲ့ဒီမှာ မင်းသားရဲ့ ဘဝလုံခြုံရေးအတွက် တာဝန်ယူပေးနိုင်မယ့် ဂိုဏ်းချုပ်ကြီးတစ်ယောက် ရှိပါတယ်"

"ချန်ဆန်းရှီ... နောက်တစ်ခါလည်း သူပဲလား၊ အမြဲတမ်း သူပဲ"

ချောင်ဖန်သည် နောက်ဆုံးမြင်ကွင်းကို ပြန်လည်အမှတ်ရရင်း ရင်ထဲတွင် အကြီးအကျယ် နာကျင်သွားရသည်။

သူတို့မှာ ပြန်လည်တိုက်ခိုက်ဖို့ နောက်ဆုံးအခွင့်အရေး တစ်ခု ရှိနေခဲ့တာပဲ။

ဒါပေမဲ့ အဲ့ဒီအချိန်မှာ အနက်ရောင်သံချပ်ကာစစ်သည်တွေဝင်ပါလာခဲ့ပြီး သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို မီးငြိမ်းသတ်လိုက်တာပဲ။

"တကယ်လို့ မင်းသားက လက်စားချေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့အတူ ဂိုဏ်းကို လိုက်ခဲ့ပါ။ နောင်တစ်ချိန်မှာ ကျင့်ကြံမှုတွေ အောင်မြင်လာရင် အဲ့ဒီသာမန်လူသားကို ပြန်လာသတ်ဖို့ အချိန်မနှောင်းသေးပါဘူး" ဟု ယွမ်ရှောင်ကျီက ဖျောင်းဖျလိုက်သည်။

သူတို့ ချဉ်းကပ်လာသော တောအုပ်အထွက်တွင် မည်းမှောင်နေသော လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

"ဘယ်သူလဲ" မိန်းမစိုးဖုန်းက ကြိမ်းမောင်းလိုက်သည်။

"ငါပါ"

ရင်းနှီးပြီးသား ရုပ်ဆိုးလှသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။

အားလုံး ချက်ချင်း စိတ်သက်သာရာ ရသွားကြသည်။

"ကျန်းလိုင်ဇီ"

ယွမ်ရှောင်ကျီသည် အစက ဆဲဆိုရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် မဝံ့မရဲ ဖြစ်သွားခဲ့သည်။

"မင်း... မင်း ဘာလို့ ငါတို့ကို စောစောက ပစ်ထားခဲ့ရတာလဲ"

"ဟူး.."

"နဂါးချောက်နက်ဓား အဲ့ဒီမှာ ရှိနေကတည်းက တစ်ခုခု မှားနေပြီဆိုတာ ငါ သိခဲ့တယ်"

ချန်ဆန်းရှီက မေးလိုက်သည်။

"မင်းတို့ ဘယ်ကို သွားမလို့လဲ"

"ဂိုဏ်းကို ပြန်မလို့"

ယွမ်ရှောင်ကျီက"သူရဲကောင်းကျန်း... မင်းကော ငါတို့နဲ့ လိုက်ခဲ့မလား။ မင်းလည်း အမွှေးတိုင် နတ်ဘုရားလမ်းစဉ် ကို ကျင့်ကြံနေတာပဲလေ။ အခု ဂိုဏ်းက အထိနာနေတဲ့ အချိန်မှာ မင်းအနေနဲ့ ဒု-ဂိုဏ်းချုပ်အဖြစ် ရာထူးရဖို့တောင် မခက်ခဲပါဘူး"

"မင်းတို့နဲ့ လိုက်ခဲ့ရမယ် ဟုတ်လား..."

ချန်ဆန်းရှီက စဉ်းစားဟန်ပြုလိုက်သည်။

"ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာလဲ"

"အကျိုးအမြတ်တွေ အများကြီး ရှိတာပေါ့" ယွမ်ရှောင်ကျီက ဆိုသည်။ "လမ်းလျှောက်ရင်း ပြောကြရအောင်၊ အချိန်မရှိတော့ဘူး"

"နေဦး"

ချောင်ဖန်က ကြားဖြတ်ပြောလိုက်သည်။

"သူရဲကောင်းကျန်း... ကျွန်တော်တို့ မထွက်ခွာခင် ခင်ဗျားကျွန်တော်ကို ပေးထားခဲ့တဲ့ ကတိကို အရင်ဆုံး တည်ပေးနိုင်မလား"

"ဪ... ဘာကို ဆိုလိုတာလဲ"

"ချန်ဆန်းရှီ"

ချောင်ဖန်က သွားကြိတ်လျက် ဆိုသည်။

"သူနဲ့ ကျွန်တော်နဲ့ကတော့ အတူနေလို့မရတဲ့ရန်သူတွေပဲ။ သူရဲကောင်းကျန်း... ခင်ဗျားသာ သူ့ကို သတ်ပေးမယ်ဆိုရင် ဘိုးဘေးကြီးရဲ့ ရတနာတွေ... အားလုံးကို ခင်ဗျားတစ်ယောက်တည်း ပိုင်စေရမယ်။ မဟာသွေးကြောအဆင့် ပဲ ရှိတဲ့ သူ့ကို သတ်ရတာ ခင်ဗျားအတွက်တော့ အလွန်လွယ်ကူမှာပဲ မဟုတ်လား"

"မင်း ပြောတာ မှန်တယ်... ငါ အရင်ဆုံး မင်းတို့ကို တောင်အောက်အထိ လိုက်ပို့ပေးမယ်"

ချန်ဆန်းရှီက စကားဆိုရင်း လူအားလုံး၏ အရှေ့သို့ တိတ်ဆိတ်စွာ တိုးဝင်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူသည် ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး အစေခံနှစ်ဦးကို အရင်သတ်လိုက်

သည်။ ထို့နောက် ကျန်ရှိနေသော ဓားချီမန္တန်ဖြင့် ယွမ်ရှောင်ကျီနှင့် နောက်တစ်ဦးကိုပါ တစ်ပြိုင်နက်တည်း သတ်ဖြတ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်။

ချောင်ဖန် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

"သူရဲကောင်းကျန်း.. ဘာလို့လဲ၊ ဘာလို့ ဒါမျိုး လုပ်ရတာလဲ"

ချောင်ဖန်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ဘိုးဘေးကြီးရဲ့ ရတနာအားလုံးကို ကျွန်တော်ပေးမယ်လို့ ပြောထားတာပဲ၊ခင်ဗျားဘာတွေ ထပ်လိုချင်နေသေးတာလဲ။ ယွမ်ရှောင်ကျီတို့ကတောင် ခင်ဗျားကို ဒု-ဂိုဏ်းချုပ်အဆင့် ခန့်မလို့လေ"

"ခင်ဗျားကိုယ်တိုင် ကျွန်တော့်ရှေ့မှာ ကတိပေးခဲ့တာ မဟုတ်လား... ချန်ဆန်းရှီရဲ့ ခေါင်းကို ကျွန်တော့်ဆီ ယူလာပေးမယ်လို့"

"လူတစ်ယောက်က ဒီလောက်အထိ သစ္စာမဲ့ပြီး ယုံကြည်ချက် မရှိရဘူးလား"

"ကောင်လေး..."

"ခေါင်းကို မော့ပြီး သေသေချာချာ ကြည့်စမ်း... ငါက ဘယ်သူလဲဆိုတာ"

ထိုခဏမှာပင် ကျန်းလိုင်ဇီ၏ အသံမှာ အလွန်ပင် ရင်းနှီးသော အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူသည် သူ၏မျက်နှာပေါ်သို့ လက်ဖြင့် ပွတ်ဆွဲလိုက်ရာ အခြားမျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။

"မင်း... မင်း..."

ချောင်ဖန်သည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။

"ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ။ ကျန်းလိုင်ဇီဟာ အစကတည်းက... အမြဲတမ်း မင်းပဲလား။ မင်း အားလုံးကို လှည့်စားခဲ့တာပေါ့လေ"

တစ်ခုချင်းစီ။

ပြန်တွေးကြည့်လိုက်မှ။

ဒီမဟာရုန်းရင်းဆန်ခတ်မှုကြီးရဲ့။

အကြီးမားဆုံး အောင်နိုင်သူဟာ ဧကရာဇ်လည်း မဟုတ်သလို ယန်အဖွဲ့လည်း မဟုတ်ပေ။

ဒါဟာ အခုရှေ့မှာရှိနေတဲ့ ချန်ဆန်းရှီ ပဲ ဖြစ်လိမ့်မည်။

"ချွတ်.."

ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်။

ချောင်ဖန်၏ ဦးခေါင်းမှာ မြေပေါ်သို့ လိမ့်ကျသွားတော့သည်။

ချန်ဆန်းရှီက သူတို့ရဲ့ခန္ဓာကိုယ်တွေကို ရှာဖွေလိုက်ရာ နောက်ဆုံးတွင် သားရေစာလိပ်တစ်ခုကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။

All Chapters