← Chapters

အခန်း (၄၂၃)

Vol. 39 Ch. 423

အခန်း (၄၂၃)

Vol. 39 Ch. 423

ထို့အပြင် ကျင့်ကြံခြင်းကမ္ဘာ၏ ကန့်သတ်ချက်မှာ ဤကမ္ဘာအတွက် တစ်ဖက်သတ်သာဖြစ်သည်။ တစ်ကြိမ်တစ်ခါ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လျှင် ထိုသူသည် ကမ္ဘာနှစ်ခုကြားကို လွတ်လပ်စွာ ကူးသန်းသွားလာနိုင်မည်ဖြစ်သည်။

အစောပိုင်းကာလက ရှောင်ရှဲ့သည်လည်း မသေမျိုးလမ်းစဉ်ကို ရှာဖွေရင်း ကျင့်ကြံခြင်းကမ္ဘာသို့ ရောက်ရှိကာ အောင်မြင်မှုများ ရရှိခဲ့ပြီးမှ ပြန်လာ၍ ထီးနန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်ဘက်ရှိ ကမ္ဘာ့အဆုံးသတ်ဆီသို့ သွားရမည့် ဤခရီးမှာ အခွင့်အရေးကြီးတစ်ခုပင်။ ထိုနေရာတွင် မသေမျိုးနယ်မြေသို့ ဝင်ပေါက်မှာ အနှစ်ငါးဆယ်လျှင် တစ်ကြိမ်သာ ပွင့်တတ်သည်။ အကယ်၍ သွားလိုပါက လူငယ်ဘဝ၊ သက်တမ်းအများကြီး ကျန်ရှိနေသေးသည့် အချိန်တွင် သွားခြင်းမှာ အကောင်းဆုံးဖြစ်ပြီး၊ သို့မဟုတ်ပါက အနာဂတ်တွင် မိမိတက်လှမ်းနိုင်မည့် အထွတ်အထိပ် အကန့်အသတ်များကို ထိခိုက်စေနိုင်သည်။

နောက်ဆုံးတွင် သူသည် ဤဝိညာဉ်ကျောက်စိမ်းပြား မှာ အလွန်တရာ အဖိုးတန်ကြောင်း အလေးပေး ရေးသားထားသည်။ တစ်လောကလုံးရှိ မသေမျိုးလမ်းစဉ်ကို ရှာဖွေနေသူများသည် လူသားနယ်မြေနှင့် မသေမျိုးနယ်မြေကြားက ပါးလွှာသော စည်းကို ကျော်ဖြတ်ရန် ကမ္ဘာ့အဆုံးသတ်ဆီသို့ လှည့်လည်လာတတ်ကြသဖြင့် မိမိကိုယ်မိမိ ဖော်ပြခြင်းမပြုရန် သတိပေးထားသည်။

"..."

၎င်းကို ဖတ်ပြီးနောက် ချန်ဆန်းရှီသည် ကျောက်စိမ်းပြားကို ကောက်ယူ၍ သေချာစစ်ဆေးလိုက်သည်။ အဖြူရောင်သန်းနေသော ကျောက်စိမ်းပြားပေါ်တွင် ဂမ္ဘီရစာလုံး များ စိပ်စိပ်ကလေး ထွင်းထုထားပြီး၊ အပြင်ပန်းကြည့်

လျှင် ချောင်ဖန်ပေးခဲ့သည့် အရာနှင့် ဆင်တူသော်လည်း ဝိညာဉ်စွမ်းအားသိုလှောင်၍မရဘဲ လုံးဝကွဲပြားသော ရည်ရွယ်ချက်အတွက် အသုံးပြုရခြင်း ဖြစ်သည်။

အနှစ်ငါးဆယ်လျှင် တစ်ကြိမ်...။

သူသည် ရှောင်ရှဲ့ ချန်ထားခဲ့သော ရက်စွဲကို ကြည့်ကာ ယခုလက်ရှိနှစ်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ နောက်ထပ် အနှစ်ငါးဆယ်ပြည့်မည့်အချိန်မှာ မကြာမီ ရောက်ရှိတော့မည်။

အကယ်၍ ဤတစ်ကြိမ်ကို လွဲချော်သွားခဲ့လျှင် နောက်တစ်ကြိမ် မသေမျိုးတံခါးပွင့်မည့်အချိန်၌ သူသည် အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ် အဘိုးကြီး ဖြစ်နေပေလိမ့်မည်။ ထို့အပြင် သိုင်းပညာဆိုသည်မှာ ကောင်းကင်ကို ဆန့်ကျင်၍ လောကီဘောင်ကို ကျော်လွန်ရသည့် လမ်းစဉ်ဖြစ်ပြီး၊ စစ်နတ်ဘုရားအဆင့်ကို မကျော်လွန်နိုင်သရွေ့ သက်တမ်းမှာ တိုးလာမည်မဟုတ်ပေ။

ဤအချက်ကို ချန်ဆန်းရှီ ကိုယ်တိုင်လည်း ခံစားမိသည်။ အခြေခံအားဖြင့် အဆင့်တစ်ခု တက်လှမ်းတိုင်းမှာ မိမိ၏ ခန္ဓာကိုယ်ကို နှိပ်စက်၍ စွမ်းအားကို ရယူရခြင်းဖြစ်ရာ သက်တမ်းမတိုသွားလျှင်ပင် ကံကောင်းလှပြီဖြစ်သည်။ သို့သော် ဤမျှတိုတောင်းသော အချိန်အတွင်း စစ်နတ်ဘုရားအဆင့်ကို ရောက်နိုင်ပါ့မလားဟု သူ စိုးရိမ်မိသည်။ လောလောဆယ်တော့ တစ်လှမ်းချင်းစီသာ သွားရပေလိမ့်မည်။

"ဆန်းရှီ"

အခန်းအပြင်ဘက်မှ ဝမ်ကျိီ၏ အသံထွက်ပေါ်လာသည်။

"တိန့်ဖုန်း က အပြင်မှာ မင်းကို တွေ့ချင်လို့တဲ့"

"သူလား"

ချန်ဆန်းရှီသည် ပစ္စည်းများကို သိမ်းဆည်းကာ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။

"ဗိုလ်ချုပ်ချန်"

တိန့်ဖုန်းက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

"သတင်းပို့စရာ အရေးကြီးကိစ္စ ရှိလို့ပါ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ"

ချန်ဆန်းရှီသည် သူ့နောက်သို့ လိုက်သွားရာ တိတ်ဆိတ်သော အိမ်တစ်လုံးဆီသို့ ရောက်သွားသည်။ တံခါးကို ဖွင့်လိုက်သည့်အခါ အိမ်ဝင်းအတွင်းတွင် အဝတ်အစား နွမ်းပါးစွာ ဝတ်ဆင်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အရှိန်အဝါကြည့်ရှုခြင်းပညာဖြင့် ကြည့်လိုက်လျှင် ထိုသူ့ထံမှ အလွန်အစွမ်းထက်သော စွမ်းအင်များကို မြင်တွေ့နေရသည်။

စစ်နတ်ဘုရားအဆင့်..

"ခင်ဗျားက ဘယ်သူလဲ"

ချန်ဆန်းရှီသည် ထိုသူ၏ မျက်နှာကို ရင်းနှီးသလို ခံစားနေရသည်။

"ဗိုလ်ချုပ်ချန်၊ ကျွန်တော်ပါ"

မုန်ချူကျီက မျက်နှာပေါ်မှ မျက်နှာဖုံးကို ဖယ်ရှားလိုက်ကာ မူလရုပ်သွင်ကို ပြသလိုက်သည်။

"ဗိုလ်ချုပ်မုန်"

ချန်ဆန်းရှီ အံ့အားသင့်သွားသည်။ ဤလူ၏ ရုပ်ဖျက်ပညာမှာ မဆိုးလှပေ။ အကယ်၍ အရှိန်အဝါကြည့်ရှုခြင်းပညာ သာ မရှိပါက သူ တကယ်မှတ်မိမည်မဟုတ်ပေ။ တိန့်ဖုန်းက အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"ဗိုလ်ချုပ်ချန်"

မုန်ချူကျီက လေးနက်သော အသံဖြင့် ပြောလာသည်။

"အခြေအနေတွေက ရုတ်တရက် ပြောင်းလဲသွားလို့ ဗိုလ်ချုပ်သိမှာမဟုတ်ပါဘူး။ အကယ်၍ ဗိုလ်ချုပ်က ကျွန်တော့်ကို ခိုလှုံခွင့်ပေးမယ်ဆိုရင် အခုကစပြီး ကျွန်တော့်ရဲ့ အသက်ဟာ ဗိုလ်ချုပ်ရဲ့ အပိုင်ပါပဲ။ တကယ်လို့ ခိုလှုံခွင့် မပေးနိုင်ဘူးဆိုရင်လည်း ကျွန်တော် ချက်ချင်း ထွက်သွားပါ့မယ်၊ ဗိုလ်ချုပ်အတွက် ဘာပြဿနာမှ မရှိစေရပါဘူး"

"..."

ချန်ဆန်းရှီသည် ဤကဲ့သို့သော အခြေအနေမျိုးကို အကယ်ပင် မျှော်လင့်မထားခဲ့ပေ။ သူ့လက်အောက်က လူတွေ ဘာတွေ လုပ်နေကြတာလဲဟု သူ တွေးနေမိသည်။ ရွီဝမ်ချိုင်က တပ်သားတွေ စုစည်းနေသလို၊ တိန့်ဖုန်းကလည်း စစ်နတ်ဘုရားတစ်ယောက်ကိုတောင် ဆွဲခေါ်လာနိုင်ခဲ့ပြီ...။

"ဗိုလ်ချုပ်ချန်"

တိန့်ဖုန်းက အကြံပေးသည်။

"အခုအချိန်မှာ ကျွန်တော်တို့ အင်အားက နည်းပါသေးတယ်။ ဗိုလ်ချုပ်မုန်က ကျွန်တော်တို့ဘက်မှာ ရှိနေမယ်ဆိုရင် နောင်တစ်ချိန်မှာ အားကိုးရတဲ့ အကူအညီကောင်းတစ်ခု ဖြစ်လာမှာပါ"

ဇီဝေတောင်က ပရမ်းပတာဖြစ်ရပ်မှာ စစ်နတ်ဘုရားတစ်ဦး၏ အသုံးဝင်မှုကို ချန်ဆန်းရှီ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ အကယ်၍ သူ့လက်အောက်တွင် စစ်နတ်ဘုရား တစ်ဦးရှိခဲ့လျှင် ကိစ္စအတော်များများကို ပို၍လွယ်ကူစွာ ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့သော်...

"ဗိုလ်ချုပ်ချန်"

တိန့်ဖုန်းက ဆက်ပြောသည်။ "ကျွန်တော်နဲ့ သူက သူငယ်ချင်းတွေ မဟုတ်ကြပေမဲ့ နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ဖူးလို့ သူ့ရဲ့ စိတ်ချရမှုကို ကျွန်တော် အာမခံပါတယ်"

"အင်း"

ချန်ဆန်းရှီမှာတော့ ဤအချက်ကို မစိုးရိမ်ပေ။ အခုအချိန်တွင် မုန်ချူကျီသည် ဧကရာဇ်ရော အိမ်ရှေ့မင်းသားကိုပါ ပြစ်မှားထားမိပြီဖြစ်ရာ ရန်သူ့နိုင်ငံသို့ မထွက်ပြေးလျှင် သူ့ထံတွင် ခိုလှုံခြင်းက အကောင်းဆုံးပင်။ သူ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခြင်းမှာ စစ်မှန်သော ဆန္ဒဖြစ်နိုင်ပေသည်။

သူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သောအခါ...

မုန်ချူကျီက ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ "ဗိုလ်ချုပ်ချန် နောင်

တစ်ချိန်မှာ ဘာပဲလုပ်လုပ် ကျွန်တော့်ကို အမိန့်ပေးပါ။ ဗိုလ်ချုပ်က ကျွန်တော့်ကို မစွန့်ပစ်သရွေ့ ကျွန်တော် အစွမ်းကုန် ကူညီပါ့မယ်" ဟု ကတိပြုလိုက်သည်။

"တိန့်ဖုန်း၊ မင်းပဲ သူ့အတွက် စီစဉ်ပေးလိုက်"

ချန်ဆန်းရှီက ညွှန်ကြားလိုက်သည်။

"ဘွဲ့နှင်းသဘင် အခမ်းအနား ပြီးတာနဲ့ ငါတို့ တပ်ဖွဲ့တွေနဲ့အတူ လျှို့ဝှက်ပြီး လျန်ကျိုး ကို လိုက်ခဲ့ပါ။ ဗိုလ်ချုပ်မုန်ရဲ့ မိသားစုကိုလည်း ဘေးကင်းအောင် ငါ နည်းလမ်းရှာပေးပါ့မယ်"

မကြာသေးမီက မုန်ချူကျီသည် အရှေ့ဘက်စစ်ဆင်ရေးတွင် ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သလို ဧကရာဇ်ကိုလည်း တိုက်ရိုက် ရန်မူခဲ့ခြင်းမရှိသဖြင့် အပြစ်အားလုံးကို အမွေးတိုင်နတ်ဘုရားဂိုဏ်းအပေါ် ပုံချကာ အသနားခံစာ တင်ပေးနိုင်ပေသည်။ သေဒဏ်မှ ကင်းလွတ်နိုင်သော်လည်း ပြစ်ဒဏ်အနေဖြင့် ပစ္စည်းသိမ်းခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ် ခံရနိုင်ချေရှိသော်လည်း အသက်ရှင်နေလျှင်ပင် လုံလောက်ပါပြီ။

ညွှန်ကြားချက်များ ပေးပြီးနောက်...

ချန်ဆန်းရှီသည် အိမ်ပြန်ကာ လှံပညာကို စတင်လေ့ကျင့်တော့သည်။ ဇီဝေတောင်ဘွဲ့နှင်းသဘင်ပွဲ မတိုင်မီ အချိန်အနည်းငယ် ကျန်သေးသဖြင့် လေ့ကျင့်မှုကို မလျှော့ဘဲ ခုနစ်ရက်ဆက်တိုက် တံခါးပိတ် ကျင့်ကြံခဲ့သည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (နက်နဲပုံရိပ်အဆင့်-အစမပြုရသေး)]

[တိုးတက်မှု့ - ၁၆/၁၀၀]

"ဟူး..."

နောက်ထပ် တစ်ညတာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် မိုးလင်းခါနီးမှသာ ချန်ဆန်းရှီသည် လှံကို ချလိုက်သည်။

"သတိထား"

သူ အသက်ရှူလိုက်ရုံရှိသေး၊ လေတိုးသံတစ်ခု ကြားလိုက်ရသဖြင့် လှံကို ချက်ချင်းကောက်ယူကာ ထိုဦးတည်ရာသို့ လွှဲယမ်းလိုက်သည်။

"ဒုန်း"

ပြင်းထန်သော အားအင်များ ပါဝင်သည့် မိုဓားနှင့် လှံတို့ ရိုက်ခတ်သွားသည်။

"ဒီလောက်တောင် မြန်တာလား"

ချန်ဆန်းရှီက အားကိုမြှင့်ကာ တစ်ဖက်လူကို တွန်းထုတ်လိုက်ရင်း "အစ်ကို... အစ်ကို့ရဲ့ သွေးကြောပွင့်တာက ပြီးသွားပြီလား ရက်ပိုင်းလေးပဲ ရှိသေးတာကို"

"တောက်... မင်းရဲ့ ဝရဇိန်ခန္ဓာ နဲ့ နဂါးစစ်စွမ်းအင် တွေကတကယ့်ကို ထူးခြားတာပဲ"

ဝမ်ကျိီသည် နောက်သို့ ယိုင်သွားသောကိုယ်ဟန်ကို ခက်ခက်ခဲခဲ ထိန်းလိုက်

ရင်း ပြုံးလိုက်သည်။

"အခုဆို ငါက သုံးရက်၊ ငါးရက်အတွင်းမှာ နယ်ပယ်အသေးလေးတစ်ခုကို ကျော်ဖြတ်နိုင်ပြီ၊ ထင်ထားတာထက် ပိုမြန်တယ်။ စောင့်နေလိုက်ဦး၊ မကြာခင် ငါ နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းကို ပြန်ရောက်တာနဲ့ မင်းကို သေချာ ပညာပေးဦးမယ်"

ထိုအချိန်တွင်...

အနီရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ဖန်ချင်းယွမ်သည် သူ၏ ဝှီးချဲလေးကို တွန်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းများကြောင့် ဖန်ချင်းယွန်း၏ နန်းတွင်းဦးထုပ်မှာ လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသဖြင့် သူက သက်ပြင်းချရင်း ပြောလိုက်သည်။

"တော်ကြတော့၊ အမြန်ပြင်ဆင်ကြစမ်း။ ဒီနေ့ အခမ်းအနားနဲ့ ဆုလာဘ်တွေ ပေးပြီးရင် ငါတို့ အိမ်ပြန်မယ့် ခရီးကို စတင်နိုင်ပြီ"

All Chapters