အခန်း (၄၂၅)
Vol. 39 Ch. 425
"အရှင်မင်းကြီး"
လူကျိီသည် လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ရင်း "ကျွန်တော်မျိုး အရှင်မင်းကြီးထံကနေ အိမ်ထောင်ဖက် ဆုလာဘ်တစ်ခု တောင်းခံချင်ပါတယ်" ဟု ဆိုသည်။
"မင်းလို လူချောလူရည်မွန် ကိုဆိုရင် တော်ဝင်မျိုးနွယ်စုထဲက အကြီးအကဲတွေတောင် သူတို့သမီးတွေနဲ့ ပေးစားချင်နေကြတာ။ ဘယ်မိန်းကလေးကို မျက်စိကျနေလို့ ကိုယ့်ဘာသာ အိမ်ထောင်ဖက်မရှာဘဲ ငါ့ကို ကိုယ်တိုင်ကိုယ်ကျ စေ့စပ်ပေးဖို့ တောင်းနေရတာလဲ"
ဧကရာဇ် လုံချင်က ခပ်ပြုံးပြုံးဖြင့် ကျီစယ်လိုက်သည်။
"ပြော... ဘယ်သူလဲ"
"ဆွန်လီပါ"
လူကျိီက နာမည်နှစ်လုံးကို တိတိကျကျ ရွတ်ဆိုလိုက်သည်။
ဧကရာဇ် လုံချင်၏ မျက်နှာပေးမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ နှုတ်ခမ်းအစုံမှာ လှောင်ပြုံးသလိုလို၊ မိမိကိုယ်ကို ရယ်မောသလိုလို ပုံစံမျိုး ဖြစ်သွားပြီး "ဒါကို မင်းရဲ့ဆရာကော သဘောတူပါ့မလားလို့ အရင်မေးသင့်တာ မဟုတ်ဘူးလား"
လူကျိီ တိတ်ဆိတ်သွားသည်။ သူသည် ထိုကိစ္စကို လွန်ခဲ့သော အချိန်ကတည်းက သူ့ဆရာကို မေးမြန်းခဲ့ဖူးသည်။ သူ့ဆရာကတော့ စကားတစ်ခွန်းသာ ပြောခဲ့သည်။
"မင်းရဲ့ ဂျူနီယာညီမလေးကိုပဲ ကိုယ်တိုင်မေးကြည့်ပါ"
...
လူကျိီက လေသံကို ခပ်လေးလေး ပြောင်းလိုက်ရင်း"ကျွန်တော်မျိုး အရှင်မင်းကြီးကိုပဲ ဒီအိမ်ထောင်ရေးအတွက် ဆုလာဘ်အဖြစ် အမိန့်ထုတ်
ပြန်ပေးဖို့ တောင်းဆိုပါတယ်"
"ဆွန်ဒူရှန်မှာ သမီးတစ်ယောက်ပဲ ရှိတာ၊ သူ့ဘာသာ ဆုံးဖြတ်ပါစေတာက ပိုကောင်းပါလိမ့်မယ်"
ဧကရာဇ် လုံချင်က အေးစက်စွာ ပြောလိုက်သည်။
"မင်းသာ တခြား မင်းသမီးတစ်ပါးပါးကို မျက်စိကျတယ်ဆိုရင်၊ ရန်သူ့နိုင်ငံက မင်းသမီးဖြစ်နေရင်တောင် ပြောလိုက်စမ်း၊ ငါ ရအောင်လက်ဆက်ပေးမယ်"
လူကျိီမှာ ခေါင်းငုံ့ကာ တိတ်ဆိတ်နေဆဲပင်။
"တော်လိုက်တော့... မင်းက ဆွန်လီအပေါ် ဒီလောက်ထိ စွဲလမ်းနေတာမှ မဟုတ်တာ။ တကယ်တော့ တခြားလူတွေရဲ့ အမြင်မှာ မင်းရဲ့ဆရာ့အမွေကို တရားဝင် ဆက်ခံသူအဖြစ် အသိအမှတ်ပြုခံချင်တာပဲ မဟုတ်လား။ အဲဒီအပေါ်မှာ အရမ်းကြီး အစွဲအလမ်းမထားပါနဲ့။ ယောက်ျားနဲ့ မိန်းမ ကိစ္စဆိုတာ နှစ်ဦးသဘောတူရှိဖို့က အရေးကြီးဆုံးပဲ"
ဧကရာဇ် လုံချင်က ထိုင်ခုံကို မှီလိုက်ရင်း"မင်းရဲ့ လက်အောက်မှာ အခု တပ်စခန်းသုံးခု ရှိနေပြီ။ ကျန်တဲ့ တပ်စခန်းတွေရဲ့ တပ်မှူးတွေကလည်း မင်းရဲ့ ဂျူနီယာ ညီအစ်ကို မောင်နှမတွေပဲ။ တပ်စခန်းတွေ တိုးချဲ့ပြီးသွားရင် ငါစေလွှတ်မယ့် ဗိုလ်ချုပ်အသစ်တွေကလည်း မင်းကိုပဲ ရိုသေကြမှာပါ။ ဒါဟာ ဆရာ့အမွေကို ဆက်ခံပြီးသားပဲလို့ သတ်မှတ်လို့ရပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း ငါ အခုပဲ မင်းရဲ့ ရာထူးဘွဲ့ထူးကို တိုးမြှင့်ပေးပြီး ဘုရင်ခံဘွဲ့ ပေးလိုက်ရမလား"
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး"
လူကျိီက ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ ကန့်ကွက်လိုက်သည်။
"လူကျိီ... တကယ်တော့ မင်း ဒါတွေကို အရမ်းကြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ စစ်တပ်မှာပဲဖြစ်ဖြစ်၊ နန်းတွင်းမှာပဲဖြစ်ဖြစ် အရှိန်အဝါရှိဖို့က အရေးကြီးဆုံးပဲ။ တစ်ခါတလေမှာ ရာထူးဘွဲ့ထူးဆိုတာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတတ်တယ်။ ငါနဲ့ မင်းရဲ့ဆရာ အရင်တုန်းက အခြေအနေကိုပဲ ကြည့်"
"တစ်ယောက်က ဘာအာဏာမှမရှိတဲ့ မင်းသားလေး၊ 'မင်းသား' ဆိုတဲ့ ဘွဲ့ကိုတောင် တရားဝင် မရရှိခဲ့ဘူး။ အခြားတစ်ယောက်ကတော့ အိမ်စေဘဝကနေ တက်လာတဲ့ စစ်ဗိုလ်လေး၊ တပ်သား လေးထောင်ပဲ အုပ်ချုပ်ခဲ့ရတယ်။ ငါတို့နှစ်ယောက်စလုံး၊ တစ်ယောက်က အရပ်ဘက်၊ တစ်ယောက်က စစ်ဘက်၊ ဒါတောင်မှ လောကကြီးကို အရယူနိုင်ခဲ့ပြီး အတွင်းရော အပြင်ပါ လူတိုင်းကို အညံခံအောင် လုပ်နိုင်ခဲ့တာ မဟုတ်လား"
ဧကရာဇ် လုံချင်က လေးနက်စွာ လမ်းညွှန်လိုက်သည်။
"မြက်ခင်းပြင် လူရိုင်းတွေကြားမှာ မင်းရဲ့အမည်ကို ကျော်ကြားအောင်လုပ်စမ်းပါ။ အဲဒီအခါကျရင် ဘယ်သူမှ မင်းကို မလေးမစား မလုပ်ရဲတော့ဘူး။ မင်းလိုချင်တာမှန်သမျှ အနှေးနဲ့အမြန် ရလာလိမ့်မယ်။ မင်းကဆွန်ဒူရှန်ရဲ့ တပည့်ဖြစ်သလို၊ ငါ့အတွက်တော့ လူငယ်မျိုးဆက်တွေထဲမှာ အယံကြည်ရဆုံး အစေခံတစ်ယောက်ပဲ"
"ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ စကားကို နာခံပါ့မယ်"လူကျိီက ခပ်လေးလေး ပြန်ပြောလိုက်သည်။
"မင်းရဲ့ အိမ်ထောင်ရေး တောင်းဆိုချက်ကို ငါ မဖြည့်ဆည်းပေးနိုင်တဲ့အတွက် တခြားတစ်ခုနဲ့ အစားထိုးပေးမယ်"
ဧကရာဇ် လုံချင်းက ထိုင်ခုံလက်ရန်းကို ပုတ်လိုက်သည်။
"ဗိုလ်ချုပ်လူ"
ဟွမ်ဟုန်က လင်ဗန်းတစ်ခုကို ကိုင်ပြီး အနားသို့ တိုးလာခဲ့သည်။
"ဒါတွေ အကုန်လုံးက အခု မင်းပိုင်ဆိုင်တာတွေပဲ"
"ဒါက..."
လူကျိီမော့ကြည့်လိုက်ရာ လိမ္မော်ရောင် ပိုးထည်ပေါ်တွင် တင်ထားသော သားရေလိပ် အချို့နှင့် ပျက်စီးနေသော အမွေးတိုင်အိုးတစ်ခုကို တွေ့လိုက်ရသည်။ သူ ချက်ချင်း မှတ်မိသွားသည်။ ၎င်းတို့မှာ ထိုညက အိမ်ရှေ့မင်းသား အသုံးပြုခဲ့သော လျှို့ဝှက်ရတနာများပင် ဖြစ်သည်။
"မင်း ရှေ့ဆက်ပြီး တက်လှမ်းချင်နေတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းရဲ့ဆရာက မင်းကို သင်ပေးဖို့ တွန့်ဆုတ်နေခဲ့တယ်။ သူ မသင်ပေးလည်း ကိစ္စမရှိဘူး၊ ငါ သင်ပေးမယ်"
ဧကရာဇ် လုံချင်က ကြေညာလိုက်သည်။
"အခုကစပြီး မြောက်ဘက်က ဘုရားကျောင်းကြီးတွေ အားလုံးကို မင်းအသုံးပြုနိုင်တယ်။ ဒါပေမဲ့ ယဇ်ပူဇော်တဲ့အခါ ငါ့ရဲ့ နောက်လိုက်တွေကို မထိခိုက်စေရဘူး။ နားလည်လား"
"ကျွန်တော်မျိုး နားလည်ပါပြီ"
လူကျိီသည် လင်ဗန်းကို လှမ်းယူလိုက်စဉ် သူ့မျက်ဝန်းထဲ၌ မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"ဒါနဲ့..."
ဧကရာဇ် လုံချင်က ထပ်မေးသည်။
"သူက ချန်ဆန်းရှီ ကိုကော သင်ပေးပြီးပြီလား"
"မသင်ပေးရသေးဘူးထင်ပါတယ်" လူကျိီက ရိုသေစွာ ပြန်ဖြေသည်။ "သူက အခြေခံအဆင့်ပဲ ရှိသေးတယ်၊ ကျင့်စဉ်နယ်ပယ်ကလည်း နိမ့်နေသေးလို့ပါ"
"အင်း... မင်းသိထားရင် ရပြီ"
ဧကရာဇ် လုံချင်က လက်ဝှေ့ယမ်းလိုက်ရင်း "ပြန်တော့၊ ဒဏ်ရာတွေကို သေချာကုသပြီး နောက်နှစ် မြက်ခင်းပြင်က လူရိုင်းတွေကို တိုက်ခိုက်မယ့် စစ်ဆင်ရေးအတွက် ပြင်ဆင်ထားပါ။ သူတို့ကို အင်အားစုစည်းဖို့ အချိန်ထပ်ပေးလို့ မဖြစ်ဘူး။ ဘယ်လောက်ပဲ ကုန်ကျပါစေ၊ ငါတို့ရဲ့ အစွမ်းကို သူတို့ သိအောင် ပြရမယ်"
"ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို အပျက်မခံပါဘူး"
လူကျိီသည် လင်ဗန်းကို ကိုင်ထားရင်း အလေးအနက် ဦးညွှတ်လိုက်တော့သည်။
...
စစ်သင်္ဘောပေါ်တွင်..
ချန်ဆန်းရှီသည် သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်နေရင်း သင်္ဘောနောက်က ကူးတို့လှေလေးပေါ်ရှိ ကောက်ရိုးရုပ်နဲ့ လေးပညာကျင့်နေသည်။ နန်းတွင်းညီလာခံ ပြီးဆုံးပြီးနောက် ထိုနေ့ညနေမှာပင် သူတို့သည် လျန်ကျိုးသို့ ပြန်မည့်ခရီးကို စတင်ခဲ့ခြင်းဖြစ်သည်။
အရှေ့ဘက်က ပဋိပက္ခမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်းထောင်
မင် ရဲ့ ပုန်ကန်မှုဆိုသည်မှာ အပေါ်ယံသာဖြစ်ပြီး၊ သူ့လက်အောက်ငယ်သားများ၏ တွန်းအားပေးမှုကြောင့် တပ်အင်အားအချို့ကို ဆွဲထုတ်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ဟူပန်တပ်မတော် ရောက်ရှိလာကြောင်း သိလိုက်ရချိန်မှာပင် အခြေအနေမှာ ငြိမ်သက်သွားခဲ့သည်။
လင်ပြည်နယ် ၊ လိုင်ပြည်နယ်နှင့် အခြား ပြည်နယ်သုံးခုကို အရှေ့ဘက် ကာကွယ်ရေးတပ် လက်ထဲမှာပင် ဆက်လက် ထားရှိသော်လည်း နယ်စပ်
စောင့် အုပ်ချုပ်ရေးမှူးကိုမူ အသစ်လဲလှယ်လိုက်သည်။ ထိုသူမှာ အသေခံတပ်သားများထဲမှ သိုင်းပါရမီရှင်တစ်ဦးဖြစ်ပြီး မကြာမီ စစ်နတ်
ဘုရားဖြစ်လာတော့မည့်သူ ဖြစ်သည်။ တိန့်ဖုန်းမှာလည်း ရာထူးပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။
ချန်ဆန်းရှီအတွက် ဤခရီးစဉ်၏ အကြီးမားဆုံးသော ရလဒ်မှာ မုန်ချူကျီနှင့် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲထားသည့် ကျားနှင့် ဝံပုလွေကဲ့သို့ ကြမ်းတမ်းလှသော အနက်ရောင်သံချပ်ကာစစ်သည်သုံးထောင်ကို ရရှိလိုက်ခြင်းပင်။ ၎င်းတို့မှာ လျန်ကျိုး၏ တပ်စခန်းရှစ်ခုအတွင်း၌ပင် ထိပ်တန်းတပ်ဖွဲ့များအဖြစ် သတ်မှတ်ခံရသည်။ တပ်မှူးဖြစ်သူ ချန်ဆန်းရှီကိုယ်တိုင်ကသာ နက်နဲပုံရိပ်အဆင့်မှာ အခုမှ ရောက်ခါနီးသာ ရှိသေးသဖြင့် အနည်းငယ် အားနည်းနေသကဲ့သို့ ရှိသည်။
သင်္ဘောပေါ်တွင် အားလပ်နေသဖြင့် လှံပညာတစ်ခုတည်း ကျင့်နေရသည်မှာ ငြီးငွေ့စရာကောင်းလှသဖြင့် လေးပညာကို ပြန်လည်လေ့ကျင့်နေခြင်းဖြစ်သည်။
ထိုစဉ် သူ၏ စနစ်မျက်နှာပြင်မှာ ပေါ်ထွက်လာသည်။
[စွမ်းရည် - လေးပညာ (ပြီးပြည့်ခြင်း - ဒုတိယအကြိမ် ကျော်လွန်ခြင်း)]
[တိုးတက်မှု့ - (၀/၂၀၀၀)]
[စွမ်းဆောင်ရည် - မျက်စိတစ်မှိတ်အတွင်း နှစ်ကြိမ် ပစ်ခတ်နိုင်ခြင်း၊ ခြေလှမ်းခြောက်ရာအကွာရှိ ပစ်မှတ်ကို လွဲချော်မှုမရှိ ထိမှန်နိုင်ခြင်း]
ဤဒုတိယအကြိမ် ကျော်လွန်ခြင်းသည် လေးကြိုးဆွဲသည့် အရှိန်နှင့် ပစ်ခတ်နိုင်သည့် အကွာအဝေးကို အဓိက မြှင့်တင်ပေးသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ကြိမ် ပစ်နိုင်ခြင်းမှာ တစ်စက္ကန့်လျှင် မြှားငါးစင်းခန့် ပစ်နိုင်သည့် သဘောဖြစ်ရာ မြှားအိတ်တစ်ခုမှာ ခဏချင်းအတွင်း ကုန်သွားပေလိမ့်မည်။ ခြေလှမ်းခြောက်ရာ ဆိုသည်မှာ လူတစ်ယောက်ကို အစက်ကလေးတစ်စက်အဖြစ်သာ မြင်ရသည့် အကွာအဝေးဖြစ်သည်။
အမှန်စင်စစ် လေးပညာမှာ ဤအဆင့်သို့ ရောက်ရှိနေခြင်းမှာ လောကတွင် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းပင်။
ဟူလောင်တောင်ကြားတိုက်ပွဲတုန်းက မြင်း၏ ဘေးတစ်ဖက်စီတွင် မြှားအိတ်များ ချိတ်ဆွဲထားသလို၊ တိန့်ဖုန်း၏ မြင်းပေါ်တွင်လည်း မြှားများ အပြည့်တင်ထားသော်လည်း မြှားအစင်းရေ တစ်ထောင်နီးပါးမှာ မလုံလောက်ခဲ့ပေ။ ထို့ကြောင့် မြှားတစ်စင်းချင်းစီ၏ အစွမ်းကို မြှင့်တင်ရန်
နှင့် မလွဲမသွေထိမှန်ခြင်းအာနိသင်ကို ပိုမိုအားကောင်းအောင် လုပ်ရန်မှာ ပို၍အရေးကြီးလာသည်။
သူ ပြန်ရောက်သည့်အခါ ဝိညာဉ်သစ်သား များကို ခုတ်ထွင်ပြီး၊ မသေမျိုးရှာဖွေရေးမျှော်စင် မှတစ်ဆင့် သံထည်ပစ္စည်းအချို့ကို ရယူရန် လိုအပ်ပေမည်။