← Chapters

အခန်း (၄၂၆)

Vol. 39 Ch. 426

အခန်း (၄၂၆)

Vol. 39 Ch. 426

ချန်ဆန်းရှီသည် လေးပညာကို ခေတ္တမျှ ထပ်မံလေ့ကျင့်ပြီးနောက် လေးနှင့် မြှားများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သင်္ဘောခန်းထဲသို့ ပြန်ဝင်ကာ သူ၏ စတုတ္ထအစ်ကို ဖန်ချင်းယွမ်နှင့်အတူ ကမ္ဘာ့အဆုံးသတ်အကြောင်းကို စကားစမြည် ပြောဖြစ်ကြသည်။

"အရှေ့တောင်ဘက်မှာ ကမ္ဘာ့အဆုံးသတ် ရှိတယ်..."

ဖန်ချင်းယွမ်သည် တစ်ဦးတည်း ရေရွတ်ရင်း မိမိကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်ကာ"အဲဒီနေရာမှာပဲ ငါ့ခြေထောက်တွေ အသုံးမကျဖြစ်ခဲ့ရတာ။ ရှောင်ရှဲ့က သူ့ရဲ့ မျိုးဆက်တွေအတွက် ချန်ထားခဲ့တဲ့အရာက အဲဒီမှာ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး"

"စတုတ္ထအစ်ကို... အစ်ကို အဲဒီကို ရောက်ဖူးတာလား"ချန်ဆန်းရှီက စပ်စုလိုက်သည်။

"ရောက်ဖူးတာတင်မကဘူး၊ မင်းလက်ထဲမှာရှိတဲ့ ဝိညာဉ်ကျောက်စိမ်းပြားမျိုး ငါ့မှာလည်း တစ်ခါက ရှိခဲ့ဖူးတယ်"

ဖန်ချင်းယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

"ညီလေး... မင်း သွားချင်တာလား တကယ်လို့ နောက်ထပ် အနှစ်ငါးဆယ်အထိ ထပ်စောင့်မယ်ဆိုရင် ငါဆိုရင်တော့ ဒီလောကမှာ ရှိတော့မှာတောင် မဟုတ်ဘူး၊ မင်းကိုယ်တိုင်လည်း ဆံပင်ဖြူတွေနဲ့ အဘိုးကြီး ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဒီခရီးက အရမ်းအန္တရာယ်များတယ်၊ ငါတို့ဆရာကလည်း အခု ဒီမှာ မရှိဘူး"

"စတုတ္ထအစ်ကို..."

ချန်ဆန်းရှီက မေးမြန်းလိုက်သည် "ဆရာ ဘယ်ကိုသွားတယ်ဆိုတာ အစ်ကို သိရင် ပြောပြလို့ရမလား"

"အဲဒါကတော့... ငါ တကယ် မသိဘူး"

ဖန်ချင်းယွမ်က ခါးသီးစွာ ပြုံးရင်း "ငါ သိသလောက်ကတော့ လော့ထျန်တောင်တန်းက ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်နေတယ်၊ ပြီးတော့ အဲဒါက မင်းနဲ့လည်း သက်ဆိုင်နေတယ်။ ဆရာက မြစ်ကြီးတွေရဲ့ အထက်ပိုင်း ဒါမှမဟုတ် အောက်ပိုင်း တစ်နေရာရာမှာ ရှိနေနိုင်သလို ပြန်လာဖို့လည်း အချိန်အတော်ကြာဦးမှာပါ။ ငါ ဆရာ့ကို ဆက်သွယ်နိုင်ဖို့တော့ ကြိုးစားပေးပါ့မယ်"

"လော့ထျန်တောင်တန်းက ထူးဆန်းတဲ့ ဖြစ်ရပ်တွေ..."

မျှော်လင့်ထားသည့်အတိုင်းပင်။ ချန်ဆန်းရှီ ထင်ထားခဲ့သည့်အတိုင်း ဖြစ်

နေသည်။ အဆိပ်သားရဲတွေရဲ့ ကိစ္စက အရမ်း သိသာလွန်းလှသည်။ လျန်ကျိုးက လူတိုင်း သိနေတာကို သူ့ဆရာက မသိဘဲ မနေပေ။ ထို့ကြောင့်လည်း အစကတည်းက သူ ထပ်ပြီး မမေးမြန်းခဲ့ခြင်း ဖြစ်သည်။

"အရင်ဆုံး အိမ်ပြန်ကြရအောင်" ချန်ဆန်းရှီက ခပ်အေးအေးပင် ပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လ ကုန်ဆုံးသွားခဲ့သည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (နက်နဲပုံရိပ်အဆင့် - အစမပြုရသေး)]

[တိုးတက်မှု့ - ၄၆/၁၀၀]

သူသည် အခြေခံအဆင့်သို့ ရောက်ရှိရန် မဝေးတော့ပေ။ စစ်သင်္ဘောကြီးမှာ ကမ်းကပ်လိုက်ပြီးနောက် ချန်ဆန်းရှီနှင့် အခြားသူများသည် မြင်းများဖြင့် ကုန်းကြောင်းခရီးကို ပြောင်းလဲခဲ့ကြသည်။

သွားစဉ်တုန်းက သူတို့သည် မြင်းစစ်သည်နှစ်ဆယ်ခန့်သာ ပါခဲ့သော်လည်း ပြန်လာချိန်တွင်မူ ခမ်းနားလှသော အနက်ရောင်သံချပ်ကာစစ်သည်သုံးထောင်၏ စစ်ကြောင်းကြီးနှင့်အတူ ဖြစ်သည်။ ထိုစစ်သည်သုံးထောင်နှင့် မြင်းများကို သယ်ဆောင်ရန်အတွက် စစ်သင်္ဘောကြီး အစင်းပေါင်းများစွာ အသုံးပြုခဲ့ရပြီး လမ်းခရီးတလျှောက် စားနပ်ရိက္ခာ ကုန်ကျစရိတ်မှာလည်း မရေမတွက်နိုင်အောင်ပင်။

လမ်းခရီးတွင် သင်္ဘောဆိုက်ချိန်၌သာ ခဏတာ လှုပ်ရှားခွင့်ရခဲ့သော မြင်းများမှာ အတော်ပင် ပိတ်လှောင်ခံထားရသလို ဖြစ်နေသည်။ နောက်ဆုံးတွင် လွတ်လပ်ခွင့်ရပြီဖြစ်သဖြင့် တောလမ်းကျယ်ကြီးများအတိုင်း ဖုန်လုံးကြီးများ တလူလူထသဖြင့် ခုန်ပေါက်ပြေးလွှားနေကြရာ မြင်းခွာသံများမှာ နားကွဲမတတ် ဟိန်းထွက်နေသည်။

လျန်ကျိုး မြို့တံခါးတွင်...

ဆွန်လီ ၊ ဆွန်ပုချိီနှင့် ထုံမိသားစုဝင်များသည် သတင်းရရှိသဖြင့် မြို့တံခါးဝတွင် စောစီးစွာ စောင့်ဆိုင်းနေကြသည်။

"ဆန်းရှီကတော့ တကယ် ကြမ်းတာပဲ"

ဆွန်ပုချိီက စိတ်လှုပ်ရှားစွာ ပြောနေသည်။

"စစ်သည်သုံးထောင်နဲ့ စစ်သည်တစ်သိန်းကို အနိုင်တိုက်တယ်ဆိုတာ လူတွေ တိုက်တဲ့ တိုက်ပွဲကော ဟုတ်ရဲ့လား ပုံပြောကောင်းတဲ့သူတွေကသာ ဒီလိုဇာတ်လမ်းမျိုး လုပ်ပြောမယ်ဆိုရင် နားထောင်တဲ့သူတွေက ပါးစပ်ပိတ်ခိုင်းကြမှာ သေချာတယ်"

"ဟုတ်ပါ့ရှင်..."

လျန်ကျိုးမှာ လာရောက်အနားယူနေသော ရုန်ယန်ချိုးကလည်း မှတ်ချက်ပေးသည်။

"ဒီမောင်လေးကတော့ တကယ် အံ့သြဖို့ကောင်းတာပဲ။"

"သူ့ရဲ့ စစ်ရေးစွမ်းရည်ကတော့..."

"ငါထင်တယ်၊ သူက ဆရာနဲ့ စတုတ္ထအစ်ကိုထက်တောင် အဆင့်အတန်း အများကြီး ပိုမြင့်နေပြီ"

"ငါ ဆုံးဖြတ်လိုက်ပြီ"

ဆွန်ပုချိီက လက်သီးဆုပ်လိုက်ရင်း"အခုကစပြီး ငါလည်း စစ်တပ်ထဲဝင်

မယ်၊ ငါလည်း စစ်မြေပြင်မှာ တပ်ဖွဲ့တွေကို ဦးဆောင်မယ်"

"မဟုတ်ဘူး၊ မဟုတ်ဘူး"

ရုန်ယန်ချိုးက လန့်သွားပြီး"သခင်လေးရေ... အိမ်မှာပဲ အေးအေးဆေးဆေး နေပါ၊ ကျွန်မတို့ကို ထပ်ပြီး စိတ်မပူစေပါနဲ့"

"ဟမ်.. အမရုန်က ကျွန်တော့်အရည်အချင်းကို မယုံဘူးလား"

ဆွန်ပုချိီက ဘေးဘီကို ကြည့်လိုက်ရင်း"အမ... အမရော ကျွန်တော်လုပ်နိုင်

မယ် ထင်လား ကျွန်တော်က တပ်မှူးအဆင့်ကနေ စပြီး လုပ်လို့ရတယ်၊ ဒါဟာ ဆန်းရှီ စခဲ့တဲ့အဆင့်ထက် ပိုမြင့်တယ်။ ကျွန်တော့်ရဲ့ လေးပညာကလည်း သူ့ဆီက သင်ထားတာပဲ။ ကျွန်တော့်အတွက် နာမည်ပြောင်တောင် စဉ်းစားထားပြီးပြီ။ အခုကစပြီး ကျွန်တော်ကိုကို ဝတ်ရုံဖြူလေးဆွန်ပုချိီ လို့ ခေါ်ကြစေရမယ်။ ဘယ်လိုလဲ"

စကားပြောရင်း သူသည် ကိုယ့်ဘာကိုယ် စိတ်ကူးယဉ်နေတော့သည်။

"တောက်... တကယ့်ကို အရှိန်အဝါရှိမှာပဲ ငါ့မှာ ဝတ်ရုံဖြူရှိတယ်၊ လှံရှည်ရှိတယ်၊ လေးကြီးလည်း ရှိတယ်၊ ငါဟာ ချန်ဆန်းရှီနဲ့ တစ်ပုံစံတည်းပဲ"

"ယွမ်ရှီး"

ဆွန်ပုချီက လည်ချောင်းဟန့်လိုက်ရင်း လှံရှည်ကိုကိုင်ကာ ကောင်မလေးရှေ့မှာ ပုံစံထုတ်ပြလိုက်သည်။

"ဘယ်လိုလဲ ငါက အရည်အချင်းရှိတယ် မဟုတ်လား"

"ဝါး..."

ချန်ယွမ်ရှီးက မျက်နှာလေးမော့ကာ အားတက်သရော လက်ခုပ်တီးပေးလိုက်သည်။

"ဦးဦးဆရာက တကယ် ခန့်တာပဲ"

"ဟားဟားဟား"

ဆွန်ပုချီက ကျေနပ်စွာ ရယ်မောလိုက်ရင်း"လိမ္မာတဲ့ ကောင်မလေးပဲ၊ နောင်ကျရင် နင် သိုင်းပညာနဲ့ လေးပညာ သင်ချင်ရင် ငါ သင်ပေးမယ်"

ဆွန်လီ၏ မျက်ဝန်းထဲမှ အထင်သေးသော အရိပ်အယောင်များကို ဖုံးကွယ်ထားရန် ခက်ခဲလှသည်။ သူမသည် မသိမသာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ယွမ်ရှီးကိုပါ ဆွဲခေါ်သွားတော့သည်။

"သူတို့ ပြန်လာကြပြီ"

မနီးမဝေးတွင် မိသားစုဝင်များကို ကြိုဆိုရန် ရောက်နေကြသော လုရှုဟွာ နှင့် ဝမ်ကျိတို့ကလည်း ရှေ့သို့ လက်ညှိုးထိုးပြလိုက်ကြသည်။

"ဒုန်း... ဒုန်း... ဒုန်း"

မြေကြီးကြီးမှာ ရုတ်တရက် တုန်ခါလာခဲ့သည်။ ဝါကျင့်ကျင့် ဖုန်လုံးကြီးများမှာ ကောင်းကင်သို့ လွင့်တက်နေပြီး ကမ္ဘာမြေကြီးကို ဝါးမြိုတော့မည့် သဲမုန်တိုင်းကြီး တစ်ခုကဲ့သို့ ရှေ့သို့ တိုးဝင်လာခဲ့သည်။

အနားသို့ ရောက်လာသည့်အခါမှသာ လူအများ မြင်တွေ့လိုက်ရသည်။ ထိုဖုန်လုံးကြီးများအတွင်း၌ အနက်ရောင်သံချပ်ကာစစ်သည် စစ်ကြောင်းကြီး ရှိနေသည်။ စစ်ကြောင်း၏ ရှေ့ဆုံးတွင် ဝတ်ရုံဖြူ၊ မြင်းဖြူနှင့် လှံရှည်ကို ကိုင်ဆောင်ထားကာ ကျောတွင် လေးကြီးကို လွယ်ထားသော လူငယ်

ဗိုလ်ချုပ် တစ်ဦး ရှိနေသည်။

"ဟော..."

ရုန်ယန်ချိုးက အရိုအသေပေးဟန် လုပ်လိုက်ရင်း စနောက်လိုက်သည်။

"နယ်စားဝူယီကို အစေခံမလေး ဂါရဝပြုပါတယ်ရှင်"

"စီနီယာအစ်မရုန်... ကျွန်တော့်ကို မစပါနဲ့ဦး"

ချန်ဆန်းရှီသည် မြင်းကို ဇက်သတ်လိုက်ကာ သံချပ်ကာစစ်သည်များကို မြို့ထဲသို့ စနစ်တကျ ဝင်ရောက်ရန် အချက်ပြလိုက်သည်။ ထို့နောက် မြင်းပေါ်မှဆင်းကာ အားလုံးကို နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်မရုန်"

"ပုချိီ.. မင်းရဲ့ ဒီပုံစံက..."

ဆွန်ပုချီ၏ ဝတ်စားဆင်ယင်ပုံမှာ မိမိနှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့ရသဖြင့် ချန်ဆန်းရှီ စကားပင် မထွက်နိုင်တော့ပေ။

"ဖေဖေ"

ချန်ယွမ်ရှီးလေးက သူ့ဆီသို့ ပြေးလာခဲ့သည်။ ချန်ဆန်းရှီက သူမကို ပွေ့ချီလိုက်ရာ ကောင်မလေးက သူ့မျက်နှာကို နမ်းပြီး အလွမ်းသယ်နေတော့သည်။

သူက ပြုံးရင်း မေးလိုက်သည်"သမီးလေး... ဘယ်လိုလဲ ဖေဖေ့ကို သတိရနေလား"

"သမီး ဖေဖေ့ကို နေ့တိုင်း သတိရနေတာ" ဟု ကလေးသံလေးဖြင့် ချိုချိုသာသာ ပြန်ပြောသည်။

"လိမ္မာတယ်"

ကလေးမလေးမှာ ယခင်ကထက် ပို၍ လန်းဆန်းတက်ကြွလာသည်ကို ချန်ဆန်းရှီ သတိပြုမိလိုက်သည်။ ဆိုလိုသည်မှာ လွန်ခဲ့သော လဝက်ခန့်က အခြားသူများနှင့် ရောနှောနေထိုင်ခဲ့ရခြင်းမှာ သူမအတွက် ကောင်းမွန်သော ရလဒ်ဖြစ်ခဲ့သည်။

"ဗိုလ်ချုပ်ချန်"

ဝမ်ကျိ က အနားသို့ တိုးလာရင်း ဘေးဘီကို ကြည့်ကာ မေးလိုက်သည် "မင်း နက်နဲပုံရိပ်အဆင့်ကို ရောက်ပြီလား"

"နီးနေပါပြီ"

ချန်ဆန်းရှီက လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

"ခင်ဗျား... ခဏလောက် ထပ်စောင့်ပေးပါဦး၊ အလောမကြီးပါနဲ့"

"ဟမ်.."

ဝမ်ကျိက နှာခေါင်းရှုံ့ကာ ဝတ်ရုံစကို ခါယမ်းပြီး ထွက်ခွာသွားတော့သည်။ လျန်ကျိုးမှ ထွက်ခွာခဲ့ကြသော အခြားသော ညီအစ်ကိုများသည်လည်း မြို့တံခါးဝတွင် မိသားစုဝင်များနှင့် ဆုံတွေ့နေကြသည်။

"အစ်မလန်ရော ဘယ်မှာလဲ"

သမီးလေးကို ပွေ့ချီရင်း ပတ်ဝန်းကျင်ကို ကြည့်သော်လည်း သူ တွေ့ချင်နေသည့်ပုံရိပ်ကို မတွေ့ရသဖြင့် ချန်ဆန်းရှီ မေးလိုက်သည်။

"ဘာလို့ သူမလာတာလဲ နေမကောင်းလို့လား"

"အစ်မလန်က... သူက..." ဆွန်လီက စကားစလိုက်သည်။

သို့သော် ရုန်ယန်ချိုးက ကြားဖြတ်ပြောလိုက်သည် "မောင်လေး... မင်း အိမ်ကို အမြန်ပြန်ကြည့်တာ ပိုကောင်းလိမ့်မယ်။ မင်းအိမ်မှာ အမျိုးသမီး ဧည့်သည်တစ်ယောက် ရောက်နေတယ်၊ သူက တော်တော်လေး အစွမ်းထက်တယ်နော်။ ဘယ်သူ့ကိုမှလည်း အဖတ်မလုပ်သလို၊ ပြန်လည်း မပြန်ဘူး။ ဒီနေ့ မင်းရဲ့ ဇနီးက ထွက်ကြိုဖို့ လုပ်တာကိုလည်း အဲဒီမိန်းမကပဲ တားထားတာ"

All Chapters