← Chapters

အခန်း (၄၂၈)

Vol. 39 Ch. 428

အခန်း (၄၂၈)

Vol. 39 Ch. 428

ချန်ဆန်းရှီသည်ဤကိစ္စများကို တကယ်ပင် မသိရှိခဲ့ပေ။

သူက စနောက်လိုက်သည်"ဒါဆို ကိုယ်က တကယ့်ကို အဖိုးတန်ပစ္စည်းတစ်ခုကို ကောက်ရခဲ့တာပေါ့ ဟုတ်လား"

"မောင်လေးကလည်း... အခုထိ နောက်နေတုန်းလား"

ဂူရှင်းလန် က မကျေမနပ် ပြောရှာသည်"ဘာပဲဖြစ်ဖြစ်... တော်ဝင်မိသားစုဝင် ဖြစ်ရတာ ဘာမှမကောင်းဘူးဆိုတာ အစ်မ နားလည်သွားပြီ။ သာမန်လူတွေလိုပဲ အေးအေးဆေးဆေး နေရတာကမှ ပိုကောင်းသေးတယ်။ အခုဆို အစ်မတို့ မိသားစုလေးက အတော်လေး အဆင်ပြေနေပြီလေ"

"တော်ဝင်မိသားစု..."

ချန်ဆန်းရှီသည် ဇီဝေတောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် မြင်ယောင်လာမိသည်။

တကယ်ပင် ထိုသို့ပင်ဖြစ်၏။

တော်ဝင်မိသားစုဝင် ဖြစ်သွားသည်နှင့်အမျှ သားအဖတွေ၊ ညီအစ်ကိုတွေက ရန်သူတွေ ဖြစ်ကုန်ကြသည်။ ဧကရာဇ်အိုကြီးမှာ လူကောင်းတစ်ယောက် မဟုတ်သော်လည်း တစ်ခုတော့ အမှန်ပင်ဖြစ်သည်၊ သူသည် အလွန်တရာ အထီးကျန်လှပြီး မည်သည့်သူငယ်ချင်းမှ မရှိပေ။ ဤအချက်ကို သူက ချန်ဆန်းရှီနှင့် တွေ့တိုင်း အတိတ်ကအကြောင်းတွေကိုပဲ တဖွဖွ ပြောနေခြင်းအားဖြင့် သိနိုင်ပါသည်။

"အဲဒီနောက် ဘာဆက်ဖြစ်လဲ"

ချန်ဆန်းရှီက ဆက်မေးသည် "အစ်မလန်ရဲ့ ညီမက အဲဒီနောက်ပိုင်း ဘယ်ကို ရောက်သွားတာလဲ"

သူ ဤသို့မေးရခြင်းမှာ ဧကရီ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များနှင့် ပတ်သက်၍ စပ်စုလိုသောကြောင့် ဖြစ်သည်။ သူ သိထားသလောက်မှာ ဧကရီသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ အာဏာသိမ်းမှုအတွင်း ကြီးမားသော စွမ်းဆောင်မှုတစ်ခုနှင့်အတူ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

"အဲဒီတုန်းက..."

ဂူရှင်းလန်က သေသေချာချာ ပြန်စဉ်းစားလိုက်သည်"သူက အစ်မတို့ မိသားစုထဲက အကြီးအကဲတွေနဲ့အတူ ထွက်ပြေးသွားခဲ့တာ။ ချင်နိုင်ငံ နယ်စပ်ကိုတောင် ပြန်မဝင်နိုင်ဘဲ နေရာအနှံ့မှာ ပုန်းအောင်းရင်း အခွင့်အရေးကို စောင့်ခဲ့ရတာ။ သူ ဘယ်နေရာတွေကို တိတိကျကျ ရောက်ခဲ့လဲဆိုတာတော့ အစ်မလည်း သိပ်မသိပါဘူး"

ကမ္ဘာ့အဆုံးသတ် ဖြစ်မလား...

ချန်ဆန်းရှီ တွေးတောနေမိသည်။ သူ့ရဲ့ ဤခယ်မမှာ ကျင့်ကြံသူတစ်ဦး ဖြစ်နေမှာ သေချာသည်။ မဟုတ်လျှင် ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် နိုင်ငံတစ်ခု၏ အရှင်သခင်မ မည်သို့ ဖြစ်လာနိုင်ပါမည်နည်း။

"ဟမ်.."

"တုဟဲလေးကော ဘယ်မှာလဲ"

အကြောင်းအရာစုံ ပြောပြီးမှ ချန်ဆန်းရှီသည် သူ့သားလေးအကြောင်းကို လုံးဝ မေ့နေသယောင် ရှိနေသဖြင့် ရုတ်တရက် သတိရကာ မေးလိုက်သည်။

"အို... ကျွန်မလည်း မေ့သွားတယ်"

ဂူရှင်းလန်က ပုခက်ထဲသို့ လှည့်ကြည့်လိုက်ရာ ပုခက်မှာ အလွတ်ကြီး ဖြစ်

နေသည်"ဒီနေ့ မောင်လေးပြန်လာတာကိုပဲ အာရုံစိုက်နေမိလို့၊ ဂွီထီနဲ့လည်း စကားတွေ ပြောနေမိတာနဲ့ မေ့သွားတာ"

"..."

ချန်ဆန်းရှီသည် သူ၏ ခြေရာခံပညာနှင့် အရှိန်ဝါကြည့်ရှုခြင်းပညာတို့ကို အပြည့်အဝ ဖွင့်လိုက်ပြီး အိမ်ထဲတွင် သားဖြစ်သူကို ရှာဖွေလိုက်ရာ နောက်ဆုံးတွင် နောက်ဖေးဝင်းထဲရှိ ကြိမ်ကုလားထိုင်ပေါ်၌ မည်သည့်အချိန်က ရောက်နေမှန်းမသိဘဲ အေးအေးချမ်းချမ်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

သူ့ဘေးတွင်မူ...

အနက်ရောင်ဝတ်စုံနှင့် ဧကရီရှိနေပြီး သူမ၏ နီမြန်းသော လက်ချောင်းလေးများကို ကလေးငယ်အပေါ်သို့ အသာအယာ တင်ထားသည်။ ဝိညာဉ်အလင်းတန်းများ ဝန်းရံသွားပြီးနောက် သူမက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

"နောက်ထပ် သာမန်လူသား တစ်ယောက်ပါလား"

"ဧကရီ ဂွီထီ..."

ချန်ဆန်းရှီသည် စီချင်ကို တုဟဲအား ပွေ့ခေါ်လာဖို့ ခေါ်လိုက်ရင်း "ခင်ဗျား ပြောသမျှလူတွေက ဘာလို့ သာမန်လူသားတွေပဲ ဖြစ်နေရတာလဲ"ဟု စမ်းသပ်မေးမြန်းလိုက်သည်။

ဤအမျိုးသမီးမှာ သူမ၏ ကျင့်ကြံမှု့ပိုင်းဆိုင်ရာများကို ဖုံးကွယ်ထားရန် စိတ်ကူးရှိပုံမရပေ။

"ကောင်းပြီ... မင်းကတော့ သာမန်လူသား မဟုတ်ဘူးလို့ ပြောလို့ရပါတယ်"

ဧကရီက ခံစားချက်ကင်းမဲ့စွာ ပြောသည်"သိုင်းပညာကနေတစ်ဆင့် လမ်းစဉ်ထဲ ဝင်ရောက်နိုင်တဲ့ ဆွန်ဒူရှန်ရဲ့ တပည့်တစ်ယောက်ပဲလေ"

"ခယ်မ..."

ချန်ဆန်းရှီသည် သူမ၏ရှေ့တွင် ထိုင်လိုက်ကာ"မင်းဒီအထိ လာခဲ့တာ အစ်မလန်ကို လာတွေ့ရုံတင် မဟုတ်ဘူး မဟုတ်လားတစ်ခုခု ရှိသေးတယ် မဟုတ်လား"

အကယ်၍ အစ်မဖြစ်သူကို လာတွေ့ရုံသက်သက်ဆိုလျှင် သူပြန်လာသည်အထိ စောင့်နေစရာ မလိုပေ။ နိုင်ငံတစ်ခု၏ အရှင်သခင်မက ရန်သူ့နယ်မြေထဲသို့ ခိုးဝင်လာခြင်းမှာ အန္တရာယ် အလွန်ကြီးလှသည်။ နောက်ဆုံးတော့ ကမ္ဘာပေါ်မှာ သူမတစ်ယောက်တည်း ကျင့်ကြံသူ ဖြစ်နေတာမှ မဟုတ်တာ။

ခယ်မဟု ခေါ်လိုက်ခြင်းမှာ ဧကရီကို သိသိသာသာ အနေရခက်စေသော်လည်း သူမက ငြင်းဆိုခြင်း မပြုပေ။ သူမက အစ်မလန်ကို အစ်မအဖြစ် အသိအမှတ်ပြုထားသရွေ့ သူမရှေ့က အမျိုးသားမှာ အမည်ခံအရ သူမ၏ ခဲအို ဖြစ်နေပေလိမ့်မည်။

"မင်း သဘောပေါက်တာပဲ"

သူမက အထက်စီးမှနေ၍ သူမအစ်မ၏ ခင်ပွန်းကို ကြည့်လိုက်သည်"ငါ သူ့ကို ခေါ်သွားမယ်။ အစ်မကို လေးစားတဲ့အနေနဲ့ ရှင်ပြန်လာတာကို စောင့်ပြီးမှ အသိပေးတာ"

"ဘာပြောလိုက်တယ်"

ချန်ဆန်းရှီသည် သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး"ခင်ဗျားက ချင်နိုင်ငံ ကို ပြန်ချင်တယ်ဆိုရင်တောင် ခင်ဗျားအစ်မက လိုက်ချင်ပါ့မလား"

"သူမ ဘာပြောတယ်ဆိုတာက အရေးမကြီးဘူး"

ဧကရီက အေးစက်စွာ ပြောသည် "ချန်ဆန်းရှီ... ရှင်မသိသေးတာ တစ်ခုရှိတယ်၊ လျန်ကျိုးဟာ မကြာခင်မှာ ဘေးဒုက္ခအန္တရာယ်တွေနဲ့ ကြုံရတော့မယ်"

"ရှင်းရှင်းလင်းလင်း ပြောပါ"

ချန်ဆန်းရှီ အသည်းအသန် စဉ်းစားလိုက်ရာ ဤမျှ ဆိုးဝါးသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည့် အရာတစ်ခုကိုသာ ပြေးမြင်

မိသည် ။

လော့ထျန်တောင်တန်း..

သူ မှတ်မိနေသေးသည်။ သူ လျန်ကျိုးသို့ စတင်ရောက်ရှိစဉ် တောင်ပေါ်သို့ ပထမဆုံးအကြိမ် အမဲလိုက်သွားစဉ်က ကောင်းကင်သို့ ထိုးတက်နေသော အနက်ရောင် အဆိပ်ငွေ့များနှင့် ကူးစက်ခံရ၍ ပုံစံပြောင်းနေသော သားရဲများကို မြင်တွေ့ခဲ့ရသည်။ မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေက ထိုအရာကို အမှောင်ချီဟု ခေါ်ကြသည်။

၎င်းမှာ အချိန်အတော်ကြာအောင် စုစည်းနေခဲ့ခြင်း ဖြစ်သည်။ သူ့ရဲ့ စတုတ္ထအစ်ကို ဖန်ချင်းယွမ်ကလည်း ဆရာဖြစ်သူမှာ ဤကိစ္စကို ကိုင်တွယ်နေကြောင်း ပြောဖူးသည်။ ဒါပေမဲ့ အခြေအနေက ဒီလောက်အထိ ဆိုးဝါးနေတာလား...။

"သိပ်ပြီးတော့ မတုံးဘူးဘဲ"

ဧကရီက ခပ်အေးအေးပင် ဆိုသည် "ရှေ့လျှောက် ဘာတွေဖြစ်လာမလဲဆိုတာ ငါ ကြိုမမြင်နိုင်ဘူး။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်၊ သူမ မင်းနဲ့အတူ ဒီမှာ ဆက်နေတာက နောက်ဆုံးတော့ ဘေးမကင်းဘူး"

"တောင်တန်းထဲမှာ တကယ်က ဘာရှိနေတာလဲ"

ချန်ဆန်းရှီက ထပ်မေးသည်"လျန်ကျိုးမှာ လုံလောက်တဲ့ စစ်အင်အား ရှိသလို စစ်နတ်ဘုရားတွေလည်း ရှိတယ်။ ဒါကို သူတို့ တကယ် မကိုင်တွယ်

နိုင်ဘူးလား"

"မင်း ရဲတင်းတယ်ဆိုရင် ကိုယ့်ဘာသာ သွားကြည့်လိုက်ပေါ့"

ဧကရီသည် အသေးစိတ် ထပ်မရှင်းပြတော့ဘဲ ထိုစကားကို ချန်ထားခဲ့ကာ အကြောင်းအရာကို ဖြတ်လိုက်သည်။

"ငါ သွားကြည့်ဖို့ ရည်ရွယ်ထားပြီးသားပါ"

ချန်ဆန်းရှီသည် ထူးခြားသားရဲတွေကို အမဲလိုက်ရန်နှင့် ဝိညာဉ်သစ်သား များကို ခုတ်ထွင်ရန် တောင်ထဲဝင်ဖို့ စီစဉ်ထားပြီးသား ဖြစ်သည်။

ဤကိစ္စကို စဉ်းစားနေရင်းမှာပင် စီချင်တို့အား ထမင်းဟင်း ပြင်ဆင်ရန် ညွှန်ကြားဖို့ သူ မမေ့ခဲ့ပေ။ အိမ်နှင့် ခွဲခွာနေခဲ့ရသည်မှာ လဝက်ခန့် ရှိပြီဖြစ်ရာ အားလုံး စုစုစည်းစည်း ထမင်းလက်ဆုံ စားကြရမည် မဟုတ်ပါလား။ သို့သော် ဧကရီမှာမူ အခြားသူများနှင့် ရောနှောခြင်း မရှိဘဲ အစ်မလန်၏ အခန်းထဲတွင်သာ မစားမသောက်ဘဲ ဘာတွေ လုပ်နေမှန်း မသိရှိရပေ။

နောက်တစ်နေ့တွင်...

ချန်ဆန်းရှီသည် လော့ထျန်တောင်တန်း၏ အခြေအနေကို စဉ်းစားနေသော်လည်း အရင်ဆုံး စစ်စခန်းသို့ သွားရမည်ဖြစ်သည်။ သူ ပြန်ရောက်လာချိန်တွင် ချက်ချင်း ကိုင်တွယ်ရမည့် ကိစ္စများစွာ ရှိနေမည်ကို သူ သိသည်။

စခန်းတိုးချဲ့မှုမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီး အခြားသော တပ်စခန်းများမှ ဖဲ့ထုတ်ထားသော တပ်သားများမှာလည်း စုစည်းထားပြီး ဖြစ်သည်။ လေ့ကျင့်ပေးရန်သာ လိုအပ်သော်လည်း စစ်ဗိုလ်အရာရှိများ ပြောင်းရွှေ့လာခြင်း မရှိသေးသဖြင့် တပ်ဖွဲ့များကို တရားဝင် ခွဲဝေခြင်း မပြုရသေးပေ။ ယခုအချိန်တွင် အနက်ရောင်သံချပ်ကာတပ်အပါအဝင် သူ့လက်အောက်တွင် လူ လေးထောင်ကျော် ရှိနေသော်လည်း တရားဝင် ဟုန်ကျဲစခန်းမဟုတ်သေးဘဲ အရန်တပ်စခန်းသာ ဖြစ်နေသေးသည်။

ယခင်က သူ့လက်အောက်တွင် ရှိခဲ့သော ယန်ချန်ချင်း ၊ လုရှုဟွာ ၊ ရှဲ့စီရှု ၊

ပိုင်ထင်းကျိီတို့မှာမူ ရာထူးပြောင်းရွှေ့ခံလိုက်ရပြီ ဖြစ်သည်။ သူတို့သည် စစ်နတ်ဘုရား ဖြစ်လာနိုင်သော အရည်အချင်းရှိသူများ ဖြစ်သဖြင့် သူ့လက်အောက်တွင်သာ ဆက်လက်ရှိနေရန်မှာ မဖြစ်နိုင်ပေ။ အရင်က တိုက်ပွဲများမှာ သူတို့အတွက် စမ်းသပ်မှုတစ်ခုသာ ဖြစ်ခဲ့သည်။

အဆုံးသတ်တွင် ချန်ဆန်းရှီသည် သူ့လူများကိုသာ အားကိုးရပေတော့မည်။ အထူးသဖြင့် မဟာသွေးကြောအဆင့် ကျွမ်းကျင်သူ သုံးဦးဖြစ်သော ရှာချုံ၊ ရှောင်ကျန့် နှင့် ယူကျီခဲ တို့ပင် ဖြစ်သည်။

All Chapters